မုတ်ဆိတ်ပျားစွဲ
Vol. 31 Ch. 423
မန်ဟိုသည် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့ပြီးလေပြီ။ တာ့ချင်းတောင်ပေါ်၌ ခရီးစတင်ခဲ့သည့် အချိန်မှစ၍ ယနေ့ထက်ထိတိုင်အောင် သေစေနိုင်သော အခြေအနေများအား အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။ သို့ရာတွင် ယခုအခြေအနကတော့ သူကြုံတွေ့ခဲ့ဖူးသမျှထဲ အန္တရာယ်အများဆုံး၊ အပြင်းထန်ဆုံးပင်။
ကျီသားတော်တစ်ပါးကို သတ်ဖြတ်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များက ကြီးမားခဲ့၏။ မကြာသေးမီက သွေးခွေးကြီး နိုးထလာတော့မည့် လက္ခဏာများကို အာရုံခဲ့သဖြင့် သူ့မှာ ယုံကြည်ချည်အနည်းငယ် ရှိလာခဲ့သည်။ ယခုတော့....
ဧရာမတီကောင်ကြီး၏သေဆုံးမှုကို မြင်တွေ့ရပြီးနောက်တွင် မန်ဟိုသည် တစ်ခါမျှမကြားဖူးသော ကံကြွေးပျက်ကိန်းကို ဘယ်နည်းနှင့်မျှ ပြန်မတိုက်ခိုက်နိုင်ကြောင်း သိသွားလေပြီ။
သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး နောက်တစ်ဖန် ရပ်တန့်သွားသည်ကို သတိထားမိလိုက်၍ မန်ဟို့မျက်နှာ ဖြူဖျော့သွားသည်။ မျိုးနွယ်စုငါးစုမှ အဖွဲ့ဝင်များ၊ ကမ္ဘာသစ်မိစ္ဆာများ၊ ကောင်းကင်ရှိ တိမ်တိုက်များပင်လျှင် လှုပ်ရှားမှုမရှိတော့။ ငါးမျှားကြိုးနှင့် မန်ဟိုသာလျှင် လှုပ်ရှားနိုင်၏။
သူသည် စွမ်းဆောင်နိုင်သမျှသော အမြန်နှုန်းဖြင့် ရွှေအလင်းရောင်ကို ထိုးခွင်း၍ ဧရာမတံခါးကြီးများအား ကျော်ဖြတ်သွားလေပြီ။ သူကား ရွှေအမြုတေမဟာစက်ဝန်းအဆင့်စွမ်းအားနှင့်အတူ အထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
သို့သော် မန်ဟို တံခါးထဲ ဝင်ရောက်သွားသည့်တိုင် ငါးမျှားကြိုးက သူ့နောက်လာသေးသည်။ ၄င်းရွေ့လျားနေသည့်အမြန်နှုန်းမှာ အံ့ဖွယ်အတိပင်။
တံခါးသည် နေရာရွှေ့ပြောင်းရေးကိရိယာမဟုတ်ဘဲ လမ်းကြောင်းတစ်ကြောင်းဖြစ်၏။ မန်ဟို အခြားတစ်ဖက်တွင် ပေါ်လာသောအခါ တောင်များ၏ ဝန်းရံခံထားရကြောင်း တွေ့လိုက်ရသည်။
ဤတောင်များသည် ရွှေရောင်ပုပ်ပုပ်ဖြစ်ပြီး ၄င်းတို့ထံမှ ခပ်ပျော့ပျော့ဖိအားတစ်ခုကို သိသိသာသာ ခံစားရ၏။ သူ၏အရှေ့ ခပ်လှမ်းလှမ်းတွင် တောင်ထွတ်များမဟုတ်ဘဲ ထိပ်၌ အပေါက်ကြီးများ ဟောင်းလောင်းပွင့်နေသော တောင်အစုအဝေးတစ်စု ရှိလေသည်။ ခြစ်ခြစ်တောက် ပူပြင်းလှသော အပူငွေ့တို့က အပေါက်များမှ တထောင်းထောင်းထနေလေ၏။ ဤသည်ကား မီးတောင်များပင်။
စုစုပေါင်း မီးတောင်ခုနစ်လုံးရှိပြီး တစ်တောင်နှင့်တစ်တောင် ချိတ်ဆက်လျက်ရှိ၏။ ဤနေရာသည် ..... ကျီးကင်းထောက်မျိုးနွယ်စု၏ အထွတ်အမြတ်နယ်မြေ၊ ရွှေကျီးကန်း၏ပိုင်နက်လည်း ဖြစ်သည်။
မန်ဟိုက အထဲရောက်သည်နှင့် တခဏပင် မရပ်ပေ။ သို့သော် သူ ရှေ့သို့ တဟုန်ထိုးသွားနေသည့်အချိန်မှာပင် သူ့ပတ်ပတ်လည်ရှိ လေထုမှာ အက်ကြောင်းများထလာသည်။
အက်ကြောင်းများက ကြောက်စရာကောင်းသောချီကို ထုတ်လွှတ်နေ၏။ ထိုအကြောင်းတစ်ကြောင်းထဲသာ မတော်တဆဝင်မိသွားလျှင် ခန္ဓာကိုယ်တစ်ခုလုံး တစစီဖြစ်အောင် စုတ်ဖြဲခံရလိမ့်မည် မန်ဟို ခံစားရလေသည်။
အမှန်တော့ ထူးဆန်းသောချီတစ်ခုက မီးတောင်နယ်မြေတွင် ပြည့်နှက်နေ၏။ ၄င်းသည် မရေမတွက်နိုင်သော ကမ္ဘာသစ်မိစ္ဆာများ ရှိနေသကဲ့သို့ ထူးဆန်းပြီး အမျိုးမျိုးအဖုံဖုံဖြစ်နေသည်။
မန်ဟို ရှေ့ဆက်ပြေးနေစဥ် ရုတ်တရက် အဝေးတွင် အနက်ရောင်လေကို လှမ်းမြင်လိုက်၏။ ၄င်းက သူ၏ ကျူးကျော်လာမှုကို အာရုံရသွားပုံရပြီး သူ့ကို ကြားဖြတ်ရန် ပျံသန်းလာသည်။ တကယ်တမ်း ဤအနက်ရောင်လေသည် အနက်ရောင်ကျီးကန်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ အရေအတွက်က တစ်ထောင်ကျော်ရှိပြီး ကောင်းကင်ကို ပိတ်ဖုံးကွယ်၍ ပျံသန်းလာနေကြသည်။ ၄င်းတို့၏အမြန်နှုန်းမှာ မယုံနိုင်ဖွယ်ကောင်းသည့်အပြင် အနားရောက်လာစဥ် ၄င်းတို့၏မျက်လုံးများသည် နီရဲတွတ်နေပြီး ဒေါသများဖြင့် စူးရဲနေ၏။
အဆိုပါကျီးကန်းတစ်ထောင်ကျော်မှ ထုတ်လွှတ်နေသော ကျင့်ကြံခြင်းအခြေခံလှိုင်းများအရ အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်နှင့်ညီမျှသော အဆင့် (၇) ကမ္ဘာသစ်မိစ္ဆာများဖြစ်ကြောင်းပြောနိုင်သည်။ ထို့အပြင် ၄င်းတို့ထဲရှိ ဆယ်ကောင်က အဆင့် (၉) ပင် ဖြစ်ကြသည်။
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သို့သော် ဤအခိုက်အတန့်တွင် အပြင်မှ ငွေရောင်ငါးမျှားကြိုးက ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေထဲသို့ ရောက်လာလေပြီ။ ၄င်းက ဂျိန်းခနဲ ထစ်ချုန်းကာ တိတ်ဆတ်ငြိမ်သက်ခြင်းစွမ်းအားကို ဖြန့်ကျက်ပေးလိုက်သည်။ မကြာမီ ကျီးနတ်မင်း အထွတ်အမြတ်နယ်မြေထဲရှိ အရာအားလုံး ..... တိတ်ဆိတ်ငြိမ်သက်လာတော့သည်။
သို့သော် ...... အရှေ့ရှိ မီးတောင်ခုနစ်တောင်၏အလယ်တည့်တည်မှာ တိတ်ဆိတ်ငြိမ်သက်ခြင်းအတွင်းမှ လွတ်မြောက်ရာနေရာတစ်နေရာ ဖြစ်ဟန်တူသည်။
"အဲ့ဒီမှာ အသက်စွမ်းအားရှိနေတယ်" မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် တွေးသည်။ သူချက်ချင်း ထိုနေရာသို့ ပျံထွက်သွားသည်။
သူ့အနောက်တွင် ငွေငါးမျှားကြိုးကား မယုံကြည်နိုင်ဖွယ် အမြန်နှုန်းကြီးဖြင့် လိုက်လာလေပြီ။ ၄င်း၏အဆုံးတွင် ချိတ်တစ်ချိတ်အား မြင်သည်ဆိုရုံလေး မြင်ရသည်။
ရေးသားဖော်ပြနေရသည်မှာ အချိန်အနည်းငယ်ယူလိုက်သော်လည်း အလွန့်အလွန် လျင်မြန်စွာ ဖြစ်ပျက်နေခြင်းပင်။ မန်ဟိုက ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ထုတ်ဖော်၍ တဟုန်ထိုးသွားနေသည်။ သူက တုံ့ဆိုင်းမနေဘဲ မြန်နှုန်းမြှင့်သွေးအလင်းကို အသုံးပြုကာ လေထဲတွင် ရိပ်ခနဲ ရိပ်ခနဲ ပြေးနေ၏။ သူ့မှာ ဤသေရေးရှင်ရေးအခိုက်အတန့်တွင် ဘာဆိုဘာမှ ထိမ်မချန်ထားဘဲ မီတာပေါင်းများစွာကို ခုန်ပျံကျော်လွှား ပျံသန်းနေတော့သည်။
မျက်တောင်တစ်ခတ်စာလေးအတွင်း သူက ကျောက်ရုပ်ကဲ့သို့ ဖြစ်နေသော အနက်ရောင်ကျီးအုပ်အနားသို့ ရောက်သွားလေပြီ။ သူသည် ရှေ့ဆက်သွားရန် ပြင်လိုက်စဥ် ရုတ်တရက် ရင်ခုန်သွား၏။
"ငါးမျှားကြိုးကြောင့် အကုန်လုံး ရပ်တန့်သွားတယ်။ ဒီကမ္ဘာသစ်မိစ္ဆာတွေ တောင်မှပဲ။ ဒီလိုအခွင့်အရေးမျိုးက နှစ်ပေါင်းတစ်ထောင်မှ တစ်ခါပဲ လာတာလို့ ပြောလို့ရတယ်။ ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေ တည်ရှိခဲ့တဲ့ တစ်ချိန်လုံး ဒီလိုအဖြစ်အပျက်မျိုး တစ်ခါမှ မဖြစ်ဖူးလောက်ဘူး .... ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရင် နှမြောစရာကောင်းလိမ့်မယ်။ စွန့်စားကျပေမယ့်... ယူသွားမယ်ကွာ"
သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် တောက်ပသွား၏။ ချက်ချင်းပင် သူ၏ညာလက်က ငြိမ်သက်နေသောကျီးကန်းများထံ ဝှေ့ယမ်းလိုက်သည်။ ၄င်းတို့မှာ ၄င်းတို့ကိုယ်၄င်း ထိန်းချုပ်နိုင်စွမ်း မရှိလေရာ သူ၏သိုလှောင်အိတ်ထဲ ဝင်ရောက်သွားသော အနက်ရောင်အတန်းများ ဖြစ်သွားလေပြီ။
အောင်မြင်စွာ ထည့်ပြီးသည်နှင့် သူကား ရှေ့သို့ နောက်တစ်ဖန် ထွက်သွားပြန်သည်။
သူ့အနောက်တွင် ငါးမျှားကြိုးက နီးကပ်လာ၏။
မန်ဟိုမှာ ဟောဟဲ ဟောဟဲ အသက်ရှူရင်း လျှာဖျားကို ကိုက်၍ သွေးတချို့ ထွေးထုတ်လိုက်သည်။ မြန်နှုန်းမြှင့်သွေးအလင်း အသက်ဝင်လာပြီး သူ့ကို ရှေ့သို့တွန်းပို့လိုက်သဖြင့် သူ၏ခန္ဓာကိုယ် လက်ခနဲ ဖြစ်သွားလေသည်။ သူ့မျက်နှာမှာ ဖြူဆုပ်နေသော်လည်း နည်းနည်းလေးမှ တုံ့ဆိုင်းခြင်းမရှိပေ။ တခဏအတွင်း သူသည် ပေါင်းမြက်ပင်များ ထူပိန်းစွာ ပေါက်ရောက်နေသော နေရာတစ်ခုသို့ ရောက်သွား၏။ ထိုနေရာတွင် ၊ လေအလယ်၌ မလှုပ်မယှက်ဝဲနေသော အဆိပ်နကျယ်ကောင်ခုနစ်ကောင်၊ ရှစ်ကောင်ကို သူ ဖျတ်ခနဲ မြင်လိုက်သည်။ ၄င်းတို့အနောက်တွင် နောက်ထပ် နကျယ်များ စုဝေးနေသော ဧရာမနကျယ်သိုက်ကြီး ရှိလေသည်။
၄င်းတို့ကို မြင်သော် မန်ဟို အံတင်းတင်းကြိတ်ပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် နကျယ်ကောင်များနှင့် နကျယ်သိုက်ကြီးကို သိမ်းလိုက်၏။ ထို့နောက် မြန်နှုန်းမြှင့်သွေးအလင်းသုံးလိုက်ပြန်သည်။
"ဒါက တကယ့်ကို ရှားမှရှားတဲ့ အခွင့်အရေးပဲ။ ငါက အမိအရ ဖမ်းဆုပ်ရမယ်" မန်ဟိုမှာ စိတ်ထဲတွင် အော်ဟစ်ကြုံးဝါးနေသော်လည်း တစ်ချိန်တည်းမှာပင် ရယ်ရခက် ငိုရခက်ဖြစ်နေသည်။ ဤသည်မှာ သူ ကျင့်ကြံအားထုတ်ခဲ့သည့်ကာလတစ်လျှောက်လုံး ကြုံတွေ့ခဲ့ဖူးသမျှထဲ အပြင်းထန်ဆုံးသော အသက်နှင့်ကိုယ်အိုးစားကွဲနိုင်သည့် အန္တရာယ်ကြီး ဖြစ်၏။ သို့သော် .... ဤသေရေးရှင်ရေးအခိုက်အတန့်က ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေကို ရွှေတွင်းကြီးဖြစ်သွားစေသည်။
ဤကံတရားက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို လှုပ်ရှားမှုကင်းမဲ့သွားစေရာ မန်ဟို့အား ကမ္ဘာသစ်မိစ္ဆာအမျိုးမျိုးကို စိတ်တိုင်းကျယူခွင့်ပေးနေတော့သည်။ ထိုကဲ့သို့ အခွင့်အရေးက မန်ဟို့ကို ရင်ပင် ခုန်လာစေသည်။
အထူးသဖြင့် ... ကျောက်ရုပ်ဖြစ်နေသော မီးတောင်တစ်တောင်၏ အပေါက်ဝကို မမျှော်လင့်ဘဲ ကြည့်လိုက်မိသည့်အခါတွင် ဖြစ်၏။ ထိုနေရာ၌ မီးတောင်ထံမှ ခေါင်းပြူထွက်နေသော ဧရာမပုတ်သင်ကြီးတစ်ကောင် ရှိလေသည်။ ၄င်းသည် မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျား၏။ မန်ဟို ပို၍ပင် ဆုံးဖြတ်ရခက်သွားလေပြီ။
"ပေါက်တဲ့နဖူး မထူးဘူးကွာ" မန်ဟိုက ဟိန်းဟောက်လိုက်သည်။ သူ၏ညာလက်အဝှေ့နှင့်အတူ ၄င်းမှာ စကြဝဠာအိတ်ထဲ ရောက်သွားတော့၏။ ထို့နောက် သွေးတစ်ပွက်ထွေးထုတ်ကာ ရွှီးခနဲ ထွက်သွားလေသည်။ ဤအခိုက်အတန့်တွင် မန်ဟို့မှာ အသက်အန္တရာယ်ကိုပင် မေ့လျော့သွားသည့်အလား ထင်ရသည်။ ကမ္ဘာသစ်မိစ္ဆာတစ်ကောင်တွေ့တိုင်း သူသည် ၄င်းထံ လှစ်ခနဲရောက်သွားပြီး အိတ်ထဲထည့်နေတော့၏။
ကမ္ဘာသစ်မိစ္ဆာတစ်အုပ်ပြီးတစ်အုပ်၊ အစွမ်းထက်သော အဆင့်မြင့်ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ပြီးတစ်ကောင်၊ ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေအတွင်း၌ နှစ်သန်းပေါင်းများစွာ မရေမတွက်နိုင်အောင် တည်ရှိခဲ့သော အရာများ၊ မျိုးနွယ်စုငါးစု ဘိုးဘေးပူဇော်ပွဲကျင်းပခဲ့သည့် နှစ်အဆဆက်ဆက် ဘယ်သူမှ မယူဆောင်နိုင်ခဲ့ဖူးသော သတ္တဝါများ၊ အထူးကျင့်စဥ်များဖြင့်သာလျှင် ရှောင်တိမ်းနိုင်သော အန္တရာယ်များသည့်သားရဲကြီးများ .... အားလုံး မလှုပ်မယှက် ရပ်တန့်နေရာ မန်ဟို့အတွက် မုတ်ဆိတ်ပျားစွဲနေတော့သည်။
အစိမ်းရောင်ခြင်တစ်ထောင်ကျော်သည် အတွင်းရှိ ချော်ရည်များထဲ ကိုယ်ပိုင်းနစ်မြုပ်နေသော ဧရာမမိကျောင်းကြီးတစ်ကောင်ကို တိုက်ခိုက်ရန် ပြင်ရင်း မီးတောင်နှုတ်ခမ်းဝတွင် အုပ်လိုက်ကြီးဝဲလျက်ရှိ၏။
ခြင်များ၏ နှုတ်သီးများသည် ထူးခြားဆန်းကြယ်သောအလင်းကို ထုတ်လွှတ်နေပြီး ၄င်းတို့၏ခန္ဓာကိုယ်များမှာ ဆူးချွန်လို အမွှေးများဖြင့် ကြောက်စရာကောင်းလေသည်။ ၄င်းတို့၏ပုံစံကြီးမှာ အံ့ဖွယ်အတိပင်။
မိကျောင်းကြီးမှာမူ တစ်ကိုယ်လုံး နီရဲနေပြီး မျက်လုံးကြီးနှစ်လုံးက နက်မှောင်နေ၏။ ၄င်းက ကြောက်မက်ဖွယ်လှိုင်းများကို ထုတ်လွှတ်ရင်း ချော်ရည်ထဲတွင် ကိုယ်တစ်ပိုင်း နစ်မြုပ်နေသည်။
"ကမ္ဘာသစ်မိစ္ဆာတွေ ဘယ် ... ဘယ်လောက်တောင် ရှိနေတာတုန်း" မန်ဟို၏ မျက်လုံးပြူးကျယ်နေလေပြီ။ သူ့ရင်ထဲရှိ ဆုံးဖြတ်ရခက်နေသော ခံစားချက်မှာ သည့်ထက်မဆိုးရွားနိုင်တော့ပေ။ သူ့အနောက်တွင် အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် သူ့ထံသိို့ လာနေလေသည်။ မီတာ ၁၅၀ ပင် မဝေးတော့ချေ။
"ချီးကွာ" မန်ဟိုက မျက်လုံးနီကြီးများဖြင့် မြန််နှုန်းမြှင့်သွေးအလင်းကို နောက်တစ်ဖန် သုံးလိုက်ပြန်သည်။ သူသည် မီးတောင်ဝသို့ လှစ်ခနဲ ရောက်သွားပြီး ညာလက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် ခြင်အုပ်ကြီးနှင့် အနီရောင်မိကျောင်းကြီးတို့ သူ့စကြာဝဠာအိတ်ထဲ ရောက်သွားတော့သည်။
သူက ဖျတ်ခနဲ ထွက်ပြေးပြန်သည်။ ယခုတွင် ငွေရောင်ကြိုးမှာ သူ့ထံမှ မီတာတစ်ရာသာ ဝေးတော့ပြီး ပို၍ပင်လျင်မြန်စွာ ရွေးလျားလာလေပြီ။
သေတော့မည့်အာရုံက အလွန်ပြင်းထန်လာသည်။ မန်ဟို့၏ မျက်လုံးများမှ နီရဲနေပြီဖြစ်ပြီး သူ့တွင် ကမ္ဘာသစ်မိစ္ဆာများကို စဥ်းစားရန် အချိန်မရှိတော့ပေ။ သူက သူ၏ပန်းတိုင်ဖြစ်သော မီးတောင်သို့ တစ်ချိုးတည်း ပြေးလေတော့သည်။
သို့သော် ... သူအနားရောက်သွားသည့်အချိန်မှာပင် အရှေ့၌ သင်္ချိုင်းဂူတစ်လုံးကို သတိထားမိလိုက်၏။
သင်္ချိုင်းဂူမှာ အက်ရာများဖုံးနေရာ အတွင်းရှိ ခေါင်းတလားကိုပင် မြင်နေရသည်။ ခေါင်းတလားထဲတွင် အလွန်ထူးဆန်းသော ပုံပန်းသွင်ပြင်နှင့် လူတစ်ပိုင်းသားရဲတစ်ပိုင်းအလောင်းတစ်လောင်းရှိ၏။
သို့ပင်ငြား မန်ဟို့ကို အသက်ပြင်းပြင်းရှူမိသွားစေသည်မှာ အလောင်း၏ရင်ဘတ်ပေါ်က သစ်သားဓားတစ်လက်ပင်။
သစ်သားဓားကို မြင်လိုက်သည်နှင့် မန်ဟို မျက်လုံးအစုံပြူးကျယ်သွားသည်။ ဤအလောင်းမှာ မသေသေးပေ။ မျက်လုံးများပင် ပွင့်လျက်သားရှိနေ၏။ ထို့အပြင် အရာအားလုံး ရပ်တန့်နေသည့်တိုင် ၄င်းမှ လာနေသော ကြောက်စရာအရှိန်အဝါနှင့် စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်နှင့်ညီမျှသော ဖိအားကိုလည်း ခံစားရသေးလေသည်။
"တတိယ သစ်သားဓား" သူက တွေးလိုက်သည်။ ဓားကို မြင်လိုက်သည်နှင့် ယူကိုယူရမည် ဖြစ်ကြောင်း တန်းသိလိုက်သည်။ ပွားထားသောဓားနှင့်ဆိုလျှင် သစ်သားဓားအရေအတွက်က လေးလက် ဖြစ်သွားပေလိမ့်မည်။
သည်ဓား၏ဇာတိကို မန်ဟို မသိပေ။ သို့သော် သူ၏အလိုလိုသိစိတ်က ၄င်းအားပွားရန် အဆင့်မြင့်ဝိညာဥ်ကျောက်တုံးနှစ်ထောင် ကုန်ကျသည်ဆိုမှတော့ သာမန်မဟုတ်ကြောင်းပြောနေသည်။ ၄င်း၏ စစ်မှန်သော လျှို့ဝှက်ဆန်းကြယ်မှုကို ထုတ်ဖော်မပြခဲ့သည်မှာ သူ့တွင် စုံစုံလင်လင်မရှိသေး၍ ဖြစ်တန်ရာသည်။
ဤထူးဆန်းသောအခြေအနေကို အခွင့်ကောင်းမယူလျှင် အဆိုပါအလောင်းထံမှ သစ်သားဓားအား ဘယ်တော့မှ ရယူခွင့်ရှိတော့မည်မဟုတ်တော့ပေ။
သူ့မှာ စိတ်လည်းဆင်းရဲ၊ ဝမ်းလည်းဝမ်းသာစွာဖြင့် လျှာထိပ်ကို ကိုက်၍ ဦးတည်ရာပြောင်းပြီး အလောင်းထံ ထွက်သွားတော့သည်။ သင်္ချိုင်းဂူအနားရောက်သည်နှင့် သူ့လက်က အက်ကြောင်းတစ်ကြောင်းထဲ လျှိုဝင်ကာ သစ်သားဓားကို လှမ်းဆွဲလိုက်၏။ သူ ၄င်းကို အားနှင့် ဆောင့်ဆွဲလိုက်စဥ် အလောင်းထံမှ ဒေါသတကြီး မာန်ဖီ သဲ့သဲ့ကို ကြားလိုက်ရသည်။
သည့်ထက်ပို၍ ရှင်းပြနေရန် အချိန်မရှိပေ။ မန်ဟို၏ ခန္ဓာကိုယ်သည် ရိပ်ခနဲ အလယ်တည့်တည့်ရှိ မီးတောင်ထံ ထွက်သွားတော့သည်။ သူ ထိုနေရာသို့ ဝင်ရောက်လိုက်သည့်အခိုက်အတန့်မှာပင် ငွေငါးမျှားကြိုးလည်း ဝင်ရောက်လာလေသည်။
***