← Chapters

အပိုင်း(၃၆၁)

Vol. 25 Ch. 361

အပိုင်း(၃၆၁)

Vol. 25 Ch. 361

မြွေလူသားနယ်မြေအတွင်းမှ

မြွေလူသားများက   ကောင်းကင်ထဲသို့ကြည့်လိုက်ကြသည်။ သူတို့က ကောင်းကင်ပြင်တစ်ခုလုံးအား

ဖုံးကာထားသည့် အစိမ်းရောင်

တူရိပ်ကြီးအား ကြည့်လိုက်ပြီး အလန့်တကြားအော်ပြောလိုက်ကြသည်။

“ကောင်းကင်ဖြိုခွင်းနတ်ဘုရားတူ …ဒါက ကောင်းကင်ဖြိုခွင်းနတ်ဘုရားတူပဲ”

“လွန်ခဲ့တဲ့နှစ်ရာဂဏန်းအချို့လောက်

သဲကန္တရာ အပျက်အစီးနယ်မြေတစ်ခုကနေ အရှင်ဝေ့ကောင်းရဲ့ ဘိုးဘေးဖြစ်သူ

ဝေ့ဖုန်းက  ကောင်းကင်ဖြိုခွင်း

နတ်ဘုရားတူကို ရရှိခဲ့တယ်ဆိုတဲ့ ကောလဟာလတစ်ခုရှိတယ်…နောက်ပိုင်းမှာ ကောင်းကင်ဖြိုခွင်းနတ်ဘုရားတူကို သဲကန္တရထဲမှာသူ့ရဲ့နမည်အတွက်

အသုံးပြုခဲ့ပြီး  ငါတို့မြွေလူသားမျိုးနွယ်စုရဲ့ နံပါတစ် စစ်သည်တော်တစ်ယောက်ဖြစ်လာခဲ့တယ်..”

ဝေ့ကောင်းသူ၏ခေါင်းထက်၌

ကိုင်ထားသော အစိမ်းရောင်တူ

အားမှတ်မိသည့် မြွေလူသားတစ်ယောက်က  အလန့်တကြားဖြင့်ပြောလိုက်သည်။

“ကောင်းကင်ဖြိုခွင်းနတ်ဘုရားတူက  အဆင့်ခြောက်လက်နက်တစ်ခု

လို့ပြောကြတယ်…အရှင်ဝေ့ကောင်းရဲ့ ကြယ်သုံးပွင့်အင်ပါယာနယ်ပယ်စွမ်းအားရယ် နတ်ဘုရားတူရယ်နဲ့ဆိုရင် ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ်တစ်ယောက်ရဲ့ စွမ်းအားမျိုးကို ထုတ်လွှတ်အသုံးပြုနိုင်တယ်”

အခြားမြွေလူသားတစ်ယောက်က အော်ပြောလိုက်သည်။

“နတ်ဘုရားတူနဲ့ဆိုရင်  ဒီလူသား ဘယ်လောက်ထိ မာနကြီးနိုင်အုံးမလဲဆိုတာကို ကြည့်ကြသေးတာပေါ့”

မြွေလူသားတစ်ယောက်က  ဟင်းလင်းပြင်ထဲတွင်ရှိနေသော အနက်ရောင်ပုံရိပ်အားထိုးညွှန်ပြီး အော်ပြောလိုက်သည်။  ဤပုဂ္ဂိုလ်၏မျက်နှာထားက မိုယန် က  သူ၏လက်အတွင်း နတ်ဘုရားတူအား ကိုင်ထားသကဲ့သို့ပင်ဖြစ်သည်။

“အား”

ဂင်တိုတိုနှင့် တုတ်ခိုင်သော မြွေလူသားက   ကောင်းကင်ဖြိုခွင်း နတ်ဘုရားတူအားကိုင်ဆောင်ထားသည်။  သူ၏မျက်နှာထက်တွင်ဒေါသ

တရားတို့ဖြင့်ပြည့်နှက်နေပြီး သူ၏မျက်နှာထားက ကြမ်းကြုတ်ခက်ထန်နေသည်။  ဒေါသထွက်နေသောသားရဲတစ်ကောင်ကဲ့သို့ သူက  ဒေါသတကြီးအော်ဟစ်လိုက်သည်။ ထို့နောက်သူက   အစိမ်းရောင်နတ်ဘုရားတူအား

မြှောက်လိုက်ပြီး  ၎င်းအားအောက်သို့ ထုနှက်ချလိုက်သည်။

ဝေ့ကောင်း၏လှုပ်ရှားမှုနောက်သို့လိုက်ပါ၍  ကောင်းကင်နှင့်မြေကြီးအား

လွှမ်းခြုံထားသော   ဧရာမ အစိမ်းရောင်တူရိပ်ကြီးက   ရုတ်တရက်အောက်သို့ ထုနှက်ရိုက်ချရန်ကျဆင်းလာသည်။

ယင်းမှာ   ဧရာမတောင်ကြီးတစ်လုံးက   ရှစ်ဖုန့်ထံသို့ ဖိနှိပ်ခြွေမရန်ကျဆင်း

လာသကဲ့သို့ဖြစ်သည်။

ရှစ်ဖုန့်၏ နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး   အထင်သေးမှုအပြည့်ဖြင့်အပြုံး

တစ်ခုကတွဲခိုနေသည်။  အစမှစတင်၍ယခုထိတိုင်အောင်  သူသည်ယခင်အတိုင်းတူညီစွာ

ရှိနေဆဲဖြစ်သည်။ သူက ကောင်းကင်နှင့်မြေကြီးအား ပိတ်ဖုံးကွယ်နေသော ထိုနတ်ဘုရားတူအရိပ်အား ကြည့်ပင်မကြည့်ခဲ့ချေ။ ယခင်ကအတိုင်းပင် သူက လက်ချောင်းလေးအားဖျက်ခနဲလှုပ်ရှားလိုက်ပြီး သွေးနီရောင်အလင်းတန်းလေးတစ်ခုက သူ၏လက်ချောင်းထိပ်မှ

ရွှတ်ခနဲထွက်သွားပြီး ကောင်းကင်ထဲသို့ဦးတည်သွားသည်။

“ဒီလှုပ်ရှားမှု…ဒီလှုပ်ရှားမှုပဲဖြစ်နေတုံးပဲ.. ဒီလူသားက အရှင် ဝေ့ကောင်းရဲ့  နတ်ဘုရားတူနဲ့ စွမ်းအားပြည့်တိုက်ခိုက်မှုကိုတောင် ဒီလှုပ်ရှားမှုကိုပဲ သုံးရဲတဲ့အထိကို အရမ်းအထက်စီးဆန်နေတာပဲ”

အောက်တွင်ရှိနေကြသော

မြွေလူသားများမှာရှစ်ဖုန့်က ဝေ့ကောင်းအား   အထင်သေးမှုအပြည့်ဖြင့် ဆက်ဆံနေဆဲဖြစ်သည်ကိုမြင်ရသောအခါတွင်   ချက်ချင်းဆိုသလို သူတို့၏မျက်နှာများထက်၌ ဒေါသတရားတို့ပေါ်ပေါက်လာသည်။ သူတို့ကဒေါသတကြီးပြောလိုက်သည်။

“သူကဘယ်လိုတောင် ငါတို့မြွေလူသားမျိုးနွယ်ရဲ့ စွမ်းစွမ်းတမံပုဂ္ဂိုလ်ကို မလေးမစားပြုမူရဲရတာလဲ… ဒီလူသားကလေးသေမယ်ဆိုရင်တောင် အဲ့တာက သေဖို့ထိုက်တန်တယ်”

“မာနကြီးပြီးဘဝင်မြင့်နေတဲ့ လူသားကောင်စုတ်လေး..မင်းသေရမယ်”

“ငရဲကိုသွားလိုက် လူသားကောင်လေး… အရှင်ဝေ့ကောင်း..သူ့ကိုသတ်ပါ”

မြွေလူသားများမှာ တစ်ယောက်ပြီးတစ်ယောက် ဟင်းလင်းပြင်ထဲသို့ သူတို့ရှိသမျှ အားအကုန်ညှစ်၍ အော်ပြောကြသည်။  ယင်းမှာ မြွေလူသားများအနေဖြင့်  ဧရာမတူကြီးက ခြွေမွဖျက်ဆီးရန်ကျဆင်းလာပြီး  ထိုဘဝင်ကိုင်နေသောလူသားအား  မှုန့်မှုန့်ညှက်ညှက်ကြေအောင်   ခြွေမွပစ်သည့်ပုံရပ်အား ကြိုမြင်ထားပြီးသကဲ့သို့ပင််ဖြစ်သည်။

မြွေလူသားနယ်မြေပိုင်နက်အတွင်းရှိ မရေတွက်နိုင်လောက်အောင်များပြားလှသော မျက်နှာများထက်၌  နောက်တစ်ကြိိမ်ထပ်မံ၍    တုန်လှုပ်အံ့အားသင့််‌သောအမူအယာများ ဖြစ်ပေါ်လာသည်ကို မြင်နိုင်သည်ဖြစ်သည်။ မျက်လုံးအစုံပေါင်းများစွာတို့က ရုတ်ချည်းပြူးကျယ်ကုန်ပြီး   မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသော  မျက်နှာထားကို လှစ်ဟာပြထားသည်။ ကောင်းကင်အားဖုံးကာထားပြီး ပြင်းထန်စွာအောက်သို့ကျဆင်းလာသော   ကောင်းကင်ဖြိခွင်းနတ်ဘုရားတူက  ဆန်စေ့အရွယ်သာသာလောက်သာရှိသော သွေးနီရောင်အလင်းတန်း

လေးကြောင့်သုတ်သင်

ဖျက်ဆီးခြင်းခံလိုက်ရသည်ကို သူတို့တွေ့မြင်လိုက်ကြရသည်။

ဤကဲ့သို့ကြီးမားသည့်ပုံရိပ်တစ်ခုက အနီရောင်အလင်းတန်းလေးကြောင့် ချေမှုန်းခံလိုက်ရသည်။ ဤမြင်ကွင်းက လူများအား တော်တော်လေး  ဘဝင်မကျစေသောခံစား

ချက်ကိုဖြစ်ပေါ်စေသည်။

ထို့နောက်တွင် သူတို့အားလုံး၏

မျက်လုံးများက ဟင်းလင်းပြင်ထဲရှိ အနက်ရောင်ပုံရိပ်ပေါ်သို့ကျရောက်သွားသည်။

“ဒီလူသားက အရမ်းကိုစွမ်းအားကြီးတာပဲ”

“ဘယ်လိုကမ္ဘာမျိုးကနေများ ဒီလူသားကလာခဲ့တာလဲ… သူကဘာလို့ငါတို့မြွေလူသား

မျိုးနွယ်ဆီကိုလာရတာလဲ”

ရှစ်ဖုန့်မည်မျှ စွမ်းအားကြီးကြောင်းအား မြင်တွေ့ပြီးသည့်နောက်တွင်

စိုးရိမ်ပူပန်သော ခံစားချက်တစ်ခုက မြွေလူသားများ၏နှလုံးသား

ထဲတွင်ဖြစ်ပေါ်လာသည်။  လွန်ခဲ့သောအချိန်အချို့လေးကတင် စွမ်းအားကြီးမားသော အမှောင်နတ်သူငယ်များက  မြွေလူသားနယ်မြေအတွင်း

လာခဲ့သည်ဖြစ်သည်။  ယခုလည်း အခြားစွမ်းအားကြီးမားသောလူသားက လာခဲ့ပြီး အစောင့်များဖြင့်တိုက်ခိုက်ကာ  အရှင်ဝေ့ကောင်းကိုလည်းအနိုင်ယူခဲ့သည်။

မြွေလူသားအရှင်ဝေ့ကောင်းက  အစိမ်းရောင်တူကြီးအားကိုင်ထားဆဲဖြစ်ပြီး   သူ့ရှေ့တွင်ရှိနေသော အနက်ရောင့်ပုံရိပ်ထံသို့ ဗလာနတ္ထိစိုက်ကြည့်နေမိသည်။  ငယ်ရွယ်ပြီးအေးစက်သာမျက်နှာနှင့်

လူငယ်အား သူကြည့်မိချိန်တွင်  ခွန်အားမဲ့သော  ခံစားချက်အာရုံတစ်ခုက သူ၏နှလုံးသားအတွင်းရုတ်တရက်မြင့်တက်လာသည်။  သူကတိုက်ခိုက်မှုနှစ်ခုကိုထုတ်ဖော်ခဲ့ပြီး နောက်ဆုံးတိုက်ခိုက်မှုက   သူ၏ဘိုးဘေးများလက်ဆင့်

ကမ်းအမွေပေးခဲ့သော    ကောင်းကင်ဖြိုခွင်းနတ်ဘုရား

တူ၏အစွမ်းအထက်ဆုံးတိုက်ခိုက်မှုဖြစ်သည်။  သို့သော်၎င်းမှာ ဤလူသားကောင်လေး၏ အလွယ်တကူ ချိုးဖျက်ခြင်းကိုခံလိုက်ရသည်။

သူ့အနေဖြင့် ဤကဲ့သို့သောကျွမ်းကျင်သူအား ရပ်တန့်နိုင်စွမ်းမရှိတော့ချေ။

“ကောင်းကင်ဖြိုခွင်းနတ်ဘုရားတူက ဒီလူသားရဲ့အလွယ်တကူ ဖြိုခွင်းတာကိုခံလိုက်ရတယ်…  ဒီလူသားက တကယ်ပဲ ဒဏ္ဍာရီဆန်ဆန်ကျော်ဇောနေတဲ့ အရူးနတ်ဆိုးရှစ်ဖုန့်များဖြစ်နေမလား”

ယဇ်ပူဇော်ခန်းမ၏ဝင်ပေါက်တွင်   အရေးကြီးသောပုံရိပ်များက   ဟင်းလင်းပြင်ထဲရှိ အနက်ရောင်ပုံရိပ်ထံသို့ကြည့်ပြီး  စတင်၍ ပြောဆိုနေကြသည်။

ဤအချိန်တွင်  ရှစ်ဖုန့်ဖော်ထုတ်ခဲ့သောစွမ်းအားများက ဤလူများအား  သူကထိုလူဖြစ်သည်

ဟုပို၍ပို၍ လက်ခံယုံကြည်လာစေသည်။

“ဘယ်လိုဖြစ်နိုင်မှလဲ..ဘယ်လိုဖြစ်ပြီးတော့ သူကအရမ်းစွမ်းအားကြီးနေရတာလဲ… လလေးအနည်းငယ်လောက်ပဲရှိသေးတဲ့ဟာ”

ဇီလင်း၏စွဲမက်ဖွယ်ကောင်း

သောမျက်နှာလေးထက်တွင် အံ့အားသင့်မှုများဖြင့်ပြည့်နှက်နေသည်။  လွန်ခဲ့သောလအနည်းငယ်ခန့်က ဘုရင်နယ်ပယ်တွင်သာရှိသေးသောသူက   ကြယ်ကိုးပွင့်အင်ပါယာနယ်ပယ်

သို့အလွယ်တကူချိုးဖျက််နိုင်သွားခြင်းဖြစ်သည်။  ဤကဲ့သို့သောကြီးထွားမှုအမြန်နှုန်းက ကြားပင်မကြားဖူးသောအရာဖြစ်သည်။

သူ့အားပြိုင်ဘက်ကင်းပါရမီရှင်

တစ်ဦး၏ပြောဆိုလျှင်ပင် ယင်းကချဲကားပြောဆိုသော

အရာတစ်ခုမဟုတ်တော့ပေ။

“ဇီလင်း..ဒီလူက  အရင်တုံးက

သူထွက်မသွားခင် ဇီယာကို အဆင့်ငါး မိုးကြိုးလျှပ်စီးဓားကိုပေးခဲ့တယ်လို့ သမီးပြောခဲ့တယ်နော်”

ဤအချိန်တွင် နတ်ဆရာမကြီးက ဇီလင်းအာမေးလိုက်သည်။

နတ်ဆရာမကြီး၏ စကားတို့ကြောင့်ဇီလင်းအသိပြန်ဝင်လာပြီး  သူမဘေးတွင်ရှိနေသော နတ်ဆရာမကြီးအားကြည့်လိုက်သည်။

“ဟုတ်ပါတယ်..စတုတ္ထညီမလေး

နယ်မြေဆီပြန်လာတော့   သူမက အဆင့်ငါး  မိုးကြီးလျှပ်စီးဓားတစ်ချောင်းကိုသူမလက်ထဲမှာကိုင်ထားပါတယ်. စတုတ္ထညီမလေး ကျွန်မကိုပြောတာကတော့  ဒီဓားကို အဲလူငယ်လေးက ပေးခဲ့တာပါတဲ့”

“အိုး”

နတ်ဆရာမကြီးက “အိုး” ဟုသာ တုံ့ပြန်လိုက်သည်။  သူမ၏မျက်လုံးတို့တွင် ရုတ်တရက် လက်ခနဲဖြစ်သွားပြီး  တီးတိုးရေရွတ်လိုက်၏။

“ငါတို့မြွေလူသားမျိုးနွယ်ကို ကယ်တင်နိုင်တာလည်းဖြစ်ကောင်း

ဖြစ်နေနိုင်တယ်”

“နတ်ဆရာမကြီး ဘာကိုဆိုလိုတာပါလဲ”

……………………………………………

“ဝေ့ကောင်း ရပ်လိုက်တော့   ငါတို့မြွေလူသားမျိုးနွယ်ရဲ့ ဂုဏ်သရေရှိဧည့်သည်တော်ကို မရိုင်းစမ်းနဲ့”

ဤအချိန်တွင် အိုမင်းပြီး အက်ကွဲကွဲနိုင်သော အသံတစ်ခုက မြွေလူသားနယ်မြေအတွင်းပဲ့

တင်ထွက်ပေါ်လာသည်။

“ဒါ..ဒါက နတ်ဆရာမကြီးရဲ့အသံပဲ”

“ဒါက နတ်ဆရာမကြီးအသံပဲ”

“နတ်ဆရာမကြီးပေါ်လာပြီ”

အိုမင်းသောအသံအားကြားပြီးသည့်နောက်တွင်  မြွေလူသားများ၏မျက်လုံးများအတွင်း၌ ရုတ်တရက် လေးစားမှုများဖြင့်ပြည့်နှက်လာသည်။

သူတို့က အဖြူရောင်ပုံရိပ်တစ်ခုမြင့်တက်လာရာ ယဇ်ပူဇော်ခန်းမ အလယ်ဆီသို့ကြည့်လိုက်ကြသည်။

အစောပိုင်းကအသံအားရှစ်ဖုန့်ကြား

လိုက်ရသောအခါ သူသည်လည်းအကြည့်တို့အား ပေါ်လာသော အမျိုးသမီးအိုကြီးထံသို့ ပြောင်းရွှေ့ကြည့်လိုက်သည်။

အဘွားအို၏ ကိုယ်က ကိုင်းညွှတ်နေပြီး  မျက်နှာထက်တွင်အရေးအကြောင်း

များဖြင့်ပြည့်နှက်နေသည်။  သူမက ပွရောင်းသော အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ခရမ်းရောင်မြွေတုတ်ကောက်

တစ်ချောင်းကိုကိုင်ထားကာ သူမနောက်တွင်ရှိသောအပြာနု

ရောင်မြွေမြှီးကလှုပ်ယမ်းနေသည်။  သူမကဖြည်းဖြည်းချင်းသူတို့ထံ

သို့ပျံသန်းလာ၏။

ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်။ မြွေလူသားမျိုးနွယ်မှ အဖွားအို၏ ကျင့်ကြံမှုအားတစ်ချက်ကြည့်ရုံဖြင့်

ရှစ်ဖုန့်သိလိုက်သည်။

နတ်ဆရာမကြီး၏အမိန့်အားကြား

လိုက်ရသောအခါတွင်  ဝေ့ကောင်းက သူ့ရှေ့တွင်ရှိသောအနက်ရောင်ပုံရိပ်အားကြည့်လိုက်ပြီးနောက် လှည့်လိုက်ကာ နတ်ဆရာမကြီးအားဦးညွှတ်

ဂါရဝပြုလိုက်သည်။

“ဟုတ်ကဲ့”

ထို့နောက်မကြာခင်သူ၏ကိုယ်အား

ကိုင်းညွှတ်ပြီး  အောက်တွင်ရှိနေသောကျောက်တုံးမြို့ထံသို့ ဖြည်းဖြည်းချင်းဆင်းသက်လိုက်သည်။

အဘွားအိုက ရှစ်ဖုန့်ထံသို့ချဉ်းကပ်လာပြီး  ရှစ်ဖုန့်အား အနည်းငယ်ဦးညွှတ်ဂါရဝပြုလိုက်သည်။

“ဂုဏ်သရေရှိဧည့်သည်တော် ကျေးဇူးပြုပြီး  ကလေးတွေရဲ့မသိနားမလည်မှုကိုခွင့်လွှတ်ပေးပါ…ကလေးတွေရဲ့ရိုင်းပျမှုကိုယ်စားကျွန်ုပ်ကပဲ သင့်ကို တောင်းပန်ပါရစေ”

“ဘာ..နတ်ဆရာမကြီး တရမ် က လူသားမျိုးနွယ်ကို ဦးညွှတ်တာလား”

“ဒါက…နတ်ဆရာမကြီး တရမ် ကို  ဦးညွှတ်စေရလောက်အောင် ဒီအစွမ်းထက်လူသားရဲ့ သရုပ်မှန်ကဘာများမို့လဲ”

“ထားပါ..ဒီလိုတွေလုပ်ဖို့မလိုပါဘူး..”

ရှစ်ဖုန့်ကနတ်ဆရာမကြီးအား သူ၏လက်ကိုဝေ့ယမ်းပြလိုက်သည်။

“ဒီသခင်လေးက မြွေလူသားနယ်မြေကိုလာတယ်ဆိုတာ ဒီသခင်လေးမှာ မြွေလူသားမျိုးနွယ်ဆီကနေ အကူအညီလိုအပ်လို့ပဲ..ဒီသခင်လေးကဇီယာကိုလည်းတွေ့ချင်တယ်… ဒါပေမဲ့  ဒီသခင်လေးကြားထားတာ ဇီယာက သီးသန့်ကျင့်ကြံမှုပြုလုပ်နေတယ်ဆို”

“ဧည့်သည်တော် ကျေးဇူပြုပြီးကျွန်မနဲ့လိုက်လာခဲ့ပေးပါ..ကျွန်မသင့်ကို ဇီယာနဲ့တွေ့ဖို့ခေါ်သွားပေးပါ့မယ်”

ဆက်ရန်…

ဘာသာပြန်သူ-ARISE

All Chapters