အပိုင်း(၃၆၂)
Vol. 25 Ch. 362
မြွေလူသားနတ်ဆရာမကြီးကရှစ်ဖုန့်အား ယဇ်ပူဇော်ခန်းမအတွင်းဦးဆောင်
ခေါ်သွားပြီး ဖြည်းဖြည်းချင်း ယဇ်ပူဇော်ခန်းမအပေါက်ဝ၌
ဆင်းသက်လိုက်သည်။
“ကြိုဆိုပါတယ် နတ်ဆရာမကြီး..ကြိုဆိုပါတယ်
ဂုဏ်သရေရှိဧည့်သည်တော်…”
ရှစ်ဖုန့်က နတ်ဆရာမကြီးနှင့်အတူ ဆင်းသက်လာသည်ကိုတွေ့
လိုက်ရသောအခါတွင် မြွေလူသားမျိုးနွယ်၏ အရေးကြီးပုံရိပ်များက သူတို့၏လက်သီးတို့ကိုဆုပ်လိုက်ကြပြီး လူသားမျိုးနွယ်၏ကျင့်ဝတ်ထုံးတမ်းနှင်အညီ ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။
ရှစ်ဖုန့်ကသူ၏ ကြီးမားသောစွမ်းအားကိုပြသခဲ့ပြီး မြွေလူသားများအနေဖြင့် အစွမ်းထက်မှုအပေါ်တွင်အံ့ဩ
လေးစားခဲ့ကြရသည်။ သူတို့က လူသားမျိုးနွယ်အား မနှစ်သက်ကြသော်လည်း နတ်ဆရာမကြီး၏ အမိန့်ကိုမနာခံဘဲ မနေကြချေ။
ရှစ်ဖုန့်က လူအုပ်ထဲမှရင်းနှီး
သောပုံရိပ်တစ်ခုကို မြင်တွေ့ခဲ့ရသည်။ ထိုနေ့က ဇီယာနှင့်အခြားမြွေလူသားအမျိုးသမီးသုံးယောက်တို့က လီလျိုရှင်းအား အမဲလိုက်ခဲ့ကြသည်ဖြစ်သည်။
ဤအမျိုးသမီးက ဇီယာမှ အမကြီးဟုခေါ်ခဲ့သောသူဖြစ်သည်။ထို့ကြောင့် ရှစ်ဖုန့်သူမအား မှတ်မိနေခြင်းဖြစ်သည်။
ထို့နောက်တွင် ယဇ်ပူဇော်ခန်းမအဝ၌ရှိနေကြသောလူအုပ်မှာ ဘေးသို့ရှဲပေးလိုက်ကြပြီး ရှစ်ဖုန့်အတွက် ကျယ်သော လူသွားလမ်းကြောင်းတစ်ခုကို
ဖွင့်ဟပေးလိုက်သည်။ နတ်ဆရာမအိုကြီးက ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ကျွန်မနဲ့လိုက်ခဲ့ပါ.. ဂုဏ်သရေရှိဧည့်သည်တော်လူသားမျိုးနွယ်ဝင်”
ထို့နောက် နတ်ဆရာမကြီးက သူမ၏ အပြာရောင်မြွေမြှီးကိုလွှဲယမ်းပြီး လမ်းကြောင်းအတိုင်းဦးဆောင်သွားလိုက်သည်။ ထို့နောက် မြွေလူသားမျိုးနွယ်၏ အရေးကြီးသောပုံရိပ်များက အလယ်၌ ထပ်မံ၍ စုစည်းသွားကြသည်။သူတို့ကရှစ်ဖုန့်နောက်မှလိုက်ပါလာပြီး ယဇ်ပူဇော်ခန်းမအတွင်းသို့ လျှောက်လှမ်းဝင်လာကြသည်။
ယဇ်ပူဇော်ခန်းမအတွင်းသို့ရှစ်ဖုန့်ဝင်ပြီးပြီးချင်း အလင်းရောင်က ဖြည်းဖြည်းချင်းမှေးမှိန်လာသည်ကို
သူခံစားလိုက်ရသည်။ ထို့နောက်
ဆန်းကြယ်ပြီး ရှေးဆန်သောအရှိန်အဝါတစ်ခု
အားသူခံစားမိလိုက်သည်။
ဖြည်းဖြည်းချင်း သိပ်မဝေးကွာ
လှသောခန်းမ၏ အလယ်ဗဟို၌ ကျစ်လစ်သေးသွယ်သောခန္ဓာ
ကိုယ်နှင့်ပုံရိပ်လေးတစ်ခုက ခရမ်းရောင်မြွေမြှီးတစ်ခုအားရစ်ခွေပြီးထိုင်နေသည်ကိုသူမြင်တွေ့လိုက်ရသည်။
“ဇီယာ”
ရင်းနှီးကျွမ်းဝင်သောပုံရိပ်လေးကိုကြည့်၍ ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် ဇီယာထိုင်နေသောမြေပြင်တွင် ထူးဆန်းပြီး ဆန်းကြယ်သော ရှေးဟောင်းအစီအရင်တစ်ခုအား ခင်းကျင်းရေးထိုးထားသည်ကို ရှစ်ဖုန့်တွေ့လိုက်သည်။ ထူးဆန်းပြီး ဆန်းကြယ်သောစွမ်းအင်လှိုင်းများက အစီအရင်မှထုတ်လွှတ်နေပြီး ဇီယာ၏ ကျစ်လျစ်သေးသွယ်လှပသော
ကိုယ်လေးအတွင်းသို့ဝင်ရောက်နေသည်။
ရှေးဟောင်းကြယ်ခြောက်ပွင့်
အမှောင်အစီအရင်နှင့် ဇီယာအားကြည့်၍ ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
“သူကျင့်ကြံနေတာလား”
ဇီယာနှင့်ပက်သက်၍ ဘာဖြစ်နေသည်ဆိုသည်အား
ရှစ်ဖုန့်ပြောနိုင်ခြင်းမရှိပေ။
“ဟိုဘက်ကိုကြည့်လိုက်ပါ”
နတ်ဆရာမကြီး၏ ရှစ်ဖုန့်၏ မေးခွန်းအား တိုက်ရိုက်မဖြေဆိုပေ။ထိုအစား သူမက ယဇ်ပူဇောခန်းမ၏ အနက်ရှိုင်းဆုံးသောအပိုင်းထံသို့ လက်ညှိုးထိုးညွှန်ပြလိုက်သည်။
ရှစ်ဖုန့်က နတ်ဆရာမညွှန်ပြရာသို့လိုက်ပါ
ကြည့်ရှုလိုက်သောအခါတွင် ထုထည်ကြီးမားသောရုပ်ထု
တစ်ခုအားမြင်တွေ့လိုက်ရသည်။ဤရုပ်ထုက ကြမ်းကြုတ်သောပုံစံရှိသည့် ဧရာမ မြွေနဂါးရှစ်ကောင်းအားပေါင်း
စပ်ထားခြင်းဖြစ်သည်။ သူတို့အား အနီ၊လိမ္မော်၊အဝါ၊အစိမ်း၊အပြာ၊ခရမ်းနှင့်ပန်းရောင်ဟူ၍ ခွဲခြားထားသည်။အလယ်ဗဟိုတွင် အရောင်ခုနှစ်မျိုးပေါင်းစပ်မှု
ကြောင့်ဖြစ်ပေါ်လာသော ဧရာမ ရောင်စုံမြွေနဂါးကြီးတစ်ကောင်ရှိိသည်။
သို့သော် ခရမ်းရောင်မြွေတစ်ကောင်ပေါ်၌ ရင်းနှီးသောအရိပ်တစ်ခုအား ရှစ်ဖုန့် မြင်တွေ့ရသည်ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် သိပ်သည်းသော ခရမ်းရောင် အကြေးခွံများဖုံးလွှမ်းနေပြီး ၎င်း၏ခေါင်းပေါ်၌ ချွန်မြသော ဦးချိုတစ်ချောင်းရှိသည်။ ၎င်းမှာ ဇီယာပုံစံပြောင်းလဲခဲ့သော ခရမ်းရောင်မြွေဖြစ်သည်။သို့သော် ဤရုပ်ထု၏အရွယ်အစားက ဇီယာအသွင်ပြောင်းခဲ့သော ခရမ်းရောင်မြွေထက်အစများစွာပိုမို၍ ကြီးမားသည်ဖြစ်သည်။
“ဒါက ကျိလီ နတ်ဘုရားမြွေပဲ ..မြွေလူသားမျိုးနွယ်စုရဲ့ မြင့်မြတ်ပြီး အထွတ်အမြတ်ထားရာ
နတ်ဘုရားဖြစ်တယ်…အဲ့တာက မြွေလူသားမျိုးနွယ်စုရဲ့
ဘိုးဘေးလည်းဖြစ်တယ်”
ရှစ်ဖုန့်၏မျက်လုံးတို့က ကျိလီ မြွေနတ်ဘုရားရုတ်ထုပေါ်သို့ကျရောက်နေသည်ကိုမြင်တွေ့ရသောအခါတွင် နတ်ဆရာမကြီးက ရှစ်ဖုန့်၏အနားသို့ရောက်
လာပြီးရှင်းပြလိုက်သည်။
“ကျိလီ နတ်ဘုရားမြွေလား”
နတ်ဆရာမကြီး၏ စကားတို့အားကြားရသောအခါတွင် ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။ဤကဲ့သို့ထူးဆန်းသောအရာမျိုးအားသူယခင်ကတစ်ခါမှ ကြားဖူးခြင်းမရှိပေ။ ဩ
နတ်ဆရာမကြီးက ရှစ်ဖုန့်အား ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ရှေးဦးခေတ်အချိန်ကာလတုံးက ကျွန်မတို့မျိုးနွယ်စုရဲ့နတ်ဘုရားဖြစ်တဲ့ ကျိလီနတ်ဘုရားက ကောင်းကင်နှင့် မြေပြင်တွင် ထင်ရှားကျော်ကြားခဲ့တယ်…
မျိုးနွယ်စုထောင်ပေါင်းများ
စွာကသူ့ဆီမှာအညံ့ခံခဲ့ကြတယ်..ဒါပေမဲ့ ရုတ်တရက််ပြောင်းလဲမှုတစ်ခုဖြစ်လာခဲ့တယ်…ကျွန်မတို့မျိုးနွယ်စုရဲ့နတ်ဘုရားဟာ ကိုယ်ပွားခုနှစ်ခုအဖြစ်ကွဲသွားခဲ့တယ်… အဲ့ထဲက ကိုယ်ပွားတစ်ခုက အခုဇီယာရဲ့ကိုယ်ထဲမှာ ဆီးလ်ခတ်ထားတဲ့ ခရမ်းရောင်နတ်ဘုရားမြွေပဲ…
သင့်အနေနဲ့အဲ့တာကိုသဲကန္တာရထဲမှာ မြင်တွေ့ပြီးလောက်ပါပြီ”
နတ်ဆရာမကြီး၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“အင်း..ဒီသခင်လေး တွေ့ခဲ့တယ်..အဲ့အချိန်တုံးက ဒီသခင်လေးအရမ်းအားနည်းလို့ သေလုနီးပါးတောင်ဖြစ်ခဲ့တယ်”
ဇီယာပြောင်းလဲခဲ့သော ခရမ်းရောင်မြွေက ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ကိုယ်ပွားတစ်ခုဖြစ်နေလိမ့်မည်ဟု ရှစ်ဖုန့် မျှော်လင့်မထားခဲ့ပေ။
နတ်ဆရာမကြီးက ဆက်ပြောသည်။
“ဇီယာရဲ့ ခန္ဓာကိုယ်နဲ့ဆိုရင် ဆီးလ်ကနေ ခရမ်းရောင်နတ်ဘုရားမြွေ
ထုတ်လွှတ်နိုင်တဲ့စွမ်းအားက အကန့်အသတ်ရှိတယ်…
ကျွန်မတဲ့တိုးပဲပြောပါရစေ ….အကယ်၍အဲ့တုံးက ခရမ်းရောင်နတ်ဘုရားမြွေရဲ့
အစစ်အမှန်စွမ်းအားကိုသာ ထုတ်လွှတ်နိုင်ခဲ့ရင် သင့်အနေနဲ့အရမ်းကံကောင်း
ခဲ့မှာမဟုတ်လောက်ဖူး”
“အင်း”
ရှစ်ဖုန့်ကျ သဘောတူသည့်အနေဖြင့် ခေါင်းညိမ့်လိုက်သည်။ အကယ်၍ နတ်ဆရာမကြီးပြောသည်သာ အမှန်ဆိုလျှင် ဤရှေးဟောင်းနတ်ဘုရားက ရိုးရှင်းမှုရှိလိမ့်မည်တော့မဟုတ်ပေ။အကယ်၍ ယင်းကကိုယ်ပွားတစ်ခုဖြစ်နေခဲ့လျှင်တောင် အရမ်းရိုးရှင်းမှုရှိိလိမ့်မည်မဟုတ်ပေ။
နတ်ဆရာမအိုကြီး ၏ စကားတို့အားကြားပြီးသည့်နောက်တွင် ရှစ်ဖုန့်အသိပြန်ဝင်လာသည်။ သူကဇီယာကိုကြည့်၍ပြောလိုက်သည်။
“ခင်ဗျားတို့အခုဘာလုပ်ဖို့ကြိုးစားနေတာလဲ..ခင်ဗျားတို့တွေ ကိုယ်ပွားရဲ့စွမ်းအားအားလုံးကို လွှတ်ပေးဖို့လုပ်နေတာလား..
အဲ့လိုလုပ်လိုက်ရင် ဇီယာဘာဖြစ်သွားမှာလဲ”
ရှစ်ဖုန့်မနေနိုင်ဘဲ ဇီယာအားစိုးရိမ်သွားသည်။ အကယ်၍ ကိုယ်ပွား၏ စွမ်းအားကိုသာထုတ်လွှတ်လိုက်လျှင် ဇီယာ၏ကာယခန္ဓာကိုယ်က ၎င်းအား တောင့်ခံနိုင်စွမ်းရှိလိမ့်မည်မဟုတ်ပေ။ ကိုယ်ပွား၏ ဝိညာဉ်က ဇီယာ၏ကိုယ်အား သိမ်းပိုက်သွားသည်လည်း
ဖြစ်ကောင်းဖြစ်နေနိုင်သည်။
ထိုသို့သာဆိုလျှင် ရှစ်ဖုန့်အနေဖြင့် ဤအချင်းအရာအား သေချာပေါက်ရပ်တန့်ရလိမ့်မည်ဖြစ်သည်။
မြွေလူသားမျိုးနွယ်၏ ဤဖြူစင်ပြီးကြင်နာတတ်သော
မိန်းကလေးအားသူ့အနေဖြင့် ထိုကဲ့သို့သောအရာမျိုးဖြစ်ခွင့်မပေးနိုင်ချေ။
နတ်ဆရမအိုကြီး၏ရှစ်ဖုန့်၏
အတွေးများအားဖောက်မြင်နိုင်ပုံရသည်။
သူမကဆက်ပြောလိုက်သည်။
“တကယ်တော့ ကျွန်မတို့တွေလည်းဇီယာဘာ
ဖြစ်သွားမလဲဆိုတာကိုမသိဘူး…ဇီယာကပဲ ခရမ်းရောင်နတ်ဘုရားမြွေရဲ့စွမ်းအားကို ယူမလား..ဒါမှမဟုတ် ခရမ်းရောင်နတ်ဘုရားမြွေကပဲ ဇီယာရဲ့ကိုယ်ကိုသိမ်းပိုက်မလား..
ဒါမှမဟုတ် ကျွန်မတို့ အရင်ကတစ်ခါမှကြိုးစားဖူးခြင်း
မရှိတာကြောင့် ကြယ်ခြောက်ပွင့် အမှောင်အစီရှေးဟောင်းအစီအ
ရင်ရဲ့လုပ်ငန်းစဉ်က မအောင်မြင်သွားတာမျိုးလဲဖြစ်
ကောင်းဖြစ်သွားနိုင်တယ်”
“ဒါပေမဲ့ ကျွန်မတို့အနေနဲ့ဒီအရာတစ်ခုတည်းကိုသာ လုပ်ဆောင်ဖို့တက်နိုင်တယ်…
ကျွန်မတို့မြွေလူသားမျိုးနွယ်က အခု ကြီးမားတဲကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လေ”
“ကြီးမားတဲ့ကပ်ဘေးဟုတ်လား”
ရှစ်ဖုန့်ကမေးလိုက်သည်။သူ့ယခင်မေးခွန်းအားလှည့်ပတ်ဖြေဆိုပြီးသည့်နောက်၌ နောက်ဆုံတွင် အဘွားအိုမှာ လိုရင်းကိုပြောလာပြီဖြစ်ကြောင်းကိုရှစ်ဖုန့်နားလည်လိုက်သည်။
“သဲကန္တာရထဲမှာ အမှောင််နတ်သူငယ်မျိုးနွယ်စုလို့ခေါ်တဲ့ ရှေးအချိန်ကတည်းက စွမ်းအားကြီးတဲ့မျိုးနွယ်စုတစ်ခုရှိတယ်…
သူတို့က သဲကန္တာရရဲ့အုပ်ချုပ်သူတွေပဲ.
အခြားမျိုးနွယ်စုတွေက သူတို့ကို မစော်ကားရဲကြဘူး”
နတ်ဆရာမကြီးကပြောလိုက်သည်။
ရှစ်ဖုန့်အနေဖြင့် အမှောင်နတ်သူငယ်မျိုးနွယ်စု
အကြောင်းယခင်ကကြားဖူး
သော်လည်းသူ့အနေဖြင့် ၎င်းတို့အားအများကြီးအာရုံမစိုက်ခဲ့ပေ။
လက်ရှိကမ္ဘာတွင် ရှစ်ဖုန့်က အထွတ်အထိပ်ကျွမ်းကျင်သူများ
ကိုသာအာရုံစိုက်သည်ဖြစ်သည်။ထိုအချိန်က သူ့အနေဖြင့် အမှောင်နတ်သူငယ်မျိုးနွယ်စုထံမှ မည်သည့်အထွတ်အထိပ်ကျွမ်း
ကျင်သူကိုမှာကြားဖူးခဲ့ခြင်းမရှိပေ။
ထို့နောက်တွင် နတ်ဆရာမကြီးက ရှစ်ဖုန့်အားဆက်လက်၍ပြောသည်။
“လွန်ခဲ့တဲ့ အချိန်အချို့လောက်က ဇီယာဟာ အမှောင််နတ်သူငယ်မျိုးနွယ်စုက လူငယ်တစ်ယောက်ကိုကယ်တင်ခဲ့တယ်..
အဲ့လူငယ်က အမှောင်နတ်သူငယ်မျိုးနွယ်စုက မင်းသားတစ်ပါးဖြစ်နေတယ်…သူက ဇီယာရဲ့ ကြင်နာမှုနဲ့အလှတရားအောက်
မှာစွဲဆောင်ခံလိုက်ရတယ်..အဲ့တာကြောင့်သူက ဇီယာနဲ့လက်ထပ်လိုတဲ့အကြောင်းကို ကျွန်မတို့မြွေလူသားမျိုးနွယ်ဘက်ကို တရားဝင်ကြေညာလာခဲ့တယ်”
“ဇီယာမှာက ခရမ်းရောင်နတ်ဘုရားမြွေကိုသူ့ကိုယ်ထဲဆီးလ်ခတ်ထားတယ်…သူမက ကျွန်မတို့မြွေလူသားမျိုးနွယ်အတွက် အရမ်းပဲအရေးကြီးတယ်…အခု ကျွန်မတို့ အမှောင်နတ်သူငယ်မျိုးနွယ်ဘက်
ကိုဇီယာကိုကျွန်မတို့ဘာလို့ပို့လို့မရလဲဆိုတာကို သင်နားလည်လောက်မှာပါ…ဒါပေမဲ့ ကျွန်မတို့ရဲ့လက်ရှိခွန်အားအရ ကျွန်မတို့တွေဟာ အမှောင်နတ်သူငယ်တွေကိုခုခံ
နိုင်စွမ်းလုံးဝမရှိဘူး”
“ဒါကြောင့်ကျွန်မတို့က သူတို့နဲ့သဘောတူညီဟန်ဆောင်ပြီးတော့ ကြယ်ခြောက်ပွင် အမှောင်ရှေးဟောင်းအစီအရင်
ကိုထပ်သုံးခဲ့တာ…ကျွန်မတို့အနေနဲ့ ဇီယာကိုယ်ထဲဆီးလ်ခတ်ထားတဲ့ ခရမ်းရောင်နတ်ဘုရားမြွေရဲ့စွမ်းအားကို အသက်သွင်းနိုင်ပြီးတော့ အမှောင်နတ်သူငယ်မျိုးနွယ်စုကို ရင်ဆိုင်တိုက်ခိုက်နိုင်မယ်လို့ မျှော်လင့်နေတယ်”
“ဇီယာဘက်က သဘောထားကရောဘယ်လိုရှိလဲ”
ရှစ်ဖုန့်ကမေးလိုက်သည်။သူဂရုစိုက်သည်မှာ ဇီယာ၏ သဘောထားကိုသာဖြစ်သည်။ အကယ်၍ ဇီယာက အမှောင်နတ်သူငယ်လူငယ်အား
သဘောကျသည်ဆိုလျှင် သူကသူတို့အားကူညီပြီး ဇီယာကိုယ်ပေါ်က ရှေးဟောင်းအစီအရင်အား
ရပ်တန့်ပေးမည်ဖြစ်သည်။
အကယ်၍ ဇီယာက ဆန္ဒမရှိခဲ့လျှင် သူတို့က မြွေလူသားမျိုးနွယ်အတွက်ပြု
လုပ်သည်ဖြစ်သော်လည်း ဘာတွေပဲဖြစ်နေပါစေ ရှစ်ဖုန့်အနေဖြင့် မြွေလူသားမျိုးနွယ်အား ဤရှေးဟောင်းအစီအရင်ကို
ရပ်တန့်စေရန်ပြုလုပ်လိမ့်မည်ဖြစ်သည်။ ယင်းက ဇီယာအတွက် အရမ်းကိုအန္တရာယ်များလွန်းသည်ဖြစ်သည်။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE