← Chapters

မိစ္ဆာစိတ်ဝိညာဉ်ကို လုယူမည့် ချီနန်

Vol. 34 Ch. 466

မိစ္ဆာစိတ်ဝိညာဉ်ကို လုယူမည့် ချီနန်

Vol. 34 Ch. 466

လေလယ်တွင် ပျံဝဲနေသော ဤရောင်စုံလိပ်ပြာအား ဖော်ပြနိုင်သည့် အခြားအသုံးမရှိပေ။ ၎င်းသည် သေရာမှ နိုးထလာခဲ့သကဲ့သို့ အမှောင်ထုမှ အသွင်ပြောင်းလာခဲ့ခြင်း ဖြစ်သည်။ ရောင်စုံလိပ်ပြာထံမှ မည်သည့်အန္တရာယ်အငွေ့အသက်မှ ခံစားရခြင်းမရှိ။ ၎င်းထုတ်လွှတ်နေသော တစ်ခုတည်းသောအရာမှာ အလွန်သဘာဝဆန်လွန်းသော အလှတရားသာ။

၎င်း တောင်ပံနှစ်ဖက်ကို တဖျပ်ဖျပ်ခတ်နေစဉ် ‌ခပ်ကျဲကျဲ ရောင်စုံအမှုန်လေးများသည် တောက်ပသောအရောင်အဝါနှင့်အတူ ပျံ့လွင့်လျက်ရှိ၏။ လိပ်ပြာက ချက်ချင်း လေပေါ် ပျံတက်သွားသည်။

ကျောက်ယူလန်... မိစ္ဆာမကျင်ရှန်းဆိုလျှင် ပိုမှန်မည်။ သူမက ‌မျက်လုံးများ တဖျပ်ဖျပ် တောက်ပလျက် နောက်မှလိုက်ပါ ပျံတက်လိုက်၏။ သူမ တံတားပျက်နယ်ပယ်သို့ လာခဲ့သည့် အဓိကအကြောင်းရင်းမှာ ဤမိစ္ဆာစိတ်ဝိညာဉ်အတွက် ဖြစ်သည်။

"ဒါနဲ့ဆိုရင် ငါ ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီကို ဝင်ဖို့ အရည်အချင်းပြည့်မှီပြီ။ အင်မိုတယ်‌မိစ္ဆာဂိုဏ်းရဲ့ လက်ရှိမျိုးဆက်ဂိုဏ်းသားတစ်ယောက်အနေနဲ့ အဲ့ဒီရှေးဟောင်းပြင်ညီကို ဝင်ခွင့်ရသွားရင် သေချာပေါက် ကံကောင်းခြင်းတချို့ကို ရယူနိုင်လိမ့်မယ်" ကျင်ရှန်းက အသေးစားနေရာရွှေ့ပြောင်းပြီး မျက်စိတစ်မှိတ်အတွင်း လိပ်ပြာ၏ဘေးတွင် ပြန်ပေါ်လာသည်။

မန်ဟို၏မျက်လုံးများ တလက်လက်တောက်ပနေ၏။ ဤအခိုက်အတန့်တွင် သူသည် ထွက်သွားရန် အကြံအစည်အားလုံးကို စွန့်လွှတ်လိုက်လေပြီ။ သူ့အတွက် ဤအရာမှာ... တံတားပျက်နယ်ပယ်သို့ လာခဲ့ရသောအကြောင်းရင်းပင်။

မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်နှင့် ကျီးနတ်မင်းမျိုးနွယ်ဝင် နှစ်ထောင်သည် အနက်ရောင်နယ်မြေသို့ ဝင်ခွင့်ရကာ ပျက်သုဉ်းခြင်းကပ်ဘေးမှ အသက်ချမ်းသာရာရလိမ့်မည်။

စဉ်းစားနေရန် အချိန်မရှိ။ မန်ဟို၏ ခန္ဓာကိုယ်က မြန်နှုန်းမြှင့်သွေးအလင်းဖြင့် ဖျတ်ခနဲ လက်သွားပြီးနောက် နေရာရွှေ့ပြောင်းလိုက်သည်။ လိပ်ပြာမိစ္ဆာစိတ်ဝိညာဉ်ဆီ တဟုန်ထိုး သွားနေစဉ် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးချီအားလုံး ‌‌ထကြွလာ၏။

သူသည် ယိမ်းနွဲ့ဓားချီကို သုံးရန် ပြင်ရင်း ကိုယ်တွင်းရှိ အရက်ချီကိုလည်း လှည့်ပတ်လိုက်သည်။

ကျင်ရှန်း၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒ ပေါ်ပေါက်လာသည်။ သို့သော် သူတို့နှစ်ယောက်လုံး လေပေါ် ပျံတက်လိုက်သည့်အခိုက်အတန့်မှာပင် ‌လိပ်ပြာ၏ခန္ဓာကိုယ်က ဝါးခနဲ ရှေ့ထွက်သွား၏။ တခဏကြာသော် ၎င်းကား ကီလိုမီတာအတော်ဝေးဝေးသို့ ရောက်သွားလေပြီ။ ၎င်း၏ ‌စူးရှတောက်ပသော အရောင်အဝါကြောင့်သာမဟုတ်လျှင် ပျောက်ချင်းမလှ ပျောက်သွားခဲ့လိမ့်မည်။

မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားကာ သူက နောက်တစ်ဖန် နေရာရွှေ့ပြောင်းလိုက်ပြန်၏။ ကျင်ရှန်းက သုံးရန်ပြင်နေသော နတ်ဘုရားစွမ်းရည်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူတို့နှစ်ယောက်လုံးက တိုက်ခိုက်ရန် အတွေးများကို စွန့်လွှတ်ရင်း မိစ္ဆာစိတ်ဝိညာဉ် နောက်လိုက်သွားကြ၏။

သူတို့သည် အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် ရွေ့လျားနေကြ‌သော်လည်း ကျင်ရှန်းက မန်ဟို့ထက် နည်းနည်းမြန်သည်။ သို့စေကာမူ ကျောက်ယူလန်နှင့် သူမပေါင်းစည်းခြင်းက မပြီးမြောက်သေးပေ။ ထို့အပြင် ကျောက်ယူလန်မှာ အမြုတေဖြစ်တည်မှုအဆင့်တွင်သာ ရှိသေးသည်။ ကျင်ရှန်းက သူမကျင့်ကြံခြင်းအခြေခံကို အနုသုခုမရုပ်ခန္ဓာအဆင့်အထိ မြှင့်တင်နိုင်ခဲ့သည်။ သို့ထိတိုင် အင်မိုတယ်ကျင်ရှန်းအတွင် ဤခန္ဓာကိုယ်ကို သုံးရင်း စွမ်းအားအပြည့်အဝထုတ်ဖော်ရန် မဖြစ်နိုင်ပေ။

သူမ ကျောက်ယူလန်ကို စိတ်ဝိညာဉ်ခွဲထုတ်ခြင်းအဆင့်အထိ တွန်းပို့နိုင်လျှင်တောင်မှ သူမ၏ အင်မိုတယ်နတ်ဘုရားပုံစံနှင့် အမြန်နှုန်းကို နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။ အကယ်၍ ခန္ဓာကိုယ်ကို အလွန်အကျူး တွန်းအားပေးမိလျှင် ‌၎င်း လေလယ်တွင် တစစီ‌စုတ်ပြဲသွားလိမ့်မည်။

မိစ္ဆာစိတ်ဝိညာဉ် ရှေ့သို့ တဟုန်ထိုးထွက်သွားတိုင်း ကီလိုမီတာရာနှင့်ချီ ရောက်သွားသည်။ တစ်ကြိမ်တွင် ၎င်းသည် တစ်ချက်တည်းနှင့် ငါးကီလီုတာ ‌ရောက်သွားခဲ့၏။

ကံကောင်း၍ လိပ်ပြာ၏အရောင်အဝါက ‌မဟူရာညလယ်က မီးအိမ်တစ်လုံးသဖွယ် ၎င်းအား ထင်ရှားနေစေသည်။ ထို့အတွက်ကြောင့်သာမဟုတ်လျှင် မန်ဟို့အနေဖြင့် အရိပ်အယောင်ပင်‌ တွေ့ရမည်မဟုတ်။

ကံဆိုးသည်က လိပ်ပြာမိစ္ဆာစိတ်ဝိညာဉ်၏ အရောင်အဝါကား သတိမထားခံရဘဲ မနေပေ။ မကြာမီ ၎င်းသည် ပတ်ဝန်းကျင်ရှိ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်လိုက်တော့သည်။

ကျင့်ကြံသူများသည် လိပ်ပြာကို ကောင်းကောင်းသတိပြုလိုက်သည်နှင့် မိစ္ဆာစိတ်ဝိညာဉ်အကြောင်း ချက်ချင်း တွေးမိသွားကြသည်။ သူတို့အားလုံး တံတားပျက်နယ်ပယ်သို့ လာရောက်ရသည့် ရည်ရွယ်ချက်များထဲက တစ်ခုတွင် ဤနေရာ၌ ဖြစ်တည်သော မိစ္ဆာစိတ်ဝိညာဉ်များကို ရှာ‌ဖွေရန် ပါဝင်သည်။

ချက်ချင်းပင် ဤကျင့်ကြံသူများ၏ မျက်လုံးများ နီရဲသွားသည်။ ဤမိစ္ဆာစိတ်ဝိညာဉ်ကား သူတို့၏သက်ဆိုင်ရာမျိုးနွယ်စုများ အသက်ရှင်လွတ်မြောက်ရေးအား ကြိုးစားပြုသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်ယောက်မကျန် ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံ ထုတ်ဖော်ရင်း လိပ်ပြာနောက်လိုက်သွားကြ၏။

ဤကုန်းမြေကြီးပေါ်တွင် ရောင်စုံလိပ်ပြာကား တိုက်ပွဲမုန်တိုင်းကြီးတစ်လုံးအား ချက်ချင်း ဖြစ်ပေါ်လာစေခဲ့လေပြီ။

မန်ဟို မျက်မှောင်ကြုတ်သွား၏။ ဤအဖြစ်အပျက်ကို ကြည့်ရင်း သူက တိုက်ပွဲထဲ မပါရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူသည် နောက်မှလိုက်နေသည့် အရှိန်ကို နည်းနည်းလေးမှမ‌လျှော့ပေ။

ကျင်ရှန်းကတော့ ပျောက်သွားခဲ့တာ ကြာလေပြီ။ သူမသည် မိစ္ဆာစိတ်ဝိညာဉ် အရှိန်လျှော့သွားသည့်အချိန်တွင် လှုပ်ရှားရန် ၎င်း၏အနီးပတ်ဝန်းကျင်တွင် ‌စောင့်နေကြောင်း သူသိသည်။

တစ်နေရာရောက်သော် လိပ်ပြာမိစ္ဆာစိတ်ဝိညာဉ်၏အရှေ့တွင် ရုတ်တရက် ပုံပျက်နယ်တစ်ခုပေါ်လာပြီး ယောက်ျားတစ်‌ယောက် ထွက်လာ၏။ သူ၏ခန္ဓာကိုယ်တွင် အရုပ်ဆေးမင်ကြောင်များ တန်ဆာဆင်ထားပြီး ပို၍ထင်ရှားနေသည်ကား သူ့နဖူးပေါ်ရှိ နဂါးနက်တစ်ကောင်ပင်။ ဤလူထံမှ ရိုက်ခတ်နေသော အရှိန်အဝါလှိုင်းများက သူ့အား ချောက်ချားဖွယ်ကောင်းစေသည်။

ထိုမျှသာမက သူ၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ဖြစ်၏။

ဤသည်မှာ တံတားပျက်နယ်ပယ်တွင် မန်ဟိုမြင်ခဲ့ဖူးသမျှထဲ ပထမဆုံးသော အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ဖြစ်သည်။ သူသည် မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူး၊ ထောင်ထောင်မောင်းမောင်းနှင့် ရုန့်ရင်းကြမ်းတမ်းသောပုံစံရှိသည်။ သူက ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဟိန်းဟောက်ပြီး လက်နှစ်ဖက်လုံး မြှောက်လိုက်၏။ သူ၏ခန္ဓာကိုယ်ကြီး ရုတ်တရက် ပြန့်ကားလာသည်။ အစိမ်းရောင်သွေးကြောကြီးများ အရေပြားပေါ်တွင်‌ ဖောင်းပွလာပြီး အသက်ဝင်နေသော နဂါးနက်ကြီးတစ်ကောင် သူ၏အနောက်၌ ဘွားခနဲ ထွက်လာ၏။

လိပ်ပြာမိစ္ဆာစိတ်ဝိညာဉ်မှာ လက်တစ်ဖက်အရွယ်သာ ရှိပြီး ကျင့်ကြံခြင်းအခြေခံမရှိပေ။ ၎င်းအား အစွမ်းထက်သောအရာဟူ၍ သတ်မှတ်မရ။ မည်သူမဆို ဖမ်းယူသွားနိုင်သည်။ သို့သော် ၎င်း၏အမြန်နှုန်းမှာ ဖော်ပြ၍ပင်မရပေ။ ထိုလူ အရှေ့တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းက သူ့အား ဝင်တိုက်သွားသည်။ ပေါက်ကွဲသံကြီး လေတွင် ပြည့်နှက်သွား၏။

ပေါက်ကွဲနေစဉ်အတွင်း လူထွားကြီး၏ခန္ဓာကိုယ် တုန်ယင်သွားသည်။ သူ၏အရုပ်ဆေးမင်ကြောင်များအားလုံး မှိတ်တုတ်မှိတ်တုတ် ဖြစ်သွား၏။ နဂါးနက်ကြီးက ခေါင်းထောင်လိုက်သည်။ ထိုလူက ခေါင်းမော့ပြီး ဟိန်းဟောက်ကာ မီတာသုံးထောင်တိတိ နောက်သို့ ဆုတ်သွားပြီးနောက်မှ ရပ်လိုက်နိုင်သည်။

သို့သော် သူသည် လိပ်ပြာကို လက်နှစ်ဖက်ဖြင့် မြဲမြဲမြံမြံဆုပ်ကိုင်ထားသေး၏။

ပတ်ဝန်းကျင်တွင် လိပ်ပြာမိစ္ဆာစိတ်ဝိညာဉ်နောက်လိုက်နေခဲ့သော လူဆယ်ယောက်ကျော်ရှိ၏။ သူတို့အားလုံး ဤလူကို သတိပြုမိသွားပြီး ဆူညံပွက်လောရိုက်ကုန်သည်။

"အဲ့ဒါက နဂါးနက်မျိုးနွယ်စုက ရှုပိုင်ပဲ"

"နဂါးနက်မျိုးနွယ်စုက အနောက်ပိုင်းသဲကန္တာရ အရှေ့ဘက်ဒေသက ဖြစ်တဲ့အပြင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတစ်ဦးရှိတဲ့ စစ်မှန်တဲ့ မျိုးနွယ်ကြီးတစ်စုပဲ”

"စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးနဲ့ မျိုးနွယ်စုကြီးတွေက အနက်ရောင်နယ်မြေကို ဝင်ရောက်ဖို့ မိစ္ဆာစိတ်ဝိညာဉ်ကို မလိုအပ်ဘူးလေ။ ရှုပိုင်က နဂါးနက်မျိုးနွယ်စုရဲ့ အစွမ်းထက်ပညာရှင်တစ်ယောက်ပဲ။ ပြောကြတာတော့ သူက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်တဲ့ နောက်မျိုးနွယ်ဝင်တဲ့။ အဲ့ဒါကို ဘာလို့ မိစ္ဆာစိတ်ဝိညာဉ်ဖမ်းချင်ရတာလဲ"

မန်ဟို၏မျက်လုံးများ တောက်ပလင်းလက်သွားသည်။ စောစောက မြင်ကွင်းမှာ သူ့အား စိတ်နှလုံးတုန်လှုပ်စေခဲ့၏။ ဤရှုပိုင်အမည်ရသော လူထွားကြီးသည် သူ့ကို အတော်လေး အထင်ကြီးမိစေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအများစုက အပြင်အားကိုယ်ပေါ် အဓိကထား၍ တမူထူးခြားလေသည်။

သို့သော် ရှုပိုင် မိစ္ဆာစိတ်ဝိညာဉ်အား ဖမ်းချုပ်လိုက်သည့်ခဏ၌ မည်သည့်နေရာကမှန်းမသိ ခပ်ဖွဖွရယ်သံတစ်သံ ထွက်လာသည်။လှိုင်းများ ရုတ်တရက် ‌တရိပ်ရိပ် လှုပ်ရှားလာပြီး အနီရောင်အလင်းအား မြင်လိုက်ရ၏။ အနီရောင်အလင်းအတွင်းတွင် အနီရောင်ဝတ်ရုံရှည် ဝတ်ဆင်ထားသော လူတစ်ယောက်ရှိသည်။ သူက ပိန်သွယ်သွယ်နှင့် မိန်းမဆန်သောအငွေ့အသက်ကို ထုတ်လွှတ်နေ၏။ သူပေါ်လာသည့်အခိုက်အတန့်တွင် မှော်သင်္ကေတများက သူ့ကို ဝန်းရံလျက် ပေါ်လာသည်။ အကုန်လုံးက တမူထူးခြားပြီး ထူးဆန်းသောအလင်းရောင်ကို ထုတ်လွှတ်နေသည်။ တကယ်တမ်း အနီးကပ်ကြည့်လျှင် ဤမှော်သင်္ကေတတစ်ခုစီတွင် အသက်စွမ်းအားရှိနေသယောင်ပင်။

ပို၍ထူးခြားဆန်းကြယ်သည်ကား ထိုလူ၏နဖူးပေါ်တွင် အရုပ်ဆေးမင်ကြောင်မရှိ။ ထိုမျှသာမက အဝတ်ဖြင့် ဖုံးလွှမ်းခြင်းမရှိသော သူ့ကိုယ်ပေါ်က နေရာများတွင် မှော်သင်္ကေတအမြောက်အမြားအား မြင်နိုင်သည်။

သူသည် ခပ်ဖွဖွရယ်လိုက်ရာ မိန်းမဆန်မှုအား ပို၍တိုးသွားသည်။ သူက ပေါ်လာသည့်အခိုက်အတန့်တွင် ညာဘက်ကို မြှောက်ပြီး သူ့အရှေ့တွင် နူးညံ့ပျော့ပျောင်းစွာ ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် မှော်သင်္ကေတအမြောက်အမြား ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ပေါင်းစည်းလာသည်။ ၎င်းတို့သည် မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ဖက်ဖြစ်လာ၏။ ထိုလက်ကြီးက ရှုပိုင်ရှိရာသို့ တဟုန်ထိုး ပြေးဝင်သွားသည်။

၎င်းကား လိပ်ပြာမိစ္ဆာစိတ်ဝိညာဉ်ကို လုယူတော့မည့်အလား ချဉ်းကပ်လာ၏။

"ချန်မို" ရှုပိုင်က ဟိန်းဟောက်လိုက်သည်

သူက ပဲ့တင်ထပ်လာသဖြင့် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများအားလုံး၏မျက်နှာများတွင် အံဩတုန်လှုပ်မှုများ တမုဟုတ်ချင်း ပြည့်နှက်သွားလေသည်။

"ချန်မို။ အဲ့ဒါက မိစ္ဆာ‌အဆောင်မျိုးနွယ်စုက ချန်မိုပဲ။ သူက လွန်ခဲ့တဲ့ နှစ်နှစ်ရာက အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ကို ရောက်ခဲ့တာ"

ထစ်ချုန်းသံကြီးပဲ့တင်ထပ်နေစဉ် ရှုပိုင်၏မျက်နှာကြီး ကြမ်းကြုတ်သွား၏။ သူက ဖမ်းချုပ်ထားသည်ကို လွှတ်လိုက်ရာ လိပ်ပြာသည် တောင်ပျံ တဖတ်ဖတ်ခတ်ကာ မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသော လက်ကြီးအား ၎င်းဘာသာ၎င်း ရှောင်တိမ်းလိုက်၏။

လိပ်ပြာကြီး ရှောင်ထွက်လိုက်သည့် အခိုက်အတန့်တွင် ရုတ်တရက် ကျင်ရှန်း၏ပုံရိပ် ပေါ်လာသည်။ သူမက လက်သွယ်သွယ်လေးကို ဆန့်ထုတ်ပြီး လိပ်ပြာကို ဆွဲကာ ဖျတ်ခနဲ ပျောက်သွား၏။

သူမ လှုပ်ရှားလိုက်သည့် အမြန်နှုန်းမှာ ဘယ်သူမှ သူမ၏တည်ရှိမှုကို ကြိုတင်သတိမထားခဲ့သည်အထိ ဖြစ်သည်။ ရှုပိုင်နှင့် ချန်မိုတို့ ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့သည်။ မိစ္ဆာစိတ်ဝိညာဉ်အား သူတို့၏နှာဖျားလေးမှ လုနိုင်ခြင်းက သူတို့နှစ်ယောက်လုံးကို အရှက်ခွဲခံရသလို ခံစားရစေသည်။

သို့သော် ကျင်ရှန်း ပျောက်ကွယ်သွားသည်နှင့် မန်ဟို့မျက်လုံးများ အေးစက်သွားသည်။

"ချလိုက်" သူက သူ့ကိုယ်ထဲရှိ အရက်ချီကို ဖြန့်ကျက်ရင်း အေးစက်စက်ပြောသည်။ လေထဲတွင် ပဲ့တင်ထပ်သွားသော ကျင်ရှန်း၏ အသက်မပါသောရယ်သံအား ကြားနိုင်၏။

"ယိမ်းနွဲ့ဓားချီကို အရင်က မသုံးခဲ့ရင်တော့ အခု ရုတ်တရက် ထသုံးလိုက်တာက အလုပ်ဖြစ်ရင်ဖြစ်ခဲ့မှာ။ ကံဆိုး....." သူမမှာ စကားပင်ဆုံးအောင်မပြောဘဲ ရပ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်မှ အရက်ချီ ဖြာထွက်နေခြင်း ရပ်သွား၍ပင်။ အစအနေလေးပင် အာရုံခံမရတော့။ ထိုမှတစ်ပါး မန်ဟို့ထံမှာ အံ့ဖွယ်လှိုင်းများ ပျံ့နှံ့လာ၏။

လှိုင်းများက မီတာတစ်သောင်းခွဲဧရိယာတစ်ခုလုံး ပြည့်နှက်သွားသည်။ ကောင်းကင်သည် မှေးမှိန်လာပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ ချက်ချင်း မျက်နှာပျက်သွားကြ၏။ ချန်မိုနှင့် ရှုပိုင်မှာမူ အန္တရာယ်ကို အာရုံရလိုက်သဖြင့် သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

ဤအခိုက်တွင် မန်ဟို့အရှေ့၌ မီတာသုံးထောင်အရှည်သားရဲကြီးတစ်ကောင် ပေါ်လာခဲ့လေပြီ။

၎င်း၏ခန္ဓာကိုယ်သည် နဂါးခန္ဓာကိုယ်ဖြစ်ကာ အမြီးက ဖီးနစ်အမြီးဖြစ်သည့်အပြင် နဂါးခေါင်းနှစ်လုံးရှိ၏။ ဤကြောက်မက်ဖွယ်ရာ မီဝာာသုံးထောင်အရှည်သတ္တဝါကြီးက မီတာတစ်သောင်း‌ခွဲဧရိယာအတွင်း ရှိရှိသမျှ အရာအားလုံးအပေါ် ဖိနှိပ်နေသော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုအား ချက်ချင်း ထုတ်လွှတ်လိုက်သည်။

၎င်းကား ချီနန်မှတစ်ပါး အခြားမဟုတ်။

မန်ဟိုသည် ချီနန်အမွေအနှစ်ကို ပိုင်ဆိုင်ထားပြီး သေခြင်းလက်မှ လွတ်ရန် သုံးကြိမ် အသုံးပြုနိုင်သည်။ ချီနန် ပေါ်လာသောအခါ ၎င်း၏ခန္ဓာကိုယ်သည် မှိတ်တုတ်မှိတ်တုတ်ဖြစ်လာကာ ၎င်းက ဟိန်းဟောက်လိုက်၏။ ၎င်း၏ခန္ဓာကိုယ်သည် ဤအချိန်တွင် ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ၎င်း၏စွမ်းအားက အရှေ့သို့ တဟုန်ထိုး ထွက်သွားသော တိုက်ကွက်အသွင်ပြောင်းသွားသဖြင့် ၎င်းပတ်ပတ်လည်ရှိ အရာအားလုံးကို တုန်ခါလာစေတော့သည်။

မီတာတစ်သောင်းခွဲဧရိယာအတွင်းရှိ လေထုမှာ စတင်ပြိုကွဲလာသယောင်ပင်။ ကျင်ရှန်း၏ခန္ဓာကိုယ်မှာ လေလယ်တွင် ပြန်ပေါ်လာရန် ချက်ချင်းး ဖိအားပေးခံလိုက်ရ၏။ သူမပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူမမျက်နှာလေးတွင် အံ့ဩမှုတို့ စိုးမိုးသွားသည်။

"ချီ....နန်..." သူမမှာ လုံးဝမယုံနိုင်‌ဖြစ်နေသော အမူအရာလေးဖြင့် တွေးလိုက်သည်။ သူမ မန်ဟို့ကို အထင်မသေးတော့သည်မှာ ကြာပြီဖြစ်သည်။ သူ၏ ယိမ်းနွဲ့ဓားချီကို အသုံးပြုနိုင်စွမ်းက သူမကို သတိရှိစေခဲ့၏။ ထို့နောက် အင်မိုတယ်မိစ္ဆာကျိန်စာမသင့်သောအချက်။ ယင်းက သူမကို သံသယဝင်စေခဲ့၍ သူမ အစီအစဉ်ပြောင်းခဲ့ရသည်။ သို့သော် ယခုတွင် ... မန်ဟိုကို သိခဲ့ရသည့် အချိန်တိုလေးအတွင်း မန်ဟို့၏ ဉာဏ်များပုံနှင့် အတိုက်အခိုက်စွမ်းရည်တို့အပါအဝင် သူမမြင်‌တွေ့၊ ကြုံတွေ့ခဲ့ရသမျှအားလုံးက သူ့ကို သူမနှလုံးသားထဲ၌ အလွန်အရေးပါသော နေရာတစ်နေရာအား သိမ်းပိုက်လိုက်စေသည်။

သူမမှာ အထိန်းအကွပ်မရှိ နောက်သို့ လွင့်ထွက်သွားစဉ် ပါးစပ်မှ သွေးများ ဆက်တိုက် ပန်းထွက်လာ၏။ စောစောက တိုက်ကွက်က သူမအား လိပ်ပြာကို လွှတ်လိုက်စေခဲ့သည်။ မန်ဟို့က မျက်လုံးများ တောက်ပနေလျက် ရှေ့တက်လာပြီး အင်္ကျီလက်ကို ခါကာ လိပ်ပြာအား သိမ်းလိုက်သည်။

ရှုပိုင် မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် တိုက်ကွက်၏စွမ်းအားက သူ့ကိုလည်း တိုက်ခိုက်လိုက်သဖြင့် ကြိုးဖြတ်ခံလိုက်ရသော စွန်ပမာ လွင့်ထွက်သွားစေသည်။ သူသည် ကီလိုမီတာရာပေါင်းများစွာ လွင့်ထွက်သွားကာ သွေးရှစ်လုပ် အန်လိုက်ရ၏။

ချန်မိုလည်း တူညီသောကံတရားကို ကြုံတွေ့လိုက်ရသည်။ သူက နောက်ဆုတ်ပြီး မှော်ပညာရပ်တစ်ခုကို သုံးရန် ကြိုးစားလိုက်သည့်တိုင် ‌သွေးအန်လျက် နောက်သို့ ကီလိုမီတာရာနှင့်ချီ လွင့်သွားသေး၏။

သူတို့နှစ်ယောက်ပင် ထိုသို့ဖြစ်လျှင် အခြားဆယ်ယောက်ကျော်ကား ဆိုဖွယ်မရှိတော့ပြီ။

သူတို့အားလုံး ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွားကြသည်။ သုံး၊ လေးယောက်ဆိုလျှင် ခန္ဓာကိုယ်များ ပေါက်ကွဲပြီး အနုသုခုမရုပ်ခန္ဓာများသာ ကျန်ခဲ့၏။ အခြားသူများမှာ ဒဏ်ရာအပြင်းအထန် ရသွားကြသည်။ သူတို့အားလုံးသည် အတူသယ်ဆောင်လာခဲ့သော အင်မိုတယ်တံတားကျောက်ခဲများကို ချက်ချင်း ထုတ်ပြီး ဖိချေလိုက်ကြသည်။ ဤသို့ဖြင့် သူ၏ခန္ဓာကိုယ်များ ပျောက်ကွယ်လာကြ၏။

ဤသည်မှာ အသေးစားနေရာရွှေ့ပြောင်းခြင်းမဟုတ်၊ အကွာအဝေးရှည်နေရာရွှေ့ပြောင်းခြင်းပင်။ ၎င်းသည် ဤနေရာမှာ ထွက်ရန်နည်းလမ်း၊ ‌အ‌နောက်ပိုင်းသဲကန္တာရထံသို့ ပြန်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်၏။ တံတားပျက်နယ်ပယ်ရှိ မည်သည့်ကျင့်ကြံသူမဆို အချိန်မရွေး ဤနည်းလမ်းကိုသုံးကာ အသက်ရှက်ရက် ထွက်သွားနိုင်သည်။ သို့သော် ထွက်သွားပြီးသည်နှင့် ပြန်လာမရတော့။ တိုတိုပြောရလျှင် ၎င်းကား အရှုံးပေးသည့်နည်းလမ်းတစ်မျိုးပင်။

***

All Chapters