← Chapters

အင်မိုတယ်လျှောက်လှမ်းခြင်းတံတား၏ ဝိညာဉ်

Vol. 34 Ch. 472

အင်မိုတယ်လျှောက်လှမ်းခြင်းတံတား၏ ဝိညာဉ်

Vol. 34 Ch. 472

ထာဝရမီးတောက် အသက်ဝင်လာသည့်တိုင် မန်ဟို့၏ခန္ဓာကိုယ်မှာ ရေခဲရုပ်တုဖြစ်သွားသေး၏။ သူ့မှာ ရေခဲလွှာအထပ်ထပ်ထဲတွင် လှုပ်ရှားနိုင်စွမ်း ကင်းမဲ့နေချေသည်။ သူ အာရုံစိုက်နိုင်သော တစ်ခုတည်းသောအရာမှာ သူ့၏အသိစိတ် ဖယ်ရှားမခံရအောင် ကြိုးပမ်းခြင်းသာ ဖြစ်၏။ ထိုစဉ် သူ၏ညာလက်မောင်းပေါ်ရှိ ဝဲသည် ရုတ်တရက် အရှိန်အဟုန်ပြင်းစွာ လည်လာလေသည်။

ဝဲအတွင်းရှိ မြေဓာတ်စွမ်းအား၏ ဆွဲအား မြင့်တက်လာသည်ကို မန်ဟို ခံစား‌လိုက်ရသည်။ ဆွဲအားမှာ မကုန်မခမ်းနိုင်သယောင်ပင်။ အမှန်တွင် ၎င်းသည် ‌နှင်းမြေထု၏စွမ်းအားကို ဖယ်ရှားနိုင်သည့်တိုင်အောင် နီးကပ်လာနေပြီဟု ပြောနိုင်၏။

ကျင်ရှန်းမှာမူ သူမသည် ‌အပြင်ရုပ်ခန္ဓာတစ်ခုကို ဝင်ပူးထားသော အင်မိုတယ်နတ်ဝိညာဉ်ဖြစ်သည်။ သို့သော် လောလောဆယ်တွင် သူမ၏အားနည်းမှုအဆင့်မှာ မန်ဟိုနှင့် မထူးခြားနားပေ။ ဓားချီသည် သူမကို ရှောင်ကွင်းသွားခဲ့သော်လည်း သူမလည်း ပြုတ်ကျကာ ရေခဲရုပ်တုဖြစ်လာသည်။ ခြားနားသည်ကတော့ သူမသည် မန်ဟို့ထက် ကြာကြာတောင့်ခံနိုင်ခြင်းပင်။

အဘိုးကြီး၏ဘေးတွင် ရပ်နေသော ကောင်လေးက ပြုံးပြီး ပြောသည်။ "....တစ်ရာ"

သူ၏အသံ ဟိန်းထွက်လာသည့်အချိန်မှာပင် ဟန်ရှန်း၏ကိုယ်ပွားတစ်သိန်းက ပတ်ဝန်းကျင်ရှိ တံတားကျွန်အားလုံးကို သုတ်သင်ခဲ့ပြီးဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင် ရုတ်တရက် အေးစိမ့်နေသော အခိုးအငွေ့များအတွင်းမှ ဘွားခနဲ အရိပ်တစ်ခုပြီးတစ်ခု ပေါ်လာ၏။ ဤအရိပ်များသည် ဟန်ရှန်း အခုလေးတင် သုတ်သင်ခဲ့သော တံတားကျွန်များမှတစ်ပါး အခြားမဟုတ်ပေ။ သူတို့မှာ.... ပွန်းရာပဲ့ရာလေးပင်မရှိသည့်အပြင်၊ တစ်ယောက်မှ သေဆုံးခြင်းမရှိ။

အမှန်တွင် မန်ဟိုသည် ရေခဲရုပ်တုအတွင်းမှ တံတားကျွန်များကို လှမ်းကြည့်လိုက်သောအခါတွင် ရင်းနှီးသ‌လိုရှိသော မိန်းကလေးတစ်ဦးအား မြင်လိုက်ရ၏။

"ဒီတော့ နားလည်ပြီလား" အဘိုးကြီးက အေးတိအေးစက် မေးသည်။

ဟန်ရှန်းသည် ဆိတ်ဆိတ်နေလျက် ရပ်နေ၏။ သူက ခါးသီးသောမျက်နှာထားဖြင့် အရက်အိုးကို မြှောက်ပြီး တစ်ကျိုက်မော့လိုက်သည်။

ထို့နောက် စကားပြောသူက အဘိုးကြီးမဟုတ်ဘဲ ကောင်လေးဖြစ်၏။ "ငါ့ကမ္ဘာမှာ မင်း ငါ့ကို ကိုးကွယ်ယုံကြည်ရင် ဘယ်တော့မှ မသေဘူး။ ဘယ်တော့မှ သုတ်သင်ခြင်းမခံရနိုင်ဘူး။ အဲ့ဒါမကောင်းဘူးလား။ ထာဝရဘဝ၊ မပျက်စီးခြင်း။ တစ်ခုတည်း‌သော လိုအပ်ချက်က မင်း ငါ့ကို ပြန်တည်ဆောက်ပေးဖို့ပဲ"

ရေရွတ်သံများ ထပ်မံ ထွက်ပေါ်လာသော်လည်း ကောင်လေးဆီမှမဟုတ်။ ပတ်ဝန်းကျင်ရှိ တံတားကျွန်အားလုံး တစ်ပြိုင်တည်း ရွတ်လိုက်ကြခြင်း ဖြစ်သည်။ ဤတံတားကျွန်များမှာ တစ်ယောက်တည်း ဖြစ်သွားသည့်အလားပင်။

"ငါ့ကို ကိုးကွယ်ယုံကြည်ပြီး မပျက်စီးသောဘဝကို ယူဆောင်လော့

"ငါ့ကို ကိုးကွယ်ယုံကြည်ပြီး ကောင်းကင်နဲ့မြေကြီးမှာ တည်ရှိလော့

"ငါ့ကို ကိုးကွယ်ယုံကြည်ပြီး ငါ့တာအိုကို နားလည်ပါ။ ငါ့တာအိုက မင်းတာအိုပဲဖြစ်တယ်....."

ထို့နောက် အဘိုးကြီး၊ လူငယ်နှင့် တံတားကျွန်အားလုံး ပြိုင်တူပြောကြသည်။

"ငါက အင်မိုတယ်လျှောက်လှမ်းခြင်းတံတားရဲ့ စိတ်ဝိညာဉ်ပဲ။ မင်းဟာ လွန်ခဲ့တဲ့ နှစ်သုံးထောင်တုန်းက ငါ့ရှေ့ကို လာရောက်ပြီး ဝပ်တွားရှိခိုးခဲ့တယ်။ မင်းရဲ့ အဖော်မဲ့ဓားတေးသွားကို ကျင့်ကြံဖို့ ထာဝရတည်မြဲမယ့်ဘဝကို လိုချင်ခဲ့တယ်

"အဲ့ဒီအချိန်တုန်းက မင်းရဲ့သက်တမ်းက ဆယ်နှစ်ပဲ ကျန်တော့တာ။ ငါမင်းကို တုံ့ပြန်ခဲ့တာက.... ငါ့ကို ကိုးကွယ်ယုံကြည်ပေးဖို့ ... ဒါပေမဲ့ မင်းက စကားမတည်ခဲ့ဘူး" နောက်ဆုံးစကားလုံးများက အဆုံးမရှိသော အမျက်ဒေါသများအပြည့်ဖြင့် ဟိန်းထွက်လာသည်။

"မင်းနဲ့အတူရှိခဲ့တဲ့ မိန်းမကြောင့်နဲ့ မင်းက ခေါင်းညိတ်သဘောတူလက်ခံပြီးတဲ့နောက်မှာမှ စကားမတည်ခဲ့ဘူး။ သူက မင်းကို ဖျောင်းဖျပြီး စိတ်ပြောင်းအောင် လုပ်ခဲ့တယ်လေ။ သူရဲ့ ဖျောင်းဖျတဲ့စကားတွေကို မင်း နားယောင်နေတဲ့အချိန်မှာ သူဘာလုပ်ခဲ့သလဲ ....မင်း ကတိမပေးနိုင်အောင် လုပ်ခဲ့တယ်မဟုတ်လား

"မင်း ဘယ်တော့မှ ငါ့ကို ကိုးကွယ်မယုံကြည်စေဖို့အတွက် သူက မင်းရဲ့ရှေ့တည့်တည့်မှာ အဲ့ဒီစကားလုံးတွေကို ပြောလိုက်လိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားခဲ့ဘူး။ အဲ့ဒီလိုနဲ့ သူ တံတားကျွန် ဖြစ်လာခဲ့တယ်.....

"အဲ့ဒါက မင်းကို နှိုးလိုက်တဲ့အရာပဲ...."

အသံသည် အဘက်ဘက်သို့ ပဲ့တင်ထပ် ဖြာထွက်ရင်း ကောင်းကင်ဘုံသို့တိုင် ထစ်ချုန်းရိုက်ခတ်သွား၏။ ဟန်ရှန်း၏မျက်နှာမှာ ဖြူ‌ဖျော့နေပြီး သူက သွေးတစ်ပွက် အန်လိုက်သည်။ ဤသွေးသည် သူရရှိလိုက်သော ဒဏ်ရာကြောင့်မဟုတ်။ သူ့နှလုံးသားထဲတွင် ခံစားနေရသော မခံမရပ်နိုင်လောက်အောင် ပြင်းထန်သည့် နာကျင်မှုကြောင့် ဖြစ်သည်။ သူ၏မှတ်ဉာဏ်မှာ ရုတ်တရက် ပွင့်သွားလေပြီ။ သူ့ဘေးတွင် ‌သူ့ဝတ်ရုံကို ဆွဲရင်း ငိုယိုတောင်းပန်ကာ ဖျောင်းဖျနားချနေသော သူ့ဇနီးဖြစ်သူ၏ ပုံရိပ်ပေါ်လာသည်။

သို့သော် သူ့မှာ ဝင်ပူးခံထားရသည်။ ထာဝရဘဝကို သူလိုချင်သည်။ သို့သော် ၎င်းက သူ့ဇနီး သူ့အရှေ့မှ လမ်းလျှောက်ထွက်မသွားခင်အထိသာ ဖြစ်ပြီး သူ၏စိတ်မှာ... ကြည်လင်လာလေ၏။

"ငါ ဒီအကြောင်းကို လွန်ခဲ့တဲ့ နှစ်သုံးထောင်ကတည်းက အများကြီး တွေးခဲ့ပြီးပြီ... " ဟန်ရှန်းက သက်ပြင်းချလိုက်သည်။ သူသည် ခေါင်း‌ပြန်ထောင်လိုက်ပြီး သူ၏မျက်လုံးများ၌ ခိုင်မာပြတ်သားမှုတို့ ပြည့်နှက်နေချေပြီ။ သူက ရှေ့သို့ ဆက်လျှောက်သွား၏။

သူလမ်းစလျှောက်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ တံတားကျွန်များက စူးစူးဝါးဝါး ဟိန်းဟောက်ပြီး သူ့ဆီ ထပ်မံပြေးဝင်လာကြသည်။ ဟန်ရှန်းက အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူ၏ မိုးပြာဓားက ဂျိန်းခနဲ ထစ်ချုန်းသွားပြီး ကိုယ်ပွားတစ်သိန်းအနက် တစ်သောင်းပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

သူ၏ဓားသည် ဝှေ့ယမ်းလိုက်ရာ နှင်းအငွေ့အသက်များ ဖြစ်တည်လာသည်။ တခဏအတွင်း တံတားကျွန်သန်းပေါင်းများစွာမှာ ‌‌ခဲသွားကြလေ၏။

ထိုသို့ဖြစ်ပျက်သွားသောအခါ ဟန်ရှန်း၏ဆံပင်မှာ ရုတ်ခြည်း ဖြူသွားပြီး အသက်ကြီးသွားလေသည်။ ဤဓားကွက်သည် သူကိုယ်တိုင် ဖန်တီးခဲ့သော အဖော်မဲ့ဓားတေးသွားဖြစ်၏။ ဤတေးသွားအား သူမှလွဲ၍ တခြားဘယ်သူမှ မကြားရပေ။ ၎င်းသည် သူ၏နှလုံးသားထဲတွင် သီဆိုနေပြီး သူတစ်ယောက်တည်း ခံစားနိုင်သော၊ သူတစ်ယောက်တည်း နားဆင်နိုင်သောအရာဖြစ်လေသည်။

တေးသွားအား ဘဝတွင် တစ်ကြိမ် သီဆိုနိုင်သည်။ ထိုတေးတစ်ပုဒ်က အသက်စွမ်းအားကို လောင်ကျွမ်းစေခြင်းမဟုတ်ဘဲ အသက်စွမ်းအားကို ယူပြီး တေးသွားနှင့် ပေါင်းစည်းကာ အဖော်မဲ့သောဘဝတစ်ခုကို ဖန်တီးပေးခြင်းဖြစ်သည်။

"အဲ့ဒီနှစ်တုန်းက ငါ့ရွေးချယ်ချက်က ‌‌စမ်းတဝါးဝါးဖြစ်ခဲ့ပြီး အ‌ဓိပ္ပာယ်တွေ မဲ့ခဲ့တယ်။ ပြုစားခံထားရသလိုပဲ ..." ဟန်ရှန်းက ရှေ့သို့ ဆက်လျှောက်သွား‌နေစဉ် ဓားကို ထပ်မံဝှေ့ယမ်းလိုက်၏။ ကိုယ်ပွားတစ်သောင်း ပျောက်ကွယ်ပြီး ပို၍များပြားသော ‌တံတားကျွန်များ ရေခဲဖြစ်သွားပြန်သည်။ ယခုတွင် သူ၏ဆံပင်မှာ ဆွတ်ဆွတ်ဖြူနေပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဟန်ရှန်း၏ အရှိန်အဝါ ပေါက်ကွဲထွက်လာ၏။ သူ၏ အဖော်မဲ့ဘဝကြောင့် ကျင့်ကြံခြင်းအခြေခံနှင့် အသက်စွမ်းအားတို့အားလုံး ပေါက်ကွဲထွက်လာခဲ့သည်။

ဟန်ရှန်း၏ကျင့်ကြံခြင်းအခြေခံမှာ မည်သည့်နယ်ပယ်တွင်လည်း မန်ဟိုမသိသော်လည်း ယခုအခိုက်အတန့်တွင် သူ၏စွမ်းအားအဆင့်မှာ မန်ဟိုစဉ်းစားနိုင်သမျှထက် လုံးဝဥဿုံ ကျော်လွန်နေသည်။

ဘဝဆိုသည်မှာ... အချိန်စီးဆင်းမှုလေးသာ။

ဘဝဟာ... ဓားချက် (၁၀) ချက်နဲ့ ဖော်ပြနိုင်တဲ့အရာ။

"နောင်ကျရင် ငါ နားလည်ချင်မိတယ်။ တကယ်ပဲ မင်းရဲ့ ဆင့်ခေါ်မှုကြောင့်ပဲလားဆိုတာ ..." ဟန်ရှန်းက တောင်ဆီသို့ လျှောက်လာရင်း ခပ်ဖွဖွပြောသည်။ သူသည် ဓားကို တတိယအကြိမ် ဝှေ့ယမ်းလိုက်၏။ ဓားချက်ကား ဝှစ်ခနဲ ထွက်သွားပြီး နှင်းတို့ပင်လျှင် ၎င်းအား ဟန့်တားနိုင်ပုံမရပေ။ ၎င်းသည် တောင်ကို ဝင်တိုက်လိုက်သည့်အတွက် တစ်တောင်လုံးကို တုန်ခါသွားစေတော့သည်။ အဘိုးကြီးနှင့် ကောင်လေးတို့ မျက်နှာ ရိပ်ခနဲ ဖြစ်သွားကြသည်။

ဟန်ရှန်းမှာမူ ဆံပင်များ ကျွတ်လာနေပြီး သူ၏ခန္ဓာကိုယ်မှာ အိုမင်းရွတ်တွလာနေပြီဖြစ်သည်။‌ သူသည် ယခုတွင် သက်လတ်ပိုင်းအရွယ် မဟုတ်တော့ပေ။ သူ့တွင် ကြီးကျယ်ခမ်းနားပြီး သူရဲကောင်းဆန်သော ပုံပန်းသွင်ပြင်လည်းမရှိတော့။ သို့သော် သူ၏မျက်ဝန်းများနှင့် စိတ်ဆန္ဒမှာ ယခင်ထက်ပို၍ ခိုင်မာပြတ်သားလာသည်။ ၎င်းတို့သည် ခေါင်းမာမှု၊ နောင်တင်တကင်းမဲ့မှုတို့ဖြင့် ပြည့်နှက်နေလေပြီ.... သူ့အဖို့ သေလမ်းကို လျှောက်ရလျှင်တောင်မှ ဇနီးသည်အား မရမက ကယ်တင်ဦးမည်ဖြစ်သည်။

"ရွှယ့်အာကို ဒီကိုခေါ်လာမိတာ နောင်တရတယ် .... အစတုန်းက ငါတို့နှစ်ယောက်လုံး ထာဝရတည်မြဲမယ့်ဘဝကို ပိုင်ဆိုင်ရဖို့အတွက် သူ့ကို ခေါ်လာခဲ့မိတာ...." ဓားကို လေးကြိမ်မြောက် ဝှေ့ယမ်းလိုက်စဉ် သူအသံမှာ တိုးညှင်းညင်သာနေ၏။ တောင်ထိပ်ပေါ်ရှိ နန်းတော်မှာ ယိမ်းထိုးတုန်ခါနေပြီး အက်ကြောင်းများ ၎င်း၏မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။

"ဟန်ရှင်း မင်း ဘာလုပ်တာလဲ" အဘိုးကြီးက ဒေါသကြောင့် အရုပ်ဆိုးနေသော မျက်နှာကြီးဖြင့် အော်သည်။ သူ့ဘေးရှိ လူငယ်သည်လည်း ဟန်ရှန်းကို ရန်လိုစွာ စိုက်ကြည့်နေ၏။

မန်ဟိုမှာတော့ ရေခဲရုပ်တုအတွင်းမှ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ သူ၏ညာလက်မောင်းပေါ်ရှိ ဝဲမှာ ‌နှင်းမြေကြီးများကို ဘီလူးသရဲစီးသလို စုပ်ယူနေချေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း တဖြေး‌ဖြေး မြင့်တက်လာနေပြီဖြစ်၏။ ဤသို့ဖြစ်ပျက်နေစဉ် သူသည် ဟန်ရှန်းကို ကြည့်နေပြီး ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေနိုင်သော ဇွဲဆန္ဒဟုသာ ဖော်ပြနိုင်သည့်အရာကို မြင်လိုက်ရလေသည်။

ထိုကဲ့သို့ဇွဲဆန္ဒမျိုးမှာ ပြင်းထန်သော ယုံကြည်မှုနှင့် အလားတူသည်။

"ငါ့ရဲ့ ဇွဲဆန္ဒက ဘယ်လိုမျိုးလဲ" မန်ဟိုက တွေးသည်။

"အဲ့ဒီနေ့က ဖြစ်ပျက်ခဲ့တာကို ငါ ဘယ်တော့မှ မမေ့ဘူး..." ဟန်ရှန်းက ပြောသည်။ သူ၏ ပဉ္စမဓားချက်က ကမ္ဘာကြီးကို အဆုံးသတ်ပစ်နိုင်သောစွမ်းအားကြီးဖြင့် ရွေ့လျားသွားသည်။ ၎င်းတောင်ထိပ်သို့ ကျရောက်သွားသောအခါ ဂျိန်းခနဲ မြည်ဟည်းပြီး လူငယ်မှာ သုတ်သင်ခံလိုက်ရလေပြီ။

လူငယ်သည် ရေခဲဘဝရောက်သွားစဉ် မယုံနိုင်မှုများဖြင့် ပြည့်နှက်နေ၏။ သူ့အသိစိတ်မပျောက်ကွယ်ခင် ကြားလိုက်ရသည့် တစ်ခုတည်းသောအရာမှာ သေခါနီးဆဲဆဲဖြစ်နေသည့်တိုင် တည်ငြိမ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အသံတစ်သံဖြစ်သည်။

"မင်းဘာလို့ ငါ့ကိုခေါ်ခဲ့တာလဲ ဆိုတာကိုလည်း စဉ်းစားမိတယ်" ဟန်ရှန်းက ပြောသည်။ "‌အဖော်မဲ့ဓားတေးသွားကို ငါ ပြီးမြောက် အောင်မြင်သွားခဲ့တုန်းက နှင်းကျလာခဲ့လို့ ငါ့ကမ္ဘာတစ်ခုလုံး နှင်းဖုံးပြီး ရေခဲသွားခဲ့တယ်။ ငါ့ဓားနဲ့ ‌ထိထိသမျှ အရာအားလုံး ရေခဲဖြစ်ကုန်တယ်။ အဲ့ဒီနောက်မှာ ငါ နားလည်လိုက်တယ်။ အတိတ်က မှတ်ဉာဏ်တွေလည်း ပြန်ပေါ်လာခဲ့တယ်လေ...

"ငါက နှင်းမြေမိစ္ဆာဧကရာဇ်ပဲ" ဆဋ္ဌမဓားချက် ‌ရိုက်ခတ်လာသည်။ လူငယ်၏ခေါင်းမှာ ပြတ်ထွက်သွားပြီး နန်းတော် ပေါက်ကွဲသွား၏။ အက်ကြောင်းများ တောင်ထိပ်တွင် ပေါ်ပေါက်လာသည်။ ဟန်ရှန်းမှာ အိုမင်းနေလေပြီ။ သိပ်သည်းထူထဲသော သေခြင်းချီက သူ့ကို လွှမ်းခြုံနေပြီး သူ့တစ်ကိုယ်လုံးမှာ ခြောက်ကပ်နေပြီဖြစ်သည်။

"တိတိကျကျပြောရရင် ငါက သူ့ကိုယ်ပွားပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း မရေမတွက်နိုင်အောင်တုန်းက ကျီဘိုးဘေးကို ငါ မျက်ခြေဖြတ်နိုင်ခဲ့တယ်။ သေမျိုးကမ္ဘာတွေထဲမှာ မျိုးဆက်ပေါင်းမြောက်မြားစွာ နေထိုင်ခဲ့ပြီးနောက်မှ ငါ နားလည်သွားခဲ့တာပဲ" သူ၏သတ္တမဓားချက် ကျ‌ဆင်းလာပြီး တောင်ထိပ်မှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲလာလေပြီ။ အဘိုးကြီးမှာ တဆတ်ဆတ်တုန်နေပြီး သူ၏မျက်လုံးများတွင် ကြောက်စိတ်များ ပြည့်နေ၏။

ဤအခိုက်အတန့်တွင် တောင်ထိပ် ကြေမွသွားသောအခါ အတွင်းမှ လိပ်ပြာမိစ္ဆာစိတ်ဝိညာဉ်နှစ်ကောင် ပျံထွက်လာသည်။ တောင်၏ပျက်စီးမှုက ၎င်းတို့ကို မွေးဖွားပေးလိုက်သယောင်ပင်။ ၎င်းတို့သည် တောင်ပံနှစ်ဖက်ကို တဖတ်ဖတ်ခတ်ရင်း အဝေးသို့ ထွက်သွား၏။

ဘယ်သူမှ လိပ်ပြာမိစ္ဆာစိတ်ဝိညာဉ်များကို အရေးလုပ်မနေ။ ဟန်ရှင်းလည်း အာရုံမရှိသလို၊ အဘိုးကြီးလည်း ထိုနည်း၎င်းပင်။ မန်ဟိုပင်လျှင် ၎င်းတို့အား အမှုမဲ့အမှတ်မဲ့ဖြစ်သွားသည်။ ကျင်ရှန်းသာလျှင် သတိထားမိခဲ့သော်လည်း သူမမှာ ရေခဲထဲ ပိတ်မိနေသည့်အတွက် ၎င်းတို့ ပျံထွက်သွားသည်ကို ကြည့်နေရုံမှတစ်ပါး အခြားဘာမှမတတ်နိုင်ပေ။

"မင်းရဲ့ရည်ရွယ်ချက်က ဘာလဲ ငါ ဂရုမစိုက်ဘူး။ ငါ့မိန်းမပဲ ပြန်လိုချင်တယ်" အဋ္ဌမဓားချက်သည် ကျဆင်းလာပြီး တောင်ကို ပိုင်းဖြတ်ကာ အဘိုးကြီး၏ခန္ဓာကိုယ်ကို ခုတ်ချလိုက်၏။

အဘိုးကြီးသည် ဓားကို တိုက်ခိုက်လိုစိတ်သော်လည်းကောင်း၊ ဟန့်တားလိုစိတ်သော်လည်းကောင်း မရှိပုံပင်။ သို့သော် ဓား သူ့အနား နီးကပ်လာစဉ် သူ့အရှေ့ရှိ နေရာမှာ ရုတ်တရက် ဝေဝါးသွားပြီး အမျိုးသမီးတစ်ယောက် သူ၏အရှေ့တွင် ရပ်လျက်သား ပေါ်လာသည်။ သူမသည် ဓားကို မော့ကြည့်ပြီးနောက် ဟန်ရှန်းကို ပြန်ကြည့်၏။

ဟန်ရှန်း တုံ့ခနဲ ရပ်သွားသည်။ ဓားလည်း ရွေ့လျားခြင်းမရှိတော့။ အရာအားလုံး ပျောက်ကွယ်သွားသယောင်ပင်။ သူကြည့်နေသည့် တစ်ခုတည်းသောအရာမှာ ဤအမျိုးသမီးသာဖြစ်၏။

သူမသည် ပြစ်မျိုးမှဲ့မထင်လောက်အောင် လှပခြင်းမရှိသော်ငြား နူးညံ့သိမ်မွေ့လေသည်။ သူမက ဟန်ရှန်းကို ငုံ့ကြည့်သည်။

"ကျွန်မ ရှင်နဲ့ မလိုက်ဘူး" သူမက နူးညံ့ညင်သာစွာ ပြောသည်။ "လိုက်လို့လည်းမရဘူး။ ကျွန်မက တံတားကျွန်လေ။ အဲ့ဒီနှစ်ကနေစပြီး ကျွန်မက ရာသက်ပန် တံတားကျွန်ဖြစ်သွားခဲ့ပြီ...." သူမမှာ တွေဝေသွားသယောင်ရှိ၏။

"အင်မိုတယ်တံတား ဘယ်တော့မှ အသစ်ပြန်ဖြစ်မှာလဲ.... ဆရာကြီး ဘယ်နေ့မှ ဆရာကြီးကို ပြန်မြင်ရမှာလဲ...." အမျိုးသမီး၏ တဖွဖွရေရွတ်နေသော အသံပဲ့တင်ထပ်နေစဉ် အဘိုးကြီးမှာ မှေးမှိန်ပျောက်ကွယ်လာ၏။ သူက ဟန်ရှန်းကို တည်ငြိမ်စွာ ကြည့်သည်။

"ငါက အင်မိုတယ်တံတားရဲ့ ဝိညာဉ်" သူက ပြောသည်။ "တံတားကျွန်တွေအားလုံးက ငါ့ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အခုဘဝရဲ့ မှတ်ဉာဏ်တွေကို ဖြတ်တောက်လိုက်လို့ ငါသေသွားတဲ့အခါ မင်းဇနီးက အင်မိုတယ်တံတားဝိညာဉ်အသစ် ဖြစ်လာလိမ့်မယ်

"မင်းနဲ့ငါကြားမှာ ရန်ငြိုးမရှိဘူး။ ဒါတွေအားလုံးက အင်မိုတယ်လျှောက်လှမ်းခြင်းတံတားကို ပြုပြင်ဖို့ဆိုတဲ့ ငါတို့တာဝန်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ မူလတုန်းကတော့ မင်းက အင်မိုတယ်တံတားဝိညာဉ် ဖြစ်လာရမှာ။ အဲ့ဒါကြောင့် အရှင်မိစ္ဆာဧကရာဇ်က မင်းကို အဲ့ဒီနှစ်တွေတစ်လျှောက်လုံး ဝှက်ထားခဲ့တာပဲ။ ဒါပေမဲ့ အခုတော့ အဲ့ဒီတာဝန်က မင်းဇနီးလက်ထဲ ရောက်တော့မယ်

"ချို့ယွင်းချက်မရှိလောက်တဲ့အထိ မဟုတ်ပေမယ့်လို့ ငါတာဝန် ပြီးဆုံးသွားပြီ။ ငါ့အလုပ်က မင်းကို ရှာပြီး ပြန်ခေါ်လာဖို့။ အဲ့ဒါက အရှင်မိစ္ဆာဧကရာဇ်မသေဆုံးခင် နောက်ဆုံးမှာကြားခဲ့တဲ့ အမိန့်တော်ပဲ။ မင်းကို ရှာပြီး တံတားဝိညာဉ်ဖြစ်အောင်လုပ် တဲ့" ထို့နောက်တွင် သူကား ပျောက်ကွယ်သွားတော့သည်။

သူပျောက်ကွယ်သွားသည်နှင့် အမျိုးသမီး၏မျက်ဝန်းထဲရှိ တွေဝေငေးကြောင်နေမှု ပျောက်ကွယ်သွား၏။ သူမျက်လုံးများသည် ယခုတွင် ကြည်လင်နေပြီဖြစ်သည်။ သူမက ဟန်ရှန်းကို မြင်လိုက်ပြီး မှတ်ဉာဏ်ဟောင်းများကို အမှတ်ရသွား၏။ ဤသည်မှာ သူမ တံတားကျွန်ဘဝကို ရွေးချယ်ခဲ့ပြီးကတည်းက ပထမဆုံးဖြစ်လောက်သည်။ သူမ၏ထာဝရဘဝတွင် ပထမဆုံးအကြိမ်အနေဖြင့် ရုတ်တရက် အရာအားလုံးကို သဲသဲကွဲကွဲ မြင်နိုင်သွားလေပြီ။

သူမက ခါးသီးစွာ ပြုံးရင်း ဟန်ရှန်းကို ကြည့်သည်။

"သတ်ပြီး လွတ်မြောက်ခွင့်ပေးပါ..."

သူမစကားလုံးများ ပဲ့တင်ထပ်လာသည်။ မန်ဟို ကြားလိုက်ပြီး ဖြစ်ပျက်နေသည်အား မြင်သောအခါ သက်ပြင်းချလိုက်၏။

ထင်ရှားပြတ်သားမှုက တခဏသာ ခံလိုက်သည်။ တံတားကျွန်တစ်ဦး တံတားဝိညာဉ်ဖြစ်လာလျှင် တခဏတော့ အတွေးနှင့်အမြင် ထင်ရှားပြတ်သားသွားမည်။ ထို့နောက်တွင် တံတားကျွန်သည် နိုးနေပြီး အသိစိတ်ရှိသေးသော်လည်း ယခင်မှတ်ဉာဏ်များက ထိုပုဂ္ဂိုလ်၏မှတ်ဉာဏ်များ ဖြစ်တော့မည်မဟုတ်ပေ။

ထိုပုဂ္ဂိုလ်သည် အင်မိုတယ်လျှောက်လှမ်းခြင်းတံတား၏ ဝိညာဉ်အသစ်ဖြစ်လာမည်ဖြစ်သည်။

***

All Chapters