အပိုင်း (၃၆၃)
Vol. 25 Ch. 363
ဤအချိန်တွင် ဇီယာ၏အကြီး
ဆုံးအမဖြစ်သူ ဇီလင်းက ရှေ့သို့တက်လာပြီး ရှစ်ဖုန့်အား ပြောလိုက်သည်။
“တကယ်တော့ စတုတ္ထညီမလေးက အမှောင်နတ်သူငယ်လူငယ်ကို လက်မထပ်ချင်ဘူး.. သူမနှစ်သက်တဲ့တစ်စုံတစ်ယောက်က ရှိနေပြီးပြီ”
“မင်းသမီးဇီယာမှာ သူနှစ်သက်တဲ့သူတစ်ယောက်ရှိပြီးနေပြီပဲ”
“ဇီယာ ဒီကောင်မလေး တောင် အရွယ်ရောက်လာခဲ့ပြီ”
“အချိန်တွေက ကုန်တာမြန်လိုက်တာ …နယ်မြေထဲမှာ ပြေးလွှားနေကြဖြစ်တဲ့ ကောင်မလေးက မျက်စိတစ်မှိတ်
အတွင်းကို ကြီးပြင်းလာခဲ့ပြီ”
ဇီလင်း၏စကားတို့အားကြား
လိုက်ရသောအခါတွင် မြွေလူသားအားလုံးက ခံစားချက်များဖြင့် သက်ပြင်းချလိုက်ကြသည်။ သူတို့ထဲကအများစုက ဤကောင်မလေးကြီးပြင်းလာမှုအား သူတို့၏မျက်လုံးများဖြင့်ကိုယ်တိုင်
စောင့်ကြည့်ခဲ့ကြသည်ဖြစ်သည်။
ဇီလင်း၏စကားတို့အားကြား
ပြီးသည့်နောက်တွင် ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဇီယာက အလိုမရှိဘူးဆိုရင် ဒီသခင်လေးက အမှောင်နတ်သူငယ်မျိုးနွယ်တစ်ခုလုံးကိုသုတ်သင်ရလိမ့်မယ်..”
ရှစ်ဖုန့်၏လေသံက အထက်စီးဆန်ပြီး ကြီးစိုးသောလေသံဖြစ်သည်။
“အမှောင်နတ်သူငယ် မျိုးနွယ်တစ်ခုလုံးကို …သုတ်သင်ပစ်မယ်”
သူ၏အသံအားကြားပြီးသည့်နောက်တွင် တစ်စုံတစ်ယောက်က အလန့်တကြားအော်ပြောလိုက်သည်။
ရုတ်ခြည်းဆိုသလို တစ်စုံတစ်ခုမှားယွင်းနေသည်
ကိုသူသဘောပေါက်လိုက်ပြီး သူ၏အသံက တဖြည်ဖြည်းတိုးတိုးသွားသည်။အမှောင်နတ်သူငယ်မျိုးနွယ်စုတစ်ခုလုံးအား သုတ်သင်ပြစ်ခြင်းဆိုသည်ကား ကျယ်ပြန့်လှသော ကန္တရထဲတွင် တားမြစ်ထားသောစကားပင်ဖြစ်သည်။
အမှောင်နတ်သူငယ်မျိုးနွယ်စု၏ စွမ်းအားက ကျယ်ပြန့်လှသောသဲကန္တာရအတွင်းရှိ အဓိက မျိုးနွယ်စုတို့၏နှလုံးသားအတွင်းတွင် နက်ရှိုင်းစွာ အရိုးစွဲနေခဲ့သောအရာဖြစ်သည်။
မာနကြီးခြင်း၊ကြီးစိုးခြင်းနှင့်အထက်စီးဆန်ခြင်း။ သူသည် အမြဲတမ်းလူများအားသူ့ကိုယ်သူ အထင်ကြီးဘဝင်မြင့်နေသော
သူဖြစ်သည်ဟု ခံစားရစေသော်လည်း အမြဲဆိုသလိုလူများမဖြစ်နိုင်
ဘူးဟုထင်ထားသည်များကို ဖြစ်အောင်လုပ်ပြတတ်သောသူဖြစ်သည်။ ဤပုဂ္ဂိုလ်သွားရာမည်သည့်
နေရာဖြစ်စေ သူကအမြဲတမ်း မွှေနှောက်ကာဖရိုဖရဲဖြစ်စေလိမ့်မည်ဖြစ်သည်။
မြွေလူသားများကြားထဲတွင် လူသားမျိုးနွယ်များထံမှသူတို့ရရှိထားသော ဤလူနှင့်ပက်သက်သည့်သတင်းအချက်အလက်များကို ပေါင်းစည်းမိလာကြသည်။
မြွေလူသားတစ်ယောက်က
ရှေ့ထွက်လာပြီး သူ၏လက်သီးတို့အားဆုပ်ကာ ရှစ်ဖုန့်အား လေးစားစွာဦးညွှတ်၍ ပြောလိုက်သည်။
“ကျွန်ုပ်က အရှင်ရှစ်ဖုန့်ကိုမေးချင်ပါတယ်…
အရှင်တို့လူသားမျိုးနွယ်က ထျန်းတန့်အဘိုးအိုက အရှင့်ရဲ့လက်ထဲမှာ သေဆုံးသွားခဲ့တာပါလား”
ထိုမြွေလူသားစကားပြောပြီးပြီးချင်း မြွေလူသားအားလုံး၏ အကြည့်များက ရှစ်ဖုန့်၏မျက်နှာပေါ်သို့ စုစည်းရောက်ရှိလာကြသည်။
အချိန်ခဏတစ်ခုအထိ ယဇ်ပူဇော်ခန်းမတစ်ခုလုံး အသံတိတ်ကျသွားသည်။အသံမှာ အရမ်းကိုတိတ်ဆိတ်လွန်းသောကြောင့် လူအုပ်၏စိတ်လှုပ်ရှားစွာဖြင့် အသက်ရှုပြင်းသောအသံကို
ပင်ကြားနိုင်သည်ဖြစ်သည်။
မြွေလူသားများ၏ အကြည့်များ
ကိုရင်ဆိုင်ရင်း ရှစ်ဖုန့်က ခေါင်းအနည်းငယ်ညိမ့်၍ပြောလိုက်သည်။
“အမှန်ပဲ ..ထျန်းတန့်က သူ့အတွက်ဘာကကောင်း
တယ်ဆိုတာကိုမသိဘူး.အဲ့တာကြေင့်သူ ဒီသခင်လေးသတ်တာကိုခံလိုက်ရတာ”
ရှစ်ဖုန့်၏အသံက တိတ်ဆိတ်နေသောခန်းမအ
တွင်းတွင်ပဲ့တင်ထပ်သွားသည်။
“ဟစ်”
မြွေလူသားအုပ်စုထံမှ ပင့်သက်ရှိုက်သောအသံတို့အား
ကြားနိုင်သည်ဖြစ်သည်။
“သူပဲ..တကယ့်ကိုသူပဲ..လူသားမျိုးနွယ်ကရှစ်ဖုန့်ပဲ…ဟူး..ရှစ်ဖုန့်….သူကရှစ်ဖုန့်ပဲ”
သူတို့အနေဖြင့် ဤရှစ်ဖုန့်က ထိုရှစ်ဖုန့်ဖြစ်သည်ဟု ခပ်ရေးရေးမှန်းဆထားခဲ့သော်လည်း
ရှစ်ဖုန့်က သူ့ကိုယ်သူ ဝန်ခံလိုက််သောအခါတွင် သူတို့၏မျက်နှာများထက်၌ တုန်လှုပ်အံ့အားသင့်မှုများ
ဖြင့်ပြည့်နှက်နေဆဲဖြစ်သည်။
“အမှောင်နတ်သူငယ်တွေက တကယ့်ကို….”
တစ်စုံတစ်ယောက်က ရှစ်ဖုန့်၏ စကားအား ပြန်အမှတ်ရလိုက်သည်။ သို့သော် သဲကန္တရအတွင်းရှိ အမှောင်နတ်သူငယ်တို့၏ နမည်ဂုဏ်သတင်းကြောင့် သူ့အနေဖြင့် စကားအားဆုံးအောင်မပြောရဲပေ။
“အခုကစပြီးတော့ ရှေးဟောင်းအစီအရင်ကို လုပ်ဆောင်နေတာကို ရပ်လိုက်တော့….ဒီသခင်လေးအနေနဲ့ ဒီသခင်လေးရဲ့မိတ်ဆွေအပေါ်မှာ တစ်ခုခုဖြစ်ပျက်လာမှာကို မမြင်ချင်ဘူး…ဒါမှမဟုတ်ရင် လည်း..”
ရှစ်ဖုန့်က သူ၏ညာလက်ဖြင့် ဓားလက်ချောင်းပုံစံလုပ်လိုက်ပြီး ကြယ်ခြောက်ပွင့်အမှောင်ရှေးဟောင်းအစီအရင်အားထိုးညွှန်လိုက်သည်။သူကကြီးစိုးပြီး အမိန့်ပေးသောလေသံဖြင့်ပြောလိုက်သည်။ ဇီယာကြောင့်သူဘာမှဆက်မပြောခဲ့သော်လည်း လက်ရှိရှိနေကြသော မြွေလူသားအားလုံးက ထိုအရူးရှစ်ဖုန့်မလုပ်နိုင်တာ
ဘာမှမရှိသည်ကိုသိကြသည်ဖြစ်သည်။သူတို့၏မြွေလူသားမျိုးနွယ်ကိုအသာထား သူတို့၏ ကိုယ့်လူသားမျိုးနွယ်ပင် လျှင်သုတ်သင်ခံရသည်ဖြစ်သည်။
“ကြယ်ခြောက်ပွင့် အမှောင်ရှေးဟောင်းအစီအရင်ကို ကျွန်မရပ်တန့်လိုက်ပါ့မယ်”
နတ်ဆရာမကြီးက ရှစ်ဖုန့်အားအလျှင်အမြန်ပြောလိုက်သည်။ ဤလူငယ်၏ စွမ်းအားနှင့် ကြယ်လေးပွင့်သူတော်စင်
နယ်ပယ်တစ်ယောက်ဖြစ်သော
ထျန်းတန့်အဘိုးအိုအားသတ်ပစ်ခဲ့သည့်သူ၏ ဂုဏ်သတင်းအရ အကယ်၍သူသာ မြွေလူသားမျိုးနွယ်အားသုတ်
သင်ပစ်ချင်သည်ဆိုလျှင် မြွေလူသားများအနေဖြင့်ရှင်သန်
နိုင်စွမ်းရှိလိမ့်မည်မဟုတ်ကြောင်းကို နတ်ဆရမကြီးအနေဖြင့် သံသယဝင်ရဲခြင်းမရှိပေ။
ထို့နောက်နတ်ဆရာမအိုကြီးက သူမ၏လက်တို့ဖြင့် ဆီးလ်သင်္ကေတတစ်ခုအား ပုံဖော်ပြီး သူမ၏ မြွေမြှီးအားလွှဲယမ်း၍ အမှောင်ရှေးဟောင်း အစီအရင် ထံသို့ လျှောက်သွားလိုက်သည်။
နတ်ဆရာမအိုကြီးက
ဝင်ရောက်လာသောအခါ မူလကဇီယာထံသို့ အခိုးအငွေ့များကဲ့သို့လွင့်မျောနေသော ကြယ်ခြောက်ပွင့် အမှောင်အစီအရင်၏ အမှောင်အလင်းတို့မှာ ရုတ်ခြည်းဆိုသလို ဖရိုဖရဲဖြစ်လာသည်။ အမှောင်အလင်းက ဆက်လက်၍ ယခင်ကကဲ့သို့ညင်သာခြင်းမရှိတော့ပေ။ ဤအချိန်တွင် ကြယ်ခြောက်ပွင့် အမှောင်အစီအရင်အတွင်း၌ ၎င်းက ရူးသွပ်စွာ တဖျပ်ဖျပ်လူးလွန့်နေသည်။
“ဘာ..ဘာတွေဖြစ်နေတာလဲ”
ဤအချိန်တွင် မြွေလူသားများမှာ အမှောင်ရှေးဟောင်းအစီအရင်နှင့်ပက်သက်ပြီး တစ်ခုခုမှားယွင်းနေသည်ကို သဘောပေါက်လိုက်ကြပြီး သူတို့၏မျက်နှထားများက ပြင်းပြင်းထန်ထန်ကိုပြောင်းလဲသွားသည်။
အမှောင်ရှေးဟောင်းအစီအရင်
အတွင်း၌ ရှိနေသောနတ်ဆရာမကြီးမှာလည်း ထိတ်လန့်တုန်လှုပ်နေသည်။ သူမက အလန့်တကြား အော်ပြောလိုက်သည်။
“မဟုတ်ဖူး..မကောင်းတော့ဘူး..
အမှောင်ရှေးဟောင်းအစီအရင်နဲ့ပက်သက်ပြီး တစ်ခုခုမှားနေပြီ”
“ခီး.ခီးခီးခီးခီးခီး”
“ခီး.ခီးခီးခီးခီးခီး”
ရုတ်ခြည်းဆိုသလို အတိတ်နမိတ်မကောင်းသော ထူးဆန်းသည့် ရယ်မောသံက ရှေးဟောင်းအစီအရင်အတွင်းမှ ပဲ့တင်ထွက်ပေါ်လာသည်။ ဤအသံကစူးရှပြီး နားကလောစေကာ သံမဏိတို့ အချင်းချင်းပွတ်တိုက်ရာမှ
ထွက်ပေါ်လာသောအသံကဲ့သို့ပင်ဖြစ်သည်။ ထို့နောက်ချက်ချင်း သိပ်သည်းသော အနက်ရောင်မြူခိုးများက ကြယ်ခြောက်ပွင့် အမှောင်ရှေးဟောင်းအစီအ
ရင်မှထွက်ပေါ်လာသည်။
“ဒီစွမ်းအား”
ရှစ်ဖုန့်၏မျက်နှထားက သိသိသာသာကိုပြောင်းလဲသွားသည်။ အနက်ရောင်မြူတို့မှ ထုတ်လွှတ်သောစွမ်းအားထံမှ ရင်းနှီးသောအရှိန်အဝါတစ်ခုကို သူခံစားရသည်။ ထို့နောက်ရှစ်ဖုန့်၏ ညာလက်ချောင်းက ပြင်းထန်စွာတုန်ခါသွားသည်။
“နတ်ဆိုး”
ရှစ်ဖုန့်ကဤစကားလုံးအား လေးနက်သောအသံဖြင့် ပြောလိုက်သည်။ ဤကဲ့သို့သော နတ်ဆိုးတစ်ကောင်က မြွေလူသားနယ်မြေအတွင်း၌ ပေါ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
“အား.ရှေးအချိန်ကာလတုံးက ကျုပ်တို့မျိုးနွယ်က နတ်ဆိုးတစ်ကောင်ရဲ့ကိုယ်ပွားကို ဆီးလ်ခတ်ထားခဲ့တယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုရှိတယ်…အဲ့တာကို ဒီအမှောင်ရှေးဟောင်းအစီအရင်ထဲမှာ ဆီးလ်ခတ်ထားတယ်လို့ကျုပ်ကြားခဲ့ဖူးတယ်”
အချို့သော မြွေလူသားများက ရှေးယခင်အချိန်ကာလကတည်းက လက်ဆင့်ကမ်းလာခဲ့သော ဒဏ္ဍာရီကို ပြန်လည်၍အမှတ်ရလိုက်ကြသည်။
အမှောင်ရှေးဟောင်းအစီအရင်အတွင်းရှိ ထူးဆန်းသောဖြစ်စဉ်အားကြည့်ကာ သူတို့ကအလျှင်အမြန်ပြောလိုက်ကြသည်။
“ဒီတစ်ကြိမ်မှာဇီယာရဲ့ခန္ဓာကိုယ်ထဲက ကျိလီမြွေခန္ဓာရဲ့စွမ်းအားကို အသက်သွင်းဖို့အတွက် တို့တွေ ဒီရှေးဟောင်းအစီအရင်ကို အသက်သွင်းခဲ့တယ်…အဲ့တာက ဒဏ္ဍာရီထဲက နတ်ဆိုးကိုလွှတ်ပေးလိုက်သ
လိုများဖြစ်သွားတာလား”
အခြားသောမြွေလူသားတစ်ယောက်၏ မျက်နှာထားက ပြင်းပြင်းထန်ထန်ကိုပြောင်းလဲနေသည်။
“စတုတ္ထညီမလေး”
ကြယ်ခြောက်ပွင့်အမှောင်ရှေး
ဟောင်းအစီအရင်၏ ပုံမှန်မဟုတ်သောလှုပ်ရှားမှုများအားကြည့်ကာ ဇီလင်း၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု၊မသက်မသာဖြစ်မှု၊
ထိပ်ထိပ်ပျာပျာဖြစ်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူမ၏ခရမ်းရောင်မြွေမြှီးကိုလွှဲယမ်း၍ အမှောင်ရှေးဟောင်းအစီအရင်
ထံသို့အလျှင်အမြန် သွားလိုက်သည်။
သို့သော်ရုတ်ခြည်းဆိုသလို ဇီလင်း၏ပုံရိပ်ကရပ်တန့်သွားသည်။
ကြီးမားသောလက်တစ်ဖက်က သူ၏မပခုံးပေါ်သို့ကျဆင်းလာပြီး သူမ၏ရှေ့သို့သွားရန်လှုပ်ရှားမှုအားရပ်တန့်လိုက်သည်။ ဇီလင်းကလှည့်လိုက်သောအခါတွင် ချောမောပြီး ငယ်ရွယ်ကာ အေးစက်သောမျက်နှာတစ်ခု
ကိုမြင်တွေ့လိုက်ရသည်။
“မဆင်မခြင်မလုပ်နဲ့”
ရှစ်ဖုန့်က သူမအားပြောလိုက်သည်။ဤ မြွေလူသားအမျိုးသမီးက ကြယ်ရှစ်ပွင့်ဘုရင်နယ်ပယ်သာ
ရှိသေးသည်ဖြစ်သည်။အကယ်၍ ရှေးဟောင်းအစီအရင်ထဲသို့သူမဝင်ခဲ့လျှင်ပင် အများကြီးကူညီနိုင်လိမ့်မည်မဟုတ်ပေ။ ထိုထက်ပိုသည်ကား နတ်ဆိုးမြူတို့၏အောက်၌ သူမသေပင်သွားနိုင်သည်ဖြစ်သည်။
ဤအချိန်တွင် အမှောင်ရှေးဟောင်းအစီအရင်
အတွင်း၌ရှိနေသော နတ်ဆရာမကြီးက သူမ၏တစ်ကိုယ်လုံးတွင် တက်လက်လက်တောက်ပနေသော အပြာရောင်အလင်းကိုထုတ်လွှတ်ပြီး အမှောင်ရှေးဟောင်းအစီအရင်အတွင်းမှထွက်လာသော နတ်ဆိုးမြူတို့အား ခုခံနေသည်။ သူမက ဇီယာ၏နံဘေးနားသို့ရောက်ရှိသွားသည်။
သူမ၏လက်တစ်ဖက်အား
ဇီယာ၏ဦးခေါင်းပေါ်သို့ တင်လိုက်သည်။ပုံစံတူတ
လက်လက်တောက်ပနေသော
အပြာရောင်အလင်းတစ်ခုက ဇီယာ၏ကိုယ်ပေါ်တွင်တောက်ပလာပြီး နတ်ဆိုးမြူတို့အားခုခံနေသည်။
“နတ်ဆရာမကြီး”
“နတ်ဆရာမကြီး”
ဤအချိန်တွင် မြွေလူသားများက အမှောင်ရှေးဟောင်းအစီအရင်အတွင်းသို့ ပြေးဝင်ပြီး နတ်ဆရာမကြီး၏ အနက်ရောင်နတ်ဆိုးမြူတို့အားဖိနှိပ်ခြင်းကို ကူညီရန်အတွက်ပြင်ဆင်လိုက်ကြသည်။
သို့သော် အမှောင်ရှေးဟောင်းအစီအရင်အတွင်းမှ နတ်ဆရာမကြီး၏ အသံကထွက်ပေါ်လာသည်။
“ဝင်မလာနဲ့…ဝင်လာရင်နင်တို့တွေကို ဒုက္ခဖြစ်စေတာပဲရှိလိမ့်မယ်”
“ဒါပေမဲ့..”
နတ်ဆရာမကြီး၏ စကားတို့အားကြားသောအခါတွင် မြွေလူသားများကရှေ့တိုးနေခြင်းမှ ရပ်တန့်လိုက်သည်။ သို့သော်သူတို့၏မျက်နှာများ
ထက်တွင်စိုးရိမ်ပူပန်နှင့်ချီတုံချီချဖြစ်မှုတို့က ပြည့်နေဆဲဖြစ်သည်။
ဤအချိန်၌ မြွေလူသားအမျိုးသမီး ဇီလင်း၏ မျက်နှာထက်တွင် အသနားခံသောအမူအယာ
တစ်ခုပေါ်လာသည်။ သူမကရှစ်ဖုန့်အားတောင်းပန်လိုက်သည်။
“ကျေးဇူးပြုပြီး…ရှင်ကအရမ်းကိုအစွမ်းထက်တဲ့သူပါ…ကျေးဇူးပြုပြီး နတ်ဆရာမကြီးနဲ့ ကျွန်မရဲ့ စတုတ္ထညီမလေးကိုကယ်တင်ပေးပါ… တကယ်တော့ ကျွန်မရဲ့စတုတ္ထညီမလေးချစ်နေတဲ့သူက ရှင့်ကိုပါ”
“ဘာကြီး”
ဆက်ရန်………
ဘာသာပြန်သူ-ARISE