ဓားပျိုးထောင်ခြင်းနည်းစနစ်သည်သာ အမွေအနှစ်အစစ်အမှန်
Vol. 4 Ch. 51
လုကောကား အမှန်တကယ် အစေခံအလုပ်၌ အသားကျနေသည်။ သူသည် ပေါင်းသင်းဆက်ဆံရေးနှင့် သတင်းအချက်အလက်များ စုဆောင်းရာ၌ ထူးချွန်၏။
ဟန်မူယဲ့ ထိုအချက်ကို ယခင်က မသိခဲ့ပါ။
သူက ခေါင်းညိတ်ကာ လုကော၏ပုခုံးကို ဖက်လျှက် ပြောသည်။
“ကျုပ်တို့ အစ်ကိုလုက သန်မာပေမဲ့ အတော်လေး အလုပ်ကြိုးစားတာပဲ”
“နောက်ပိုင်း သတင်းတွေသိရသေးရင် ကျုပ်ကို ပြောပါ”
“သေချာတာပေါ့”
ဟန်မူယဲ့၏ချီးကျူးစကားကိုကြားလျှင် လုကောက ဝမ်းသာစွာ ပြောသည်။
ဟွမ်လောင်လျှို ပြောသည်မှာ မှန်သည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် သေချာပေါက် အကွက်ကြီးကြီး ရွှေ့ပေတော့မည်။
မဟုတ်လျှင် သူတို့က ဂိုဏ်းစုဝေးပွဲလုပ်ကာ လူသတ်မည် မဟုတ်ပေ။
ကျင့်ရှန်းဂိုဏ်းလည်း ထိုနည်းတူ တွေးထားလောက်သည်။ သူတို့က ဂိုဏ်းစုံညီစုဝေးပွဲ၌ လှုပ်ရှားကြပေမည်။
ကြည့်ရသည်မှာ သူက ထို့ပါ့ချန်အား သတင်းများ ပေးလိုက်ခြင်းသည် ဂိုဏ်းအား ကြီးမားစွာ အကျိုးပြုခြင်း ဖြစ်နိုင်သည်။
ဓားစံအိမ်ထဲကို လျှောက်လာရင်း သူက ဟွမ်လောင်လျှို မရှိသည်ကို သတိထားမိသည်။
“အစ်ကို ဘယ်သွားတာလဲ”
တံခါးဝတွင် လုကောက အလျင်အမြန်ပြောသည်။
“အစ်ကိုဟန်… ခင်ဗျား ထွက်သွားပြီး မကြာဘူး… အစ်ကိုဟွမ်လည်း ထွက်သွားတယ်”
‘ထွက်သွားတယ်လား’
ကြည့်ရသည်မှာ အချစ်ဆိပ်မီးသည် မည်သည့်ယောက်ကျားကိုမဆို လောင်ကျွမ်းစေနိုင်စွမ်းရှိသည်။ အစ်ကိုဟွမ်ကား ငြိမ်ငြိမ် ထိုင်နိုင်ခြင်း မရှိတော့ပါ။
“ဟဟ… ကောင်လေးဟန်… ငါပြန်လာပြီ”
ဟန်မူယဲ့ နောက်လှည့်ကြည့်လျှင် ဟွမ်လောင်လျှိုက ခြေလှမ်းကျယ်ကြီးများဖြင့် အပြေးလှမ်းလာသည်ကို မြင်သည်။
သူ၏ခြေလှမ်းများမှာ တည်ငြိမ်ကာ နောက်ကျောမှာလည်း ဆန့်နေပြီး မျက်လုံးများက စူးရှနေ၏။
သူ၏အချစ်ရေး အဆင်ပြေလာသည်လား။
“ညီလေးဟန်… ဖျင်ညီမလေး ငါ့ကို မှတ်မိတယ်”
ဟန်မူယဲ့ဘေးကို လျှောက်လာရင်း ဟွမ်လောင်လျှိုက လက်များကို ပွတ်သပ်ကာ ပြောသည်။
သူ့စကားများထဲမှ ဝမ်းသာမှုကို ဖုံးကွယ်မထားနိုင်ပါ။
‘မှတ်မိသည်လား’
“ဂုဏ်ယူတယ် အစ်ကို… မရီးကို အလည်မခေါ်လာဘူးလား”
ဟန်မူယဲ့က ပြုံးလျှက် မေးသည်။
“ဟီးဟီး… ဒီနေ့ နောက်ကျနေပြီ။ မနက်ဖြန်ကျရင် သူလာမယ်”
ဟွမ်လောင်လျှိုက ရယ်မောကာ ပြောသည်။
‘ဓားစံအိမ်သို့လား…’
သန့်စင်ရေကျောင်းတော်မှ တပည့်တစ်ဦးက…
ဟန်မူယဲ့၏အပြုံးမှာ မလျော့ပါးသွားပါ။ သူက ဝမ်းသာအားရဖြစ်နေသော ဟွမ်လောင်လျှိုအား ကြည့်ကာ မျက်လုံးထဲ၌ အရောင်တချို့ ဖြတ်ပြေးသွား၏။
‘အစ်ကို ပျော်နေသရွေ့…’
အရာအားလုံး အဆင်ပြေသွားရန် သူ မျှော်လင့်သည်။
ညနေစာ စားပွဲဝိုင်းမှာ သက်တောင့်သက်သာ ရှိလှသည်။
ဟွမ်လောင်လျှိုက လုကောအား ဓားစံအိမ်နှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်ရာများအား ပြောပြသည်။
ဓားစံအိမ်ကို စရောက်လာစဉ်က မည်သည့်ဓားထိန်းသည် ကြောက်အားလန့်အားဖြင့် သေထွက်ကျဖူးသည်၊ ဓားစံအိမ်တွင် အဘယ်ကြောင့် အစေခံတပည့်များ ကြာကြာမမြဲသည် စသောအကြောင်းအရာများ ပါဝင်သည်။
လုကော ပြုံးလျှက်ပင် သူ့ရှေ့မှ နံရိုးအား ကိုက်လိုက်သည်။
ဟွမ်လောင်လျှို အရိုးမကိုက်နိုင်ပါ။
စံအိမ်တံခါးပိတ်ပြီးသောအခါ ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့ မိမိတို့ကိုယ်ပိုင်အခန်းသို့ ပြန်ကြသည်။
သစ်သားကုတင်တွင် ထိုင်ရင်း ဟန်မူယဲ့ အမြင့်ဆုံးအရည်အသွေး တိမ်မြူဆေးလုံးတစ်လုံးအား မျိုချလိုက်သည်။
ဆေးလုံးသည် သူ၏ဝမ်းဗိုက်ထဲကို ဝင်သွားလျှင် စွမ်းအားများသည် သူ၏သွေးကြောများထံသို့ ပျံ့နှံ့ကာ သူ့ဒန်ထျန်သို့ စီးဆင်းကြ၏။
ပြီးခဲ့သော ရက်ပိုင်းကတည်းက သူသည် ဆေးလုံးကို နေ့စဉ် သောက်သုံးနေခဲ့သည်။ မူလက ဆယ်ပေ ကျယ်သော ဒန်ထျန်သည် ယခုအခါ ပေဝက်ခန့် ပို၍ ကျယ်လာခဲ့သည်။
၎င်းသည် အနည်းငယ်သာ ကျယ်ပြန့်လာခြင်းဖြစ်သော်လည်း စုစုပေါင်းနေရာလွတ်မှာ ပိုမိုကြီးမားလာခဲ့သည်။
လက်ရှိတွင် သူသည် ကျင့်ကြံခြင်းဗဟုသုတများ လိုက်လံသင်ယူစုဆောင်းနေခဲ့သည်။ သူ၏ဒန်ထျန်မှာ ချီစုစည်းခြင်းအဆင့် တန်ခိုးရှင်များထက်ပင် များစွာ သာလွန်ကြောင်း ဟန်မူယဲ့ သိထားသည်။
လက်ရှိတွင် သူ သယ်ဆောင်ထားသော ဓားဆန္ဒများမှာ သန်မာလွန်း၏။ သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းနှင့် စွမ်းအင်ကျင့်ကြံခြင်းတို့မှာ နိမ့်ပါးလွန်းရာ ၎င်းသည် သုံးနှစ်ကလေးက ဆယ်ပေါင်တူကို သယ်ထားသည်နှင့် မခြားပေ။ ၎င်းက အန္တရာယ်များလွန်း၏။
သူ၏ခန္ဓာကိုယ်နှင့် စွမ်းအင်က ချီစုစည်းခြင်းအဆင့်ကို အမှန်အကန် ရောက်သွားမှ သူ၏ဓားဆန္ဒများကို အသုံးပြုရန် လုံလောက်ပေလိမ့်မည်။
“ဟမ်…”
ဟန်မူယဲ့ စွမ်းအင်များကို စုဆောင်းကာ ဓားချီများအား ဒန်ထျန်တွင် သန့်စင်နေစဉ်မှာပင် ဘေးခန်းမှ အသံတချို့ကို ကြားရ၏။
“ဖျင်ညီမလေးလား…”
ဟွမ်လောင်လျှို၏အသံကို ဘေးခန်းမှ ကြားရသည်။
ထိုဓား…
ထိုနေ့က လာပို့သော ဓား…
ထိုစဉ်က ဓားသည် ဟန်မူယဲ့၏အခန်းထဲကို ရောက်လာကာ သူ့အား သတ်လုနီးပါး ဖြစ်သည်။
ဟန်မူယဲ့က ထရပ်ရန် ပြင်လိုက်စဉ်မှာပင် ဘေးခန်းမှ အသံတစ်သံကို ထပ်ကြားရသည်။
“မင်းက နည်းနည်းကြာကြာ သူ့လို ဟန်ဆောင်ပေးဦးလေ”
“ငါက အိုမင်းပြီးတော့ ခန္ဓာကိုယ်က သွေးအဆီအနှစ်တွေ မထုတ်နိုင်တော့ မင်းက စိတ်မဝင်စားတော့ဘူးလား။ မင်းက ငါ့အတွက် နည်းနည်းလေးတောင် ဟန် မဆောင်နိုင်ဘူးပေါ့”
ဓားသည် တုန်ခါသွားကာ မြေပြင်ပေါ်သို့ ကျသွားဟန်ရသည်။
“စိတ်ပျက်စရာပဲ။ အိပ်တော့မယ်”
ဟွမ်လောင်လျှိုက ရေရွက်သည်။
ဟန်မူယဲ့ ခေါင်းယမ်းသည်။
ဟွမ်လောင်လျှိုမှာ ဓားစံအိမ်တွင် ရှိနေသည်မှာ ၇ နှစ်ရှိပြီ ဖြစ်သည်။ သူက မည်သို့ မထူးခြားဘဲ နေမည်နည်း။
ဟန်မူယဲ့ ရောက်စက ဓားသည် သူ့အား ထိခိုက်ရန် ကြံစည်စဉ် ဟွမ်လောင်လျှို၏အော်သံကြောင့်သာ သက်သာရာ ရခဲ့ခြင်း ဖြစ်သည်။
ကြည့်ရသည်မှာ ဟွမ်လောင်လျှိုတွင်လည်း စွမ်းရည်တချို့ရှိသည်။
ထိုသို့တွေးမိလျှင် ဟန်မူယဲ့ စိတ်သက်သာရာရသွားသည်။ သူက မိမိကိုယ်ကို အာရုံစိုက်ကာ သူ၏ရုပ်ခန္ဓာကိုယ်အားစတင်ကျင့်ကြံ၏။
ထိုစဉ်က သူသည် ကာယအားဖြည့်ဆေးအား သောက်သုံးသည့်တိုင် အသုံးမဝင်ခဲ့ပါ။
သူက ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် ပိုမိုအတန်းအစားမြင့်သော ဆေးလုံး လိုအပ်ခြင်းလည်း ဖြစ်နိုင်သည်။
‘ငါ ရက်နည်းနည်းနေရင် အဆင့်ပိုမြင့်တဲ့ဆေးလုံး ၁လုံး ဝယ်သောက်ကြည့်ရမယ်’
အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၁၀ ကျော်ရှိသော ဟန်မူယဲ့ကား ယုံကြည်မှု မြင့်မားနေသည်။
ခန္ဓာကိုယ်ကျင့်ကြံခြင်းစနစ်အား လှည့်ပတ်ရင်း သူသည် နောက်ထပ် ဓားချီတစ်စအား ခန္ဓာကိုယ်ထဲကို စုပ်ယူလိုက်၏။
အရိုးကို ထိုးခွဲသည့်ခံစားချက်က သူ့အား မျက်နှာရှုံ့မဲ့စေသည်။
သည်ဓားပျိုးထောင်ခြင်းစနစ်အား မည်သူက တီထွင်ခဲ့သည်ကို သူ မသိပါ။ ဓားချီသည် အရိုးထဲအထိ စိမ့်ဝင်ခြင်းက အလွန်သည်းခံရန် ခက်ခဲ၏။
ကံကောင်းသည်ကား သန့်စင်ပြီးဓားချီသည် သွေးကြောများထဲသို့ လှည့်ပတ်သောအခါ အလွန်သက်တောင့်သက်သာ ခံစားချက်ကို ရပြီး ၎င်းသည် သာယာသော အထိအတွေ့ဟုပင် သတ်မှတ်နိုင်၏။
သူ၏သွေးကြောများမှာလည်း ဓားချီ၏သာယသော အထိအတွေ့အောက်တွင် ပိုမိုကျယ်ပြန့်လာသည်ဟု ခံစားရ၏။
အကယ်၍ ဓားချီက သူ့အား ဆက်လက်သန်စင်လျှင် သူ၏ဗီဇပါရမီမှာလည်း ပိုမိုမြင့်မားလာနိုင်သည်။
နဝမအတန်းအစား ဗီဇပါရမီမှာ အမှန်တကယ် ကျင့်ကြံခြင်း၌ အကန့်အသတ်ရှိသည်။
ဟန်မူယဲ့သည် ကျင့်ကြံသူအများစုကဲ့သို့ စွမ်းအင်ကိုသာ သီးသန်ကျင့်ကြံသူမဟုတ်သော်လည်း သူ၏ဗီဇပါရမီအားနည်းခြင်း၏အကန့်အသတ်ကို ခံစားနေရဆဲဖြစ်သည်။
များပြားလှသော ဆေးလုံးများဖြင့် သူ၏သွေးကြောများမှာ ဖြေးလေးစွာ လှည့်ပတ်ကာ များစွာသော ဆေးဂုဏ်သတ္တိများနှင့် သဘာဝစွမ်းအင်တို့မှာလည်း ပျက်ပြယ်သွားခဲ့သည်။
ကံကောင်းသည်ကား ပျက်ပြယ်သွားသော ဆေးစွမ်းအင်များမှာ လုံးဝ အသုံးမဝင်သည်တော့ မဟုတ်ပေ။
သဘာဝစွမ်းအင်များသည် ခန္ဓာကိုယ်၏အရိုးနှင့် အကြောများအား သန်မာစေနိုင်သည်။
တစ်ညတာ ကျင့်ကြံခြင်းပြီးဆုံးသွားပြီးလျှင် ဟန်မူယဲ့ စိတ်သက်သာရာရကာ အနားယူလိုက်သည်။
…
ဟန်မူယဲ့ ဓားကို ကိုင်ကာ စံအိမ်နောက်ဘက်ကို လျှောက်လာလျှင် ဟွမ်လောင်လျှိုသည် ဓားတစ်လက်ကို ကိုင်ကာ သစ်ပင်တစ်ပင်အား ပြင်းထန်စွာ ထုရိုက်နေသည်ကို မြင်၏။
ဓားသည် သစ်ပင်ကို အဆက်မပြတ် ထိရိုက်ကာ သစ်စများဖွာလန်ထွက်နေသည်။
“ငါ့အိပ်မက်လှလှလေးတွေကို နှောင့်ယှက်ဦး…”
“ငါက အလွယ်တကူ စနောက်လို့ရတယ်လို့ ထင်နေလား”
“နောက်တစ်ခါ ငါ့ဆီလာရင် မင်းကို အိမ်သာကျင်းထဲ ထည့်ပစ်မယ်”
…
သူက နောက်လှည့်ကြည့်လျှင် ဟန်မူယဲ့အား မြင်သည်။ ဟွမ်လောင်လျှိုက ဓားကို ကိုင်လျှက်သားဖြင့် ပြောသည်။
“ညီလေးဟန်… ဒီဓားကို ဘယ်လို ပြန်ရလာတာလဲ”
“အတွင်းစည်းဂိုဏ်းသား ကျိုးကွမ်းရှန့် မနေ့က ပြန်လာပို့တယ်”
“ဒီဓားကို လက်ခံခဲ့တဲ့ စုယန် သေသွားတယ်”
ဟန်မူယဲ့က ပြောပြသည်။
ဓားကို ကိုင်ထားရင်းဖြင့်ပင် ဟွမ်လောင်လျှို၏အကြည့်က ဟန်မူယဲ့ထံသို့ ရောက်လာသည်။
ထို့နောက် သူက ရယ်မောလျှက် ပြောသည်။
“မဆိုးဘူး… အကြီးအကဲက မင်းကို သဘောကျတာ မထူးဆန်းဘူး”
ထို့နောက် သူက ဓားကို သယ်ကာ ဓားစံအိမ်ထဲသို့ ဦးတည်လိုက်သည်။
“ငါဟာ ဓားစုစည်းနည်းစနစ်ကို လေ့ကျင့်တယ်။ ငါ့ရဲ့ဝိညာဉ်၊ ချီနဲ့ သွေးတို့ကို ဓားအဖြစ် စုစည်းတာပဲ”
“ငါ ဒါကို တတ်သွားတဲ့အခါ အံ့ဖွယ်ကိုးပါးဓားရဲ့ဓားဆန္ဒကို ခံနိုင်ရည်ရှိလိမ့်မယ်”
“မှန်တယ်… အဲဒါက ဓားတစ်ချက်စာကိုပဲ စုစည်းနိုင်တာ”
“အရင်တုန်းက အကြီးအကဲ ငါ့ကို ဓားစုစည်းတဲ့နည်းစနစ်ကို သင်ပေးတဲ့အခါ ငါဟာ အဲဒါကို ကျင့်ကြံဖို့ အဆင့်မမှီဘူးလို့ ပြောတယ်”
“ဓားပျိုးထောင်နည်းစနစ်ကပဲ ဓားစံအိမ်ရဲ့အမွေအနှစ် အစစ်အမှန်ဖြစ်တယ်”
ဟွမ်လောင်လျှိုက သူ့ကိုယ်သူ တီးတိုးပြောသလို ဟန်မူယဲ့ကိုလည်း ရည်ရွယ်ဟန်ရသည်။
ဓားပျိုးထောင်နည်းစနစ်သည်သာ ဓားစံအိမ်၏စစ်မှန်သော အမွေအနှစ်လား။
ဟန်မူယဲ့ အံ့အားသင့်သွားသည်။
သူက ဓားပျိုးထောင်နည်းစနစ်ကို ကျင့်ကြံနေသည်မဟုတ်ပေဘူးလား။
“အစ်ကို… ကျုပ်…”
ဟန်မူယဲ့ မပြောရသေးခင်ပင် ဟွမ်လောင်လျှိုက လက်ဝှေ့ယမ်းကာ ပြောသည်။
“လူတိုင်းမှာ ကံကြမ္မာကိုယ်စီရှိတယ်”
“ငါဟာ ကောင်းကင်ဘုံအဆင့်သို့ ရောက်ဖို့ အဲဒီဓားကို ကျင့်ကြံဖို့ ရွေးချယ်ခဲ့တယ်”
“ဒါက ငါကိုယ်တိုင် ရွေးခဲ့တဲ့လမ်းပဲ”
“ငါ နောင်တမရဘူး”
ထို့နောက် သူသည် ဓားကိုသယ်ကာ ဓားစံအိမ်သို့ ဝင်သွားသည်။
ဟန်မူယဲ့၏အကြည့်က ဟွမ်လောင်လျှို၏နောက်ကျောထံသို့ ရောက်လာသည်။
‘အစ်ကို တကယ်ပဲ နောင်တမရဘူးလား’
…
နံနက်ပိုင်းတွင် ဟွမ်လောင်လျှို၏စိုးရိမ်သော အမူအရာကိုကြည့်ကာ ဟန်မူယဲ့က ပြုံးလျှက် ပြောသည်။
“အစ်ကို… ဘာလို့ အပြင်မသွားသေးတာလဲ”
ဟွမ်လောင်လျှို ထရပ်ကာ ထွက်သွားသည်။
တံခါးဝမှ လုကော၏အသံကို ကြားရသည်။
“အစ်ကိုဟွမ်… ဒီနေ့ အစားအသောက်တွေ ယူခဲ့ရဦးမလား။ ဘယ်နှစ်ယောက်စာလဲ။ အသားက နူးအိဖို့ကော လိုသေးလား”
“သွားစမ်းပါ…”
အဝေးမှ ဟွမ်လောင်လျှို၏ဆဲသံများ ထွက်ပေါ်လာသည်။
ဟန်မူယဲ့ ရယ်မောကာ ဓားများကို သန့်ရှင်းရေးသွားလုပ်သည်။
သူကား နေ့စဉ်နေ့တိုင်း ဓားများကို သန့်ရှင်းရေးလုပ်ရသည်အား သဘောကျနေပြီ ဖြစ်သည်။ ဓားချီများ ရောနှောခြင်း… ၎င်းသည် အလွန်စိတ်ကျေနပ်စရာကောင်း၏။
“ဓားစံအိမ်ရဲ့ဓားလက်ခံတဲ့စည်းမျဉ်း… ကိုယ်လက်သန့်စင်ခြင်း… အဝတ်အစားလဲခြင်းနဲ့ တရားထိုင်ခြင်း…”
အချိန်များ ကုန်ဆုံးသွားခဲ့ကာ ညနေပိုင်း၌ လုကော၏အသံကို ဓားစံအိမ်အဝင်ဝမှ ကြားရသည်။
‘အကျိုးအမြတ်ကိစ္စ ရောက်လာတာများလား’
ဟန်မူယဲ့ ဓားတစ်လက်ကို ဓားအိမ်ထဲ ပြန်ထည့်ကာ နောက်လှည့်ကြည့်သည်။
‘ကျုပ် ဟန်မူယဲ့ကို လာရှာတာ”
ဓားစံအိမ်အပေါက်ဝမှ ဝမ်းခေါင်းသံတစ်ခုအား ကြားရသည်။