← Chapters

လင်းရှန်၏ရွေးချယ်မှု

Vol. 4 Ch. 54

လင်းရှန်၏ရွေးချယ်မှု

Vol. 4 Ch. 54

“ဓားကို အကြိမ်တစ်သန်းဝှေ့ယမ်းပြီးတော့ တောင်ကို တစ်ချက်တည်းနဲ့ ဖြိုမယ်”

လင်းရှန်သည် ရထားလုံးပေါ်တွင် ထိုင်ရင်း ပုခုံးများ တဆတ်ဆတ် တုန်နေသည်။

သူက လက်၍ ကျင့်ကြံရမည်လား။

“ဟီးဟီး… အကြိမ်တစ်သိန်း ဝှေ့ယမ်းပြီးတော့ တစ်ချက်တည်းနဲ့ တောင်ကို ဖြိုမယ်လား”

“ညီလေးဟန်… ငါ နောက်တစ်ခါ ဓားကို မကိုင်ဖို့ ဆုံးဖြတ်ပြီးပြီ။ မင်း ဘာလို့…”

လင်းရှန်က သူ့ရှေ့မှ ဓားကိုကြည့်ကာ မျက်လုံးများကို မှိတ်လိုက်သည်။

သူ၏လက်များက ရထားလုံးကြိုးကို တင်းတင်းဆုပ်ကိုင်ထားသည်။

“လင်းချုံးရှောင်က ကျုပ်ကို လာဖို့ ပြောတာ”

“သူ့ ဝိညာဉ်အပိုင်းအစဟာ ဒီဓားထဲမှာ ရှိနေတယ်”

ဟန်မူယဲ့က ဓားလက်ကိုင်ကို လင်းရှန်ထံသို့ ကမ်းပေးသည်။

လင်းရှန် ရုတ်တရက် မျက်လုံးများအား ဖွင့်လိုက်ကာ ဟန်မူယဲ့အား မယုံကြည်နိုင်စွာ ကြည့်သည်။

“မင်း… မင်း… တကယ်ပဲ”

ဟန်မူယဲ့ မည်သည့်စကားမှ မဆိုပါ။ သူက ဓားချီများအား ဓားထံသို့ ပို့လွှတ်လိုက်သည်။

ဓားသည် တုန်ခါသွား၏။

လင်းရှန် ဖြစ်စေ၊ သိပ်မဝေးသောနေရာတွင်ရပ်နေသော လင်းယွီရှ ဖြစ်စေ သူတို့၏ခန္ဓာကိုယ်များ တုန်ခါသွား၏။ သူတို့က အလွန်ရင်းနှီးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။

“အစ်ကိုကြီး…”

လင်းယွီရှ မျက်ရည်များ အဆက်မပြတ် ယိုစီးကျလာသည်။

လင်းရှန် လက်ကို မြှောက်ကာ ဓားလက်ကို ဖြေးလေးစွာ ဖမ်းဆုပ်လိုက်၏။

အရောင်အဝါတစ်ခု သူ့အား လွှမ်းခြုံလာသည်။ သူ၏မျက်လုံးများ ပြူးကျယ်လာသည်။

ဟန်မူယဲ့က ဓားအိမ်ကို ဆုပ်ကိုင်ကာ ဓားချီများ အဆက်မပြတ် ပို့လွှတ်ထား၏။

လင်းရှန်၏အမူအရာမှာ အဆက်မပြတ် ပြောင်းလဲနေသည်။

ဝမ်းနည်းခြင်း…

အပြစ်ရှိခြင်း…

ပျော်ရွှင်ခြင်း…

တွန့်ဆုတ်ခြင်း…

အနီးကို လျှောက်လာသော လင်းယွီရှိသည် အသံတစ်ချက်မျှ မထွက်ရဲပါ။ သူမသည် လင်းရှန်နှင့် ဓားကို တိတ်ဆိတ်စွာ ကြည့်နေသည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင် လင်းရှန်သည် တုန်ယင်သောလက်ဖြင့် ဓားလက်ကိုင်ကို လွှတ်လိုက်သည်။

ဟန်မူယဲ့လည်း ဓားချီပို့လွှတ်ခြင်းအား ဖြတ်တောက်လိုက်၏။

ရထားလုံးပေါ်တွင် ထိုင်နေသော လင်းရှန်သည် ရုတ်တရက် အောက်ကို ခုန်ဆင်းလိုက်၏။

“ညီလေးဟန်ကြောင့်သာ မဟုတ်ရင် အစ်ကိုကြီးရဲ့ဝိညာဉ်ဟာ အလင်းရောင်ကို ဘယ်တော့မှ မြင်ခွင့်ရမှာ မဟုတ်ဘူး”

ထို့နောက် သူက ရုတ်တရက် ဒူးထောက်ကာ သူ့နဖူးအား မြေပြင်တွင် ထိကပ်လိုက်သည်။

သူ့ဘေးတွင် လင်းယွီရှလည်း ဒူးထောက်ရန် ပြင်လိုက်၏။

ဟန်မူယဲ့ သက်ပြင်းချကာ လင်းရှန်အား ဆွဲထူလိုက်သည်။ ထို့နောက် သူက ပြောသည်။

“လေ့ကျင့်ရေးမှူးလင်း… ကျုပ်သာ ဘာမှ မပြောခဲ့ရင် ခင်ဗျားလည်း ကျင့်ကြံခြင်းကို လက်လျှော့ခဲ့မှာ မဟုတ်ဘူး။ ခင်ဗျားရဲ့အစ်ကိုနဲ့လည်း တွေ့ဖို့ အခွင့်အရေး ဆက်ရှိနေဦးမယ်”

သူက လင်းရှန်အား ကူညီလိုခြင်းမှာ သူသည် သစ္စာတရားကြီးမားကာ ရိုးသားသောကြောင့် ဖြစ်သည်။ ဟန်မူယဲ့က လင်းရှန်၏တာအိုနှလုံးသားအား ပျက်စီးစေမှုအတွက် အပြစ်ရှိသလို ခံစားရသည်။

ဟန်မူယဲ့က လင်းရှန်နှင့် လင်းယွီရှတို့ကို ထရပ်စေသည်။

ဓားကို လင်းရှန်ထံသို့ ကမ်းပေးကာ ဟန်မူယဲ့က ပြောသည်။

“လေ့ကျင့်ရေးမှူးလင်း… ဒီဓားကို ပြန်ယူပါ”

သည်ဓားတွင် လင်းချုံးရှောင်၏ဝိညာဉ်အပိုင်းအစ တည်ရှိသည်။

လင်းရှန် မသိသေးခင်က ပြဿနာမရှိပေ။

ယခု သူက သိသွားပြီးဖြစ်ရာ ဓားစံအိမ်သို့ မည်သည့်နည်းနှင့်မျှ ပြန်ပေးလိုမည် မဟုတ်ချေ။

သူ့အား ဓားကို ကမ်းပေးပြီးနောက်တွင် ဟန်မူယဲ့ ပြုံးလျှက် ပြောသည်။

“လေ့ကျင့်ရေးမှူးလင်း… ခင်ဗျား သွားဦးမှာလား”

လင်းရှန်က ပြုံးလျှက်ပြောသည်။

“ငါ မသွားတော့ဘူး”

သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအဝင်ဝအား စိတ်သာသက်ရာရသော အမူအရာဖြင့် ကြည့်သည်။

ဟန်မူယဲ့ ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

“ကောင်းတယ်”

“ကျုပ် ဓားစံအိမ်သို့ ပြန်တော့မယ်။ နောက်ပိုင်းအားရင် အတူ သောက်ကြတာပေါ့”

ထို့နောက် လင်းရှန်ဘေးမှ လင်းယွီရှအား တစ်ချက်ကြည့်သည်။

“မိန်းကလေးလင်း… ကြည့်ရတာ ခင်ဗျားက တူလေးတွေ တူမလေးတွေ ချီစရာမလိုသေးပုံပဲ”

ထို့နောက် သူ ရယ်မော၍ ထွက်ခွာသွားသည်။

“ဒီစီနီယာအစ်ကိုဟန်က ထူးခြားတယ်”

ဟန်မူယဲ့နောက်ကျောကို ကြည့်ကာ လင်းယွီရှ တီးတိုးပြောသည်။

“ထူးခြားတာလား”

လင်းရှန်က ဓားကို တင်းတင်းဆုပ်ကာ ပြောသည်။

“သူက ထူးခြားတာထက် ပိုတယ်”

ယခင် စိတ်ဓာတ်ကျသော အမူအရာများ ပျောက်ကွယ်သွားပြီး သူထံမှ သူရဲကောင်းဆန်သော အငွေ့အသက်များ ပြန်ရလာသည်။

သူက ဓားကို နောက်ကျောတွင် ပိုးလိုက်ကာ လင်းယွီရှအား ပြုံးလျှက်ပြောသည်။

“ညီမလေး… ညီလေးဟန်ဟာ ဓားစံအိမ်က ဓားထိန်းဖြစ်ပေမဲ့ သူ့ဓားပညာဟာ အရမ်းနက်ရှိုင်းတယ်”

“သူ့ဓားပညာဟာ ထူးခြားဆန်းကြယ်တယ်လို့ အစ်ကိုကြီးက ပြောတယ်”

လင်းရှန်၏စကားကိုကြားလျှင် လင်းယွီရှသည် လင်းရှန်၏နောက်ကျောမှ ဓားကို ကြည့်သည်။ ၎င်းဓားတွင် သူမတို့အစ်ကိုကြီး  လင်းချုံးရှောင်၏ဝိညာဉ်အပိုင်းအစ ရှိသည်။

“ညီမလေး… နင် စိတ်ဝင်စားရင် ညီလေးဟန်နဲ့ ငါ အောင်သွယ်ပေးမယ်လေ”

လင်းရှန်က ပြုံးလျှက် လင်းယွီရှထံသို့ လျှောက်လာသည်။

လင်းယွီရှ မျက်နှာနီမြန်းသွားသည်။ သို့သော်လည်း ပိုင်စုကျန်းနှင့် ဟန်မူယဲ့တို့၏ပတ်သက်မှုမှာ သာမန်ဟုတ်ပုံမကျဟု တွေးမိကာ သူမက အလျင်အမြန် ပြောသည်။

“အစ်ကို၂ … ရှင် ဘာပြောနေတာလဲ”

ထို့နောက် သူမက လင်းရှန်အား ကြည့်ကာ လေးနက်စွာ ပြောသည်။

“အစ်ကို၂ … ရှင်က ထွက်မသွားတော့ဘူးဆိုတော့ နောက်ပိုင်း ဘယ်လိုဆက်ပြီး ကျင့်ကြံသွားမှာလဲ”

၁၀ နှစ်တိုင်တိုင် လင်းရှန်သည် သူ၏ကျင့်ကြံခြင်းအချိန်များကို ဖြုန်းတီးခဲ့ပြီး ဖြစ်သည်။

သူက ယခုပြန်လည်ကျင့်ကြံလျှင်ပင် အခွင့်အရေး ရှိဦးမည်လား သူ မသိတော့ပါ။

ကျင့်ကြံခြင်းဟူသည် ကောင်းကင်နှင့် ယှဉ်ပြိုင်အံတုခြင်းဖြစ်သည်။ တစ်စုံတစ်ယောက်က အခွင့်အလမ်း ဆုံးရှုံးသွားပါက ပြန်လည်၍ ကျင့်ကြံရန် သိပ်မလွယ်ကူတော့ပါ။

“အစ်ကိုကြီးက ငါ့ကို ရွေးချယ်မှုနှစ်ခုပေးတယ်”

လင်းရှန်က အံ့ဖွယ်ကိုးပါးတောင်ကုန်းကို မော့ကြည့်ကာ ပြောသည်။

“ပထမနည်းလမ်းက ကျောက်တုံးသုံးတုံးစံအိမ်ကို သွားပြီးတော့ ဆရာကို တောင်းဆိုတာပဲ။ ဆရာက သေချာပေါက် အစ်ကိုကြီးမျက်နှာနဲ့ ငါ့ကို ကူညီလိမ့်မယ်။ ငါက ခန္ဓာကိုယ်ကို သုံးနှစ်တိတိ ကျင့်ကြံနိုင်တယ်”

“ဒုတိယနည်းလမ်း…”

လင်းရှန်က ခေါင်းငုံ့ကာ အသာအယာ်ပြောသည်။

“ဓားကို အကြိမ်တစ်သန်း ဝှေ့ယမ်းပြီးတော့ ဓားတစ်ချက်တည်းနဲ့ တောင်ကို ဖြိုမယ်”

လင်းယွီရှကား ထိတ်လန့်သွားကာ အလျင်အမြန် ပြောသည်။

“အစ်ကို၂… ရှင် ဆရာဦးလေးထို့ပါဆီကို သွားလိုက်ပါလား။ ဆရာဦးလေးဟာ အပြင်ပန်းမှာ အေးစက်ပေမဲ့ စိတ်ကောင်းရှိတယ်။ သူ သေချာပေါက် ကူညီ…”

သူမက စကားမဆုံးသေးမှီတွင်ပင် လင်းရှန်၏မျက်နှာမှ အပြုံးကို မြင်သည်။

“ညီမလေး… ငါ ဘာကို ရွေးလဲ နင် သိပါတယ်”

လင်းယွီရှ ခြေဆောင့်ကာ ပြောသည်။

“အစ်ကို၂ … ရှင်ဘာလို့ အဲဒီ မသေချာတဲ့ပညာကို ကျင့်ချင်သေးတာလဲ။ အဲဒါက အရင်ပုံပြင်ဟောင်းအတိုင်း ဖြစ်သွားတာပဲမလား”

လင်းရှန်က ခေါင်းယမ်းကာ ပြောသည်။

“ဒီတစ်ခေါက် မတူဘူး”

“အခု ငါဟာ အစ်ကိုကြီးနဲ့ ညီလေးဟန်တို့ရဲ့ လမ်းညွှန်မှုရှိတယ်။ ငါ သေချာပေါက် အောင်မြင်အောင် ကျင့်ကြံနိုင်တယ်”

ထို့နောက် လင်းရှန် နောက်လှည့်ကာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းထံသို့ ဦးတည်သွားသည်ကို တွေ့ကာ လင်းယွီရှမှာ အံ့အားသင့်နေသည်။

“ငါ တွေးပြီးစပြီ။ ငါ အပြင်စည်းဂိုဏ်းလေ့ကျင့်ရေးမှူးတာဝန်ကို အနားယူပြီးတော့ ဓားစံအိမ်မှာ ဓားထိန်းသွားလုပ်မယ်”

“နောက်ပိုင်း နင် ညီလေးဟန်နဲ့ ရင်းနှီးချင်ရင် ဓားစံအိမ်ကို လာခဲ့ပေါ့… ဟီးဟီး”

ဓားစံအိမ်သို့ သွားကာ ဓားထိန်းဖြစ်ရန်လား။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ဓားစံအိမ်တွင် ဓားထိန်းများ လိုအပ်နေသေးသည်လား။

လင်းယွီရှ၏မျက်နှာတွင် နားမလည်သော အရိပ်အယောင်များ ရှိနေသည်။

“စိတ်ဝင်စားတာလား”

“ညီမလေး စိတ်မဝင်စားပါဘူး”

“စကားမစပ် သူက အစ်ကို၂ရဲ့ တာအိုနှလုံးသားကို ဖျက်ဆီးခဲ့တဲ့လူလေ။ သူက ကောင်းကောင်း လျှို့ဝှက်ထားတာပဲ။ နောက်တစ်ခေါက် တွေ့ရင် ဟင်း… ဟင်း…”

…

ဓားကို လင်းရှန်ထံသို့ ပို့ပေးပြီးနောက်တွင် ဟန်မူယဲ့ စိတ်သက်သာရာရသွားကာ ဓားစံအိမ်သို့ ပြန်လာသည်။

သူက စိတ်ကြေနပ်မှုတချို့ကို ရသည်။

သူ၏ချီပင်လယ်မှ ဓားဆန္ဒထံမှ ပျော်ရွှင်မှုကိုလည်း သူ ခံစားရသည်။ ၎င်းသည် သူ၏ချီပင်လယ်မှတစ်ဆင့် သွေးကြောများကို စီးဆင်းသွားကာ ယခင်ထက် နုညံ့သိမ်မွေ့သည်။

ကြည့်ရသည်မှာ ဓားဆန္ဒနှင့် ဓားချီများမှာလည်း ခံစားချက်များ ရှိကြသည်။

သူက ဓားအရိုးကို စုစည်းရာတွင် အလွန်သိမ်မွေ့နူးညံ့သော ဓားချီများကို ပို၍ လိုအပ်သည်။

မဟုတ်လျှင် သူ ခံစားရသော ဝေဒနာမှာ မသက်သာလှပါ။

သူသည် ဓားစံအိမ် အဝင်ဝသို့ ရောက်လာသောအခါ ဟန်မူယဲ့ အံ့အားသင့်သွားသည်။

ဟွမ်လောင်လျှိုသည် ကျောက်တုံးလှေကားထစ်များတွင် လက်နှစ်ဖက်နောက်ချိတ်ကာ ရပ်နေ၏။ သူ့ဘေးတွင် အမျိုးသမီးကျင့်ကြံသူတစ်ဦး ရှိနေသည်။

မရီးလား…

ဟန်မူယဲ့ အသာအယာ ခြောင်းဟန့်လိုက်သည်။

ဟွမ်လောင်လျှိုနှင့် ထိုအမျိုးသမီးတို့ လှည့်ကြည့်ကြ၏။

“စီနီယာအစ်ကို,ကို နှုတ်ခွန်းဆက်ပါတယ်”

ဟန်မူယဲ့က ဟွမ်လောင်လျှိုအား လေးစားစွာ အရိုအသေပေးသည်။ ထို့နောက် အမျိုးသမီးကျင့်ကြံသူကို လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“နှုတ်ဆက်ပါတယ်… အစ်..မ…”

“လုချင်းဖျင်… ဂျူနီယာညီလေးဟန်… သူ့ကို စီနီယာအစ်မလုလို့ပဲ ခေါ်ပါ”

ဟွမ်လောင်လျှိုက အလျင်အမြန် ပြောသည်။

ဟန်မူယဲ့ ရယ်ချင်စိတ်ကို မျိုသိပ်ထားသည်။

ဟွမ်လောင်လျှိုကား အကြံအစည်များရှိသော်လည်း သတ္တိမရှိပါ။ သူသည် သူမအား သူစိမ်းဆန်စွာ ခေါ်ဝေါနေသော်လည်း အမှန်တကယ်ကား နောက်ကွယ်တွင် ညီမလေးဖျင် ဟု ခေါ်နေခဲ့သည်။

“နှုတ်ဆက်ပါတယ် စီနီယာအစ်မလု”

ဟန်မူယဲ့က ပြောသည်။

အဝါရောင်ဝတ် အမျိုးသမီးက ပြုံးလျှက် လက်ဝှေ့ယမ်းကာ ပြောသည်။

“ဒါက အစ်ကိုကျန်းရှုံးပြောတဲ့ အတော်လေးစွမ်းတယ်ဆိုတဲ့ မောင်လေးဟန်လား”

အမျိုးသမီးကျင့်ကြံသူမှာ သိပ်ချောမောခြင်းမရှိသော်လည်း သိမ်မွေ့သော အပြုအမူရှိသည်။

ဟွမ်လောင်လျှိုဘေးတွင်ရပ်ကာ ပြုံးသည်။

“အစ်ကို… ဘာလို့ စီနီယာအစ်မလုကို စံအိမ်ထဲသို့ မဖိတ်ခေါ်တာလဲ”

ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ကြည့်သည်။

ဟွမ်လောင်လျှိုက မျက်နှာထားတည်တည်ဖြင့်ပင် ခေါင်းယမ်းသည်။

“ဓားစံအိမ်စည်းမျဉ်းအရ ဓားလက်ခံတာမဟုတ်ရင် အပြင်လူမဝင်ရဘူး”

“ပြီးတော့ ဂျူနီယာညီမလုဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မဟုတ်လို့ စည်းကမ်းကို ချိုးဖျက်လို့ မရဘူး”

All Chapters