← Chapters

နဂါးနက်မျိုးနွယ်စု

Vol. 37 Ch. 507

နဂါးနက်မျိုးနွယ်စု

Vol. 37 Ch. 507

ဓားပြမျိုးနွယ်စုသုံးစု ချီတက်သွားကြသည့်အခိုက်တန့်တွင် တောင်ကျော်လမ်း၏အနောက်တွင် နဂါးနက်တစ်ကောင်ပေါ်လာသည်။ ဤနဂါးနက်ကြီးသည် မီတာထောင်ပေါင်းများစွာရှည်လျား၏။ ၎င်း၏အပေါ်တွင် ကျင့်ကြံသူတစ်‌သောင်းရပ်နေကြသည်။ ဤကျင့်ကြံသူတစ်ယောက်ချင်းစီ၏ လက်ကောက်ဝတ်တွင် အနက်ရောင်ကြိုးများအား ရစ်ပတ်ချည်နှောင်ထားကြ၏။

အဆိုပါအနက်ရောင်ကြိုးများအတွင်းမှ အသတ်ဖြတ်စိတ်ဆန္ဒတို့က တရိပ်ရိပ် လှုပ်ရှားလျက် ထွက်နေသည်။ ကျင့်ကြံသူတစ်သောင်း၀တ်ဆင်ထားသော ၀တ်ရုံများမှာ ရိုးရှင်းပြီး သူတို့၏မျက်နှာပေါ်တွင် တင်းမာခက်ထန်သောအရိပ်အယောင်များအား မြင်နိုင်၏။ သူတို့အကြည့်များသည် အေးစက်နေပြီး ပထမတစ်ချက်ကြည့်လျှင် သူတို့သည် ကျီးနတ်မင်းမျိုးနွယ်စု၏ အမူအရာများနှင့်လွန်စွာဆင်တူ၏။

သို့သော် ထိုမျိုးနွယ်စုနှစ်စုကြားရှိ အဓိကခြားနားမှုမှာ အံ့ဩဖွယ်ကောင်းစွာနှင့် သူတို့၏နဖူးများအပေါ်၌ နဂါးနက်တစ်ကောင်၏အမှတ်အသားအား မြင်ရခြင်းဖြစ်လေသည်။

ဤသည်မှာ နဂါးနက်မျိုးနွယ်စုကြီးဖြစ်၏။

ယခင်က သူတို့တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးတစ်ဦးရှိခဲ့ပြီး နှစ်တစ်ထောင်တိုင် ရွှေထီးဆောင်းခဲ့လေသည်။ ကံဆိုးစွာနှင့် သူတို့၏စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးမှာ ကွယ်လွန်သွားခဲ့၏။ ထို့နောက် သူတို့မှာ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင် လုယက်ရန်အတွက် ကိုယ့်အစွမ်းအစကိုယ် အားကိုးခဲ့ပြီး အနောက်ပိုင်းသဲကန္တာရအရှေ့ပိုင်းထဲမှ ထိုးဖောက်ထွက်လာနိုင်ခဲ့၏။ ယခုတွင်တော့ သူတို့သည် တောင်ကျော်လမ်းသို့ ရောက်ရှိခဲ့လေပြီ။

ခရီးစဉ်အတောအတွင်း ယခင်က တစ်သိန်းနီးပါးရှိခဲ့သော သူတို့မျိုးနွယ်စုသည် ယခုတွင် တစ်သောင်းခန့်သာ ကျန်ခဲ့တော့သည်။ မျိုးနွယ်စု၏ခုနစ်ဆယ်ရာခိုင်နှုန်းမှာ သေဆုံးသွားခဲ့ပြီဖြစ်၏။ သို့ထိတိုင် ဤသည်ကား နဂါးနက်မျိုးနွယ်စုကြီးဖြစ်သည်။ ဤသည်မှာ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများ၏ နှလုံးသားများအတွင်းသို့ အကြောက်တရား ရိုက်ထည့်ပေးနိုင်လောက်အောင် သန်မာအားကောင်းသော မျိုးနွယ်စုကြီးဖြစ်နေသေး၏။

နဂါးနက်မျိုးနွယ်စု၏အနောက်တွင် အရိုးခေါင်းများဖြင့် တန်ဆာဆင်ထားသော ကြိုးတစ်ကြိုးရှိ၏။

ဦးခေါင်းခွံတစ်ထောင်ကျော်မှာ အနက်ရောင်ကြိုးတွင်ချိတ်ဆွဲခံထားရာ ခြုံထည်ကြီးတစ်ခုအသွင် ဆောင်နေတော့သည်။ နဂါးနက်ကြီးပျံသန်းလာစဉ် ၎င်းသည်‌  တဖျပ်ဖျပ် လွင့်လျက် အောက်ရှိမြေပြင်ပေါ်သို့ အရိပ်ကျနေလေသည်။

သေခြင်းအရှိန်အဝါက ၎င်းကို ၀န်းရံနေပြီး ဦးခေါင်းခွံအတွင်းရှိ ချိတ်ပိတ်ထားသောဝိညာဉ်များ၏ လွတ်မြောက်ရန် ရုန်းကန်ရင်း အော်ဟစ်ငိုကြွေးနေသံများကိုပင် ကြားနိုင်လေသည်။

ဤသည်မှာ ခရီးစဉ်အတောအတွင်း နဂါးနက်မျိုးနွယ်စုတိုက်ပွဲများ၌ တိုက်ခိုက်သတ်ဖြတ်ခဲ့သော ရန်သူများ၏ဦးခေါင်းခွံများဖြစ်သည်။ သူခိုးလူ‌‌ဆိုးဓားပြများကို တုန်လှုပ်သွားစေရန်အသုံးပြုသည့် စစ်ပွဲ၏ဆုတံဆိပ်များဖြစ်လေသည်။

နဂါးနက်ကြီး၏ ခေါင်းပေါ်တွင် ကျင့်ကြံသူရှစ်ယောက်ရှိ၏။ အများစုက သွေးအေးသောမျက်လုံးများဖြင့် အဘိုးကြီးများဖြစ်‌လေရာ မျိုးနွယ်စုတေစ်စုကို ဓားအိမ်မှမထုတ်ရသေးသော ဓားထက်ထက်တစ်လက်ပမာ ဖြစ်နေစေသည်။

အဘိုးကြီးရှစ်ယောက်ကြားထဲ၌ လူငယ်တစ်ယောက်သည် ထင်းနေ၏။ သူသည် အလွန်တရာထွားကြိုင်းပြီး ထောင်ထောင်မောင်းမောင်းဖြစ်လေရာ သာမန်အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်ထက် ခေါင်းတစ်လုံးပိုမြင့်၏။ သူဝတ်ထားသော အနက်ရောင်၀တ်ရုံမှာလည်း ရိုးရှင်းပြီး သူ၏နဖူးပေါ်တွင် ရက်စက်သော နဂါးနက်အရုပ်ဆေးမင်ကြောင်ကို မြင်နိုင်လေသည်။ သူသည် ကျားကျားလျားလျား ခက်မာသည့်ပုံရှိပြီး သူ၏မျက်လုံးများက စူးရှတောက်ပလျက်ရှိ၏။

သူ၏ညာဘက်လက်ကောက်ဝတ်တွင် အနက်ရောင်ကြိုးတစ်ကြိုးအား ပတ်ထား၏။ ၎င်းမှာ သာမန်ဟုသာထင်ရပြီး နဂါးနက်မျိုးနွယ်စု၏ ရိုးရာအဆောင်တစ်ခုအလား ထူးထူးခြားခြားမရှိပေ။

ဤပုဂ္ဂိုလ်ကား ရှုပိုင်မှတစ်ပါးအခြားမဟုတ်ပေ။

လွန်ခဲ့သောနှစ်များစွာက တံတားပျက်နယ်ပယ်တွင် သူနှင့်မိစ္ဆာအဆောင်မျိုးနွယ်စု၏ချန်မိုတို့သည် မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်အား ဖမ်းယူရန် ကြိုးစားခဲ့သော်လည်း ကျင်ရှန်း၏ လုယုခြင်းသာခံခဲ့ရလေသည်။ အဆုံးသတ်တွင် သူတို့သုံးယောက်မှာ မန်ဟိုတိုက်ခိုက်ပြီး မိစ္ဆာစိတ်ဝိညာဉ်အား လုယက်နိုင်သွားသည်ကို မျက်လုံးအပြူးသားနှင့် ကြည့်ခဲ့ရလေသည်။

သူတို့က နောက်မှလိုက်ခဲ့သော်လည်း မန်ဟိုက အလွန်မြန်ခဲ့၏။ ထို့နောက် ကျင်ရှန်းက ၀င်ရောက်နှောင့်ယှက်သဖြင့် ရှုပိုင်နှင့်ချန်မိုမှာ လက်လျှော့ခဲ့ရလေသည်။ ဤသို့ဖြင့် ရှုပိုင်သည် တံတားပျက်နယ်ပယ်မှ နောင်တများစွာဖြင့် ပြန်လာခဲ့ရ၏။ တစ်ချိန်တည်းမှာပင် သူသည် မန်ဟိုနှင့်ကျင်ရှန်းကို အလွန်အလေးအနက် အထင်ကြီးလေးစားခဲ့၏။

နဂါးနက်မျိုးနွယ်စု နီးကပ်လာခြင်းက ကျီးနတ်မင်းမျိုးနွယ်စုနှင့် ပင်လယ်မိစ္ဆာမျိုးနွယ်စုအကြား တိုက်ပွဲကို ကြည့်ရှုစောင့်စားနေသော ကျင့်ကြံသူများ၏အာရုံကို ချက်ချင်း ဆွဲ‌ဆောင်လိုက်သည်။ သူတို့လှမ်းကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် နဂါးနက်မျိုးနွယ်စုဖြစ်ကြောင်းသိလိုက်၏။ ချက်ချင်းပင် ထိုမျိုးနွယ်စု ဘာလုပ်ရန်ရွေးချယ်မည်လဲ သိချင်သွားသဖြင့် သူတို့၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားကြသည်။

ရှုပိုင်သည် တောင်ကျော်လမ်းတွင်ဖြစ်ပေါ်နေသော တိုက်ပွဲကို ကြည့်နေစဉ် လျှပ်စီးမိုးခြိမ်းများက သူ၏မျက်လုံးထဲတွင် ကခုန်နေသယောင်ရှိသည်။ သူက ပါးစပ်က သွေးများပန်းထွက်လျက် ထူးဆန်းသောရုပ်ထုကြီးထံမှ ဆုတ်ခွာနေသော မန်ဟိုကို မြင်လိုက်ရ၏။

ရှုပိုင် မန်ဟို့ကိုမြင်သည်။ ပင်လယ်မိစ္ဆာမျိုးနွယ်စုကို မြင်သည်။ ထူးဆန်းသော လက်ရှစ်ဖက်နှင့် ရုပ်ထုကြီးကိုလည်း သူမြင်သည်။ တောင်ကျော်လမ်း အခြားတစ်ဖက်မှ လေကိုခွင်း၍ လာနေသော ဓားပြမျိုးနွယ်စုသုံးစုကိုလည်း သူမြင်သည်။

သူသည် အသက်သုံးရှိုက်စာအထိ တိတ်ဆိတ်နေပြီးနောက် ခေါင်းကို နောက်သို့ လှန်ကာ အားပါးတရ ရယ်မောလိုက်၏။

" သွေးမျက်နှာလူထူးဆန်း မန်ဟို။ ငါ မင်းနာမည်ကို ‌တလောက တော်တော်လေးကြားခဲ့ရတယ်။ အဲ့ဒီ့ကောလဟာလတွေကလည်း တော်တော်လေး စိတ်၀င်စားဖို့ကောင်းသကိုး။ မင်းက နောက်ပိုင်းသဲကန္တာရမြောက်ပိုင်းကနေပြီးတော့ ကျီးနတ်မင်းမျိုးနွယ်စုကို ဒီထိရောက်အောင် ဦးဆောင်လာခဲ့တာပဲ။ ငါကတော့ မင်းကို တကယ်လေးစားမိပြီ " သူ၏ရယ်သံသည် ယုတ်မာကောက်ကျစ်မှုစိုးစဉ်းမှမပါဘဲ အားမာန်ပြည့်နေသောရယ်သံဖြစ်လေ၏။ သူသည် မန်ဟို့ကို အမှန်တကယ် လေးစား၏။ ကျီးနတ်မင်းမျိုးနွယ်စု၊ မန်ဟိုနှင့် တံတားပျက်နယ်ပယ်တုန်းက အကြောင်းများမှာ ဟိုးလေးတကျော်ကျော် ‌ဖြစ်နေခဲ့သည်မဟုတ်ပါလော။

တစ်နည်းနည်းဖြင့် ပြောရလျှင် သူ၏မန်ဟို့အပေါ် ခံစားချက်များကို ဤအတိုင်း ဖော်ပြနိုင်၏။ "ဘဝတူ အချင်းချင်း ကိုယ်ချင်းစာသည်" သို့မဟုတ် "အရည်အချင်းရှိသူအချင်းချင်း တန်ဖိုးထားသည်" ဟုပင် ဆိုကောင်းဆိုနိုင်၏။ နဂါးနက်မျိုးနွယ်စုက အတန်ငယ် သာသေးသော်လည်း နဂါးနက်မျိုးနွယ်စုနှင့် ကျီးနတ်မင်းမျိုးနွယ်စုသည် အခြေအနေတူလေသည်။ သူတို့မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းခေါင်းဆောင်ကြီး ဆုံးပါးသွားပြီးနောက် အနက်ရောင်နယ်မြေသို့ ဝင်ရောက်ခွင့် ဆုံးရှုံးသွားခဲ့သည်။ မျိုးနွယ်ဝင်များမှာ သူတို့ကို ကူရာမဲ့‌‌စွာ စွန့်ပစ်သွားကြသည်။ ထို့အပြင် ယခင် ရန်သူတော်ကြီးများလည်း ဝိုင်းအုံ၍ သူတို့ကို တိုက်ခိုက်ခဲ့ကြ၏။ သို့သော် ခေါင်းဆောင်ကြီးက မသေခင် ပြင်ဆင်မှုများ ‌လုပ်ပေးခဲ့ပြီးနောက် ရှုပိုင်သည် မျိုးနွယ်စုကို ဦးဆောင်ရင်း တိုက်ခိုက်သတ်ဖြတ်ကာ သူတို့၏ယုံကြည်မှုများအား ပြန်လည်‌အားကောင်းလာစေခဲ့သည်။ ထိုအချိန်တွင်... နဂါးနက်မျိုးနွယ်စုသည် သမိုင်းကြောင်းထဲ၌ မှတ်ကျောက်တင်နိုင်ခဲ့လေ၏။

သူတို့သည် ကျီးနတ်မင်းမျိုးနွယ်စုနှင့် အခြေအနေတူ၍ ယင်းက ရှုပိုင် လက်မြှောက်ပြီး လက်ညှိုးထိုးလိုက်ရသော အကြောင်းရင်းလည်း ဖြစ်သည်။

"ကျုပ် ရှုပိုင် တခြားသူတွေရဲ့ တိုက်ပွဲမှာ ဝင်ပါတဲ့ကောင်တွေကို ရွံတယ်။ ကျီးနတ်မင်းမျိုးနွယ်စု၊ ကျုပ်တို့ နဂါးနက်မျိုးနွယ်စုကို ဒီဓားပြမျိုးနွယ်စုကို ဟန့်တားခွင့်ပြုပါ" ချက်ချင်းပင် နဂါးနက်ကြီးက ဟိန်းဟောက်ပြီး နဂါးနက်မျိုးနွယ်စုကြီး၏ ထောင်ပေါင်းများစွာသော အဖွဲ့ဝင်များသည် အနက်ရောင်အလင်းတန်းများ အသွင်ပြောင်းကာ ရှေ့သို့ တဟုန်ထိုး ချီတက်သွားကြ၏။ သူတို့၏ကမ္ဘာသစ်မိစ္ဆာများမှာလည်း နည်းနည်းနောနောမဟုတ်။ သူတို့သည် ရပ်တန့်ခြင်းမရှိဘဲ စစ်မြေပြင်သို့ ဝင်ရောက်ကာ လာနေ‌သော ဓားပြမျိုးနွယ်စုသုံးစုဆီသို့ ဆက်လက်ပြေးဝင်သွားလေပြီ။

တစ်ဖက်မျိုးနွယ်စုသုံးစုမှ ခေါင်းကိုင်ဖခင်များက ချက်ချင်း အော်သည်။

"ရှုပိုင် မင်းဘာလုပ်နေတာလဲ။ ငါတို့ကြားမှာ ဘာရန်ငြိုးမှမရှိဘူး.... မင်းကို တိုက်ခိုက်နေတာလည်း မဟုတ်ဘူး။ ငါတို့က တောင်ကျော်မြို့ကို ကူညီနေရုံလေးပဲ။ မင်းက ကျီးနတ်မင်းမျိုးနွယ်စုလို လမ်းကို ဖြတ်ဖို့ ကြိုးစားနေတာလို့တော့ မပြောနဲ့နော်"

"နဂါးနက်မျိုးနွယ်စု၊ မင်းတို့ သေသေချာချာ စဉ်းစားဦးကွ။ ငါတို့ကို တိုက်ခိုက်ရင် ဓားပြမျိုးနွယ်စုအားလုံးကို စစ်ကြေညာလိုက်တာနဲ့ အတူတူပဲ။ မင်း ဒီလမ်းက ထွက်လာတာနဲ့ တစ်လှမ်းတောင် ရွေ့နိုင်မှာမဟုတ်ဘူး"

"ကျုပ် သေသေချာချာ စဉ်းစားပြီးသွားပြီ" ရှုပိုင်က အေးတိအေးစက် ပြန်ဖြေသည်။ နဂါးနက်မျိုးနွယ်ဝင်များထံမှ အသတ်အဖြတ်စိတ်ဆန္ဒတို့က ထစ်ချုန်းလျက် ဖြာထွက်လာ၏။ တိုက်ပွဲကြီး ရုတ်တရက် အပြင်းအထန် ဖြစ်ပွား‌လေရာ ဓားပြမျိုးနွယ်စုသုံးစု၏ အဖွဲ့သားများမှာ မျက်စိမျက်နှာ ပျက်နေကြတော့သည်။

ရှုပိုင်က သွေးအေးအေး ရယ်သည်။ သူ အမှန်တကယ် သေသေချာချာ တွေးထားပြီးဖြစ်၏။ အခြေအနေက ဤအတိုင်းမဟုတ်လျှင်တောင်မှ သူတို့ တောင်ကျော်လမ်းကို ဖြတ်သန်းပြီးနောက်ပိုင်း ဓားပြများ၏ အဝိုင်းခံရမည်ကို သူသိလေသည်။ သူသည် မန်ဟိုနှင့် ကျီးနတ်မင်းမျိုးနွယ်စုကိုလည်း လေးစား၏။ သူတို့ တောင်ကျော်လမ်းကို အာခံရဲသည့်သတ္တိမှာ သူပင် လုပ်နိုင်ခဲ့မည့်အရာမဟုတ်ပေ။

ထို့ကြောင့် ဤနေရာသို့ ရောက်မလာခင်တုန်းက သူ့မှာ မျိုးနွယ်စု၏ပိုင်ဆိုင်မှုတစ်ဝက်ကို ခွဲပေးရန် ‌နှမြောစွာဖြင့် ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်၏။

သို့သော် ယခုတော့ ရှုပိုင် လက်လွှတ်မခံနိုင်သော အခွင့်အရေးတစ်ခု ရှိနေလေပြီ။ သူအနေဖြင့် ကျီးနတ်မင်းမျိုးနွယ်စုကို ဘယ်တော့မှ တိုက်ခိုက်မည်မဟုတ်။ အခြေခံအားဖြင့် ပြောရလျှင် ဤပျက်သုဉ်းခြင်းကပ်ဘေး၌ နဂါးနက်မျိုးနွယ်စုနှင့် ကျီးနတ်မင်းမျိုးနွယ်စုမှာ ... မဟာမိတ်ဖွဲ့ရန် အသင့်အတော်ဆုံး မျိုးနွယ်စုဖြစ်သည့်အတွက်ပင်။

ရှုပိုင်သည် ထိုကိစ္စကို‌ ထောင့်စေ့အောင် တွေးခဲ့ပြီးဖြစ်၏။ "တစ်ကွဲတစ်ပြားဆို ကျရှုံးမယ်။ မဟာမိတ်ဖွဲ့တာက အကောင်းဆုံးဆုံးဖြတ်ချက်ပဲ။ ငါတို့ နတ်လေမျိုးနွယ်စုကို ရှာပြီး သုံးစုမဟာမိတ်အဖွဲ့ ထူထောင်နိုင်ရင်တော့ အနက်ရောင်နယ်မြေရဲ့အပြင်နားက အဲ့ဒီ‌ခွေးမသားဓားပြတွေကို တိုက်ခိုက်နိုင်ပြီ" ကျီးနတ်မင်းမျိုးနွယ်စုနှင့် နတ်လေမျိုးနွယ်စုလည်း ထိုကဲ့သို့ တွေးနေသည်ဟု သူ အတပ်ပြောနိုင်၏။

အစုလိုက်အပြုံလိုက် သတ်ပွဲကြီး စတင်ခဲ့လေပြီ။ မန်ဟိုသည် ‌ရပ်လိုက်နိုင်စဉ် ပါးစပ်မှ သွေးများကို သုတ်လိုက်၏။ သူ့မှာ နဂါးနက်မျိုးနွယ်စုကို အာရုံမစိုက်အားပေ။ အဘယ်ကြောင့်ဆိုသော် သူ့အရှေ့ရှိ ဤထူးဆန်းသောရုပ်တုကြီးအား အာရုံအပြည့်အဝစူးစိုက်ရန် လိုအပ်သောကြောင့်ပင်။

သူ၏နတ်ဆိုးလှံက ရုပ်တုကြီး၏နဖူးကို ထိုးစိုက်ကာ ၎င်း‌‌ ခေါင်းကြီးအား ပြိုကွဲသွားစေသည်။ ထိုမျှသာမက လက်သုံးဖက်လည်း ကြေမွသွား၏။

သို့သော် နတ်ဆိုးလှံက တစ်ပတ် ပြန်လှည့်ပြီး ‌ရုပ်တုကြီးကို ထပ်မံ ထိုးစိုက်လိုက်ပြန်သော်လည်း ၎င်းမှာ ထိခိုက်မှုတစ်စုံတရာမရှိပေ။ ၎င်းကား ရုတ်တရက်ကြီး လှံပြီးသွားသည့်အလားပင်။

ဤအခြင်းအရာက မန်ဟို့ကို ရင်ဒိန်းခနဲ ခုန်သွားစေ၏။ ရုပ်တုကြီး၏ ကျန်ရှိသော မျက်လုံးတစ်ဖက်က အေးစက်စွာ လက်သွားပြီး သူ့ကို ကြည့်ပြန်သည်။ မန်ဟိုသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သွေးမျက်နှာဖုံးကို ထုတ်၍ တပ်လိုက်၏။ ချက်ချင်းပင် သွေးအခိုးအငွေ့များ သူ၏ပတ်ပတ်လည်တွင် လှိုင်းလုံးကြီးသဖွယ် တလိပ်လိပ်လှုပ်ရှားလာသည်။

"ကျီမျိုးနွယ် သွေးကိုယ်ပွား" မန်ဟို့မျက်လုံးများ အရောင်လက်သွားပြီး သူ့နဖူးမှ အနီရောင်ခြည်ဖြာထွက်လာ၏။ တစ်ချိန်တည်းမှာပင်‌ သွေးမျှင်များက သွေးစက်တစ်စက်ဖြစ်လာသည်။ ၎င်းသည် တွန့်လိမ်လူးလွန့်ရင်း ပြန့်ကားလာကာ မန်ဟိုနှင့်တစ်‌ပုံစံတည်းတူသော သွေးကိုယ်ပွားအသွင်ပြောင်းသွားလေပြီ။ ရုပ်တုကြီး၏ ပါးစပ်ကြီး ထပ်မံ၍ စကားပြောတော့မည့်အလား ဟလာစဉ် သွေးကိုယ်ပွားက ၎င်းထံသို့ လျစ်ခနဲ ပြေးဝင်သွား၏။

ရုပ်တုကြီးက ချက်ချင်း ပါးစပ်ပြန်ပိတ်လိုက်သည်။ ၎င်းက သွေးကိုယ်ပွားကို ၎င်းအား ဝင်တိုက်ခွင့်ပေးလိုက်သည့်တိုင် ပဲ့ရာလေးပင် မထင်လိုက်ပေ။ မန်ဟို့မှာ ဤအခြင်းအရာကို ယုံရခက်နေတော့သည်။ ရုပ်တုကြီးကို ထိုး‌ခွင်းလိုက်သော သွေးကိုယ်ပွားမှာလည်း နားမလည်တော့သည့်အလား အံ့အားသင့်သွားသည်။

ဤအခိုက်အတန့်တွင် လက်ပွားရုပ်တုကြီး၏ ကြောက်မက်ဖွယ်ရာအသံကြီးအား နောက်တစ်ကြိမ် ကြားလိုက်ရသည်။ "ဖျက်စီးခြင်း"

မန်ဟို့စိတ်ထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွား၏။ ရုတ်တရက် သူ၏စိတ်မှာ ယခင်အသုံးပြုခဲ့သော ဓာတ်ငါးပါးစွမ်းအားထက် အဆသုံးဆတိတိ ပို၍ ပြင်းထန်သော စွမ်းအားကြီးဖြင့် ပေါက်ကွဲသွားသည်။ ဓားတစ်လက်က သူ့ဦးနှောက်ကို ပါးပါးလှီးရင်း သူ၏စိတ်အတွင်းသို့ ထိုးဖောက်ကာ အရာအားလုံးကို မွှေနှောက်လှီးဖြတ်နေသည့်အလားပင်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး မျက်နှာမှာလည်း သွေးမရှိတော့ပေ။ သူ့မှာ ရုတ်တရက်ကြီး အလွန်တရာအားနည်းသွားလေပြီ။

ဤရုပ်တုကြီး၏ နတ်ဘုရားစွမ်းရည်မှာ အတိုင်းထက်အလွန် ထူးဆန်းပြီး မန်ဟို့မှာ ၎င်းအား တားဆီးရန် အစွမ်းအစမဲ့နေတော့သည်။ သူက လျှာထိပ်ကို ကိုက်ရင်း ထိုနာကျင်မှုဖြင့် ခေါင်းကြည်စေလိုက်သည်။ သူသည် မျက်လုံးများနီရဲနေလျက် နောက်ဆုတ်မည့်အစား ရုပ်တုကြီးဆီသို့ တဟုန်ထိုး ထွက်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွားလေပြီ။

" သွေးကိုယ်ပွားအလုပ်မလုပ်ဘူး " သူက အမြန်နှုန်းကို မြှင့်ရင်းတွေးသည်။ သူသည် အစိမ်းရောင်အငွေ့တန်းအသွင်ပြောင်းပြီးနောက် မဟူရာလတစ်စင်းအသွင် ပြောင်းသွား၏။ ထို့နောက် သူက ညာလက်ကိုမြှောက်ရင်း အနားကပ်လာလေသည်။ ရုတ်ရက် သွေးအင်မိုတယ်နတ်ဘုရားစွမ်းအင်များ ထွက်ပေါ်လာ၏။ ၎င်းတို့အားလုံးကို ထုတ်လွှတ်လိုက်သဖြင့် ပေါက်ကွဲသံများ လေတွင် ဆူညံသွားသည်။ သို့သော်လည်း နတ်ဆိုးလှံနည်းတူ မည်သည့်အရာကမှ ရုပ်ထုကြီးကို ထိခိုက်အောင် မစွမ်းဆောင်နိုင်ပေ။

ဤအခြင်းအရာက မန်ဟိုကို မျက်နှာပျက်သွားစေ၏။ သူသည် လက်ကို ဝှေ့ယမ်းလိုက်သဖြင့် ပဒုမ္မာဓား၀င်္ကပါပေါ်ပေါက်လာသည်။ ၎င်းသည် တဟူးဟူးလည်ပတ်ရင်း အချိန်စွမ်းအားကို ထုတ်လွှတ်လိုက်၏။ သို့ရာတွင် ၎င်းတို့သည်လည်း အချည်းနှီးသာ။

" နတ်ဘုရားစွမ်းအင်တွေလည်း အသုံးမတည့်ဘူး။ မှော်ပစ္စည်းတွေလည်း သုံးလို့မရဘူး။ နတ်ဆိုးလှံကလည်း တစ်ခါပဲ အလုပ်လုပ်တယ်။ ဒီရုပ်ထုကြီးက ဘာတွေနဲ့များလုပ်ထားတာပါလိမ့် " မန်ဟိုသည် ခေါ

All Chapters