← Chapters

ဓာတ်ငါးပါး ယာယီပေါင်းစုခြင်း

Vol. 37 Ch. 514

ဓာတ်ငါးပါး ယာယီပေါင်းစုခြင်း

Vol. 37 Ch. 514

လေတိုက်နေခြင်း မရှိသော်ငြား မန်ဟို၏ဆံပင်များမှာ မျောလွင့်လျက်ရှိသည်။ မျက်လုံးများသည်လည်း နက်နဲသိမ်မွေ့သောအလင်းရောင်ဖြင့် တောက်ပနေ၏။ သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ နီရဲတောက်နေပြီဖြစ်သည်။ ‌အောက်ရှိ သွေးကန်မှာ တပွက်ပွက်ဆူလာပြီး လေပေါ် မြောက်တက်လာ၏။

ဤရွေ့ဤမျှသာဆိုလျှင် သွေးဆေးမင်ကြောင်၏ ‌အမှန်တကယ် ‌ကြောက်မက်ဖွယ်ရာကောင်းမှုမှာ ထင်ရှားပေါ်လွင်မည်မဟုတ်ပေ။ သို့သော် ခန္ဓာကိုယ်အတွင်းရှိ သွေးများ ရုတ်တရက် ထိန်းမနိုင်သိမ်းမရဖြစ်လာသည်ကို ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး ခံစားလိုက်ရသည်။ ၎င်းတို့မှာ အတွင်းထဲမှ အပြင်သို့ ပေါက်ထွက်တော့မည့်အလားပင်။

ဓားပြမျိုးနွယ်ဝင်များနည်းတူ မဟူရာဂိတ်တံတိုင်းအပေါ်ရှိ ကျင့်ကြံသူများလည်း ခံစားနေရ၏။

အရာအားလုံး မှေးမှိန်မှောင်မိုက်လာသည်။ လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ တလိပ်လိပ် အုံကြွလာ၏။ ကမ္ဘာသစ်မိစ္ဆာများအကြား၊ လေလယ်တွင် မန်ဟို၏လက်ခလယ်ကို ဗဟိုပြုလျက်ရှိသော သွေးရေတံခွန်တစ်ခုအား မြင်နိုင်လေသည်။

တစ်ချိန်တည်းမှာပင် အနက်ရောင်နယ်မြေ၏နယ်စပ်မှ အတန်ငယ်လှမ်းသော တောင်ပိုင်းဒေသတွင်....

ရှေးကံကြမ္မာဆိုးဘုရား‌ကျောင်းမှ သွေးရောင်အလင်းတစ်ခု ဖြာထွက်လာသည်။ ဤအလင်းရောင်သည် တောင်ပိုင်းဒေသ၏ ဂိုဏ်ကြီးများနှင့် မဟာမျိုးနွယ်စုများကို ချက်ချင်း အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေ၏။

ရှေးကံကြမ္မာဆိုးဘုရားကျောင်းအတွင်းရှိ နတ်ရုပ်တုအလုံးစုံ မျက်ရည်ကျနေကြလေသည်။ ၎င်းသည် တောင်ပိုင်းဒေသတစ်ခုလုံးအား လှုပ်လှုပ်ရှားရှားဖြစ်သွားစေသော ထူးခြားဆန်းကြယ်မြင်ကွင်းကြီး ဖြစ်၏။

ဤရုပ်တုကြီးများမှာ သွေးအင်မိုတယ် ကမ္ဘာလောကသို့ ပြန်ရောက်လာသဖြင့် ၎င်း၏တန်ခိုးကို အောက်မေ့နေကြသယောင်ပင်။

ထိုစဉ် အနောက်ပိုင်းသဲကန္တာရ၊ မဟူရာဂိတ်တံတိုင်းကြီး၏အပြင်တွင်

မန်ဟိုသည် ဓားပြမဟာမိတ်အဖွဲ့၏ အံ့ဩတုန်လှုပ်နေသောပညာရှင်များကို ဖြေးညှင်းစွာ မော့ကြည့်လိုက်သည်။

"ကျီးမျိုးနွယ်ကိုယ်ပွားနဲ့ သွေးအရုပ်ကို ဖော်ဆောင်ပြီးပြီ။ သူ့ကို ခရမ်းမိုးနဲ့ နှိုင်းယှဉ်လို့ မရတာကြောင့်မလို့ အတည်မထားချင်ဘူး။ ဒါပေမဲ့ ဓာတ်ငါးပါးစက်ဝန်းအပြည့်ကို ယာယီရဖို့အတွက်ဆိုရင်တော့ အလုပ်ဖြစ်လိမ့်မယ်.... ဒါမှမဟုတ် သွေးအရုပ်ကို အခြေခံအုတ်မြစ်အနေနဲ့သုံးပြီး ခရမ်းမိုးနှင့် ပေါင်းစည်းလို့ရရင် ရလောက်မှာ။ ဒါဆိုရင် ငါ ရေအမျိုးအစားအရုပ်ရဲ့ မဟာစက်ဝန်းအဆင့်ကို တက်လှမ်းနိုင်ပြီ" မန်ဟိုသည် မျှော်လင့်ချက်များဖြင့် မျက်လုံးများ တောက်ပနေလျက် လက်ကို မြှောက်ပြီး လက်ခလယ်ကို နဖူး‌အပေါ်သို့ ဖိချလိုက်သည်။

"ဓာတ်ငါးပါး.... ယာယီပေါင်းစည်းစေ"

ရွှေကျီးကန်း၏ စိတ်ဝိညာဉ်မှ မွေးဖွားလာသော စွမ်းအား... သတ္တုဓာတ်။

သစ်စိမ်းပင်ကြီး၏ အကန့်အသတ်မဲ့သော အသက်စွမ်းအား.... သစ်သားဓာတ်။

နှင်းမြေမိစ္ဆာဧကရာဇ်ကို မွေးဖွားပေးခဲ့သော နှင်းမြေကြီး... မြေဓာတ်။

ထာဝရမီးတောက်... မီးဓာတ်။

ယခု သွေးအသွင်ပြောင်းသွားသော သွေးအင်မိုတယ်၏ ‌အမွေအနှစ်စွမ်းအား... ရေဓာတ်။

ဤအခိုက်တွင် ဓာတ်ငါးပါးလုံး မဟာစက်ဝန်းအဆင့် ရောက်ရှိသွား၏။ ယာယီစက်ဝန်းတစ်ခုသာ ဖြစ်ပါသော်လည်း ၎င်းက မန်ဟို၏ ကျင့်ကြံခြင်းအခြေခံကို တဟုန်ထိုး မြင့်တက်သွားစေသေးသည်။ သူ၏ ပြီးပြည့်စုံသော ရွှေအမြုတေမှ အဆုံးမဲ့ရွှေအလင်းရောင်ကို ထုတ်လွှတ်ပေးနေ၏။ ပြောင်းလဲခြင်းတစ်ခု စတင်ဖြစ်ပေါ်လာပြီး ... အထဲတွင် အနုသုခုမရုပ်ခန္ဓာအား မြင်လာရလေပြီ။

တစ်ချိန်တည်းမှာပင် ဓာတ်ငါးပါးလည်း ပေါင်းစည်းလာကြ၏။

သတ္တု ၊ သစ်သား ၊ ရေ ၊ မြေ ၊ မီး။ ဓာတ်ငါးပါးသည် တစ်သားတည်းဖြစ်ကာ အချင်းချင်း အားဖြည့်ပေးလိုက်၊ ထိန်းချုပ်လိုက်နှင့် ပုဗ္ဗသဟဇစိတ်ဆန္ဒတစ်ခုကို အတူတကွ ဖန်တီးလိုက်သည်။ ဤစိတ်ဆန္ဒအတွင်းတွင် အလင်းမျှင်လေးတစ်မျှင် ပေါ်လာလေသည်။

ဤအလင်းရောင်သည် သတ္တုအရုပ်‌ဆေးမင်ကြောင်၏အရောင်၊ ဓာတ်ငါးပါးထဲက သတ္တုဓာတ်၏အရောင်၊ ရွှေရောင်ဖြစ်လေ၏။ ၎င်းသည် မန်ဟို၏ ပြီးပြည့်စုံသော ရွှေအမြုတေနှင့်လည်း အရောင်တူသည်။ ရွှေအလင်းရောင် ဖြာထွက်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို၏ ကျင့်ကြံခြင်းအခြေခံ တဟုန်ထိုး မြင့်တက်သွားသည်။

၎င်းသည် မရပ်မနားဘဲ ဆက်တိုက်တက်နေ၏။ မျက်စိတစ်မှိတ်အတွင်း သူကား.... ရွှေအမြုတေအဆင့်မှ ဖောက်ထွက်ကာ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်သို့ ဝင်ရောက်သွားလေပြီ။

သူ၏ပြီးပြည့်စုံသော ရွှေအမြုတေမှာ အ‌ရည်ပျော်ကျလာပြီး အထဲမှ မန်ဟိုတစ်ယောက်တည်း ပိုင်ဆိုင်သော အနုသုခုမရုပ်ခန္ဓာတစ်ခု ထွက်လာလေသည်။

ယခုတွင် မန်ဟိုသည် အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကို မျက်စိမှိတ်သတ်နိုင်ပြီး အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ကို တုန်လှုပ်စေကာ၊ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ကို ထိန်းထားနိုင်လေပြီ။ အနိုင်ယူနိုင်ဖို့ရန်တော့ မသေချာ။ မည်သို့ဆိုစေ ဤသည်မှာ အမြုတေဖြစ်တည်မှုအဆင့်တစ်ယောက် ပိုင်ဆိုင်နိုင်မည်မဟုတ်သော စွမ်းအားဖြစ်လေ၏။ မန်ဟို့၏ ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာမှာ အရုပ်ဆေးမင်ကြောင်တစ်ရုပ် တစ်ကြိမ်ပေါ်လာတိုင်း အဆင့်တစ်ဆင့် ပြီးမြောက်အောင်မြင်ခဲ့လေသည်။ ယခု သူ့၌ ကျင့်ကြံခြင်းလောကကို မတုန်စဖူး ဖိမ့်ဖိမ့်တုန်သွားစေနိုင်သော အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားလေပြီ။

အံဩဖွယ်ကောင်းစွာနှင့် အပြင်လူများ၏ နတ်ဘုရားအာရုံမြင်ကွင်းထဲတွင် မန်ဟိုသည် အမြုတေဖြစ်တည်မှု မဟာစက်၀န်းအဆင့်သာ ဖြစ်ခဲ့၏။ သို့သော် ဘယ်သူမှ သူက အနုသုခုမရုပ်ခန္ဓာအဆင့် မဟုတ်ဟု မငြင်းဆိုနိုင်ခဲ့ပေ။ လူတော်တော်များများမှာ မန်ဟိုသည် အမြုတေဖြစ်တည်မှု အဆင့်ပုံစံပေါက်အောင် တမင်တကာ ဟန်ဆောင်ထားခဲ့သည်ဟု ယူဆခဲ့ကြလေသည်။

လောလောဆယ်တွင် .... မန်ဟို၏ ကျင့်ကြံခြင်းအ‌ခြေံခံ မြင့်တက်သွားပြီး အနုသုခုမရုပ်ခန္ဓာစဦးပိုင်းသို့ ၀င်ရောက်သွားသည့် အခိုက်အတန့်၌ အနုသုခုမရုပ်ခန္ဓာတစ်ခု သူ၏ ရွှေအမြုတေအတွင်း၌ ဖြစ်ပေါ်လာ၏။ စောင့်ကြည့်နေသော ကျင့်ကြံသူအားလုံး၏ မျက်နှာများမှာ မယုံနိုင်မှုတို့ဖြင့် ပြည့်နှက်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။

" သူက ... ကျင့်ကြံခြင်း‌အခြေခံအဆင့် တက်လာတယ်။ သူက အနုသုခုမရုပ်ခန္ဓာအဆင့်မှာ မဟုတ်ဘူးလား"

"ဘယ်လို ...ဘယ်လိုလုပ် ဖြစ်နိုင်မှာတုန်း။ သူက အနုသုခုမရုပ်ခန္ဓာအဆင့်ကို တက်သွားတယ်ဟုတ်လား။ အရင်က သူက တကယ်ကြီး အမြုတေဖြစ်တည်မှုအဆင့် ကျင့်ကြံသူလေးပဲတဲ့လား"

"မဖြစ်နိုင်ဘူး။ မဟုတ်မှ အစတုန်းက အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူဖြစ်ခဲ့ပေမယ့် အ‌ခြေအနေတစ်ခုခုကြောင့် ကျင့်ကြံအဆင့် ကျဆင်းပြီးတော့ အခုမှ ပြန်တက်သွားတာ မဟုတ်ဘူးလား " အံသြတကြီး ရေရွတ်နေသံများ စစ်မြေပြင်တစ်လျှောက် ပျံ့နှံ့နေပြီး မဟူရာဂိတ်တံတိုင်းကြီး၏ သူရဲခို‌အပေါ်ရှိ ပရိသတ်များနှင့် ကမ္ဘာသစ်မိစ္ဆာအုပ်ကို ထိုးဖောက်၍ တိုက်ခိုက်ရန် ကြိုးစားနေသော ဓားပြမျိုးနွယ်စု၏ ထိပ်သီးပညာရှင်များ အကြားတွင်ပင် ဆူညံနေတော့သည်။

သူတို့ အံ့ဩ၍ပင် မဆုံးသေးခင် မန်ဟို့ထံမှ ရွှေရောင်အလင်းအပြင် ဒုတိယအလင်းတန်းတစ်တန်း ဖြာထွက်လာ၏။

အစိမ်းရောင်

တလက်လက်တောက်ပနေသော အစိမ်းရောင်အလင်းသည် ရွှေ‌ရောင်အလင်းနှင့် ရောယှက်သွား၏။ အကန့်အသတ်မဲ့သော အသက်စွမ်းအားတို့က ရုတ်တရက် မန်ဟို့ထံမှ ပေါက်ကွဲထွက်သွားသဖြင့် သူ၏ ဆံပင်များ တလွင့်လွင့် ‌ပျံ့လွင့်သွားလေသည်။ ဤအခိုက်အတန့်တွင် ... သူ၏ကျင့်ကြံခြင်း အခြေခံသည် ပို၍ပင် မြင့်တက်သွားပြီဖြစ်၏။ ယခုတွင် သူကား အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်နှင့် ခြေတစ်လှမ်းမျှသာ ကွာဝေးတော့သော အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်၏ အထွတ်အထိပ်တွင် ဖြစ်လေသည်။

ယခုကဲ့သို့ ရုတ်တရက် ဖောက်ထွက်သွားခြင်းက စောင့်ကြည့်နေသော လူတိုင်း၏ စိတ်ကို တုန်လှုပ်သွားစေသည်။ မန်ဟို ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည့် အချိန်မှာပင် သူ၏အနောက်၌ အရောင်သုံးရောင်ပေါ်လာခဲ့လေပြီ... သုံးရောင်ခြယ်ကောင်းကင်။

ရွှေ‌ရောင်၊ အစိမ်းရောင်အပြင် ရေအ‌မျိုးအစားသွေးအရုပ် ကိုယ်စားပြုသည့် အနီရောင်။

မန်ဟို၏ ကျင့်ကြံခြင်းအခြေခံ နောက်တစ်ဖန် ဆက်လက် မြင့်တက်သွားနေစဉ် သူ၏အနောက်တွင် ပေါ်လာခဲ့သော သုံးရောင်ခြယ်ကောင်းကင်မှာ အထက်‌ကောင်းကင်တွင် ရောင်ပြန်ဟပ်နေတော့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်မှ အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်သို့ ရောက်သည့်တိုင်အောင် အတားအဆီးများကို ချိုးဖျက်ရင်း မရပ်မနား ထိုးတက်သွား၏။

ဤအခိုက်အတန့်တွင် ကြည့်ရှူနေကြသူတိုင်း၏ မျက်နှာများမှာ အံ့ဩမယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေတော့သည်။ သောလန်မှာ စိတ်ပင်မကူးကြည့်နိုင်သော တစ်စုံတရာကို မြင်တွေ့နေရသကဲ့သို့ မျက်ဝန်းအစုံ ပြူးကျယ်ဝိုင်းစက်နေလေ၏။ ကျန်းဝမ်ကျို၏ မျက်လုံးများသည်လည်း ‌ပိုပို၍ အာရုံစူးစိုက်လာနေသည်။

ထို့နောက် လောကကြီး တုန်လှုပ်သွားသော လေးရောင်မြောက်အရောင် ဘွားခနဲ ပေါ်လာခဲ့လေပြီ။ အဝါရောင်။

မန်ဟို့အနောက်တွင် လေးရောင်ခြယ်ကောင်းကင်တစ်ခုအား မြင်ရနိုင်၏။ သူ၏ကျင့်ကြခြင်းအခြေခံမှာ အဆင့်တက်ခြင်း ရပ်မသွားဘဲ တဟုန်ထိုး ဆက်တက်နေသည်။ သူလုပ်ဆောင်ခဲ့သော အကွက်ကျကျပြင်ဆင်မှုအားလုံးမှာ ယခုတော့ ချောက်ချားဖွယ်ရာ ရလဒ်များအား ထွက်ပေါ်နေစေပြီဖြစ်သည်။

သူ၏စွမ်းအား အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာပြီး သူ၏အရှိန်အဝါလည်း အဆများစွာ ပြောင်‌မြောက်လာနေစဉ် သူ့အနောက်၌ အလင်းတန်းငါးတန်းသည် တစ်တန်းနှင့်တစ်တန်း လိမ်ယှက်ကာ ငါးရောင်‌ခြယ်ကောင်းကင်တစ်ခုကို ဖန်တီးပေးလိုက်လေပြီ။

ထိုငါးရောင်မြောက်ကား ... အနက်ရောင်ဖြစ်ပေ၏။

ဓာတ်ငါးပါး၊ အရောင်ငါးရောင်။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် မန်ဟို့ကို ဝန်းရံလျက် လည်နေသော ငါးရောင်ခြယ်ကောင်းကင်တစ်ခု ဖြစ်လာခဲ့လေပြီ။ သူ၏အဝတ်များမှာ တဖတ်ဖတ် လွင့်နေပြီး သူ့ဆံပင်တို့လည်း ဖရိုဖရဲဖြစ်နေချေသည်။ သူ၏မျက်လုံးများကတော့ ထူးခြားဆန်းကြယ်သောအလင်းရောင်ဖြင့် တောက်ပနေတော့သည်။

မန်ဟိုသည် ကျောနောက်၌ ငါးရောင်ခြယ်ကောင်းကင်၊ ခန္ဓာကိုယ်မှ ငါးရောင်ခြယ်အလင်းကို ထုတ်လွှတ်ရင်း ပျံဝဲလျက်ရှိ၏။ ဤအခိုက်အတန့်တွင် သူ၏ကိုယ်ပေါ်၌ မည်သည့်အရုပ်ဆေးမင်ကြောင်ကိုမှ မမြင်ရတော့ပေ။ သူပိုင်ဆိုင်သမျှမှာ ... ငါးရောင်ခြယ်ကောင်းကင်နှင့် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းလှသာ အရှိန်အဝါတစ်ခု ဖြစ်ပေ၏။

ဤအရောင်ငါးရောင်သည် မန်ဟို၏ဓာတ်ငါးပါးမှ အရင်းခံသည်။ ရွှေရောင်က သတ္တုစာလုံးဆေးမင်ကြောင်မှ လာသည်။ အစိမ်းရောင်က သစ်သားစာလုံးမှဖြစ်သည်။ ရေအမျိုးအစားသွေးက အနီရောင်ကို ဖော်ဆောင်သည်။ နှင်းမြေကြီးက အနက်ရောင်ကို ဆောင်ကြဉ်း‌လေ၏။

နောက်ဆုံးကား မီး။ ၎င်းသည် အနီရောင်မဟုတ်၊ ကောင်းကင်အထိတိုင် ‌ဟုန်းဟုန်းတောက်နေသော အဝါ‌ရောင်မီး‌ညွှန့်ဖြစ်‌လေသည်။

သူ၏ကျင့်ကြံခြင်းအခြေခံမှာ နောက်ဆုံးအကြိမ် ထိုးတက်သွားလေပြီ။ သူ၏ အရှိန်အဝါ၊ အရောင်အဝါများသည် အံ့မခန်းဖွယ်ရာ ပြင်းအားကြီးဖြင့် ဖြာထွက်လာရာ ‌စောင့်ကြည့်နေသော ကျင့်ကြံသူတိုင်းမှာ ကြောက်ရွံထိတ်လန့်ပြီး တုန်ရီသွားစေတော့သည်။

နောက်ဆုံးတွင် သူသည် အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူကား အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်မှ ... ဆံချည်မျှင်တစ်မျှင်လေးသာ ကွာဝေးတော့လေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံ တဟုန်ထိုး မြင့်တက်နေခြင်းလည်း ရပ်တန့်သွားသည်။ စစ်မြေပြင်ပေါ်ရှိ လူတိုင်းမှာ မန်ဟို့ကို ကြည့်ရင်း မှင်သက်နေကြ၏။

ဤကျင့်ကြံခြင်း‌အခြေခံ တဟုန်ထိုး မြင့်တက်သွားခြင်းမှာ သူ၏ ရွှေအမြုတေကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ခြင်း‌ကြောင့် ဖြစ်လေသည်။ ဤအခိုက်အတန့်တွင် သူသည် ချုပ်တည်းထားခဲ့သော အရာအားလုံးကို ဖြေလွှတ်လိုက်သဖြင့် အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့် အထွတ်အထိပ်သို့ ရောက်သည့်တိုင်အောင် ထိုးတက်သွားခဲ့ခြင်းပင်။

အစတုန်းက သူသည် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ဖြင့် တိုက်ခိုက်နိုင်သည်။ ယခုတော့ မန်ဟိုကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို တုန်လှုပ်သွားစေနိုင်သော အဆင့်တော့ မဟုတ်သော်လည်း ထိုအဆင့်အောက်ရှိ မည်သည့်ရန်သူကိုမဆို ကြက်ကလေး၊ ငှက်ကလေးလို ချေမှုန်းသတ်ဖြတ်နိုင်သည်အထိ အစွမ်းထက်နေပြီဖြစ်လေသည်။ သူသည် ဓားပူပူဖြင့် ထောပတ်ကို လှီးချလိုက်သကဲ့သို့ မည်သူကိုမဆို ပိုင်းဖြတ်နိုင်ပြီ ဖြစ်သည်။

သို့သော်လည်း မန်ဟိုက သက်ပြင်းတစ်ချက် ချလိုက်‌သေး၏။

" ငါသာ ဒီခရမ်းမိုးကို နားလည်မယ်ဆိုရင် အဲ့ဒါကို သွေးအရုပ်နဲ့ ပေါင်းစည်းပြီ မဟာစက်၀န်းအဆင့် ရေအမျိုးအစား အရုပ်ကို ဖန်တီးနိုင်ပြီ။ အဲ့ဒီလို ဖြစ်တဲ့အခါမှာဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းအခြေခံက သေချာပေါက် အနုသုခုအရုပ်ခန္ဓာ အလယ်အလတ်အဆင့်ကို ချိုးဖျက်နိုင်သွားမှာပဲ " မန်ဟိုသည် သူ၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံမှာ ဓာတ်ငါးပါး၏ အစစ်အမှန် မဟာစက်၀န်းအဆင့် မဟုတ်သဖြင့် အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်ထက် လွန်အောင် တွန်းပို့၍မရနိုင်ပေ။

ထိုသည်က သူအမှန်တကယ် လိုချင်သည့် အရာမဟုတ်။ ဤဓာတ်ငါးပါးအနက် ရေဓာတ်တွင် သွေးအင်မိုတယ်၏ သွေးပါရှိနေသည်။ သူ လိုချင်သည့်အရာကား အနောက်ပိုင်းသဲကန္တာရ ပျက်သုဉ်းခြင်းကပ်ဘေး ခရမ်းမိုးဖြစ်လေသည်။

ယင်းက သူ၏ ရွေးချယ်မှုပင်။

လက်ရှိအချိန်တွင်တော့ သူ၏ ဓာတ်ငါးပါးကျင့်ကြံခြင်း ‌အခြေခံမှာ ယာယီပေါင်းစည်းခြင်း တစ်ခုသာ ဖြစ်လေ၏။ အမှန်တွင် သူ၏ အနုသုခုမရုပ်ခန္ဓာမှာ ပုံရိပ်ယောင်ဖြစ်ပြီး ဓာတ်ငါးပါးမှာလည်း အပြည့်အ၀ပေါင်းစည်းခြင်း မရှိသေးပေ။ သူသည် ငါးရောင်ခြယ်ရုပ်ခန္ဓာကို ဖော်စပ်ခဲ့ခြင်းမဟုတ်။ သူ ထိုသို့ ဖော်စပ်လိုက်လျှင် သူ၏ ကျင့်ကြံခြင်းအခြေခံက တည်ငြိမ်သွားမည် ဖြစ်သည်။

ရုတ်တရက် ထူးဆန်းသော အလင်းရောင်တစ်ခု သူ၏ မျက်လုံးအထဲတွင် ပေါ်ပေါက်လာ၏။ သူသည် မရေမတွက်နိုင်သော ကမ္ဘာသစ်မိစ္ဆာများနှင့် ဓားပြမျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်များ၊ အရုပ်ဘိုးဘေးကြီးများကို လှမ်းကြည့်လိုက်သည်။

" အခုအချိန်က ဒီဓာတ်ငါးပါး ယာယီပေါင်းစည်းမှုရဲ့ အတိုက်အခိုက်စွမ်းရည်ကို စမ်းကြည့်ဖို့ အချိန်ကျပြီ ထင်တယ် " သူက တစ်ယောက်တည်း ရေရွတ်နေသည့် အချိန်မှာပင် ကမ္ဘာသစ်မိစ္ဆာများသည် ဟိန်းဟောက်ပြီး ဓားပြမျိုးနွယ်စု၏ အစွမ်းပညာရှင်များအပေါ်သို့ ခုန်အုပ်လိုက်သဖြင့် ထိုသူတို့မှာ သူတို့ကိုယ်သူတို့ ကာကွယ်နေရတော့သည်။ ထိုစဉ် အနုသုခုမရုပ်ခန္ဓာအဆင့် ပညာရှင်ထဲက တစ်ယောက်မှာ ကမ္ဘာသစ်မိစ္ဆာများကြောင့် အခြားသူများနှင့် လူစုကွဲသွား၏။ လစ်ဟပ်သွားသည့် နေရာကြီးကား ဘွင်းဘွင်းကြီး ထင်းနေပြီး သူ့ကို မန်ဟို၏မြင်ကွင်းနှင့် တစ်တန်းတည်းဖြစ်သွားစေတော့သည်။

အဘိုးကြီးနှင့် မန်ဟိုက တစ်ယောက်ကို တစ်ယောက် အတန်ကြာသည်အထိ ကြည့်ပြီး မန်ဟို အေးစက်စက် ပြောလိုက်သည်။ "လာခဲ့စမ်း"

"သွေးနားထင်ရောက်နေတဲ့ကောင်" နတ်ဆရာကြီးဖြစ်‌သော ထိုအဘိုးကြီးက ဟိန်းဟောက်လိုက်သည်။ သူသည်‌ သွေးအေးသော မျက်လုံးများဖြင့် အသေးစားနေရာရွှေ့ပြောင်းရင်း မန်ဟို့ဆီ ဦးတည်လာနေ၏။

ခေါင်းကိုင်ဖခင်နှင့် အကြီးအကဲများအပါအဝင် သူ၏ကျန်မျိုးနွယ်ဝင်များမှာ နတ်ဆိုးနှလုံးသားပန်းကြောင့် အသတ်ခံခဲ့ကြရသည်။ ယခုတွင် သူ၏မျိုးနွယ်စုမှ အစွမ်းထက်ဆုံးပညာရှင်ဟူ၍ သူတစ်ယောက်သာ ကျန်ရှိတော့လေသည်။ သူက ပြင်းပြသော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် မျက်လုံးများ မီးဝင်းဝင်းတောက်လျက် မန်ဟို့ဆီ ပြေးဝင်လာသည်။ သူ အနားရောက်လာစဉ် ခေါင်းထက်၌ သူ၏ကိုယ်ပိုင်အရုပ် မှော်ဆန်ဆန် ထွက်ပေါ်လာ၏။ ၎င်းသည် ဧရာမကြယ်ကြီးတစ်စင်းဖြစ်ကာ မီတာသုံးထောင်ကျယ်ဝန်းသော ကျောက်ဆောင်ကြီးတစ်ခုဖြစ်သွားလေသည်။ ထို့နောက် ၎င်းက ဂျိန်းခနဲ ထစ်ချုန်းရင်း မန်ဟို့ဆီ လေကိုခွင်းလာ၏။

မန်ဟိုသည် တည်ငြိမ်အေးဆေးစွာဖြင့် ‌ပျံဝဲနေသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ငါးရောင်ခြယ်ကောင်းကင်အား လင်းခနဲ လက်သွားစေသည်။ ငါးရောင်ခြယ်အလင်းက ပြန့်ကားလာပြီး ဖျတ်ခနဲ အသံနှင့်အတူ ပျောက်ကွယ်သွား၏။ တခဏကြာသော် လာနေသော ကျောက်ဆောင်ကြီး တုန်ခါသွားပြီး လွင့်စင်ပြိုကွဲသွားလေပြီ။

ဤမြင်ကွင်းကြီးက စောင့်ကြည့်နေသူတိုင်းအား တုန်လှုပ်သွားစေလေသည်။ အထူးဖြင့် ပြေးဝင်လာနေသော နတ်ဆရာကြီးပင်။ သူ၏မျက်နှာ မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွား၏။ သည်အခိုက်အတန့်တွင် မန်ဟိုက လက်ကို ဝှေ့ယမ်း၍ အရှေ့ကို ညွှန်လိုက်သည်။

သူ လက်ညှိုးထိုးလိုက်စဉ် ငါးရောင်ခြယ်ကောင်းကင်သည် လှိုင်းထသွားပြီးနောက် ပျောက်ကွယ်သွား၏။ ၎င်း ပြန်ပေါ်လာသောအခါ မန်ဟို၏လက်ချောင်းပေါ်တွင် စုဆုံ‌နေခဲ့ပြီးလေပြီ။ ထို့နောက် သူ၏လက်ချောင်း ကျဆင်းလာပြီး မျက်စိကျိန်းမတတ်သော ငါးရောင်ခြယ်အလင်းကား အဘိုးကြီးထံ ပြေးဝင်သွားလေပြီ။

သူသည် နတ်ဆရာတစ်ဦးဖြစ်သော်လည်း သူ့မျက်နှာမှာ ရိပ်ခနဲ ပျက်ယွင်းသွားလေ၏။ သူ့မှာ ဟိန်းဟောက်ရင်း နတ်ဘုရားစွမ်းရည်များနှင့် ‌မှော်ပစ္စည်းများကို ထုတ်လွှတ်လိုက်လေသည်။ ထို့‌နောက် အသေးစားနေရာရွှေ့ပြောင်းခြင်းများ ဆက်တိုက် အသုံးပြုရင်း ပျောက်ကွယ်သွားကာ ခပ်လှမ်းလှမ်းတွင် ပြန်ပေါ်လာ၏။

သူသည် ‌ခြေမြန်လက်မြန်ဖြင့် လှစ်ခနဲ ရွေ့လျားသွားလေသည်။ ငါးရောင်ခြယ်အလင်းတန်း မည်မျှ မြန်ပြီး မည်မျှရက်စက်စေကာမူ သူ့ကို ထိနိုင်မည်မဟုတ်သည့်အလားပင်။ သို့သော် ... သူ၏ခန္ဓာကိုယ်ကြီး ရုတ်တရက် တုန်ရီလာသည်ကို တွေ့လိုက်ရ၏။ ငါးရောင်ခြယ်အလင်းက သူ၏ရင်ဘတ်အပေါ်တွင် ပေါ်လာ‌လေရာ သူ့မှာ သွေးတစ်ပွက်အန်လိုက်ရလေသည်။ သူသည် ပါးစပ်အဟောင်းသားနှင့် မယုံနိုင်စွာ ငုံ့ကြည့်မိရုံမှတစ်ပါး ဘာမှမလုပ်နိုင်တော့ပေ။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...."

"မြင်တဲ့အတိုင်းပဲ" မန်ဟိုက ဉာဏ်အလင်းတို့ ကွန့်မြူးနေသော မျက်ဝန်းများဖြင့် ခပ်အေးအေး ပြောသည်။ "ဓာတ်ငါးပါးစွမ်းအားကို ခင်ဗျား မရှောင်နိုင်ဘူး"

အဘိုးကြီးက ဘာမှမပြောသော်လည်း ခါးသီးနေသော အပြုံးတစ်ခု သူ၏မျက်နှာအပေါ်တွင် ဖြစ်ထွန်းသွားသည်။ ရုတ်တရက် သူ့ကိုယ်တွင်းရှိ သွေးအားလုံး ပေါက်ကွဲသွားသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး နီစွေးသွား၏။ ထို့နောက် တဖောက်ဖောက် အသံများကြားလိုက်ရပြီး ၎င်းမှာ သွေးမြူတိမ်ဘဝရောက်သွားလေပြီ။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်အတွင်းမှ ရွှေရောင်အလင်း ဖြာထွက်လာပြီး ကိုယ်အတွင်းရောအပြင်ပါ ရွှေအတိပြီးသော ရုပ်တုကြီးဖြစ်သွားလေသည်။ သို့သော် သူကား မသေသေး။ သူ ရှင်သန်ခွင့်ရသွားသော်လည်း ‌မြေပြင်သို့ ပြုတ်ကျသွားသည့်အခါတွင် ‌ညှင်းပန်းနှိပ်စက်မှုကြီးပမာ ဖြစ်သွား၏။ သို့သော် မီးတောက်များက သူ့ကိုယ်အတွင်းမှ တဟုန်းဟုန်းတောက်လာကာ သူ၏ခန္ဓာနှင့်ဝိညာဉ်ကို ပြာချလိုက်လေတော့သည်။

***

All Chapters