← Chapters

အပိုင်း(၃၆၄)

Vol. 25 Ch. 364

အပိုင်း(၃၆၄)

Vol. 25 Ch. 364

“ဘာ”

ဇီလင်း၏စကားတို့အားကြား

ပြီးသည့်နောက်တွင်  ရှစ်ဖုန့်တစ်ယောက်တုန်လှုပ်

အံ့အားသင့်သွားသည်။ သူမက ဇီယာ၌ ချစ်ရသောသူရှိသည်ဟုပြောခဲ့သည်။

ထိုချစ်ရသူက သူဖြစ်နေသည်လော။

ဤအရာကမဖြစ်နိုင်ပေ။

သို့သော်ယင်းက အမှန်တကယ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ  သူ့အနေဖြင့်

ဤဖြူစင်ပြီး ကြင်နာတတ်သော မြွေလူသားမလေး အားကယ်တင်ရလိမ့်မည်ဖြစ်သည်။

ထို့နောက်တွင် ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး  ကြယ်ခြောက်ပွင့်   အမှောင်အစီအရင်အတွင်း

သို့ဦးတည်လိုက်သည်။

“ခီးခီး..ခီးခီးခီးခီးခီး”

စူးရှရှအက်ကွဲကွဲနှင့်စိတ်မချမ်း

မြေ့ဖွယ်ကောင်းသော   ရယ်မောသံက ယဇ်ပူဇော်ခန်းမအတွင်း  ပဲ့တင်ထပ်နေသည်။ ဤကဲ့သို့ စူးရှသော ရယ်မောသံအားကြား

လိုက်ရသောအခါတွင်  ယင်းမြွေလူသားအားလုံး

အားအမွှေးများကို အဆုံးအထိထောင်မတ်သွားစေသည်။

“ဝုန်း.ဝုန်း..ဝုန်း”

ထို့နောက် မြေပြင်မှာ ပြင်း

ထန်စွာတုန်ခါလာပြီး   ယဇ်ပူဇော်ခန်းမတစ်ခုလုံးမှာစတင်၍   ပြင်းပြင်းထန်ထန် လှုပ်ခါလာသည်။

ရှစ်ဖုန့်က ကြယ်ခြောက်ပွင့်အမှောင်

ရှေးဟောင်းအစီအရင်အတွင်းသို့ဝင်ရာက်သွားသည်။သူ၏တစ်ကိုယ်လုံးတွင်   သွေးနီရောင်မီးတောက်တို့လောင်ကျွမ်းနေ၏။  သူကသွေးနီရောင်မီးတောက်

လူသားတစ်ယောက်အဖြစ်

သို့ပြောင်းလဲသွားပြီး  ကြယ်ခြောက်ပွင့်အမှောင်အ

စီအရင်မှထွက်လာသော

နတ်ဆိုးချီတို့အား  ခုခံလိုက်သည်။

မြေပြင်က ပြင်းထန်စွာလှုပ်ခါနေသကဲ့သို့  သွေးနီရောင်မီးတာက် လူသားအဖြစ်သို့ပြောင်းလဲသွားသော ရှစ်ဖုန့်မှာ  မုန်တိုင်းထန်နေသော

ပင်လယ်တစ်ခု၏ အလယ်က အထီးကျန်လှေငယ်လေး

တစ်စင်းကဲ့သို့ဖြစ်နေ၏။

ရုတ်တရက် မြေပြင်မှာကွဲအက်သောအသံ

တစ်ခုထွက်ပေါ်လာသည်။  ဤအသံအားကြားလိုက်ရသောအခါတွင်  ရှေးဟောင်းခန်းမအတွင်းရှိနေကြသော  မြွေလူသားများအားလုံးမှာ တုန်လှုပ်သွားကြသည်။ သူတို့၏ရှေးဦးဘိုးဘေးဘီဘင်

များလက်ဆင့်ကမ်းခဲ့သည့် ကြယ်ခြောက်ပွင့်အမှောင်

ရှေးဟောင်းအစီအရင်က နှစ်ဆယ်စင်တီမီတာခန့်ရှည်လျားသော  အက်ကွဲကြောင်းတစ်ခုအဖြစ်ပွင့်လာသည်။

ရှစ်ဖုန့်ပင် အက်ကွဲကြောင်းအတွင်းမှထွက်လာသောသိပ်သည်းသည့်နတ်ဆိုးချီတို့ကိုအာရုံခံမိသည်။သိပ်သည်းသောနတ်ဆိုးချီနှင့်ယှဉ်တွဲ၍  အလွန်စွမ်းအားကြီးသော အရှိန်အဝါတစ်ခုလည်းလိုက်ပါလာသည်။

“နတ်ဆိုးကိုဒီနေရာမှာထိန်းချုပ်

ထားတာပဲ…ဒါက ငါမမျှောင်လင့်ပဲကြုံတွေ့နိုင်

လိမ့်မယ်လို့ထင်ထားခဲ့တဲ့အရှိန်အဝါထက်ကို အများကြီးပိုအားကောင်းနေတယ်… ဒါက ဒီသခင်လေးတောင်   ခုခံဖို့စွမ်းအားမဲ့တယ်လို့ခံစားမိစေတဲ့အထိကို  အရမ်းအားကောင်းနေတာပဲ.

.သောက်ချီးပဲ.. ဒီသခင်လေးကနတ်ဆိုးရဲ့ တမန်တော်များဖြစ်နေတာလား…

ဘာလို့အမြဲတမ်း  ဒီသောက်အရာနဲ့ဘယ်သွားသွားကို ကြုံကြိုက်နေရတာလဲ..”

ရှစ်ဖုန့်ကသူ၏နှလုံးသားထဲမှနေ၍ ကျိန်ဆဲလိုက်သည်။

သူ၏မှတ်ဉာဏ်များကိုပြန်

လည်၍ရရှိစဉ်အချိန်ကတည်းမှစ၍  ဒုတိယမြောက်နေ့တွင်နတ်ဆိုးတစ်ကောင်၏ ပိုင်ဆိုင်ခြင်းကိုခံထားရသာ

လီရူနှင့်သူ ကြုံတွေ့ခဲ့ရသည်။

ထို့နောက်တွင်လီလျိုရှင်း၊

လုံအောင်နှင့်၊သွေးနီရောင်ကမ္ဘာထဲမှ နတ်ဆိုးနှလုံးတို့ကိုကြုံတွေ့ခဲ့ရသည်။

ထို့နောက်   ဖျောင်ရှဂိုဏ်းအားသူသုတ်

သင်သောအခါတွင်  နတ်ဆိုးလက်ချောင်းကပေါ်လာခဲ့သည်။

ယခု သူ မြွေလူသားမျိုးနွယ်စုထံသို့

လာသောအခါတွင် လည်း  ကြယ်ခြောက်ပွင့် အမှေင်ရှေးဟောင်းအစီအရင်အတွင်းထိန်းချုပ်ထားသော နတ်ဆိုးနှင့်တကယ်ကြီး နဖူးတွေ့ဒူးတွေ့ကိုကြုံရပြန်သည်။

သူကြုံတွေ့ခဲ့ရသည်များအားပေါင်းစပ်၍  “နတ်ဆိုး”က  အချိန်အတော်ကြာကာလကတည်းက  အပေါင်အလက်ဖျက်ခြင်း

ကိုခံခဲ့ရခြင်းဖြစ်လိမ့်မည်ဖြစ်သည်။

ထို့နောက် ၎င်း၏ ကွဲထွက်ကုန်သောခန္ဓာကိုယ်

အစိတ်အပိုင်းများက မတူညီသောနေရာများတွင် ဖိနှိပ်ထိန်းချုပ်ခံခဲ့ရသည်။

သွေးနတ်ဆိုး၏ သွေးနီရောင်ကမ္ဘာက တစ်ခုဖြစ်ပြီး ယခု မြွေလူသားမျိုးနွယ်၏ယဇ်ပူဇော်ခန်းမက အခြားတစ်ခုဖြစ်သည်။ လုံအောင်၊လီရူ၊လီလျိုရှင်းနှင့်

ဖျောင်ရှဂိုဏ်းတို့ကမူ ၎င်းတို့အနေဖြင့် နတ်ဆိုး၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ

အားမည်သည့်နေရာ၌ မမျှော်လင့်ဘဲကြုံကြိုခဲ့ခြင်း

ဖြစ်သည်ကိုသူမသိပေ။

ကြယ်ခြောက်ပွင့်  အမှောင်ရှေးဟောင်းအစီအရင်အတွင်း အက်ကွဲကြောင်းပေါ်လာသောကြောင့် မြေပြင်မှာပို၍ ပင်

ပြင်းထန်စွာလှုပ်ခါလာပြီး  ယဇ်ပူဇော်ခန်းမတစ်ခုလုံးက  ပို၍ ပြင်းပြင်းထန်ထန်ကို တုန်ခါလာသည်။ ရှစ်ဖုန့်၏ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး  တက်လက်လက်တောက်ပသော အပြာရောင်အလင်းအားထုတ်လွှတ်နေသည့်  နတ်ဆရာမကြီး၏ နံဘေးနားသို့ရောက်ရှိသွားသည်။

သူကမေးလိုက်သည်။

“ရှေးဟောင်းအစီအရင်ဆီးလ်ခတ်မှုထဲမှာ   အက်ကွဲကြောင်းကိုပြုပြင်ဖို့အတွက် နည်းလမ်းတစ်ခုခုရှိလား”

“ဒီကြယ်ခြောက်ပွင့် အမှောင်ရှေးဟောင်းအစီအရင်က  ရှေးဦးကာအချိန်ကတည်းကနေ မြွေလူသားမျိုးနွယ်ရဲ့ဘိုးဘေးတွေက လက်ဆင့်ကမ်းခဲ့ကြတာ…

လျှို့ဝှက်နည်းလမ်းအများစုက အချိန်တော်တော်ကြာကတည်းက ပျောက်ဆုံးနေပြီ..အခု ကျွန်မတို့သိတာက ဒါကိုအသက်သွင်းတဲ့ရိုးရှင်း

တဲ့နည်းလမ်းတစ်ခုပဲသိတာ..သေစမ်း.. အောင်မြင်မှုကိုမြန်မြန်ရနိုင်ဖို့အတွက်

ကျွန်မက ရှေးဟောင်းအစီအရင်ကိုဖွင့်ဖို့ လျို့ဝှက်နည်းလမ်းတစ်ခုကို အကန့်အသတ်ထက်အကြိမ်

များစွာအသုံးပြုခဲ့တယ်…ဇီယာရဲ့ကိုယ်ထဲက ကျိလီ မြွေခန္ဓာစွမ်းအားကို နိုးထစေနိုင်ဖို့ ကျွန်မတကယ်ပဲ ဘိုးဘေးတွေရဲ့ညွှန်ကြားချက်

တွေကိုမေ့သွားခဲ့တယ်..ဒါကဖိနှိပ်ခံထားရတဲ့ နတ်ဆိုးကို အကျိုးကျေးဇူးရအောင် အခွင့်အလမ်းတစ်ခုပေး

လိုက်သလိုဖြစ်သွားတာပဲ”

“အခုတော့ ကြယ်ခြောက်ပွင့် အမှောင်ရှေးဟောင်းအစီအရင်ပင် ဖျက်ဆီးခံရရုံတင်မကဘဲ  ရှေးဦး နတ်ဆိုးအရှင်သခင်ပါပေါ်လာခဲ့ပြီ …နတ်ဆိုးအရှင်သခင်ပေါ်လာတာနဲ့ ကျွန်မဘာလုပ်ရမလဲ…”

မြွေလူသားနတ်ဆရာမအိုကြီးက အဆုံးသတ်စကားအားပြောချိန်တွင်

သူမ၏ အသံ၌ ဝမ်းနည်းမှုနောင်တရမှုတို့ဖြင

့်ပြည့်နှက်နေသည်။

သို့သော်ရှစ်ဖုန့်အနေဖြင့်  နတ်ဆရာမအိုကြီးထံမှာ

တော်တော်များများကိုကြား

ခဲ့ရသည်ဖြစ်သည်။ အခြားစကားဖြင့်ပြောရလျှင်  သူမလုပ်နိုင်သောအရာဘာမှရှိမနေချေ။

“ခင်ဗျားစိတ်ကိုဖွင့်ထား”

ရှစ်ဖုန့်က မြွေလူသားနတ်ဆရာမကြီး

ကိုပြောလိုက်သည်။

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက်  နတ်ဆရာမအိုကြီးအနေဖြင့်  ရှစ်ဖုန့်ဘာလုပ်နေသည်ကို

သူမမသိသော်လည်း   သူမအနေဖြင့်သူ့အားသံသယမဝင်ရဲပေ။  ရှစ်ဖုန့်က အရမ်းကိုအစွမ်းထက်ပြီး  ဤကဲ့သို့သော အခြေအနေ၌ အကယ်၍ရှစ်ဖုန့်သာ သူမအားသတ်ချင်သည်ဆိုလျှင်  ငှက်ပျောသီးအခွံနွာစားရသ

ကဲ့သို့ပင်လွယ်ကူလိမ့်မည်ဖြစ်သည်။

ချက်ချင်းပဲ မြွေလူသား နတ်ဆရာမအိုကြီးက  ရှစ်ဖုန့်၏ညွှန်ကြားချက်နောက်လိုက်ပြီး သူမ၏စိတ်ကိုဖွင့်လှစ်လိုက်သည်။ ထို့နောက်တွင်  သွေးနီရောင်အလင်းတစ်ခုက  ရှစ်ဖုန့်၏ဘယ်လက်ဖဝါး၌

လင်းလက်လာပြီးနတ်ဆရာမအိုကြီးနှင့် ဇီယာတို့ပေါ်သိုပျံ့နှံ့သွားသည်။ရှစ်ဖုန့်က သူမတို့အား သွေးကျောက်ပြားနေရာ

လွတ်အတွင်းသို့စုပ်ယူလိုက်၏။

“ဝုန်း..ဝုန်း..ဝုန်း..”

“ခီး..ခီး.ခီး..ခီး.ခီး”

“ဘယ်နှစ်နှစ်တောင်ကြာခဲ့ပြီလဲ….

ဘယ်နှစ်နှစ်တောင်ကြာခဲ့ပြီလဲကွ…

ငါပြန်ပေါ်လာတော့မယ်”

မြေပြင်၏ပြင်းထန်သောတုန်ခါမှုက ရပ်တန့်ခြင်းမရှိဘဲ တုန်ခါမှုအတိုင်းအတာပင်  တိုးမြင့်လာခဲ့သည်။

တစ်ချိန်တည်းမှာပင်  တူးဆန်းသောရယ်မောသံ

နှင့်နားစူးသော  အသံက  မှုန်မှိုင်းပြီး ဗလာနတ္ထိဖြစ်နေသော  ခန်းမအတွင်း၌ ပဲ့တင်ထွက်ပေါ်လာသည်။

“မင်းက သေချင်လို့ထွက်လာတာလား.

.မင်းကဒီသခင်လေးကိုတောင်းဆိုနေတာလား”

ရှစ်ဖုန့်က မြေပြင်ပေါ်ရှိ

အက်ကွဲကြောင်းအား  အေးစက်စွာစိုက်ကြည့်လိုက်ပြီး  အော်ပြောလိုက်သည်။

“ငရဲဘုံကိုးခု မိစ္ဆာဆီးလ်ခတ်

အမှတ်အသား”

ရှစ်ဖုန့်က ဆီးလ်တံဆိပ်လက်သင်္ကေတ

အတွဲလိုက်ကိုပုံဖော်လိုက်သည်။သူ၏လက်သင်္ကေတများက အဆက်မပြတ်ကို ပြောင်းလဲနေသည်။ ရှစ်ဖုန့်၏လက်များကြားထဲတွင် အဖြူရောင်အလင်းတစ်ခု

လင်းလက်သွားပြီး တွန့်လိမ်နေသောစာလုံးများက ဆက်တိုက်ပျံသန်းထွက်လာကာ  အတန်းတစ်ခုအဖြစ်ချိန်ဆက်သွားပြီး  မြေပြင်ထဲရှိအက်ကွဲကြောင်း

ပေါ်သို့ကျရောက်သွားသည်။

အက်ကွဲကြောင်းက နှစ်ဆယ်စင်တီမီတာခန့်ရှည်

လျားပြီးတွန့်လိမ်နေသော စာလုံးများက  ၎င်းအပေါ်သို့ကျရောက်သွားသကဲ့သို့ အဖြူရောင်အလင်းအလွှာပါး

တစ်ခုဖြစ်ပေါ်လာသည်။

“မင်းကဘယ်သူလဲကွ..

ငါ့သိက္ခာကိုဘယ်လိုတောင်

စော်ကားရဲတာလဲ.. “

ထို့နောက် စူးရှရှနှင့်ဒေါသထွက်နေသော  အော်ဟစ်သံတစ်ခုကထွက်ပေါ်လာသည်။

“ဝုန်း…ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”

မြေပြင်ကအော်ဟစ်ပြီး  မြေကြီး၏နတ်ဘုရားက

ဒေါသထွက်နေသကဲ့သို့

မြေပြင်၏တုန်ခါမှုမှာ  ပို၍ပြင်းထန်လာသည်။

ရှစ်ဖုန့်ကလည်း အဖြူရောင်အလင်းအလွှာပါးလေးကို ထုတ်လွှတ်ပြီး   အက်ကွဲကြောင်း၌သိပ်

သည်းဖွဲ့စည်းလိုက်သည်။

စွမ်းအားကြီးစွမ်းအင်လှိုင်းများက  ၎င်းအားတိုက်ခိုက်နေသည်။

“ယို”

ရှစ်ဖုန့်က ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး လက်သီးဆုပ်အရွယ် အဖြူရောင် “ယို” ဟူသောစကားလုံးက သူ၏ပါးစပ်မှထွက်ပေါ်လာသည်။ ဤစကားလုံးက ငရဲဘုံကိုးခုစွမ်းအား၏ အဆီအနှစ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ “ယို”  ဟူသောစကားလုံးပေါ်လာ

ပြီးမကြာခင်တွင်  ၎င်းကလျှင်မြန်စွာ အက်ကွဲကြောင်းအတွင်းသို့ကျသွားသည်။

ဤအချိန်တွင် ရှစ်ဖုန့်က ကြယ်ခြောက်ပွင့်အမှောင်

ရှေးဟောင်းအစီအရင်အပြင်ဘက်ရှိ စိတ်လှုပ်ရှားနေကြသော

မြွေလူသားများအားကြည့်လိုက်သည်။

“ဒီခန်းမထဲကနေ အခုထွက်သွားကြ…ဒီသခင်လေး ဘယ်လောက်ကြာကြာ

ထိန်းထားနိုင်မယ်ဆိုတာကိုမသိဘူး… မင်းတို့တွေဒီမှာနေနေရင် မြေစာပင်တွေပဲဖြစ်လိမ့်မယ်”

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..”

ရှစ်ဖုန့်စကားပြောပြီးပြီးချင်း

စွမ်းအားကြီးပြီး  ဆန်းကြယ်သောစွမ်းအင်က  အက်ကွဲကြောင်းအား

ကာဆီးထားသော  “ယို” ဟူသည့် စကားလုံးအား  ပြင်းထန်စွာတိုက်ခိုက်လာသည်။

မြေပြင်က ပြင်းထန်စွာတုန်ခါနေ၏။ စွမ်းအင်၏သက်ရောက်မှုအောက်တွင် “ယို”ဟူသော  စကာလုံးမှာ အချိန်မရွေးဖျက်ဆီးခြင်းကိုခံရနိုင်သော မုန်တိုင်းအတွင်းမှ သေးငယ်သောလှေငယ်လေး

တစ်စင်းကဲ့သို့ဖြစ်နေသည်။

ဤအချိန်၌ ရှစ်ဖုန့်၏စကားအားကြား

ပြီးသည့်နောက်တွင်  စွမ်းအားကြီးပုံရသော  သက်လတ်ပိုင်းအရွယ် မြွေလူသားတစ်ယောက်က  တည်ငြိမ်စွာဖြင့်အော်ပြောလိုက်သည်။

“အရှင် ရှစ်ဖုန့်ပြောတာမှန်တယ်….

အကယ်၍ငါတို့ဒီမှာနေလည်း ကူညီနိုင်မှာမဟုတ်ဖူး.. အခုတော့ဆုတ်ခွာကြစို့”

မြွေလူသားများခေါင်းအနည်း

ငယ်ဆတ်လိုက်ကြပြီးနောက် ရှစ်ဖုန့်အား လေးစားသောအကြည့်များ

ဖြင့်ကြည့်လိုက်ကြသည်။ ဤလူငယ်လေးက ယခုအချိန်တွင် သူတို့မြွေလူသားများကြောင့်   နတ်ဆိုးအားတိုက်ခိုက်နေခြင်းဖြစ်သည်။ သူ့အနေဖြင့်သူတို့၏လေး

စားမှုနှင့်ထိုက်တန်သည်ဖြစ်၏။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters