ခွန်အားအစစ်အမှန် တာအို
Vol. 31 Ch. 421
အခန်း (၄၂၁) : ခွန်အားအစစ်အမှန် တာအို
“ မင်း ပြောတာ မှန်တယ်” ဝမ်ထျန်းက ပြန်ဖြေလိုက်သည် “ မင်း ထွက်သွားတာ နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော်သွားပြီ။ မင်းနဲ့ ရွယ်တူ အများစုက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်မှာ သံကြိုးဖယ်ရှားခြင်းအဆင့်မှာ ရောက်နေပြီ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် တခြားကမ္ဘာအသိုင်းအဝိုင်း၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲနှင့် အချိန်အတိအကျနှင့် ပတ်သက်ပြီး သူ့စိတ်ထဲတွင် ရှိနေသည့်အရာတစ်ခုက အဖြေရသွားလေပြီ။
နမူနာအနေဖြင့် စတင်ခြင်းနက်နဲကုန်းမြေမှ အစစ်အမှန်အုပ်ချုပ်သူများ၏ ပျမ်းမျှသက်တမ်းသည် နှစ်ပေါင်း နှစ်သန်းချီ ဖြစ်၏။ သူတို့ကမ္ဘာ၏ ကောင်းကင်ရွေးချယ်ခံများသည် သက်တမ်း ပမာဏများသော်လည်း ကန့်သတ်ချက် ရှိနေသေးသည်။
သက်တမ်းနှင့် ကျင့်ကြံရေးနည်းစနစ်၏ ကန့်သတ်ချက်သည် တခြားကောင်းကင်အလိုဆန္ဒကမ္ဘာ၏ ပါရမီရှင်များ ကြီးထွားနှုန်းကို ဆုံးဖြတ်ပေးနိုင်သည်။ တချို့နည်းစနစ်များတွင် သူတို့က နှစ်ရာချီမျှဖြင့် အစစ်အမှန်အုပ်ချုပ်သူဖြစ်လာနိုင်ကြပြီး တခြားတွင်မူ နှစ်သန်းချီအချိန်ယူရတတ်သည်။
သို့သော်လည်း ထိုသို့သာ အမှန်ဖြစ်ပါက ပိုမို မြန်ဆန်သည့် ကျင့်ကြံရေးနည်းစနစ် ရှိထားသော ကမ္ဘာများက အရေးသာလိမ့်မည်။ အကြောင်းမှာမူ မဟာဧကရာဇ်များက သူတို့ကမ္ဘာတွင် စောစောစီးစီး မွေးဖွားလာကြသည် မဟုတ်ပါလော။
ယခု ထိုဧကရာဇ်များက တခြားကမ္ဘာ၏ ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို သူတို့၏ အကျိုးအမြတ်အတွက် သို့မဟုတ် သူတို့နှင့်နီးကပ်သည့်သူများအတွက်ဖြစ်စေ ဝင်ရောက်စွက်ဖက်ဖို့ ဆုံးဖြတ်လိုက်လျှင်မူ ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။
စောစောထသည့် ငှက်က အစာပိုစားရသည်ဟု စကားပုံရှိသည် မဟုတ်ပါလော။
နောက်ဆုံးတွင် ဝမ်ဝေ့က ပြဿနာကို မည်သို့ဖြေရှင်းရမည်ကို နားလည်သွားလေသည်။ အချိန်စီးဆင်းမှု ဖြစ်၏။
ကမ္ဘာ့အသိုက်အဝန်းတစ်ခုချင်းစီ၏ အချိန်စီးဆင်းမှုသည် ကျင့်ကြံရေးနည်းစနစ်နှင့် ပါဝင်ယှဉ်ပြိုင်သူများ၏ ကြီးထွားနှုန်းအလိုက် ကွဲပြားလေသည်။ ဤနည်းဖြင့် ကောင်းကင်အလိုဆန္ဒတိုက်ပွဲအားလုံးသည် အချိန်တူညီကြပြီး ယခင်ဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်လေသည်။
ဒီဟာက တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ဘူး … စကြဝဠာကြီးရဲ့ လုပ်ဆောင်ချက်တွေက စည်းမျဉ်းတွေနဲ့ နည်းလမ်းတွေကို ထုတ်ပေးထားတယ်။ အရာအားလုံးက တိုက်ဆိုင်ပြီးတော့ အစီအစဉ်တကျ ရှိတယ်။ အဲဒါဆိုတော့ အစီအစဉ်တကျကလည်း ကံကြမ္မာရဲ့ နောက်ထပ်အစိတ်အပိုင်းလား…
အပင်တွေ ရှင်သန်ကြီးထွားကြပုံ၊ ရာသီဥတု အပြောင်းအလဲ၊ နေနဲ့ ကြယ်တွေရဲ့ လှုပ်ရှားပုံနဲ့ ကျင့်ကြံရေးမှာ သက်ရှိရဲ့ ဆင့်ကဲပြောင်းလဲပုံတို့က အစီအစဉ်တကျပုံစံလို့ ယူဆနိုင်တယ်။ စကြဝဠာထဲမှာရှိတဲ့ အရာအားလုံးကို ထိန်းချုပ်ဖို့အတွက် ကံကြမ္မာက ဒီလိုဆုံးဖြတ်ပေးထားတယ်။
အခု မေးခွန်းက ကံကြမ္မာပုံရိပ်ထဲမှာ ပါဝင်နေကြတဲ့ ဟွင်သွမ်း၊ စီစဉ်တကျတွေရဲ့ ပြောင်းပြန်က ဘာလဲ…
ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီးနောက် ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်သွားလေသည်။ ထိုစဉ် သူ့အနားရှိလူများက တစ်ယောက်မှ သူ့အား မနှောင့်ယှက်စေရန် စောင့်ကြပ်ပေးထား၏။
ဝမ်ထျန်းက သူ့သားကို ကြည့်နေရင်း ထူးထူးဆန်းဆန်း အမူအရာမျိုး ဖြစ်လာသည်။ ပထမပိုင်းတွင် သူက ကျင့်ကြံဆင့်အားဖြင့် သူ့သားသည် ရွယ်တူများ၏ နောက်တွင် ကျန်ခဲ့သည်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားလိမ့်မည်ဟု တွေးထားမိကာ သူ့သားစိုးရိမ်မှုများအား ပြေပျောက်သွားစေဖို့ အားပေးဖို့အထိ ပြင်ဆင်ထားခဲ့သည်။ သို့သော် ယခုတွင် ထိုအရာက မလိုအပ်ပေ။
ဒီကလေးက ထူးဆန်းတယ်။ သူ တိုက်ပွဲအပြီး သိပ်မကြာခင်မှာပဲ ဉာဏ်အလင်းပွင့်အခြေအနေ ဝင်ရောက်သွားခဲ့သေးတယ်။ အခု သူက ထပ်ပြီးတော့ ရောက်သွားပြန်ပြီ။ ပြီးတော့ ယန်းချန် ပြောတာကတော့ သူ ထာဝရအိပ်မက်ဂိုဏ်းကို သွားတုန်းကလည်း တစ်ခေါက် ဖြစ်ခဲ့သေးတယ်တဲ့
သူသား၏ ဝိညာဉ်သည် နောက်ဆုံးတွင် စွမ်းရည်ပြလာကြောင်း ခန့်မှန်းမိလိုက်သည်။ သူ့သား မွေးဖွားပြီးပြီးချင်း ဝိညာဉ်ကို စစ်ဆေးခဲ့စဉ်အခါက ပထမဆုံးခံစားဖူးသည့် ထိတ်လန့်မှုကို မမေ့နိုင်သေးပေ။
ထိုအခါက သူ့သားသည် ကြီးမြတ်သည့်အရာများကို လုပ်ဆောင်ဖို့အတွက် ကံကြမ္မာဖန်လာကြောင်း သိလိုက်၏။ ကောင်းကင်ရုပ်ခန္ဓာများစွာ ပေါ်ထွက်လာသည့် မျိုးဆက်အတွင်းတွင်မူ သူ့အနေဖြင့် မြင့်တက်လာဖို့ ပြဿနာ မရှိခဲ့ပေ။
မိနစ်သုံးဆယ် ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ ထူးထူးဆန်းဆန်း အရှိန်အဝါ၊ အငွေ့အသက်များသည် ပျောက်ကွယ်သွားပြီး သူ့မျက်ဝန်းတွင် ကံကြမ္မာစွမ်းအား တစ်ချက် ဖြတ်ပြေးသွားသည်။ သူ့ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ် လေထုမျိုး ရုတ်ချည်းထွက်ပေါ်လာပြီး သူသည် ကမ္ဘာ၏ အနှစ်သာရကို ချောင်းကြည့်ပြီး အနက်ရှိုင်းဆုံး လျှို့ဝှက်ဆန်းကြယ်တချို့ကို သင်ယူခဲ့လိုက်ရသလိုမျိုး ဖြစ်နေ၏။
ဝမ်ဝေ့က အငွေ့အသက် အပြောင်းအလဲကို ချက်ချင်းထိန်းချုပ်လိုက်ပြီး ပုံမှန်အဖြစ် ပြန်ပြောင်းလိုက်သည်။ သူ့အား ကာကွယ်ပေးနေသည့်သူ အားလုံးကို ကျေးဇူးတင်လိုက်၏။
ဝမ်ထျန်းက သူ့ပုခုံးပေါ် လက်တင်ကာ
“ ဉာဏ်အလင်းပွင့်လာပြီးတော့ မင်းအင်အား တိုးလာတာကောင်းတယ်။ မင်းဆုံးရှုံးသွားတဲ့ နှစ်တွေ၊ အချိန်တွေအတွက် ဘာမှစိုးရိမ်စရာမလိုဘူး။ ဂိုဏ်းက အချိန်အစီအရင်ရှိတဲ့ လျှို့ဝှက်နယ်မြေ ရှိတယ်။ မင်း ဒါနဲ့ အမှီလိုက်နိုင်တယ်”
ဝမ်ဝေ့က အမှန်တကယ် မစိုးရိမ်ပေ။ သူ့လက်ထဲတွင်ရှိနေသည့် ကမ္ဘာ့အရင်းအမြစ်ဖြင့် သူ့အုတ်မြစ်အပေါ် သက်ရောက်မှုမရှိစေဘဲ တခြားသူများနှင့် အမှီလိုက်နိုင်လေသည်။ ထို့အပြင် ကျင့်ကြံရေး မြင့်မားခြင်းက ဘာမှမဟုတ်ပေ။ ပြောရလျှင် အများစုက ဧကရာဇ်တစ်ပိုင်းအဆင့် ရောက်သည့်အခါမှ နောက်ဆုံးတိုက်ပွဲကို စတင်ရမည် ဖြစ်၏။
အဖွဲ့က အိမ်သို့ ပြန်ရောက်လာကြသည်။ ဝမ်ဝေ့က မျောလွင့်နေသည့် တောင်အစုအဝေးကို ကြည့်နေရင်း သူ့မျက်နှာအထက် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။ သူ နောက်ဆုံးတော့ အိမ်ပြန်ရောက်လာခဲ့ပြီ။ သို့သော်လည်း သူ့အတွက် ရှုခင်းကို ခံစားနေဖို့ အချိန်မရှိပေ။ သူ့အဖေက သူ့အား လျှို့ဝှက်နေရာတစ်ခုသို့ ချက်ချင်း ခေါ်ဆောင်သွားလေ၏။
“ လေးစားသမှုရှိဖို့ မှတ်ထား” ဝမ်ထျန်းက ပြောလိုက်သည်။
ထို့နောက် ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သိပ်မကြာခင် သူ့တည်ရှိမှု၏ အစိတ်အပိုင်းတိုင်းကို စစ်ဆေးသည့် အစီအရင်တချို့ကို ဖြတ်သန်းပြီးသည့်နောက် အိမ်ငယ်လေးတစ်ခုရှေ့ ရောက်ရှိသွားသည်ကို မြင်လိုက်ရ၏။
သူတို့ရောက်ရှိပြီး သိပ်မကြာခင် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူ ရှိပြီး ဝတ်ရုံဖြူဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦးကို မြင်လိုက်ရသည်။ ထိုလူအိုကြီး၏ ခန္ဓာကိုယ်မှ သေမျိုးကမ္ဘာအတွင်း နေထိုင်သည့် အဆင့်မြင့်သက်ရှိတစ်ပါးကဲ့သို့ မသေမျိုးနှင့်တူသည့် အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
“ အကြီးအကဲတန့်ကို ဂါရဝပြုပါတယ်” ဝမ်ထျန်းက ဦးညွှတ်လိုက်သည်။ ဝမ်ဝေ့ကလည်း သူ့အတိုင်း လိုက်လုပ်လိုက်၏။
“ မင်းက ဂိုဏ်းချုပ်ဆိုတော့ ငါ့ကို ဦးညွှတ်စရာ မလိုဘူး”
ဝမ်ထျန်းက ပြုံးလိုက်ပြီးနောက် ဘာမှမပြောပေ “ ကျွန်တော်သားကို ခေါ်လာတယ်။ သူ လိုအပ်ချက်နဲ့ ကိုက်ညီလားဆိုတာ စစ်ဆေးကြည့်ဖို့ပါ။”
အကြီးအကဲတန့်က အနည်းငယ် အံ့အားသင့်ပုံရနေသည့် ဝမ်ဝေ့အား ကြည့်လိုက်၏။
“ မင်းက သတိပြုမိသားပဲ။ အတော်လေး လုပ်ရည်ကိုင်ရည်ရှိသားပဲ”
“ အကြီးအကဲက တကယ်ကြီး…”
“ ဟုတ်တယ်။ ငါက ဧကရာဇ်အဆင့် ဆေးလုံးပဲ”
ဝမ်ဝေ့က အခန်းအတွင်း ဝင်သွားလိုက်သည်နှင့် ထိုလူက ကွဲပြားကာ တစ်နည်းနည်းဖြင့် ထူးဆန်းနေကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက အစစ်အမှန်အမြင်အာရုံကို အသက်သွင်းလိုက်သည်နှင့် ထိုသူက ဆေးလုံးတစ်လုံးဖြစ်ကာ အမြင့်ဆုံးအဆင့် ဆေးလုံးဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
သူ့အတိတ်ဘဝတွင် ဖတ်ရှုထားသည့် ဝတ္ထုများဖြင့် ဆေးလုံးတစ်လုံးသည် အသိစိတ်ဝင်လာကာ သက်ရှိ ဖြစ်လာသည်ကို မအံ့ဩမိပေ။ သူ အံ့ဩမိသည်က ထိုအရာကို အခုမှမြင်တွေ့မိ၍ ဖြစ်သည်။
“ မင်းဒဏ်ရာတွေကို စစ်ဆေးကြည့်ဖို့ ခန္ဓာကိုယ်ကို စမ်းသပ်လိုက်မယ်။ အဲဒါကြောင့် ပြင်ဆင်ထားပြီးတော့ မခုခံနဲ့”
ဝမ်ဝေ့က စိတ်ထဲ မထားသကဲ့သို့ ခေါင်းညိတ်လိုက်သည်။ သူက ထိုကဲ့သို့ အားကောင်းသည့် တည်ရှိမှုမျိုးသည် သူ့အား သတိမပြုမိစေဘဲ သူ့လျှို့ဝှက်ချက်အများစုကို မြင်တွေ့နိုင်ကြောင်း သိထားလေသည်။
အကြီးအကဲတန့်က ထုတ်ပြောလာသည့်အချက်မှာ လောကဝတ်အရ ဖြစ်၏။
ဝမ်ဝေ့က ဘာမှမခံစားမိပေ။ သူ့စိတ်ထဲ ရောက်ရှိနေသည့် တစ်ခုတည်းသော သတင်းအချက်အလက်မှာ တခြားလူ၏ အာရုံစူးစိုက်ထားသော မျက်နှာအမူအရာသာ ဖြစ်၏။ သူ့စံပြအရည်အသွေးဝိညာဉ်ပင် ဘာမှမစူးစမ်းနိုင်ပေ။ ထိုအရာက အရာရာ စွမ်းနေခြင်း မဟုတ်သည့်အတွက် သူ့အား အရေးသာချက် အနည်းငယ်သာ ထောက်ပံ့ပေးထားသည်။
ဝမ်ဝေ့က သူနှင့် ထိုမသေမျိုး တည်ရှိမှုများကြား ကွာဟချက်ကို စဉ်းစားမိကာ သက်ပြင်းချလိုက်သည်။ သေမျိုးနှင့် မသေမျိုးများ၏ ကွာဟချက်က နှိုင်းယှဉ်ဖို့ရာ အမှန်တကယ် ကျယ်ပြောလှသည်။
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အကြီးအကဲတန့်က ပြောလိုက်၏ “ မင်း သားက တကယ်ကို ပါရမီထူးတာပဲ။ သူက ခွန်အားအစစ်အမှန် တာအိုကို ကျင့်ကြံဖို့ အနိမ့်ဆုံးအဆင့်ကို ရောက်သွားပြီ။”
“ ခွန်အားအစစ်အမှန် တာအိုလား” ဝမ်ဝေ့က နားမလည်စွာ မေးလိုက်သည်။
“ ဟုတ်တယ်။ မင်းက ကြယ်တာရာဆုံမှတ်ကို မဖွင့်ရသေးတော့ မသိလောက်ဘူး။ ငါ ပြောရမယ်ဆိုရင် ခွန်အားဂိတ်ပေါက်ကို စောစောစီးစီးမြင်တွေ့နိုင်တာက မင်းက ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်ထဲမှာ အတော်လေး ပါရမီထူးတယ်ဆိုတာပဲ”
အကြီးအကဲတန့်က ခေတ္တမျှရပ်တန့်လိုက်ပြီးနောက် အတွေးများကို စုစည်းလိုက်သည်။
“ မင်းက ကြယ်တာရာဆုံမှတ်ကို ဖွင့်လှစ်ပြီးတာနဲ့ ရှေးဟောင်းခန္ဓာသန့်စင်ကျမ်းကို ကျင့်ကြံနိုင်တဲ့ နည်းလမ်းနှစ်ခု ရှိလာလိမ့်မယ်။ ခွန်အားဂိတ်ပေါက်ကို မမြင်နိုင်တဲ့သူတွေအတွက်ကတော့ သူတို့က စည်းမျဉ်းလမ်းစဉ်ကိုပဲ လျှောက်လှမ်းနိုင်ကြတယ်။ ခွန်အားစည်းမျဉ်းကို နားလည်ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကို သန့်စင်ပြီး အင်အားတိုးမြှင့်နိုင်ကြတယ်။ အဲဒါက ခွန်အားစည်းမျဉ်းရှိဖို့ မလိုဘူး။
ဒါပေမဲ့ တူညီတဲ့အရာမျိုးပေါ့။ ဒါပေမဲ့လည်း ငါတို့ဘိုးဘေးတွေအရ ငါတို့တွေက ခွန်အားဂိတ်ပေါက်ကို ဖွင့်ဖို့ အခွင့်အရေး ရှိလာမှာမဟုတ်ဘူး။
နောက်ထပ် ခွန်အားအစစ်အမှန် တာအိုအဖြစ် ရည်ညွှန်းတဲ့ နောက်ထပ် လမ်းစဉ်တစ်ခု ရှိသေးတယ်။ အဲဒီလမ်းစဉ်ကို လျှောက်လှမ်းဖို့ ခန္ဓာကိုယ်ကို သန့်စင်သူတွေက သူတို့ခန္ဓာကိုယ်ကို အသုံးပြုနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက် ပမာဏအမြောက်အများ တိုးပွားလာအောင် ခန္ဓာကိုယ်ကို ဆက်တိုက် လေ့ကျင့်ပေးရမယ်။
ဒီသဘောတရားက ခန္ဓာကိုယ်က လက်သီးတစ်ချက်တည်းနဲ့ ကြယ်တာရာ သန်းပေါင်းများစွာ ပေါက်ကွဲထွက်တာနဲ့ ယှဉ်နိုင်ပြီးတော့ စည်းမျဉ်းတွေအကုန်လုံး၊ သဘောတရားတွေအကုန်လုံး၊ လက်တွေနဲ့ တာအိုတွေအကုန်လုံးကို ချိုးဖျက်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်အပေါ်မှာ မူတည်ထားတယ်။ ဒါပေမဲ့ အဲဒီလမ်းစဉ်က ဘယ်လောက်ခက်ခဲမလဲဆိုတာကို မင်း ခန့်မှန်းကြည့်လို့ ရပါတယ်”
ဝမ်ဝေ့က နားလည်သည်။ စည်းမျဉ်းလမ်းစဉ်သည် ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့အတွက် နားလည်နိုင်စွမ်း လိုအပ်နေစဉ် အစစ်အမှန်လမ်းစဉ်ကမူ အားစိုက်မှုနှင့် အရင်းအမြစ်ပမာဏ အမြောက်အများ လိုအပ်၏။
နမူနာအားဖြင့် ဝမ်ဝေ့သည် သူ့ကြယ်တာရာဆုံမှတ်ကို ဖွင့်လိုက်သည်နှင့် ဧကရာဇ်တစ်ပိုင်းပစ္စည်း သို့မဟုတ် ရတနာအများစုက သူ့ခန္ဓာကိုယ် လေ့ကျင့်ဖို့အတွက် သက်ရောက်မှု အနည်းငယ်သာ ရှိတော့မည်မှန်း သိထားသည်။
နောက်ပိုင်းတွင် အားလုံးက သက်ရောက်မှု ရှိတော့မည်မဟုတ်ဘဲ သူက အင်မော်တယ်အဆင့်ပစ္စည်းများကို အသုံးပြုရလိမ့်မည်။ မဟုတ်ပါက သူ့အနေနှင့် သူ့အတွက် အသုံးဝင်နေဆဲဖြစ်သည့် ကျင့်ကြံရေးနည်းစနစ်ကို ရှာဖွေရမည်။ ထိုသို့မလုပ်ဆောင်နိုင်ပါက သူ့ခွန်အားအစစ်အမှန် တာအိုကျင့်ကြံရေးသည် ရပ်တန့်သွားလိမ့်မည်။
သူ့အတွက် ကံကောင်းသည်က သူ့အနေဖြင့် ယခုတွင် အရင်းအမြစ် သို့မဟုတ် ထူးခြားသည့် ကျင့်စဉ် လစ်ဟာနေခြင်းမျိုး မရှိပေ။
“ ကျွန်တော် ခွန်အားဂိတ်ပေါက်ကို ဖွင့်နိုင်ရင် ဘာဖြစ်သွားမှာလဲ”
“ ဒါက မင်းဘာသာမင်း ရှာဖွေတွေ့ရှိရမဲ့ အရာပဲ” အကြီးအကဲတန့်က အပြုံးလေးဖြင့် ပြောလိုက်သည် “ ဒါပေမဲ့ ငါ မင်းကို ပြောနိုင်တာက ရှေးဟောင်းဖျက်ဆီးခြင်း ဧကရာဇ်တောင် အနည်းဆုံး သူ ထွက်မသွားခင်အချိန်အထိ ဂိတ်ပေါက်ဖွင့်လှစ်တာကို မအောင်မြင်ခဲ့ဘူး။ ဘိုးဘေးအများစုကလည်း သူ့ခြေလှမ်းအတိုင်း လိုက်လုပ်ပေမဲ့ အဲဒီရည်မှန်းချက်ကို တစ်ယောက်မှ မအောင်မြင်ခဲ့ကြဘူး။ အဲဒါကြောင့် ဒါက လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ဘူး”
“ ကျွန်တော် အကောင်းဆုံးကြိုးစားပါမယ်”
“ အခုက ဒီလောက်ပဲ။ အခု မင်းကို ကုသပေးတော့မယ်”
အကြီးအကဲတန့်က လက်မြှောက်လိုက်သည့်အချိန် ရွှေရောင်အလင်းတန်း ထွက်ပေါ်လာသည်။ သူက ထိုအလင်းကို ဝမ်ဝေ့၏ ခန္ဓာကိုယ်အတွင်း ဖြည်းဖြည်းချင်း တွန်းပို့ပေးလိုက်၏။
ထိုစဉ် ဝမ်ဝေ့၏ မျက်နှာက ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ နဂိုခန့်ညားပြီး ငယ်ရွယ်သည့် မျက်နှာအဖြစ် ပြောင်းလဲသွားသည်။
သူ တိထျန်းနှင့် တိုက်ပွဲအတွင်း ဆုံးရှုံးခဲ့သည့် သူ့ ကျင့်ကြံရေးနှင့် ခန္ဓာကိုယ်မှ သက်တမ်းများအပါအဝင် သက်တမ်းအကုန် ပြန်လည်ကောင်းမွန်လာသည်။ ဝမ်ဝေ့က သူ့တွင် ပိုမို များပြားလာသည်ကို ခံစားမိလိုက်၏။
သူ့တွက်ချက်မှုအရ သူသည် အနည်းဆုံး နှစ်သုံးသန်းအထိ ပြဿနာမရှိဘဲ နေနိုင်လိမ့်မည်။ သို့သော်လည်း သူက သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။
သူက မမေးနိုင်ခင် အကြီးအကဲတန့်က ပြောလိုက်၏
“ တခြားတစ်ယောက်က မင်းရဲ့အခြေခံအုတ်မြစ်ကို ပြင်ဆင်ဖို့ ကူညီပေးလိမ့်မယ်”