← Chapters

တာအိုအုတ်မြစ်

Vol. 31 Ch. 423

တာအိုအုတ်မြစ်

Vol. 31 Ch. 423

အခန်း (၄၂၃) : တာအိုအုတ်မြစ်

ဝမ်ဝေ့က ကျင့်စဉ်ကို နားလည်ဖို့ နက်နက်နဲနဲ အာရုံစိုက်ထားပြီး သူ အောင်မြင်နိုင်ဖို့ သေချာအောင် အသေးစိတ်ကို အပြန်ပြန်အလှန်လှန် ဖတ်ရှုနေသည်။ ယခင်ကောက်ချက်ချထားသည်အရ ပန်းသုံးပွင့်ဖွဲ့စည်းခြင်းတွင် ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်နှင့် စွမ်းအား အဆီအနှစ်တို့ ပါဝင်နေသည်။

ထိုအရာများကို ဖွဲ့စည်းပြီးသည့်နောက်တွင် အုတ်မြစ်က သိမ်မွေ့သွားပြီး ပြီးပြည့်စုံသည့်အခြေအနေသို့ အမှန်တကယ် ရောက်ရှိသွားလိမ့်မည်။ ထိုသို့သော အခြေခံအုတ်မြစ်ဖြင့် စွမ်းအား တိုးတက်လာရုံသာမက စည်းမျဉ်းများကို နားလည်ပြီး လေဟာနယ်ဖြိုခွင်းခြင်းအဆင့်သို့ ဝင်ရောက်ဖို့ ပိုမိုလွယ်ကူသွားလိမ့်မည်။

အမည်မသိအချိန်တစ်ခု ကြာမြင့်ပြီးသည့်နောက်တွင် သူက မျက်လုံးဖွင့်လာ၏။

“ အဆင်သင့်ဖြစ်ပြီလား” ဝမ်ဝူချန်က မေးလိုက်သည်။

“ ဟုတ်”

“ မင်းက ဘယ်ဟာကို အရင်ဆုံးဖွဲ့စည်းမှာလဲ”

“ အဆီအနှစ် ပန်းပွင့်ပါ”

“ ဒီလိုဆိုရင် စလိုက်ကြရအောင်”

ဝမ်ဝေ့က အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ့အခြေအနေကို ထိန်းညှိလိုက်သည်။ ထို့နောက် သူက တရားထိုင်လိုက်၏။

ဝမ်ဝူချန်က သူ့အနောက်ဘက်ရောက်လာကာ သူ့ကျောပေါ် လက်တင်လိုက်သည်။

ဝမ်ဝေ့၏ ခန္ဓာကိုယ်အတွင်း လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်ခု ဝင်ရောက်လာပြီး သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအများစုအထိ ပျံ့နှံ့သွားကာ အရေပြား၊ ကြွက်သား၊ အရိုး၊ အတွင်းအင်္ဂါနှင့် အစရှိသဖြင့် ရောက်ရှိသွားသည်။ ထိုအရာ ဖြတ်သန်းသွားသည့်အခါတိုင်း အညစ်အကြေးများကို ဖယ်ရှားသွားလေ၏။

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်သည် ပြစ်ချက်ကင်းသည်ဟု တွေးထားခဲ့မိသော်လည်း ယခုအခါမှ ပြစ်ချက်ကင်းသည်ဟူသော အဓိပ္ပာယ်နှင့် ပြီးပြည့်စုံသော အဓိပ္ပာယ်ကို နားလည်သဘောပေါက်ခဲ့သည်။

သူ့အမြင်တွင် သူ့ခန္ဓာကိုယ်က ပြီးပြည့်စုံနေသော်လည်း ဝမ်ဝူချန်လိုလူမျိုးအတွက်မူ လုံလောက်သည်ထက် နည်းနေသေးသည်။

ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ အနက်ရောင်အရာများ ထွက်လာသည့်အတွက် အနံ့ဆိုးဆိုးဝါးဝါး ဖြစ်စေသည်။ ထို့နောက် သူ့ဝတ်ရုံပေါ်မှ အစီအရင်က အသက်ဝင်လာကာ သူ့ခန္ဓာကိုယ်ကို သန့်ရှင်းပေးသွား၏။

ဝမ်ဝူချန်က အနံ့ကို ဂရုမစိုက်ဘဲ ဆက်လက်လုပ်ဆောင်နေသည်။

သူက အညစ်အကြေးများကို ဖယ်ရှားပြီးသည်နှင့် ဝမ်ဝေ့၏ ခန္ဓာကိုယ်အတွင်းမှ ပုန်းအောင်းနေသည့် အန္တရာယ်များကိုပါ စတင်ပြုပြင်ပေးလိုက်သည်။ အားကောင်းသည့် ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ယောက်အနေနှင့် သူက သူ့ခန္ဓာကိုယ်ကို ပြန်ပြုပြင်မရနိုင်လောက်အောင်အထိ ပြုမူထားခဲ့သည်။

သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ဖျက်ဆီးကာ ပြန်လည်တည်ဆောက်ခြင်းက ဝမ်ဝေ့အတွက် ပုံမှန်ကိစ္စသာ ဖြစ်၏။ ထိုနည်းလမ်းက မြန်ဆန်သော အောင်မြင်မှုနှင့် အားကောင်းသော ခွန်အားတို့ကို ပေးစွမ်းသော်လည်း ဆိုးကျိုးတချို့ ရှိနေသေးသည်။ ထိုအရာက သက်တမ်းကို အဓိက လျော့ကျသွားစေသည်။

အထူးသဖြင့် သူက အဆင့်မြင့်ဆေးလုံးများ များစွာကို သောက်သုံးပြီး စွမ်းအားချင်း ထိပ်တိုက်တွေ့မှုဖြင့် သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ခြင်းကြောင့် ဖြစ်၏။ ဝူဟုန်က အန္တရာယ်တချို့ကို ဖယ်ရှားကာ စည်းပိတ်ပေးခဲ့သော်လည်း ခေတ္တမျှကြာမြင့်နေပြီဖြစ်၍ သူတို့က ပြန်ရောက်လာကြလေပြီ။

ယခင် တိထျန်းနှင့် တိုက်ပွဲအတွင်း သူက သူ့သက်တမ်းကို စွမ်းအားအတွက် စတေးလောက်အောင်အထိ အတင်းအကြပ် ဖိအားပေးခဲ့သောကြောင့် အန္တရာယ်က ပိုမိုများပြားသွားစေသည်။

ဝမ်ဝူချန်က သူတို့အား ကုသပေးပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့သက်တမ်းသည် နောက်ထပ် နှစ်နှစ်သန်းတိုးမြင့်လာသည်ကို ခံစားမိလိုက်၏။ ထို့အပြင် သူက သူ့ပုခုံးပေါ်မှ လေးလံသည့် ဝန်ထုပ်ကြီးလည်း ပေါ့လျော့သွားသလို ခံစားမိလိုက်သည်။ သူ့ခန္ဓာကိုယ်က ပိုမိုအသက်ရှူချောင်လာသလို ထိန်းချုပ်ရလည်း ပိုမိုလွယ်ကူလာသည်။

သူက အစွမ်းထိန်းချုပ်ရေး ပညာရပ်တွင်လည်း အဆင့်ငယ်တစ်ခု တိုးသွားကြောင်း ခံစားမိလိုက်၏။ သူက ဂရမ်းမာစတာ ထိန်းချုပ်ရေးအဆင့်တွင် ရှိနေသေးသော်လည်း သူ ထိန်းချုပ်နိုင်သည့် ပမာဏကမူ ယခုအခါ ၁.၂ ဆ ကြီးမားလာခဲ့သည်။

“ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးရဲ့ စည်းတံဆိပ်ကို ဖယ်ပြီးတော့ ငါ့ကို လုပ်ခွင့်ပေး” ဝမ်ဝူချန်က ရုတ်ချည်း ပြောလိုက်သည်။

ဝမ်ဝူချန်က လက်ကို ဝှေ့လိုက်သည်နှင့် ဝမ်ဝေ့၏ ခန္ဓာကိုယ်မှ အနက်ရောင်အငွေ့အသက်က အတင်းအကြပ် ထုတ်ယူခံလိုက်ရသည်။ ထိုအငွေ့အသက်က ဝမ်ဝေ့၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသည့် ပုန်းအောင်းနေသည့် အန္တရာယ်တချို့ ဖြစ်၏။ အကြောင်းမှာ သူ့ခန္ဓာကိုယ်ကို နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးဖြင့် လေ့ကျင့်ထား၍ ဖြစ်သည်။

ဤသို့သော မိုးကြိုးမျိုးက အပြစ်ပေးဖို့သာ အသုံးပြုကြသောကြောင့် အားကောင်းသည့် ဖျက်ဆီးလိုစွမ်းအား ပါဝင်နေသည်။ ထိုအရာက ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ မဟုတ်ပေ။ အထူးသဖြင့် ဝမ်ဝေ့လို သေမျိုးအတွက်ဖြစ်၏။

ဝမ်ဝူချန်က ထိုအငွေ့အသက်သည် တိတ်တဆိတ် စုဝေးလာပြီး တစ်ချိန်ကျလျှင် အသုံးပြုသူ၏ စိတ်နှင့် စိတ်ဝိညာဉ်အပေါ် သက်ရောက်မှု ရှိလာမည်မှန်း သိထားသည်။ အမှန်အတိုင်းပြောရလျှင် ဝမ်ဝေ့၏ အားကောင်းသည့် စိတ်ဆန္ဒကြောင့်သာ မဟုတ်လျှင် သက်ရောက်မှုတချို့ ရှိနေပြီးလောက်လေပြီ။ ဤသည်က အနက်ရောင် အရှိန်အဝါ၏ စွမ်းရည်အပြည့်ပင် မဟုတ်သေးပေ။ ထိုအရာကို ကြာကြာထားခြင်းအားဖြင့် လူတစ်ယောက်၏ ကံကောင်းမှုကို ဆုတ်ယုတ်လာစေပြီး ကံဆိုးမှုများ ဖြစ်ပေါ်လာစေလိမ့်မည်။

ကံကောင်းစွာဖြင့် ထိုအပေါ်တွင် အသုံးပြုထားသည့် စည်းတံဆိပ်က အလွန်အားကောင်းသည့်အတွက် သူ့အနေနှင့် စိုးရိမ်စရာ မလိုအပ်သေးပေ။

“ မင်းလိုမျိုး သေမျိုးအတွက် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးနဲ့ ခန္ဓာကိုယ်ကို သန့်စင်တာက အရမ်းကို အန္တရာယ်များတယ်။ အဲဒါကြောင့် ငါ မင်းကို ပြင်ဆင်ပေးမယ်။”

ဝမ်ဝေ့က သေမျိုးဟူသော စကားလုံးကို သဘောမကျပေ။ သူက ကျင့်ကြံသူ မဟုတ်သည့်သူများအား အသုံးပြုလေ့ ရှိသည်။ သို့သော်လည်း သူက မဟာဧကရာဇ်၊ တာအိုဘိုးဘေးနှင့် ထာဝရအရှင်များကြားမှ ကွာခြားချက်ကို နားလည်ထားပြီး သူတို့နှင့် အဆင့်နိမ့်ကျင့်ကြံသူများကို သေမျိုးနှင့် မသေမျိုးဟူ၍ ခွဲခြားနိုင်လေသည်။

ထို့ကြောင့် ဧကရာဇ်တစ်ပိုင်းအဆင့်က မည်မျှပင် အားကောင်းစေကာမူ၊ မည်မျှပင် အသက်ရှင်ကျန်စေကာမူ၊ သူတို့ကို သေမျိုးဟုသာ ယူဆနိုင်လေသည်။ ထို့နောက် ဝမ်ဝေ့က ထိုအတွေးများကို ဖယ်ရှားဖို့ ခေါင်းအသာယမ်းလိုက်၏။

သူက ထိုအခေါ်အဝေါ်ကို သဘောမကျသောကြောင့် တစ်ရက်တွင် မသေမျိုးဖြစ်အောင် ကြိုးစားရမည်။

ထိုစဉ် ဝမ်ဝူချန်က လက်ဝှေ့လိုက်သည့်အခါ ရောင်စုံစက်လုံး တစ်ခုထွက်ပေါ်လာပြီး ဝမ်ဝေ့၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းလိုက်သည်။ ထိုစက်လုံးက နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးနှင့် ချက်ချင်းဆိုသလို ပေါင်းစပ်သွားလေ၏။

“ ငါက ကံကြမ္မာကောင်း စွမ်းအားကို မင်းရဲ့ မိုးကြိုးနဲ့ ပေါင်းစပ်လိုက်တယ်။ အဲဒီနည်းနဲ့ဆိုရင် မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေတဲ့ အဖျက်အငွေ့အသက်ကို တားဆီးနိုင်ပြီးတော့ မင်းခန္ဓာကိုယ်ကို လေ့ကျင့်ဖို့ ကူညီပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ မင်း ကြယ်တာရာ ဆုံမှတ်တွေကို ဖွင့်ပြီးမှ ဒီဟာကို အသုံးပြုဖို့ အကြံပေးချင်တယ်။”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး ခေါင်းညိတ်လိုက်သည်။ နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးသည် သူ့အားကောင်းသည့် ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်၏။ ထို့နောက် သူက ထိုပျက်စီးသွားသည့် အစိတ်အပိုင်းများအား ပိုမိုအားကောင်းလာစေဖို့အတွက် ဝိညာဉ်ချီ၊ အသက်ဓာတ် သို့မဟုတ် ဆေးလုံးများကို အသုံးပြုရလိမ့်မည်။

သို့သော်လည်း ယခုပင် ပုပ်သိုးနေသည့်အရာကို မှော်ဆန်ဆန် ပြောင်းလဲပေးနိုင်သည့် ကံကြမ္မာကောင်း စွမ်းအားဖြင့် ပြန်လည်ကောင်းမွန်နှုန်းကာ မြန်ဆန်လာပြီး ပိုမိုအားကောင်းလာသည်။

ထိုပေါင်းစပ်မှု ပြီးဆုံးသွားသည်နှင့် ဝမ်ဝေ့က သူ့နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးမှ ရင်းနှီးမှုတစ်ခုကို ခံစားမိလိုက်သည်။ သူက ထိုအရာသည် သူတို့တိုက်ပွဲအတွင်း တိထျန်းလိုမျိုး တူညီသည့် အငွေ့အသက် ပေးနေကြောင်း သဘောပေါက်သွားသည်။

နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးသည် မတူညီလျှင်ပင် ကံကြမ္မာကောင်းနှင့် တူညီသည့် စွမ်းအားမျိုး ရှိနေ၏။

“ ကောင်းပြီ။ ဒါက နောက်ဆုံးအဆင့်ပဲ။ ဒီအခွင့်အရေးကို အသုံးချပြီးတော့ ပန်းပွင့်ကို ဖွဲ့စည်းကြည့်”

ထို့နောက် ချက်ချင်းဆိုသလို ဝမ်ဝေ့က မရင်းနှီးသည့် စွမ်းအားတစ်ခုသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တိုင်းကို ပစ်မှတ်ထားနေပြီး အက်ကြောင်းတိုင်းကို ပြန်လည်ပြုပြင်ပေးနေကြောင်း ခံစားမိလိုက်သည်။

ဝမ်ဝူချန်၏ ထိန်းချုပ်မှုက အလွန်တိကျလှပြီး တစ်ခုမှ လွတ်သွားခြင်း မရှိပေ။

တစ်ချိန်တည်းဆိုသလို ရှေးဟောင်းမီးအိမ်နှင့် ကံကြမ္မာကောင်း မီးတောက်ရှိခဲ့ဖူးသည့် ဝမ်ဝေ့၏ အံ့ဖွယ်ပလ္လင်ပေါ်တွင် ကောင်းကင်ကျောင်းဆောင်အထက် သရဖူတစ်ခု ရုတ်ချည်း ပေါ်ထွက်လာသည်။

ထိုစက်ဝိုင်းသရဖူတွင် ပန်းသဏ္ဌာန်အပေါက် သုံးခုရှိနေပြီး အရောင်ကွဲနေသည့် ရတနာငါးမျိုးလည်း ပါရှိသည်။ သို့သော်လည်း ထိုရတနာများက တောက်ပမှုကင်းမဲ့နေပြီး မှေးမှိန်နေသည်။

ထို့နောက် သရဖူအထက်တွင် ပွင့်ချပ်၁၂လွှာနှင့် အဝါရောင်ကြာပန်းတစ်ခု ထွက်ပေါ်လာသည်။ စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ပွင့်ချပ်တစ်ခုက ရွှေရောင်ပြောင်းလဲသွားပြီး ဒုတိယ၊ တတိယစသည်ဖြင့် အကုန်ပြောင်းလဲသွားကြသည်။ စက္ကန့်ပိုင်းလေးအတွင်း ပွင့်ချပ် ၁၂ လွှာလုံးက ရွှေရောင်ပြောင်းလဲသွားပြီး ကြာပန်းက သရဖူအတွင်း ဝင်ရောက်သွားကာ ပန်းသဏ္ဌာန်အပေါက်ထဲမှ တစ်နေရာအား ဖြည့်စည်းလိုက်သည်။

အဆီအနှစ်ပန်းပွင့်ကို ဖန်တီးလိုက်သည်နှင့် ဝမ်ဝေ့၏ ခန္ဓာကိုယ်အတွင်း အမည်မသိ စွမ်းအားတစ်ခု စီးဆင်းလာပြီး သူ့ခွန်အားအား သိသိသာသာ တိုးမြင့်လာစေသည်။

သူ မျက်လုံးဖွင့်လိုက်ပြီး မတ်တပ်ရပ်ကာ လက်သီးတစ်ချက် ပစ်ခွင်းလိုက်၏။

အလယ်အလတ်ကမ္ဘာများကိုပင် ဖျက်ဆီးနိုင်လောက်ပြီး မဟာကမ္ဘာများကိုပင် တုန်လှုပ်နိုင်စေလောက်သည့် လက်သီးချက်က ဤနေရာတွင် သက်ရောက်မှု မရှိပေ။

အာကာပြင်က ပျက်စီးသွားခြင်း မရှိသလို ဘာမှလည်း ဖြစ်မသွားပေ။ လေဟုန်တစ်ချက်သာ ထွက်ပေါ်လာ၏။ မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က ဂရုမစိုက်ပေ။

သူက လက်သီးချက်ကို ထိုးခွင်းလိုက်သည်နှင့် သူ့ကိုယ်သူ ဗလာလေဟာနယ်တစ်ခုအတွင်း ရောက်နေသည်ကို မြင်လိုက်ရ၏။ ထိုမြင်ကွင်းထဲတွင် ခွန်အားဂိတ်ပေါက် ရှိနေသည်။ ထိုဂိတ်ပေါက်က နီးရက်နှင့် ဝေးသလို ဖြစ်နေ၏။

ထို့နောက် သူက လျှို့ဝှက်ဆန်းကြယ်စွမ်းအား တချို့ကြောင့် ဂိတ်ဆီ ဆွဲခေါ်ခံလိုက်ရသည်။ ဝမ်ဝေ့က သူသည် တစ်စုံတစ်ခုကို ဖြတ်သန်းသွားပြီး နယ်မြေအသစ်အတွင်း ဝင်ရောက်သွားသည်ကို ခံစားမိလိုက်သည်။ သူက ဂိတ်ပေါက်နှင့် ပိုမိုနီးကပ်သွားဟန်ပေါ်သည်။

ထို့နောက် သတင်းအချက်အလက်တချို့က သူ့စိတ်ထဲ ဝင်ရောက်လာသည်။

သူက ယခုလက်ရှိ လက်တွေ့နှင့် ပုံရိပ်ယောင်၊ အမှန်တရားနှင့် အတုအယောင်၊ တည်ရှိမှုနှင့် မတည်ရှိမှုကြား နေရာဖြစ်သည့် ခွန်အားနယ်ပယ်ထဲ ရောက်ရှိနေလေသည်။

ထိုနယ်ပယ်၏ ရည်ရွယ်ချက်က ခွန်အားအစစ်အမှန် တာအိုကျင့်ကြံသူများ၏ ခွန်အားကို တိုင်းတာဖို့ ဖြစ်၏။ အနည်းဆုံး လိုအပ်ချက်က တစ်ကွန့်တီလီယွမ် အင်အားနှင့် ညီမျှသည့် နဂါးတစ်ကောင်အင်အား ရှိနေဖို့ဖြစ်သည်။

ဝမ်ဝေ့၏ လက်သီးချက်က နဂါးဆယ်ကောင် အင်အားနှင့် ညီမျှလေသည်။ သို့သော်လည်း ထိုအရာက သူ့ကို ခွန်အားနယ်ပယ်အတွင်း ပထမအလွှာအထိသာ ဝင်ရောက်ခွင့်ပြုထားသည်။ သူ့စိတ်ထဲမှ သတင်းအချက်အလက်အရ ဒုတိယအလွှာကို နဂါးဆင်အလွှာဟုခေါ်ပြီး နဂါးဆင်ခွန်အားကို အသုံးပြုကြသည်။ သို့သော်လည်း သူက ထိုအလွှာကို ရောက်ဖို့ လိုအပ်ချက် အတိအကျကိုမူ မသိပေ။ နာမည်သာလျှင် သိထား၏။ သေချာသည့်တစ်ခုမှာ အလွှာနှစ်ခုထက် ပို၍ ရှိလေသည်။ လူတစ်ယောက်က ပိုမိုမြင့်သွားလေလေ၊ ဂိတ်တံခါးကို ဖွင့်နိုင်ဖို့ ပိုမို နီးကပ်လာလေလေ ဖြစ်၏။

“ စိတ်ဝင်စားစရာပဲ”

ဝမ်ဝေ့က ရေရွတ်လိုက်သည်။ အကြောင်းမှာ သူက စကြဝဠာ၏ လျှို့ဝှက်ချက်ကို ဖြည်းဖြည်းချင်း ရှာဖွေတွေ့ရှိလာသလို ခံစားလိုက်ရ၍ ဖြစ်သည်။ ဤသည်က ကျင့်ကြံရေး၏ ကောင်းသော အကျိုးအမြတ်ဟု ယူဆနိုင်လေသည်။

ဝမ်ဝေ့က အတွေးတစ်ချက်ဖြင့် သူ့အသိစိတ်အား ခန္ဓာကိုယ်ဆီ ပြန်လာလိုက်သည်။ သူက ခွန်အားနယ်ပယ်တွင် မိနစ်ပိုင်းမျှကုန်ဆုံးခဲ့သော်လည်း ယခုလက်ရှိတွင် အချိန်ကုန်ဆုံးခြင်း မရှိသေးသည်ကို သိလိုက်၏။

“ ဟမ်”  သူက အဆင့်တစ် အဆီအနှစ် ပန်းပွင့်ကို ဖွဲ့စည်းပြီးသည့်နောက်တွင် အံ့ဖွယ်စွမ်းရည်တစ်ခု ရရှိသည်ကို သဘောပေါက်လိုက်၍ ရေရွတ်မိလိုက်သည်။

All Chapters