← Chapters

အရင်းအမြစ်ချီ နေရာ

Vol. 31 Ch. 424

အရင်းအမြစ်ချီ နေရာ

Vol. 31 Ch. 424

အခန်း (၄၂၄) : အရင်းအမြစ်ချီ နေရာ

သူ ရရှိလိုက်သည့် အံ့ဖွယ်စွမ်းရည်က လျှာကဝေဆဲလ်ဟု ခေါ်ဆိုလေသည်။ နာမည်အတိုင်း အစားအသောက်၊ သူ့ခန္ဓာကိုယ်နှင့် ပတ်သက်နေသည်။ ထိုစွမ်းရည်က သူ အရသာရှိသည့် အစားအစာကို စားသရွေ့ ရုပ်ပိုင်းဆိုင်ရာခွန်အားကို တိုးမြင့်လာစေသည်။

အစားအစာက ပိုမိုအရသာရှိလေလေ၊ ပါဝင်ပစ္စည်းက ပိုမိုကောင်းမွန်လေလေ သူ ရရှိမည့် ခွန်အားက ပိုမိုတိုးပွားလေလေ ဖြစ်၏။ ဤသည်က ခွန်အားအစစ်အမှန် တာအို၏ ပြီးပြည့်စုံသည့် စွမ်းရည်တစ်ခု ဖြစ်သည်။

ဒါက ငါ့ကို အစားမက်သူ ဖြစ်စေချင်နေတာလား…

ထိုအရာကို စဉ်းစားကြည့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ဝူဟုန်၏ အချက်အပြုတ်ကို အမှတ်ရသွားသည်။ သူ့ ယခင်ဘဝတွင် ယောက်ျားတစ်ယောက်၏ နှလုံးသားကို ဖမ်းစားလိုလျှင် အစာအိမ်ကို အပိုင်သိမ်းရမည်ဟု ဆိုရင်းရှိသည် မဟုတ်ပါလော။

သူ့ဇနီးက ထိုအရာကို လူအများစုထက်ပင် ပိုမိုနားလည်လေသည်။

ဝမ်ဝေ့က သူ့ချက်ပြုတ်ရေးသည် တခြားကမ္ဘာမှ အတွေးအခေါ်များ ရရှိထားသည့်အတွက် ဟင်းချက်ကောင်းလိမ့်မည်ဟု တွေးထင်ထားခဲ့သည်။ အထူးသဖြင့် ဤကမ္ဘာ၏ ကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအား ပြည့်ဝနေသည့် ပစ္စည်းများအပေါ် မှီခိုကြပြီး ထိုအရာများသည် သဘာဝအားဖြင့် အရသာရှိတတ်ကြသည်။ ထို့ကြောင့် သူက ဝူဟုန်ဆီ ကြွားဖို့သွားခဲ့သော်လည်း သူမ၏ အစားအစာကို မြည်းစမ်းပြီးသည့်နောက်တွင် ရုတ်ချည်း အသိဝင်သွားခဲ့သည်။ သူမ ပြုလုပ်သည့် ဟင်းလျာများက ဖော်ညွှန်းဖို့ နည်းလမ်းနှစ်ခု ရှိလေသည်။ ထင်မှတ်မထားတာမျိုးနှင့် အရသာခပ်ပြင်းပြင်း ဖြစ်၏။

အကြောင်းအရင်းမှာ သူမက ချက်ပြုတ်ရေးတွင် စည်းပိတ်ရေး စွမ်းအားကို အသုံးပြုခဲ့သည်။ သူမက ဟင်းလျာတစ်ပွဲမှ အရသာကို စည်းပိတ်ပြီး တခြားတစ်ခုသို့ ပြောင်းလဲနိုင်သည်။ နမူနာအားဖြင့် သူမက အမဲသားအရသာကို စည်းပိတ်ပြီး ကြက်သားထဲ ထည့်ပေးနိုင်သည်။ ဤနည်းဖြင့် ဝမ်ဝေ့က ကြက်သားကို ကိုက်စားလိုက်သည့်အခါ အမဲသားအရသာ ရနေလိမ့်မည်။ ထိုသို့ မထင်မှတ်ထားသည့် အရသာမျိုးက သူမ ချက်ပြုတ်သည့် အစားအစာအပေါ် ပိုမိုအဆင့်မြင့်သွားစေသည်။ သို့သော်လည်း ဤသည်က အဆုံးသတ် မဟုတ်သေးပေ။

ဝူဟုန်က ကြက်သားနှင့် အမဲသားအရသာကို ပေါင်းစပ်ပြီး သူမ၏ စည်းပိတ်ခြင်း စွမ်းရည်ဖြင့် အရသာအသစ်တစ်ခု ဖန်တီးခဲ့သည်။ သူမက ကြက်သား အကောင်ရေတစ်ထောင်နှင့် ပိုသည့် အရသာများကို စည်းပိတ်ပြီး ကြက်သားအပိုင်းအစတစ်ခုထဲ ထည့်သွင်းခဲ့သောကြောင့် ထိုကြက်သား၏ အရသာသည် အဆထောင်ပေါင်းများစွာ ထူးကဲနေသည်။

သူမ ဟင်းလျာများသည် ကုသရေး၊ သွေးစွမ်းအား တိုးမြှင့်ပေးခြင်း၊ ဝိညာဉ်ကို သက်တောင့်သက်သာ ဖြစ်သွားစေခြင်း အစရှိသဖြင့် အာနိသင်မျိုးရှိသည့်အကြောင်း ထည့်မပြောရသေးပေ။

ဝမ်ဝေ့က သူမ၏ ဟင်းလျာကို ပထမဆုံးအကြိမ် မြည်းစမ်းခဲ့သည့်အချိန်ကို အမှတ်ရသွားသည်။ ထိုအရာက သူသည် နောင်အနာဂတ်တွင် အပျော်ရွှင်ဆုံးသော အမျိုးသားတစ်ဦး ဖြစ်လိမ့်မည်ဟု သဘောပေါက်လိုက်သည့် အခိုက်အတန့်တစ်ခုလည်း ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူက သူမ၏ ပညာကို သင်ယူလိုသောကြောင့် သင်ပေးဖို့ တောင်းဆိုခဲ့သည်။

သူမက ထူးထူးဆန်းဆန်းဖြင့် သူ့အား သူမထံ သင်ပေးဖို့ တောင်းဆိုခိုင်းခဲ့သည်။ ထိုစဉ် သူမ မျက်နှာအထက် ခပ်ယဲ့ယဲအပြုံးမျိုး တစ်ခုလည်း ရှိနေလေ၏။ ဝမ်ဝေ့ မသိထားသည်မှာ ဤသည်က ယခင်အချိန်စက်ဝန်းမှ လက်စားချေမှုတစ်ခု ဖြစ်နေသည်။ ထိုအချိန်တွင် ဧကရီဝူက သူ့အတွက် တစ်ခါ ချက်ပြုတ်ပေးခဲ့ဖူးသည်။ အစားအစာက အဆင်ပြေသော်လည်း ဝမ်ဝေ့က ဝူဟုန်ကို ဟာသလုပ်ကာ သူမသည် ရေနွေးပင် မတည်နိုင်လောက်အောင် ချက်ပြုတ်ရေးတွင် ညံ့သည်ဟု ပြောခဲ့သည်။

အစားအစာက အမှန်တကယ် မဆိုးရွားပေ။ ဧကရီဝူက အဆင့်မြင့်သက်ရှိ ဖြစ်သည့်အတွက် မှန်ကန်သည့် အပူချိန်ဖြင့် ချက်ပြုတ်သည့် အရာတစ်ခုကို မည်သို့မလုပ်နိုင်ဘဲ နေမည်နည်း။ ကံဆိုးစွာဖြင့် သူမက အစားအစာပြုလုပ်ဖို့အတွက် အဆင့်မြင့်ပစ္စည်းများအပေါ် မှီခိုထားခဲ့ပြီး အရသာမှုန့်များ မပါဝင်ပေ။ ပြောရလျှင် တကယ့် စားဖိုမှူးတစ်ယောက် အသုံးပြုမည့် နည်းလမ်းလည်း မဟုတ်ပေ။ ထို့ကြောင့် ဝမ်ဝေ့က သူမကို စနောက်ခဲ့ခြင်း ဖြစ်၏။

ထိုအကြောင်းအရင်းကြောင့် သူမက သူ့စကားအား ပြန်လည်နောင်တရစေချင်သည်။ ထို့ကြောင့် သူမက ချက်ပြုတ်ရေးကို လေ့လာခဲ့ပြီး စည်းပိတ်ပြီး ချက်ပြုတ်ရေး နည်းစနစ်ကိုပါ ဖန်တီးခဲ့သည်။ သူမနည်းလမ်းကို ပထမဆုံးအကြိမ် မြည်းစမ်းလိုက်စဉ်အခါက သူ့စကားများအား အမှန်တကယ် နောင်တရခဲ့၏။

ထို့ကြောင့် ဤအချိန်စက်ဝန်းတွင် သူက သူမ၏ ချက်ပြုတ်ရေးကို မေးမြန်းလာသည့်အခါ ဤသို့ ပြန်လည်အထုံးဖြည်ရခြင်း ဖြစ်၏။

“ ဘယ်လိုအံ့ဖွယ်စွမ်းရည် ရလာတာလဲ” ဝမ်ဝူချန်က မေးလိုက်သည်။

“ လျှာကဝေဆဲလ်ပါ” ဝမ်ဝေ့က သူ့စွမ်းရည် အလုပ်လုပ်ပုံကို ရှင်းပြလိုက်သည်။

ထိုလူက ခေါင်းညိတ်ကာ “ စွမ်းရည်ကောင်းပဲ။ မင်းနဲ့ သင့်တော်တယ်”

ဝမ်ဝူချန်က အဆင့် ၃နှင့်အထက် ပန်းပွင့်ဖွဲ့စည်းခြင်းသည် အသုံးပြုသူနှင့် သင့်တော်သည့် အံ့ဖွယ်စွမ်းရည်တစ်ခု ရရှိလာမည်ဟု အာမခံထားကြောင်း သိလေသည်။ သူက အဆင့်တစ် အဆီအနှစ်ပန်းပွင့်ကို ဖွဲ့စည်းခဲ့စဉ်အခါက ခွန်အားအစစ်အမှန် တာအိုလမ်းစဉ်ကို လျှောက်လှမ်းဖို့ရာ သင့်တော်သည့် စွမ်းရည်တစ်ခုကို ရရှိခဲ့သည်။

“ အခု ချီပန်းပွင့်ကို ဖွဲ့စည်းကြစို့”

ဝမ်ဝူချန်က သူ့စွမ်းအားကို ဝမ်ဝေ့၏ ခန္ဓာကိုယ်အတွင်း ထည့်သွင်းလိုက်ပြန်သည်။ ဤတစ်ကြိမ် သူ့ပစ်မှတ်က သူ့ အံ့ဖွယ်ပင်လယ်၊ အံ့ဖွယ်ပလ္လင်နှင့် ကမ္ဘာဦးစိတ်ဝိညာဉ်ရှိ အက်ကြောင်းများအပေါ် ဖြစ်၏။ သူက သူတို့သည် မပျက်စီးခင် ပြီးပြည့်စုံသည့် အနေအထားသို့ ရောက်ရှိသွားအောင် သေချာအောင် လုပ်ပေးရမည်။

သို့သော်လည်း သူက ဝမ်ဝေ့၏ အစစ်အမှန် ကမ္ဘာဦးစိတ်ဝိညာဉ်ကို မြင်သည့်အခါ အနည်းငယ်အံ့အားသင့်သွားမိသည်။

ကမ္ဘာဦးစိတ်ဝိညာဉ်နဲ့ အစစ်အမှန်စိတ်ဝိညာဉ် ပေါင်းစပ်ထားတာလား

ဒီကောင်လေးက တကယ်ကို ပါရမီရှင်ပဲ။ ပြီးတော့ သူ့ဝိညာဉ်ကလည်း ထူးခြားနေသေးတယ်

ဝမ်ဝူချန်က ကမ္ဘာဦးစိတ်ဝိညာဉ်ရှိ ဒဏ်ရာများအား ကုသပေးဖို့အတွက် ပုံမှန်ထက်ပိုသည့် စွမ်းအားများကို အသုံးပြုခဲ့ရသည်။ သူက ဝမ်ဝေ့၏ စိတ်ဝိညာဉ် အမှုန်အများစုကို လင်းသွားအောင် ကူညီပေးခဲ့သေး၏။

တိုက်ပွဲအတွင်း သူက သန်းရာချီမျှသာ လင်းလက်ခဲ့သော်လည်း ယခုအခါ သန်းတစ်သောင်းမျှ ရှိနေလေပြီ။ ၁.၂၆၃ ထရီလီယံအမှုန်များထဲ သန်းပေါင်း တစ်သန်းက လင်းလက်နေပြီဖြစ်၏။

ထိုအရာ ပြီးဆုံးသွားသည်နှင့် ဝမ်ဝူချန်က ဝမ်ဝေ့၏ ဝိညာဉ်ကို အပြင်လူများမသိစေရန် စည်းတံဆိပ်ထားပေးဖို့ ကြံရွယ်လိုက်သည်။ သူ့အလိုလိုသိစိတ်က ဤကလေး၏ ဝိညာဉ်သည် ပြဿနာဖြစ်လာနိုင်ကြောင်း သတိပေးနေသည်။

သို့သော်လည်း သူက နတ်ဘုရားအပြစ်ဒဏ် မိုးကြိုးအပေါ်တွင် အသုံးပြုထားသည့်အရာထက် ပိုမိုအားကောင်းသည့် စည်းတံဆိပ်ကို မြင်လိုက်ရသည့်အတွက် ရပ်တန့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

ထို့ကြောင့် သူက နောက်အဆင့်ကို ဆက်လက် လုပ်ဆောင်လိုက်သည်။ ထိုအရာက ဝမ်ဝေ့၏ အံ့ဖွယ်ပင်လယ်ထဲရှိ မူလအဆီအနှစ်များကို သန့်စင်ပေးခြင်း ဖြစ်၏။ ယခင်ကဲ့သို့ ဝမ်ဝေ့က ကန့်သတ်ချက်ရောက်အောင် သန့်စင်ထားခဲ့ပြီဟု ယူဆထားသော်လည်း အမှန်တကယ်တော့ မဟုတ်ခဲ့သေးချေ။

သန့်စင်ရေးဖြစ်စဉ် ပြီးဆုံးသွားသည်နှင့် ပွင့်ချပ် ၁၂ လွှာရှိသည့် နောက်ထပ်ကြာပွင့်တစ်ခုက သရဖူအထက်တွင် ပေါ်ထွက်လာသည်။ ထို့ကြာပွင့်က အဖြူရောင် ဖြစ်နေပြီးနောက် ပွင့်ချပ်တစ်လွှာက အနက်ရောင် ပြောင်းလဲသွားသည်။

ယခင်ကဲ့သို့ ပွင့်ချပ် ၁၂ လွှာလုံးက စက္ကန့်ပိုင်းအတွင်း အနက်ရောင်အဖြစ် ပြောင်းလဲသွားပြီး သရဖူ၏ ဒုတိယအပေါက်အတွင်း ဝင်ရောက်သွားသည်။ ထို့နောက် ချက်ချင်းဆိုသလို ဝမ်ဝေ့က သူ့အံ့ဖွယ်ပင်လယ်တွင် တစ်ခုခု ကွဲပြားသွားသည်ကို ခံစားမိလိုက်၏။

ဝိညာဉ်ချီ

ထိုအရာက မိုးမြေမှ စုပ်ယူထားသည့်အရာ မဟုတ်ဘဲ သူ့အံ့ဖွယ်ပင်လယ်မှ ထွက်ပေါ်လာသည့်အရာ ဖြစ်၏။ ဝမ်ဝေ့၏ အဆုံးမဲ့ အံ့ဖွယ်ပင်လယ်သည် သူ အသက်ရှင်သလောက် ဆက်တိုက်ဆိုသလို ကျယ်ပြန့်နေသည်။

သို့သော်လည်း ထိုအရာကို ဖြည့်တင်းဖို့ ပတ်ဝန်းကျင်မှ ဝိညာဉ်ချီကို စုပ်ယူဖို့ လိုအပ်ပြီး မူလအဆီအနှစ်အဖြစ် ပြောင်းလဲပေးရသည်။ အံ့ဖွယ်ပလ္လင်အဆင့်တွင် သူ့ခန္ဓာကိုယ်က ထိုအရာကို အလိုအလျောက် လုပ်ဆောင်နိုင်လေသည်။ သို့သော်လည်း ထိုအရာက မိုးမြေ၏ ဝိညာဉ်ချီအပေါ် မှီခိုနေရသည့်အချက်ကို ပြောင်းလဲခြင်း မရှိပေ။

ဤသည်က သူသည် ခန္ဓာကိုယ်သန့်စင်သည့်သူအဖြစ် ကျင့်ကြံလိုသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်၏။ ပြောရလျှင် သူက အံ့ဖွယ်ပင်လယ် ခမ်းခြောက်သွားပြီး ပြန်လည်မဖြည့်တင်းနိုင်သည့် အနေအထားသို့ ရောက်ရှိနေသည့်အခါမျိုးကို တွက်ဆ၍ လုပ်ဆောင်ထားခြင်း ဖြစ်သည်။

သို့သော်လည်း ယခုတွင် သူက ထိုပြဿနာ မရှိတော့ပေ။ အကြောင်းမှာ သူ့ခန္ဓာကိုယ်က ဝိညာဉ်ချီကို အလိုအလျောက် ထုတ်ပေးနေပြီး အဆုံးမဲ့စွမ်းအား ပေးအပ်ထားသည်။

ဝမ်ဝေ့က ထိုအံ့ဖွယ်စွမ်းရည် အသစ်ကို အာရုံစိုက်ထားလိုက်သည့်အခါ မျက်လုံးများက တောက်ပလာသည်။ ဤသည်က ထိုစွမ်းရည်၏ အဆုံးသတ် မဟုတ်ပေ။ သူက ဝိညာဉ်ချီ ပမာဏအမြောက်အများကို စတေးပြီး ပင်ကိုချီအဖြစ် ပြောင်းလဲနိုင်သလို ပင်ကိုချီကို လုပ်ဆောင်ခဲ့သလိုမျိုး ဟွင်သွမ်းချီအဖြစ်လည်း ပြောင်းလဲနိုင်သည်။ သို့သော်လည်း သူက ယခုအနေဖြင့် အချိုးအစား အတိအကျကို မသိရသေးပေ။

“ ဝိညာဉ်ချီက ဘယ်ကနေ ရောက်လာတာလဲ သိချင်မိသား။ တစ်နေရာရာကနေ ထွက်ပေါ်လာတာလား…”

ဝမ်ဝေ့က သိချင်စိတ်ဖြစ်ပေါ်လာသည့်အတွက် အဖြေရှာဖို့ ကြိုးစားလိုက်သည်။ သူ့ဝိညာဉ်က ယခင်ထက် ပိုကောင်းနေပြီ ဖြစ်၏။ ထို့ကြောင့် သူက ချီပန်းပွင့်အပေါ် အာရုံစိုက်ထားလိုက်စဉ် ကံစွမ်းအားကို အသုံးပြုပြီး ဝိညာဉ်ချီ၏ မူလရင်းမြစ်ကို ရှာဖွေလိုက်သည်။

ဝမ်ဝေ့က သူ့ထူးကဲလှသည့် အာရုံဖြင့် ချီပန်းပွင့်နှင့် ဝိညာဉ်ချီကို ဆက်နွယ်ထားသည့် ကြိုးမျှင်တစ်ခုကို တွေ့ရှိသွားသည်။

သူက ထိုအရာမှ အရင်းအမြစ်ဆီ လိုက်သွားလိုက်သည်။ ဝမ်ဝေ့က သူ့ဝိညာဉ်သည် အမည်မသိ နေရာတစ်ခုသို့ အလျင်အမြန် သွားနေကြောင်း ခံစားမိလိုက်၏။ ခေတ္တမျှ ကြာမြင့်သလိုလို၊ အချိန်ကြာမြင့်သလိုလို ခံစားရပြီးသည့်နောက်တွင် သူက နေရာကျယ်တစ်ခုအတွင်း မျောလွင့်နေသည်ကို တွေ့လိုက်ရသည်။

သူ့အောက်တွင် မိုးကုတ်စက်ဝိုင်းအတွင်း ကျယ်ပြန့်နေသည့် အဖြူရောင်ပင်လယ်တစ်ခု တည်ရှိနေ၏။ ထိုပင်လယ်က ကန့်သတ်ချက်မရှိဘဲ အဆုံးမဲ့ ဖြစ်ဟန်ပေါ်သည်။ ကံဆိုးသည်လား ကံကောင်းသည်လား မသိပေ။ တစ်စုံတစ်ခုက သူ့အား ထိုနေရာမှ ရုတ်ချည်း ဆွဲခေါ်သွားလေ၏။

“ ကောင်လေး ရူးနေလား။ မင်းက ဖျက်ဆီးခံချင်နေတာလား” ဝမ်ဝူချန်က အမူအရာ အလေးအနက်ထားကာ ပြောလိုက်သည်။

“  အဲဒီနေရာက ဘာလဲ”

“ အရင်းအမြစ်ချီ နေရာ”

ဝမ်ဝေ့က ထိုအကြောင်းကို လျှို့ဝှက်မှတ်တမ်းခန်းတွင် ဖတ်ရှုခဲ့ဖူးသည်ကို အမှတ်ရလိုက်သည်။ အရင်းအမြစ်ချီ နေရာသည် စကြဝဠာ၏ စွမ်းအား အားလုံးမွေးဖွားရာ အရင်းအမြစ်ဖြစ်သည်ဟု ကောလဟာလများ ရှိခဲ့ဖူးသည်။ ဤအရာက ကမ္ဘာ့အသိုင်းအဝန်းအသီးသီး အစပြုလာရာ ကမ္ဘာအားလုံး၏ ဝိညာဉ်ချီအဆတစ်ရာလည်း ဖြစ်၏။

တစ်ချိန်တည်းဆိုသလို မဟာဧကရာဇ်များက လူတချို့အား ထာဝရအရှင် ဖြစ်လာစေဖို့အတွက် မသေမျိုးချီ သို့မဟုတ် မသေမျိုးအရင်းအမြစ်ကို ရယူဖို့ သွားလာရသည့် နေရာလည်း ဖြစ်ပေသည်။

ထို့ကြောင့် သူ့အနေနှင့် ဝမ်ဝူချန်သာ သူ့အား ဆွဲမထုတ်လိုက်လျှင် တစ်စုံတစ်ခု ဖြစ်ပွားသွားမည်မှန်း သိလိုက်သည်။ ယခု သူက မဟာဧကရာဇ် မဟုတ်ဘဲ သေမျိုးတစ်ယောက်သာ ဖြစ်နေသေး၏။

“ အဲဒီနေရာကို ထပ်မသွားတာ အကောင်းဆုံးပဲ။ ပြီးတော့ စိတ်ဝိညာဉ်ပန်းပွင့်ကို ဖွဲ့စည်းဖို့  ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ထိပ်ဆုံးရောက်အောင် စောင့်ရမယ်”  ဝမ်ဝူချန်က အနည်းငယ် စိတ်ရှုပ်ထွေးစွာ အမူအရာဖြင့်ပြောလိုက်သည်။

ဒီကောင်လေးက အရင်းအမြစ်ချီ နေရာကိုတောင် ဝင်ရောက်နိုင်တယ်ဆိုတော့ သူ ဧကရာဇ်ဖြစ်လာတာနဲ့ သူဖန်တီးနိုင်မဲ့ ထာဝရအရှင် အရေအတွက်က ထာဝရဧကရာဇ်တွေထက်တောင် ပိုနေလောက်တယ် …

ဝမ်ဝူချန်က စိတ်အတွင်းမှ သက်ပြင်းချလိုက်သည်။ သူက ယခုဖြစ်ပျက်သွားသည့်အရာမှာ အမှန်တကယ် အံ့ဖွယ်ဖြစ်ကြောင်း သိလေသည်။ အကယ်၍ ထိုကောင်လေး၏ ထူးဆန်းသည့် ဝိညာဉ်ကြောင့်သာ မဟုတ်လျှင် ထိုနေရာနှင့် မနီးကပ်ခင် ချက်ချင်းဆိုသလို ပျက်သုဉ်းသွားလောက်သည်။ စက္ကန့်ပိုင်းမျှ အသက်ရှင်ဖို့ရာ  ထည့်ပြောဖို့ မလိုတော့ပေ။

သူ့လိုမျိုး ဆန့်ကျင်ကောင်းကင် ရွေးချယ်ခံအနေနှင့်ပင် အရင်းအမြစ်ချီ နေရာ၌ ကြာကြာအသက်မရှင်နိုင်ပေ။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက်  ဘိုးဘေးအား ကျေးဇူးတင်ကာ သူ့အဖေနှင့် အတူ ထွက်သွားဖို့ ပြင်လိုက်သည်။ သို့သော်လည်း သူက တစ်စုံတစ်ခုကို အမှတ်ရကာ မေးလိုက်၏။

All Chapters