အချိန်နှင့် ကံ
Vol. 31 Ch. 427
အခန်း (၄၂၇) : အချိန်နှင့် ကံ
“ မင်း ငါ့ကို သိတယ်လား” ဝမ်ဝေ့က မေးလိုက်သည်။
“ ဘိုးဘေး ခန်းမထဲမှာ ပုံတူရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း ကောင်းကင်သစ်ပင်ရွာက ရွာသူရွာသားတွေအကုန်လုံး ထွက်သွားတဲ့သူတွေတောင် ပြန်လာပြီးတော့ ကိုးကွယ်ကြတယ်”
အော် ငါ ဒီရွာမှာ သတိထားမိတဲ့ ယုံကြည်မှုစွမ်းအားက ဒီလိုဖြစ်နေတာကိုး…
ဝမ်ဝေ့က ဘိုးဘေးခန်းမဟု ထင်ရပုံပေါ်သည့် ယုံကြည်မှုစွမ်းအား စုဝေးနေသည့်ဘက်အား လှမ်းကြည့်လိုက်သည်။
ထိုစဉ် သူ့ကို မှတ်မိသည့်လူငယ်လေးက အလွန်စိတ်လှုပ်ရှားသည့်အတွက် မထိန်းချုပ်နိုင်ပဲ စကားပင် ကျယ်ကျယ်လောင်လောင် ပြောလာသည်။ သူသာလျှင် မဟုတ်ဘဲ သူ့ဘေးနားမှ လူများလည်း အပါအဝင် ဖြစ်၏။
ဝမ်ဝေ့၏ ရုပ်ပိုင်းသွင်ပြင်က သိသိသာသာ ပြောင်းလဲသွားသော်လည်း သူ့သဘောထားက ပြောင်းလဲသွားခြင်း မရှိပေ။ ထို့ကြောင့် လူများက မှတ်မိနိုင်သေး၏။
ရွာသားအားလုံးက သူ့အား ပျော်ပျော်ရွှင်ရွှင် ကြည့်နေကြသည်။ နှစ်များစွာ ကြာသည်အထိ ကောင်းကင်သစ်ပင်ရွာသည် နေရာတစ်ဝိုက်တွင် နာမည်ကျော်ကြားလာခဲ့သည်။ ထိုအရာက နှစ်စဉ်ရိတ်သိမ်းမှုသည် အမြဲတမ်း ပေါကြွယ်ဝနေသည့် အကြောင်းအရင်းကြောင့်သာမကဘဲ ရွာမှ ထွက်သွားသူအားလုံးလည်း အောင်မြင်ဖို့ အာမခံရှိထား၍ ဖြစ်သည်။
သူတို့က ပညာရှင် ဖြစ်လာခြင်း၊ တိုင်းပြည်ကို ခစားမည့် ဘဝတစ်ခုကို ရွေးချယ်သွားခြင်း၊ ချမ်းသာကြွယ်ဝမှုကို အလိုရှိသည့် ကုန်သည် တစ်ယောက်ဖြစ်လာခြင်း သို့မဟုတ် စစ်တပ်အာဏာရှိထားသည့် စစ်သူကြီးတစ်ယောက် ဖြစ်လာခြင်းဖြစ်စေ၊ အားလုံးက အောင်မြင်ကြသည်။ ထိုအရာက နှစ်သုံးထောင်ကျော်ကြာသွားသည့်တိုင် မရပ်တန့်သေးပေ။
ထိုရလဒ်ကြောင့် ရွာ၏ မှော်အစွမ်းကို လူအများစုက သိလာကြပြီး လိုချင်တပ်မက်လာကြသည်။ သို့သော် အဆုံးသတ်တွင်မူ သူတို့အားလုံးက ထူးထူးဆန်းဆန်း အဖြစ်အပျက်များကြောင့် သေဆုံးသွားကြရသည်။ ထိုအချက်က ကျင့်ကြံသူများလည်း အပါအဝင် ဖြစ်၏။
ရွာသားများက သူတို့ရွာ ပြောင်းလဲသွားသည့်အချက်မှာ တစ်ခါက လာရောက်ဖူးသည့် သခင်လေး တစ်ယောက်ကြောင့်ဖြစ်မှန်း သဘောပေါက်ကြသည်။ ထို့ကြောင့် သူတို့က ဘိုးဘေးခန်းမတွင် ထားရှိကာ တရိုတသေကိုးကွယ်ထားပြီး နှစ်စဉ်နှစ်တိုင်း ယုံကြည်မှုများ ပေးအပ်ကြသည်။ သူတို့က သူ့ကို ရွာ၏ အစောင့်အရှောက်သဖွယ် မှတ်ယူထားကြ၏။
အစောင့်အရှောက် တစ်ခါက စိုက်ပျိုးပေးခဲ့သည့် ဧရာမသစ်ပင်ကြီးကို အစွဲပြု၍ ရွာနာမည်ပေးထားခဲ့သည်။
“ မင်းတို့ရဲ့ ဘိုးဘေးခန်းမကို ကြည့်ရအောင်” ဝမ်ဝေ့က ပြောလိုက်သည့်အတွက် လူငယ်လေးက ပျော်ရွှင်သွားလေသည်။ သူက လမ်းကို ရှေ့မှ ဦးဆောင်ခေါ်သွားပြီး တခြားရွာသားများလည်း သူ့နောက်မှ လိုက်ပါလာကြသည်။
ထိုစဉ် ဝမ်ဝေ့၏ အကြည့်ထဲတွင် ကံကြမ္မာနှင့် အချိန်စွမ်းအား ဖျတ်ကနဲလက်သွား၏။ သူ ထွက်သွားကတည်းက ဖြစ်ပျက်ခဲ့သည့်အရာအားလုံးနှင့် ဤရွာ၏ ကံကြမ္မာအား ကြည့်ရှုလိုက်သည်။ သူနှင့် အဆက်အသွယ်ရှိခဲ့သည့် မူလရွာသားများ၏ ဘဝကိုပင် မြင်လိုက်ရသည်။
သူက သူ ထွက်သွားပြီးသည့်နောက်တွင် သူတို့မည်သို့ကြွယ်ဝချမ်းသာလာကြောင်း၊ နာမကျန်းဖြစ်ကာ အသက်ကြီးပြီး မည်သို့ သေဆုံးသွားကြောင်းကိုပင် မြင်လိုက်ရသည်။ သူတို့က သူတို့မျိုးဆက်များကို သူနှင့် ပတ်သက်မှုအကြောင်းအား ပြောပြခဲ့သည်ကိုပင် မြင်ခဲ့ရသည်။
ထူးထူးခြားခြား လူတစ်ယောက်က သူ့အာရုံကိုဖမ်းစားသွားသည်။ ထိုလူက သူ့သမီးဖြစ်သူကို ခေါ်လာကာ သူ့အား ကိုယ်လုပ်တော် မလိုချင်ဘူးလားဟု မေးခဲ့သည့် အဒေါ်ကြီးတစ်ယောက် ဖြစ်၏။ ထိုအဒေါ်ကြီးက အသက်အရွယ် ၁၁၆ နှစ်တွင် သေဆုံးသွားလေသည်။ သူ့သမီးဖြစ်သူက ရွာမှထွက်သွားပြီး တိုင်းပြည်ငယ်တစ်ခုမှ တော်ဝင်မျိုးနွယ်နှင့် လက်ထပ်သွားလေသည်။
မျိုးဆက်တချို့ ကြာပြီးသည့်နောက်တွင် တိုင်းပြည်၏ ခေါင်းဆောင်နေရာကို ရယူခဲ့ပြီး သူတို့ကိုယ်ပိုင်တိုင်းပြည်ကို တည်ထောင်ခဲ့သည်။ သို့သော်လည်း ၆၃၄ နှစ်ကြာမြင့်ပြီးသည့်နောက်တွင် ထိုတိုင်းပြည်ကို တခြားတစ်ယောက်က အုပ်စိုးသွားခဲ့သည်။
ကံကောင်းစွာဖြင့် သူ့မျိုးဆက်က ဤရွာနှင့် အဆက်အသွယ် မပြတ်တောက်သွားသည့်အတွက် ကံကောင်းမှု အမြောက်အများဖြင့် ကောင်းချီးပေးခံထားရဆဲ ဖြစ်၏။ မြို့တော်ပျက်သုဉ်းသွားသည်နှင့် သူတို့၏ မိသားစုက လွတ်မြောက်သွားပြီး ပုန်းအောင်းနေခဲ့ကြသည်။ နောက်ပိုင်းတွင် ကျင့်ကြံသူမိသားစု ဖြစ်သွားခဲ့ကြ၏။
မျိုးဆက်တချို့ကြာမြင့်ပြီးသည့်နောက်တွင် သူတို့၏ မျိုးနွယ်က အံ့ဖွယ်ပလ္လင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို မွေးထုတ်ပေးခဲ့ပြီး ဤရွာ၏ ဂုဏ်ယူမှုနှင့် ပျော်ရွှင်မှု ဖြစ်လာခဲ့သည်။
သူမ တစ်ဦးတည်းသာ မဟုတ်ပေ။ ဝမ်ဝေ့က ဤရွာတွင် မွေးဖွားခဲ့သည့်လူအားလုံး၏ အနိမ့်အမြင့်၊ အတက်အကျအားလုံးကို ကြည့်ရှုလိုက်သည်။ သူတို့၏ မွေးဖွားမှုမှ သေဆုံးမှုက စက္ကန့်ပိုင်းလေးသာ ကြာမြင့်ခဲ့သည်။
ငါ လုပ်ခဲ့တဲ့ အပြုအမူက လူအများကြီးအပေါ် သက်ရောက်မှုဖြစ်သွားတာပဲ။ ငါ့အပြုအမူတစ်ခုတည်းက ဒီလူတွေရဲ့ ကံကြမ္မာကို ပြောင်းလဲပေးခဲ့တယ်…
ဝမ်ဝေ့က တွေးလိုက်ပြီးနောက် သူ့အကြည့်က ထပ်မံပြောင်းလဲသွားသည်။ ဤတစ်ကြိမ် သူက သူသာ ဝင်မစွက်ဖက်ခဲ့လျှင် ဤရွာ၏ အခြေအနေကို မြင်လိုက်ရသည်။ ဆယ်စုနှစ် ငါးခုကြာမြင့်ပြီးသည့်နောက်တွင် ဤရွာတွင် မြေငလျင်တစ်ခု ထိခတ်လာပြီး လူများစွာက သေဆုံးသွားခဲ့ကြသည်။ အသက်ရှင်ကျန်သူ အနည်းငယ်သာ ကျန်ရှိခဲ့၏။ ထိုအသက်ရှင်ကျန်သူများကလည်း နောက်ရွာတစ်ခုသို့ ပြောင်းရွှေ့သွားကြသည်။ သို့သော်လည်း မျိုးဆက်သုံးခု ကြာမြင့်ပြီးသည့်နောက်တွင် ထိုရွာက အဖမ်းဆီးခံလိုက်ရပြီး မိုင်းတွင်းများတွင် အလုပ်လုပ်ဖို့ အတင်းအကြပ်ဖိအားပေး ခိုင်းစေခံခဲ့ရသည်။ ထို့နောက်တွင် လူအားလုံး သေဆုံးသွားကြ၏။
အပြိုင် အချိန်စက်ဝန်းလား…
ဝမ်ဝေ့က တခြားဖြစ်နိုင်ချေများကို တွေးကြည့်ရင်း စဉ်းစားမိလိုက်သည်။ နမူနာအားဖြင့် သူသာ ဤရွာမှ လူများနှင့် ဘယ်တုန်းကမှ မတွေ့ဆုံခဲ့လျှင် မည်သို့ အပြောင်းအလဲ ဖြစ်လာမည်နည်း။ ကံဆိုးစွာဖြင့် သူက မတတ်နိုင်ပေ။
ငါ သူတို့ကို မမြင်ခင် အချိန်တာအိုကို နားလည်ဖို့ လိုလောက်တယ်။
ဝမ်ဝေ့က အတွေးနက်နေရင်း သူ့လူငယ်ပုံတူကို ခန်းမအလယ်တွင် ချိတ်ဆွဲထားသည်ကို မြင်လိုက်ရသည်။ ထိုပန်းချီကားတွင် သူနှင့် အနည်းငယ်တူညီမှု ရှိသည့်အတွက် အံ့အားသင့်မိသွားသည်။
ဒီလူတွေက ဒီလိုပန်းချီကားချပ် ဆွဲနိုင်လောက်အောင် သူ့ကို မှတ်မိနေတာလား။ သူတို့ လုပ်ဆောင်နိုင်ရင်တောင် သေမျိုးတွေရဲ့ မှတ်ဉာဏ်က အချိန်ကြာရင် ပျောက်ပျယ်သွားမှာဆိုတော့ အဲဒါလည်း ပြဿနာတစ်ခုပဲ။
သူက ပန်းချီကားကို ကြည့်ရင်း အကျိုးနှင့် အကြောင်းအား ချင့်ချိန်လိုက်သည်။
ငါ သိပြီ…
ကြည့်ရသည်မှာ သူ စိုက်ပျိုးခဲ့သည့် သစ်ပင်က အသိစိတ်တစ်ခု ဝင်လာပြီး သူ့အား မှတ်မိနေလေသည်။ ထို့နောက် ရွာသားများက သူ့ကို ဘိုးဘေးခန်းမတွင် ထားဖို့ ဆုံးဖြတ်ခဲ့စဉ်အခါက သစ်ပင်သည် အိပ်မက်အနေဖြင့် ရွာသားများထံ ပုံရိပ်ကို ပြသခဲ့ခြင်းဖြစ်၏။
ဝမ်ဝေ့က အခန်းအတွင်းရှိ သန့်စင်နေသည့် ယုံကြည်မှုစွမ်းအားကို ကြည့်လိုက်သည်။ ပမာဏအားဖြင့် ကောင်းကင်ဘုံဗိမာန်ကမ္ဘာမှ စုပ်ယူခဲ့သည့် အရာနှင့် မနီးကပ်သော်လည်း ထိုအရာက သန့်စင်မှုအားဖြင့် ကျော်လွန်နေသည်။
ထိုအရာက ရွာသားများသည် သူ့အား နှလုံးသားထဲမှ နက်နက်နဲနဲ လေးစားကာ ယုံကြည်ကိုးကွယ်ကြခြင်းမှာ သူသည် သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်သည့် အင်အားကြီး နတ်ဘုရားဖြစ်နေ၍ မဟုတ်ပေ။
ကံ၊ အကျိုးနှင့် အကြောင်း၊ လှုပ်ရှားမှုအားလုံးမှာ တူညီတဲ့ သက်ရောက်မှုရှိတယ်။ အပြုအမူတစ်ခုထဲက ကျောက်တုံးတစ်ခုကို ရေကန်ထဲ ပစ်ချလိုက်သလိုမျိုး အကျိုးဆက်အများကြီး ဖြစ်လာစေနိုင်တယ်။
အဆိုးကံဝဋ်ကြွေး ဒါမှမဟုတ် ကံအပြစ်ကြွေး ရှိနေတာဆိုတော့ မွန်မြတ်တဲ့ ကံလည်း ရှိနေမှာပဲ။ ကမ္ဘာကို အကျိုးပြုတာမျိုး ဒါမှမဟုတ် သေမျိုးတွေရဲ့ ဘဝကို ကောင်းကောင်းမွန်မွန် ပြောင်းလဲပေးလိုက်တာမျိုးက ကျင့်ကြံသူတွေအတွက် မွန်မြတ်တဲ့ ကံကို ရနိုင်တဲ့ နည်းလမ်းပဲ။
ဝမ်ဝေ့က လက်ဝှေ့လိုက်ပြီး အခန်းအတွင်းမှ ယုံကြည်မှုစွမ်းအားကို စုပ်ယူလိုက်သည်။ ထို့နောက် သူက သူ စိုက်ပျိုးထားခဲ့သည့် သစ်ပင်ဆီ ဦးတည်လိုက်၏။
သူက ထိုအရာအပေါ် လက်တင်ထားလိုက်သည့်အခါ အနည်းငယ် တုန်ရီသွားသည်ကို ခံစားမိလိုက်သည်။ အသိစိတ်အနည်းငယ်ကို ခံစားမိသည့်အတွက် ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ နှစ်များစွာ ကြာသည့်တိုင် သစ်ပင်က အသိစိတ်ဝင်လာပြီး လူသားအသွင်ပြောင်းပြီး ဝိညာဉ်မျိုးနွယ်ဖြစ်လာဖို့ အခွင့်အရေး ရှိခဲ့သည်။ သို့သော်လည်း ထိုအရာက ရွာကို စောင့်ရှောက်ပေးဖို့အတွက် အသွင်ပြောင်းလဲရန် ငြင်းဆန်ခဲ့သည်။
“ အပြုအမူအသေးလေးက မင်းရဲ့ဖန်တီးမှု၊ တည်ရှိမှုကို ဖြစ်ပေါ်သွားစေတယ်။ အဲဒါကြောင့် ငါတို့ကြားက ကံနဲ့ ကံကြမ္မာက နက်ရှိုင်းတယ်။ အဲဒါကြောင့် မင်းကို ကူညီပေးပါရစေ”
ဝမ်ဝေ့က လက်ဝှေ့လိုက်သည့်အခါ ပစ္စည်းနှစ်ခု ထွက်ပေါ်လာသည်။ ပထမတစ်ခုက သူ ရရှိထားသည့် ကမ္ဘာ့အရင်းအမြစ် အစိတ်အပိုင်းအနည်းငယ်ဖြစ်ပြီး နောက်တစ်ခုကမူ သိုလှောင်လက်စွပ်ရာချီ သို့မဟုတ် လူများကို ထည့်သွင်းနိုင်လောက်အောင် ကျယ်ဝန်းသည့် အရာတစ်ခုကို ဖန်တီးနိုင်လောက်သည့် လေဟာနယ်ကျောက်တုံးတစ်ခု ဖြစ်၏။
ထို့နောက် ထိုအရာနှစ်ခုကို သစ်ပင်အတွင်း ပေါင်းစပ်ပေးလိုက်သည်။
“ တစ်ရက်ကျရင် မင်းက မိုးမြေကို ထောက်ပံ့ပေးထားနိုင်တဲ့ သစ်ပင်ကြီး ဖြစ်လာဖို့ မျှော်လင့်တယ်”
ထိုသို့ပြောပြီးသည့်နောက်တွင် သူက စိတ်နှင့် စိတ်ဝိညာဉ်သည် ယခင်ထက် ပိုမိုကြည်လင်သွားကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် သူက တင်ပျဉ်ခွေထိုင်ကာ ဉာဏ်အလင်းပွင့်အခြေအနေသို့ ဝင်ရောက်လိုက်၏။
ထိုသို့လုပ်ဆောင်နေစဉ်အတွင်း သူ့ခန္ဓာကိုယ်မှ တာအိုစည်းချက်များ ထွက်ပေါ်လာပြီး ရွာ၏ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ ထို့နောက်တွင် ဧရာမ ဝိညာဉ်စွမ်းအားမုန်တိုင်းတစ်ခုက ရွာဆီ ဖြန့်ကျက်သွားသော်လည်း မည်သူ့ကိုမှ မထိခိုက်စေခဲ့ပေ။
ထိုအစား ထိုအရာက သူတို့၏ ခန္ဓာကိုယ်များအား ဆေးကြောပြီး ပိုမိုအားကောင်းအောင်၊ မြန်ဆန်အောင်နှင့် သက်တမ်းပိုတိုးလာစေသည်။ ယခင်က ရွာသားအားလုံးသည် နှစ်တစ်ရာနှင့်အထက် နေထိုင်ကြပြီး ယခု၏ အတွေ့အကြုံအပြီးတွင် နှစ် ၁၅၀ အထိ နေနိုင်ကြလိမ့်မည်။
အားလုံးက စိတ်လှုပ်ရှားစွာ အော်ဟစ်အောင်ပွဲခံလိုက်ကြ၏။ ထိုစဉ် ဝမ်ဝေ့က မျက်လုံးပြန်မဖွင့်ခင် အချိန်အထိ တစ်ပတ်ကြာသည်အထိ ရှိနေသည်။ သူ မျက်လုံးပြန်ဖွင့်လာသည့်အခါ သူ့အကြည့်တွင် စကြဝဠာကို အုပ်စိုးသည့် ကံစည်းမျဉ်းအပါအဝင် ဉာဏ်အလင်းက ဖျတ်ခနဲ လင်းလက်သွားသည်။ ထို့နောက် သူက ရေရွတ်လိုက်၏။
“ ကံလွတ်မြောက်မှုလား။ ကျင့်ကြံသူတွေက ငါတို့အသက်ရှူတဲ့လေ၊ ငါတို့ အသုံးပြုတဲ့ ဝိညာဉ်စွမ်းအား၊ ငါတို့ လျှောက်လှမ်းတဲ့ မြက်ပင်တွေ၊ ငါတို့ ခရီးစဉ်မှာ တွေ့ခဲ့ရတဲ့လူတွေနဲ့ ငါတို့မွေးဖွားကတည်းက လုပ်ဆောင်ခဲ့တဲ့ ဆက်နွယ်မှုတွေက ကံကျေးကျွန်ဖြစ်နေတဲ့အခါ ဘယ်လိုလုပ် လွတ်မြောက်နိုင်မှာလဲ။ ဒီဟာက လွတ်မြောက်နိုင်ချေ မရှိဘူး။
ကံ အချုပ်အနှောင်ကနေ လွတ်မြောက်ဖို့အတွက် စကြဝဠာကြီးရဲ့ အကျိုးအကြောင်းနဲ့ တစ်သားတည်း ဖြစ်ရမယ်။ အဲဒီအခါမှ ကံနှောင်ကြိုးတွေ အကုန်လုံးကို ဖြတ်တောက်နိုင်လိမ့်မယ်။
အဲဒီဖြစ်စဉ်က သက်ရှိအားလုံးရဲ့ အပြစ်ကြွေး၊ စိတ်ဓာတ်ကျမှု၊ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေ အကုန်လုံးကို လက်ခံပေးလောက်အောင် စိတ်ထားကျယ်ပြန့်ဖို့ လိုအပ်တယ်။ ကမ္ဘာကြီးရဲ့ ဆိုးမှု၊ ကောင်းမှုတွေ အကုန်လုံး၊ အကောင်းမြင် အဆိုးမြင်တွေ အကုန်လုံး၊ ယင်နဲ့ယန် အကုန်လုံးကိုလည်း နားလည်ဖို့လိုအပ်တယ်”
ထိုစကားလုံးများကို ပြောပြီးသည့်နောက်တွင် ဝမ်ဝေ့၏ ခေါင်းအထက် အဝါရောင်ကြိုးမျှင်တစ်ခု ပေါ်ထွက်လာသည်။ ထိုအရာက သူ့ကံအပြစ်ကြွေးကို ကိုယ်စားပြု၏။ သူ့ လက်တစ်ချက်အဝှေ့တွင် ကောင်းကင်တွင် ဓားတစ်ချောင်းပေါ်ထွက်လာပြီး ထိုကြိုးမျှင်ကို ဖြတ်တောက်လိုက်၏။
ထို့နောက် ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်မှ အနီရောင်စက်လုံး ပုံသဏ္ဌာန်အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ အထဲတွင် ဝိညာဉ်မြောက်များစွာက အော်ဟစ်နေကြသည်ကို မြင်တွေ့ရသည်။ ကံကောင်းစွာဖြင့် သူတို့၏ ခါးခါးသီးသီး အော်သံများက ဝမ်ဝေ့အပေါ် သက်ရောက်မှု မရှိတော့ပေ။
သူက ထိုကံအပြစ်ကြွေး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း လက်ဝှေ့လိုက်ကာ သူ့နှလုံးသားအတွင်း ဟွင်သွမ်းမီးတောက်ထဲ ဖွဲ့စည်းစေလိုက်သည်။
မီးတောက်ဧကရာဇ်ဆီမှ သင်ယူထားသည့်နည်းလမ်းကို အသုံးပြုကာ ကံအပြစ်ကြွေးအား ကံမီးတောက်အဖြစ် ပြောင်းလဲလိုက်၏။
ထို့ကြောင့် သူ့နှလုံးသားအတွင်း နောက်ထပ် အနီရောင်မီးတောက်တစ်ခု ဖြစ်တည်လာပြီး ဟွင်သွမ်းမီးတောက်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
ထို့နောက် ဝမ်ဝေ့က ဆက်လက် လုပ်ဆောင်လိုက်သည်။ ကောင်းကင်ရှိ ကံဓားက ချပ်ဝတ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားကာ ပျောက်ကွယ်သွားသည်။
“ ကံတစ်ပိုင်း အကန့်အသတ်မဲ့ ခန္ဓာကိုယ်လား” သူက ရေရွတ်လိုက်သည်။
ထိုမမြင်ရသည့် ချပ်ဝတ်က သူ့အပေါ် တိထျန်း အသုံးပြုခဲ့သည့် ကံတိုက်ခိုက်မှု သို့မဟုတ် ကျိန်စာများမှ ကာကွယ်ပေးထားသည်။ ထို့အပြင် ထိုအရာက ကံသက်ရောက်မှု မခံရအောင် သူ့အား ကာကွယ်ပေးထား၏။
ကံဆိုးစွာဖြင့် သူ့လက်ရှိအနေအထားဖြင့် ကံတချို့မှ အပြီးတိုင် မလွတ်မြောက်နိုင်သေးပေ။ သို့သော်လည်း သူက သူ့အပေါ် သက်ရောက်မှု နည်းပါးသွားပြီ ဖြစ်၏။ ထို့အပြင် သူက ယခင်ပေးအပ်ရမည့် ကံဝဋ်ကြွေးများစွာ ရှိနေသေးသည့်အတွက် ပြန်လည်ပေးဆပ်ရဦးမည်။ ထို့ကြောင့် သူက ယခုအတွက် ထိုအရာကို မဖြတ်တောက်နိုင်သေးပေ။
မည်သို့ပင်ဆိုစေကာမူ ဝမ်ဝေ့က မဟာဧကရာဇ် ဖြစ်လာပြီးသည့်နောက်တွင် သူ ရှိခဲ့သည့် ကံဝဋ်ကြွေးအားလုံးကို ပြန်လည်ပေးဆပ်ဖို့ စီစဉ်ထားပြီးသားဖြစ်၏။ ထို့နောက်တွင် သူက သူ့မိဘအပါအဝင် ကံဆက်နွယ်မှု ရှိသမျှ အရာအားလုံးကို ဖြတ်တောက်ပစ်လိမ့်မည်။
သူက သူ့အနာဂတ်သည် ပြဿနာများ၊ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်ကို သိထားသည့်အတွက် ကံဆက်နွယ်မှုအားလုံးကို ဖယ်ရှားလိုက်ခြင်းက သူ ချစ်မြတ်နိုးရသည့် လူအားလုံးကို သူ့ရန်သူဆီမှ ကာကွယ်ဖို့ နည်းလမ်းလည်း ဖြစ်ပေသည်။
ထို့အပြင် သင့်တော်သည့် ပါရမီရှင် တစ်ယောက်ရှေ့တွင် မည်သို့သော ကံပုံစံဖြစ်ပါစေ လျှို့ဝှက်အန္တရာယ်တစ်ခု ဖြစ်နေနိုင်သည်။ အကယ်၍ ဝူဟုန်သာ သူနှင့် ကံအရ ဆက်နွယ်နေခြင်း မရှိသည့် အချက်ကြောင့်သာ မဟုတ်လျှင် သူတို့နှစ်ဦးကြားမှ ကံဆက်နွယ်မှုကိုလည်း ဖြတ်တောက်လိုက်မည် ဖြစ်၏။
ဝမ်ဝေ့က အသက်ပြင်းပြင်း ရှူထုတ်လိုက်သည်
“ နောက်အဆင့်က ကံနဲ့ အချိန်ကြားက ဆက်နွယ်မှုကို နားလည်ဖို့ပဲ။ လူတစ်ယောက်ကို အချိန်အကြာကြီး စည်းပိတ်ထားတာက သူတို့ခန္ဓာကိုယ်ထဲက ကံဝဋ်ကြွေးကို ဆေးကြောပေးတယ်ဆိုတာ ဘယ်လိုမျိုးလဲ။ သံသရာကို ဖြတ်ကျော်လိုက်တာက ကံဝဋ်ကြွေးကို ဆေးကြောပေးတယ်ဆိုတာကလည်း ဘယ်လိုမျိုးလဲ”