အနာဂတ်
Vol. 31 Ch. 428
အခန်း (၄၂၈) : အနာဂတ်
ဝမ်ဝေ့က ယခု ထိုအရာများအပေါ် ဖော်ထုတ်နိုင်ခြင်း မရှိမည်ကို စိုးရိမ်ခြင်းမရှိပေ။ အကြောင်းအရင်းမှာ ကောင်းကင်သွေဖယ်နေသည့် သူ့ပါရမီကြောင့်သာမက သူ့အတွင်းအင်္ဂါများကို အတွင်းအားများအတွင်း စုပ်ယူထားသည့် ကံကြမ္မာဆေးကြောရေး ပင်ကိုပစ္စည်းကြောင့်လည်း ဖြစ်၏။
ထိုအထဲမှ ပင်ကိုစည်းမျဉ်းကို ခံစားမိခြင်းက သူ့အတွက် ကံကြမ္မာတာအိုကို နားလည်ဖို့ ပိုမိုအသုံးတည့်လာစေသည်။ ဤသည်က သူ့အနေနှင့် လပိုင်းလေးအတွင်း ခန္ဓာကိုယ်အတွင်းမှ ကံအပြစ်ကြွေးကို ဖယ်ရှားနိုင်သည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်၏။
အချိန်တာအိုအတွက်မူ သူက တိထျန်းနှင့် တိုက်ပွဲကို အသုံးချကာ နားလည်ဖို့ အသုံးပြုနိုင်ပြီး ဂိုဏ်းရှိ အချိန်အစီအရင်ကိုလည်း အသုံးပြုနိုင်သည်။
ထိုအရာကို တွေးလိုက်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အား အမှားအယွင်း မရှိအောင် ပြန်လည်စစ်ဆေးလိုက်သည်။ သို့သော်လည်း သူ့အလိုလိုအသိစိတ်က ကိစ္စများသည် ထိုမျှမရိုးရှင်းကြောင်း ရှင်းပြနေလေ၏။
တိထျန်းက သူ့အနေနှင့် ကံအပြစ်ကြွေးကို ဖယ်ရှားနိုင်လိမ့်မည်ဟု တွက်ချက်ထားနိုင်လောက်သည်။ ပြောရလျှင် အနည်းဆုံးတော့ ဂိုဏ်းက ထိုအရာကို ဖြေရှင်းဖို့ နည်းလမ်းတချို့ရှိလိမ့်မည်။
ထိုလူ၏ အသိဉာဏ်အရ ထိုအရာကို မမြင်ဘဲနေဖို့ မဖြစ်နိုင်ပေ။
ဒီလိုဆိုရင် ကံအပြစ်ကြွေးက နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိနေသေးတာလား။ အဲဒါက ဘာများလဲ
ထိုအရာကို တွေ့ရှိပြီးသည့်နောက်တွင် ဝမ်ဝေ့က တိထျန်း၏ အပြုအမူများနှင့် ပတ်သက်ပြီး အကျိုးအကြောင်း ကောက်ချက်ချဖို့ လုပ်ဆောင်လိုက်သည်။ သို့သော်လည်း သူက ဘာမှမသိခဲ့ရပေ။ ထို့နောက် သူက ကံကြမ္မာစွမ်းအားကို အသုံးပြုကာ ကောက်ချက်ချဖို့ လုပ်လိုက်စဉ် ရလဒ်က အတူတူဖြစ်နေ၏။
သူက မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်၏ “ အကွက်ကျကျ စီစဉ်ခံရတာက တကယ်ကို စိတ်ပျက်ဖို့ကောင်းတယ်။ ဘာပဲဖြစ်ဖြစ် အခု သူ့ကို ပိတ်ထားတာဆိုတော့ စောင့်ကြည့်ရမှာပဲ။ ငါ သတင်းအချက်အလက် နည်းနည်းရတာနဲ့ အခြေအနေလိုက်ပြီး လှုပ်ရှားရမယ်”
ဝမ်ဝေ့က ငြိမ်ခံနေမည့်လူ မဟုတ်ပေ။ အခွင့်အရေးရောက်လာသည်နှင့် လှုပ်ရှားမည့်သူသာ ဖြစ်၏။
ဝမ်ဝေ့က မျက်လုံးဖွင့်လိုက်ပြီးသည့်နောက်တွင် မနီးမဝေးတွင် ရှိနေသည့် လူအိုကြီးသုံးယောက်ကို မြင်လိုက်ရသည်။ သူတို့က သူ့ကာကွယ်သူအဖြစ် လုပ်ဆောင်နေရင်း ရွာသားများအား သူ့ဉာဏ်အလင်းပွင့်မှုကို မနှောင့်ယှက်ဖို့ တားဆီးပေးထားကြသည်။
သူ နိုးထလာသည်ကို မြင်သည်နှင့် သူတို့က လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လာကြ၏။
“ ကျေးဇူးရှင်ကို ဂါရဝပြုပါတယ်”
“ ထကြပါ” ဝမ်ဝေ့က ထိုသုံးယောက်၏ ဇစ်မြစ်ကို သိလေသည်။ သူတို့က ရွာမှ ဘိုးဘေးကဲ့သို့ လူများဖြစ်ပြီး ကျင့်ကြံသူများဖြစ်လာကာ မိသားစုများ ဖွဲ့စည်းထားကြသည်။
သူတို့မိသားစု၏ တစ်ဦးတည်းသော အံ့ဖွယ်ပလ္လင်အဆင့် ကျင့်ကြံသူအနေဖြင့် သူတို့သည် သူတို့မိသားစု တိုးတက်လာသည့် အုတ်မြစ်လည်း ဖြစ်၏။ ထို့အပြင် ထိုသုံးယောက်က ကျင့်ကြံရေးခရီးစဉ် လျှောက်လှမ်းပြီးသည့်နောက်တွင်ပင် ပြောင်းလဲသွားခြင်း မရှိသလို မောက်မာသွားခြင်းလည်း မရှိကြပေ။ သူတို့က ရွာနှင့် အမြဲတမ်းလိုလို အဆက်အသွယ်ပြုကြပြီး ရွာအား ကြံစည်သည့် အဆင့်နိမ့် ကျင့်ကြံသူများကိုလည်း တားဆီးပေးခဲ့ကြသည်။ ကျေးဇူးရှင်အား ကိုးကွယ်ဖို့ နှစ်စဉ်နှစ်တိုင်း ကျင်းပသည့် အခမ်းအနားကိုလည်း မပျက်မကွက် တက်ရောက်ခဲ့ကြသည်။
ယခုထိုလူများက ထိုသို့လုပ်ဆောင်ခြင်းက အကျိုးအမြတ်ကြောင့် ဖြစ်နေနိုင်သော်လည်း ကိစ္စမရှိပေ။ သူတို့က ရွာမှ ကျင့်ကြံသူသာမက ဇစ်မြစ်ကို မှတ်မိနေသေးသည့် လူများလည်း ဖြစ်ပေသည်။ သူတို့မိသားစု၏ ထိုအလေ့အကျင့်ကြောင့် ဤရွာရှိ ကျင့်ကြံသူများအကြား အအောင်မြင်ဆုံး ဖြစ်ခဲ့သည်။
“ ခင်ဗျားတို့ ဒီရောက်လာပြီဆိုတော့ ကျုပ်နဲ့ ကံစပ်လို့ပဲ။ ဒီလိုဆိုတော့ ခင်ဗျားတို့ကို ကံကောင်းမှုတချို့ ပေးခဲ့မယ်။ ခင်ဗျားတို့မိသားစုအသုံးပြုနေတဲ့ ကျင့်စဉ်ကို ကြည့်ရအောင်”
သုံးယောက်သားက စိတ်လှုပ်ရှားလာကြပြီး သူတို့၏ ကျင့်စဉ်အား တုံ့ဆိုင်းခြင်းမရှိ ထုတ်ပေးလိုက်ကြသည်။ ဝမ်ဝေ့က အကြည့်တစ်ချက်ဖြင့် ထိုအရာသည် အလွန်ဆိုးရွားကြောင်း ပြောနိုင်လေသည်။
ထိုအရာကို ကျင့်ကြံသည့် လူများ၏ အခြေခံအုတ်မြစ်သည် အားနည်းရုံသာမက သူတို့သည် အံ့ဖွယ်ပလ္လင်အဆင့်အထိသာ ကျင့်ကြံနိုင်ကြလိမ့်မည်။ ဝမ်ဝေ့က ခေါင်းခါလိုက်ပြီးနောက် အနည်းငယ် ပြုပြင်လိုက်၏။
သူက ထိုလူများအား သူတော်စင်အဆင့် အုတ်မြစ်ကို ရရှိနိုင်မည့် နည်းလမ်းကို မပေးပေ။ ထိုသို့သော ကျင့်စဉ်မျိုးက အလွန်တန်ဖိုးရှိသည့်အတွက် ကမ္ဘာသာ သတင်းပေါက်ကြားသွားခဲ့လျှင် ထိုမျိုးနွယ်နှစ်ခုက ပျက်သုဉ်းသွားနိုင်သည်။
ရွာကို ကာကွယ်ပေးထားသော်လည်း သူတို့အတွက်မူ အတူတူ မဟုတ်ပေ။
ထို့ကြောင့် ဝမ်ဝေ့က ထိုကျင့်စဉ်များမှ အမှားများနှင့် မပြီးပြည့်စုံမှုများကိုသာ ဖယ်ရှားလိုက်ပြီး ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိဖို့ရာအတွက် လုပ်ဆောင်ပေးလိုက်သည်။ ထို့နောက် သူက လက်ဝှေ့လိုက်ပြီး ဆေးလုံးဖော်စပ်ခြင်း၊ လက်နက်ထုဆစ်ခြင်းနှင့် အစီအရင်အစရှိသည့် အခြေခံဗဟုသုတများ ပါဝင်သည့် စာအုပ်များကို တစ်ယောက်ချင်းစီ ပေးလိုက်သည်။
“ ကျုပ်က စိတ်ကောင်းဝင်နေတော့ ထပ်ပြီး ကူညီပေးမယ်” ထို့နောက် သူတို့သုံးဦးလုံးက သူတို့၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့် အားကောင်းကောင်း စွမ်းအားတစ်ခုကို ခံစားမိလိုက်ကြသည်။ ထိုစွမ်းအားက သူတို့ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို ဖယ်ရှားပေးပြီး ဝိညာဉ်ချီကို ထိန်းချုပ်ပြီး စုပ်ယူနိုင်ဖို့ သူတို့၏ သဘာဝပါရမီအား တိုးမြင့်သွားစေသည်။
ထို့နောက်တွင် ထိုစွမ်းအင်က သူတို့နဖူးအထက် နေရာတစ်ခုသို့ ဝင်ရောက်သွားကြဟန်ပေါ်သည်။ ထိုလူများက ထိုအရာသည် သူတို့၏ ဝိညာဉ်များထဲ ရောက်ရှိသွားကြောင်း သတိပြုမိလိုက်ကြသည်။ သူတို့အနေနှင့် သူတို့ရှေ့မှ လူသည် သူတို့ကို ရှင်းထုတ်ဖို့ တမင်ကြံစည်နေစရာမလိုမှန်း သိထားသည့်အတွက် စိတ်ထဲမထားပေ။
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် သူတို့၏ စိတ်က ပိုမိုချောမွေ့လာပြီး ယခင်နားမလည်ခဲ့သည့်ကိစ္စများက ပိုမိုရှင်းလင်းလာသလို ခံစားလိုက်မိသည်။ ထို့အပြင် သူတို့၏ မှတ်ဉာဏ်များကလည်း သိသိသာသာ တိုးမြင့်လာခဲ့၏။
ထိုသုံးယောက်က ကျေးဇူးရှင်လေးသည် သူတို့၏ နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးခဲ့ကြောင်း သိလိုက်သည်။ သူက ဘယ်လိုလုပ်ဆောင်ခဲ့မှန်း မသိသော်လည်း သူတို့အတွက် အကျိုးအမြတ် ရရှိလိုက်ခြင်းသာ အရေးကြီးလေသည်။
သူတို့က အသက်အရွယ် ကြီးရင့်နေဟန်ပေါ်သော်လည်း သုံးယောက်လုံးက နှစ် ၂၅၀ မျှသာ ရှိသေး၏။ အံ့ဖွယ်ပလ္လင်အဆင့် ကျင့်ကြံသူအနေနှင့် သူတို့က အနည်းဆုံး နှစ်တစ်ထောင် သက်တမ်း ရှိလိမ့်မည်။ ကံဆိုးစွာဖြင့် သူတို့က မိသားစုမြှင့်တင်ရေးတွင် တခြားလူများနှင့် တိုက်ခိုက်ရင်း ဒဏ်ရာတချို့ရရှိခဲ့ကြပြီး အားနည်းသော အုတ်မြစ်ဖြစ်ကာ သက်တမ်းကိုပါ လျော့ကျသွားစေခဲ့သည်။
သို့သော် ယခုတွင် သူတို့က မြင့်မားသည့်အဆင့်သို့ ရောက်ရှိဖို့ အခွင့်အရေးရလာပြီဖြစ်ကာ သူတို့မိသားစု ပိုမိုကြီးထွားလာဖို့အတွက် နောက်မျိုးဆက်ကို စောင့်စရာ မလိုတော့ပေ။ သူတို့သုံးဦးက စိတ်လှုပ်ရှားစွာဖြင့် ထွက်သွားကြ၏။ ဝမ်ဝေ့က သူတို့၏ မျိုးနွယ်အား ကပ်ဘေးမှ တစ်ခါကာကွယ်ပေးဖို့ ကမ်းလှမ်းခဲ့သည်။
သူတို့လုပ်ဖို့ လိုအပ်သည့်အခါ သူ့နာမည်ကို ပြောလိုက်ရုံဖြစ်၏။ ထိုအခါ သူက ကံစွမ်းအားဖြင့် အာရုံခံကာ သူတို့နှင့် ဘယ်လောက်ပဲ ဝေးနေပါစေ ကာကွယ်ပေးနိုင်လိမ့်မည်။
ထိုအရာ လုပ်ဆောင်ပြီးသည်နှင့် ဝမ်ဝေ့က ထွက်သွားဖို့ ပြင်လိုက်သည်။ သူက ရွာအောက်တွင် မြှုပ်နှံထားသည့် ဖုန်းရွှယ်ကံကောင်းမှု အစီအရင်ကို အထွတ်အထိပ်အဆင့်သို့ ပြောင်းလဲပေးလိုက်သည်။ ထို့နောက် သူက ရွာသားများနှင့် နှုတ်ဆက်စကားဆိုကာ နောက်ဆုံးအနေဖြင့် သစ်ပင်ကြီးကို ကြည့်ပြီးနောက် ထွက်သွားခဲ့သည်။
သူက ရွာနှင့် သစ်ပင်ကြီးသည် မည်သို့ဖြစ်လာမည်ကို သိချင်နေမိသည်။ သူတို့က အချိန်စီးဆင်းမှုအောက်မှာ အသက်ရှင်ကျန်မည်လား သို့မဟုတ် တစ်ရက်မှာ ကံဆိုးမှုခံစားရပြီး သမိုင်းကြောင်းကနေ ပျောက်ပျက်သွားမှာလား။
အရိုးသားဆုံးပြောရလျှင် ဝမ်ဝေ့က ရလဒ်တိုင်းနှင့် အဆင်ပြေလေသည်။ ဤသို့သော ရက်စက်သည့် ကမ္ဘာမျိုးတွင် သူကိုယ်တိုင်ပင် သူ့အနာဂတ် သို့မဟုတ် ကံကြမ္မာကို မထိန်းချုပ်နိုင်သေးပေ။ ဤရွာငယ်လေးကိုမူ ဆိုထားဖွယ် မရှိတော့ပေ။
ကာကွယ်ပေးထားသည်ဆိုသည်မှာ သူတို့အသက်ရှင်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ရွာငယ်လေးမှ ထွက်လာပြီးသည့်နောက် သူက ပတ်ဝန်းကျင်ကို စတင်လေ့လာလိုက်သည်။ သိပ်မကြာခင် သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာ၏။ သူက လေဟာနယ်ကို ဆုတ်ဖြဲကာ အလယ်ပိုင်းကုန်းမြေမှ တခြားနယ်မြေသို့ ကူးပြောင်းလိုက်သည်။
ငါက ဒါကို ထင်ထားပြီးသား ဖြစ်တဲ့အပြင် ဝမ်ကျူရဲ့ သတင်းအချက်အလက်မှာပါ ပြောထားတာဆိုတော့ ဒီလောက်ကြီးဆိုးရွားနေမယ်လို့ ထင်မထားမိဘူး
သူ စစ်ဆေးလိုက်သည်က သေမျိုးများအတွက် ဖန်တီးထားသည့် ခေတ်သစ်တီထွင်မှုများ၏ အခြေအနေ ဖြစ်၏။ ယခင်နှစ်ထောင်ပိုင်းအတွင်း ကိစ္စများက ဖရိုဖရဲ ဖြစ်ကုန်ကြသည်။
ထိုအရာများက ဂိုဏ်းထံ အကျိုးရလဒ် ယူဆောင်မပေးနိုင်သောကြောင့် ဂိုဏ်းအများစုက သူတို့အား စွန့်ပစ်သွားကြသည်။ ရထားများ မရှိတော့သလို လေယာဉ်ပျံများလည်း မရှိတော့ဘဲ ကားများ ဖန်တီးမှုလည်း ရပ်တန့်သွားခဲ့သည်။ တချို့သာ ကျန်ရှိခဲ့လေသည်။ တချို့သော ပိုင်နက်များတွင်မူ သူတို့ကို အပြီးတိုင် ဖယ်ရှားပစ်ခဲ့သည်။
ကျောင်းများအတွက်မူ အများစုက ပိတ်သွားကြပြီး နေရာအများစုတွင် သင်ကြားပေးမည့် ဆရာ မရှိကြသလို ဂိုဏ်းများကလည်း ဂရုမစိုက်ကြတော့ပေ။
ဒီလိုလူမှုအဖွဲ့အစည်းက ဒီကမ္ဘာမှာ နှစ်သန်းချီတည်ရှိနေတာဆိုတော့ ယဉ်ကျေးမှုက ရှေးခေတ်ကလို ဖြစ်နေတယ်။ ကျင့်ကြံသူတွေက သေမျိုးတွေကို သူတို့ထက် နိမ့်ကျတဲ့သူတွေအဖြစ်ပဲ ဆက်ဆံကြတယ်။ သူတို့ကို အကျိုးအမြတ်ရတဲ့အခါမှပဲ သဘောကောင်းပြီးတော့ လိုလိုလားလားဆက်ဆံကြတယ်။ ဒါပေမဲ့ ဘာမှမရတော့ရင်တော့…
ဝမ်ဝေ့က ခေါင်းအသာယမ်းလိုက်သည်။ သူက မျှော်လင့်ထားပြီးသားဖြစ်သော်လည်း အနည်းငယ် စိတ်ပျက်မိသွားသည်။ သူက ထိုအခြေအနေသည် ရှေးရိုးစွဲဂိုဏ်းများ အုပ်ချုပ်သည့် ပိုင်နက်များတွင်သာ ဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ယခုတွင်မူ ဂိုဏ်းအများစုက အတူတူဖြစ်နေလေသည်။
သူက သူ့ကြောင့်သာ မဟုတ်လျှင် တာအိုအခွင့်အလမ်းဂိုဏ်းသည်လည်း ထိုသို့ပြုမူလိမ့်မည်ဟု ခန့်မှန်းမိလေသည်။
ကောင်းပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ နောင်အနာဂတ်အတွက် အုတ်မြစ်ကို ချပြီးသွားပြီ
သူက ဤကမ္ဘာအား ခေတ်မီလိုပြီး ပိုကောင်းမွန်လာစေသည်မှာ သူ့စိတ်ထား ကောင်းမွန်သည့်အချက်ကြောင့် သာမကဘဲ သူ့အတိတ်ဘဝနှင့် အနည်းငယ်တူအောင် ပြောင်းလဲလို၍ ဖြစ်သည်။
အဓိက အကြောင်းအရင်းမှာမူ သူ့အနာဂတ် ကျင့်ကြံရေးကြောင့် ဖြစ်၏။ ကမ္ဘာကူးလာသူတစ်ဦးအနေနှင့် နှစ်များစွာ စုစည်းထားခဲ့သည့် သတင်းအချက်အလက်များဖြင့် သူက မဟာဧကရာဇ်များသည် ကျင့်ကြံမှုအတွက် ပိုမိုအားကောင်းသည့်ကမ္ဘာသို့ ထွက်သွားရကြောင်း သိလေသည်။ ထိုကမ္ဘာများတွင် မဟာဧကရာဇ်များက ပုရွက်ဆိတ်များလို များပြားနေလိမ့်မည်။ အကယ်၍ သူသာ ထိုနေရာသို့ ရောက်သွားလျှင် သူ့ဘေးကင်းမှုက အာမ မခံနိုင်ပေ။ ကောင်းကင်ဘုံအဆင့် သို့မဟုတ် စံပြတချို့က သူ့အား အမြင်မကြည်ခဲ့လျှင် သူ့အနေနှင့် မည်သို့အသက်ရှင်နိုင်မည်နည်း။
ထို့ကြောင့် ဝမ်ဝေ့၏ အစီအစဉ်က ထိုနေရာသို့ မသွားခင် မြင့်မားသည့်အဆင့်တစ်ခုသို့ ရောက်အောင် ကျင့်ကြံဖို့ ဖြစ်၏။ အကယ်၍ သူ့အပေါ်သာ မူတည်နေမည်ဆိုလျှင် သူ့အနေနှင့် စံပြ မဖြစ်လာသရွေ့ ထွက်မသွားလိုပေ။ ထိုအရာက ဖြစ်နိုင်သည်တော့ မဟုတ်ပေ။
ထိုအတွေးအခေါ်က ကောင်းသော်လည်း ပြဿနာကြီးတစ်ခု ဖြစ်နေသေးသည်။ ကျင့်ကြံရေးအရင်းအမြစ်နှင့် အခွင့်အရေးများဖြစ်၏။ မဟာဧကရာဇ်များက ဤနေရာတွင် ဆက်မနေသည့် အကြောင်းအရင်းလည်း ရှိနေနိုင်သည်။ ပို၍အရေးကြီးသည်က ပတ်ဝန်းကျင်သည် သူတို့၏ ကျင့်ကြံရေးကို နှောင့်နှေးစေလိမ့်မည်။
ထိုပြဿနာအတွက် ဝမ်ဝေ့၏ ဖြေရှင်းနည်းက ကုသိုလ်၊ ယုံကြည်မှုစွမ်းအားနှင့် ကံကောင်းမှု ဖြစ်၏။ သူက ထိုအရာများကို အမြောက်အများ စုစည်းထားပြီး သူ့ကျင့်ကြံမှုကို ကောင်းချီးပေးဖို့ အသုံးပြုနိုင်လေသည်။ သူ့အစီအစဉ်တွင် သူက စံပြတစ်ယောက်၏ ခွန်အားမရမချင်း ဒိုင်မေးရှင်းအနိမ့်မှ ထွက်သွားလိမ့်မည် မဟုတ်ပေ။
ထိုသို့ လုပ်ဆောင်ရန်အတွက် သူ့အနေနှင့် ကုသိုလ်၊ ကံကောင်းမှုနှင့် ယုံကြည်မှုကို စုစည်းနိုင်ရန် ကမ္ဘာ၏ အခြေခံနှင့် သေမျိုးများ၏ ဘဝကို ပြောင်းလဲပစ်ဖို့ လိုအပ်သည်။ ကျောင်းများနှင့် ခေတ်မီအသုံးအဆောင်များက သူ ကမ္ဘာကို ပြောင်းလဲသည့်အခါ အခြေခံအုတ်မြစ်အဖြစ် ချမှတ်ထားခြင်း ဖြစ်၏။
“ ဟမ်” ဝမ်ဝေ့က အာရုံများနေစဉ် တစ်စုံတစ်ခုကို ခံစားမိလိုက်သည့်အတွက် ရုတ်ချည်း ရေရွတ်လိုက်သည်။