လက်သင့်ခံခြင်း
Vol. 31 Ch. 431
အခန်း (၄၃၁) : လက်သင့်ခံခြင်း
ဝမ်ဝေ့က မြို့တစ်ခုလုံးကို ကာကွယ်ထားသည့် ဧရာမတံတိုင်းကြီးကို ကြည့်လိုက်သည်။ အကြည့်တစ်ချက်တည်းဖြင့် သူက ကြေးညိုအရိုင်း၊ နဂါးအမြီး သစ်သားနှင့် အပြာရောင် ကျောက်တုံးများ ပါဝင်နေသည့် ဧကရာဇ်တစ်ပိုင်းအဆင့် ပစ္စည်းများစွာဖြင့် ပြုလုပ်ထားကြောင်း သိလိုက်ရသည်။
ထို့အပြင် သူက ထိုမြို့၏ စီစဉ်ထားပုံသည် အစီအရင်တစ်ခုနှင့် တူကြောင်း ခံစားမိလေသည်။
ဝမ်ဝေ့က တံခါးဝတွင် စောင့်ကြပ်နေသည့် အနက်ရောင်ချပ်ဝတ်နှင့် လူနှစ်ယောက်ဆီ သွားလိုက်သည်။ သူတို့နှစ်ဦးလုံးက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ဖြစ်ကြ၏။
“ ဒါက ယုမျိုးနွယ်ရဲ့ နေရာပဲ။ အဲဒါကြောင့် မျိုးနွယ်ဝင်တွေနဲ့ ဖိတ်ကြားခံထားရတဲ့သူပဲ ဝင်ရောက်နိုင်တယ်။ ကျေးဇူးပြုပြီး အမှတ်အသားပြားကို ပြပါ”
ဝမ်ဝေ့က သူ့သိုလှောင်လက်စွပ်အတွင်းမှ အမှတ်အသားပြားကို ထုတ်ကာ အစောင့်တစ်ယောက်အား ပေးလိုက်သည်။ ထိုလူက ခေတ္တမျှ စစ်ဆေးကြည့်ပြီးသည့်နောက် အေးစက်စက် နှာခေါင်းရှုံ့ကာ ပြန်လည်ပေးလာသည်။ ထိုစဉ် တခြားတစ်ယောက်ကမူ သူ့အား မျက်လုံးထောင့်မှ ကြည့်လာသည်။
ဝမ်ဝေ့က ဘာဖြစ်နေတာလဲဟု စဉ်းစားနေမိသည်။ သူက မြို့၏ စည်းမျဉ်းအတိုင်း လိုက်နာကာ ခွင့်ပြုချက်မရှိဘဲ မပျံသန်းခဲ့ပေ။ မျှော်လင့်ချက်မြို့ကို နှစ်ပိုင်းခွဲခြားထားပြီး အတွင်းပိုင်းနှင့် အပြင်ပိုင်းဟူ၍ ဖြစ်သည်။
အပြင်ပိုင်းတွင် ယုမျိုးနွယ်၏ မျိုးနွယ်ခွဲမှ အဖွဲ့ဝင်များ နေထိုင်ကြပြီး အတွင်းပိုင်းကမူ အဓိက မျိုးနွယ်ဝင်များနှင့် ပါရမီထူးချွန်သည့် မျိုးနွယ်ခွဲမှ အဖွဲ့ဝင်များသာ နေထိုင်ကြသည်။
ဝမ်ဝေ့က အတွင်းပိုင်းသို့ ဦးတည်သွားစဉ် ဝိညာဉ်ချီများ သိပ်သည်းလာသည်ကို ခံစားမိလိုက်၏။ အတွင်းပိုင်းကို နောက်ထပ်တံတိုင်းတစ်ခုဖြင့် ထပ်မံ ခွဲခြားထားသည်။ ထို့ကြောင့် ဝမ်ဝေ့က အထဲသို့ ဝင်ရောက်ဖို့ သူ့အမှတ်အသားပြားကို ပြလိုက်ရသည်။
သို့သော် ဤတစ်ကြိမ်တွင် အစောင့်များက ပိုမိုရိုင်းစိုင်းကာ သူ့အမှတ်အသားပြားအား စစ်ဆေးပြီးသည့်နောက်တွင်ပင် စောင့်နေဖို့ ပြောခဲ့သည်။ ထိုလူများ၏ မုန်းတီးမှုသည် စိတ်ဝင်စားစရာကောင်းသည့်အတွက် သူက သူ့အမေနှင့် အဘွားကို မခေါ်လိုက်ပေ။
မိနစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် အဖြူရောင်ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦးက သူ့ဆီ ပျံသန်းလာသည်ကို မြင်လိုက်ရ၏။ ထိုလူငယ်လေးက ခေါင်းအထက်တွင် နတ်သားနှင့် တစ်ပါးနှင့်တူညီသည့် အဖြူရောင် ရောင်ဝါမျိုး ရှိနေသည်။ သူက ရွှေရောင်အလင်းတန်းကိုသာ ချန်ထားခဲ့ပြီး ရောက်လာ၏။
လူငယ်လေးက စဉ်းစားလာသည့်အခါ ဝမ်ဝေ့အား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူက မနှစ်မြို့မှုအား အနည်းငယ် ဖုံးကွယ်ခြင်း မရှိပေ။
“ မင်းက ငါ့ဝမ်းကွဲ ယုပိုထန်းလား”
သူ့ရှေ့မှ လူငယ်လေးသည် သူ့အမေအစ်မ၏ သား ဖြစ်လေသည်။ သို့သော်လည်း ဝမ်ဝေ့က သူ မှတ်မိသလောက် သူ့အမေက အစ်မဖြစ်သူနှင့် ဆက်ဆံရေးကောင်း မရှိပေ။
ထို့အပြင် သူ့အဒေါ်က သီးသန့်လေ့ကျင့်နေသည်မှာ အချိန်တချို့ကြာမြင့်သွားပြီး ဝမ်ဝေ့ အဆုံးမဲ့လေဟာနယ်အတွင်း လမ်းပျောက်သွားစဉ်အခါမှ ပြန်ထွက်လာခဲ့သည်။
“ ကြီးမြတ်တဲ့ အမွေခံသားတော်က ငါ့နာမည်ကို မှတ်မိနေတယ်ဆိုတော့ တကယ်ကို ဂုဏ်ယူစရာပါပဲ” ယုပိုထန်းက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
စိတ်ဝင်စားစရာပဲ။ ငါ့အဆင့်အတန်းကြောင့် ဒီကမ္ဘာကို ရောက်လာကတည်းက ဇာတ်လိုက်လိုမျိုး မဆက်ဆံဖူးဘူး။ အခု ငါ့အလှည့်များလား။ စိတ်လှုပ်ရှားစရာပဲ။ ငါ ဒါကို ဘယ်လိုကစားရမလဲ
ဝမ်ဝေ့က တွေးလိုက်မိသည်။
“ မင်းက ခံစားချက်ကိုတောင် ဖုံးကွယ်မထားဖူးပဲ”
“ ဘာလို့လုပ်ရမှာလဲ” ယုပိုထန်းက ပြောလိုက်သည်။ သူ ငယ်ရွယ်စဉ်ကတည်းက သူ့ဘဝကြီးက ဆိုးရွားခဲ့သည်။ အကြောင်းအရင်းမှာမူ သူ့ဝမ်းကွဲကြောင့် ဖြစ်၏။ သူမည်သို့ပင်လုပ်စေကာမူ၊ သူ မည်မျှပင် အောင်မြင်စေကာမူ၊ သူ့ရွယ်တူများထက် မည်မျှပင် ပိုကောင်းနေစေကာမူ သူ့ဝမ်းကွဲဖြင့် နှိုင်းယှဉ်ခံရလေ့ရှိကာ သူသည် မလုံလောက်သေးကြောင်း ပြောဆိုခံခဲ့ရသည်။
သူ့အဘိုးဖြစ်စေ၊ အဘွားဖြစ်စေ၊ သူ့အမေလည်း အပါအဝင်သာ ဖြစ်၏။ သူမက သီးသန့်ကျင့်ကြံနေစဉ်အတွင်း သူမ၏ ကိုယ်ပွားကို စေလွှတ်ကာ သူ့ဆီ စစ်ဆေးခိုင်းခဲ့ပြီး ဝမ်းကွဲနှင့် နှိုင်းယှဉ်ကာ စိတ်ပျက်လက်ပျက် ခေါင်းခါခဲ့သည်။
ယခု ယုပိုထန်းက တာအိုအခွင့်အလမ်းဂိုဏ်းသည် ပိုမိုအားကောင်းသည့်မျိုးနွယ် မဖြစ်နေလျှင် ယုမျိုးနွယ် ခေါင်းဆောင်နေရာက သူ့ဝမ်းကွဲ ဖြစ်သွားနိုင်ကြောင်း သဘောပေါက်သွားသည်။
“ ဒီလိုဆိုမှတော့ ကျင့်ကြံရေးလောကက နည်းလမ်းနဲ့ပဲ ဖြေရှင်းကြတာပေါ့။ အင်အားချင်းယှဉ်မယ်”
“ ကောင်းပြီ”
ထို့နောက် ချက်ချင်းဆိုသလို ယုပိုထန်း၏ နောက်တွင် စက်ဝန်းခြောက်ခုပေါ်ထွက်လာပြီး တောင်ပံတစ်ခုအသွင် ဖြစ်သွားသည်။ သူ့အရှိန်အဝါက မြင့်တက်လာပြီး တိုက်ပွဲအတွက် ပြင်ဆင်လိုက်၏။ သို့သော်လည်း သူက နေရာတွင် ရပ်တန့်သွားပြီး ခြေထောက်များက တုန်ယင်လာသည်။
သူ့အနေနှင့် မြေပြင်ပေါ် ပြုတ်ကျမသွားဖို့ရာ အတော်လေး ထိန်းထားရသည်။ ဤသည်က ဝမ်ဝေ့ဆီမှ အကြည့်တစ်ချက်ကြောင့် ဖြစ်၏။
ယုပိုထန်းက သူ့ကမ္ဘာဦးစိတ်ဝိညာဉ်အပေါ် ကျရောက်လာသည့် ဖိအားပြင်းပြင်းကို ခံစားမိလိုက်ပြီး အသက်ရှူဖို့ရာ၊ လှုပ်ရှားဖို့ရာနှင့် တွေးခေါ်ဖို့ရာအထိ ခက်ခဲနေသည်။
“ အားနာပါရဲ့။ မင်းကို ယုမျိုးနွယ်ရဲ့ အလင်းဖွဲ့စည်းရေး နည်းစနစ်စွမ်းအားကို ထုတ်သုံးဖို့ အချိန်တချို့ ပေးလိုက်သင့်တာပဲ”
ထိုသို့ပေးလိုက်ပြီးသည့်နောက်တွင် ယုပိုထျန်းအပေါ် ထုတ်လွှတ်ထားသည့် အရှိန်အဝါကို ဖယ်ရှားလိုက်သည်။ သို့သော်လည်း ထိုလူက ဘာစကားမှ မပြောရဲဘဲ နေရာမှာတင် ကျောက်ရုပ်ဖြစ်နေလေ၏။
စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က သူ့အနားသို့ သွားကာ ပုခုံးပေါ်ပုတ်လိုက်ပြီး “ ဝမ်းကွဲ မင်းဘဝကြီးက တခြားတစ်ယောက်ဆီမှာ လောင်းရိပ်မိပြီး နေထိုင်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ တွေးကြည့်လို့ရတယ်။ ဒါပေမဲ့ မင်း နားလည်ထားဖို့က လူတချို့က တခြားသူတွေနဲ့ တူညီတာ မဟုတ်ဘူး။ အဲဒါက ရက်စက်သလို ထင်ရပေမဲ့ အမှန်တရားပဲ။
အဲဒါကြောင့် မင်း ဒီအချက်ကို စောစောစီးစီး လက်ခံနိုင်လေလေ၊ မင်းဘဝကြီးအတွက် ဆက်လက်လျှောက်လှမ်းပြီး တကယ့်ရည်ရွယ်ချက် အစစ်အမှန်ကို ရှာနိုင်လိမ့်မယ်။ မင်းရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုအတွက်ရောပေါ့”
ယုပိုထန်းက သူ့လက်အား ကြည့်ကာ အရူးလို ရယ်မောလိုက်သည်။
“ ဟုတ်တယ်။ လူတွေအားလုံးက အတူတူ မဟုတ်ဘူး။ ကံကြမ္မာက မမျှတဘူး”
ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် သူက အပြင်ဘက်ပိုင်းသို့ ပျံသန်းသွားလေသည်။ ဝမ်ဝေ့အတွက်မူ သူက ဂရုမစိုက်ပေ။ ထိုအချိန်အတွင်း ကောင်းကင်ရွေးချယ်ခံအများစုက ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့် ရောက်ရှိနေပြီဖြစ်၍ နှလုံးသားနတ်ဆိုးကို မွေးဖွားဖို့ ပိုမိုလွယ်ကူလာသည်။
သူ့ဝမ်းကွဲက ထိုလူများထဲမှ တစ်ယောက် ဖြစ်၏။ သို့သော်လည်း ထိုအဖြစ်အပျက်က သူ့အား တစ်စုံတစ်ခု သဘောပေါက်သွားစေလိမ့်မည်။
ဒီကမ္ဘာကြီးက ငါ့ကို စပြီး လက်ခံလာပြီပဲ
ဝမ်ဝေ့က တွေးလိုက်မိသည်။
သူက ထိုသို့ပြောလိုက်မိသည့်အချက်မှာ ယုမျိုးနွယ်၏ ဧကရာဇ်ကျမ်းကြောင့် ဖြစ်၏။ သူ့ဝမ်းကွဲကို မြင်တွေ့ပြီးသည့်နောက်တွင် သူသည် သူတို့မျိုးနွယ်၏ ကျမ်းကို တစ်ခါမှ မကြည့်ဖူးကြောင်း၊ သူ့အမေ၏ ကျမ်းဖြစ်သည့် အမှောင်ထုအုပ်စိုးခြင်း ကျမ်းအကြောင်းကိုပင် တစ်ခါမှ မကြည့်ဖူးကြောင်း သဘောပေါက်သွားသည်။
ယုမျိုးနွယ်က အလင်းမျိုးနွယ်အပေါ် ကိုးကားထားသည့် အလင်းစွမ်းအားကျမ်းကြောင့် နာမည်ကျော်ကြားလေသည်။ ယခင်မိစ္ဆာခေတ်ကာလအတွင်း ယုမျိုးနွယ်ခေါင်းဆောင်က ကောင်းသောကံများကို စားသုံးပြီး မိစ္ဆာမျိုးနွယ်၏ သဘာဝရန်သူဖြစ်သည့် အလင်းမျိုးနွယ်ကို လေ့လာခဲ့သည်။
သူက သူတို့စွမ်းအားအား အသုံးပြုကာ ကမ္ဘာမှ မိစ္ဆာမျိုးနွယ်အား ရှင်းထုတ်ပစ်လိုလေသည်။ ထိုခေတ်ကာလတွင် ပထမတန်းစား မဟာဧကရာဇ် ဖြစ်လာသည့်နောက်တွင် သူက လူသားမျိုးနွယ်အတွက် ငြိမ်းချမ်းမှုတချို့ကို ဆောင်ကြဉ်းပေးနိုင်ခဲ့၏။
သူ ထွက်မသွားခင် မိစ္ဆာနတ်ဘုရားကိုယ်ပွားနှင့် တိုက်ခိုက်ကာ တစ်ယောက်အား ဒဏ်ရာအပြင်းအထန်ရစေခဲ့သည်။ အဆုံးသတ်တွင်မူ သူသည်လည်း ဒဏ်ရာအပြည့် ရလာခဲ့၏။
ယုယန်၏ ကျမ်းအတွက်မူ သူမက သူ့မိသားစု၏ ကျမ်းနှင့် ဆန့်ကျင်ဘက်ကို ဖန်တီးထားပြီး အမှောင်ထုတာအိုကို ကျင့်ကြံလေသည်။ သူမ၏ ရည်ရွယ်ချက်က တာအိုကို သက်သေပြပြီးသည့်နောက်တွင် ထိုကျမ်းကို ဖန်တီးပြီး တစ်ရက်ကျ သူတို့မျိုးနွယ်၏ ပါရမီကောင်းသူက ထိုကျမ်းနှစ်ခုလုံးကို ပေါင်းစပ်ကာ ယင်ယန်လမ်းစဉ်ကို လျှောက်လှမ်းပြီး မိသားစု၏ အုတ်မြစ်ကို ပိုမိုအားကောင်းလာစေဖို့ ဖြစ်သည်။
ဒီကျမ်းနှစ်ခုလုံးက အံ့ဩဖို့ကောင်းပေမဲ့ ငါ သူတို့ကို ကြည့်ဖို့ တစ်ခါမှ မတွေးခဲ့မိဘူး။ ဒါက ပြဿနာပဲ…
ဝမ်ဝေ့က ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းကို သိလေသည်။ ကျင့်ကြံရေးသည် အမျိုးသားနှင့် အမျိုးသမီးများကြားမှ ကွာခြားချက်ကို ဖယ်ရှားထားသော်လည်း အမျိုးသားများ အုပ်စိုးသည့်ဝါဒကမူ ကျယ်ပြန့်နေသေးသည်။
သူ့အမေက တာအိုအခွင့်အလမ်းဂိုဏ်းကို လက်ထပ်လိုက်ပြီဖြစ်၍ ယုမျိုးနွယ်၏ တစ်စိတ်တစ်ပိုင်း မဟုတ်တော့ပေ။ နောက်ဂိုဏ်းချုပ်အနေဖြင့် ဝမ်ဝေ့အတွက်မူ သူ့ဂိုဏ်းမှ ကျင့်စဉ်ကို ကျင့်ကြံသည်က ပုံမှန်သာ ဖြစ်၏။ သူ့အမေနှင့် သူမ မိသားစုက သူက သူတို့၏ ကျင့်စဉ်အား ကျင့်ကြံလျှင်ပင် ဘာမှစိတ်ထဲထားကြမည် မဟုတ်ပေ။
ဤသည်က ဤကမ္ဘာ၏ လူများ၏ ပုံမှန်တွေးခေါ်ပုံ ဖြစ်၏။ သို့သော်လည်း ခေတ်သစ် လူတစ်ယောက်အနေနှင့်၊ လွတ်လပ်မှုကို လိုလားသူတစ်ယောက်အနေဖြင့် ဝမ်ဝေ့က စည်းမျဉ်းများအတွင်း ထိုအတွေးအခေါ်များဖြင့် တားဆီးကန့်သတ်ထားဖို့ လိုက်နာမည် မဟုတ်ပေ။
တစ်ခုတည်းသော ရှင်းပြချက်က သူက ဤကမ္ဘာမှ ဖြည်းဖြည်းချင်း လက်သင့်ခံလာပြီ ဖြစ်၏။ သူ့တည်ရှိမှုက ဤကမ္ဘာအား ပြောင်းလဲစဉ် ကမ္ဘာကလည်း သူ့အား ပြောင်းလဲပစ်ခဲ့သည်။ သူက အသက်ကြီးလာလေလေ ထိုပြဿနာက ပိုမိုပြင်းထန်လာလေလေ ဖြစ်၏။
ဒါကို သတိထားရမယ် …
ထိုအရာကို တွေးလိုက်ပြီးနောက် ဝမ်ဝေ့က ဝေဟင်အား တစ်ချက်ကြည့်ကာ အတွင်းပိုင်းနေရာသို့ ဝင်ရောက်ခဲ့သည်။ သူက သူ့ဧကရီသည် ထိုနေရာတွင် စောင့်နေကြောင်း ခံစားမိလေ၏။ သူက လက်ထပ်ပြီးသား အမျိုးသားတစ်ယောက်ဖြစ်ဖို့ မစောင့်နိုင်တော့ပေ။
ထိုစဉ် ဝေဟင်ထဲ သူတို့၏ အံ့ဖွယ်အသိစိတ်ကို အသုံးပြုကာ ပြောနေသည့် ကိုယ်ပျောက်လူ နှစ်ယောက်က ရုတ်ချည်းပေါ်ထွက်လာသည်။ သူတို့က ဝမ်ဝေ့သည် သူတို့ကို ရှာဖွေတွေ့ရှိသွားကြောင်း သိလိုက်၏။
“ သခင်လေးနောက် လိုက်သွားသင့်လား”
“ မဖြစ်သေးဘူး။ မဟုတ်ဘူး … သူက မျှော်လင့်ချက်မြို့တော်က ထွက်မသွားသရွေ့ အဆင်ပြေလိမ့်မယ်”
တစ်ယောက်က သက်ပြင်းချကာ “ သူတို့ကြားက ကွာခြားချက်ကို ကြီးမှန်း သိထားတယ်။ ဒါပေမဲ့ အဲလောက်ထိတော့ မထင်ထားမိဘူး။ သူ့အရှိန်အဝါကို သုံးလိုက်ရုံနဲ့…”
“ သခင်လေးက အဲလောက်ကြီး မထူးချွန်မှန်း သိထားပေမဲ့ ဒီမျိုးဆက်မှာ ငါတို့လူတွေထဲ ပါရမီအထူးဆုံးပဲ”
“ သူက ထူးခြားနေဖို့ မလိုပါဘူး။ တည်ငြိမ်နေဖို့ပဲ လိုတယ်။ သူသာ မဟုတ်က ဟုတ်က လုပ်ပြီးတော့ ဒုတိယသခင်လေးနဲ့ ဆက်ဆံရေးသာ မပျက်ပြားသရွေ့ အရာအားလုံး အဆင်ပြေတယ်”
ယုမျိုးနွယ်ဝင်အများစုက သူတို့၏ ဒုတိယသခင်လေးသည် ဤမျိုးဆက်အတွင်း မဟာဧကရာဇ် ဖြစ်လာနိုင်ချေရှိကြောင်း သိထားလေသည်။ ထို့ကြောင့် သူတို့က နောင်အနာဂတ်တွင် မျိုးနွယ်၏ အကျိုးအမြတ်အတွက် သူ့အပေါ် မှီခိုရလိမ့်မည်။
ထို့ကြောင့် သူတို့သည် ထိုဖြစ်စဉ်အတွင်းမှ မှားယွင်းမှု မရှိအောင် သေချာအောင် ပြုလုပ်ထားကြသည်။ မျိုးနွယ်၏ ခေါင်းဆောင်ပင် ထိုအရာကိုသိကာ သူ့ညီမနှင့် ဆက်ဆံရေးကို ပြေလျော့စေခဲ့သည်။
ပြောရလျှင် သူတို့မျိုးနွယ်၏ တောက်ပနေသည့် အနာဂတ်အတွက် အတားအဆီး မဖြစ်စေရန် ဖြစ်၏။