လက်ထပ်ထိမ်းမြားပွဲ
Vol. 31 Ch. 432
အခန်း (၄၃၂) : လက်ထပ်ထိမ်းမြားပွဲ
ဝမ်ဝေ့က အတွင်းပိုင်းနေရာရှိ အကြီးဆုံး စံအိမ်ထဲမှ တစ်ခုဆီ ဦးတည်လိုက်သည်။ သူ ထိုနေရာသို့ ရောက်ရောက်ချင်း နောက်လှန်ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် မိန်းမလှတစ်ဦးကို မြင်လိုက်ရသည်။ သူမ၏ ခြေတံရှည်များက လေနှင့်အတူ ကကြိုးသီနေသကဲ့သို့ တွဲလောင်းကျနေသည်။
သူက အပြုံးတစ်ပွင့်ဖြင့် ထိုင်ခုံတွင် အတင်းဝင်ထိုင်လိုက်ပြီး ဖက်ထားလိုက်သည်။
“ ရှင့် ကြည့်ရတာ အခု ကောင်းသွားတဲ့ပုံပဲ”
“ ဟုတ်တယ်။ ကိုယ်က အခု ပိုကောင်းသွားပြီ”
“ ကောင်းတာပေါ့”
“ မင်းအဆင်ပြေရဲ့လား။ မင်း ကြည့်ရတာ ပုံမှန်နဲ့ မတူသလိုပဲ”
“ မဟုတ်ပါဘူး။ ကျွန်မ ကံကြမ္မာကျောက်တုံးကို သွားရှာနေတုန်း တစ်ခုခု ကြုံခဲ့ရလို့ပါ”
“ ကိုယ့်ကို အဲဒီအကြောင်းပြောပြချင်လား”
“ ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ကျွန်မရဲ့ မှတ်ဉာဏ်က မမှတ်မိလို့ပါ” ဝူဟုန်က ငွေရောင်ကျောက်တုံးကို ပေးရင်း ပြောလိုက်သည်။
ဝမ်ဝေ့က ထိုကျောက်တုံးကို ဘယ်ဖက်လက်ဖြင့် ကိုင်ထားရင်း သူမ၏ ဆံပင်များနှင့် မျက်နှာများကို သပ်လိုက်သည်။
“ မင်းအဆင်ပြေတယ်ဆိုတာ သေချာရဲ့လား”
“ ကျွန်မ အဆင်ပြေပါတယ်။ တစ်ခုခုကို သိသင့်တယ်ဆိုပေမဲ့ အဲဒီဟာကို မမှတ်မိတာက နည်းနည်းဒေါသထွက်ဖို့ ကောင်းတယ်လေ။ ဒါပေမဲ့လည်း ကျွန်မတို့ လက်ထပ်ပွဲရောက်လာပြီဆိုတော့ ဒီလိုမျိုး ခံစားချက်ရှိနေဖို့ အချိန်မဟုတ်ဘူး”
ဝူဟုန်က သူတို့၏ ယခင်အချိန်စက်ဝန်းမှ လက်ထပ်ပွဲကို မစဉ်းစားမိဘဲ မနေနိုင်တော့ပေ။ ထိုစဉ်အချိန်အခါက စံပြများ၊ ကောင်းကင်ဘုံအဆင့်များနှင့် မဟာဧကရာဇ်မြောက်များစွာက လက်ဆောင်များ အလျှံအပယ် ယူဆောင်လာကြသည်။ တာအိုအုပ်ချုပ်သူများနှင့် ထာဝရဘုရင်များကိုမူ ထည့်မပြောရသေးပေ။
ထိုအားကောင်းသည့် လူများက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ ရောက်ရှိလာရုံသာမက ဟွင်သွမ်းထဲရှိ တခြားသော ကမ္ဘာများမှလည်း အပါအဝင် ဖြစ်၏။ အကန့်အသတ်မဲ့ စံပြနှစ်ယောက်၏ ဆုံစည်းပွဲကို ချီးမြှောက်ဖို့အတွက် နှစ်တစ်သောင်းကြာ ဒိုင်မေးရှင်းအမြင့်တွင် ကောင်းချီးတိမ်တိုက်များ ဝန်းရံထားခဲ့သည်။
လူများစွာက ကောင်းချီးပေးခံရပြီး သူတို့၏ ကျင့်ကြံရေးများ တိုးတက်လာကြကာ သေမျိုးများ၏ သက်တမ်းကလည်း တိုးမြင့်သွားကြသည်။ ယေဘုယျအားဖြင့် အမှန်တကယ် ကြီးကျယ်ခမ်းနားလှသည့် လက်ထပ်ပွဲ ဖြစ်ခဲ့သည်။
သို့သော်လည်း ဤအကြိမ်တွင် နှစ်ဦးသားက မိဘနှင့် မိတ်ဆွေအပေါင်းအသင်းများနှင့်အတူ အကျဉ်းချုံးလက်ထပ်ပွဲကိုသာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြသည်။ လက်ထပ်ပွဲ အခမ်းအနားငယ်လေးတစ်ခုက လုံလောက်သည်ထက် ပိုနေလေပြီ။
ဝူဟုန်က ထိုအရာကို တွေးမိပြီး မပြုံးဘဲ မနေနိုင်တော့ပေ။ သူမက လက်ထပ်ပွဲ အရွယ်အစားကို ဂရုမစိုက်ပေ။ ငယ်ငယ်တုန်းက သူမကသာ ကမ္ဘာပေါ်တွင် အကောင်းဆုံးသော အရာများနှင့် ထိုက်တန်သည်ဟု စိတ်သဘောထားမျိုး ရှိသည့်အတွက် အကြီးကျယ်ဆုံးသော လက်ထပ်ပွဲကို လိုချင်လိမ့်မည်။ သို့သော်လည်း သူမက အသက်ကြီးလာပြီး ရင့်ကျက်လာပြီဖြစ်ကာ သူမဘာသာ သူမ ပိုမိုယုံကြည်ချက်ရှိလာခဲ့သည့်အတွက် ထိုသို့သော အရာမျိုးက သူမအပေါ် အနည်းငယ် သက်ရောက်မှုသာ ရှိတော့သည်။ သို့သော်လည်း ဝမ်ဝေ့က သူမအပေါ် ချစ်မြတ်နိုးမှုအား ပြသဖို့အတွက် လက်ထပ်ပွဲကို စီစဉ်ဖို့ အတင်းအကြပ် တိုက်တွန်းခဲ့၍သာ သဘောတူခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ယခုအချိန်စက်ဝန်းတွင် နှစ်ဦးလုံးက သူတို့၏ လက်ထပ်ပွဲကို အရွယ်အစား သေးသော်လည်း ပိုမိုရင်းနှီးဖို့ လိုချင်ခဲ့ကြသည်။
“ ကိုယ့်ဆီမှာ အတွေးတစ်ခု ရှိတယ်” ဝမ်ဝေ့က ရုတ်ချည်းဆိုသလို ပြောလိုက်သည်။
“ ဘာများလဲ”
“ မင်းရဲ့ ဆံပင်ကို ကိုယ်နဲ့ အရောင်တူ မပြောင်းချင်ဘူးလား။ ဒီနည်းနဲ့ဆိုရင် ကိုယ်တို့က ဆင်တူဖြစ်သွားပြီလေ”
ဝူဟုန်က သူ့အား စိုက်ကြည့်ကာ “ အဲဒါကို ရှင့်ဆံပင်ကို ကျွန်မနဲ့ တူအောင် ပြောင်းလိုက်လေ”
“ ဒါပေမဲ့ ကိုယ်က ဒီဆံပင်အရောင်ကို ကြိုက်တယ်။ ဒါက ပိုပြီးမိုက်တယ်လေ”
“ ကျွန်မလည်း ကျွန်မဆံပင်အရောင်ကို ကြိုက်တယ်” ဝူဟုန်ကပြောလိုက်သည်။
“ ကောင်းပြီ။ စိတ်ခုဖို့ မလိုပါဘူး။ ဒါက အကြံပေးချက် တစ်ခုပါပဲ” ဝမ်ဝေ့က အနာဂတ်တွင် သူ့ချစ်ခြင်းဘဝကို ထိန်းချုပ်နိုင်သည့်လူအား ဒေါသမထွက်သည်က အကောင်းဆုံးဖြစ်ကြောင်း သိလေသည်။ သူက သူ့အဖေဆီမှ သင်ယူထားခဲ့၏။
ထို့အပြင် သူက အထွတ်အထိပ်သို့ ရောက်ဖို့အတွက် သူမအပေါ် မှီခိုနေရဆဲဖြစ်ကာ တုံးတုံးအအ အရာကို ပြောခြင်း၊ လုပ်ခြင်းဖြင့် ထိုသို့သော အခွင့်အရေးမျိုးကို ဖျက်ဆီးလိုက်၍ မဖြစ်ပေ။
ထို့ကြောင့် သူက ယခင် လုပ်ကြံသတ်ဖြတ်သူ၏ စည်းပိတ်ထားသည့် သတ္တုလုံးကို ပေးကာ ခေါင်းစဉ်ပြောင်းပြောလိုက်သည် “ မင်း ဒါကို သိလား”
“ တာအိုသင်္ချိုင်းမြေက ကြွက်တွေလား”
“ အဲဒါဆိုတော့ အရိပ်သတ်ဖြတ်သူဗိမာန်က ဆက်နွယ်နေတာပေါ့”
“ အဟုတ်ပဲ” ဝူဟုန်က ထိုသတ္တုလုံးအား ကြည့်ကာ ပြောလိုက်သည်။
“ အဲဒီတားမြစ်နယ်မြေက ဘယ်လိုမျိုးလဲ”
“ အဲဒါက တချို့ဧကရာဇ်တွေက သူတို့ကိုယ်သူတို့ အဲဒီနေရာမှာ စည်းပိတ်ထားကြတယ်။ ထာဝရဧကရာဇ်က ခေါင်းဆောင် ဖြစ်နေနိုင်တယ်”
“ သူတို့က ဘာလို့ အဲလိုလုပ်ရတာလဲ” ဝမ်ဝေ့က နားမလည်စွာ မေးလိုက်သည်။
“ အကြောက်တရားပေါ့” ဝူဟုန်က နှာခေါင်းရှုံ့ကာ ပြန်ဖြေလိုက်၏ “ သူတို့အများစုက အထက်ပိုင်းကို မသွားနိုင်တဲ့ အရှုံးသမားတွေပဲ။ အဲဒီနေရာမှာ သေဆုံးသွားပြီးတော့ သူတို့က ဒီနေရာမှာ အသက်ပြန်ရှင်ဖို့ ပူးပေါင်းခဲ့ကြတယ်။ ပြီးတော့ ကမ္ဘာ့ရဲ့ အရင်းအမြစ် တချို့ကို စုပ်ယူပြီးတော့ ကျင့်ကြံကြတယ်လေ”
“ အဲဒါဆို လူတွေအများကြီးကို သတ်ဖြတ်တဲ့ အကြောင်းအရင်းကရော”
“ ကျွန်မလည်း အဲဒါတော့ အတိအကျမသိဘူး။ ဒါပေမဲ့ ဘာမှတော့ ကောင်းမှာ မဟုတ်ဘူး”
ဝူဟုန်က ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် “ ကျွန်မ အဲဒီပိုးဟပ်တွေရဲ့ နေရာကို ရှာပေးမယ်။ ရှင်တာအိုကို သက်သေပြလိုက်ရင် သူတို့ထွက်ပြေးရင်တောင် အဲဒီလူတွေကို ရှာပြီးတော့ နှိမ်နင်းနိုင်လိမ့်မယ်”
သူမက တာအိုကို သက်သေပြပြီးသည့်နောက်တွင် တာအိုအခွင့်အလမ်းဂိုဏ်းမှ လူများက ထွက်ပြေးသွားကြပြီး သူမ၏ နည်းလမ်းဖြင့်ပင် သူတို့အား ရှာမတွေ့နိုင်ခဲ့ပေ။
“ ထာဝရဧကရာဇ်ကရော ပြဿနာရှိလာနိုင်လား”
“ သူက အသက်ရှင်ဖို့ အထက်ပိုင်းယှဉ်ပြိုင်ပွဲကနေ ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ကတည်းက သူက အားကောင်းတဲ့ ပုဂ္ဂိုလ်တွေရဲ့ နှလုံးသားက ပျက်ပြားပြီးသား ဖြစ်သွားပြီ။ အဲဒါကြောင့် စိုးရိမ်နေစရာ မလိုဘူး”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် နှစ်ဦးသားက မင်္ဂလာပွဲအတွက် မပြင်ဆင်ခင် စကားပြောခဲ့ကြသည်။ အခမ်းအနားက မိသားစုနှင့် မိတ်ဆွေများသာ ရှိသော်လည်း ဤပေါင်းစပ်ခြင်းအတွက် ဧကရာဇ်မျိုးနွယ်များထံ အကြောင်းကြားချက် ပေးပို့ခဲ့သည်။
တာအိုအခွင့်အလမ်းဂိုဏ်း၏ နောက်ဂိုဏ်းချုပ်က လက်ထပ်တော့မည်ဖြစ်ရာ လူအများက သိဖို့ လိုအပ်ပေသည်။ ထိုအကြောင်းအရင်းကြောင့် ယုမျိုးနွယ်မြို့ဆီ ထိုမျိုးနွယ်စုများမှ လက်ဆောင်မြောက်များစွာ ပေးပို့လာခဲ့ကြသည်။
ဂိုဏ်းငယ်လေးများကလည်း ထိုအကြောင်းကို သိသည်နှင့် လက်ဆောင်များ ပေးပို့လာကြသည်။ သူတို့က လက်ထပ်ပွဲကျင်းပမည့်နေရာကို တက်ရောက်လိုကြလေသည်။ အကြောင်းမှာ သူတို့က အားကောင်းသည့် လူများနှင့် တွေ့ဆုံပြီး ဆက်နွယ်မှုတချို့ လုပ်ဆောင်ရန် ဖြစ်၏။
တစ်လကြာမြင့်ပြီးသည့်နောက်တွင် မင်္ဂလာပွဲနေ့ရက် အချိန်အခါ ကျရောက်လာလေပြီ။
ဝူဟုန်နှင့် ဝမ်ဝေ့တို့က အနီရောင်ဝတ်စုံ ဝတ်ဆင်ထားကြပြီး တာအိုအခွင့်အလမ်းဂိုဏ်းနှင့် ယုမျိုးနွယ်အထက်ပိုင်းများက တက်ရောက်ကြသည်။ အခန်းအလယ်တွင် စင်မြင့်တစ်ခု ထားရှိ၏။
စုံတွဲက ရှေ့ဆုံးတွင် မတ်တပ်ရပ်လျက် လက်ကိုင်ထားကြသည်။ ဝမ်ဝေ့၏ အဘိုးက ကျယ်ကျယ်လောင်လောင် ပြောလိုက်၏ “ မိဘတွေကို ကန်တော့ပါ”
နှစ်ဦးသားက သူတို့၏ ခန္ဓာကိုယ်များ ရွေ့လျားကာ ဝမ်ချန်၊ ဝမ်ထျန်း၊ ယုယန်၊ ယွင်ကျောက်ကျွင်းနှင့် မုတ်ဆိတ်ဖြူရှိပြီး ဝတ်ရုံအဝါဝတ်ဆင်ထားသည့် နောက်ထပ် လူအိုကြီးတစ်ယောက်ကိုပါ ဦးညွှတ်လိုက်ကြသည်။ ထိုလူအိုကြီးက ယုယုန် ဖြစ်ပြီး ဝမ်ဝေ့၏ အမေဘက်မှ အဘိုးဖြစ်ပေသည်။
သူတို့က ထိုလူများကို ဦးညွှတ်လိုက်သည်နှင့် နှစ်ဦးသားက မိစ္ဆာကိုးပါး နတ်ဘုရား အစောင့်အရှောက်ဖြစ်သည့် ဝူဖုန်းကိုလည်း ဦးညွှတ်လိုက်ကြသည်။ ဝူဟုန်၏ ဆွေမျိုးမိဘများက မရှိတော့ပြီဖြစ်ရာ သူက သူမကို ကိုယ်စားပြုဖို့ သူတို့နေရာကို ဝင်ယူခဲ့ရသည်။
ဝူဖုန်းက ဝူဟုန်၏ အဆင့်အတန်းနှင့် ဇစ်မြစ်ကို သိနေသည့်အတွက် စိတ်ထဲတွင် ငိုကြွေးနေလေသည်။ အကယ်၍ သူမသာ သူ့အား လာရောက်ဖို့ မဖျောင်းဖျခဲ့လျှင် သူ့အနေနှင့် ဤနေရာသို့ လာရောက်မည် မဟုတ်ပေ။ သူမဆီမှ ဦးညွှတ်မှုခံယူဖို့မှာ ဆိုထားဖွယ် မရှိတော့ပေ။
“ တာအိုကို ကန်တော့ကြပါ” ဝမ်ချန်က ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
ပုံမှန်အားဖြင့် ဤသို့သော အခမ်းအနားမျိုးတွင် စုံတွဲက မိုးမြေကို ကန်တော့ကြရသည်။ ကံဆိုးစွာဖြင့် ဝူဟုန်သည် မိုးမြေက သူမ၏ ဦးညွှတ်မှုကို ခံယူဖို့ရာ ခံနိုင်ရည် ရှိလိမ့်မည်ဟု မထင်ပေ။ ထို့အပြင် ဝမ်ဝေ့ကလည်း ကောင်းကင်တာအိုနှင့် ဆက်ဆံရေး မကောင်းပေ။
ထို့ကြောင့် သူတို့က မဟာတာအိုကိုသာ ဦးညွှတ်လိုက်ကြသည်။
စုံတွဲက ဦးညွှတ်ပြီးသည်နှင့် ဝမ်ချန်က ဆက်ပြောလိုက်သည် “ တစ်ယောက်နဲ့ တစ်ယောက် ကန်တော့ကြပါ”
နှစ်ဦးသားက မျက်နှာချင်းဆိုင်ကာ တစ်ယောက်နှင့်တစ်ယောက် ပြုံးလိုက်ကြသည်။ နောက်ဆုံးတွင် ယုယန်က တစ်ယောက်ချင်းစီ၏ လက်သန်းကို ကြိုးနီဖြင့် ချည်ပေးလိုက်သည်။ ဤအခမ်းအနား အစိတ်အပိုင်းက တာအိုလက်တွဲဖော် ကတိကဝတ် ဖြစ်၏။
“ မဟာတာအို မျက်မြင်သက်သေဖြစ်ပါစေ” နှစ်ဦးသားက ပြိုင်တူပြောလိုက်သည် “ ဒီနေ့ကစ၍ ကျွန်တော်တို့က လက်တွဲဖော်ဖြစ်လာဖို့ ကျမ်းသစ္စာကို ကျိန်ဆိုခဲ့ပြီးတော့ တစ်ယောက်နှင့် တစ်ယောက် ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ၊ အန္တရာယ်ကျရောက်သည် ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ ဘယ်လိုမျိုးအခြေအနေမှာမဆို တစ်ယောက်နှင့်တစ်ယောက် အထောက်အပံ့အနေနဲ့ ရှိသွားပါမယ်လို့ ကျိန်ဆိုပါတယ်။ ဒီကျိန်ဆိုမှုက အချိန်အဆုံးသတ်၊ တာအိုအဆုံးသတ်အထိ ခိုင်မြဲနေပါစေသား”
သူတို့၏ လက်ချောင်းမှ အနီရောင်ကြိုးမျှင်က လင်းလက်လာပြီး လေအတွင်း လွင့်မျောလာသည်။ တစ်ဖက်က ဝမ်ဝေ့၏ နဖူးအတွင်း ဝင်ရောက်သွားကာ တခြားတစ်ဖက်က ဝူဟုန်၏ နဖူးအတွင်းဝင်ရောက်ပြီး ပျောက်ကွယ်သွားသည်။ သူတို့နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက်ဖက်ကာ နမ်းလိုက်ကြသည်။ ဤသည်က ပုံမှန်အားဖြင့် အနမ်းအနည်းငယ်မျှ ဖြစ်ရသော်လည်း သူတို့နှစ်ဦးက အတော်လေး စိတ်အားထက်သန်လွန်းလှသည်။
အဆုံးသတ်တွင် ဝမ်ချန်က ချောင်းဟန့်ကာ သူတို့အား သတိပေးလိုက်ရ၏။
ဝမ်ဝေ့အနေနှင့် ကောင်းကင်ကြီးက အပြောင်းအလဲဖြစ်သွားကြောင်း သတိပြုမိလိုက်သည်။ ယုမျိုးနွယ် နယ်မြေအထက်တွင် ခရမ်းရောင်တိမ်တိုက်များ လွှမ်းခြုံလာလေ၏။ ထိုကောင်းကင်တိမ်တိုက်များက အကျိုးအာနိသင် မရှိသော်လည်း အမြင်ပသာဓ တင့်တင်လှသည်။ ဤသည်က သူတို့နှစ်ဦး၏ ပေါင်းစပ်မှုကို မိုးမြေမှ အသိအမှတ်ပြုခြင်း ဖြစ်၏။
ဝူဟုန်က ဘယ်သူလဲ…
ဒီလိုမျိုး လူတစ်ယောက်ရဲ့ လက်ထပ်ပွဲကို ဘယ်လိုလုပ်ပြီး သာမန်ဖြစ်နိုင်ပါ့မလဲ…။ ပြီးတော့ ကောင်းကင်တာအိုက စိတ်ခံစားချက်မရှိသလို ကျင့်ကြံသူတွေကို လေးစားတာတွေ၊ မလေးစားတာတွေလည်း ဂရုမစိုက်ဘူး…။ အနည်းဆုံးတော့ သူတို့က ကမ္ဘာကြီးရဲ့ အစီအစဉ်ကို ထိခိုက်နစ်နာစေခြင်းမျိုး မရှိဘူး။
အခမ်းအနားအပြီးတွင် အားလုံးက သတို့သားနှင့် သတို့သမီးအား အရက်မူးအောင် တိုက်ကြလေသည်။ ဝမ်ထျန်းက လူတိုင်းအား သူတို့၏ ခန္ဓာကိုယ်မှ အရက်ကို ဖယ်ရှားဖို့ မူလအဆီအနှစ် အသုံးမပြုဖို့ရာ စည်းမျဉ်းထုတ်ခဲ့ပြီး ဝူဟုန်အား အရက်ခံနိုင်စွမ်းကို ဖယ်ရှားဖို့ကို တားဆီးဖို့အတွက် သူတို့၏ ခန္ဓာကိုယ်ကို စည်းပိတ်ခိုင်းခဲ့သည်။
ကံမကောင်းစွာဖြင့် ထိုအချက်များအပြင် ဝမ်ဝေ့က တခြားလူများထက် ပိုမိုသောက်ခဲ့ပြီး အသိစိတ်ရှိနေဆဲ ဖြစ်၏။ တခြားသူများကမူ သူနှင့် ယှဉ်ပြိုင်ဖို့ ကြိုးစားနေကြသည်။
သူ ထိုသို့လုပ်နိုင်သည်က ထိုလူများသည် ခေတ်သစ်ဘဝတွင် လူမှုအဆင့်အတန်း အဆင့်မြှင့်တင်ဖို့ ကြိုးစားရသည့် နာကျင်မှုကို မသိကြကြောင်းသာ ပြောနိုင်လေသည်။ သူ အထက်ပိုင်း သို့မဟုတ် ဖောက်သည်များနှင့် တွေ့ဆုံသည့်အခါတိုင်း အရက်သေစာ သောက်သုံးရသည်။ အရက်သောက်ဖို့ ငြင်းပယ်ခြင်းက ရိုင်းစိုင်းမှုတစ်ခု ဖြစ်၏။ အထူးသဖြင့် သူက ဘွဲ့ရပြီးခါစဖြစ်ပြီး ကုမ္ပဏီတွင် အငယ်တန်းမျှသာ ဖြစ်နေသေး၏။ ထို့ကြောင့် သူက အရက်ခံနိုင်ရည် အတော်လေး မြင့်မားနေသည်။ မဟုတ်ပါက သူ့အနေနှင့် အထက်သို့ တက်လှမ်းနိုင်မည် မဟုတ်ပေ။
အားလုံးက မူးလဲသွားကြစဉ် သူကမူ မင်္ဂလာအိပ်ခန်းမဆောင်ဆီ ဦးတည်လိုက်၏။ သူက ထိုအရာကို အိပ်မက်မက်ပြီး စောင့်ဆိုင်းခဲ့ရသည်မှာ အတော်လေး ကြာမြင့်နေပြီဖြစ်၏။