← Chapters

မင်္ဂလာဦးည

Vol. 31 Ch. 433

မင်္ဂလာဦးည

Vol. 31 Ch. 433

အခန်း (၄၃၃) : မင်္ဂလာဦးည

ဝမ်ဝေ့က အခန်းထဲဝင်လာပြီးနောက် ဝူဟုန်သည် ခြေချိတ်လျက် လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။ သူမက အနီရောင်အဝတ်များဖြင့် သိမ်မွေ့ကာ လှပလွန်းနေသည်။ သူမ၏ အလှတရားကို ဖော်ညွှန်းဖို့ စကားလုံးတချို့ ရှာဖွေလိုသော်လည်း သူက ကဗျာဆရာ မဟုတ်သည်မှာ နှမြောဖို့ကောင်းလှသည်။

သူက ကဗျာဆရာ ဖြစ်လျှင်ပင် သူမ မည်မျှလှပကြောင်း၊ သူမက သူ့ကို ရွေးချယ်ခဲ့၍ မည်မျှပျော်ရွှင်နေကြောင်း ဖော်ပြဖို့ စကားလုံးများ တွေ့မည် မဟုတ်ပေ။ ထို့နောက် သူက သူ့ခန္ဓာကိုယ်မှ အရက်နံ့နှင့်အတူ စည်းတံဆိပ်ကို ဖယ်ရှားလိုက်သောကြောင့် စိတ်က ပိုမိုကြည်လင်သွားလေသည်။

နောက်ဆုံးတွင် သူက သူမ၏ ခြေတံရှည်များကို ကြည့်ကာ တံတွေးမျိုချလုမတတ် ဖြစ်သွားလေ၏။

“ ရှင့်ဆီမှာ ဒီလို အကြိုက်မျိုး ရှိတယ်ဆိုတာကို အခုမှပဲ သဘောပေါက်တော့တယ်” ဝူဟုန်က ကုတင်ပေါ်မှ ထရပ်ကာ သူမ၏ ကောက်ကြောင်းအလှများအား ပြသလာသည်။

“ မင်း အခုမှ သိတာ နည်းနည်းနောက်ကျလွန်းသွားပြီလို့ ထင်တယ်”

ဝမ်ဝေ့က ကုတင်ပေါ် တက်လာပြီး သူ့လက်ထဲ ပွေ့ဖက်ထားလိုက်သည်။ နှစ်ဦးသားက တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။ ကမ္ဘာပေါ်တွင် သူတို့နှစ်ဦးထဲ ရှိနေသကဲ့သို့ ဖြစ်၏။

သူတို့က တစ်ယောက်နှင့်တစ်ယောက် အဝတ်အစားများ သေချာချွတ်ပေးလိုက်ကြပြီး တစ်ယောက်ခန္ဓာကိုယ် တစ်ယောက် သဘောတွေ့နေကြသည်။ ထို့နောက် သူတို့က ပေါင်းစည်းလိုက်ကြ၏။ ထိုပေါင်းစည်းမှုက သူတို့၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်တင် မဟုတ်ဘဲ ကမ္ဘာဦးစိတ်ဝိညာဉ်လည်း အပါအဝင် ဖြစ်၏။

ထိုစဉ် ဝမ်ဝေ့က သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည့် သန့်စင်ကမ္ဘာဦးယင် ပမာဏအမြောက်အများကို ခံစားမိလိုက်ပြီး သူ့ကမ္ဘာဦးယန်နှင့် အပြည့်အဝ ရောစပ်သွားလေသည်။

ထို့နောက် သူ့ထိန်းချုပ်မှုအောက်တွင် သူ့အစစ်အမှန် ကမ္ဘာဦး စိတ်ဝိညာဉ်အတွင်း ကမ္ဘာဦးယင်ယန် ဝင်ရောက်သွားသည်။ သူ့ကမ္ဘာဦးစိတ်ဝိညာဉ် အထက်တွင် အဖြူရောင်ပုံစံ တစ်ခုက မိနစ်ပိုင်းမျှ ပေါ်ထွက်လာပြီးနောက် ချက်ချင်းဆိုသလို အနက်ရောင် ပြောင်းလဲသွားသည်။

ဤသည်က ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်၏ ယင်ယန်ပြောင်းပြန်အဆင့် ဖြစ်၏။ စက္ကန့်ပိုင်းလေးအတွင်းမှာ ဝမ်ဝေ့က ထိုအဆင့်ကို ပြီးမြောက်သွားပြီး ယန်နတ်ဘုရားအဆင့်သို့ ဝင်ရောက်သွားသည်။ ထိုအရာက အဆုံးသတ် မဟုတ်သေးပေ။

သူက ကမ္ဘာဦးယင်ယန်စွမ်းအားကို စုပ်ယူသည့်အတွက် ယန်နတ်ဘုရား အခြေအနေအထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ အဖြူနှင့် အနက် ယင်ယန်ပုံစံကလည်း သူ့ကမ္ဘာဦးစိတ်ဝိညာဉ်အထက်တွင် ပေါ်ထွက်လာပြီး အနက်ရောင် အပိုင်းတွင် အဖြူအစက်အပြောက်၊ အဖြူရောင်အပိုင်းတွင် အနက်အစက်အပြောက် ပေါ်ထွက်လာသည်။

သို့သော်လည်း ကမ္ဘာဦးယင်ယန်စွမ်းအားက အလှမ်းဝေးနေသေးသည်။ ဝမ်ဝေ့က မည်သို့လုပ်ရမည်ကို အတိအကျသိထားသည်။ သူက ရှေးဟောင်းခန္ဓာသန့်စင်ခြင်းအဆင့်၏ နောက်ဆုံးအဆင့် ဖြစ်သည့် ကြယ်တာရာဆုံမှတ်များကို စတင်ဖွင့်လှစ်လိုက်သည်။

ထိုကျမ်းအရ လူသားတစ်ယောက်၏ ခန္ဓာကိုယ်အတွင်း ၁၉၆၂ ဆုံမှတ်များ ရှိလေသည်။ ဝမ်ဝေ့က ကြယ်တာရာစွမ်းအားကို အသုံးပြု၍ သူတို့ကို ဖွင့်လှစ်ပေးပြီး သူတို့အထဲတွင် သိုလှောင်ထားနိုင်သည်။

သို့သော်လည်း သူက ထိုအရာထဲမှ တချို့ကို ဖွင့်လှစ်ပြီး ယင်ယန်စွမ်းအားကို အသုံးပြုလိုက်ရာ စက္ကန့်ပိုင်းအတွင်း သူက ဆုံမှတ် ၃၂၀ ဖွင့်လှစ်ပြီးသားလေပြီ။ သို့သော်လည်း သူက သူတို့ကို မပျိုးထောင်ရသေးသည့်အတွက် ကန့်သတ်ချက် ဖြစ်၏။

သို့သော်လည်း ဤသည်က ပွင့်လာရုံမျှသာဖြစ်သော်လည်း သူ့အနေနှင့် ခန္ဓာကိုယ်ခွန်အားက နဂါးသုံးဆယ်ခွန်အားသို့ တိုးမြင့်သွားကြောင်း ခံစားမိလိုက်သည်။ ထို့အပြင် စွမ်းအားများလည်း ကျန်ရှိနေသေး၏။

ထို့ကြောင့် သူက နှစ်ပိုင်း ခွဲခြားလိုက်သည်။ တစ်ခုကို ယင်ယန်မီးတောက် ဖန်တီးဖို့ အသုံးပြုလိုက်သည်။ ဝမ်ဝေ့က သူ ကျိုးရှုဆီမှ ရယူထားသည့် ငရဲတစ္ဆေမီးတောက်နှင့် နေမင်းအပေါ်တွင် ကျင့်ကြံခဲ့သည့် အစစ်အမှန် ယန်မီးတောက်အား ပေါင်းစပ်လိုက်သည်။

ကျန်သည့်အရာများအတွက်မူ ခန္ဓာကိုယ်အတွင်း နောက်ပိုင်းအသုံးပြုမှုအတွက် သိုလှောင်ထားလိုက်၏။

နာရီအနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ဝေ့က ကုတင်ပေါ် ချွေးတစိုစိုဖြင့် လဲလျောင်းနေသည်။ ဝူဟုန်က သူ့လက်မောင်းအတွင်း ကြောင်လေးတစ်ကောင်လိုမျိုး တိုးဝှေ့လာသည်။

“ အော် ဒါက တာအိုဆရာတွေပြောကြတဲ့ တာအိုကို ရောက်ရှိသွားတယ်ဆိုတဲ့ ခံစားချက်မျိုးလား။ ဒါမှမဟုတ် ဗုဒ္ဓဘာသာတွေရဲ့ နိဗ္ဗာန်ဝင်ရောက်သွားတယ်ဆိုတဲ့ အခြေအနေမျိုးလား”

“ ရှင်က အခု စော်ကားပြီးတော့ အပြစ်တစ်ခုကျူးလွန်လိုက်တယ်ဆိုတာ သိတယ်မလား”

“ ဘယ်သူမှ မသိပါဘူးကွာ။ အဲဒါကြောင့် အဆင်ပြေပါတယ်”

“ ရှင် ဒီလောက်ပြောနိုင်သေးတယ်ဆိုတော့ နောက်ထပ် တစ်ကြိမ်လုပ်ဖို့ အဆင်ပြေသေးတဲ့ပုံပဲ”

ဝမ်ဝေ့က ထိုအရာကို ကြားပြီး သီးလုမတတ်ဖြစ်သွားလေသည်။ သူ့ခန္ဓာကိုယ်ဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့်ဖြင့် ကုတင်အတွင်း လအနည်းငယ်ကြာ နေနိုင်သည်က ပုံမှန်ကိစ္စ ဖြစ်သင့်ပေသည်။

အကယ်၍ သေမျိုးသာဖြစ်နေပါက ထိုအမျိုးသမီးသည် သူ့ခန္ဓာကိုယ်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။ သူက နှစ်ရာချီ ကြာမြင့်နိုင်လေသည်။

သို့သော် ဤတစ်ကြိမ်တွင် သူက ငါးနာရီမျှသာ ကြာမြင့်ခဲ့၏။ ဤသည်က သူ့ဇနီးအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်သော်လည်း သူ့အတွက်တော့ အရှက်ရမှု ဖြစ်နေသည်။ သူမက သူ့ကို တောင်းဆိုလာသည့်အတွက် သူက မည်သို့များ ငြင်းပယ်နိုင်မည်နည်း။

ထို့ကြောင့် သူက ကုသရေးစွမ်းရည်အားလုံးကို အသက်သွင်းကာ ကျောက်ကပ်အပေါ် အာရုံစိုက်ထားလိုက်သည်။ တရုတ်ဆေးဝါးသီအိုရီများအရ အမျိုးသားတစ်ယောက်၏ ကမ္ဘာဦးယန်နှင့် ကုတင်ပေါ်တွင် သူတို့၏ တိုက်ခိုက်စွမ်းရည်ကို ဆုံးဖြတ်ပေးနိုင်သည့် အချက်က ကျောက်ကပ်တွင်ဖြစ်သည်ဟု ဆိုကြသည်။

ထို့ကြောင့် ဝမ်ဝေ့က အထွတ်အထိပ်အခြေအနေ ပြန်ရောက်သွားပြီး ခန္ဓာကိုယ်အတွင်း စုပ်ယူထားသည့် ပင်ကိုပစ္စည်းများကိုပင် အသက်သွင်းလိုက်သည်။

“ ဟုတ်တာပေါ့။ ကိုယ် အဆင်သင့်ပဲ”

“ ဒီလိုဆိုရင် ဒီတစ်ကြိမ် ကွဲပြားတာတွေ ဆန်းကြည့်ရအောင်” ဝူဟုန်က ပြောလိုက်သည်။

“ ဘယ်လိုတွေးမိလို့လဲ”

“ အလင်းထက်မြန်အောင် ပျံသန်းနေတယ်ဆိုတဲ့ ခံစားချက်မျိုးပေါ့”

“ စိတ်ဝင်စားဖို့ ကောင်းတဲ့အတွေးပဲ။ ဒါပေမဲ့ အခန်းက အရမ်းသေးလွန်းနေတယ်။ ကိုယ် လူအများရှေ့ကို ကိုယ်လုံးတီးထွက်ဖို့ အဲဒီလောက်ထိ အရေမထူသေးဘူး ”

“ ရှင် အဲဒီစိတ်အခြေအနေ ရောက်ထားအောင် ကြိုးစားသင့်တယ်” ဝူဟုန်က ပြောလိုက်သည် “ ဒါပေမဲ့ ရှင် စိုးရိမ်စရာ မလိုပါဘူး။ ကျွန်မတို့ နေရာအလုံအလောက်ရှိဖို့ ကမ္ဘာငယ်တစ်ခုကို ဖန်တီးလိုက်မယ်”

“ အဲဒီဟာကို ကုန်းမြေတစ်ခုမဟုတ်ဘဲနဲ့ ကြယ်တာရာနဲ့ ဂြိုလ်တွေ ပြည့်နှက်နေတဲ့ ကမ္ဘာတစ်ခု လုပ်ပေးပါ့လား။ ကိုယ်က အာကာပြင်အတွင်းမှာ ဘယ်လိုနှီးနှောရလဲဆိုတာကို သိချင်နေခဲ့တာ”

“ ကျွန်မ ရှင့်ရဲ့ အတွေးအခေါ်ကို သဘောကျတယ်”

“ ကိုယ့်ဆီမှာ နောက်ထပ် အတွေးတွေ အများကြီးရှိသေးတယ်။ တတိယအကြိမ်ကျရင် မင်းရဲ့ ကိုယ်ပွားတွေ အများကြီး ဖန်တီးလိုက်လေ။ အဲဒီအချိန်ကျရင် ကိုယ်က မောင်းမဆောင်ရှိတာ ဘယ်လိုလဲဆိုတာကို သိသွားတာပေါ့”

“ တတိယအကြိမ်လား။ အနည်းငယ် ရည်မှန်းချက်ကြီးသားပဲ။ ဒါပေမဲ့ ရှင့် အဲဒီအထိ ခံနိုင်ရည်ရှိပါ့မလား”

“ ကိုယ် စီမံပါ့မယ်”

“ ကောင်းပြီလေ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ပထမဆုံးအကြိမ်ပဲ ရှင်အပေါ်မှာ နေနိင်မှာနော် ”

“ အာ…ကိုယ့်ကို နည်းနည်းလောက် စာနာပါဦးကွာ” ဝမ်ဝေ့က ပြောလိုက်သည် “ မရက်စက်ပါနဲ့။ အနည်းဆုံး ကိုယ့်ကို အခွင့်အရေး တစ်ခုလောက် ပေးပါဦး”

“ ကျွန်မက စိတ်အခြေအနေ ကောင်းနေတာဆိုတော့ ကောင်းပြီလေ။ နောက်လုပ်ဆောင်ချက်အပေါ် မူတည်ပြီးတော့ ဆုံးဖြတ်ပေးမယ်”

ထို့နောက် ချက်ချင်းဆိုသလို အခန်းအတွင်း စည်းတံဆိပ်တစ်ခု ပေါ်ထွက်လာပြီးနောက် အလယ်အလတ်ကမ္ဘာလောက်ကြီးသည့် ကမ္ဘာတစ်ခုအသွင် ပြောင်းလဲသွားသည်။ ထို့နောက် နှစ်ဦးက ကြယ်တာရာများအကြား ပျံသန်းပြီး သူတို့၏ ချစ်ကြည်နူးတီးတိုးသံများက စကြဝဠာတစ်ခုလုံးကို ပျံ့နှံ့သွားလေသည်။

ကံကောင်းစွာဖြင့် ထိုနေရာတွင် ဘယ်သူမှမရှိပေ။ မဟုတ်ပါက အသင်္ချေမျိုးနွယ်များစွာက ထိုငြီးငြူသံများကြောင့် ထာဝရ ကြာရှည်အောင် အိပ်မက်ဆိုးမက်သွားကြလိမ့်မည်။

သုံးရက်ကြာမြင့်ပြီးနောက် ဝမ်ဝေ့နှင့် ဝူဟုန်တို့က အခန်းအတွင်းမှ ထွက်လာကြ၏။ သို့သော်လည်း သူတို့ကို စောင့်ကြိုနေသည်က အကြီးအကဲအုပ်စုလိုက် ဖြစ်ပေသည်။

ဝူဟုန်က တည်ငြိမ်နေသော်လည်း ဝမ်ဝေ့အတွက်မူ စာရွက်တစ်ခုလို ဖြူဖျော့နေလေသည်။ မည်သို့ပင်ဆိုစေကာမူ သူက အရေထူသေး၏။

“ လူငယ်လေးတွေက ကိုယ့်ဘာသာ ထိန်းထိန်းသိမ်းသိမ်းနေသင့်တယ်” ယုယုန်က ပြောလိုက်သည်။

ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီးနောက် ဆေးလုံးတချို့ကို ဝါးစားလိုက်ကာ သွေးရောင်တချို့ပြန်လွှမ်းသွားသည်။

“ စိတ်ပျက်စရာပဲ။ သူက သုံးရက်တည်းပဲ ကြာတယ်။ သူက သူ့အဖေကို အရှက်ရအောင်လုပ်နေတာပဲ” ဝမ်ထျန်းက ပြောလိုက်သည်။

“ အဲဒါက အမှန်မဟုတ်တာ ရှင်ရော ကျွန်မရော သိပါတယ်” ယုယန်က ပြောလိုက်သည်။

“ ကိုယ့်ကို ဒီတစ်ကြိမ်လောက် မျက်နှာသာပေးလို့ မရဘူးလားကွာ” ဝမ်ထျန်းက ပြောလိုက်၏။ ထိုလူများ၏ ကျင့်ကြံဆင့်ဖြင့် သူတို့က သူ့ကို မည်သို့မကြားဘဲ နေမည်နည်း။ သူက သူ့သား၏ အကြည့်ကို မြင်သည့်အခါ ပိုမိုဒေါသထွက်သွားမိသည်။

အစဉ်အလာအရ မင်္ဂလာဦးညအပြီးတွင် သတို့သားနှင့် သတို့သမီးက မိသားစုနှင့်အတူ အဖန်ရည်သောက်သုံးကာ အကြီးအကဲများအား လေးစားသမှုအနေဖြင့် အဖန်ရည်ဆက်ရမည်။

သို့သော်လည်း နှစ်ဦးသားက အိပ်ခန်းအတွင်း နှစ်ရက်အပို နေထိုင်ခဲ့၍ အားလုံးက စောင့်ဆိုင်းနေရခြင်း ဖြစ်၏။ အမှန်အတိုင်းပြောရလျှင် နှစ်ဦးသားက အထဲတွင် ပိုမိုကြာမြင့်စွာ နေထိုင်ခဲ့လေသည်။ အကြောင်းမှာ ဝူဟုန်က အထဲတွင် အချိန်စီးဆင်းမှု မြန်ဆန်သည့် အစီအရင်တစ်ခုကို ထည့်သွင်းထား၍ ဖြစ်သည်။

ထိုအဖန်ရည်အခမ်းအနားတွင် ယွင်ကျောက်ကျွင်းက သူမ၏ မြေးအခြေအနေ ဆိုးနေသည်ကို မြင်ကာ ကုသရေးအဖန်ရည်တချို့ ထုတ်တိုက်လာသည်။

“ မင်းအဘိုး ပြောတာမှန်တယ်။ မင်းလည်း အလွန်အကျွံ မဖြစ်အောင် ထိန်းသင့်တယ်”

“ ကျွန်တော် သိပါတယ်။ ကျွန်တော် နည်းနည်းစိတ်လှုပ်ရှားသွားလို့ အထိန်းအချုပ်မဲ့ ကင်းလွတ်သွားရုံပါ”

“ မင်းတို့ ကြင်စဦးတွေ စိတ်လှုပ်ရှားတယ်ဆိုတာကို နားလည်ပါတယ်။ မင်းအဘိုးရော မင်းအဖေရော အတူတူပဲလေ”

“ အဟမ်း ဟမ်” ယုယုန်က ချောင်းဟန့်လိုက်သည် “ လူငယ်တွေကို အဲလိုဟာတွေ ပြောနေစရာ မလိုပါဘူး”

ထို့နောက်တွင် မိသားစုက အခမ်းအနားကို ကျင်းပကြပြီး ဝမ်ဝေ့နှင့် ဝူဟုန်တို့က သူ့အဒေါ် ယုတိုက်ယွိအပါအဝင် ရှိနေသမျှ လူအားလုံးကို အဖန်ရည် ဆက်လိုက်ကြသည်။ ဤတစ်ကြိမ် ဝူဖုန်းက ရှိမနေဘဲ မင်္ဂလာပွဲပြီးသည်နှင့် ထွက်ပြေးသွားလေသည်။

ဝမ်ဝေ့က ဝူဟုန်၏ လက်ကို ကိုင်ကာ အံ့ဖွယ်အသိစိတ်မှ မေးလိုက်သည် “ မင်း အဆင်ပြေရဲ့လား”

“ ကျွန်မ မိသားစု မရှိလို့ ရှင် စိုးရိမ်နေတာလား”

“ ဟုတ်တယ်။ မင်း အဲဒါကြောင့် ဝမ်းနည်းနေတာကို မမြင်ချင်ဘူး”

“ စိုးရိမ်နေဖို့ မလိုပါဘူး။ ကျွန်မက သေခြင်းရှင်ခြင်းတရားတွေကို ဖြတ်ကျော်ခဲ့ရပြီးတော့ ခွဲခွာမှုတွေကို လက်ခံနိုင်တာ ကြာခဲ့ပါပြီ။ ပြီးတော့ အခု ရှင့်ရဲ့ မိသားစုက ကျွန်မရဲ့ မိသားစုပဲလေ”

“ ဟုတ်တယ်။ အခု ကိုယ်တို့က မိသားစုတွေပဲ”

မိသားစုက ထမင်းလက်ဆုံစားခဲ့ကြသည်။ အဆုံးသတ်တွင် ဝမ်ဝေ့က သူ့အဘိုးနောက်မှ လိုက်သွားခဲ့သည်။ ဤသူက ဤလူအိုကြီး၏ တကယ့်ခန္ဓာကိုယ်အစစ်ကို ပထမဆုံး မြင်တွေ့ဖူးခြင်းဖြစ်ကာ သူ့အနေနှင့် ပြောစရာတချို့ ရှိနေလေသည်။

All Chapters