အပိုင်း(၃၆၅)
Vol. 25 Ch. 365
ထို့နောက်တွင် မြွေလူသားဒါဇင်ပေါင်းများစွာတို့မှာ လှည့်လိုက်ကြပြီး ယဇ်ပူဇော်
ခန်းမအတွင်းမှ ထွက်ခွာသွားကြသည်။
သူတို့၏မျက်လုံးများအတွင်းတွင် စိတ်လှုပ်ရှားမှု၊ စိတ်မချမှုနှင့် ကျေးဇူးတင်ရှိမှုများဖြင့်ပြည့်နှက်နေသည်။
“ဝုန်း”
“အိုး မဟုတ်ဖူး”
ပြင်းထန်သော မြည်ဟိန်းသံ၊ ရှစ်ဖုန့်ဆီမှအော်သံနှင့်အတူ အက်ကွဲကြောင်းအတွင်း၌ လွင့်မျောနေပြီး ကာဆီးထားသော အဖြူရောင် “ယို” ဟူသောစာလုံးမှာ နတ်ဆိုးချီတို့၏ သက်ရောက်မှုအောက်တွင် ပေါက်ကွဲသွားသည်။
အနက်ရောင်နတ်ဆိုးချီတို့က ယခင်ထက်ပိုမို၍သိပ်သည်းလာပြီး အတော်လေး စွမ်းအားကြီးသော အရှိန်အဝါတစ်ခုကလည်း အက်ကွဲကြောင်းအတွင်းမှ တစ်ဟုန်ထိုးထွက်လာသည်။
“ဝုန်း”
သိပ်သည်းသော နတ်ဆိုးချီတို့၏ သက်ရောက်မှုအောက်တွင်
ယဇ်ပူဇော်ခန်းမ၏ ခေါင်မိုးတွင် ဧရာမအပေါက်ကြီးတစ်ခုဖြစ်သွားသည်။ အနက်ရောင်နတ်ဆိုးချီတို့က ကောင်းကင်ထဲသို့တစ်ဟုန်
ထိုးတက်သွားသည်။
“ဘာတွေဖြစ်နေတာလဲ…အဲ့တာက ဘာလဲ”
“ငါအဲ့တာကိုခံစားနိုင်တယ်… ဘယ်လိုတောင်မိစ္ဆာဆန်ပြီးတော့ စွမ်းအားကြီးတဲ့စွမ်းအင်တွေလဲ”
“ယဇ်ပူဇော်ခန်းမထဲမှာ ဘာတွေဖြစ်နေတာလဲ”
ယဇ်ပူဇော်ရှေးဟောင်းခန်းမ၏ အပြင်ဘက်တွင် မြွေလူသားမျိုးနွယ်စုနယ်မြေအတွင်း၌ ရုတ်တရက်ဝရုန်သုန်းကား ဖြစ်မှုများဖြစ်လာသည်။ များစွာသောမြွေလူသားများမှာ ရှေးဟောင်းခန်းမရှိရာဦးတည်ချက်သို့ကြည့်လိုက်ကြသည်။ ဆိုးရွားပြီး စွမ်းအားကြီးသော နတ်ဆိုးချီတို့က ရှေးဟောင်းခန်းမှအတွင်းမှ တစ်ဟုန်ထိုးထွက်လာသည်
ကိုတွေ့လိုက်ရသောအခါတွင် သူတို့၏မျက်နှာထက်၌ ထိတ်လန့်မှုများဖြင့်ပြည့်နှက်နေသည်။
မြွေလူသားနယ်မြေမှာ ကျောက်တုံးမြို့နှင့်ဝေးကွာသောနေရာတွင် အဝတ်ဗလာနှင့် ခရမ်းနက်ရောင်အသား
အရေကိုပိုင်ဆိုင်ထားပြီး အလွန်ယောက်ကျားပီသသော မျက်နှာနှင့်လူက မြွေလူသားနယ်မြေရှိရာသို့ကြည့်လိုက်သည်။ သူကမျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ဒါက ဘယ်လိုစွမ်းအားမျိုးလဲ.. အရမ်း စွမ်းအားကြီးတာပဲ”
…………………………………………………………………….
ယဇ်ပူဇော်ခန်းမ၏ အနက်ရောင်ကြမ်းပြင်ထက်တွင် အက်ကွဲကြောင်းများက
ပို၍ပို၍ ဖြစ်ပေါ်လာပြီး
ပင့်ကူအိမ်များကဲ့သို့ ဦး
တည်ချက်ပေါင်းစုံသို့ ပျံ့နှံ့သွားသည်။ ရှစ်ဖုန့်ကမြေပြင်အားဆောင့်နင်းလိုက်ပြီး “ဘန်း” ဆိုသောအသံနှင့်အတူ
သူ၏ပုံရိပ်က တစ်ဟုန်ထိုးနောက်ပြန်ကန်သွားသည်။
ဤအချိန်တွင် အနက်ရောင်နတ်ဆိုးမျက်လုံးတစ်လုံးက အနက်ရောင်နတ်ဆိုးမြူများအတွင်းမှ ဖြည်းဖြည်းချင်းမြင့်တက်လာပြီး နတ်ဆိုးမြူများအတွင်း ဝိုးတိုးဝါးတားမြင်တွေ့နေရ၏။
ရှစ်ဖုန့်မြေပြင်ပေါ်သို့ဆင်း
သက်ပြီးသည့်နောက်တွင် အနက်ရောင်နတ်ဆိုးမျက်လုံးအား လေးနက်သောမျက်နှာထားဖြင့် စိုက်ကြည့်လိုက်ပြီး အသံနိမ့်ဖြင့်ပြောလိုက်သည်။
“ဒီတော့ ဒီနေရာမှာဆီးလ်ခတ်
ထားတဲ့အရာက နတ်ဆိုးမျက်လုံးပေါ့”
အနက်ရောင်နတ်ဆိုးချီအတွင်းတွင် အနက်ရောင်နတ်ဆိုးမျက်လုံးက
ပေါ်လာပြီး နောက်ဆုံး၌ မီးတောက်လူသားအဖြစ်သို့
ပြောင်းလဲထားသောရှစ်ဖုန့်အား စိုက်ကြည့်လိုက်သည်။ ၎င်းကသဲသဲကွဲကွဲ မကြားရသောအသံဖြင့်ပြောလိုက်သည်။
“မင်းပဲ ..ခုဏတုံးက ငါ့ရဲ့ သက်ဆင်းကျရောက်မှုကို တားဖို့ကြိုးစားခဲ့တာမင်းမလား”
ရှစ်ဖုန့်အနေဖြင့် အနက်ရောင်နတ်ဆိုးမျက်လုံး၏ မေးခွန်းအား ပြန်မဖြေခဲ့ပေ။အတွေးတစ်ချက်ဖြင့် သွေးနီရောင်အလင်းတစ်ခုက သူ့ကိုယ်ပေါ်တွင်လင်းလက်လာပြီး သွေးနီရောင်ချပ်ဝတ်က သူ့ကိုယ်ပေါ်တွင်ပေါ်လာသည်။ ဤစွမ်းအားကြီးနတ်ဆိုးမျက်လုံးအားသူ နှှိမ်နင်းချင်လျှင် ဤသွေးချပ်ဝတ်ပေါ်၌သာ သူ၏မျှော်လင့်ချက်တို့အား ထားနိုင်သည်ဖြစ်သည်။
“ဒါက ဘယ်လိုစွမ်းအားမျိုးလဲ..မင်းကငါ့ကို စိတ်မသက်မသာဖြစ်အောင် လုပ်ခဲ့တယ်..မင်းသေဖို့ထိုက်တန်တယ်”
အနက်ရောင်နတ်ဆိုးမျက်လုံးမှာ ရှစ်ဖုန့်၏သွေးရောင်ချပ်ဝတ်အား မြင်တွေ့လိုက်ရသောအခါတွင် ၎င်းက ဂနာမငြိမ်ဖြစ်လာပြီးလှုပ်လှုပ်ရှားရှား
ဖြစ်လာသည်။ နတ်ဆိုးချီတို့အတွင်းနတ်ဆိုးမျက်လုံးမှာ အနည်းငယ်တုန်ယင်သွားသည်။ ထို့နောက်ထူထဲသိပ်သည်းသော
စွမ်းအားကြီး အနက်ရောင်နတ်ဆိုးအလင်းတစ်ခုက အနက်ရောင်နတ်ဆိုးမျက်လုံးထံမှ ထွက်ပေါ်လာပြီး ရှစ်ဖုန့်ထံသို့ ပြင်းထန်သောအမှောင်လှိုင်းတစ်ခု
ကဲ့သို့တစ်ဟုန်ထိုးဝင်ရောက်လာသည်။
“ပွင့်စမ်း”
ရှစ်ဖုန့်က အော်ပြောလိုက်သည်။ ရုတ်ခြည်းဆိုသလို ဧကရာဇ်အဆင့် သွေးနီရောင်ချပ်ဝတ်၏စွမ်းအင်အား
သူအသက်သွင်းလိုက်သည်။
သွေးနီရောင်ချပ်ဝတ်တွင်တောက်ပသော သွေးနီရောင်အလင်းတစ်ခုက လင်းလက်လာသည်။ထို့နောက်တွင် ကြွယ်ဝသော သွေးနီရောင်အလင်းတစ်ခုက ရှေ့သို့ရွှတ်ခနဲထွက်သွားပြီး သွေးနီရောင်အလင်းလှိုင်း
တစ်ခုဖြစ်လာစေသည်။အလင်းတန်းနှစ်ခု တစ်ခုကအနီ၊တစ်ခုအနက်တို့က ရုတ်ခြည်းဆိုသလို တစ်ခုနှင့်တစ်ခု အပြင်းအထန်ပစ်ဆောင့်မိကြသည်။
“အိုး..မဟုတ်ဖူး”
သွေးနီရောင်အလင်းနှင့် အနက်ရောင်အလင်းတို့ပစ်
ဆောင့်မှုအားကြည့်ရင်း ရှစ်ဖုန့်၏မျက်နှာမှာ သိသာထင်ရှားစွာပြောင်းလဲသွားသည်။
အနက်ရောင်အလင်းလှိုင်း၏
သက်ရောက်မှုအောက်တွင် သွေးနီရောင်အလင်းမှာ ပြန်လည်၍ ဆုတ်ခွာနေရပုံပေါ်သည်။ ပြောရလျှင်သွေးနီရောင်အလင်းမှာ အနက်ရောင်အလင်းလှိုင်း၏
သက်ရောက်မှုအောက်၌ တစ်လွှာပြီးတစ်လွှာကွယ်ပျောက်လာပြီး အနက်ရောင်အလင်းလှိုင်းကရှေ့သို့ဆက်လက်၍တိုးလာသည်။
အနက်ရောင်နတ်ဆိုးမျက်လုံးမှာ ရှစ်ဖုန့်မျှော်မှန်းစိတ်ကူးထား
သည်ထက်ကျော်လွန်၍ များစွာအစွမ်းထက်နေသည်။
အကယ်၍ သွေးနီရောင်ချပ်ဝတ်၌ နတ်ဆိုးများအားခုခံနိုင်သော
စွမ်းအားရှိနေခဲ့လျှင်ပင် အကြွင်းမဲ့စွမ်းအားနှင့်ရင်
ဆိုင်ရသောအခါ၌ ၎င်းမှာအသုံးမဝင်ဖြစ်နေသည်။
ရှစ်ဖုန့်၏လက်ရှိစွမ်းအားက အရမ်းကိုအားနည်းသည်ဖြစ်၏။အကယ်၍ ဧကရာဇ်အဆင့်သွေးချပ်ဝတ်၏
စွမ်းအားတိုးဆီးလ်ခတ်ထားမှုကျိုးပျက်ခဲ့သည်ဆိုလျှင်တောင် ၎င်းက သူတော်စင်နယ်ပယ်အဆင့် စွမ်းအားကိုသာ ဆင့်ခေါ်အသုံးပြုနိုင်သည်ဖြစ်သည်။
အဆင့်ကိုးဧကရာဇ်အဆင့် မှော်ဆန်သောလက်နက်အားသူ့အနေဖြင့် ဧကရာဇ်အဆင့်သို့မရောက်ခင်အထိ ၎င်း၏ အစစ်အမှန်စွမ်းအားအား ဆင့်ခေါ်အသုံးပြုနိုင်လိမ့်မည်မဟုတ်ပေ။ ယင်းက ကလေးတစ်ယောက်က လှံရှည်တစ်ချောင်းအားကိုင်
ထားသကဲ့သို့ပင်ဖြစ်သည်။ သူက လက်ချည်းသက်သက်သို့မဟုတ် ငန်းပြားတစ်ခုအားကိုင်ဆောင်
ထားသောသာမန်ကလေးတစ်ယောက်ထက် များစွာ ပို၍ စွမ်းထက်လိမ်မည်ဖြစ်သော်လည်း ယင်းက အရွယ်ရောက်လူကြီးများ၏
ရှေ့မှောက်၌တော့ထည့်တွက်၍
ရမည်မဟုတ်ပေ။
အနက်ရောင်အလင်းက တစ်ဟုန်ထိုးလာနေသကဲ့သို့ ရှစ်ဖုန့်က လည်းလျှင်မြန်စွာလှုပ်ရှားလိုက်သည်။ သူကသွေးနီရောင်အလင်းနှင့်
အနက်ရောင်အလင်းတို့ကြားထိပ်တိုက်ရင်ဆိုင်မှုအားလက်လျော့လိုက်ပြီး အနက်ရောင်အလင်းလှိုင်း၏
သက်ရောက်မှုအား အလျှင်အမြန်ရှောင်တိမ်းလိုက်သည်။
သွေးနီရောင်အလင်း၏ တားဆီးမှုမရှိဘဲ အနက်ရောင်အလင်းက တည့်တည့်ပင်တစ်ဟုန်ထိုးဖြတ်သန်းလာသည်။သို့သော်၎င်းကဘာကိုမှထိမှန်ခြင်းမရှိပေ။
ဤအချိန်တွင် ….
“ဝုန်း”
မိုးချုန်းသံကဲ့သို့ ပေါက်ကွဲသံတစ်ခုက ရှစ်ဖုန့်၏ခေါင်းထက်မှထွက်ပေါ်လာသည်။ ရှစ်ဖုန့်ကမော့ကြည့်လိုက်ပြီး သူ၏ မျက်နှာက သိသိသာသာကို ပြောင်းလဲသွားသည်။ သူ၏မျက်လုံးတို့ကပြူးကျယ်နေသည် အနက်ရောင်မိစ္ဆာနဂါးတစ်ကောင်ကဲ့သို့ သိပ်သည်းသော အနက်ရောင်လျှပ်စီးတန်းတစ်ခုက အပေါ်မှကျဆင်းလာနေသည်ကို တွေ့လိုက်ရသည်။ ၎င်းကအရမ်းမြန်ဆန်လွန်းပြီး ရှစ်ဖုန့်အားထိမှန်ကာ သူ့အားရုတ်ခြည်းဝါးမျိုလိုက်သည်။
“ဟမ့်..ငါ့ရှေ့ကနေမင်းက
ဘယ်လိုတောင်ထွက်ပြေးချင်တာလဲ မင်းကငါ့ကို အလှဆင်ပစ္စည်းများထင်နေတာလား”
မသဲမကွဲသော အော်သံက
ဤခန်းမအတွင်းတွင် ထပ်မံ၍ ပဲ့တင်ထွက်ပေါ်လာသည်။
“အမ်”
ရုတ်တရက် အသံကထပ်မံထွက်ပေါ်လာသည်။ သို့သော်ဤအကြိမ်တွင် ၎င်းမှာမျှော်လင့်မထားသော အံ့အားသင့်သည့်အသံဖြစ်သည်။
“မင်းမသေသေးဘူးလား”
ရှစ်ဖုန့်အားဝါးမျိုသွားသော အနက်ရောင်လျှပ်စီးတို့က
ပျောက်ကွယ်သွားသည်။ ဤအချိန်တွင် ရှစ်ဖုန့်၏ဆံပင်တို့က လောင်ကျွမ်းတူးချစ်အောင်မည်း
နက်နေပြီး မြင်သာသောသူ၏မျက်နှာနှင့် လက်တို့မှာ သွေးများစွန်းထင်းရှုပ်ပွနေ၏။ အသားတို့တွွင်ကောင်းမွန်သောနေရာဟူ၍ တစ်နေရာလေးပင် ရှိမနေဘဲ သွေးလွမ်းနေသောမွန်းစတား
တစ်ကောင်နှင်တူနေသည်။
“ငါမသေသေးဘူး”
ထိုသို့ဆိုလျှင်တောင် ဤအနက်ရောင်လျှပ်စီးထံမှ ရှင်သန်နိုင်စွမ်းရှိရန်အတွက်ရှစ်ဖုန့် တိတ်တဆိတ်တုန်လှုပ်ခဲ့ရသည်ဖြစ်သည်။
သို့သော်လျှင်မြန်စွာပင်သူ
တုံ့ပြန်ခဲ့သည်ဖြစ်သည်။
သွေးနီရောင်ချပ်ဝတ်က
အနက်ရောင်လျှပ်စီး၏ စွမ်းအားအများစုအား စုပ်ယူခဲ့သည်။ ရှစ်ဖုန့်က ဒုက္ခရောက်သည့်အခြေအနေဖြင့် ပေါ်လာခဲ့သောလည်း ယင်းကသူ့အား နာကျင်မှုအချို့ကိုသာဖြစ်စေသည်ဖြစ်သည်။ ၎င်းက အပေါ်ယံဒဏ်ရာများ
ထက်ဘာမှပိုခြင်းမရှိပေ။
“ဒါက ဘယ်လိုဆန်းကြယ်တဲ့လက်နက်မျိုးလဲ…
ငါ့ရဲ့တိုက်ခိုက်မှုကိုတားဆီးလိုက်တယ်”
အနက်ရောင်နတ်ဆိုးမျက်လုံးက ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ဒီလိုဆိုရင် ငါမင်းကို အသက်ရှင်ခွင့်မပေးနိုင်ဘူး.. ပုရွက်ဆိတ်လေး..ဒီတိုက်ခိုက်မှု
ကိုမင်းတားနိုင်မလားဆိုတာကြည့်တာပေါ့”
အနက်ရောင်နတ်ဆိုးမျက်လုံးက စကားပြောပြီးပြီးချင်း ယဇ်ပူဇော်ခန်းမအတွင်းမြည်ဟိန်းသံများက အတွဲလိုက်ထွက်ပေါ်လာသည်။
“ဝုန်း.ဝုန်း..ဝုန်း..ဝုန်း…ဝုန်း.”
အနက်ရောင်လျှပ်စီးတန်းတို့က ပို၍ ထူထဲပြီး ပို၍ပြင်းထန်ကာ ယခင်ကထက်ပို၍ စွမ်းအားကြီးစွာဖြင့် ရှစ်ဖုန့်အား ဗဟိုပြု၍ ယဇ်ပူဇော်ခန်းမအတွင်းပေါ်လာသည်။ အနက်ရောင်လျှပ်စီးလှောင်ချိုင့်တစ်ခုကဲ့သို့ ရှစ်ဖုန့်က အလယ်ဗဟိုတွင်ပိတ်မိနေသည်။
လျှပ်စီးကြောင်းတစ်ခုစီတွင်ပါဝင်
သောစွမ်းအားတို့က သူ၏အသက်အားအလွယ်တကူ နှုတ်ယူပစ်နိုင်စွမ်းရှိသည်ကို ရှစ်ဖုန့်ခံစားမိနိုင်သည်ဖြစ်သည်။
“ဟားဟား..ပုရွက်ဆိတ်လေး ငရဲကိုသွားလိုက်တော့”
ဤကြမ်းကြုတ်သော ရယ်သံနှင့်အတူလိုက်ပါ၍ ဒါဇင်ပေါင်းများစွာသောအနက်
ရောင်လျှပ်စီးတန်းများက
ဆွဲငင်ခြင်းခံရသကဲ့သို့ အလယ်တွင်ရှိနေသောရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လာဆုံကြသည်။
“သူတောင်းစား မင်းကငါ့ကိုဒါကိုအတင်း
အကျပ်လုပ်ခိုင်းနေတာပဲ”
ဒါဇင်နှင့်ချီသော စုစည်းလာသည့် အနက်ရောင်လျှပ်စီးများအားကြည့်ကာ
ရှစ်ဖုန့် ဒေါသတကြီး အော်ဟစ်လိုက်သည်။သူ၏ဘယ်လက်တွင်အားကောင်းသောသွေးနီရောင်
အလင်းတစ်ခုလင်းလက်လာသည်။ ယခုအခါ၌ နတ်ဆိုးမျက်လုံးအားဖျက်ဆီး
ပြီးရှင်သန်နိုင်ရန်အတွက် သူနှင့်အတူရှိနေသောသွေးကျောက်ပြားအား အသုံးပြုရန်ဝန်လေးနေမိသည်။
ယင်းက၎င်းအားအသုံးပြုနိုင်ရန် နောက်ဆုံးတစ်ကြိိမ်သာအသက်သွင်းနိုင်တော့သည်ဖြစ်၏။ သွေးကျောက်ပြားသာ ဖျက်ဆီးခံလိုက်ရလျှင် မြင့်မြတ်သောကုန်းမြေအဖြစ်
သူပြောင်းလဲထားသော နေရာလွတ်သည်လည်း ထပ်ပြီးရှိနိုင်တော့မည်မဟုတ်ပေ။
“ဒါပေမဲ့ ရှင်သန်နိုင်ဖို့အတွက် ငါဒါကိုလက်လျော့လိုက်မှရမယ်..ငါသာသေသွားရင် ဘာမှကျန်ရစ်တော့မှာမဟုတ်ဖူး”
ဆက်ရန်……….
ဘာသာပြန်သူ-ARISE