အပိုင်း(၃၆၆)
Vol. 25 Ch. 366
“ဘာတွေဖြစ်နေတာလဲ..ဘာတွေဖြစ်နေတာလဲ”
ရှစ်ဖုန့်၏သွေးရောင်လွှမ်း
နေသောမျက်နှာက ရှုံ့မဲ့လာသည်။ သူ၏မျက်နှာထက်မှာဘာအမူအယာကိုမမြင်တွေ့နိုင်သောလည်း သူ၏အသံ၌
တုန်လှုပ်မှုနှင့် စိတ်ရှုပ်ထွေးမှုတို့ပြည့်နှက်နေသည်။
အစောပိုင်းက သူ၏ဘယ်လက်ဖဝါး
အတွင်းမှ သွေးကျောက်ပြားအား သူအသက်သွင်းတော့မည့်အချိန်တွင် သူ၏ကိုယ်၌သူ၏ထိန်းချုပ်မှုအောက်၌
ရှိမနေသည်ကို သူတွေ့လိုက်ရသည်။ ယင်းမှာသူ၏ကိုယ်အားသူ
ထိန်းချုပ်မှုလွတ်သွားသကဲ့သို့ပင်ဖြစ်သည်။
စွမ်းအားကြီးမားသောစွမ်းအင်တို့ပါဝင်သည့် ပြင်းထန်သော အနက်ရောင်လျှပ်စီးတို့က ရှစ်ဖုန့်ပေါ်သို့ တစ်ဟုန်ထိုးစုစည်းကျရောက်လာသည်။
ပြင်းထန််သောလျှပ်စီးများနှင့် စွမ်းအားကြီးသောစွမ်းအင်တို့က သူ၏ကိုယ်ပေါ်သို့ လာရောင်စုံစည်းသောအခါတွင် သွေးနီရောင်ချပ်ဝတ်ဖြင့်ဆိုလျှင်တောင် သူ့အနေဖြင့်သုတ်သင်ခြင်းခံရလိမ့်
မည်ကိုရှစ်ဖုန့်သံသယမဝင်ခဲ့ပေ။
“ဘာတွေဖြစ်နေတာလဲကွ”
ရှစ်ဖုန့်ဒေါသတကြီး
အော်ဟစ်လိုက်သည်။
သေရေးရှင်ရေးအခြေအနေ၌ ဤကဲ့သို့သော မသိရသည့်အခြေအနေတစ်ခုကြောင့် ယင်းကသူ့အားရူးသွပ်
လုနီးပါးဖြစ်သွားစေသည်။
ထို့နောက်တွင် အနက်ရောင်
နတ်ဆိုးမျက်လုံး၏ ဗလုံးဗထွေးအသံက ထပ်မံ၍ထွက်ပေါ်လာသည်။
“ပုရွတ်ဆိတ်လေး.မင်းခုခံတာ
ကိုလက်လျော့လိုက်ပြီလား… မင်းခုခံရင်တောင်အသုံးမဝင်ဘူး..
ဒီလိုမျိုးသေသွားတာကမှပိုကောင်းသေးတယ်”
“ငါဒီလိုမျိုးပုံစံနဲ့မသေချင်ဘူး”
သူ့အတွက်ပြန်လည်မွေးဖွားပြီး ယခုကဲ့သို့ အနေအထားထိရောက်နိုင်ဖို့
အခွင့်အရေးမျိုးကရှားပါးသည်ဖြစ်သည်။
ထိုထက်ပိုသည်ကား သူ့အနေဖြင့် သွေးကျောက်ပြားအား
အသုံးမပြုရသေးချေ။ တန်ပြန်တိုက်ခိုက်၍ရသေး
သောအခြေအနေအောက်တွင် ဤကဲ့သို့သေဆုံးရခြင်း ရှစ်ဖုန့်လက်သင့်ခံနိုင််သောအရာမဟုတ်ပေ။
ဒါဇင်ပေါင်းများစွာသော အနက်ရောင်လျှပ်စီးတန်းများက ရှစ်ဖုန့်၏ကိုယ်ပေါ်သို့စုစည်း
ကျရောက်တော့မည်သကဲ့သို့ ရှစ်ဖုန့်အား ဝန်းရံလာသည်။သို့သော် သူ့ထံသို့ချဉ်းကပ်လာသော အနက်ရောင်လျှပ်စီးတန်းများက ရုတ်တရက်ရပ်တန့်သွားသည်
ကိုရှစ်ဖုန့်တွေ့လိုက်ရသည်။
“ဘာဖြစ်သွားတာလဲ”
“ဘာဖြစ်သွားတာလဲ”
ရှစ်ဖုန့်နှင့် အနက်ရောင်နတ်ဆိုးမျက်လုံးတို့၏ အံ့အားသင့်သောအသံက
တစ်ချိန်တည်းတွင်ထွက်ပေါ်လာသည်။
သေချာပေါက် လက်သင့်မခံနိုင်မှုများ၊ဒေါသတရာများဖြင့် ပြည့်နှက်နေပြီး သူ့ကိုယ်သူသေပြီဟုတွေးနေသောရှစ်ဖုန့်မှာ သူ၏မျက်နှာထက်၌ အံ့အားသင့်မှုတို့ပေါ်ပေါက်လာသည်။
ထို့နောက်တွင် လက်သီးဆုပ်အရွယ် ရွှေရောင်အလင်းတစ်ခုက သူ၏ရင်ဘက်မှတစ်ဟုန်ထိုးထွက်လာပြီး ရှေ့၌ရပ်တန့်သွားသည်ကို တွေ့လိုက်ရသည်။ထို့နောက်တွင် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ထံမှ ရွှေရောင်အလင်းတန်းတစ်ခု
ကိုပစ်လွှတ်လိုက်သည်။
“သူတောင်းစား..ဒီတော့ ဒါကိုလုပ်တာမင်းပေါ့”
ရွှေရောင်အလင်းအားတွေ့လိုက်ရသောအခါတွင် ဘာတွေဖြစ်ပျက်နေသည်ဆို
သည်အားရှစ်ဖုန့်ချက်ချင်းနားလည်သွားသည်။
၎င်းမှာ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ဖြစ်သည်။ ဤအချိန်တွင် ရှစ်ဖုန့်၏ကိုယ်အတွင်းရှိနေသော ကောင်းကင်မီးတောက်ကလည်း နက်ရှိုင်းစွာအိပ်မောကျသည့်အခြေအနေသို့ စိုက်ရောက်နေသည်။
“အိုး..ဘာလို့ငါ့စွမ်းအင်
တွေပျောက်ကွယ်သွားတာလဲ… ဘာလို့ငါလှုပ်ရှားလို့မရတာလဲ”
အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ရွှေရောင်အလင်းအောက်တွင် ပြင်းထန်သာ အနက်ရောင်လျှပ်စီးများက ရုတ်တရက်ပျောက်ကွယ်သွားပုံရပြီး အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှ ရွှေရောင်အလင်းတစ်ခုက အနက်ရောင်နတ်ဆိုးချီတို့အတွင်း တောက်ပနေပြီး အနက်ရောင်နတ်ဆိုးမျက်လုံးအပေါ်၌တောက်ပနေသည်။
ရွှေရောင်အလင်းတန်း၏
ထွန်းလင်းတောက်ပမှုအောက်တွင် အနက်ရောင်နတ်ဆိုးမျက်လုံးမှာလည်း ရှစ်ဖုန့်ကဲ့သို့ ၎င်း၏ လှုပ်ရှားနိုင်စွမ်းကိုဆုံးရှုံးသွားသည်။ သိပ်သည်းသောနတ်ဆိုးမြူများနှင့်
စွမ်းအားကြီး စွမ်းအင်တို့က ရုတ်ခြည်းပျောက်ကွယ်သွားပြီး ရွှေရောင်အလင်းတန်းအတွင်း၌
ထူးဆန်းသော အနက်ရောင်မျက်လုံးတစ်လုံး
သာကျန်ရစ်နေခဲ့သည်။
ထို့နောက်တွင် အနက်ရောင်နတ်ဆိုးမျက်လုံးအား လွှမ်းခြုံထားသော ရွှေရောင်အလင်းသူ့ထံသို့ အနက်ရောင်နတ်ဆိုးမျက်လုံးနှင့်အတူ ပြန်လာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။
“ဒီ..ဒီအရာ.. ငါမှတ်မိပြီ…ငါအခု မှတ်မိပြီ..အရာခပ်သိမ်းရဲ့မူလဇစ်မြစ်…ဒါက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ပဲ..
ကောင်စုတ်လေး..ဘာလို့မင်းဆီမှာ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကရှိနေရတာလဲ”
ရွှေရောင်အလင်းတန်းတို့၏ ရစ်ပတ်လွှမ်းခြုံခြင်းကို ခံထားရသော အနက်ရောင်နတ်ဆိုးမျက်လုံးက ရုတ်တရက် အလန့်တကြားဖြင့်အော်ပြောလိုက်သည်။
“အရာခပ်သိမ်းရဲ့မူလဇစ်မြစ်..
မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ..မင်းငါ့ကိုဘာလုပ်ဖို့ကြိုးစားနေထာလဲကွ..မင်း ဘယ်လိုတောင် လုပ်ရဲတာလဲ”
“ဒီအရာ..ထပ်ပြီးတော့ အဲ့တာကိုလုပ်ချင်နေတယ်လို့
တော့ငါ့ကိုလာမပြောနဲ့”
အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ရည်ရွယ်ချက်များအား ရှစ်ဖုန့် ခပ်ရေးရေးမှန်းဆထားပြီးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မျက်နှာပေါ်ရှိ တတိယမျက်လုံးဖြစ်သော တိုက်စားခြင်းမိစ္ဆာမျက်လုံးက ထိန်းချုပ်ခြင်းမရှိပါဘဲ ပွင့်လာသောကြောင့်ဖြစ်သည်။
“အား”
အနက်ရောင်နတ်ဆိုးမျက်လုံးက နောက်ဆုံးအကြိမ်အဖြစ်
ငယ်သံပါအောင်အော်ဟစ်လိုက်သည်။
ထို့နောက် မြွေလူသားတို့၏ယဇ်ပူဇော်ရာခန်းမက ထပ်မံ၍ တိတ်ဆိတ်လာသည်။ မြေပြင်သည်လည်းလှုပ်ခါမှုရပ်တန့်သွားပြီး ခန်းမသည်လည်းတုန်ခါမှုမှ ရပ်သွားသည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ ဆွဲယူခြင်းကိုခံရသော အနက်ရောင်နတ်ဆိုးမျက်လုံးက မျက်စိတ်တစ်မှိတ်အတွင်း ရှစ်ဖုန့်၏
ရှေ့သို့ ပျံသန်းရောက်ရှိလာသည်။
ရွှေရောင်အလင်းတန်းက ရှစ်ဖုန့်၏ သွေးလွှမ်းနေသော နဖူးထက်တွင် တောက်ပနေပြီး အနက်ရောင်နတ်ဆိုးမျက်လုံးကလည်း ရှစ်ဖုန့်၏တတိယမျက်လုံး
ဖြစ်သောတိုက်စားခြင်းမိစ္ဆာ
မျက်လုံးအတွင်းသို့ပျံသန်းဝင်ရောက်သွားသည်။
“အား”
စူးရှသောနာကျင်မှုတစ်ခုက ရှစ်ဖုန့်၏တတိယမျက်လုံးထံမှဖြစ်ပေါ်လာသည်။ယင်းမှာသူ၏မျက်လုံအား
ခြေမွခံနေရသကဲ့သို့ခံစားရခြင်းဖြစ်သည်။
“သူတောင်းစား …မင်းထပ်ပြီး တော့ ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်ပြန်ပြီ”
ပြင်းထန်သောနာကျင်မှုအား
သည်းခံရင်းရှစ်ဖုန့်က အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကိုကျိန်ဆဲလိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ ထိုသူတောင်းစားလေး
ထွက်ပေါ်လာသည့်အတွက် သူဝမ်းသာမိသည်ဖြစ်သည်။နောက်ဆုံး၌သူ၏ အသက်အား သွေးကျောက်ပြားကိုအသက်မသွင်းခင်အရင်ဆုံးကယ်တင်ခံခဲ့ရသည်ဖြစ်သည်။
သွေးကျောက်ပြားနှင့်သူဒုက္ခသုက္ခခံ၍ တည်ဆောက်ထားခဲ့သော ကျင့်ကြံခြင်းအထွတ်အမြတ်နေရာလေးအား မူလအခြေအနေအတိုင်းထိန်းထားနိုင်ခဲ့သည်။
“အား..သူတောင်းစား…စုစည်းစမ်း"
ဤအချိန်တွင်သူ၏တတိယ
မျက်လုံးရှိရာသူငယ်အိမ်အတွင်း
မှစွမ်းအင်တို့က လွန်စွာလှုပ်လှုပ်ရှားရှားဖြစ်
လာသကဲ့သို့ခံစားရပြီး နာကျင်မှုကလည်းရုတ်ခြင်း
ဆတိုးဖြစ်ပေါ်လာသည်။
သို့သော်ကံကောင်းစွာဖြင့် ရှစ်ဖုန့်၏နာကျင်မှုအားတောင့်ခံနိုင်စွမ်းက သာမန်လူတို့ထက်များစွာကျော်လွန်လေသည်။သူကအံကိုတင်းတင်းကြိတ်ထားပြီး ၎င်းအား တောင့်ခံလိုက်သည်။
ပြင်းထန်လှသော နာကျင်မှုအား
တစ်နာရီခန့် တောင့်ခံပြီးသည့်နောက်တွင် သူ၏တတိယမျက်လုံးအတွင်းရှိ ပြင်းထန်သောနာကျင်မှုတို့က
ဖြည်းဖြည်းချင်း သက်သာလာသည်ကို ရှစ်ဖုန့်ရှာတွေ့လိုက်သည်။
ထို့နောက်ရုတ်ခြည်း အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှ
ပစ်လွှတ်ထားသော ရွှေရောင်အလင်းတန်းမှာ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်
ဆီသို့ပြန်လည်ဝင်ရောက်သွားသည်။
ရှစ်ဖုန့်၏နဖူးထက်တွင် တောက်ပနေသော ရွှေရောင်အလင်းမှာလည်းအရာ
ခပ်သိမ်းရဲ့မူလဇစ်မြစ်ထံသို့ ပြန်လည်၍ ဝင်ရောက်သွားသည်။
ထို့နောက်တွင် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်မှာ ရှစ်ဖုန့်၏ရင်ဘက်ထံသို့ပျံသန်းလာပြီး နောက်တစ်ကြိမ်ထပ်မံ၍ ရှစ်ဖုန့်၏ကိုယ်အတွင်းသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားသည်။
အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ပျောက်
ကွယ်သွားသော အခါတွင် ရှစ်ဖုန့်အနေဖြင့် သူ၏ ခန္ဓာကိုယ်အားပြန်လည်ထိန်းချုပ်၍ ရသွားသည်ကိုသဘောပေါက်လိုက်သည်။ သူ၏တတိယမျက်လုံမှာလည်း
မရည်ရွယ်ပါဘဲ ဖြည်းညှင်းစွာပြန်လည်၍ ပိတ်သွားသည်။
“ကောင်လေး…မင်းခုဏတုံးကငါ့ကိုဘာလုပ်လိုက်တာလဲ..ဘာလို့ဒီလိုမျိုး
ငါထပ်ပြီးတော့ခံစားရတာလဲ…
ဒါနဲ့ဆိုဒုတိယ အကြိမ်ရှိပြီ”
ဤအချိန်တွင်ကောင်းကင်မီးတောက်၏ဒေါသတကြီးပြောဆိုသံကလည်း ရှစ်ဖုန့်၏ကိုယ်အတွင်းမှထွက်ပေါ်လာသည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ရှစ်ဖုန့်၏ကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားသောကြောင့် ကောင်းကင်မီးတောက်မှာလည်း အလိုအလျောက်ပြန်လည်၍ နိုးလာခဲ့ပြီဖြစ်သည်။
ထို့နောက်ကောင်းကင်မီးတောက်က ဆက်လက်က၍ ဒေါသတကြီးပြောဆိုလိုက်သည်။
“နတ်ဆိုးမျက်လုံးကရောဘာဖြစ်သွားတာလဲ..
နောက််ဆုံးအကြိမ်တုံးကလည်း ငါမေ့မြောတဲ့အခြေအနေထဲ
ကိုကျရောက်သွားတယ်..
အဲ့တုံးကငါပြန်နိုးလာတော့ တိုက်စားခြင်းမိစ္ဆာမျက်လုံးက ပျောက်ကွယ်သွားတယ်မလား.. ဖြစ်နိုင်တာက..”
“ဟုတ်တယ်… အဲ့တာက ဒီသခင်လေးထိန်းချုပ်တာကိုခံလိုက်ရပြီ”
ရှစ်ဖုန့်က စကားပြောရင်းတိတ်တ
ဆိတ်ခေါင်းညိမ့်လိုက်သည်။ ချက်ချင်းပဲသူ၏စိတ်ထဲတွင်အတွေးတစ်ခုပေါ်လာပြီး အစောပိုင်းက မသိလိုက်ပါဘဲပိတ်သွားခဲ့သော သူ၏ နဖူးထက်ရှိ တတိယမျက်လုံးက ထပ်မံ၍ပွင့်လာသည်။ ဤအကြိမ်တွင် တတိယမျက်လုံးက မှင်နက်ကဲ့သို့ဖြစ်လာသည်။
သို့သော်မျက်ဆံကတော့ မီးခိုးရောင်ဖြစ်နေဆဲဖြစ်သည်။ ယင်းမှာအနက်ရောင်နတ်ဆိုးမျက်လုံးနှင့် တိုက်စားခြင်းမိစ္ဆာမျက်လုံး
တို့ပေါင်းစပ်သွားရာမှ သန္ဓေပြောင်းသွားခဲ့ခြင်းဖြစ်သည်။
“ကောင်လေး..မင်းမှာဘာ
လျို့ဝှက်ချက်တွေရှိနေတာလဲ.. မင်းငါ့ကိုပြောပြရမယ်…မဟုတ်ရင် မင်းရဲ့ လျှို့ဝှက်ချက်က ငါ့ကို မသက်မသာခံစားရစေလိမ့်မယ်…”
ရှစ်ဖုန့်တတိယမျက်လုံး၏ သန္ဓေပြောင်းလဲမှုအားအာရုံခံမိသောအခါတွင် ကောင်းကင်မီးတောက်က
အော်ပြောလိုက်သည်။
“ကောင်းပြီ.. လူတိုင်းမှာသူတို့ရဲ့လျှို့ဝှက်ချက်
ဆိုတာရှိတယ်…အဲ့တာကြီးကို
လိုက်ပြီးလျှောက်ပြောနေဖို့မလိုအပ်ဖူး.
ဒါ့အပြင် ဒီသခင်လေးဒန်တန်က ပျက်ဆီးနေတာ.ခင်ဗျားနဲ့ကျုပ်နဲ့က တစ်သားတည်းဖြစ်နေပြီ…
ဒီအချိန်ကာလအတောအတွင်းမှာ ခင်ဗျားနဲ့ကျုပ်ကအတူတကွကြီးထွားလာတယ်…ခင်ဗျားကဘယ်လောက်ထူးခြားတယ်ဆိုတာကိုလည်းဒီသခင်လေး မြင်ပြီးပြီ..ဒီသခင်လေးခင်ဗျားကိုထားမသွားဘူး.ဒါကြောင့် ဘာလို့ဒီသခင်လေးကခင်ဗျားကို ထိခိုက်စေမှာတဲ့လဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဟမ့်…စပ််ဆုပ်ဖို့ကောင်းပြီး ကလိမ်ကကျစ်ဉာဏ်များတဲ့လူသား …ငါ့အတွက် မစိုးရိမ်ဖို့ဆိုတာမဖြစ်နိုင်ဘူးကွ”
ကောင်းကင်မီးတောက်က အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး နောက် ဆက်လက်၍ ပြောသည်။
“အဲ့အချိန်တုံးက ငါကမင်းကို အလကားကောင်လို့ယုံကြည်ခဲ့မိလို့ ဒီလိုအခြေအနေမျိုးနဲ့ငါအဆုံးသတ်ခဲ့ရတာ”
ထို့နောက်ရှစ်ဖုန့်ကကောင်းကင်မီးတောက်အား စကားပြောခြင်းကိုရပ်လိုက်သည်။
သူ့အနေဖြင့် အပြင်းအထန်ဒဏ်ရာမရထားခဲ့သော်လည်း သူ၏မျက်နှာကလူရုပ်မထွက်
တော့သည်ဖြစ်သည်။ သူ၏ဆံပင်တို့က မဲနက်အောင်လောင်ကျွမ်းခံခဲ့ရပြီး သူ၏ပုံရိပ်က ပျက်စီးခဲ့သည်ဖြစ်သည်။ ယင်းက ချောမောသောလူတစ်ယောက်အတွက် လက်သင့်ခံရမရနိုင်သောအရာဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က သူ၏လက်နှစ်ဖက်ဖြင့် ဆီးလ်သင်္ကေတတို့အား ပြုလုပ်လိုက်ပြီးတီးတိုးရေရွတ်လိုက်သည်။
“ငရဲဘုံကိုးခု ဖျက်ဆီးမရခြင်းနှင့်ထာရဝရှင်သန်ခြင်း”
ဆက်ရန်…
ဘာသာပြန်သူ-ARISE