← Chapters

အပိုင်း (၃၃၇) – အသုံးဝင်တဲ့ စာတစ်စောင်

Vol. 004 Ch. 337

အပိုင်း (၃၃၇) – အသုံးဝင်တဲ့ စာတစ်စောင်

Vol. 004 Ch. 337

လီမူ၏ မျက်နှာသည် ချက်ချင်းပင် ဖျော့တော့သွားသည်။

သူက အဲနေရာကို ဖြတ်လမ်းတည်ဆောက်မှုနဲ့ အပို့ခံလိုက်ရတာမလား၊ ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်လာတာလဲ။

လီမူ၏ အပြုအမူကို ဟန်မိုမြင်သောအခါ ချက်ချင်းပင် သဘောပေါက်လိုက်သည်။

“ဟင်း”  လူကြီးမင်းရွှမ်းသည် အေးစက်စွာ ပင့်သက်ရှိုက်ပြီး လီမူအား သတိပြန်ဝင်အောင် လုပ်လိုက် သည်။ ထို့နောက်တွင် သူသည် ရှီမာယူယူအားကြည့်ကာ အထက်ဆီးဆန်စွာ မေးလိုက်သည် “မင်းက ရှီမာယူယူ ဖြစ်ရမယ် ဟုတ်လား”

“ဟုတ်ပါတယ်” ရှီမာယူယူ ခေါင်းညိတ်သည်။

“ဒီနေ့ ငါတို့ အသင်းကို ဘာလို့လာတာလဲ၊ သာမာန်လူက မဖိတ်ခံရပဲ လာချင်သလို လာလို့ မရဘူးဆို တာ မသိဘူးထင်တယ်” လူကြီးမင်းသည် သူမအား အပြစ်တင်လေသည် “ပြီးတော့ မင်းက ငါတို့်အသင်း တံခါး ပေါက်မှာ ရပ်ပြီး ငါတို့ အစောင့်တွေကိုလည်း တိုက်တယ်လို့ကြားတယ်၊ မင်းတို့ ရှီမာမျိုးနွယ်က ငါတို့် အသင်းနဲ့ ပြဿနာတက်ချင်လို့လား”

ရှီမာယူယူ အေးစက်စွာရယ်မောကာ တကယ်သာဆိုရင် ရတယ်လေ။ သူက ရှီမာမျိုးနွယ်ကိုတောင် ဆွဲသွင်းနေပြီ။ သူက သူမကိုလာတားတာလား ပြဿနာရှာနေတာလား။

“ကျွန်တော်တို့် အဂ္ဂိရတ်ပညာရှင်အသင်းနဲ့ ပြဿနာမဖြစ်ချင်ပါဘူး၊ ကျွန်တော် လီမူနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ဆွေးနွေးချင်ရုံပါ” ရှီမာယူယူ ပြောလိုက်သည်။

“လီမူလား အရင်က မင်းတို့ ကိစ္စလေးတွေရှိခဲ့တယ်လို့ ကြားတယ်၊ မင်းတို့ပြိုင်တုန်းက အလောင်းအစား မှာ သူရှုံးသွားတော့ မင်းကို ဆရာလို့ခေါ်ရမှာဆို” လူကြီးမင်းရွှမ်းသည် မျက်တောင်မခတ်ပဲ ဆက်ပြောလေသည် “မင်းမှာ အဲလောက်အရည်အချင်းရှိတာ အဂ္ဂိရတ်ပညာရှင်အသင်းကို ဝင်ဖို့ ဆန္ဒမရှိဘူးလား”

လူကြီးမင်းရွှမ်းသည် အားလုံးကို တစ်ခါတည်းပြောသွားရာ ရှီမာယူယူ ပြောခွင့်ကို မပေးပေ။ ထိုသည်မှာ သူသည် လီမူကို ကူညီရန်ကြိုးစားနေသည်မှာ သိသာသည်။

သာမာန်လူသာဆိုလျှင် အဂ္ဂိရတ်ပညာရှင်အသင်းဝင်ရန် ကမ်းလှမ်းချက်ကို သေချာပေါက် လက်ခံမည် ဖြစ်သည်။ သူတို့သည် လီမူနှင့် ပတ်သတ်သည့် ကိစ္စကိုဖြေရှင်းရန် သူ့အား မတွန်းလှန်တော့ပေ။

သို့သော် ရှီမာယူယူသည် သတိမမူကာ ပြောလိုက်သည် “ကမ်းလှမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ လူကြီးမင်းရွှမ်း၊ ဒါပေမဲ့ ကျွန်တော် အဂ္ဂိရတ်ပညာရှင်အသင်းကို ဝင်ဖို့ စိတ်ကူးမရှိပါဘူး၊ ကျွန်တော် လီမူနဲ့ အရင်း ဆုံး စကားပြောချင်ပါတယ်”

“မင်းက အဂ္ဂိရတ်ပညာရှင်အသင်းကို အထင်သေးတာလား” လူကြီးမင်းရွှမ်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ ရှီမာယူယူက သူ့အား မရိုသေသည့်အတွက် ဒေါသထွက်နေလေသည် “မင်းက ငါတို့ အသင်းရဲ့ ဖြတ်လမ်းတည်ဆောက်မှုကို သုံးပြီး ဆယ်ရက်လောက်ပျောက်သွားတော့ ငါတို့က အားနာပြီး ဒီလို ပြောပေးနေတာ၊ မဟုတ်ရင် မင်းကို ဒီလိုအခွင့်အရေးပေးမယ်ထင်နေလား”

“လူကြီးမင်းတို့ ဖြတ်လမ်းတည်ဆောက်မှုထဲ ဝင်ပြီး လမ်းပျောက်သွားတယ်ဟုတ်လား” ရှီမာယူယူသည် လူကြီးမင်း ရွှမ်း၏ သူမအား မျက်နှာသာပေးရသကဲ့သို့ပြောနေသော ပုံစံအားကြည့်ကာ “ကျွန်တော် လမ်းမပျောက်ပါဘူး၊ ဒါပေမဲ့ လီမူကတော့ ကောင်းကောင်းသိမယ်ထင်တယ် ဟုတ်ပါလား၊ အဲဒီ လူကြီးမင်း ရွှမ်း လည်း သိမယ်လို့ ထင်ပါတယ်”

“ငါက ဘယ်လိုသိမှာလဲ၊ ကောင်လေး ငါတို့ဂုဏ်ပြုပေးတာကိုလည်း လက်ခံပေးပါ” လူကြီးမင်းရွှမ်းသည် မျက်နှာချက်ချင်း ပျက်သွားသည်။

“တောင်းပန်ပါတယ် အခုကျွန်တော် အရက်သောက်ချင်တဲ့ စိတ်မဟုတ်လို့ပါ” ရှီမာယူယူ ပြောလေသည် “ကျွန်တော် လီမူရဲ့ အကြွေးကိုလာယူတာပါ၊ လူကြီးမင်းရွှမ်း ဝင်မပါပဲ ဘေးထွက်နေတာ ကောင်းပါလိမ့်မယ်”

“ရဲတင်းလိုက်တာ” လူကြီးမင်းရွှမ်းသည် ဒေါသထွက်ကာ ရှီမာယူယူအား ကြည့်သည့်အခါတွင် သူ့မျက်လုံးမှ မီးတောက်ထွက်တော့မည့် အတိုင်းပင်။

သူ့ကို ဒီလိုစကားပြောရဲတဲ့သူ မရှိတာ ဘယ်လောက်တောင်ကြာပြီလဲ။

ရှီမာယူယူသည် သူ့အား မကြည့်ပဲ လီမူဘက်လှည့်ကာ ပြောလေသည် “လီမူ ဒီရက်တွေမှာ စိတ်ကို ပြင်ဆင်ပြီးပြီလား”

လီမူသည် ရှီမာယူယူထွက်ပေါ်သည့် အချိန်မှစ၍ အသက်မရှိတော့သကဲ့သို့ ခံစားရသည်။ ဘာလို့လဲတော့ သူမသိပေ။ လူကြီးမင်းရွှမ်းသည် သူ့ကို ဘာမှမဖြစ်စေရဘူးဟု ကတိပေးခဲ့သော်လည်း သူ့ စိတ်ထဲတွင် အကြောက်တရားရှိနေဆဲပင်ဖြစ်သည်။

ရှီမာယူယူ၏ မျက်လုံးများမှ လူသတ်မည့် အကြည့်များ ဖြစ်ပေါ်နေသည်မှာ သူသည် သေတော့မည်ဟု ခံစားနေရသည်။

ရှီမာယူယူပြောသည်ကို ကြားသောအခါ သူ တည်ငြိမ်စွာပင် ပြန်ပြောလေသည် “မင်း ဘာတွေပြောနေ လဲ ငါမသိဘူး၊ မင်း အသင်းထဲမှာ အကြမ်းဖက်မလို့ဆိုရင် မင်း အဲလိုလုပ်ဖို့ ခွင့်မပေးနိုင်ဘူး”

“ရှီမာယူယူ ဒါက အဂ္ဂိရတ်ပညာရှင်အသင်းပါ မင်းတို့ ရှီမာမျိုးနွယ်အိမ် မဟုတ်ဘူး” လူကြီးမင်းရွှမ်းသည် ကြိမ်းမောင်းလိုက်သည် “ကိုယ့်လူတို့ သူတို့ကို ခေါ်ထုတ်သွားလိုက်တော့”

အစောင့်အုပ်စုသည် အပြင်မှ ပြေးလာကာ ရှီမာယူယူနှင့် တခြားသူများကို ဝန်းရံလိုက်သည်။ သူတို့ထဲမှ အားအနည်းဆုံးမှာ ဝိညာဉ်သူတော်စင်အဆင့်ဖြစ်လေသည်။

ရှီမာယူယူ သူတို့အား သိမ်းကြုံးကြည့်လိုက်သည်။ တွေ့ကရာ အစောင့်ကတော့ သူတော်စင်ဝိညာဉ် မဖြစ်နိုင်ဘူးမလား၊ သူတို့လာမယ်ဆိုလို့ ပြင်ဆင်ထားတာပဲ။

ရှီမာယူယူသည် လူကြီးမင်းရွှမ်း၏ ရည်ရွယ်ချက်ကို သိသွားကာ သူနှင့် စကားဆက်ပြောရန်ပင် ပျင်းသွား တော့သည်။ သူမသည် ဟာစွန်ကို ခေါ်ကာ ပြောလိုက်သည် “ဟာစွန် သူ့ကို ခေါ်ခဲ့ ငါတို့သွားမယ်”

“အထွတ်အထိပ်သားရဲ”

အဂ္ဂိရတ်ပညာရှင်အသင်းမှ လူများသည် ဟာစွန်အားတွေ့သည်နှင့် ချက်ချင်းပင် နောက်ဆုတ်သွားလေ သည်။ လီမူသည်လည်း ချက်ချင်းပင် လက်လျော့သွားလေသည်။ သူသည် မျှော်လင့်ချက်များ ပျောက်ဆုံးနေ သည်ကို သိလိုက်ရသည်။

ဟာစွန်သည် ဘာမှမပြောပဲ သူ့ကို ဆွဲခေါ်လိုက်သည်။

“လီမျိုးနွယ်က တောင်တန်းကို မကျော်သေးဘူးမလား” ရှီမာယူယူသည် လီမူအား ကြည့်ကာ ပြောလိုက် သည် “အဲတည်ဆောက်မှုကို ဘယ်သူလုပ်လဲဆိုတာ သိချင်နေပြီ၊ သူ့အဆင့်ကတော့ မြင့်မှာပဲ ငှက်လေး သွား ရအောင်”

ငှက်လေး ပေါ်လာကာ ရှီမာမျိုးနွယ်ဝင်များကို ခေါ်ကာ အဂ္ဂိရတ်ပညာရှင်အသင်းမှ ပျံထွက်ခဲ့လေသည်။

“လူကြီးမင်း ကျွန်တော်တို့ ဘာလုပ်ကြမလဲ” အစောင့်မေးလိုက်သည်။

“ဘာလုပ်နိုင်တော့မှာလဲ၊ မင်းတို့အားလုံးက ငါ့ကို အဲဒီအထွတ်အထိပ်သားရဲနဲ့ တိုက်စေချင်လို့လား” လူကြီးမင်း ရွှမ်းက အော်လိုက်သည်။

“ဒါဆိုရင် ကျွန်တော်တို့ လီမူကို ဒီအတိုင်း ခေါ်သွားခိုင်းတော့မှာလား၊ ရှီမာယူယူက လက်စားချေတတ် တဲ့သူလို့ ကြားဖူးတယ် လီမူကို ခေါ်သွားခိုင်းရင် ကံဆိုးလိမ့်မယ်” အလောတကြီးပြန်လာသော သက်ကြီးပုဂ္ဂိုလ် တစ်ယောက်သည် ပြောလေသည်။

“ဟင် အဲဒါက ရှီမာမျိုးနွယ်က ရှီမာယူယူမလား၊ ရှီမာမျိုးနွယ်က အဂ္ဂိရတ်ပညာရှင်အသင်းကို ဆန့်ကျင် ရဲမှတော့ သူတို့ကို အပြစ်ပေးမှ ငါတို့ကို အပြစ်မတင်နဲ့၊ ကိုယ့်လူတို့ ရှီမာမျိုးနွယ်က အဲလူတွေအကုန်လုံးကို သွား ဖမ်း” လူကြီးမင်း ရွှမ်း ပြောလိုက်သည်။

ထိုအခိုက်တွင် အစောင့်တစ်ယောက်သည် အပြင်မှ အလောတကြီးပြေးလာကာ လူကြီးမင်းရွှမ်းအား စာတစ်စောင် ပေးလိုက်လေသည်။

စာကို မြင်သောအခါ လူကြီးမင်းရွှမ်း၏ အမူအရာသည် အလွန်ပျက်သွားလေသည်။

“ဘာဖြစ်လို့လဲ” ဟန်မိုသည် တစ်စုံတစ်ရာဖြစ်နေသည်ကို သိလိုက်သဖြင့် မေးလိုက်သည်။

အားလုံးကလည်း သူ့ကို ကြည့်ကြသည်။ လူကြီးမင်းရွှမ်းဘာကြောင့် ထိုကဲ့သို့ အေးခဲသွားသည်ကို သူတို့ နားမလည်ပေ။

လူကြီးမင်းရွှမ်းသည် စာကို နောက်သက်ကြီးပုဂ္ဂိုလ်ဆီသို့ ပေးလိုက်လေသည်။ ထိုလူကြီးမင်းသည် လည်း စာထဲမှ အကြောင်းအရာကိုတွေ့လိုက်သောအခါ အလွန်အံ့သြသွားလေသည်။

“စီနီယာ”

ထိုလူကြီးမင်းသည် သတိထားကာ ပြောလိုက်သည် “ဒါက ပညာရှိစံအိမ်တော်ရဲ့ ပိုင်ရှင်က ပို့လိုက်တဲ့ စာပဲ၊ ရေးထားတာက မြင့်မြတ်တဲ့သားတော်က ရှီမာယူယူရဲ့ စီနီယာအစ်ကိုတဲ့၊ လီမူနဲ့ လီမျိုးနွယ်က သူ့ဂျူနီယာ ညီလေးကို လုပ်ကြံခဲ့တယ်၊ အဲဒါက ခွင့်မလွှတ်နိုင်တဲ့ အပြစ်ပဲတဲ့၊ အခု သူ့ဂျူနီယာညီလေးက လီမူနဲ့ စာရင်းရှင်း မယ်ဆိုတော့ ငါတို့အသင်းကနေ ဝင်မပါစေချင်ဘူးတဲ့၊ မဟုတ်ရင် မြင့်မြတ်တဲ့သားတော်ရဲ့ ဒေါသက ငါတို့ အပေါ်ရောက်လာမယ်တဲ့၊ ပညာရှိစံအိမ်တော်တောင်မှ သူ့ဒေါသကို ပြေအောင် မလုပ်နိုင်ဘူးတဲ့”

“ဘာ”

နေရာရှိ အားလုံးသည် မှင်တက်သွားတော့သည်။ အထူးသဖြင့် ဟန်မို.. သူသည် ဝူလင်းယူနှင့် အရင်က သိကျွမ်းခဲ့သော်လည်း ရှီမာယူယူသည် သူ့ဂျူနီယာညီလေးဖြစ်လိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။ အခု ပညာရှိ စံအိမ်တော်မှ ထိုကဲ့သို့ စာမျိုးပေးပို့လိုက်ခြင်းမှာ ရှီမာယူယူနှင့် သူ့မျိုးနွယ်ကို ကာကွယ်ပေးနေသည်မှာ အသေ အချာပင်။

“လူစုခွဲတော့” လူကြီးမင်းရွှမ်းသည် ပညာရှိစံအိမ်တော်၏ ထောက်ပံ့သူမဟုတ်ကာ သူသည်လည်း အထက်လောက၏ ပညာရှိစံအိမ်တော်အတွက် ထောက်ပံ့သူလည်း မဖြစ်နိုင်ပေ။ သူတို့ ကမ်းလှမ်းချက်ကို ငြင်း ပယ်ပြီး သူတို့လူများကို လွှတ်လိုက်ပါက တစ်တိုင်းပြည်လုံး ပျက်ဆီးသွားနိုင်သည်။

“ဒါဆို လီမူ..သူ…”

“ဟူး”

လူကြီးမင်းရွှမ်းသည် သက်ပြင်းချကာ ထွက်သွားလေသည်။ သူသည် အတည့်အလင်း မဖော်ပြသော် လည်း ဒီတစ်ကြိမ်တွင် အသင်းသည် လီမူအား မကာကွယ်နိုင်တော့သည်ကို အားလုံး သိကြသည်။

ဝူလင်းယူ နောက်ဆက်တွဲ ဖြေရှင်းသည့် ကိစ္စများကို ရှီမာယူယူ မသိခဲ့ပေ။ ထိုအချိန်တွင် သူမသည် ရှီမာမျိုးနွယ်အား လီမျိုးနွယ်ဆီသို့ ဦးဆောင်သွားလေသည်။

လီမျိုးနွယ်သည် သူတော်စင်မြို့တော်မှ ထွက်သွားသည်မှာ တစ်ရက်ကြာပြီးဖြစ်သော်လည်း သူတို့သွား သည်မှာ နှေးသဖြင့် မိစ္တာတစ်သောင်းတောင် မရောက်ခင်တွင် ရှီမာယူယူနှင့် တခြားသူများသည် သူတို့ကို လိုက်မှီလေသည်။

“မျိုးနွယ်ခေါင်းဆောင် တစ်ယောက်ယောက်တော့ လိုက်လာတယ်”

လီမျိုးနွယ်ဝင်များသည် ရှီမာယူယူနှင့် တခြားသူများ လိုက်လာသည်ကို ခံစားမိရာ ရပ်တန့်ရန် ဆုံးဖြတ် လိုက်သည်။

ရှီမာယူယူသည် ငှက်လေး၏ ကျောပေါ်ရပ်ကာ လီမျိုးနွယ်ဆီသို့ အော်မေးလိုက်သည် “လီဖေ ကဘယ်သူလဲ”

“အဲဒါ လီမူမလား” လီမျိုးနွယ်ဝင်များသည် ရှီမာယူယူ ငှက်လေးပေါ်မှ ပစ်လိုက်သော လီမူအား တစ်ချက် ကြည့်လိုက်သည်နှင့် မှတ်မိလေသည်။

All Chapters