← Chapters

အပိုင်း (၃၃၉) – လူမိုက်ကဲ့သို့ ပြုမူခြင်း

Vol. 004 Ch. 339

အပိုင်း (၃၃၉) – လူမိုက်ကဲ့သို့ ပြုမူခြင်း

Vol. 004 Ch. 339

ရှီမာယူယူသည် ရှီမာမျိုးနွယ်ဝင်များ သူမကို ဘယ်လောက်ပင် စစ ဂရုမစိုက်ပေ။ သူမ မှော်ဝင်လက်စွပ် များကို ကြည့်လိုက်ရာ လီမျိုးနွယ်သည် အဂ္ဂိရတ်ပညာရှင်မျိုးနွယ် အမှန်အကန်ဖြစ်သည်ကို သိလိုက်ရသည်။ ထို လူများသည် သာမာန်မိသားစုထက် ပို၍ ချမ်းသာကြသည်။

“မင်းတို့ ဒီပစ္စည်းတွေကို သိမ်းထားကြ၊ ဆေးတွေနဲ့ ဆေးဖက်ဝင်ပစ္စည်းတွေက ရှားတဲ့ဟာတွေ ချည်းပဲ” သူမသည် လက်စွပ်များကို ရှီမာယူလင်းကို ပေးလေသည်။

သူမတွင် အရည်အသွေးမြင့်သော ပစ္စည်းများစွာ ဝိညာဉ်စေတီထဲတွင်ရှိသည်ကို ရှီမာယူလင်း သိပြီး သူမသည် ထိုကဲ့သို့ ပစ္စည်းမျိုးကို ဂရုမစိုက်သည်ကို သိသည်။ ထို့ကြောင့် သူ အားလုံးကို လက်ခံလိုက်သည်။

“ကောင်းပြီ သူတော်စင်မြို့တော်ကို သွားကြမယ်” ရှီမာယူယူ ပြောလိုက်သည် “အဂ္ဂိရတ်ပညာရှင် အသင်းမှာသွားပြီး ပြဿနာရှာထားတော့ အဘိုးနဲ့ တခြားသူတွေ သဘောတူညီမှု လုပ်ပြီးပြီလားမသိဘူး၊ ဒါပေမဲ့ ငါ့ ဆရာတူအစ်ကိုနဲ့ ဆိုရင် ပြဿနာတော့ မဖြစ်လောက်ပါဘူး”

ဝူလင်းယူသည် အစပိုင်းတွင် သူမနှင့် သွားချင်ခဲ့သော်လည်း သူမက ငြင်းခဲ့သည်။ သူ့အား သူမ ရှီမာမျိုးနွယ်ကို စောင့်ရှောက်ပေးရန် ပြောခဲ့သည်။ အနည်းဆုံးတော့ သူမ ကိစ္စများ ရှင်းလင်းပြီးသည်အထိ ကူညီ ရမည်။

သို့သော် ဝူလင်းယူသည် ပညာရှိစံအိမ်တော်အထိ သူတို့ ဆက်ဆံရေးကို ဖော်ထုတ်မည်ဟု သူမ ထင်မထားပေ။ သူမအား ကာကွယ်ထားသဖြင့် အဂ္ဂိရတ်ပညာရှင်အသင်းသည် လေပင် မလည်ရဲပေ။

သူတို့ သူတော်စင်မြို့တော် မရောက်ခင်တွင် ဟာစွန်၏ အမူအရာသည် ရုတ်တရက် ပြောင်းသွားကာ ရှီမာယူယူအား ပြောလိုက်သည် “သူတို့နှစ်ယောက် သေသွားပြီ”

“သူတို့ မသေတာမှ ထူးဆန်းဦးမယ်” ရှီမာယူယူသည် လုံးဝ ထူးဆန်းခြင်းကို မခံစားရပေ။ သူတို့တောင်မှ မတောင့်ခံနိုင်တာ ထိုနှစ်ယောက်အတွက် ပိုဆိုးမည်။

“အဂ္ဂိရတ်ပညာရှင်အသင်းက ဘာလို့ မလှုပ်ရှားကြတာလဲ” သူမသည် နားမလည်စွာ မေးလိုက်သည်။

“သားးရဲ့စီနီယာအစ်ကိုက ပညာရှိစံအိမ်တော် အနေနဲ့ လူလွှတ်လိုက်တယ်ပြောတယ်” ရှီမာလိုင်နှင့် ရှီမာလင်းတို့သည် လျှောက်လာကာ ပြောလိုက်သည်။

“သူတို့ ဆုံးဖြတ်ချက်မှန်အောင် လုပ်ပေးလိုက်တာထင်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“အဲနှစ်ယောက်ကို ဖြေရှင်းပြီးပြီလား” ရှီမာလင်း မေးလိုက်သည်။

“ဟုတ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“လီမျိုးနွယ်ဝင်တွေရော” ရှီမာလင်း မေးလိုက်သည်။

သူတို့သည် သွေးပူနေသော ကလေးများဖြစ်ကြသည်။ ထိန်းမနိုင်ဖြစ်မည်ကို သူ စိုးရိမ်သည်။

“ဟီး ဟီး”

သူသည် လီမျိုးနွယ်အကြောင်း ပြောလိုက်သည်နှင့် ရှီမာမျိုးနွယ်ဝင်များသည် ရယ်မောကြလေသည်။

“အဟွတ် အဟွတ် သူတို့ ပြန်သွားကြပြီ၊ ကျွန်တော် လီမူနဲ့ လီဖေကိုပဲ သတ်လိုက်တာပါ ကျန်တဲ့သူတွေ ကို မသတ်ပါဘူး” ရှီမာယူယူ ပြောလေသည်။

ရှီမာလင်းနှင့် တခြားသူများသည် ကျန်သောသူများ၏ အမူအရာများကို ကြည့်ကာ တစ်ခုခုဖြစ်လာသည် ကို သိလိုက်သည်။ သူ မေးလိုက်သည် “ပြီးတော့”

“ပြီးတော့” ရှီမာယူယူသည် ဖြူစင်စွာ မျက်တောင်ခတ်လိုက်ပြီး ပြောလေသည် “ဘာမှ မရှိတော့ဘူးလေ”

“ဒါဆို ဘာလို့ရယ်ကြတာလဲ” ရှီမာလင်းသည် ရှီမာယူယန်နှင့် တခြားသူများကို ညွှန်ပြကာ မေးလေ သည်။

“အဘိုးလင်း မသိပါဘူး၊ ရှီမာယူယူက လီမျိုးနွယ်ကို ပြောင်သွားအောင် လုလိုက်တာ” ရှီမာယူယန် သည် ပြုံးပြီး ပြောလေသည်။

“ပြောင်သွားအောင် လုတယ်ဟုတ်လား” သူတို့နှင့် မလိုက်လာသော တစ်ယောက်သည် ရှီမာယူယူအား ကြည့်လိုက်သည်။ သူမက သူတို့ကို လုလိုက်တယ် ဟုတ်လား။

“အဘိုးတို့ မသိလို့၊ ဒီကောင်ကတော့… လီမျိုးနွယ်ကို လွှတ်ပေးမယ်လို့ပြောပြီး သူ့အကြောက်ပြေ အောင် လုပ်ပေးမယ့် ပစ္စည်းလိုတယ်ဆိုပြီး တောင်းတယ်လေ၊ လီမျိုးနွယ်ဝင်တွေက သူတို့ မှော်ဝင်လက်စွပ်တွေ အကုန်ပေးပြီး သူတို့မှာရှိတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုတောင် ပေးလိုက်သေးတယ်” ရှီမာယူယန်သည် သူမ ဓားပြလိုလုပ်လိုက်သည်ကို မြင်ယောင်ကာ ရယ်မောပြီး ပြောလေသည် “နောက်ဆုံတော့ လီမျိုးနွယ်ဝင်တွေက အဝတ်အစားကလွဲပြီး ဘာမှပါမသွားရှာဘူး”

“ကျွန်တော်ထင်တယ် လီမျိုးနွယ်ခေါင်းဆောင် ကြောင့်သာမဟုတ်ရင် သူတို့ အတွင်းခံနဲ့ပဲ ထွက်သွား ရလောက်တယ်” ရှီမာယူလီ ပြောလိုက်သည်။

ရှီမာယူယူသည် သူတို့အား ကြည့်ကာ ပြောလိုက်သည် “လီမျိုးနွယ်ကို တန်ရာတန်ကြေး မပေးခိုင်းပဲနဲ့ မလွှတ်နိုင်ပါဘူး၊ သူတို့ကို အဝတ်တွေပေးဝတ်သွားတာကိုက ကောင်းလွန်းနေပြီ”

အားလုံး မဲ့ဲပြုံးပြုံးလိုက်ကြသည်။ သူတို့သည်လည်း ထိုကဲ့သို့ တွေးမိသည်။

“ဒါဆို နာလန်မျိုးနွယ်ကို ဘာလုပ်မယ် စိတ်ကူးလဲ” ရှီမာယူလင်း မေးလိုက်သည်။

“အဲနာလန်လန်က တကယ်ပဲ ကောက်ကျစ်တယ်၊ သူမက ဝန်ခံမှာမဟုတ်တဲ့အပြင် ဒီမှာလည်း မရှိဘူး၊ သက်သေမရှိတော့ နာလန်မျိုးနွယ်ကို ပေါ့ပေါ့ပဲ လွှတ်ထားပေးလို့ရမယ်” ရှီမာယူယူသည် စိတ်မပါစွာ ပြောလေ သည်။

“ဒါဆိုရင်တော့ နောက်ဆိုရင် တစ်ခုခုဖြစ်လာတာနဲ့ နာလန်မျိုးနွယ်က ပထမဦးစားပေးပဲ” ရှီမာလိုင် ပြော လိုက်သည်။

သူတို့သည် သမုဒ္ဒရာနှင့် နီးကာ မကြာမီတွင် ထိုပင်လယ်တွင် ယောက်ယက်ခတ်မည်ကို သိကြသည်။ ထိုပင်လယ်တွင် တစ်စုံတစ်ရာဖြစ်မည်ကို သူတို့ ကြောက်နေကြသည်။ ထို့ကြောင့် အနာဂတ်တွင် တစ်စုံတစ်ခု ဖြစ်လာပါက နာလန်မျိုးနွယ်သည် ပထမဦးစားပေး လွှတ်ရမည့် သူများဖြစ်သည်ဟု သူတို့ ဆုံးဖြတ် ထားကြသည်။

သူတို့သည် မြေးအဖိုးများ ဖြစ်သည်ကိုမပြောနှင့် အတွေးများလည်း တူညီကြသည်။

ရှီမာယူယူ ပြုံးကာ ရှီမာလိုင်၏ လက်မောင်းကို ဆုပ်ကိုင်ကာ ပြောလိုက်သည် “သမီးလည်း အဲဒါကို စဉ်းစားနေတာ”

“တခြားမရှိတော့ရင် အန်ယန်းမြို့ကို ပြန်ဖို့ ပြင်ရအောင်” ရှီမာလင်း ပြောလိုက်သည်။

“ဟုတ်ကဲ့” ရှီမာမျိုးနွယ်များသည် ရှီမာယူယူနှင့် ရှီမာယူလင်းတို့ကို ရှာချင်သဖြင့် နေခဲ့ကြခြင်းဖြစ်သည်။ အခု သူတို့သည် နေရန် အကြောင်းမရှိတော့ပေ။

“နှမြောစရာကောင်းလိုက်တာ၊ လှေကား ပြိုင်ပွဲကို ဝင်မပြိုင်လိုက်ရဘူး” ရှီမာယူယူသည် အနည်းငယ် နှမြောစွာ ပြောလေသည်။

“တကယ်တော့ ကြည့်စရာဘာမှမရှိပါဘူး၊ ဒီအတိုင်း အဂ္ဂိရတ်ပညာရှင်တွေ၊ လက်နက်ပညာရှင်တွေ၊ သားရဲထိန်းကျောင်းသူ သခင်တို့ ဟန်ရေးပြတာပဲ” ရှီမာယူလီ ပြောလိုက်သည်။

တကယ်တော့ ရှီမာယူလင်းနှင့် သူမသာမကာ ရှီမာမျိုးနွယ်မှ တခြားသူများလည်း ပြိုင်ပွဲတွင် ဝင်မပါ ကြပေ။ သူတို့သည် ရှီမာယူယူတို့အား ရှာခြင်းတွင် အလုပ်ရှုပ်နေခဲ့ကြသည်။

“ဟုတ်သားပဲ ဘေဂုံထန်နဲ့ တခြားသူတွေရော” ရှီမာယူယူသည် ပြန်လာသည်နှင့် ဘေဂုံထန်နှင့် တခြားသူများကို မမြင်မိသဖြင့် မေးလိုက်သည်။

“သူတို့က ဝူရန်နဲ့အတူထွက်သွားကြတယ်၊ သူတို့လည်း မင်းတို့်ကို ရှာဖို့ တောင်တွေအားလုံးကို သွားခဲ့ကြတယ်၊ သူတို့ သွားရှာနေတုန်းဆိုတော့ မင်းတို့ ပြန်ရောက်ပြီဆိုတာကို မသိသေးဘူး” ရှီမာယူယန်  ပြောလိုက်သည်။

“ဟုတ်လား အဲဒါဆို သူတို့နဲ့ ဆက်သွယ်လိုက်မယ်” ရှီမာယူယူ ပြောပြီးသည်နှင့် ဘေးသို့ လျှေက်လာကာ မိခင်ကျောက်တုံးထုတ်ကာ ဘေဂုံထန်နှင့် တခြားသူများကို ဆက်သွယ်လိုက်လေ သည်။

သူမ ခဏအကြာတွင် ပြန်လာကာ ပြောလိုက်သည် “သူတို့တကယ်ပဲ တောင်ပေါ်မှာပဲ ဒါပေမဲ့ သူတို့ ပြန်လာဖို့ ပြင်နေကြပြီ”

“ကောင်းပြီ တခြားဘာတွေလုပ်စရာ ရှိသေးလဲဆိုတာ လှည့်ပတ်ကြည့်လိုက်ဦး၊ တစ်ခုခုရှိတယ်ဆိုရင် မြန်မြန် ဖြေရှင်းရအောင်၊ ဘေဂုံထန်နဲ့ တခြားသူတွေ ပြန်လာရင် ငါတို့သွားရအောင်” ရှီမာလင်း  ပြောလိုက်သည်။

“ဟုတ်ကဲ့”

ရှီမာယူယူသည် ခေတ္တမျှ စဉ်းစားကာ ပြောလိုက်သည် “ကျွန်တော် ခဏအပြင်သွားလိုက်ဦးမယ်”

“ဘယ်သွားမလို့လဲ” ရှီမာယူလန် မေးလိုက်သည်။

“လုမျိုးနွယ်ကို” ရှီမာယူယူသည် ပြောပြီးသည်နှင့် လှည့်ထွက်လာခဲ့သည်။

နေ့တစ်ဝက်အကြာတွင် ရှီမာယူယူသည် လုမျိုးနွယ်ဆီသို့ လာကာ တံခါးခေါက်လိုက်သည်။

လုယွမ်သည် တံခါးလာဖွင့်ကာ ရှီမာယူယူအား မြင်သည်နှင့် အော်လေသည် “ယူယူလား တကယ်ပဲ မင်းလား”

လုယန်နှင့် လုဖေတို့သည် လုယွမ်၏ အသံကြားသည်နှင့် အိမ်ထဲမှ ထွက်လာသည်။ သူတို့သည် ရှီမာယူယူ အားမြင်သောအခါ ပြုံးပြီး ပြောလေသည် “မင်းဘာမှ မဖြစ်ဘူးဆိုတာ ငါတို့သိနေတယ်”

“အစ်ကို ၂ပြန်လာတော့ မင်းပြန်ရောက်နေပြီဆိုတာ ပြောတယ်၊ အဲတုန်းက သူ့ကို မယုံကြဘူး၊ တကယ် ဖြစ်မယ်လို့ ဘယ်သူထင်မှာလဲ” လုယန်သည် ပျော်ရွှင်စွာ ပြောလေသည်။

ရှီမာယူယူသည် ပြုံးပြီး အိမ်ထဲဝင်သည်နှင့် လုယွမ်သည် တံခါးပိတ်ကာ သူမနောက်မှ လိုက်ခဲ့သည်။

သူမ ဝင်သွားသည်နှင့် စိုပြေခြင်းမရှိသော သူတို့အိမ်အားကြည့်ကာ ပြောလေသည် “ငါက ကံကောင်းလို့ အသက်ရှည်တာ လွယ်လွယ်နဲ့ မသေဘူး၊ အဲလူတွေလာပြီး ပြဿနာရှာသေးလား”

“မလာဘူး၊ မင်း သူတို့ကို ပညာပေးပြီးနောက်ပိုင်း ဘယ်သူမှ မလာကြဘူး” လုယွမ် ပြောလိုက်သည် “ အခုမင်းပြောမှပဲ ငါတို့ မင်းကို ကျေးဇူးတင်ပါတယ်”

“အင်း ငါ လီမူသေသွားပြီဆိုတာ မင်းတို့ကို ပြောဖို့လာတာ၊ လုမင်ရဲ့ အဂ္ဂိရတ်ပညာရှင် ဘဝတော့ နောက်ဆိုရင် ပြဿနာမရှိတော့ဘူး၊ ငါ ပြန်လာတော့ သူ့ကို ဂရုစိုက်ပေးဖို့ အဂ္ဂိရတ်ပညာရှင်အသင်း ကိုသွားပြီး ပြောခဲ့တယ်၊ သူ့အရည်အချင်းက မဆိုးဘူး၊ နောက်ဆိုရင် သူ့အနာဂတ်က ပွင့်သွားပါပြီ”

“ကျေးဇူးပဲ ယူယူ” လုဖေသည် ရှီမာယူယူအား ကျေးဇူးတင်စွာ ပြောလေသည်။

“ယူယူ သွားတော့မလို့လား” လုယန် ပြောလိုက်သည်။

“ဟုတ်တယ် ငါတို့ မနက်ဖြန်ကို သွားတော့မှာ” ရှီမာယူယူ ပြောလိုက်သည်။

“ငါတို့ ကံမကုန်ရင် ပြန်ဆုံမှာပါ” ရှီမာယူယူသည် ပြုံးပြီး ပြောလိုက်သည် “အပြင်လောကက ရှုပ်တယ်၊ မင်းတို့ သန်မာလာရင် အပြင်ထွက်ပြီး ကြည့်ကြပေါ့ ဟုတ်သားပဲ မင်းတို့အခွင့်အရေးရရင် အထက် လောကကို သွားပြီး ကြည့်ကြပေါ့၊ ဘယ်သူသိမလဲ ငါတို့အဲမှာတွေ့နိုင်တယ်”

“နောက်ကို မင်း အထက်လောကကို သွားမှာ ဟုတ်တယ်မလား” လုယန် မေးလိုက်သည်။

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည် စောမလား နောက်ကျမလားတော့ မသိပေ၊ သွားတော့ သွားမည်။ သူမ လုပ်စရာ အများကြီးရှိသေးသည်။

All Chapters