← Chapters

အပိုင်း (၃၄၀) – ဝူလင်းယူထွက်သွားခြင်းနှင့် အထက်မှ တစ်စုံတစ်ယောက် ရောက်လာခြင်း

Vol. 004 Ch. 340

အပိုင်း (၃၄၀) – ဝူလင်းယူထွက်သွားခြင်းနှင့် အထက်မှ တစ်စုံတစ်ယောက် ရောက်လာခြင်း

Vol. 004 Ch. 340

တစ်နာရီအကြာတွင် ရှီမာယူယူသည် လုအိမ်တော်မှ ထွက်လာသည်။ သူမ ထွက်လာသည်နှင့် ဝူလင်းယူသည် သူမအား လမ်းတွင် ရပ်ပြီးစောင့်နေသည်ကို တွေ့လိုက်ရသည်။

“စီနီယာအစ်ကို ဒီမှာဘာလုပ်နေတာလဲ”

ဝူလင်းယူသည် နံရံအားမှီကာ သူမ လျှောက်လာသည်ကို ကြည့်ပြီး ပြောလိုက်သည် “မင်းကို စောင့်နေ တာ”

“ကျွန်တော့်ကို စောင့်နေတာဟုတ်လား ဘာဖြစ်လို့လဲ” ရှီမာယူယူ မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး ငါနဲ့ လမ်းအတူလျှောက်မလား” ပြောပြီးနောက်တွင် သူမ အဖြေအား မစောင့်တော့ ပဲ သူမအား ကောင်းကင်ပေါ်သို့ မတင်လိုက်ပြီး ပျံသွားလိုက်သည်။ သူသည် သူတော်စင်မြို့တော် အပေါ်တွင် ပျံသန်းကာ တောင်ထိပ်သို့ရောက်လေသည်။

သူတို့နှစ်ယောက်သည် ကြီးမားသော ကျောက်တုံးဆီသို့ လာကာ ထိုင်လိုက်သည်။ ထို့နောက်တွင် ဝူလင်းယူသည် ရှီမာယူယူအား ကြည့်ကာ ပြောလိုက်သည် “ပညာရှိစံအိမ်တော်က အဘိုးကြီးကတော့ ငါ့ကို ပြန်လာဖို့ ထပ်ပြီး ပြောနေပြန်ပြီ”

“စီနီယာအစ်ကို ပြန်သွားရမှာလား” ရှီမာယူယူသည် သူ့အား အနည်းငယ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူ ပြန်လာတာ မကြာသေးဘူးမလား။ ဘာလို့ ထပ်သွားရမှာလဲ။

“ဟုတ်တယ်၊ ဒီတစ်ခေါက် ငါဆင်းလာတဲ့ အဓိကအကြောင်းက သမုဒ္ဒရာကို သွားကြည့်ဖို့ပဲ၊ ဒါပေမဲ့ ငါသေချာတောင် မစစ်ဆေးရသေးဘူး င့ါကို ချက်ချင်းပြန်လာဖို့ ပညာရှိစံအိမ်တော်က အမိန့်ရခဲ့တယ်၊ တစ်ခုခု အရေးကြီးတာ ဖြစ်လို့နေမှာပေါ့” ဝူလင်းယူ ရှင်းပြသည် “ဒါပေမဲ့ ငါ မသွားခင် မင်းကို တွေ့သွားချင်လို့ သွားဖို့ကို နှစ်ရက်နောက်ဆုတ်လိုက်တာ၊ အခု မင်း ကိစ္စတွေရှင်းပြီးပြီဆိုတော့ ငါသွားတော့မယ်”

“ဟုတ်လား” ရှီမာယူယူသည် ခေါင်းငုံ့နေကာ ညင်သာစွာ ပြန်ဖြေလေသည်။ “ဒါဆို ဘယ်တော့ သွားမှာ လဲ”

“အခု ချက်ချင်းပဲ” ဝူလင်းယူ ပြောလိုက်သည် “အရေးတကြီးခေါ်တာ နှစ်ကြိမ် သုံးကြိမ်ရှိနေပြီ”

“ခရီးလမ်း ဖြောင့်ဖြူးပါစေ” ရှီမာယူယူ ဘာပြောရမည်ကို မသိသဖြင့် တွေ့ကရာကို ပြောလိုက်သည်။

“မင်း ငါ့ကို တခြားပြောစရာမရှိဘူးလား” ဝူလင်းယူသည် ရှီမာယူယူအား မကျေနပ်စွာ ကြည့်လေသည်။

ရှီမာယူယူ ခေါင်းမော့ကာ ပြောလိုက်သည် “ခင်ဗျားရဲ့ လိပ်ပြာအားအတွက် လိပ်ပြာအရည်ကို ယူသွားပါ၊ ဟုတ်တယ် အဲဒါ ယူသွားဦး”

ရှီမာယူယူသည် လိပ်ပြာအရည်ထုတ်ကာ ဝူလင်းယူအား ပေးရင်း ပြောလေသည် “ဒါဘယ်လောက် ထိ သုံးလို့ ရမလဲ မသိဘူး၊ ဒါသုံးလို့ ကုန်ရင် ကျွန်တော့်ကို လာရှာဖို့ မမေ့ပါနဲ့၊ ပြီးတော့ ဒီရွှေမြွေအသီးကို ယူသွားဦး၊ ဒါလည်း လိပ်ပြာအတွက် ကောင်းတယ် အသုံးဝင်တယ်”

ဝူလင်းယူသည် သူမ တတွတ်တွတ် ပြောသည်ကို မြင်သောအခါ ပြုံးလိုက်သည် “ကောင်းတာပေါ့ ဂျူနီယာ ညီလေး”

ရှီမာယူယူသည် မျက်ဖြူလှန်ကာ ပြောလိုက်သည် “အဲဒါတွေကို သေချာသိမ်းထား၊ ပျောက်သွားရင် ကျွန်တော့် ကိစ္စမဟုတ်ဘူးနော်၊ ပြီးတော့ နောက်တစ်ခါ ကျွန်တော်တို့ တွေ့ရင် ဝိညာဉ်အားမနည်းနေစေနဲ့၊ အဲ ပစ္စည်းတွေ အလဟသ ဖြစ်နေတာတွေ့လို့ကတော့ ဘာဖြစ်မလဲဆိုတာ ကျွန်တော် မပြောတတ်ဘူးနော်”

“ဂျူနီယာညီလေးရဲ့ ညွှန်ကြားချက်ကို နာခံပါ့မယ်” ဝူလင်းယူ ပြောလိုက်သည်။

“ကောင်းတယ်”

“ပြီးခဲ့တဲ့တစ်ခေါက် ငါပြန်လာတုန်းက လောကအသေး ဝမ်ဟိုင်က ဖွင့်ပြီလို့ကြားတယ်၊ အဘိုးကြီးက မင်းကို အဲဒီကိုခေါ်သွားပြီး ဝင်ခိုင်းမယ်ထင်တယ်၊ အဲဒီလောကအသေးကိုသွားဖို့ တိုင်းပြည်အများကြီး ဖြတ်ရ မယ်၊ မင်း ဂရုစိုက်ဖို့လိုမယ်” ဝူလင်းယူ ပြောလိုက်သည်။

“အံ့ဖွယ်အဆင့်အထက် သတ္တဝါမပေါ်လာသ၍တော့ စိတ်ချလို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

သူမတွင် ဟာစွန်ရှိလာပြီဖြစ်၍ ပုံမှန် အံ့ဖွယ်အဆင့် သားရဲနှင့်တွေ့ပါက သေချာပေါက် နိုင်နိုင်သည်။

ဝူလင်းယူသည် ရှီမာယူယူ၏ ယုံကြည်ချက်ရှိသော အပြုံးကို မြင်သောအခါ ပြောလိုက်သည် “မင်း အချိန်ပြည့် ကျင့်ကြံပြီး အထက်ကို မြန်မြန်တက်ရမယ်”

“အဲလိုလုပ်မှာပါ” ရှီ်မာယူယူ ပြောလိုက်သည်။

ဝူလင်းယူသည် သူမအား ဖက်ချင်သော်လည်း သူမ ကြောက်လန့်သွားမည် စိုးသည်။ သူသည် သူမ ခေါင်းကို ပုတ်ကာ ပြောလိုက်သည် “ဒါဆို ငါသွားပြီ”

ထို့နောက်တွင် ဝူလင်းယူသည် လက်နှစ်ဖက်ဖြင့် ချိပ် ပုံဖော်လိုက်ရာ သူ့နောက်တွင် အပေါက် ဖြစ်ပေါ် သွားသည်။ သူသည် ရှီမာယူယူအား တစ်ချက်လှည့်ကြည့်ပြီးနောက် ဝင်သွားလေသည်။

ရှီမာယူယူသည် ဝူလင်းယူဝင်သွားသည်ကို စောင့်ကြည့်ပြီး အဝင်ပေါက် ပိတ်သွားသည်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည် “ငါ ဘယ်တော့မှ သူ့လို အဝင်ပေါက်လုပ်နိုင်မှာလဲ၊ ဟူး အား..အား..၊ ဒီတစ်ခါ လောက အသေးသွားရင်တော့ အားတွေ တိုးလာဖို့ တကယ်မျှော်လင့်တယ်၊ မဟုတ်ရင် ဆရာနဲ့ တခြားသူတွေရှိတဲ့ အဲနေရာကို ဘယ်တော့မှ ရောက်မလဲမသိဘူး”

သူမသည် ငှက်လေးအား ဆင့်ခေါ်ကာ သူတော်စင်မြို့တော်ကို ဦးတည်လာခဲ့သည်။ နောက်တစ်နေ့ တွင် ဘေဂုံထန်ှနှင့် တခြားသူများ ပြန်လာသည်။ အံ့သြစွာပင် ဝူရန်ဖေ လည်းရှိနေသည်။

“ဝူရန် မင်း မပြန်လည်းဖြစ်လား” ရှီမာယူယူ ပြောလိုက်သည်။

ဝေကျိရွှီသည် ပြုံးပြီးပြောလိုက်သည် “တောင်နေကြတ်တိုင်းပြည်ရဲ့ ဘုရင်နဲ့ တခြားသူတွေက အစတုန်း က သူ့ကို သူတို့နဲ့ ပြန်လိုက်စေချင်နေတာ၊ ဒါပေမဲ့ မင်းကို မရှာရရင် စိတ်ပူပြီး မပြန်ချင်ဘူးဆိုလို့လေ၊ ဘုရင်နဲ့ တခြားသူတွေလည်း မတတ်သာပဲ အရင်ပြန်သွားနှင့်တာပဲ”

ရှီမာယူယူသည် ဝူရန်ဖေအား ကျေးဇူးတင်စွာ ကြည့်ပြီးနောက် ဖက်တီးကျူနှင့် တခြားသူများ ဘက်လှည့်ကာ ပြောလိုက်သည် “ကျေးဇူးပဲ သူငယ်ချင်းတို့”

“ယူယူ နင် တစ်ချိန်လုံး ဘယ်တွေရောက်နေတာလဲ” ဘေဂုံထန် မေးလိုက်သည်။

“ငါ နဂါးတန်ပြန်တောင်အောက်မှာ….”

ရှီမာယူယူသည် ကြုံလာခဲ့သမျှကို ပြန်ပြောသော်လည်း သူမ ခန္ဓာကိုယ်သည် အခြေအနေဆိုးနေသည့် အချက်ကိုတော့ ချန်ထားမြဲပင်။

ထိုအချိန်တွင် ရှီမာယူယန် လျှောက်လာကာ ပြောလိုက်သည် “ယူယူ ဘေဂုံနဲ့ တခြားသူတွေ ရောက် လာပြီဆိုတော့ ငါတို့ သွားဖို့ ပြင်ရတော့မယ်”

“ကောင်းပြီ”

ထိုနေရာတွင် နေသော လူများမှ လွဲ၍ အားလုံးသည် အတူထွက်ခွာကြသည်။ လူငယ်များသည် ရှီမာယူယူ နောက်လိုက်ကာ ငှက်လေးပေါ်တွင်ထိုင်ကာ တခြားသူများသည် ကိုယ်ပိုင် သားရဲပျံများ စီးကြသည်။

နေ့တစ်ဝက် ကျော်အကြာတွင် သူတို့သည် နဂါးတန်ပြန်တောင်သို့ ရောက်လေသည်။

“သားရဲတစ်သောင်းတောင်ကတော့ အခု အများကြီး တည်ငြိမ်သွားပြီ၊ ငါတို့ နဂါးတန်ပြန်တောင်မှာ မနား တော့ဘူး၊ ဆက်သွားမယ်” ရှီမာလင်း ပြောလိုက်သည်။

“ကောင်းပါပြီ”

ငှက်လေးသည် အားလုံးအား တင်ကာ နဂါးတန်ပြန်တောင်နှင့် ဝေးရာသို့ ပျံသန်းသွားလေသည်။ ရုတ်တရက် ဆိုသလိုပင် ရှီမာယူယူ၏ အတွင်းပိုင်း အမှောင်ရွှီသည် စတင်လှုပ်ရှားလာကာ အတွင်းတွင် လှိုင်း များသဖွယ် လှုပ်ခတ်နေရာမှ နောက်ဆုံးမှပင် ငြိမ်သွားတော့သည်။

ရှီမာယူယူသည် ခေါင်းငုံ့လိုက်ရာ နဂါးတန်ပြန်တောင်ဘေး ကန်ကို မြင်လိုက်သည်နှင့် ထိုနေရာတွင် ထိုသတ္တဝါ ချိပ်ပိတ်ခံထားရသည်ကို အမှတ်ရလိုက်သည်။

ဘာကြောင့်လဲတော့ သူမ မသိပါ၊ တစ်ရက်တော့ သူ့အား တွေ့ရန် ထိုနေရာသို့ လာဦးမည်ဟု တွေးမိ သည်…

သားရဲတစ်သောင်းတောင်မှ ထွက်လာသည်နှင့် သူတို့သည် မရပ်မနားပဲ ဖြတ်လမ်း တည်ဆောက်မှုကို ဖြတ်ကာ ခရီးဆက်လာကြသည်။ ဖြတ်လမ်းတည်ဆောက်မှု နှစ်ခုဖြတ်ပြီးနောက် အန်ယန်း မြို့တော်ကို ရောက်လေသည်။

ဝူရန်ဖေသည် သွားမည်ဟု ပြောသော်လည်း လောကအသေး ကိစ္စရှိသေးသောကြောင့် ရှီမာယူယူ သူ့အား သူတို့နောက်ကို လိုက်ခိုင်းခဲ့သည်။ သို့သော် လောကအသေးအကြောင်းကို ဘာမှ မပြောခဲ့ပေ။

သို့သော် ဝူရန်ဖေသည် သူမအား ယုံသည့်အတွက် သူမ ပြောသည့်အတိုင်း လိုက်လာခဲ့သည်။

အလယ်ပိုင်းဝူတိုင်းပြည်၏ ဘုရင်သည် တောင်နေကြတ်တိုင်းပြည်၏ မင်းသားရောက်နေသည် ဆို၍ အကြောင်းအရင်းကို မေးရန် လူလွှတ်ကာ တွေ့ဆုံလေသည်။

တစ်လအကြာမှပင် ရှီမာယူယူသည် အဘိုးနတ်ဆိုးဆီမှ သတင်းကြားရလေသည်။ သို့သော် သူ၏ အံ့ဖွယ် နတ်ဆိုးတောင်ကြားတွင် ပြဿနာအနည်းငယ်ရှိသဖြင့် သူကိုယ်တိုင် မလာပဲ သူ့ကိုယ်စား လူလွှတ်လိုက် လေသည်။

“တောင်ကြားသခင်လေးကို နှုတ်ဆက်ပါတယ်” အဘိုးနတ်ဆိုး ကိုယ်စားလွှတ်လိုက်သော လူသည် ရှီမာယူယူအား နှုတ်ဆက်လေသည်။

ရှီမာယူယူသည် သူမရှေ့ရှိ ရိုးရှင်းစွာ ဝတ်စားထားသော လူငယ်အားကြည့်ကာ မေးလိုက်သည် “မင်းက…”

“ကျွန်တော်က အံ့ဖွယ်နတ်ဆိုးတောင်ကြားရဲ့ အပြင်တပည့် ဖန်ဒုံပါ၊ ဒုတိယတောင်ကြား သခင်က  တောင်ကြားသခင်လေးကို ရှာဖို့ ခိုင်းလိုက်လို့ပါ” ဖန်ဒုံပြောလိုက်သည်။

“ဆရာ ဘာလို့မလာတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ဒုတိယ တောင်ကြားသခင်က ကိစ္စလေးတွေ ရှိလို့ပါ အဲဒါကြောင့် တောင်ကြားသခင်လေးကို ပစ္စည်း လေးတွေ ပို့ခိုင်းလိုက်လို့ပါ” ဖန်ဒုံသည် ရှင်းပြရင်း သေတ္တာတစ်လုံးထုတ်ကာ ရှီမာယူယူကို ပေးလိုက် သည်။

ရှီမာယူယူ ဖွင့်လိုက်ရာ အထဲတွင် ကျောက်တုံးတစ်တုံးကို မြင်လိုက်ရသည်။ သံလိုက်အိမ်မြှောင် တစ်ခုလည်း ရှိ နေသည်။

သူမသည် အသံကျောက်တုံးထုတ်ကာ ဝိညာဉ်ချီထည့်လိုက်ရာ အဘိုးနတ်ဆိုး၏ အသံထွက်လာသည်။

“ယူယူ ငါ ရှင်းစရာလေးတွေရှိလို့ မင်းကို ငါကိုယ်တိုင် မတွေ့နိုင်ဘူး၊ ဒီအိမ်မြှောင်က လောကအသေး ဝမ်ဟိုင်းကို ဝင်ဖို့အတွက် သော့ချက်ပဲ၊ ယိလင်းတိုင်းပြည်ရဲ့ နေရာက အခိုင်ဆုံးဖြစ်လို့ ဖွင့်ဖို့တော့ ခက်မယ်၊ ပြောရမယ်ဆိုရင် မင်း တစ်ယောက်တည်း အိမ်မြှောင်ကို သုံးလို့ရမယ်၊ တခြားသူတွေကို မင်းနဲ့ ခေါ်သွားလို့မရဘူး၊ ဟူး… အပြင်ဘက်မှာ ကိစ္စပေါ်လာပြန်ပြီ၊ ငါ မင်းနဲ့ ထက်ပြောလို့မရတော့ဘူး၊ လောက အသေးကို ကိုယ့်ဘာသာသွားပါ ပြီးတော့ ဂရုစိုက်ပါ”

ပြောပြီးနောက်တွင် အသံကျောက်တုံးသည် တိတ်ဆိတ်သွားခဲ့သည်။

“ဟူး ဒီဆရာမှာတော့ တကယ်ပဲ တခြားကိစ္စဖြစ်နေတာပဲ၊ ပြောတဲ့ဟာလည်း တိတိကျကျလည်း ရှင်းပြ မထားဘူး” ရှီမာယူယူ စောဒက တက်လိုက်သည်။

All Chapters