← Chapters

အပိုင်း (၃၄၂) – လူစုခွဲပြီး လှုပ်ရှားခြင်း

Vol. 004 Ch. 342

အပိုင်း (၃၄၂) – လူစုခွဲပြီး လှုပ်ရှားခြင်း

Vol. 004 Ch. 342

လမ်းကြောင်း တည်ငြိမ်သွားသည်နှင့် အိမ်မြှောင်သည် ဖန်ဒုံ၏ လက်အတွင်းသို့ ကျသွားလေသည်။ သူ လှည့်ကာ ရှီမာယူယူအား အိမ်မြှောင်ပေးကာ ပြောလိုက်သည် “တောင်ကြားသခင်လေး၊ လမ်းကတော့ ပွင့်သွားပြီ”

ရှီမာယူယူသည် အိမ်မြှောင်ကိုယူပြီး ဖန်ဒုံအား ခေါင်းညိတ်ပြကာ လမ်းအတိုင်း ပျံသွားတော့သည်။ လမ်းကြောင်းသည် မတည်မငြိမ်ဖြစ်ကာ သူမ ဖြတ်သွားရင်းနှင့် ပြိုကျနိုင်ကြောင်း ဖန်ဒုံ ပြောလိုက်သည်။

ရှီမာယူယူသည် နေရာမှထွက်လာပြီး မကြာခင်တွင် ရေထဲသို့ ကျလေသည်။

“ဖူး..”

ရှီမာယူယူသည် ရေမှ တက်လာကာ ပါးစပ်ထဲသို့ ဝင်လာသော ရေများကို ထွေးထုတ်လိုက်သည်။ သူမ မျက်နှာသုတ်ရင်းနှင့် အကြောက်တရားများရှိခဲ့သည်ကို တွေးနေမိသည် “ဒီလမ်းကြားက ဒီလောက်ရှည်မယ်လို့ ထင်မထားဘူး၊ မြန်မြန် ထွက်လာခဲ့လို့ တော်သေးတာပေါ့ မဟုတ်ရင် ငါတော့ ပိတ်မိနေတာကြာပြီ” သူမသည် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာ သူမသည် ရေကန်ငယ်ဘေးရောက်နေသည်ကို သိလိုက်ရပြီးနောက် ကမ်းစပ်သို့ ရေကူးသွားလိုက်သည်။ သူမသည် ကမ်းစပ်ရောက်သည်နှင့် ဘယ်သူမှ မရှိသည်ကို စစ်ဆေးပြီး နောက် ဝိညာဉ်စေတီအတွင်း ဝင်သွားလိုက်သည်။

ရှီမာယူယူအား ဝိညာဉ်စေတီအတွင်းတွင် စောင့်နေကြသော သူများသည် သူမ ရေစို၍ ဝင်လာသည်ကို တွေ့သည်နှင့် အံ့သြသွားကြလေသည်။ သူမ အပြင်မှာ တစ်ယောက်ယောက်နဲ့ များ တိုက်ခိုက် လာတာလား။

“ယူယူ ဘာလို့စိုလာတာလဲ” ရှီမာယူလန်သည် ပြုံးစိစိဖြစ်နေသည်ကို လက်ဖြင့် ကွယ်ကာ မေးလိုက် သည်။

“ငါ လောကအသေးကို ဝင်တာနဲ့ ရေထဲကျသွားတာ” ရှီမာယူယူ ပြောလိုက်သည် “ငါ အဝတ်တွေ သွားလဲ လိုက်ဦးမယ်၊ ပြီးတာနဲ့ မင်းတို့ကို အပြင်ခေါ်သွားမယ်”

သူမသည် အဝတ်များ လျင်မြန်စွာပင် လဲကာ အဖွဲ့ကို ဝိညာဉ်စေတီအပြင်သို့ ခေါ်သွားလေသည်။ ဒီတစ်ခေါက်လိုက်လာသူများမှာ ဝေကျိရွှီနှင့် ကျန်သောသူများ၊ သူမ အစ်ကိုလေးယောက်နှင့် ရှီမာယူလင်း အပါအဝင် ကျန်လေးယောက်တို့ ဖြစ်ကြသည်။

“ဒါက လောကအသေးလား၊ အပြင်နဲ့ အတူတူပါပဲ” ရှီမာယူယန်သည် လှည့်ပတ်ကြည့်ပြီး ထူးခြားမှု မရှိသည်ကို သတိထားမိကာ ပြောလိုက်သည်။

“ရောင်ဝါကတော့ ပိုသန်မာတယ်” ရှီမာယူလင်း ပြောလိုက်သည်။

“ပြီးတော့ ဒီမှာ အသီးအရွက်တွေလည်း ပိုပေါတယ်” ရှီမာယူလန် ပြောလိုက်သည် “အဲဒါ ရတနာတွေ ဆိုတာ ခံစားလို့ရတယ်၊ အဲဒီမှာ များလောက်တယ်”

“မမ ကျွန်တော်လည်း ခံစားလို့ရတယ်၊ ဒီမှာ တန်ဖိုးကြီးရတနာတွေ အများကြီးပဲ” တုလေး ပြောလိုက် သည်။

“ဒီလို လောကအသေးတွေက ရှီမာမိသားစုရဲ့ ဘိုးဘွားပိုင်နယ်မြေနဲ့ ခပ်ဆင်ဆင်ပဲ၊ ဒီဟာတွေက အပြင် ပိုင်း နေရာတွေ ဒါပေမဲ့ နယ်မြေကတော့ အကန့်အသတ်နဲ့လေ၊ ဒီလိုမြေတွေက ဘက်စုံသုံးနိုင်ပြီး အချိန်နဲ့ တစ်ပြေးညီ လှုပ်ရှားနေတယ်လို့ ကြားဖူးတယ်၊ ဒါပေမဲ့ ငါတို့စွမ်းအားတွေ ပိုသန်မာလာဖို့ ဒီမှာ ရတနာတွေ ရှာဖို့ အချိန် ၁နှစ်ရတယ်” ရှီမာယူယူ ပြောလိုက်သည်။

“၁နှစ်တည်းလား ၁နှစ်ပြီးလို့ ထွက်မသွားနိုင်ရင် ဘာဖြစ်မှာလဲ” ရှီမာယူယန် မေးလိုက်သည်။

“ငါတို့ ဒီမှာ တစ်သက်လုံး ပိတ်မိသွားမယ်” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ ဒီကမ္ဘာက ဘယ်တော့ ပြန်ပွင့်မလဲဆိုတာ ငါတို့ မသိဘူး၊ ဒီကို ဘယ်သူမှ မလာတော့တာလဲ ဖြစ်နိုင်တယ်၊ ဒီနေရာမှာ လှည့်ပတ်နေချင်တယ်ဆိုရင်တော့ မဖြစ်နိုင်စရာ မရှိဘူး”

ရှီမာယူယန် တွန့်သွားကာ ပြောလိုက်သည် “ထားလိုက်တော့ ငါ အပြင်မှာပဲ နေချင်တယ်”

“ငါတို့ ဒီကနေ သိပ်မမြင်ရဘူး၊ ဦးတည်ရာပြောင်းရအောင် တခြားကောင်းတာများ ရှာတွေ့မလားလို့ ကြည့် တာပေါ့” ရှီမာယူရန် ပြောလိုက်သည်။

“ကောင်းပြီ ယူလန်က ရတနာတွေရှိမယ့်ဘက်ကို အာရုံခံ” ရှီမာယူယန်သည် သဘောတူစွာ ပြောလိုက် သည်။ ရှီမာယူလန်သည် မျက်စိမှိတ်ကာ ခံစားကြည့်ပြီး ပြောလိုက်သည် “အဲနေရာလားတော့ မသေချာဘူး၊ ဒါပေမဲ့ အဲမှာ သန်မာတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အဲနေရာမှာ ပိုကောင်းတာတွေ ရှာတွေ့မယ်လို့ထင်တယ်”

“ဒါဆို အဲနေရာသွားကြည့်ရအောင်” ရှီမာယူယူသည် ငှက်လေးအား ခေါ်ထုတ်လိုက်သည်။

“ဒီဘက်မှာ တစ်ခုခုရှိသေးတယ်” ရှီမာယူလန်သည် တခြားတစ်ဖက်အား ညွှန်ပြပြီး ပြောလေသည်။

“ဒီမှာ တန်ဖိုးကြီးရတနာတွေ နေရာအနှံ့မှာ ရှိတဲ့ပုံပဲ” ရှီမာယူလီ ပြောလိုက်သည်။

“ငါတို့်မှာ လူတွေများတော့ လူစုခွဲပြီး လှုပ်ရှားကြတာပေါ့” ရှီမာယူရှင်း အကြံပေးသည်။

“အဲဒါလည်း ကောင်းတယ်” ရှီမာယူလင်း သဘောတူလိုက်သည်။

သူတို့သည် အားလုံးပေါင်း ၁၄ယောက်ဖြစ်ကာ နှစ်ဖွဲ့ခွဲပြီး ရှာဖွေကြသည်။

“ဟုတ်သားပဲ ငါတို့က သန်မာတော့ သန်မာကြတယ်၊ ငါတို့ တခြား သူတွေနဲ့တွေ့ရင်တောင် မရှုံးနိုင်ပါ ဘူး” ရှီမာယူယန် ပြောလိုက်သည် “ငါတို့ခွဲသွားရင် ရတနာတွေ ပိုတွေ့နိုင်တယ်”

ရှီမာယူလန်သည် အနည်းငယ် တွေဝေသွားသည် “ဒါပေမဲ့ ငါတို့မှာ အချိန် ၁နှစ်ပဲရတယ်၊ ငါတို့် ပြန် မတွေ့ရင် ဒီမှာပဲ ကျန်ခဲ့ရတော့မှာလား”

“ငါ့မှာ အစီအစဉ်ရှိတယ်” ရှီမာယူယူသည် ကျောက်စိမ်းတုံး နှစ်တုံးထုတ်ကာ ပြောလိုက်သည် “ငါ ဒီကျောက်တုံးနှစ်ခုကို စီနီယာအစ်ကိုဆီက ရထားတာ၊ ဒီအထဲကို သွေးစက်ချလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက် ဘယ်ရောက်နေလဲဆိုတာ ပြောလို့ရတယ်၊ အချိန်ကျရင် တစ်ယောက်နဲ့ တစ်ယောက်ရှာဖို့ ဒါ သုံးကြမယ်”

“ဒါ အလုပ်ဖြစ်လား” ရှီမာယူလီ မေးလိုက်သည်။

“သုံးကြည့်မှ သိမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် သွေးတစ်စက်ချကြည့်ပြီး ရှီမာယူလင်း၏ သွေးတစ်စက်ချကြည့်သည်။ သွေးများ သည် ကျောက်စိမ်းတုံးထဲသို့ ဝင်သွားပြီး အနီရောင် အစက်နှစ်စက်သည် မျက်နှာပြင်တွင် ပေါ်လာသည်။

“ယူလင်း အလုပ်ဖြစ်လားဆိုတာကြည့်ရအောင် ဝေးဝေးသွားကြည့်မယ်” ရှီမာယူယူ ပြောလိုက်သည်။

ရှီမာယူလင်း ခေါင်းညိတ်ကာ အဝေးသို့ သွားလိုက်သည်။

“ဘာမှ မဖြစ်ဘူး” အားလုံးသည် ရှီမာယူယူ၏ လက်ထဲမှ ကျောက်စိမ်းတုံးအား ကြည့်ကာ အနီစက်များ သည် ဘာမှမပြသည်ကို သတိထားမိကာ အလုပ် ဖြစ်ပါ့မလားဟု အနည်းငယ် သံသယဝင်မိသည်။

“ဒီမှာ အနီစက်တွေ လှုပ်နေပြီ” ရှီမာယူရှင်းသည် ရုတ်တရပ် ထအော်လေသည်။

အားလုံးကြည့်လိုက်ရာ အနီစက်သည် ဖြေးညင်းစွာ ဦးတည်ဘက်သို့ လှုပ်ရှားနေသည်ကို တွေ့လိုက်ရ သည်။ ရှီမာယူယူသည် မိခင်ကျောက်တုံးအား ထုတ်ကာ ရှီမာယူလင်းအား မည်မျှ ကွာဝေးနေသည်ကို ဆက်သွယ်လိုက်သည်။ သူသည် ၁၀ ကီလိုမီတာ အကျော်အကွာအဝေးတွင် ရောက်နေသည်ဟု ပြန်ဖြေသည်။

“၁၀ ကီလိုမီတာအကျော်က အဲလောက်တော့ မဝေးဘူး၊ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ရှာဖို့ ဖြစ်နိုင် တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဒါဆို လူခွဲပြီး လှုပ်ရှားမယ်လေ” ရှီမာယူရှင်း ပြောလိုက်သည်။

လျင်မြန်စွာပင် ရှီမာယူလင်း ပြန်လာကာ အားလုံးသည် အဖွဲ့နှစ်ခု ခွဲလိုက်ကြသည်။ ရှီမာယူယူတို့ အဖွဲ့ တွင် ဘေဂုံထန်၊ ဝေကျိရွှီ၊ ဝူရန်ဖေ၊ ဖက်တီးကျူ၊ တုလေးနှင့် ရှီမာယူလီတို့ပါဝင်ကာ ရှီမာယူရှင်း၊ ရှီမာယူလန်၊ ရှီမာယူယန်၊ ရှီမာယူမင်၊ ရှီမာယူရွှီနှင့် ရှီမာယူလင်းတို့်သည် တစ်ဖွဲ့ဖြစ်ကြသည်။

“အခု အဖွဲ့ခွဲပြီးပြီဆိုတော့ ကိုယ့်လမ်းကိုယ်သွားကြမယ်” ရှီမာယူယူ ပြောလိုက်သည် “မိခင်ကျောက်တုံး  တွေထပ်ပေးလိုက်မယ်၊ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်လို့ရအောင်လို့၊ လမ်းပျောက်သွားရင် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ကြတာပေါ့”

“ကောင်းပြီ”

လျင်မြန်စွာပင် နှစ်ဖွဲ့လုံးသည် ရှီမာယူလန် ညွှန်ပြသော နေရာများသို့ ခွဲသွားကြသည်။ ရှီမာယူယူ၏ အဖွဲ့သည် ငှက်လေးပေါ်ထိုင်ကာ တောင်များဆီသို့ ပျံသန်းသွားကြသည်။

“ဒီမှာဖြစ်လောက်တယ်” ရှီမာယူယူ ပြောလိုက်သည်။ သူမသည် ငှက်လေး၏ နောက်ကျော်အား ပုတ်လိုက်ရာ ငှက်လေးသည် သူတို့အား မြေပေါ်သို့ ချပေးလိုက်လေသည်။

“ဒီနေရာကို တစ်ယောက်ယောက်လာသွားတယ်” ဝေကျိရွှီ သတိထားမိသည်။ ရှီမာယူယူသည် သူ ကြည့်သည့်နေရာသို့ ကြည့်ရာ ဖြတ်သွားသော ခြေရာများရှိသည်ကို သတိထားမိသည်။ ခြေရာများမှာ လတ်ဆတ် နေသေးသဖြင့် လာသွားသည်မှာ မကြာသေးသည်မှာ ထင်ရှားသည်။

“တောင်တွေမှာ သွားရှာရအောင်” ရှီမာယူယူ ပြောလိုက်သည်။ ငှက်လေးသည် ရှီမာယူယူ ပခုံးပေါ် ဆင်းသက်ကာ တစ်ဖွဲ့လုံးသည် တောင်သို့ ဝင်ကြလေသည်။

သူတို့သည် အချိန်ကြာစွာ တောင်များကို ဖြတ်လျှောက်ပြီးနောက် တုလေးသည် ရှီမာယူယူ၏ အင်္ကျိကို ဆွဲကာ ပြောလေသည် “မမ ဟိုမှာ ရတနာတွေရှိတယ်”

“ငါလည်း အဲဒီရတနတွေကို ခံစားမိတယ်” ဖက်တီးကျူလည်း အံ့သြသွားသည်။

တုလေးသည် ခေါင်းရမ်းကာ ပြောလိုက်သည် “ကျွန်တော် အနံ့မွှေးမွှေးလေးကို ရနေတယ်”

“သွားကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည်။ သူတို့သည် တုလေး ညွှန်ပြသော နေရာအား လိုက်ရာ အမှန်တကယ်ပင် တောင်ခြေတွင် ပွင့်နေသော ပန်းတစ်ပွင့်အားတွေ့လေသည်။

“အစ်ကို ဒီမှာ ပန်း” သူတို့ ဘာမှမပြောရသေးခင်တွင် အသံတစ်သံသည် သူတို့နောက်မှ ထွက်လာခဲ့ သည်။

All Chapters