← Chapters

အပိုင်း (၃၄၃) – မင်းကန်းနေလား

Vol. 004 Ch. 343

အပိုင်း (၃၄၃) – မင်းကန်းနေလား

Vol. 004 Ch. 343

“တကယ်ပန်းပဲ” နောက်အသံတစ်သံ ထွက်ပေါ်လာကာ “အစ်ကို ကျွန်တော်တို့် ကံကောင်းတယ်၊ ဒီကို ရောက်ခါစပဲရှိသေးတယ် ပန်းတွေ့ရပြီ”

ရှီမာယူယူသည် ထိုအသံများကို ကြားလိုက်သောအခါ မျက်နှာပျက်သွားသည်။ သူတို့နှစ်ယောက်သည် သူတို့အား မမြင်ရသကဲ့သို့ ပြုမူနေကြသည်။ သူမ လှည့်ကြည့်ရာ အလွန်ကြီးမားသော ဝိညာဉ်သားရဲပေါ်မှ ဆင်းလာ သော လူငယ်ဆယ်ယောက်ကို မြင်လိုက်ရသည်။ အကြီးဆုံးလူမှာ ၂၀မှ ၃၀ ကြားအရွယ်ဖြစ်ကာ သူ့ နောက်တွင် မိန်းကလေး သုံးယောက် ယောက်ျားလေး ခြောက်ယောက်ရှိသည်။

“အစ်ကို တခြားသူတွေလည်းရှိနေတယ်” ကျောက်စိမ်းရောင် ဝတ်ထားသော မိန်းကလေးသည် ရှီမာယူယူ နှင့် ကျန်သောသူများကို ကြည့်ပြီး ပြောလေသည်။ ထိုယောကျ်ားသည် ခန့်ညားသော်လည်း သူ၏ ကြောက်မက်ဖွယ်အကြည့်သည် သူ့အား အကျည်းတန်စေသည်။

သူသည် ရှီမာယူယူနှင့် ကျန်သောသူများကို ကြည့်ကာ ပြောလိုက်သည် “ဒါက ကျွန်တော်တို့် ရှာတွေ့တဲ့ ပန်းပါ ကျေးဇူးပြုပြီး ကိုယ့်လမ်းကိုယ်သွားပါ”

ရှီမာယူယူ မျက်ခုံးပင့်လိုက်သည်။ သူတို့က ပန်းကို ယူသွားမလို ကြံနေတာလား “မင်းတို့ ကန်းနေလား” ရှီမာယူယူ ဒေါသဖြင့် ပြောလိုက်သည်။

“ဘာကို ဆိုလိုချင်တာလဲ” အနီရောင်ဝတ်ထားသော မိန်းကလေးသည် ဒေါသထွက်လေသည်။

“ငါပြောတဲ့အတိုင်းပဲလေ” ရှီမာယူယူ ပြောလိုက်သည် “ငါတို့် အရင်ရောက်တာ ရှင်းနေတာကို မင်းတို့ အရင်တွေ့တာလို့ ပြောနေလို့လေ၊ ငါတို့က မင်းတို့ရှေ့မှာ ရပ်နေတာကို မင်းတို့က မမြင်တာလေ၊ အဲဒါ ကန်းနေ လို့မဟုတ်ရင် မင်းတို့က ဘာလဲဆိုတာ ငါလည်း မပြောတတ်တော့ဘူး”

“ကန်းနေတာက မင်းလေ” အနီရောင် ဝတ်ထားသော မိန်းကလေးသည် သူမ ကြာပွတ်အား ထုတ်ကာ ရှီမာယူယူနှင့် အဖွဲ့ကို ညွှန်ပြလေသည်။ “မင်း ဘာပြောပြော ငါတို့်ဒီပန်းကို တွေ့တာပဲ ငါတို့် စိတ်ကောင်း ဝင်နေတုန်း မြန်မြန် ထွက်သွားပါ” ထို့နောက်တွင် သူမနောက်မှ လူများသည် သူမဘေးရောက်လာကာ ရှီမာယူယူနှင့် အဖွဲ့ကို စိုက်ကြည့်လေသည်။

“အဲဒါကြောင့် င့ါဆရာနဲ့ ပထမဆုံးတွေ့တော့ ငါ့ကို လုမလားလို့မေးတာကိုး၊ ဒီကလူတွေ အားလုံးက သူခိုးတွေပဲ” ရှီမာယူယူ ပြောလိုက်သည်။

“ခိုးတယ်လို့ ဘာလို့ပြောရတာလဲ၊ ငါတို့ ဒီပန်းကို အရင်တွေ့ခဲ့တာ၊ မင်းတို့ ထွက်သွားရင်သွား မသွားရင် မင်းတို့ကိုရော ပန်းကိုပါ ဖျက်ဆီးပစ်ရမှာပဲ” ကမူးရူးထိုးဖြစ်နေသော ကောင်လေးသည် ကြေညာလိုက်သည်။

ရှီမာယူယူသည် ဘေဂုံထန်အား ကြည့်လိုက်ရာ ဘေဂုံထန်သည် ခေါင်းညိတ်ပြီး လှုပ်ှရားလိုက်သည် နှင့် ပန်းကို အမြစ်မှ ဆွဲနှုတ်လိုက်လေသည်။

ထိုပန်းသည် ပွင့်ချိန်မှစ၍ တစ်တောင်လုံးကို သက်ရောက်မှုရှိစေခဲ့သည်။ ပန်းဖြစ်စေကာမူ ထိုပန်း၏ အကိုင်းသို့မဟုတ် အရွက်များသည် အဂ္ဂိရတ်ပညာအတွက် ဆေးအဖြစ် အသုံးပြု၍ရသည်။ အထူးသဖြင့် ပန်းသည် တွေ့ခဲသော ဆေးဖက်ဝင်ပစ္စည်းဖြစ်ကာ မိုရှားသူတို့အားပေးသော ဆေးတွင် ပါဝင်သည့် ပန်းဖြစ် သည်။

ဘေဂုံထန်သည် အားလုံးကို လျစ်လျူရှုပြီး အမြစ်မှ ဆွဲနှုတ်လိုက်သည်ကို မြင်သည်နှင့် တစ်ဖက် အဖွဲ့သည် ဒေသထွက်ကာ အနီရောင်ဝတ်မိန်းကလေးသည် ရှီမာယူယူဆီသို့ ကြာပွတ်ကို ရမ်းလိုက်သည် “ငါတို့ ပန်းကို ခိုးရဲတယ်၊ သူတို့အားလုံးကို ဖမ်းလိုက်” သူမ အမိန့်အား ကြားသောသူများသည ်ရှီမာယူယူဆီသို့ ပြေးဝင် ကြသည်။ ရှီမာယူယူသည် အကြောက်အလန့်မရှိပဲ ပြေးတိုက်ခိုက်လေသည်။

ဖက်တီးကျူသည် ရှေ့တိုးကာ တစ်ဖက်အဖွဲ့ထဲဝင်ပြီး လှုပ်ရှားလေသည်။ သူသည် ကမူးရှုးထိုး ဖြစ်နေ သော ကောင်လေး၏ မျက်နှာအား ထိုးလိုက်ရာ ကောင်လေးသည် မတိုက်ခိုက်နိုင်တော့ပေ။

“ကောင်းတယ် ဖက်တီးကျူ” ဖက်တီးကျူ၏ အင်အားကို မြင်သောအခါ ရှီမာယူလီ အော်လိုက်သည်။

ရှီမာယူယူနှင့် တခြားသူများသည် သူတို့ လူများကို လျင်မြန်စွာ အနိုင်ရမည်ဟု မထင်ထားကာ ဖက်တီးကျူ၏ သန်မာမှုကို မြင်သောအခါ သူတို့၏ စာချုပ်သားရဲများကို ခေါ်ထုတ်လေသည်။

“စာချုပ်သားရဲလား ငါတို့မှာလည်း ရှိပါတယ်” ရှီမာယူလီသည် သူ၏ သားရဲကို ခေါ်ထုတ်လိုက်ရာ သူမ၏ အံ့ဖွယ်ဝိညာဉ်သားရဲအားတွေ့သည်နှင့် တစ်ဖက်အဖွဲ့သည် အံ့သြသွားလေသည်။ သူတို့ အနိမ့်ဆုံး သားရဲမှာ  အဆင့် ၅ စံတင်ဝိညာဉ်ဖြစ်သည်။ သို့သော် သူတို့်စွမ်းအားနှင့် ယှဉ်လျှင် ဘယ်လိုလုပ် အဲလိုဝိညာဉ်သားရဲနှင့် ယှဉ်နိုင်မှာလဲ။

သူတို့သည် ဝိညာဉ်သားရဲများကို မြင်သည်နှင့် သူတို့နောက်ဆုံးတွင် အသက်ပေးရတော့မည်ကို သိကြသည်။ သူတို့သည် လူနည်းသော်လည်း အလွန်သန်မာကြသည်။ သူတို့သည် ပန်းကို လုယူချင်သော်လည်း ထိုလူများဆီမှ အရိုက်မခံလိုပေ။ ၁၀မိနစ်အကြာတွင် မိန်းကလေး ၂ယောက်သည် ဒဏ်ရာများရ ကာ ယောက်ျား လေး၇ယောက်သည် အရိုက်ခံရ၍ မြေပေါ်တွင် လဲနေကြသည်။

ရှီမာယူယူသည် မြေပေါ်တွင် လူးလိမ့်နေသော သူတို့အဖွဲ့အားကြည့်ကာ ပြောလိုက်သည် “ငါကသာ သူများဆီက ယူမယ်၊ ဘယ်သူမှ ငါ့ဆီက ယူသွားလို့မရဘူး၊ နောက်တစ်ခါ သူများဟာ လုချင်တယ်ဆိုရင် မျက်လုံးနဲ့ သေချာမြင်အော်ကြည့်၊ ငါတို့ကသာ သက်ညှာပေးမှာ တခြားသူတွေဆို သက်ညှာမှာမဟုတ်ဘူး” သူမသည် ကြာပွတ်နှင့် အနီရောင်ဝတ်မိန်းကလေးအား ကြည့်ကာ ပြောလိုက်သည် “နောက်တစ်ခါ ငါ့ကို ကြာပွတ်နဲ့ ထိုးပြမယ်ဆိုရင် ဂရုစိုက်ပါ၊ ငါက လှတာနဲ့ မညှာတတ်ဘူးနော် သွားမယ်” ထို့နောက်တွင် သူတို့သည် စာချုပ်သားရဲများပေါ်တွင် ထိုင်ကာ ထွက်သွားကြလေသည်။

သူတို့ထွက်သွားမှပင် ထိုအဖွဲ့သည် ခက်ခက်ခဲခဲ ထကာ ဆေးထုတ်ပြီး သောက်ရလေသည် “အစ်ကို အဲလူတွေက ဘယ်သူတွေလဲ ဘယ်လိုလုပ် ဝိညာဉ်သားရဲအများကြီး ရှိနေရတာလဲ”

အကြီးဆုံးလူသည် စိတ်အား ချိုးနှိမ်ခံရကာ ပြောလိုက်သည် “သူတို့ထဲကရှိတဲ့ ဝိညာဉ်သားရဲ တစ်ကောင် က စံတင်ဝိညာဉ်နဲ့တောင် ယှဉ်လို့ရတယ်၊ သူတို့က ကမ္ဘာဦးမြေက မဟုတ်ရင်တောင် ကမ္ဘာဦးမြေက မိသားစုကြီး တစ်ခုက ဖြစ်လောက်တယ်”

“သူတို့ဆီမှာ သူတော်စင်ဝိညာဉ်သုံးယောက်၊ နောက်သုံးယောက်က အဆင့်မြင့် ဝိညာဉ်နယ်ရှင်တွေပဲ၊  ကောင်မလေး ငယ်ငယ်လေးကတောင် ဝိညာဉ်ဧကရာဇတ်၊ သူတို့ အရိုးဖွဲ့စည်းပုံကတော့ အသက်မကြီးသေး ပေမယ့် ကျွန်မတို့ထက် သေချာပေါက် အားကောင်းတယ်” ကျောက်စိမ်းရောင်ဝတ် မိန်းကလေး ကပြောလိုက် သည်။

အရိုး၏ အသက်သည် လူတစ်ယောက်၏ အသက်အရွယ်အမှန်ကို ဖော်ပြသည်။ လူတစ်ယောက်၏ အသွင်အပြင်သည် လေ့ကျင့်လျှင် ကျင့်သလိုပြောင်းလဲနိုင်သည်။ လူတစ်ယောက်၏ အရိုးအသက်မှာတော့ အမြဲတမ်း ကြီးထွားနေဆဲဖြစ်သည်။

“ဒါကတော့ ဝမ်းသာစရာကောင်းတဲ့ ရေစက်ပဲ ဒါပေမဲ့ ဒီလိုမျိုး အရိုက်ခံရမယ်လို့ ထင်မထားဘူး”

“သူတို့က အထက်ကလာတာပဲ ဖြစ်ဖြစ်၊ ကမ္ဘာဦးနယ်မြေကလာတာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့တော့ လူမှားပြီး သွားရှုပ်မိပြီ”

“အစ်ကို ကျွန်မတို့ ဘာလုပ်ကြမလဲ” အနီရောင်ဝတ်မိန်းကလေးသည် မေးလိုက်သည်။

“ဘာလုပ်နိုင်မှာလဲ” ထိုလူသည် သူမအား ကြည့်ပြီး ပြောလိုက်သည် “အဲအတိုင်းသာ ဆိုရင် သူတို့ကို ရှောင်ရမှာပေါ့၊ ဒါ ငါတို့်နယ်မြေ မဟုတ်ဘူး၊ သူတို့ငါတို့ကို သတ်ရင် ဒီမှာပဲ သေလိမ့်မယ်၊ ကိုယ့် ဒဏ်ရာ ကိုယ်သာ ကုဦး” သူသည် ခံပြင်းသော်လည်း သူလုပ်နိုင်သည်မှာ ဒါပဲရှိသည်။ သူသည် ကမ္ဘာဦးနယ်မြေ တွင် နာမည်ဆိုးမကျန်ခဲ့ချင်ပေ။

ရှီမာယူယူနှင့် တခြားသူများ ကမ်းပါးမှ ထွက်လာပြီးနောက် တောင်များဆီသို့ ဆက်သွားကြသည်။ သူတို့ နက်နက်သွားလေ ရှီမာယူလန်ပြောသော ရတနာများကို ခံစားမိလေဟု တုလေး ပြောလေသည်။ မမှောင်ခင်တွင် သူတို့သည် နောက်တောင်တစ်ခုတွင် စခန်းချရာ ထိုတောင်တွင် အပင်များမရှိပဲ ကျောက်တုံးများသာ ရှိလေ သည်။ ရှီမာယူယူသည် သူတို့ စခန်းအား ကာကွယ်ရေး အတားအဆီးပြုလုပ်ကာ စားသောက်ကြလေသည်။

“အနံ့မွှေးလိုက်တာ” နောက်တစ်ဖွဲ့သည် သူတို့ရှိရာသို့လာပြီး သူတို့နှင့် နီးကပ်သော နေရာအရောက် တွင် ကျယ်လောင်စွာ ပြောလိုက်လေသည်။

သူတို့ တောင်သို့ဝင်မလာခင်တွင် သူတို့ရှိနေကြောင်းကို ရှီမာယူယူ ခံစားမိသော်လည်း တုန့်ပြန်မှု မပြု ပေ။ ထို့နောက်တွင် သူတို့သည် သူတို့နယ်မြေမဟုတ်သည့်အတွက် ထိုလူများဆီကို အာရုံမခံတော့ပေ။

“အားလုံးက ပျော်နေကြပုံပဲ” မိန်းကလေးတစ်ယောက်သည် သူတို့အား ပြောလေသည်။ ရှီမာယူယူနှင့် တခြားသူများသည် သူမအား အသိအမှတ်ပြုသည့်သဘောနှင့် ခေါင်းညိတ်ပြလိုက်သည်။

“နောက်ကျနေပြီဆိုတော့ ဒီမှာ အတူတူနေလို့ရမလား” မိန်းကလေး မေးလိုက်သည်။

“ဒီနေရာက ကျွန်တော်တို့နေရာလည် း မဟုတ်ပါဘူး နေချင်နေလို့ရပါတယ်” ဝေကျိရွှီ ပြန်ဖြေလိုက် သည်။

သူတို့သည် အနီးအနားတွင် စခန်းချကာ ဖက်တီးတစ်ယောက်သည် သူတို့ဆီသို့ ပြေးလာပြီး ရှီမာယူယူနှင့် ဘေဂုံထန်တို့ အသားကင်နေသည်ကို ဆာလောင်စွာဖြင့် ကြည့်နေလေသည်။ သူသည် ခုနက အသားကင်အနံ့ကို ခံကာ အော်လိုက်သော တစ်ယောက်ပင်ဖြစ်သည်။

အမျိုးသမီးသည် လျှောက်လာကာ ပြောလိက်သည် “ကျွန်မတို့က မှီခိုကင်းတိုင်းပြည်ကပါ ကျွန်မ နာမည် ဂေါင်ဖေးဖေးပါ ရှင်တို့ကရော”

All Chapters