အပိုင်း (၃၄၄) – ငါမင်းကို နှောင့်ယှက်ရလိမ့်မယ်
Vol. 004 Ch. 344
အမှီခိုမင်းတိုင်းပြည်ဟုတ်လား။ သူတို့ ယုံကြည်မှု အပြည့်ရှိသည်ကို ကြည့်ရသည်မှာ အမှီခိုကင်း တိုင်းပြည်သည် ကျော်ကြားသည့်ပုံပင်။
“ကျွန်တော်တို့က ယိလင်းတိုင်းပြည်ကပါ” ဝေကျိရွှီ ပြန်ဖြေလိုက်သည်။
“ယိလင်းတိုင်းပြည်ကလား” ဂေါင်ဖေးဖေးနှင့် အဖွဲ့သည် ဝေကျိရွှီနှင့် တခြားသူများကို ကြည့်ကာ အံ့သြ လေသည်။ “ရှင်တို့က တကယ်ပဲယိလင်းတိုင်းပြည်ကလား”
“ဟုတ်ပါတယ် ဘာဖြစ်လို့ပါလဲ” ရှီမာယူယူသည် သူတို့အံ့သြရခြင်းအကြောင်းအရင်းကို နားမလည် နိုင်ပေ။
“လောအသေးတွေ ပေါ်လာတဲ့အချိန်ကစပြီး ယိလင်းတိုင်းပြည်က ဖြတ်လာတဲ့သူတွေ မမြင်ဖူးဘူး” ဂေါင်ဖေးဖေး ပြုံးကာ ပြောလိုက်သည် “ရှင်တို့က နှစ်တစ်ရာအတွင်းကို လောကအသေးကိုလာဖူးတဲ့ ပထမဆုံးလူတွေဖြစ်လိမ့်မယ်၊ အဲဒါကြောင့် အံ့သြသွားတာပါ အထင်မလွဲပါနဲ့”
ရှီမာယူယူ ခေါင်းညိတ်ပြလိုက်သည်။ အမှန်တကယ်ပင် သူတို့သည် လောကအသေးကို မရောက်ဖူးခဲ့ကြ ပေ။
“နာမည်တွေဘယ်လိုခေါ်လဲရှင့်” ဂေါင်ဖေးဖေး မေးလိုက်သည်။
“ကျွန်တော်က ဝေကျိရွှီပါ” သူ့ကိုယ်သူ မိတ်ဆက်ကာ နောက်တွင် ရှီမာယူယူနှင့် ကျန်သောသူများကို တစ်လှည့်စီ မိတ်ဆက်ပေးလေသည်။ ဂေါင်ဖေးဖေးသည်လည်း သူတို့ကို မိတ်ဆက်ပေးလေသည်။ စားစရာအား သားရည်ကျနေသော ဝဖြိုးသောတစ်ယောက်သည် ဂေါင်လင်းဖြစ်ကာ သူသည် ဂေါင်ဖေးဖေး၏ ချစ်လှစွာသော မောင်လေးဖြစ်သည်။ ဂေါင်ဖေးဖေးသည် ဂေါင်လင်း၏ အပြုအမူကို ကြည့်ကာ သူ့ခေါင်း အား ခေါက်လိုက်သည်။
“ကျွန်တော့်ကို ဘာလို့ရိုက်တာလဲ မမ” ဂေါင်လင်းသည် ခေါင်းအားပွတ်ကာ ဂေါင်ဖေးဖေးအား ကြည့်လေ သည်။
ဂေါင်ဖေးဖေး မျက်မှောင်ကြုတ်ကာ ပြောလေသည် “သားရည်တွေ သုတ်လိုက်ဦး ရှက်စရာကောင်း တယ်”
ဂေါင်လင်းသည် မပျော်ရွှင်သည်ကို ဖုံးဖိကာ ချက်ပြုတ်နေသော သူများကို ပြုံးပြီး ကြည့်ကာ ပြောလေ သည် “ယူယူ ဒါက ဒါက..”
ရှီမာယူယူ သူ့အားကြည့်ပြီး ပြုံးကာ မေးလိုက်သည် “မင်းစားကြည့်ချင်လား”
ဂေါင်လင်းသည် အလွန်အကြူးခေါင်းညိတ်ကာ သူ့မျက်လုံးများသည် အသားကင်မှ ခွာမရတော့ပေ။
ဂေါင်ဖေးဖေးသည် ဂေါင်လင်းအား ဆွဲကာ ပြောလိုက်သည် “ကျွန်မမောင်က အစားကို တကယ်ကြိုက် တာ၊ သူ့ကို စိတ်ထဲမထားပါနဲ့”
“ရပါတယ် ကျွန်တော်တို့အားလုံးလည်း စားရတာကြိုက်ပါတယ်” ဝေကျိရွှီ ပြောလိုက်သည်။
“လုပ်ထားတာလည်း အများကြီးဆိုတော့ လာစားလို့ရပါတယ်၊ ဒါပေမဲ့ ဒီထက်ပိုလိုချင်ရင်တော့ ကိုယ့် ဘာသာ လုပ်စားလို့ရပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
ထိုသည်မှာ ပုံမှန်ဖြစ်သည်။ သူမသည် သူမ အကြိုက်မှာ သာမန်ထက်ပိုသည်ဟု တွေးထင်ခဲ့သည်။ သို့သော် တခြားသူများနှင့် ပြောကြည့်သည့်အခါတွင်လည်း တခြားသူများသည်လည်း စားသောက်ခြင်းကို နှစ် သက်သည်ကို သိခဲ့ရသည်။
“ကောင်းပြီ ကောင်းပြီ မင်း အသားကင်တဲ့နည်းက ထူးခြားတယ်၊ ငါ့ကို သင်ပေးလို့ရမလား” ဂေါင်လင်း သည် ရှီမာယူယူတို့ ပြောသည်ကို ကြားသည်နှင့် ပြေးလာကာ မေးလေသည်။
“ရတာပေါ့” ရှီမာယူယူသည် ခေါင်းညိတ်ကာ ကင်ထားသော အသားများကို အိုးထဲထည့်ရင်း နှင့် ဂေါင်လင်း ဆီလာသည်ကို စောင့်နေလိုက်သည်။ ထို့နောက်သူသည် ဘေဂုံထန် အသားကင်သည်ကို စောင့် ကြည့်လေသည်။ သူမသည် ဟင်းခတ်အမွှေးအကြိုင်များထည့်ခြင်း အသား လှန်ခြင်း များကို ပြသပေးလေသည်။ ထိုချက်ပြုတ်ချင်းမှာ မလွယ်ကူသော်လည်း ဂေါင်လင်းသည် အစားအစာနှင့် ပတ်သတ်လျှင် စိတ်ဝင်စားမှုရှိ သဖြင့် လျင်မြန်စွာ တတ်မြောက်လေသည်။ ဖက်တီးကျူ၏ အရည်အချင်းနှင့်တောင် ယှဉ်၍ရသည်။ သူသည် ချက်ပြုတ်ခြင်းကို တော်တော်များများ သင်ပြီးသည်ကို ရှီမာယူယူ သတိထားမိသည်နှင့် အသားကင်သွားစားကာ တခြားသူများကိုလည်း အသားကင်ထည့် ပေးနေလေသည်။
ဂေါင်ဖေးဖေးသည် အစပိုင်းတွင် တွေဝေနေသော်လည်း အသားကင် တစ်ကိုက်စားပြီးနောက်တွင် သူမ တွေဝေခြင်းများ မရှိတော့ပဲ အားရစွာ စားလေသည်။ သူမ ဦးဆောင်မှုနောက်တွင် ဂေါင်မိသားစုသည်လည်း အသားကင်ကို စားကြလေသည်။
“ဒီလိုအချိန်မှာ ဝိုင်ကောင်းကောင်းလေးတော့ ပါသင့်တယ်” ဖက်တီးကျူသည် ပြောရင်းနှင့် ဝိုင်ပုလင်း ထုတ်ကာ တစ်ယောက်ချင်းစီကို ပေးလိုက်ပြီး သောက်ကြလေသည်။
ဘေဂုံထန်သည် ဘေးတွင် ပျင်းရိစွာ ရပ်ကာ အသားကို အားပါးတရ စားနေသော ရှီမာယူယူအား ကြည့် လိုက်သည်။ ဒီတစ်ယောက် နှေးလာပြီ။
ဂေါင်လန်သည် အားလုံး ပျော်ရွှင်စွာ စားသောက်နေကြသည်ကို တွေ့သည်နှင့် အော်လိုက်သည် “ငါ့ အတွက်လည်း ချန်ဦး၊ ငါ မစားရသေးဘူး”
ဝေကျိရွှီသည် ရယ်မောကာ ဂေါင်လန်အား ပုလင်းပေးကာ ပြောလိုက်သည် “ငါ့ကိုလည်း ထည့်ပေးဦး”
“ကောင်းပြီ” ဂေါင်လန်သည် အသားကင်ကို ဝေကျိရွှီဆီသို့ ပေးလိုက်ပြီး ဝေကျိရွှီ ပေးလိုက်သော ဝိုင်ပုလင်းကို သောက်နေလေသည်။
ဝူရန်ဖေလည်း မတ်တတ်ရပ်ကာ ဘေဂုံထန် အသားကင်နေသည့်နေရာသို့ လာပြီး ပြောလေသည် “သွားနားလိုက်တော့ ငါလုပ်လိုက်မယ်”
“အိုခေ” ဘေဂုံထန်သည် အမှန်တကယ်ပင် အသားမကင်ချင်တော့ သောကြောင့် ဝူရန်ဖေအား လွှဲ ပေးခဲ့ပြီး အဖွဲ့နှင့် သွားပေင်းလိုက်သည်။
“ယူယူ ငါ အသားစွပ်ပြုတ် စားချင်တယ်” ဘေဂုံထန်သည် ရှီမာယူယူ အရင်ဆုံးထွက်သွားသည်ကို မကျေနပ်စွာ ပြောလေသည်။
ရှီမာယူယူသည် ကိုင်ထားသော အသားအားချကာ ဟင်းချက်ပစ္စည်းများ ထုတ်ကာ စွပ်ပြုတ်လုပ်တော့ သည်။ သူတို့သည် အသားကို နောက်ကျမှစားရသည်ဖြစ်ကာ အနည်းငယ် ငြီးငွေ့နေခြင်းမှာ အသားကို ကြိုက်သော လူသုံးယောက်ရှိသောကြောင့် အသားကိုသာ စားနေရသည်ဖြစ်သည်။
ဂေါင်လင်းသည် ရှီမာယူယူတွင် ထိုပစ္စည်းကိရိယာများရှိသည်ကို မြင်သည်နှင့် ပြောလိုက်သည် “ဝိညာဉ် ကိရိယာတွေပဲ၊ အဲဒါတွေသုံးပြီး ချက်ရင် အရသာကပိုကောင်းတယ်၊ အဲဒါကို ဘာလို့စောစော မတွေးမိတာလဲ”
ဂေါင်ဖေးဖေးသည် သူ့အား မယုံကြည်စွာ ကြည့်ကာ ပြောလိုက်သည် “ဒီလို ကိရိယာတွေသုံးတဲ့ အဂ္ဂိရတ် ပညာရှင်ကို မင်းမြင်ဖူးလို့လား”
“ဟုတ်သားပဲ….” ဂေါင်လင်းသည် ခေါင်းကုတ်ကာ ပြောလေသည် “လက်နက်ပညာရှင်တွေကို ငါ အဲလို ပစ္စည်းလိုချင်တယ်လို့ ပြောရင် ရှောင်သွားကြမှာပဲ၊ ယိလင်းတိုင်းပြည်က လက်နက်ပညာရှင်တွေက လုပ်ပြီး ရောင်းရင်တော့ မသိဘူး… ယူယူ မင်းရဲ့ ဝိညာဉ်ပစ္စည်းတွေ ဘယ်ကရတာလဲ”
“ငါတို့ လက်နက်ပညာရှင်က အမြဲတမ်းအတူတူပဲ၊ သူတို့ ဘယ်လိုလုပ် ဒီလိုပစ္စည်းမျိုး လုပ်နိုင်မှာလဲ” ရှီမာယူယူ ပြောလေသည်။
“ဒါဆို အဲဒါတွေ ဘယ်ကရလာတာလဲ” ဂေါင်လင်း မေးလိုက်သည်။
“ဖက်တီးကျူ လုပ်ထားတာ” ရှီမာယူယူ ပြန်ဖြေလေသည် “ဒါကလည်း သူက အစားအသောက်မက်လို့ ဒီလို ပစ္စည်းတွေလုပ်တာကို အရမ်းစိတ်အားထက်သန်တာ”
အားလုံးသည် ရှီမာယူယူ၏ မှတ်ချက်ကို ရယ်မောကာ ပြောလေသည် “ဖက်တီးကျူက ခွဲခြမ်းစိတ်ဖြာ တတ်တဲ့ လက်နက်ပညာရှင်ဖြစ်မယ်ထင်တယ်”
ဖက်တီးကျူသည် အရေးမစိုက်ကာ ဝိုင်သောက်ရင်း ပြောလေသည် “ဒါက သင်ယူတာနဲ့ ဆိုင်တယ် ပြီးတော့ အဲဒါကလည်း ယူယူက ငါ့ကို သင်ပေးတာ”
“ဒါဆို ဖက်တီးကျူ ငါ့အတွက်လည်း လုပ်ပေးဦး” ဂေါင်လင်း ပြောလိုက်သည်
“မစိုးရိမ်ပါနဲ့ ငါ မင်းအတွက် သေချာပေါက်လုပ်ပေးပါမယ်၊ ငါ အလုပ်မများတဲ့အထိတော့ စောင့်ပေး” ဖက်တီးကျူသည် သူ၏ တောင်းဆိုမှုကို မငြင်းဆန်ပေ။ သူတို့သည် ဒီနေရာသို့ အခွင့်အလမ်းများရှာရန် မစ်ရှင် လုပ်ဆောင်ရန်ရောက်လာခြင်းဖြစ်သဖြင့် အချိန်ဖဲ့ပေးရန် မလွယ်ပေ။
“ဖက်တီးကျူ မင်း ပြီးခဲ့တဲ့တစ်ခေါက်က လုပ်ထားတာတွေရော” ဝေကျိရွှီ မေးလိုက်သည်။
“အရင်တစ်ခေါက်ကလား၊ အဲဒါကို ပြောကိုမပြောပါနဲ့တော့” ဖက်တီးကျူ ပြန်ဖြေလိုက်သည်။
သူသည် အလွန် စည်းကမ်းကြပ်သောသူဖြစ်သည်။ ဘယ်လိုလုပ် လက်ခံနိုင်တဲ့ အရည်အသွေးမရှိပဲ ပစ္စည်းတွေကို ပြသမလဲ။
“အဲတော့ မင်းမှာ ပစ္စည်းအများကြီးရှိတယ်ပေါ့” ဂေါင်လင်းသည် ဖက်တီးကျူအား ကြည့်ကာ ပြောလေ သည် “မင်း တီထွင်ထားမှတော့ ငါ့ကို တချို့ရောင်းပေးလေ၊ မင်းမှာ အဲလိုပစ္စည်းတွေလုပ်ဖို့ အချိန်မရှိပေမယ့် ငါတော့ လက်နက်ပညာရှင်ကလုပ်တဲ့ ပစ္စည်းတွေကို လက်လွတ်မခံချင်ဘူး”
ဖက်တီးကျူသည် ဂေါင်လင်း ပြောပြီးနောက်တွင် ပစ္စည်းတချို့ကို ထုတ်လိုက်သည်။ ပစ္စည်းအားလုံးမှာ ချက်ပြုတ်ရန် အသားကြိတ်ရန်ကဲ့သို့ ပစ္စည်းများဖြစ်သည်။ ထိုပစ္စည်းများသည် ရှီမာယူယူအတွက် လုပ်ပေးခြင်း ဖြစ်ကာ အရည်အသွေးမကောင်းသဖြင့် ပိုကောင်းသော ကိရိယာများအသစ် ပြုလုပ်ထားခဲ့သော ပစ္စည်းများဖြစ်သည်။ ထိုကဲ့သို့ ဖြစ်သွားလျှင် ရှီမာယူယူနှင့် တခြားသူများသည် ထိုပစ္စည်းများ အသုံးဝင်သည် ဖြစ်စေ အသုံးမဝင်သည်ဖြစ်စေ သူ့အား စနောက်ခဲ့ကြသည်။ ဂေါင်လင်းသည် ပစ္စည်းအားလုံးကို မြင်သောအခါ အလွန်စိတ်လှုပ်ရှားကာ အားလုံးကို ကိုင်ကြည့်ကာ ချီးမွမ်းရင်း ပါးစပ် အဟောင်းသားဖြစ်လေသည်။
“ဖက်တီးကျူ ငါအကုန်လုံး လိုချင်တယ်၊ ဘယ်လောက်နဲ့ ရောင်းမှာလဲ”
ဖက်တီးကျူသည် ခေါင်းရမ်းကာ ပြောလိုက်သည် “အဲဒါတွေကို ငါမရောင်းဘူး”
သူ ပြောလိုက်သည့်အခါတွင် ဂေါင်လင်းသည် အလွန် စိုးရိမ်သွားလေသည်။ “ဖက်တီးကျူ ဘာလို့ မရောင်းတာလဲ မင်းမရောင်းရင် မင်းမရောင်းမချင်း ငါမင်းကို နှောင့်ယှက်မှာပဲ၊ စားနေနေ၊ သောက်နေနေ၊ အိပ်နေနေ မင်း တစ်ချက်လှုပ်လိုက်တာနဲ့ ငါမင်းကို လိုက်နှောင့်ယှက်နေမှာ”