အပိုင်း (၃၄၅) – အလွန်အံ့သြသွားရခြင်း
Vol. 004 Ch. 345
ဖက်တီးကျူသည် ပြန်သိမ်းလိုက်သည်။ ဂေါင်လင်းသည် အလွန် စိတ်လှုပ်ရှားသွားသည်။ ဘေးတွင် ရှိနေသော ဝေကျိရွှီသည် ပြုံးကာ ပြောလေသည် “ဖက်တီးကျူ ပြောတာက ဒါတွေအားလုံးကို မင်းကို လက်ဆောင်ပေးမယ်လို့ပြောတ၊ မင်း ဝယ်စရာမလိုဘူး”
“တကယ်….တကယ်လား” ပျော်ရွှင်စရာ သတင်းရောက်လာသဖြင့် ဂေါင်လင်းသည် မယုံနိုင်ပေ။
ဖက်တီးကျူ ခေါင်းညိတ်ကာ ပြောလေသည် “ဘလ်လိုပဲဖြစ်ဖြစ် ဒီပစ္စည်းတွေက သိပ်လည်း အဆင် မပြေဘူး မင်း ဒါတွေကို လိုချင်နေတာပဲ၊ ငါယူထားလည်း ဘယ်သူမှ မလိုချင်ဘူး”
“ကျေးဇူးပဲ ဖက်တီးကျူ” ဂေါင်လင်းသည် စိတ်လှုပ်ရှားကာ ဖက်တီးကျူအား ဖက်မိတော့မည့် အတိုင်း ပင်။
ဂေါင်ဖေးဖေးသည် သူ့မောင်၏ အပြုအမူအား ကြည့်ရင်းနှင့် ခေါင်းရမ်းမိလေသည်။ သူမသည် ရှီမာယူယူနှင့် ဘေဂုံထန်တို့ ဘေးတွင် အသေးအဖွဲ့များလုပ်နေသည်ကို မြင်သည်နှင့် လျှောက်သွားကာ မေး လိုက်သည် “ဘာတွေ လုပ်နေကြတာလဲ”
“စွပ်ပြုတ်လုပ်နေတာ၊ မိန်းကလေးတွေအတွက် ကောင်းတယ် ပိုလှသွားမယ်” ရှီမာယူယူသည် ညင်သာ စွာပြောလေသည် “ပြီးရင် သောက်လို့ရတယ်”
ဂေါင်ဖေးဖေးသည် ရှီမာယူယူအား ကြည့်ကာ ပြောလိုက်သည် “ရှင်က အရွယ်ရောက်ပြီးသား ယောကျ်ား တစ်ယောက်ပဲ မိန်းကလေးတွေအတွက် လိုတဲ့ အဟာရကို ဘယ်လိုသိလဲ” ရှီမာယူယူသည် သူမနှင့် ဘေဂုံထန် တို့အတွက် စွပ်ပြုတ်လုပ်နေကာ ဂေါင်ဖေးဖေးသည် ထိုကဲ့သို့ မေးလာချိန်တွင် လက်ချော်သွားလေသည်။ သူမက ဂေါင်ဖေးဖေးနှင့် ယှဉ်လျှင် တေလေဂျပိုးဖြစ်နေတာလား။
“ဘေဂုံထန်ရဲ့ ခန္ဓာကိုယ်က သိပ်မကောင်းဘူး၊ အဲဒါကြောင့် သူမ အတွက်လုပ်ပေးနေတာ” သူမသည် အနည်းငယ် အံ့သြသွားသော်လည်း လျင်မြန်စွာ အမူအရာထိန်းထားလိုက်သည်။
ဘေဂုံထန်သည် သူမအား ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။
“ဟုတ်လား၊ မိန်းကလေး ဘေဂုံကတော့ ကံကောင်းတာပဲ၊ ရှင်တို့အားလုံးက သူမကို ဂရုစိုက်ကြတယ်” သူမ ပြောရင်းနှင့် ဘေဂုံထန်အစား အသားကင်ပေးနေသော ဝေကျိရွှီအား ကြည့်လိုက်သည် “ဟုတ်သားပဲ ရှင်တို့အားလုံးက မိသားစုနာမည်တွေ မတူကြဘူး၊ မိသားစုတစ်ခုတည်းက မဟုတ်ဘူးထင်တယ်”
“မဟုတ်ဘူး ဒါပေမဲ့ အကုန်လုံးက မိသားစုလိုပဲ” ဘေဂုံထန် ပြောလိုက်သည် “ကျွန်မတို့က အသကင် ၁၆၊ ၁၇ လောက်ကတည်းက ပေါင်းလာတာ၊ ပြီးတော့ အခုထိဆို ၆နှစ် ၇နှစ်လောက်ရှိပြီ၊ မိသားစုတွေထက် ပိုရင်းနှီးတယ်” ဘေဂုံထန်သည် ထိုကဲ့သို့ စကားများကို ပြောခဲ့သည်ဖြစ်၍ သူမ ပါးစပ်မှ ထိုစကားများ ထွက်လာ သည်ကို ရှီမာယူယူ ထူးဆန်းစွာ ခံစားလိုက်ရသည်။
“ကောင်းလိုက်တာ” ဂေါင်ဖေးဖေးသည် အားကျစွာ ပြောလေသည်။ သူမတို့ကဲ့သို့ မိသားစုကြီး တစ်ခုပင် လျှင် ထိုကဲ့သို့ ခံစားချက်ထားရန် ခက်ခဲသည်။
“မိန်းကလေး ဂေါင်၊ အမှီခိုကင်းတိုင်းပြည်က ဘယ်လိုမျိုးလဲ” ရှီမာယူယူ မေးလိုက်သည်။
“အမှီခိုကင်းမြို့တော်က မြို့တော်ကြီး ဆယ်ခုထဲက တစ်ခုပဲ၊ အရည်အချင်းတွေအပြည့်နဲ့ ကျွန်မတို့ ခေါင်းဆောင်တော်တော်များများက ကမ္ဘာဦးနယ်မြေက အင်အားကို ကိုင်ထားတဲ့သူတွေပဲ”
“မြို့တော်ကြီး ဆယ်ခုထဲက တစ်ခုဟုတ်လား၊ အဆင့်ဘယ်လောက် ဖြစ်မလဲ” ဘေဂုံထန်သည် သိချင် စိတ်ဖြင့် မေးလိုက်သည်။
ဂေါင်ဖေးဖေးသည် သူတို့မသိသေးသည်ကို အံ့သြနေလေသည်။ သို့သော် သူတို့သည် ချုပ်နှောင်ခံထား ရသော မြို့မှလာသည်ကို သတိရသည်နှင့် မသိခြင်းဖြစ်သည်ဟု စဉ်းစားကာ စိတ်ရှည်စွာ ရှင်းပြလေသည် “အဆင့်တွေက အဲနယ်မြေကနေ အရည်အချင်းရှိတဲ့သူတွေ ဘယ်လောက် ပေါ်ထွက်လာလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်၊ မြို့တော်တွေကြားမှာလဲ ပြိုင်ပွဲရှိတယ်၊ ပြီးတော့ ပြိုင်ပွဲရလဒ်က မြို့တော်တွေရဲ့ အဆင့်ကို သတ်မှတ်ပေးတယ်”
“အဲပြိုင်ပွဲကနေပြီးတော့ မြို့တော်ရဲ့ အရည်အချင်းရှိတဲ့ သူတွေကို စုဆောင်းတာလား” ရှီမာယူယူ မေး လိုက်သည်။
“ဟုတ်တယ်၊ အရည်အချင်းရှိတဲ့သူတွေ အားလုံးက အသက် ၂၀၀လောက်ရှိကြတယ်” ဂေါင်ဖေးဖေး ပြောလိုက်သည် “ဒီပြိုင်ပွဲက နယ်မြေအမြင့်တွေမှာ ကျင်းပတယ်၊ တကယ့်ကို ထူးချွန်တဲ့သူတွေပဲ အရွေး ခံပြီး မြို့တော်ကိုယ်စား ပြိုင်ပွဲမှာ ပြိုင်ကြတယ်၊ အခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်တဲ့ သူတွေပဲ အဲလို အင်အားမျိုးမှာ ဝင်လို့ရတာ”
“အံ့ဖွယ်အဆင့်ရောက်တဲ့ သူတွေပဲ အထက်နယ်မြေကို ဝင်လို့ရတာမဟုတ်ဘူးလား” ရှီမာယူယူ မေး လိုက်သည်။
“ဟားဟား”
သူမ ပြောစကားကို ကြားသော ဂေါင်မိသားစုများသည် ရယ်မောကြသည်။ ဂေါင်ဖူဆိုသော မိန်းကလေး သည် ပြုံးကာ ပြောလေသည် “အဲလိုမဟုတ်ဘူး၊ အံ့ဖွယ်အဆင့်ရောက်တဲ့ လူတိုင်းက အထက်နယ်မြေကို ဝင်ဖို့ အရည်အချင်းရှိတယ်၊ ဒါပေမဲ့ မဖြစ်မနေဝင်ရမယ် မဟုတ်ဘူး”
“ဘာလို့လဲ” ဖက်တီးကျူ မေးလိုက်သည်။
“ဘာလို့လဲဆိုတော့ အထက်နယ်မြေမှာ ရှင်သန်ဖို့က တကယ်ခက်တယ်၊ နောက်ခံမတောင့်ရင် မင်းရဲ့ အံ့ဖွယ်အဆင့်ကတော့ လွယ်လွယ်နဲ့ ဖယ်ရှားခံရမှာပဲ” ဂေါင်ဖူ ပြောလိုက်သည်။
“ဘာ” ဖက်တီးကျူ မျက်တောင်ခတ်လိုက်သည်။ အထက်နယ်မြေတွေက အဲလောက် ရက်စက်တာ လား။
“ဂေါင်ဖူ ချဲ့ကားပြောတာမဟုတ်ဘူး၊ ကျွန်မတို့ နေတဲ့နေရာက အံ့ဖွယ်အဆင့်ရောက်တဲ့ သူတွေတောင် အမြဲအထက်မတက်နိုင်ဘူး၊ သူတို့ ပိုသန်မာပြီး အားကောင်းလာမှ သွားကြတာ၊ အထက်နယ်မြေတွေက ရွေးတဲ့ စွမ်းအားရှင်တွေပဲ သွားကြတာ” ဂေါင်ဖေးဖေး ပြောလိုက်သည်။
“မင်းတို့ အံ့ဖွယ်အဆင့်နဲ့ သွားလို့ရတယ်ပေါ့” ရှီမာယူလီသည် အံ့သြစွာ ပြောလေသည်။
“ရတာပေါ့၊ ဘာလို့လဲ မင်းက မရဘူးလား” ဂေါင်မိသားစုဝင်များသည် ရှီမာယူယူနှင့် ကျန်သော သူများကို သိချင်စိတ်ဖြင့် မေးလေသည်။
ရှီမာယူယူ ခေါင်းရမ်းကာ ပြောလေသည် “ငါတို့်မြို့မှာ အမြင့်ဆုံး စံတင်ဝိညာဉ်ဖြစ်ရင် သွားလို့ရတယ်၊ ပြီးတော့ ထပ်ပြီးတက်လို့မရတော့ဘူး၊ အထွတ်အထိပ်သားရဲ ရတာကလွဲရင် အဆင့်တက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး”
“ငါကြားဖူးတယ် ယိလင်းမြို့တော်ကို ဖိနှိပ်ထားတဲ့ မြို့တော်လို့ ခေါ်ကြတာ၊ ဘာလို့လဲဆိုတော့ စည်းမျဉ်း တွေနဲ့ လုပ်ပိုင်ခွင့်တွေက အရမ်းတင်းကြပ်တယ်၊ အဲဒါကြောင့်ပဲ မင်းတို့ အဆင့်ပိုတက်လို့ မရတာ ဖြစ်နိုင်တယ်” ဂေါင်ဖေးဖေး ခန့်မှန်းလိုက်သည်။
“မိန်းကလေး ဂေါင်၊ အဲနေရာက ရက်စက်တယ်လို့ ပြောခဲ့တယ်မလား၊ အဲဒါ ဘာကိုဆိုလိုတာလဲ” ဖက်တီးကျူ မေးလိုက်သည်။
“ကျွန်မလည်း အထက်နယ်မြေက ဦးလေးဆီကကြားခဲ့တာ၊ နေ့တိုင်း လူတစ်ထောင် ပုံမှန် သေနေတယ် တဲ့” ဂေါင်ဖေးဖေး ပြောလိုက်သည် “အဲဒါမများဘူးလို့ ထင်ရပေမယ့် နေ့တိုင်း တိုးလာတယ်ဆိုပဲ၊ အရင်ကနေ အခု ဆို လူတွေ ဘယ်လောက်တောင် သေပြီးသွားပြီလဲမသိဘူး”
ဖက်တီးကျူသည် တံတွေးမျိုချကာ ပြောလိုက်သည် “ဒါဆို နေ့တိုင်း လူတွေ ဘယ်လောက်သေနေလဲ၊ သူတို့က သေသွားတာနဲ့ ပျောက်သွားတာပဲလား၊ ယိလင်းမြို့တော်မှာသာ အဲလိုဖြစ်ရင် လူတွေအကုန်လုံး အမြစ် ပြုတ်သွားမယ်”
“အင်း…” သူပြောသည်ကို ကြားပြီးနောက် ဂေါင်မိသားစုဝင်များသည် ရယ်မောကြပြန်သည်။ ဂေါင်လင်း သည် ခေါင်းရမ်းကာ ပြောလိုက်သည် “မြို့တိုင်းမှာ လူဦးရေရှိကြတယ်လေ၊ ပြီးတော့ ဝိညာဉ်သခင်တွေကလည်း အသက်ရှည်ပြီး ဆက်ခံသူတွေရှိတယ်လေ၊ နေ့တိုင်း လူတွေသေနေပေမယ့် နေ့တိုင်း မွေးကြတဲ့သူတွေလည်း ရှိ တာပဲ၊ သေသွားပေမယ့် မွေးပြီး အဲနေရာမှာ ပြန်အစားထိုးတာပဲလေ၊ မျိုးဆက်တစ်ခုလုံး အမြစ်ပြတ်သွားမှာကို မစိုးရိမ်ပါနဲ့”
“ဒါဆိုရင် မြို့တော် အားလုံးပေါင်း ဘယ်နခုရှိလဲသိလား” ဖက်တီးကျူသည် အံ့သြနေလေသည်။
သူတို့သည် ဒုံချန်းတိုင်းပြည်ကို ကြီးမားသည်ဟု ထင်ခဲ့သည်။ သို့သော် ခရီးသွားပြီးနောက် ယိလင်း တိုင်းပြည်ကို မြင်သောအခါ ဒုံချန်းတိုင်းပြည်သည် သေးငယ်သည်ကို သိလိုက်ရသည်။ သူတို့ ပြောသည်ကို ကြားပြီးနောက် ယိလင်းတိုင်းပြသည်သည် တစ်ကမ္ဘာလုံးနှင့် ယှဉ်လျှင် မြူမှုန်စာလောက်ပဲရှိသည်။
“အဲမှာ မြို့တော် တစ်ထောင်ကျော်ရှိတယ်လို့ ကြားတယ်၊ ပြီးတော့ ကမ္ဘာဦးနယ်မြေက ကျွန်မတို့ ထက် တစ်ဆင့်ပိုမြင့်တယ်၊ ကမ္ဘာဦးနယ်မြေနဲ့ စစ်ဖြစ်တဲ့ နယ်မြေတွေရှိတယ်လို့ ကြားဖူးတယ်၊ ဒါပေမဲ့ ကမ္ဘာကြီးက ဒီလောက်ကြီးတာ၊ ကျွန်မတို့ ကြားတာ မှန်လားဆိုတာတော့ မသိဘူး” ဂေါင်ဖေးဖေး ပြောလိုက်သည်။
ဘုတ်…
ဖက်တီးကျူသည် အံ့သြလွန်းသဖြင့် ကိုင်ထားသော အသားမှာ ကျသွားလေသည်။ ရှီမာယူယူသည် စွပ်ပြုတ်မွှေနေရာမှ ရပ်သွားပြီး သူမ ကိုင်ထားသော ယောင်းမမှာ အိုးထဲကျလုနီးပါးဖြစ်သွားသည်။ ဝေကျိရွှီနှင့် ဝူရန်ဖေတို့သည်လည်း အသားလှန်ရန် မေ့နေကြပြီး သူတို့မျက်နှာမျာ အလွန်အံ့သြနေကြသည်။
ဂေါင်ဖေးဖေးသည် ရှီမာယူယူတို့အဖွဲ့၏ အမူအရာကို ကြည့်ပြီး သူတို့ အလွန်အံ့သြသွားသည်ကို သိ သည်။ ထို့ကြောင့် သူမ ဆံပင်အား သပ်ကာ ပြောလိုက်သည် “တကယ်တော့ ဒီကမ္ဘာက ဘယ်လောက်ကြီးကြီး ပါ၊ ကျွန်မတို့က အမြဲအရှေ့ကို သွားနေတာပဲလေ၊ ကျွန်မတို့ ရည်ရွယ်ချက်က တစ်နေ့တော့ အထက်နယ်မြေကို သွားဖို့ပဲ”
“ဟုတ်တယ်၊ ဒီကမ္ဘာက ဘာမှမဟုတ်ဘူး၊ ဒါကို ပထမဆုံးကြားလိုက်လို့ အံ့သြသွားတာပါ” ဂေါင်ဖူ လည်း ပြောလိုက်သည်။ သူတို့သည် ယိလင်းတိုင်းပြည်၏ အပြင်တွင် ဘာရှိသလဲဆိုသည်ကို မရှာဖွေခဲ့ပေ၊ ထို့ကြောင့် ထိုကဲ့သို့ သတင်းကြားလိုက်သည်နှင့် အလွန်အံ့သြသွားခဲ့ရသည်။