အပိုင်း (၃၄၆) – အန္တရာယ်ရောက်လာခြင်း
Vol. 004 Ch. 346
အားလုံးသည် သတိပြန်ဝင်ရန် အချိန်အတော်ယူရသည်။
“ဒီကမ္ဘာကြီးက အဲလောက်ကြီးမယ်လို့ တကယ်ထင်မထားဘူး” ဝေကျိရွှီသည် မေးစေ့အား ပွတ်ကာ ပြောလေသည်။ ထိုအချိန်က သူတို့ ထွက်လာရန် ဆုံးဖြတ်ခဲ့သည်ကိုပဲ ကျေးဇူးတင်ရမည်။ မဟုတ်လျှင် သူတို့သည် ဒုံချန်းတိုင်းပြည်ဟု ခေါ်သော နေရာ အသေးလေးကိုပင် သိကာ အပြင်ဘက်လောကကို လုံးဝ သိ နိုင်မည် မဟုတ်ပေ။ ရှီမာယူယူသည် သတင်းအသစ်စုဆောင်းပြီးသားဖြစ်လေသည်။ အဘယ့်ကြောင့်ဆိုသော သူမသည် အရင်ကတည်းက အဆုံးမရှိသော စကြာဝဋာအကြောင်းကို သိပြီးဖြစ်သည်။
စကြာဝဋာအတွင်းတွင် လူများ မသိသေးသော ဂြိုဟ်ငယ်များစွာလည်း ရှိသည်။ တချို့မှာ ရှာဖွေတွေ့ ပြီး သိကြသော်လည်း တခြားသော ဂြိုဟ်များမှာ အဝေးတွင် ရှိကြသည်။ သူတို့ ဂြိုဟ် အပြင်ဘက်တွင် တခြားသော သက်ရှိများ ရှိနေသည်လည်း ဖြစ်နိုင်သည်။ ဥပမာအနေနှင့် နေအား ဗဟိုပြုကာ မာကျူရီ၊ ဗီးနပ်တို့ှနှင့် တခြားသော အဓိကဂြိုဟ်များနှင့် ကြယ်များ လတို့သည် နေထက်ပင် အရွယ်အစား သေး ငယ်သည်။ ထို့အပြင် စကြာဝဋာထဲတွင် နဂါးငွေ့တန်း မည်မျှရှိသည်ကို မသိနိုင်ပေ။ ကမ္ဘာဦးနယ်မြေသည် ကိုယ် ပိုင် နေရှိ၍ တခြားသောမြို့များသည် နဂါးငွေ့တန်းနှင့် ဆင်တူသည်။ နေကို ပတ်နေသော လများနှင့် ဆင်တူ သည်။
ကမ္ဘာကြီးသည် ကျွန်တော်တို့ ဖော်ပြနိုင်သည်ထက် ပို၍ ကြီးမားသည်။ ထိုသည်မှာ ရှီမာယူယူ ကြားသမျှ ကို ကောက်ချက်ချမိခြင်းဖြစ်သည်။ သို့သော် ကမ္ဘာကြီးမည်မျှပင် ကြီးစေကာမူ သူတို့ကိုယ်ပိုင် ကမ္ဘာသည် သူတို့ နှလုံးသားထဲတွင် ရှိသည်။ သူတို့ကမ္ဘာသည် နှလုံးသားနှင့် ထွေးပွေ့နိုင်လောက်အောင် ကြီးသည်။
သူမ ထိုအကြောင်းစဉ်းစားမိသည်နှင့် တည်ငြိမ်သွားကာ စွပ်ပြုတ်ကို ဆက်ချက်နေသည်။
ဝေကျိရွှီနှင့် တခြားသူများသည် သတင်းကို ဖြေးဖြေးချင်း လက်ခံလာသည်။ သူတို့သည် ရှီမာယူယူနှင့် နေလာသည်မှာ ကြာပြီဖြစ်၍ ထိုကဲ့သို့ အရာများကို လက်ခံရန် ဖြစ်နိုင်လာသည်။
“ဒီကမ္ဘာကြီးက ဘယ်လောက်ကြီးကြီး ငါတို့လုပ်နိုင်တာက ပိုပြီး သန်မာပြီး အားကောင်းလာဖို့ပဲ” ဖက်တီးကျူသည် လက်သီးဆုပ်ကာ ပြောလေသည်။
“ဟုတ်တယ်၊ ကမ္ဘာတစ်ခုလုံးကို မြင်ဖို့အတွက် ငါတို့ဘာသာ မှီခိုရမယ်” ရှီမာယူလီသည် သဘောတူညီ စွာ ခေါင်းညိတ်လေသည်။ သူတို့သည် စိတ်မပျက်သည်ကို ရှီမာယူယူ မြင်သောအခါ ကျေနပ်စွာ ခေါင်းညိတ် လိုက်သည်။
“စွပ်ပြုတ် အဆင်သင့်ဖြစ်ပြီ”
သူမ မီးငြှိမ်းလိုက်သည်။ ဘေဂုံထန်နှင့် ကျန်သောသူများသည် ပန်းကန်လုံးများ ထုတ်လာကာ ခပ်ထည့်ပြီး ဘေဂုံထန် ချက်ပြုတ်သော ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကြလေသည်။
“မင်းချက်တဲ့ အစားအသောက်ကတော့ အရသာကိုရှိနေတာပဲ၊ မင်းရဲ့ အသားကင်စားလိုက်တာ ငါ့ ဗိုက်တောင် ပေါက်ထွက်တော့မယ်၊ ဒီကိုလာရမယ်မှန်းသိရင် အစက အများကြီးစားမလာပါဘူး” ဂေါင်လင်းသည် ဗိုက်ကို ပွတ်ကာ ပြောလေသည်။
ဂေါင်ဖေးဖေးသည် သူမ မောင်အား အကူအညီမဲ့စွာကြည့်ပြီး အသာလေး ထိုးလိုက်သည်။ လူကို ဘာလို့ ရှက်အောင် ဒီလောက်ထိ လုပ်ရတာလဲ။ သို့သော် ထိုည၏ အသားသည် သူမ ဘဝတွင် စားဖူးသမျှထဲတွင် အကောင်းဆုံးဖြစ်သည်။ ဂေါင်မိသားစုသည် အဝစားကာ ထိုကဲ့သို့ တစ်ခါမှ မစားဖူးခဲ့ပေ။
“အဝူး…..”
ရုတ်တရက်ပင် ဗိုက်ပြည့်ကာ ငိုက်နေသည်ကို နှိုးလာစေသော အူသံထွက်လာသည်။ အားလုံး ထကာ အူသံလာသော ဘက်ကို ကြည့်လိုက်သည်။
ခွမ်း…
မကြာခင်ပင် တိုက်ခိုက်သံကို ကြားလိုက်ရကာ ဝေးကွာသော်လည်း ကြောက်ရွံ့မှုနှင့် အပြစ်ဒဏ်ပေး သည့် ခံစားမှုကို အာရုံခံမိကြသည်။
“အဲမှာ လှိုင်းတွေထနေတာကြည့်လိုက်၊ အနည်းဆုံး စံတင်ဝိညာဉ်အဆင့် ဝိညာဉ်သားရဲတွေ တိုက်နေကြ ပြီထင်တယ်” ဂေါင်ဖေးဖေး မှတ်ချက်ပေးသည်။
“အဲဒါ တောင်အတွင်းပိုင်းက လာတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“အဲမှာ ရတနာတွေများတယ်ထင်တယ်၊ အဲဒါကြောင့် တစ်ဖွဲ့နဲ့ တစ်ဖွဲ့တိုက်ပြီး လုနေကြတာ” ဂေါင်ဖေးဖေး ပြောလေသည်။
“အဲမှာ ရတနာတွေရှိတာ ဘယ်လိုသိလဲ” ဖက်တီးကျူမေးလိုက်သည်။
“ကျွန်မ အရင်က တိုင်းပြည်ငယ်တစ်ခုကို သွားဖူးတယ်၊ အဲမှာလည်း စည်းမျဉ်းတွေတူတယ်၊ အဲမှာ စံတင်ဝိညာဉ်အဆင့်ရှိတဲ့သူတွေ ဝင်လို့မရဘူး၊ အဲတုန်းကဆိုရင် ဝိညာဉ်သားရဲအရိုင်းတွေ တွေ့ခဲ့ရတယ်၊ ပြီးတော့ သူတို့က မခြောက်ရင် လူတွေကို တိုက်ခိုက်လေ့မရှိဘူး” ဂေါင်ဖေးဖေး ပြောလိုက်သည်။
“မင်း တခြားတိုင်းပြည်ငယ်တွေကို ရောက်ဖူးတာပေါ့”
ဂေါင်ဖေးဖေး ခေါင်းညိတ်ကာ ပြောလိုက်သည် “အဲတိုင်းပြည်ငယ်တွေက တိကျတဲ့ စည်းမျဉ်းမရှိဘူး၊ ဒါပေမဲ့ တစ်ယောက်ယောက်ရောက်လာရင်တော့ မြို့တော်က လူအားလုံးက သတင်းသိကြတယ်၊ ပြီးတော့ စည်းမျဉ်းနဲ့ ကိုက်တဲ့ သူပဲ ဝင်လို့ရတယ်၊ ပြီးခဲ့တဲ့နှစ်အတွင်းကိုပဲ အဲလိုဖြစ်သွားဖူးတယ်”
“မမ ငါတို့ သွားရမလား” ဂေါင်လင်းသည် တိုက်ပွဲအပေါ်ရှိ နီရဲသော ကောင်းကင်ကို ကြည့်ကာ မေးလိုက်သည်။
“မသွားဘူး” ဂေါင်ဖေးဖေး ပြောလိုက်သည် “ဒီနှုန်းအတိုင်းဆိုရင် သူတို့ မနက်ဖြန် မနက်ထိအောင် တိုက် ကြလိမ့်မယ်၊ ငါတို့ ဆင်းသွားလည်း အသုံးမဝင်ဘူး”
“ဟုတ်တယ်” ဂေါင်မိသားစုဝင်များသည် ဂေါင်ဖေးဖေးကို အလျော့ပေးကြသည်။ သူမ ဆုံးဖြတ်ချက် ချလိုက်သည်နှင့် အားလုံးသဘောတူကြသည်။ ရှီမာယူယူသည် တည်ငြိမ်သော ဂေါင်မိသားစုကို ကြည့်ကာ အားလုံးသည် အားကောင်းကာ ထိပ်တန်းစံတင်ဝိညာဉ်အဆင့် ဝိညာဉ်သားရဲများ တိုက်ခိုက်နေသည်ကိုပင်လျှင် တုန် လှုပ်မှုမရှိသည်ကို သတိထားမိလိုက်သည်။ သူမသည် သူတို့ အားအင်အကြောင်း ခံစားမိသည်နှင့်တူ ဂေါင် မိသားစုသည်လည်း သူတို့ စွမ်းအားများကို အကဲဖြတ်နေကြသည်။
ပုံမှန်ဆိုလျှင် သူတို့သည် ယိလင်းတိုင်းပြည်မှလာပါက အဲလောက် အားကောင်းမည် မဟုတ်ပေ။ သူတို့ တည်ငြိမ်နေသည်မှာ သူတို့သည် အသိပညာမရှိခြင်း သို့မဟုတ် အားကောင်းလွန်း သောကြောင့် ဖြစ်မည်။ အထူး သဖြင့် အပြင်တွင် ထိပ်တန်းစံတင်ဝိညာဉ်အဆင့် ဝိညာဉ်သားရဲများရှိနေသည်။ ထိုည၏ တုန့်ပြန်မှုနှင့် ဆိုလျှင် သူတို့သည် အသိပညာမရှိခြင်းမဟုတ်ပဲ အားကောင်းခြင်းသာ ဖြစ်နိုင်မည်း။
ထို့နောက်တွင် ရှီမာယူယူနှင့် ကျန်သောသူများသည် ဂေါင်မိသားစုနှင့်အတူ လောက အသေးများ အကြောင်းကို ဆွေးနွေးကြသည်။ သူတို့်သည် ရှီမာယူယူဆီမှ စားသောက်ထားသည်ဖြစ်၍ ကျေးဇူးပြန်ဆပ်ရ မည်။ ဂေါင်မိသားစုသည် ရှီမာယူယူနှင့် တခြားသူများကို သူတို့သည် လောကအသေးတွင် မည်မျှ အဆင့်တက်နိုင်မည်ဖြစ်ကြောင်း အပါအဝင် လောကအသေးအကြောင်း သိသမျှ ပြောပြလေသည်။
သူတို့ စကားပြောပြီးနောက်တွင် ဂေါင်မိသားစုသည် ထွက်သွားကာ တဲများဆီသို့ ပြန်လေသည်။ သို့သော် သူတို့ဝင်ဝင်ချင်းပင် အန္တရာယ် အငွေ့အသက်ကို ခံစားမိသဖြင့် တဲထဲမှ ပြန်ထွက်လာလေသည်။ ရှီမာယူယူသည်လည်း အန္တရာယ်ကို ခံစားမိသဖြင့် ဟိန်းသံလေးနှင့်အတူ ငှက်လေးအား ခေါ်ကာ သတင်းသွား စုံစမ်းခိုင်းလေသည်။
သိပ်မကြာခင်တွင် ဟိန်းသံလေးနှင့် ငှက်လေး ပြန်လာကာ ပြောလေသည် “ယူယူ တောင်ကြား နှစ်ဖက် လုံးကနေ အံ့ဖွယ်အဆင့် ဝိညာဉ်သားရဲတွေ အများကြီးလာနေကြတယ် ငါတို့ အဝိုင်းခံနေရပြီ”
“ဘယ်လောက်လောက်ရှိလဲ” ရှီမာယူယူ မေးလေသည်။
“အနည်းဆုံး တစ်ရာလောက်ရှိတယ်” ဟိန်းသံလေး ပြောလိုက်သည်။ ရှီမာယူယူ စိတ်သက်သာစွာ သက်ပြင်းချလိုက်သည်ကို ကြည့်ကာ အော်လိုက်သည် “ငါပြောတာ တစ်ဖက်ကို တစ်ရာနော်”
“ဘာ…. မင်း ဘာလို့ စကားကို ဆုံးအောင် မပြောတာလဲ အခုချိန်ကို ငါ့ကို စနိုင်သေးတာလား” ရှီမာယူယူသည် ဟိန်းသံလေး၏ ခေါင်းကို ခေါက်လိုက်သည်။
ဟိန်းသံလေးသည် ရှီမာယူယူအား ကြည်ပြီး သူမ ခေါက်လိုက်သောနေရာကို ခြေထောက်ဆန့်ကာ ပွတ် လိုက်လေသည်။
“အံ့ဖွယ်အဆင့် သားရဲတွေရဲ့အဆင့်က ဘယ်လောက်တွေလဲ” ရှီမာယူယူ ထပ်မေးလေသည်။
“အများစုက အဆင့် ၂ ၃ တွေပဲ ဒါပေမဲ့ အဆင့် ၃က နည်းပါတယ်၊ အဆင့် ၄တော့ မပါဘူး” ငှက်လေး ပြောလိုက်သည်။
“အံ့ဖွယ်အဆင့်သားရဲအပြင် သူတော်စင်အဆင့် သားရဲတွေလည်း များတယ်” ဟိန်းသံလေး ထပ်ဖြည့်သည်။
“ငါတို့ သားရဲပျံတွေစီးပြီး ပြေးကြမလား” ဖက်တီးကျူ မေးလိုက်သည်။
“မဖြစ်နိုင်ဘူး” ဟိန်းသံလေး ပြောလိုက်သည် “လေထဲမှာကို သားရဲပျံတွေများတယ်၊ ငါတို့် သွားရင်လည်း ပစ်မှတ်ဖြစ်သွားလိမ့်မယ်”
ဂေါင်မိသားစုလည်း သတင်းရရှိကာ ဂေါင်ဖေးဖေးသည် အတော်အတန် စဉ်းစားပြီးနောက် လျှောက်လာ ကာ ပြောလေသည် “တောင်ပတ်ပတ်လည်မှာ အံ့ဖွယ်အဆင့် သားရဲတွေအများကြီးပဲ ၊ ငါတို့ မကြာခင် တိုက်ခိုက်ရ တော့မယ်ထင်တယ်၊ အဲအချိန်ကျရင် ငါတို့် အကောင်းဆုံး တိုက်ခိုက်ရမယ်”
“မင်းရဲ့ အကြံအတွက် ကျေးဇူးပါ မိန်းကလေးဂေါင်” ရှီမာယူယူသည် ပြုံးပြီးပြောလေသည် “ဒါပေမဲ့ ကျွန်တော်တို့ အံ့ဖွယ်အဆင့် ဝိညာဉ်သားရဲတွေနဲ့ ထိပ်တိုက် တိုက်ဖို့ စိတ်ကူးမရှိပါဘူး”
“ပျံသွားမယ်လို့ ပြောနေတာလား” ဂေါင်ဖေးဖေးသည် သဘောမတူစွာ ပြောလေသည်။ “သားရဲပျံတွေ အများကြီးပဲ ဖောက်နိုင်မှာမဟုတ်ဘူး”
ရှီမာယူယူ ယုံကြည်ချက်အပြည့်ဖြင့် ပြုံးကာ ပြောလိုက်သည် “မဟုတ်ဘူး၊ ကျွန်တော်တို့ ထွက်မသွား ပါဘူး၊ ဒီမှာပဲ နေကြမှာပါ”