အပိုင်း (၃၄၇) – ငါတုံးလွန်းလို့ ငိုမိတော့မယ်
Vol. 004 Ch. 347
“မင်းတို့အားလုံး နေဖို့ ဆုံးဖြတ်ထားတယ် ဒါပေမယ့် ဝိညာဉ်သားရဲတွေရဲ့ လက်ထဲမကျချင်ဘူး၊ မင်းတို့ ဘာလုပ်ကြမလို့လဲ” ဂေါင်ဖေးဖေး နားမလည်ပေ။
ရှီမာယူယူပြုံးကာ ရှင်းပြလေသည် “ကြည့် အဲမှာ စံတင်ဝိညာဉ်အဆင့် အံ့ဖွယ်သားရဲတွေ တိုက်ခိုက်နေ ကြတယ်၊ အဲဒါက သူတို့ တိုက်ပွဲကနေ ထွက်သင့်တယ်လို့ ဆိုလိုတယ်၊ ဒါပေမဲ့ သူတို့ဘာလို့ ဒီတောင်ကြားကို မလာကြတာလဲ”
“အဲမှာ သူတို့အတွက် စွဲလမ်းစရာတစ်ခုခုရှိလို့နေမှာပေါ့၊ မဟုတ်ရင် အဲအံ့ဖွယ်သားရဲ နှစ်ကောင်ကို တစ်ယောက်ယောက်က အမိန့်ပေးနေလို့နေမှာပေါ့” ဂေါင်ဖေးဖေး ပြောလိုက်သည်။
“ဟုတ်တယ်၊ အဲဒါကြောင့် အကြောင်းအရင်းကို ငါတို့ရှာရမယ်၊ မဟုတ်ရင် ငါတို့ တိုက်တိုက် ထွက်ပြေး ပြေး ဘာမှမထူးခြားဘူး” ရှီမာယူယူ ရှင်းပြလေသည်။
“ဒါပေမဲ့ သူတို့အားလုံးက အံ့ဖွယ်သားရဲတွေနော်” ဂေါင်မျိုးနွယ်မှ တစ်ယောက်သည် ထွက်လာ ကာ ပြောလေသည် “င့ါ အစ်မအကြီးဆုံးက စံတင်ဝိညာဉ်ဖြစ်တာတောင် အဲဒီအံ့ဖွယ်သားရဲတွေကို တစ်ချိန်တည်း တိုက်ဖို့ မဖြစ်နိုင်ဘူး၊ ပြီးတော့ သူတို့ထဲက တစ်ကောင်က စံတင်ဝိသာဉ်အားကို ရောက်ခါနီးနေပြီ”
ဂေါင်ဖေးဖေးသည် ငယ်ရွယ်သောအသက်တွင် စံတင်ဝိညာဉ်အဆင့် ရောက်နေလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ ယိလင်းတိုင်းပြည်တွင် စံတင်ဝိညာဉ်များမှာ အသက်ကြီးသူများဖြစ်ကြပြီး သူမ မျက်စိရှေ့ရှိ ငယ်ရွယ်သော စံတင်ဝိညာဉ်ကို တွေးကြည့်လိုက်လျှင် မှင်တက်ရသည်။
သို့သော် သူတို့ကိုကြည့်လျှင်လည်း သူတို့သည်လည်း ငယ်ရွယ်ချိန်တွင်ပင် သူတော်စင်ဝိညာဉ်ဖြစ်ခဲ့ သည်။ ထို့အပြင် ထိုအခြေအနေသည် ဖိနှိပ်ခံထားရသော တိုင်းပြည်တွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။
“ဟိန်းသံလေး အဲဝိညာဉ်သားရဲတွေ တောင်ကြားကို ဘာလို့လာတာလဲဆိုတာ အကြောင်းအရင်းကို ရှာဖို့ ဖြစ်နိုင်လား” ရှီမာယူယူသည် သူမ ရင်ခွင်ထဲရှိ ဟိန်းသံလေးအား မေးလိုက်သည်။
“အံ့ဖွယ်သားရဲတွေ အများကြီးပဲ… ငါထွက်ဖို့ကြောက်တယ်”
“မင်းပဲ ဝိညာဉ်သားရဲတွေကို ဆွဲဆောင်နိုင်တဲ့ အရည်အချင်းရှိတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူနေတာ မဟုတ်ဘူးလား၊ အခု မင်းကို သတင်းလေးသွား စုံစမ်းဖို့ ပြောတာကို မင်းက မဖြစ်နိုင်ဘူးလို့ ပြန်ပြောနေတယ် ဟုတ်လား” ဖက်တီးကျူသည် ဘေးမှ အော်လိုက်သည်။
“မသွားဘူး မသွားဘူး” ဟိန်းသံလေး၏ ရှည်လျားသော နားရွက်သည် ကျလာကာ သူ၏ ခြေထောက် များကို ဖုံးကွယ်ထားလေသည်။ သူသည် ရှီမာယူယူ၏ ရင်ခွင်ထဲတွင် လဲကာ ငြင်းဆန်လေသည်။
ဟိန်းသံလေး မူမမှန်သည်ကို ရှီမာယူယူ သိသဖြင့် သူ့နားရွက်များကို ပွတ်သတ်ကာ မေးလိုက်သည် “ဟိန်းသံလေး ဘာဖြစ်လို့လဲ”
“ယူယူ ငါ နေမကောင်းဘူး တကယ် နေလို့မကောင်းဘူး” ဟိန်းသံလေးသည် သူ၏ ကြီးမားသော မျက်လုံးများကို ဖွင့်ကာ ရှီမာယူယူအား သနားသဖွယ်ကြည့်လေသည်။
သူသည် ခုနေလေးတင်ကပင် အဆင်ပြေနေရာမှ ရုတ်တရက် ပြောင်းလဲကာ နေမကောင်းမည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမ စိုးရိမ်စွာ မေးလိုက်သည် “ဘယ်နေရာက နေမကောင်းတာလဲ”
“မသိဘူး င့ါရင်တွေ လှုပ်ရှားပြီး မွမ်းနေတယ်” ဟိန်းသံလေး ပြောလိုက်သည်။
“သခင် ငါလည်း အဲလို ခံစားရတယ်၊ ငါ့ကိုယ်ထဲက သွေးကြောတွေ ထကြွနေကြတယ်” ငှက်လေးသည် ရှီမာယူယူ၏ ပခုံးပေါ်တွင် ဆင်းသက်ကာ စကားပြောရသည်ကို ပင် ခက်ခက်ခဲခဲ ပြောနေရသည်။ သူသည် တစ်ခုခုကို သည်းခံနေရသလိုပင်။
“သခင် ငါရောပဲ” ဂေါင်ဖေးဖေး၏ ပခုံးပေါ်တွင် နားနေသော ငှက်တစ်ကောင်သည် ပြောလိုက်သည်။
“တစ်စုံတစ်ခုက သူတို့ကို နာအောင် လုပ်နေတယ်” ဂေါင်ဖေးဖေးသည် ပခုံးပေါ်မှ ငှက်အား သိမ်းဆည်းကာ တုန့်ပြန်လေသည်။
ရှီမာယူယူသည် ဟိန်းသံလေးနှင့် ငှက်လေးကို ဝိညာဉ်စေတီထဲ ထည့်ထားလိုက်သည်။ သားရဲနှစ်ကောင်သည် ဝင်သွားသည်နှင့် နေထိုင်ကောင်းသွားလေသည်။
“ယူယူ ဒီနေရာမှာ နတ်ဆိုးဖန် ကျောက်တုံးရှိတာ ဖြစ်မယ်” မိုရှား အသံ ရုတ်တရက်ထွက်လာသည်။
“နတ်ဆိုး ဖန်ကျောက်တုံး ဟုတ်လား… အဲဒါ ဘာလဲ” ရှီမာယူယူ မေးလိုက်သည်။
“အဲဒါ ဝိညာဉ်သားရဲတွေရဲ့ စိတ်ကို ရှုပ်ထွေးအောင် လုပ်တဲ့ နတ်ဆိုးကျောက်တုံးလိုပဲ” မိုရှား ပြောလိုက် သည် “ငါ နောက်မှ ထပ်ရှင်းပြမယ်၊ အရင်ဆုံး အဲပစ္စည်းကို ငါ့ကို ကူရှာပေး၊ အဲဒါ ငါ့အတွက် အသုံးဝင်တယ်”
ရှီမာယူယူသည် နှုတ်ခမ်း တွန့်လိုက်သည်။ သူ ပြောလိုက်သည့်အချိန်တိုင်းတွင် ဟိုဟာ လိုချင် ဒီဟာ လိုချင်နဲ့…. သူ ဘယ်တုန်းကမှ သူ့အားကို မစိုက်ထုတ်ဘူး…
“ဟင်း သူ့ဆီက ဘာညစ်ထုတ်လို့ရဦးမလဲ ကြည့်ဦးမယ် အမြဲတမ်း အလကားတော့မရဘူး” ရှီမာယူယူ သည် တိတ်တိတ်လေး ရေရွတ်မိသည်။
အားလုံး၏ ဝိညာဉ်သားရဲများသည် နေထိုင်မကောင်းသောကြောင့် ဘယ်သူမှ သူတို့စာချုပ်သားရဲများကို ခေါ် မထုတ်ရဲကြပေ။
“သူတို့က ပြီးခဲ့တဲ့ မိနစ်ပိုင်းကမှ အဆင်ပြေကြပါသေးတယ်၊ အခု ဘာတွေဖြစ်သွားကြတာလဲ” ဂေါင်ဖူ သည် စိတ်ပူစွာပြောလေသည် “စာချုပ်သားရဲတွေ မရှိရင် ငါတို့ တိုက်ပွဲအားကတော့ အကန့်အသတ်နဲ့ ဖြစ်သွားပြီ”
သူမသည် လောကအသေးသို့ ဝင်လာရာတွင် ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့ ပေ။
“နတ်ဆိုးဖန်ကျောက်တုံးရဲ့အကြောင်းသိတာရှိလား” ရှီမာယူယူ မေးလိုက်သည်။
“နတ်ဆိုးဖန်ကျောက်တုံး ဟုတ်လား အဲဒါဘာလဲ” ဂေါင်လင်း မေးလိုက်သည်။
“သူတို့က နတ်ဆိုးဖန်ကျောက်တုံးရဲ့ လွှမ်းမိုးမှုကို ခံရလို့ အဲလိုဖြစ်တာလို့ ငါ့စာချုပ်သားရဲကပြော နေလို့”
“နတ်ဆိုးဖန်ကျောက်တုံး….” ဂေါင်ဖေးဖေး မျက်ခုံးများ ပင့်သွားကာ မေးလိုက်သည် “အဲဒါ ဘာလဲ”
ရှီမာယူယူ သူတို့အား ထိုကဲ့သို့ အပြုအမူများ မြင်လိုက်သောအခါ သူတို့သည်လည်း နတ်ဆိုး ဖန်ကျောက်တုံးအကြောင်း မသိသည်ကို သိလိုက်ရသည်။ သူတို့ကို မှီခိုရန် မဖြစ်တော့ပေ။
“မမကြီး ကျွန်မတို့ဘာလုပ်ကြမလဲ” ဂေါင်မျိုးနွယ်မှ နောက်မိန်းကလေးတစ်ယောက်သည် ဂေါင်ဖေးဖေး အားကြည့်ပြီး မေးလေသည်။
ဂေါင်ဖေးဖေး မျက်နှာပျက်သွားသည်။ စာချုပ်သားရဲမရှိလျှင် သူတို့တိုက်ပွဲစွမ်းအင်များမှာ တစ်ဝက်သာ ရှိ သည်။ သူမသည် တစ်ဦးတည်းသော စံတင်ဝိညာဉ်ဖြစ်ကာ ဝိညာဉ်သားရဲ တစ်ရာကို အနိုင်ရရန် သူတို့ အဖွဲ့သည် အလွန်ကြိုးပမ်းရမည် ဖြစ်သည်။
“ငါတို့် နတ်ဆိုးဖန်ကျောက်တုံးကို ရှာရမယ်..တခြားရွေးချယ်စရာမရှိတော့ဘူး” ဝေကျိရွှီ ပြောလိုက်သည်။
“ငါတို့ တောင်ကြားမှာ ရှိနေတာ ကြာနေပြီ ဒါပေမဲ့ ဘာမှ မခံစားမိဘူး၊ အခုချိန်မှာ နတ်ဆိုး ဖန်ကျောက်တုံးကို ရှာဖို့ ခက်သွားပြီ” ဝူရန်ဖေ ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့ရှာရမယ်” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ရှာနိုင်မှာ အဲဝိညာဉ်သားရဲတွေရပ်သွားမှာ”
“မစိုးရိမ်ပါနဲ့” မိုရှား အသံထွက်လာသည် “နတ်ဆိုးဖန်ကျောက်တုံးက နေ့ဆို ဘာမှမလုပ်နိုင်ဘူး၊ မင်းတို့ အားလုံး ဒီညကို ဖြတ်ကျော်နိုင်ရင် အဆင်ပြေတယ်၊ မနက်ဖြန်မှ နတ်ဆိုးဖန်ကျောက်တုံးကို ရှာလို့ရတယ်”
“အဲအံ့ဖွယ်သားရဲတွေက အဲဒီနတ်ဆိုးဖန်ကျောက်တုံးတွေကို မစားပစ်ဘူးလား” ရှီမာယူယူ မေးလိုက် သည်။
“နတ်ဆိုးဖန်ကျောက်တုံးက သူတို့အာရုံတွေ ပျောက်သွားအောင်ပဲ လုပ်နိုင်တာ၊ သူတို့ စားချင်စရာ မဟုတ်ဘူး” မိုရှား ပြောလိုက်သည်။
“အဲဒါဆို လွယ်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ယူယူ မင်းမှာ အကြံရှိလား” ဝေကျိရွှီသည် ရှီမာယူယူ၏ အမူအရာကို တွေ့သည်နှင့် မေးလိုက်သည်။
“နတ်ဆိုးဖန်ကျောက်တုံးက ညပဲ သက်ရောက်မှုရှိတယ်လို့ ပြောတယ်၊ ငါတို့ ဒီနေ့ညကို ကျော်ဖြတ်ရင် ရပြီ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့ ဒီညကို လွယ်လွယ်နဲ့ ဖြတ်နိုင်ပါ့မလား” ဂေါင်ဖေးဖေးသည် တောင်ကြားအား ကြည့်ရင်း ပြောလေသည် “ဒီကို လာနေတဲ့ အံ့ဖွယ်သားရဲတွေ အများကြီးပဲ၊ ငါတို့က ၁၀ယောက်ကျော်ပဲရှိတယ်”
“တည်ဆောက်မှု” ရှီမာယူယူ ပြောလိုက်သည် “ငါတို့ တည်ဆောက်မှု သုံးဖို့ပဲလိုတယ်၊ လူတွေ ခေါ်လိုက် ကျိရွှီ အခြေအနေကို ဆက်စောင့်ကြည့်ထား၊ အဲဝိညာဉ်သားရဲတွေ ဘယ်လောက်ထိ ရောက်လာလဲ ကြည့်ထား၊ ငါ ကာကွယ်ရေးတည်ဆောက်မှု လုပ်မလို့”
သူတို့ ရောက်လာချိန်တွင် ပြုလုပ်ထားသော ကာကွယ်ရေး တည်ဆောက်မှုမှာ လုံလောက်စွာ သန်မာခြင်း မရှိပေ။ သူမသည် နောက်အသစ်တစ်ခု လုပ်ရန်လိုသည်။
သူမသည် တည်ဆောက်မှု ကျောက်တုံးများကို ထုတ်ပြီးလိုက်သည်။ ထို့နောက် သူမ နဖူးအား ရုတ်တရက် ရိုက်ကာ ပြောလေသည် “ငါ ဘာလို့ အဲလောက်တုံးတာလဲ”
“ဘာဖြစ်လို့လဲ ယူယူ” ဘေဂုံထန်သည် သူမ နဖူးသူမ ရိုက်နေသော ရှီမာယူယူအား မြင်သောအခါ မေးလိုက်သည်။
“ငါတုံးလွန်းလို့ ငိုမိတော့မယ်” ရှီမာယူယူ ပြောလေသည် “တည်ဆောက်မှု လုပ်ဖို့ အချိန်အလုံ အလောက် ရနေတာပဲ ဘာလို့ ဖြတ်လမ်းတည်ဆောက်မှု မလုပ်ပဲ ကာကွယ်ရေးတည်ဆောက်မှု လုပ်ရမှာလဲ၊ သူတို့ကို ခေါ်လိုက် ဒီနေရာကနေ ထွက်သွားမယ်”
“ဝေါင်း”
“ချွတ်”
ဝိညာဉ်သားရဲများသည် နီးကပ်လာကာ သူတို့ရောက်ရန် မိနစ်အနည်းငယ်သာ လိုတော့သည်။
“အားလုံး ကာကွယ်ရေးတည်ဆောက်မှုထဲ ဝင်ကြ” ရှီမာယူယူသည် ဂေါင်မိသားစုအား အော်လိုက် သည်။ သူတို့ ဝင်သည်နှင့် သူမ ဝိညာဉ်ချီကို ထည့်သွင်းလိုက်ရာ အလင်းတန်းထွက်ပေါ်လာသည်။
ထို့နောက်တွင် သူမသည် ကာကွယ်ရေး တည်ဆောက်မှုအတွင်းတွင် ဖြတ်လမ်းတည်ဆောက်မှုကို လုပ် တော့သည်။
ရှီမာယူယူသည် တည်ဆောက်မှုသခင်ဖြစ်မည်ဟု ဂေါင်မိသားစုဝင်များ ထင်များသဖြင့် သူမ စဉ်းစား စရာမလိုပဲ တစ်ဆင့်ချင်းလုပ်ဆောင် နေသည်ကို စောင့်ကြည့်နေကြသည်။ ထိုသည်မှာ သူမသည် တည်ဆောက်မှု တွင် အဆင့်မြင့်သော သခင်ဖြစ်ကြောင်းကို သက်သေပြနေသည်။
အချိန်အနည်းငယ်အကြာတွင် ထိုဝိညာဉ်သားရဲများသည် တောင်ကြားအလယ်သို့ ရောက်လာကြသည်။
“ယူယူ ဝိညာဉ်သားရဲတွေ ဝင်လာပြီ” ဖက်တီးကျူသည် ဝိညာဉ်သားရဲများကို မြင်သည်နှင့် အော်လိုက်သည်။
“ဘာတွေ စိုးရိမ်နေတာလဲ ငါတို့်က ကာကွယ်ရေးတည်ဆောက်မှုထဲမှာလေ” ရှီမာယူယူသည် မကြည့်ပဲ တည်ဆောက်မှုကိုသာ ဆက်လုပ်နေသည်။ သူမသည် ဝိညာဉ်သားရဲများ ဝင်လာမည်ကို အနည်းငယ်မျှ စိုးရိမ်ခြင်း မရှိပေ။