← Chapters

အပိုင်း(၃၆၇)

Vol. 25 Ch. 367

အပိုင်း(၃၆၇)

Vol. 25 Ch. 367

“ငရဲဘုံကိုးခု ဖျက်ဆီးမရခြင်းနှင့်ထာရဝရှင်သန်ခြင်း”

ရှစ်ဖုန့်က ယဇ်ပူဇော်ခန်းမ အထက်ရှိလေထဲတွင်လွင့်မျောနေသည်။

သူ၏သွေးနီရောင်ချပ်ဝတ်က

ပျေက်ကွယ်သွားပြီး အနက်ရောင်ဝတ်ရုံအဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။သူ၏ သူ၏လက်တို့ဖြင့် မုဒြာလက်ဟန်များကို ဖော်ပြီး  အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။

ထို့နောက်တွင် သူ၏ဒဏ်ရာများအားကုသရန်

အတွက်ငရဲဘုံကိုးခု ပညာရပ်အား အဆက်မပြတ်လှည့်ပတ်လိုက်သည်။

အချိန်များဖြည်းညှင်းစွာကုန်လွန်သွားသည်။ ယဇ်ပူဇော်ခန်းမခေါင်မိုးရှိအ

ပေါက်မှဖြတ်သန်း၍ ပြင်ပတွင်ရှိနေသောကောင်းကင်က  မှောင်မိုက်နေသည်ကို မြင်တွေ့ရနိုင်သည်ဖြစ်သည်။ ညကောင်းကင်ယံတွင်ကြယ်

တို့ဖြင့်ပြည့်နှက်နေသည်။

ငရဲဘုံကိုးခု ပညာရပ်နှင့်ဆေးလုံးများအကူအညီဖြင့်  ရှစ်ဖုန့်၏ဒဏ်ရာများမှာကောင်းမွန်လာခဲ့သည်။ အသွေးအသားအသစ်များပင် ဖြည်းဖြည်းချင်းဖြစ်ပေါ်လာသည်။ တူးခြစ်အောင်လောင်ကျွမ်း

ခံရသောသူ၏ခေါင်းထက်ရှိဆံပင်တို့ပင်  အနက်ရောင်ဆံပင်ရှည်တို့အဖြစ်ပြန်လည်၍ ရှည်လျားလာသည်။သူက တည်ငြိမ်ချောမောခန့်ညားသော  လူတစ်ယောက်ထပ်မံ၍ဖြစ်လာသည်။

သူ၏အရေပြားအသစ်များ

ပင်ယခင်ထက်ပိုမိုချောမွတ်

၍ကြည်လင်သန့်ရှင်းလာသည်။

မြွေလူသားနယ်မြေအတွင်းရှိနေကြသော မြွေလူသားများမှာ ယဇ်ပူဇော်ခန်းမက တိတ်ဆိတ်ငြိမ်ကျသွားသည်ကို   ဖြည်းဖြည်းချင်းသဘောပေါက်လာသည်။ ယဇ်ပူဇော်ခန်းမအတွင်းမှ

ဆုတ်ခွာလာကြသော အရေးကြီးသည့်ပုံရိပ်များမှာ

သိချင်စိတ်များဖြင့် ယဇ်ပူဇော်ခန်းမဆီသို့ ပြန်ရောက်လာကြသည်။

ထို့နောက်တွင်ယဇ်ပူဇော်ခန်းမ

အတွင်းမြေပြင်ထက်၌ ကြီးမားသောပင့်ကူအိမ်ကဲ့သို့ဖြစ်နေသည့် အက်ကွဲကြောင်းများကိုသူ

တို့မြင်တွေ့လိုက်ကြရသည်။ ၎င်းက လုံးဝကို ရှုပ်ပွနေပြီး ထိုနေရာ၌ ကြီးမားသောတိုက်ပွဲတစ်ခု သို့မဟုတ်ကြီးမားသောကပ်ဘေးတစ်ခု ကျရောက်ခဲ့သကဲ့သို့ပင်ဖြစ်သည်။

ယဇ်ပူဇော်ခန်းမအတွင်းတွင် ရှစ်ဖုန့်တစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့သည်။သူ၏လက်တို့အား မုဒြာဟန်များကို ပြုလုပ်၍ လေထဲတွင်ဆိတ်ငြိမ်စွာလွင့်မျောနေပြီး   သူ၏မျက်လုံးတို့အား  အနည်းငယ်ပိတ်ထားသည်။

များစွာသောလူတို့မှာ ယဇ်ပူဇော်ခန်းမဝန်းကျင်အား တစ်ချက်ကြည့်လိုက်ကြပြီး

ခန်းမအတွင်း၌  ရှစ်ဖုန့်တစ်ယောက်တည်း

ကျန်ရစ်နေသည်ကိုတွေ့လိုက်ရသည်။ နတ်ဆရာမကြီးနှင့် မင်းသမီးဇီယာတို့ပျောက်ဆုံး

နေသည့်အတွက်သူတို့မ

နေနိုင်ဘဲစိတ်ပူမိသွားသည်။

၎င်းတို့အနေဖြင့် မည်သည့်နေရာသို့သွားခြင်း သို့မဟုတ် ဘာတွေလုပ်နေခြင်းဆိုသည်အား သူတို့မသိကြချေ။ဤမြွေလူသားများ ခန်းမအတွင်းမှဆုတ်ခွာလစဉ်ကတည်းက  နေရာတစ်ခုလုံးက ဝရုန်းသုဉ်းကားဖြစ်နေခဲ့ပြီးဖြစ်သည်။ နတ်ဆိုးချီတို့ကောင်းကင်ထဲ

သို့ထိုးတက်လာသောအခါတွင် သွေးနီရောင်အလင်းတစ်ခု

လင်းလက်လာပြီးနောက်

ပျောက်ကွယ်သွားသည်ကို လူအများအပြားမြင်တွေ့ခဲ့ကြသည်။

သို့သော် ၎င်းတို့အနေဖြင့်ဘယ်ရောက်

သွားသည်ကိုသူတို့မသိကြချေ။

သွေးနီရောင်အလင်းက မည်သည့်နေရာမှ လာသည်ဆိုသည်အားသူတို့မသိကြချေ။ လူအများစုမှာ ၎င်းမှာ ကြယ်ခြောက်ပွင့်အမှောင်ရှေး

ဟောင်းအစီအရင်ထံမှနတ်ဆိုးအား ဖိနှိပ်ရန်အတွက် ထွက်ပေါ်လာ

ခြင်းဖြစ်သည်ဟု သံသယရှိနေကြသည်။

စိတ်မချမ်းမြေ့မှုနှင့်  ဝမ်းနည်းမှုများက   မြွေလူသားများကြား တွင် ရုတ်တရက်ပျံ့နှံ့လာသည်။

မြွေလူသားများက ခန်းမအတွင်းသို့ဝင်လာခြင်းနှင့် သူ၏ဒဏ်ရာများ၏ပြန်လည်ကောင်းမွန်လာမှုတို့အား အာရုံခံမိပြီးသည့်နောက်

ရှစ်ဖုန့်က သူ၏မျက်လုံးတို့အားဖြည်း

ညှင်းစွာဖွင့်လိုက်ပြီး သိပ်မဝေးသောနေရာတွင်ရှိနေသော မြွေလူသားများအား ငုံ့ကြည့်လိုက်သည်။

“အရှင် ရှစ်ဖုန့်”

ရှစ်ဖုန့်ကသူ၏မျက်လုံးအားဖွင့်လိုက်သည်ကို တွေ့လိုက်ရသောအခါတွင်  သက်လက်ပိုင်းအရွယ်မြွေ

လူသားတစ်ယောက်က ရှေ့သို့တက်လာပြီး ရှစ်ဖုန့်အား လူသားမျိုးနွယ်၏ ဓလေ့ထုံးတမ်းအတိုင်း ဦးညွှတ်ဂါရဝပြုလိုက်သည်။

“နတ်ဆရာမကြီးနဲ့ ဇီယာတို့  ဘယ်မှာလဲဆိုတာကို ကျွန်ုပ်မေးခွင့်ရှိနိုင်မလား.. ကျေးဇူးပြုပြီးကျွန်ုပ်တို့ကို အမှန်ပြောပြပေးပါ”

မြွေလူသားများအားကြည့်လိုက်ပြီး သူတို့၏မျက်နှာထက်ရှိ စိုးရိမ်မှုများအားတွေ့လိုက်ရသောအခါတွင်  ရှစ်ဖုန့်က ဖြည်းညှင်းစွာပြောလိုက်သည်။

“စိတ်မပူပါနဲ့  နတ်ဆရာမကြီးနဲ့ ဇီယာတို့ အခုလုံခြုံပါတယ်”

ရှစ်ဖုန့်စကားပြောပြီးနောက် သွေးနီရောင်အလင်းနှစ်ခုက ပျက်ဆီးနေသော အနက်ရောက်မြေပြင်ပေါ်တွင်

ရုတ်တရက်လင်းလက်လာပြီး  ပုံရိပ်နှစ်ခုပေါ်လာသည်။သူတို့က  မြွေလူသားတို့၏နတ်ဆရာမကြီးနှင့် ဇီယာတို့ဖြစ်ကြသည်။

ဇီယာမှာမြေပြင်ထက်တွင် တင်ပျဉ်ခွေထိုင်နေဆဲဖြစ်သည်။ နတ်ဆရာမကြီးမှာအံ့အားသင့်စွာဖြင့်  ဘေးပတ်ဝန်းကျင်အားကြည့်လိုက်သည်။ ယဇ်ပူဇော်ခန်းမက ဖရိုဖရဲဖြစ်နေသော်လည်း သူမအနေဖြင့် ယဇ်ပူဇော်ခန်းမအတွင်းသို့ပြန်လည်၍ ရောက်ရှိနေဆဲဖြစ်ကြောင်းကို  မှတ်မိသည်ဖြစ်သည်။

ထို့နောက်တွင် အဘွားအိုက သူမခေါင်းအား မော့လိုက်ပြီး ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသော အနက်ရောက်ပုံရိပ်အားကြည့်လိုက်သည်။ ယဇ်ပူဇော်ရှေးဟောင်းခန်းမအတွင်းရှိ   မြင်ကွင်းများအားကြည့်ကာ ဤနေရာ၌ ကြီးမားသောတိုက်ပွဲကြီး

တစ်ခုဖြစ်သွားခဲ့သည်ကို  အဘွားအိုသိလိုက်သည်ဖြစ်သည်။

ထို့နောက်တွင် ဟင်းလင်းပြင်ထဲ၌ ပကတိအတိုင်းပုံစံရှိကာလွင့်မျောနေသော  ရှစ်ဖုန့်အားကြည့်ရင်း  ရလဒ်အား အဘွားအိုအနေဖြင့်  ခပ်ယဲ့ယဲ့ခန့်မှန်းမိပြီးဖြစ်သည်။

“အရှင်ရှစ်ဖုန့် ကျွန်မတို့မျိုးနွယ်စုက ဖိနှိပ်ထားခဲ့တဲ့နတ်ဆိုးက ဘာတွေဖြစ်သွားခဲ့ပါသလဲ”

နတ်ဆရာမကြီးမှာ  ရလဒ်ကိုသိထားပြီးဖြစ်သော်လည်း သူမအနေဖြင့် မေးလိုက်ဆဲဖြစ်သည်။ ကြယ်ခြောက်ပွင့်အမှောင်

ရှေးဟောင်းအစီအရင်မှာ  ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ယင်းမှာ နဂိုအတိုင်းပြန်လည်၍မဖြစ်နိုင်တော့ပေ။

နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးသည့်နောက်တွင် နတ်ဆရာမကြီးမှာ သူမဘိုးဘေးတို့ ဖိနှိပ်ထိန်းချုပ်ထားခဲ့သော နတ်ဆိုးအားမေ့သွားခဲ့သည်။

သူမတို့အနေဖြင့်ကပ်ဆိုးကြီးတစ်ခုအား  ဖြစ်စေခဲ့လုနီးပါးဖြစ်ခဲ့ပြီး သူမအား မြွေလူသားတို့၏ ငမိုက်သားတစ်ယောက်အ

ဖြစ်ဖြစ်စေခဲ့သည်ဖြစ်သည်။

“ခင်ဗျားမြင်တဲ့အတိုင်းပဲ  နတ်ဆိုးက ပျောက်ကွယ်သွားပြီ ဒီသခင်လေးက သူ့ကို လုံးဝဖျက်ဆီးပစ်လိုက်ပြီ”

ရှစ်ဖုန့်က အေးအေးဆေးဆေးပင် မြွေလူသားများအားပြောလိုက်သည်။

ထိုနတ်ဆိုးကတကယ့်ကိုလုံး

ဝပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

နတ်ဆိုးမျက်လုံးက  တိုက်စားခြင်း မိစ္ဆာမျက်လုံးဖြင့်  ပေါင်းစည်းသွားခဲ့သည်။နတ်ဆိုး

မျက်လုံးအတွင်းတွင်ရှိနေသော နတ်ဆိုးဝိညာဉ်က ထိုအချိန်တုံးက တိုက်စားခြင်းမိစ္ဆာမျက်လုံးကဲ့သို့ပင် တူညီစွာဖြစ်သွားခဲ့သည်ကို ရှစ်ဖုန့်အာရုံခံမိပြီးဖြစ်သည်။ ယင်းက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏  အမြစ်ပျက်ချေမှုန်းသုတ်သင်မှုကိုခံလိုက်ရပြီး  ယခုအခါ၌ သူ၏ အသုံးပြုမှုကိုခံရပြီဖြစ်သည်။

“တို့ဘိုးဘေးတွေ ဖိနှိပ်ထိန်းချုပ်ထားခဲ့တဲ့  နတ်ဆိုးက တကယ်ကြီးအရှင်ရှစ်ဖုန့်ဖျက်

ဆီးတာကိုခံလိုက်ရတယ်…အရှင်ရှစ်ဖုန့်က တို့မြွေလူသားတွေကို ကယ်တင်ခဲ့တာပဲ”

“အရှင်ရှစ်ဖုန့်ငါတို့မျိုးနွယ်စုဆီကိုလာတာက ငါတို့အတွက် ကံကောင်းတာပဲ ..အဲ့လိုသာမဟုတ်ခဲ့ရင်  ဖြစ်လာမဲ့အကျိုးဆက်တွေက စိတ်ကူးကြည့်လို့တောင်မရနိုင်ဘူး”

မြွေလူသားများမှာ ထိန်းနိုင်ခြင်းမရှိဘဲတစ်ယောက်ပြီးတစ်ယောက် အံ့အားသင့်စွာပြောကြသည်။ရှစ်ဖုန့်အား လူသားတစ်ယောက်ဖြစ်နေခြင်းကြောင့်စပ်ဆုတ်နေကြသော  မြွေလူသားအဖွဲ့ဝင်များပင် ယခုအခါ၌သူ့အားလေးစားခြင်းကျေးဇူးတင်ခြင်းများဖြင့် ကြည့်နေကြသည်။ဤလူသားမှာ ယခုအချိန်၌ မြွေလူသားမျိုးနွယ်တွက်

သူရဲကောင်းပင်ဖြစ်သည်။

နတ်ဆိုးကမွေးဖွားလာချိန်တွင်  နတ်ဆိုးမြူများကတစ်ဟုန်ထိုးထွက်လာပြီး ထုတ်လွှတ်နေသော စွမ်းအားကြီးစွမ်းအားက သူတို့အားမွန်းကျပ်မှုကိုပေးစွမ်းလေသည်။သူတို့အနေဖြင့် ၎င်းအား ရင်ဆိုင်နိုင်စွမ်းမရှိခဲ့ပေ။ထို့အပြင် ဤသည်မှာ ရှေးယခင်ကာအချိန်ကတည်းက သူတို့၏ဘိုးဘေးဘီဘင်များက ဖိနှိပ်ထိန်းချုပ်ထားခဲ့သော နတ်ဆိုးပင်ဖြစ်သည်။၎င်းအားဖိနှိပ်ရန်အတွက်သူတို့အနေဖြင့် ကြယ်ခြောက်ပွင့် အမှောင်ရှေးဟောင်းအစီအရင်ကိုပင် အသုံးပြုခဲ့ရသည်။

ဇီယာ၏ အမကြီးဖြစ်သော ဇီလင်း၏မျက်နှာထက်တွင်

ခက်ခဲရှုပ်ထွေးသောအမူအယာ

တို့ဖြစ်ပေါ်နေသည်။အခြားသော

မြွေလူသားများကဲ့သိုပင် သူမအနေဖြင့် လေးစားခြင်းကျေးဇူးတင်ခြင်း

များဖြစ်ပေါ်သော်လည်း  စိုးရိမ်ပူပန်မှုလည်းဖြစ်မိသည်ဖြစ်သည်။ဤကဲ့သို့ကောင်းကင်ဘုံ၏ ဂုဏ်ယူရသော သားတော်တစ်ပါးကဲ့သို့ ယောက်ျားတစ်ယောက်က  သူမ၏ စတုတ္ထညီမလေးအား နှစ်သက်နိုင်ပါမည်လော။

“အရှင်ရှစ်ဖုန့် ကျွန်မတို့မြွေလူသားမျိုးနွယ်စုကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးပြုပြီး ကျွန်မတို့မြွေလူသားတွေရဲ့ဦးညွှတ်ဂါရဝပြုမှုကို လက်ခံပေးပါ”

နတ်ဆရာမအိုကြီး၏ မျက်နှာထက်တွင် ကျေးဇူးတင်ရှိြခင်းများဖြင့်ပြည့်နှက်နေသည်။

သူမ၏အောက်ဘက်ရှိမြွေမြှီး

အားကွေးညွှတ်လိုက်သည်။သူမ၏အသွင်အပြင်နှင့် အရပ်အမြင့်အရ လူသားတစ်‌ယောက် က ဒူးနှစ်ဖက်စလုံးအားထောက်ထား

သကဲ့သို့ပင်ဖြစ်သည်။ ထို့နောက်တွင် သူမ ၏အပေါ်ပိုင်းကိုယ်ကလည်း သဟဇာတဖြစ်အောင်လိုက်ပါလာသည်။

“အရှင်ရှစ်ဖုန့် ကျေးဇူးပြုပြီး ကျွန်ုပ်တို့ဘိုးဘေးတွေရဲ့ ဦးညွှတ်ဂါရဝပြုမှုကို လက်ခံပေးပါ”

“အရှင်ရှစ်ဖုန့် ကျေးဇူးပြုပြီး ကျွန်ုပ်တို့ဘိုးဘေးတွေရဲ့ ဦးညွှတ်ဂါရဝပြုမှုကို လက်ခံပေးပါ”

နတ်ဆရာမအိုကြိီးက ရှစ်ဖုန့်အား ဦးညွှတ်ဂါရဝပြုလိုက်ပြီးနောက် မြွေလူသားနယ်မြေအတွင်းရှိအခြားသော အရေးကြီးပုံရိပ်များကလည်း  နောက်ကလိုက်ပါ၍ ရှစ်ဖုန့်အား ကြည်ညိုမှုတို့နှင့်အတူ ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

“ကောင်းပြီ..ခင်ဗျားတို့အဲ့လို

လုပ်ပေးဖို့မလိုဘူး..”

ရှစ်ဖုန့်က မြွေလူသားမျိုးနွယ်များအားပြောလိုက်သည်။

“ဇီယာက ဒီသခင်လေးရဲ့မိတ်ဆွေလို့ဒီ

သခင်လေးပြောထားပြီးသား…ခင်ဗျားတို့အားလုံးပဲ ထကြပါ”

ရှစ်ဖုန့်စကားပြောပြီးသည့်နောက်တွင် မြွေလူသားများက ဖြည်းညှင်းစွာထရပ်လိုက်ကြသည်။သို့သော် ရှစ်ဖုန့်အားသူတို့ကြည့်လိုက်ကြသောအခါတွင်သူတို့၏မျက်နှာထက်၌  လေးစားခြင်းနှင့် ကျေးဇူးတင်ရှိခြင်းများဖြင့်ပြည့်နှက်နေသည်။

မြွေလူသားများထံသို့ရှစ်ဖုန့်ကြည့်

လိုက်သောအခါတွင် ရုတ်တရက်ပြဿနာတစ်ခုအားသူတွေးမိသွားသည်။သူ၏ပန်းတိုင်က

မြွေလူသားနယ်မြေသို့ လာရောက်၍လည်ပတ်ရန်ဖြစ်သည်။

ဤမြွေလူသားများကြားထဲတွင် နတ်ဆရာမအိုကြီးအပြင်  ဘိုးဘေနယ်ပယ်ကျွမ်းကျင်သူအဆင့်၌ အခြားသောမြွေလူသားမည်သူ

ကိုမှသူမမြင်တွေ့မိပေ။

သူလိုအပ်သောဆေးအမယ်အတွက်  စာရင်းတွင်ရှင်းလင်းစွာရေးသားထားသည်ကား ဘိုးဘေးနယ်ပယ် မြွေလူသား

အမျိုးသမီးငယ်၏ သွေးဟုရေးထားသည်ဖြစ်သည်။

ထိုထက်ပိုသည်ကား သူမအနေဖြင့်အပျိုစင်ဖြစ်ရမည်ဟု

မိုယန်က ညွှန်းဆိုထားသေးသည်ဖြစ်သည်။

ထို့နောက်တွင်ရှစ်ဖုန့်မှာသူ့

အနေဖြင့်ပြဿနာအား မျက်စိလျှမ်းသွားသည်ကိုသ

ဘောပေါက်လိုက်သည်။မိုယန်၏စာရင်း၌ ဘိုးဘေးနယ်ပယ်မြွေလူသားမိန်းမငယ်လေး၏သွေးဖြစ်ရမည်ဟုရေးထားသည်ဖြစ်၏။ ဤမိန်းကလေးက အသက်ဆယ့်ရှစ်နှစ်

အောက်ဖြစ်လိမ့်မည်ဖြစ်သည်။

ဤသဲကန္တာရထဲတွင် ဘယ်လိုလုပ်ပြီး အသက််ဆယ့်ရှစ်နှစ်အောက်

ငယ်ရွယ်သောမြွေလူသားတစ်ယောက်မည်ကဲ့သို့ရှိနိုင်ပါမည်နည်း။

ဤလူများကြားထဲ၌ သက််လက်ပိုင်းအရွယ် မြွေလူသားများ၏ အမြင့်ဆုံး ကျင့်ကြံမှုနယ်ပယ်သည်ပ်လျှင် အင်ပါယာနယ်ပယ်၌သာရှိသည်ဖြစ်သည်။

ရှစ်ဖုန့်က ဖြည်းဖြည်းချင်းသက်ဆင်းလာပြီး နတ်ဆရာမအိုကြီး၏နံဘေးတွင်ဆင်းသက်လိုက်သည်။မိုယန်၏စာရင်းရှိ ဆေးအမယ်အကြောင်းအား တွေးမိသောအခါတွင် ရှစ်ဖုန့်၏မျက်နှာထက်၌အနည်းငယ် ကသိကအောင့်နိုင်သောအမူအယာပေါ်လာပြီး နတ်ဆရာမအိုကြီးအားမေးလိုက်သည်။

“ခင်ဗျားတို့ မြွေလူသားမျိုးနွယ်မှာ ခင်ဗျားအပြင် ဘိုးဘေးနယ်ပယ်ထဲမှာရှိနေတာ အခြားဘယ်သူတွေရှိသေးလဲ..

အထူးသဖြင့်ဘိုးဘေးနယ်ပယ်ထဲကို ဝင်ရောက်နေတဲ့မိန်းမငယ်လေး

တွေများဒီမှာရှိသလား”

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters