← Chapters

သတ္တမ ဝိညာဉ်ခန္ဓာ

Vol. 38 Ch. 527

သတ္တမ ဝိညာဉ်ခန္ဓာ

Vol. 38 Ch. 527

အဝေးမှကြည့်လျှင် မန်ဟိုကို ဧရာမလက်ကြီးဖြင့် နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။ သူ့မှာ အမှန်တကယ် ပိုးကောင်တစ်ကောင်နှင့် တူချေသည်။

သို့သော် ဘယ်သူက ထိုအခြင်းအရာကို ဂရုစိုက်မည်နည်း။

မန်ဟို၏လက်သီး ဧရာမလက်ချောင်းကြီးကို ထိုးချလိုက်သောအခါ အလွန်ကျယ်လောင်သော ပေါက်ကွဲမှုကြီးက ကောင်းကင်နှင့် ခရမ်းပင်လယ်ကြီးကို တုန်ခါသွားစေသည်။ လှိုင်းလုံးကြီးများ ပင်လယ်ရေပြင်တစ်လျှောက် ရိုက်ခတ်သွား၏။ မှန်သည်၊ မန်ဟိုတစ်ယောက်သာ ထိုနေရာတွင် ရှိနေလေသည်။ တခြားသူတစ်ယောက်သာ မြင်တွေ့လျှင် ဘဝ‌တွင် မြင်ခဲ့ဖူးသမျှထဲ တုန်လှုပ်စရာအကောင်းဆုံးအရာဖြစ်‌သွားနိုင်သည်။

အုန်းခနဲ ဟိန်းထွက်သွားစဉ် မန်ဟို၏ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူ့မှာ နောက်သို့ ဒလိမ့်ခေါက်ကွေးလွင့်ထွက်သွားသော်လည်း သူ၏ရယ်သံကြီးကတော့ ပတ်ဝန်းကျင်တွင် ဆက်လက် ပဲ့တင်ထပ်နေဆဲပင်။

သူက တဟားဟားရယ်ရင်း ခုနစ်ရောင်လက်ချောင်းကြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားသည်ကို မော့ကြည့်လိုက်သည်။ အဆုံးမရှိသော ခုနစ်ရောင် လျှပ်စီးစက်ဝန်းပြတ်များဖြင့် ဖွဲ့စည်းထားသော ခုနစ်ရောင်မိုးကြိုးကန်ကြီးတစ်ကန် ဖြစ်ပေါ်လာသည်။ လျှပ်စီးစက်ဝန်းပြတ်အတော်များများက မန်ဟို၏ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်လာသည်။ မန်ဟို ဟားတိုက်ရယ်နေသည့်အချိန်မှာပင် ပြစ်ဒဏ်မိုးကြိုးကား....

အပြီးတိုင် ဖျက်စီးခံလိုက်ရလေပြီ။

ပဲ့တင်သံကြီး အဆက်မပြတ်သေးစဉ် ခေါင်းအထက်ရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှာ ပါးလာပြီး လွင့်စ‌င်ပြိုကွဲတော့မည့်ပုံရသည်။ ကြည့်ရသရွေ့ ဤပြစ်ဒဏ်မိုးကြိုးမှာ မန်ဟို့အတွက် ကျော်လွှားရန် အတော်လေး ရိုးရှင်းနေသယောင်ပင်။

အမှန်အားဖြင့် ထိုသို့မဟုတ်။ ၎င်းသည် ယခင်ပြစ်ဒဏ်များထက် အဆများစွာ ပိုပြင်းထန်ခဲ့၏။ သို့သော် မန်ဟိုသည် နှစ်တစ်ရာကျော် တံခါးပိတ်ကျင့်ကြံခဲ့ပြီး‌‌ တောင်းကောင်းကင်ဂြိုဟ်၏ ‌လူလောကတွင် ထိပ်ဆုံးနီးပါး တိုးတက်လာခဲ့သည်မဟုတ်ပါလော။ ၎င်းက .. ပြစ်ဒဏ်မိုးကြိုးနှင့်ပတ်သက်သော မန်ဟို၏ခံစားချက်အပေါ် သက်ရောက်မှုရှိလေသည်။

မန်ဟို ပါးစပ်မှ သွေးများကို သုတ်လိုက်သည်။ ဆဋ္ဌမဝိညာဉ်ခန္ဓာတွင် သူသည် အသန်မာဆုံးဖြစ်၏။ သူသည် လေလယ်တွင် တခဏ တန့်နေပြီးနောက် အောက်သို့ ခြေဆောင့်နင်းလိုက်ပြန်သည်။ ဘန်းခနဲ အသံကြားလိုက်ရစဉ် သူကား ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များထံသို့ ပျံတက်သွားပြီဖြစ်သည်။

ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ ယခုကဲ့သို့ ပြန့်ကားလာသောအခါ ၎င်းတို့၏အဖျက်အစီးစွမ်းအားသည် တကယ်တမ်း ပိုမိုပြင်းထန်လာကြောင်း မန်ဟိုသိလေသည်။ ၎င်းတို့မှာ လွင့်စင်ပြိုကွဲနေပုံရသော်လည်း အမှန်တွင် ... သူသာ အမှုမဲ့အမှတ်မဲ့ ဖြစ်သွားပါက သေချာပေါက်‌ သေဆုံးသွားမည်ဖြစ်သည်။

မန်ဟို တိုက်ခိုက်ရန် တက်လာသော အခိုက်အတန့်တွင် ပါးနေပြီဖြစ်သော မိုးကြိုးတိမ်တိုက်များမှ ထစ်ချုန်းသံကြီးတစ်သံ ကြားလိုက်ရသည်။ ရုတ်တရက် တိမ်တိုက်အားလုံးက လျင်မြန်စွာ ကျုံ့လာကာ... ကြောက်မက်ဖွယ်ရာလက်သီးကြီးအား ဖန်တီးလိုက်သည်။

လက်သီးကြီးသည် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များဖြင့် လုံးဝဥဿုံဖွဲ့စည်းထား၍ အထဲ၌ မရေမတွက်နိုင်သော မိုးကြိုးတန်းများ လည်နေလေသည်။ အရောင်ခုနစ်ရောင်ကား ဟိုဟိုသည်သည် စီးဆင်းနေ၏။ ဤသည်မှာ မိုးကြိုးမဟုတ်တော့.... ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ၏ တိုက်ရိုက်စွမ်းအား ဖြစ်ချေသည်။

ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ အတူတကွ စုပေါင်းကာ ရှိရှိသမျှ အရာအားလုံး သုတ်သင်ဖယ်ရှားပစ်မည့် ကောင်းကင်မိုးကြိုးကြီးအား ဖန်တီးခဲ့လေပြီ။

မန်ဟိုသည် ဧရာမလက်သီးကြီးအသွင် ပြောင်းသွားခဲ့သည့် တလိပ်လိပ်ထနေသော ပြစ်ဒဏ်မိုးကြိုးများကို မော့ကြည့်ရင်း တဟုန်ထိုး သွားနေ၏။ ထိုအတွင်းမှ အဖျက်အဆီးစိတ်ဆန္ဒကို သိသိသာသာ အာရုံရ‌နေလေသည်။

သူသည် မျက်လုံးများ တလက်လက် တောက်ပနေလျက် ဘယ်လက်ဖြင့် အောက်ရှိ ပင်လယ်ကြီးကို လက်ညှိုးထိုးလိုက်သည်။

"ခရမ်းပင်လယ်"

ခရမ်းပင်လယ်သည် သူ၊ သူသည် ခရမ်းပင်လယ်ဖြစ်၏။

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် အနောက်ပိုင်းသဲကန္တာရဖြစ်သော ခရမ်းပင်လယ်တစ်ခုလုံး ရုတ်တရက် လှုပ်ရှားလာသည်။ အလွန်ကြီးမားသော ဝဲကြီး တဝေါဝေါ လည်လာကာ ဧရာမလှိုင်းလုံးကြီးများ ပင်လယ်ရေမျက်နှာပြင်တစ်လျှောက် တလိပ်လိပ် ရိုက်ခတ်သွားစေ၏။

ဝဲကြီး၏အလယ်၊ မန်ဟို၏ အောက်တည့်တည့်တွင် ဧရာမရေတိုင်လုံးကြီးတစ်လုံး ဝုန်းခနဲ မြင့်တက်လာ၏။ ၎င်းသည် မီတာထောင်ပေါင်းများစွာ ကျယ်ပြီး မန်ဟို့ကို ၎င်း၏ဗဟိုတွင် ထားလျက် လေထဲသို့ ထိုးတက်လာလေသည်။

ရေတိုင်ကြီး အပေါ်သို့ ထိုးတက်သွားသဖြင့် ‌ခရမ်းပင်လယ်ရေမျက်နှာပြင်မှာ ‌လျော့ကျသွားသည်။ တစ်ချိန်တည်းမှာပင် မန်ဟို၏ညာလက်ခလယ်က အောက်သို့ ညွန်လိုက်၏။

"တစ္ဆေတွေ"

ပျက်သုဉ်းခြင်းကပ်ဘေးအတွင်း သေဆုံးသွားခဲ့‌သော ကမ္ဘာသစ်မိစ္ဆာများနှင့် ကျင့်ကြံသူများသည် ယခုတွင် တစ္ဆေများအဖြစ် ခရမ်းပင်လယ်ကြီးကို ကပ်တွယ်လျက် နေထိုင်ကြနေကြ၏။ လောလောဆယ်တွင် ၎င်းတို့မှာ မန်ဟို၏ဆင့်ခေါ်မှုကြောင့် အရပ်မျက်နှာအနှံ့မှ အပြေးအလွှားလာနေကြသည်။ ၎င်းတို့က ပင်လယ်ရေတိုင်ကြီးအတွင်းသို့ တက်လာကြကာ အပြည့်နေရာယူ‌သွားကြပြီး ဝိညာဉ်တိုင်ကြီး ဖြစ်လာ၏။

သို့ရာတွင် ထိုဝိညာဉ်က တစ်ပိုင်းတစစီသာဖြစ်ပြီး အစစ်အမှန်ဝိညာဥ်ကား ...... မန်ဟိုပင်။

‌ဗွမ်း

မီတာထောင်ချီ ကျယ်ဝန်းသော ပင်လယ်ရေတိုင်ကြီးက မန်ဟို့ကို ကျော်ဖြတ်ရင်း ဧရာမလက်ကြီးတစ်ဖက်သဖွယ် မှော်ဆန်ဆန် အသွင်ပြောင်းသွားသည်။

ခရမ်းရောင်လက်သီးနှင့် ခရမ်းရောင်လက်မောင်း။ ၎င်းမှာ....ခရမ်းပင်လယ်ကြီး၏လက်ကြီးအလားပင်။

အဝေးမှ တစ်စုံတစ်ယောက်သာ ကြည့်နေခဲ့လျှင် ဆွေမျိုးမေ့လောက်သည်အထိ အံ့ဩမှင်သက်ကာ ဤမြင်ကွင်းကြီးကို ဘဝတစ်လျှောက်လုံး မေ့နိုင်လိမ့်မည်မဟုတ်ပေ။

သူတို့မြင်ရသည်မှာ  မိုးကောင်းကင်၏စိတ်ဆန္ဒကို ကိုယ်စားပြုသော ပြစ်ဒဏ်မိုးကြိုးလက်သီးကြီးဖြစ်သည်။ နောက်လက်သီးကြီးတစ်လုံးက ပျက်သုဉ်းခြင်းနှလုံးသားကို ကိုယ်စားပြုလျက် ပင်လယ်အတွင်းမှ ထိုးထွက်လာနေသည်။ တစ်လုံးက အပေါ်မှ  ထိုးဆင်းလာ၏။ တစ်လုံးက ပင်လယ်မှ မြောက်တက်လာ၏။ ထို့နောက် လေအလယ်တွင်.... တစ်လုံးကို တစ်လုံး ဝင်တိုက်လိုက်လေပြီ။

ဘန်း

အသံကြီးက အရပ်လေးမျက်နှာသို့ ရိုက်ညောင်းသွား၏။ ‌ကောင်းကင်နှင့်မြေပြင်သည် တသိမ့်သိမ့် တုန်ခါလာပြီး ခရမ်းပင်လယ်ကြီးမှာ ဟိုဟိုသည်သည် လှုပ်ရမ်းသွားတော့သည်။ ဤမြင်ကွင်းမှာ ဖော်ပြ၍မရလောက်အောင်အထိ ရင်သပ်ရှုမောဖွယ် ကောင်းလေသည်။

ပြစ်ဒဏ်မိုးကြိုးကို ဤနည်းဖြင့် ကျော်လွှားခြင်းမှာ တစ်ခါမှ မကြုံစဖူး၊ မမြင်စဖူးဖြစ်၏။

မန်ဟိုမတိုင်ခင်က ဘယ်သူမှ ဤကဲ့သို့ မလုပ်ခဲ့ဖူးပေ။ ယနေ့နောက်ပိုင်းတွင်လည်း ထိုသို့လုပ်နိုင်သည့်သူ ရှိလာလောက်မည်မဟုတ်။

ခရမ်းပင်လယ်၏ စိတ်ဆန္ဒမှာ ပြစ်ဒဏ်မိုးကြိုးကို သုတ်သင်လိုက်သော လက်ကြီးတစ်ဖက် ဖြစ်သွားခဲ့သည်။ လက်ကြီးတွင် အဖျက်အဆီးစွမ်းအား၏အထွတ်အထိပ်၊ မိစ္ဆာကြီးတစ်ကောင်ပိုင်ဆိုင်သော စွမ်းအားကြီးတစ်ရပ် ပါဝင်သည်။ မန်ဟိုသာ မိစ္ဆာဝိညာဉ်ကူးပြောင်းခြင်းမလုပ်ဆောင်ခဲ့လျှင် ဘယ်တော့မှ ယခုကဲ့သို့ လုပ်နိုင်မည်မဟုတ်ပေ။

ရုတ်တရက် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှ မိုးခြိမ်းသံများ ကြားလိုက်ရသည်။ တိမ်တိုက်များအတွင်းရှိ မိုးကြိုးများ ပေါက်ကွဲသွားကာ ပင်လယ်ရေပြင်ထက်ရှိ အခြေစိုက်စခန်းဆယ်ခုမှပင် ပြတ်ပြတ်သားသားကြားရနိုင်သော မိုးထစ်ချုန်းသံကြီးတစ်သံဖြစ်လာသည်။

မရေမတွက်နိုင်သော မိုးကြိုးတန်းများက သုတ်သင်ခြင်းစွမ်းအားဖြင့် ထိတွေ့ပြီး လျှပ်စီးစက်ကွင်းများအဖြစ် ပြိုကွဲသွားသည်။ လျှပ်စီးများက ခရမ်းပင်လယ်အတွင်း ကျဆင်းကာ တစ္ဆေအပေါင်းအား ချုပ်ငြိမ်းပျောက်ကွယ်ကုန်စေ၏။ လျှပ်စီးတချို့မှာ မန်ဟို၏ကိုယ်ထဲ ဝင်ရောက်ကာ အပြည့်နေရာယူသွားသည်။

နောက်ဆုံးလက်ကျန်မိုးကြိုး‌ လွင့်စင်သွားသောအခါ မည်သည့်လက်သီးကိုမှ မမြင်ရတော့ပေ။ မိုးကြိုးသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ ပြစ်ဒဏ်မိုးကြိုးမှာ မန်ဟိုကို မဖျက်စီးနိုင်တော့သည့်အတွက် ဆုတ်ခွာရန် ရွေးချယ်လိုက်ပုံရသည်။

မန်ဟို အထဲ၌ရှိသော ခရမ်းပင်လယ်လက်ကြီးမှာ စိတ်ဝိညာဉ်မရှိတော့သည့်အလား၊ စိတ်ဆန္ဒကုန်ခမ်းသွားသည့်အလား ပြိုကွဲပြီး ပင်လယ်အတွင်း ပြန်ပြိုကျသွားသည်။ ရေများက ပင်လယ်အထဲ ဝုန်းခနဲ ပြိုကျသွားသည့်အတွက် ၎င်းအား နောက်တစ်ဖန် လှိုင်းထသွားစေ၏။

မန်ဟို လေအလယ်တွင် ရပ်နေစဉ် လျှပ်စီးများက သူ၏ခန္ဓာကိုယ်တစ်လျှောက် ဖျစ်ဖျစ်ဖျောက်ဖျောက် မြည်လျက်ရှိ၏။ သူက သွေးအလုပ်ကြီးတစ်လုပ် အန်ပြီးနောက် ပင်လယ်ထဲ ပြန်ကျသွားသည်။ ဗွမ်းခနဲ ရေထဲသို့ ကျခါနီးဆဲဆဲမှာပင် သူသည် ရေမျက်နှာပြင်ထက်တွင် ရပ်လိုက်၏။ မိုးကြိုးများက သူ၏ခန္ဓာကိုယ်အပေါ်တွင် ကခုန်လူးလွန့်နေသည်။ သူက မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။ ပျောက်ကွယ်နေသော ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များမှာ ရုတ်တရက် တုံ့ခနဲ ရပ်သွားလေသည်။

ပြစ်ဒဏ်မိုးကြိုးမှာ စွမ်းအားအနည်းငယ်ကျန်ရှိနေသေးပြီး နောက်ဆုံး‌သော မိုးကြိုးကို ပစ်ချလိုပုံပင်။

မန်ဟို၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံ စတင်လည်ပတ်လာသည်။ အပ်ထိပ်များဖြင့် ထိုးနေသကဲ့သို့ နာကျင်မှုက သူ၏ခန္ဓာကိုယ်ကို နှိပ်စက်နေပြီး သူ့မှာ နောက်ထပ် သွေးအနည်းငယ် အန်လိုက်ရပြန်သည်။ သို့သော် သူ သွေးအန်လိုက်သောအခါ ရုတ်တရက် စိတ်နှလုံး တုန်လှုပ်သွား၏။

အဘယ်ကြောင့်ဆိုသော် သူ စောစောက အန်လိုက်သော သွေးထဲတွင် လျှပ်စီးမီးပွားအမြောက်အမြားအား မြင်ရသည့်အတွက်ပင်။ သူ့မှာ ယခုတွင်... လူပုံစံမိုးကြိုးကြီးနှင့် တူနေပြီဖြစ်၏။

"လျှပ်စီး... မိုးကြိုး...." ခေါင်း‌အထက်ရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များနှင့် အရာအားလုံးကို လျစ်လျူရှုရင်း မန်ဟို တုန်လှုပ်သွားသည်။ ရုတ်တရက် အံ့ဩဖွယ်ကောင်းလှသော အကြံကြီးတစ်ခု ပေါ်ပေါက်လာသဖြင့် သူ၏စိတ်မှာ ကစ‌ဉ့်ကလျား ဖြစ်သွားလေ၏။

"မိုးကြိုး အရုပ်ဆေးမင်ကြောင်တစ်ခု ဖော်ဆောင်နိုင်တဲ့ စွမ်းအားသဘော... အဲ့ဒီလိုသာဆိုရင် ... အနုသုခုမရုပ်ခန္ဓာကိုလည်း ဖန်တီးပေးနိုင်တာပေါ့။ ငါ့ရဲ့ ခုနစ်‌ခုမြောက် အနုသုခုမရုပ်ခန္ဓာ....... မိုးကြိုးအနုသုခုမရုပ်ခန္ဓာ

"ငါ ခုနစ်ခုမြောက်မိုးကြိုးအနုသုခုမရုပ်ခန္ဓာကို တကယ် ဖန်တီးပြီး သတ္တမဝိညာဉ်ခန္ဓာထဲ ဝင်ရောက်နိုင်ရင်တော့ နှောင်းပိုင်းအထွတ်အထိပ်အဆင့် အနုသုခုမရုပ်ခန္ဓာ (၆၄) ခုနဲ့ ညီမျှတဲ့ အတိုက်အခိုက်စွမ်းရည်ကို ကိုင်စွဲနိုင်ပြီ

"မဟုတ်သေးဘူး မဟုတ်ဘူး။ ဒါက နှောင်းပိုင်းအထွတ်အထိပ်အဆင့် အနုသုခုမရုပ်ခန္ဓာတစ်ခုမဟုတ်ဘူး….. မဟာစက်ဝန်းဖြစ်လိမ့်မှာ” မန်ဟို အသက်ရှူသံများ မြန်လာသည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သိုလှောင်အိတ်အထဲ၌ ကျန်သမျှတစ်ရောင်ဝိညာဉ်ရယူ‌ခြင်းဆေးလုံးအကုန် ထုတ်လိုက်သည်။ ထို့နောက် အရန်အ‌နေဖြင့် တစ်လုံးပဲ ချန်ကာ ပါးစပ်အကုန်ထည့်လိုက်၏။

ဆေးလုံးများ သူ့ပါးစပ်ထဲ ဝင်သွားသည့်အခိုက်အတန့်တွင် ထူးဆန်းသော နတ်ဘုရားအာရုံတစ်ခု သူ၏ခန္ဓာကိုယ်အနှံ့အပြားသို့ စိမ့်ဝင်ရောက်သွားသည်ကို ခံစားလိုက်ရသည်။ ရုတ်တရက် သူ့မှာ တစ်ကိုယ်လုံးနာကျင်သွားလေသည်။

နာကျင်မှု ပေါ်လာစဉ် မိုးကြိုးမျှင်များ သူ့ထံမှ ညှစ်ထုတ်ခံလိုက်ရသည်။ မိုးကြိုးတွင် လက်ရှိပြစ်ဒဏ်မိုးကြိုးစွမ်းအားသာမက ပြီးပြည့်စုံသော ရွှေအမြုတေနှင့် ပြီးပြည့်စုံသောအခြေမှ အကြွင်းအကျန်များလည်း ပါရှိလေသည်။ မိုးကြိုးအားလုံးမှာ ညှစ်ထုတ်ခံရကာ သူ၏ဒန်တျန်နယ်ပယ်အတွင်းသို့ စုပ်ယူခံနေရ၏။

မျက်စိတ်တစ်မှိတ်အတွင်း လျှပ်စီးမီးပွားအားလုံး အတူတကွ စုစည်းလာသည်။ မန်ဟိုက ပင်လယ်ပြင်ထက်တွင် ချက်ချင်း တင်ပျဉ်ခွေထိုင်ချလိုက်သည်။ သူသည် ခေါင်းအထက်ရှိ ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များကို လျစ်လျူရှုပြီး တရားထိုင်ရာတွင် အာရုံအပြည့်အဝစိုက်ထား၏။ သူ၏ဒန်တျန်နယ်ပယ်တွင် စုဝေးလာသော လျှပ်စီးမီးပွားများ ပိုပို၍များပြားလာသည်။

ပတ်ဝန်းကျင်ရှိ လျှပ်စီးမိုးကြိုးများအားလုံး ရုတ်တရက် ရပ်တန့်သွားပြီး မန်ဟို့ကိုယ်အတွင်း စုပ်ယူခံလိုက်ရသည့်အလားပင်။ လေထဲရှိ မိုးကြိုးများသာမက၊ ပင်လယ်အထဲအရှိ မိုးကြိုးများပါ ပြိုးပြိုးပြက်ပြက်လက်လျက် လူးလွန့်လာပြီး မန်ဟို၏ခန္ဓာကိုယ်ကို ဖြတ်၍ ဒန်တျန်ထဲ ဝင်ရောက်လာသည်။

သူသည် ကိုယ်ခန္ဓာကို ဆေး‌ပေါင်းဖို၊ နှလုံးသားကို ဆေးဖော်နည်း၊ အသက်ကို မီးတောက်အဖြစ် အသုံးပြုကာ စတင်ဖော်စပ်တော့သည်။

ဖြစ်စဉ်ကား မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်း ဒန်တျန်ထဲရှိ မိုးကြိုးများမှာ ဧရာမအလုံးကြီးတစ်လုံးအဖြစ် စုစည်းသွားလေရာ မန်ဟို၏စိတ်ထဲတွင် ထစ်ချုန်းသံကြီး မြည်ဟည်းသွား၏။ မိုးကြိုးလုံးကြီးက တွန့်လိမ်လူးလွန့်လာပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားလေသည်။ ခုနစ်လက်မအရွယ် လူသေးသေးလေးတစ်ယောက် ပေါ်လာ၏။

ဤ‌လူလေးမှာ မည်သည့်နေရာကကြည့်ကြည့် မန်ဟိုနှင့် ချွတ်စွပ်တူလေသည်။ ဤသည်မှာ ကြက်ကန်းဆန်အိုးတိုးပြီး ဖော်‌စပ်နိုင်သွားသော ခုနစ်‌ခုမြောက် အနုသုခုမရုပ်ခန္ဓာ.... မိုးကြိုးအနုသုခုမရုပ်ခန္ဓာဖြစ်၏။

လူသေးသေးလေး ပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို၏ ကျင့်ကြံခြင်းအခြေခံသည် တစ်ဟုန်ထိုး မြင့်တက်သွားတော့သည်။ ဤသည်မှာ အနုသုခုမရုပ်ခန္ဓာအဆင့် နှောင်းပိုင်း၏အထွတ်အထိပ်မဟုတ်တော့ဘဲ ..... အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်သို့ ဖောက်ထွက်သွားခဲ့လေပြီ။

သူသည် အနုသုခုမရုပ်ခန္ဓာအဆင့် စွမ်းအားအထွပ်အထိပ်သို့ တက်လှမ်းရောက်ရှိသွား၍ ဆံပင်များကား သူ၏ပတ်ပတ်လည်တွင် လွင့်ပျံ့နေလေတော့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်ရှိ ခပ်ပါးပါး ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်မှာ ရန်စခံလိုက်ရပုံပေါ်သည်။ ဘယ်သူမှ ကောင်းကင်ပြစ်ဒဏ်ခတ်ခံနေရသည့် အချိန်အတောအတွင်း ကျင့်ကြံအဆင့်တက်ရဲမည်မဟုတ်ပေ။ ထို့အပြင် မည်သူကရော ပြစ်ဒဏ်မိုးကြိုးအစွမ်းကို စုပ်ယူရဲခဲ့မည်နည်း။

ဤအခြင်းအရာအားလုံးက ပြစ်ဒဏ်မိုးကြိုးကို ပြိုကွဲသွားစေပြီးနောက် ... လူပုံစံမိုးကြိုးတန်းကြီးတစ်တန်းသဖွယ် ပြန်လည်စုဝေးလာသည်။

မိုးကြိုးတန်းကြီးမှာ မပြည့်စုံသည့်အပြင် အတန်ငယ် ဝိုးတိုးဝါးတားဖြစ်နေပြီး ပုံပန်းသွင်ပြင်များမှာ မထင်ရှားမပြတ်သားပေ။ သို့သော် ၎င်းသည် ကြောက်မက်တုန်လှုပ်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေသေး၏။ ၎င်းကား ချက်ချင်းဆိုသလို မန်ဟို့ဆီ ထိုးဆင်းလာလေပြီ။

"သတ္တမ ဝိညာဉ်ခန္ဓာ" မိုးကြိးအနုသုခုမရုပ်ခန္ဓာက အခြားအနုသုခုမရုပ်ခန္ဓာများ အပေါ်ထပ်ကာ မန်ဟို့ကို သတ္တမ‌ဝိညာဉ်ခန္ဓာအဆင့်သို့ တွန်းပို့ပေးလိုက်စဉ် မန်ဟို၏မျက်လုံးများသည် အဖျက်အဆီးအလင်းဖြင့် တောက်ပလျက်ရှိ၏။

ဂျိန်း

မန်ဟို၏ခန္ဓာကိုယ်မှာ မယုံနိုင်လောက်အောင် အစွမ်းထက်ပြီးသားဖြစ်သည်။ သို့သော် ယခု ထပ်မံ ပြောင်းလဲသွားပြန်လေပြီ။ သူသည် အရပ်ပိုရှည်လာပြီး ပို၍ပင်အစွမ်းထက်လာ၏။ သူကား ယခုတွင် မိစ္ဆာနတ်ဆိုးမဆန်တော့ဘဲ တကယ့် အင်မိုတယ်နတ်ဆိုးကြီးတစ်ကောင်ဖြစ်နေချေပြီ။

သူ၏ ဆံပင်ရှည်ရှည်များက လေတွင် မျောလွင့်နေပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် အဖျက်အစီးအရှိန်အဝါကို ထုတ်လွှတ်နေ၏။ ယခုတွင် သူသည် သတ္တမ ဝိညာဉ်ခန္ဓာ သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်၍ ... မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာ ၆၄ ခု၏ စွမ်းအားကြီးဖြင့် ပေါက်ကွဲထွက်လာတော့သည်။

ဤအခိုက်အတန့်တွင် မန်ဟိုသည် ... စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက် နံပါတ်တစ်ပုဂ္ဂိုလ်တင်မဟုတ်တော့။ သူကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်နှင့် ပက်ပင်းတိုးလျှင် .... အဆုံးသတ်တွင် ရှုံးနိမ့်ကောင်း ရှုံးနိမ့်နိုင်သော်လည်း တိုက်ခိုက်နိုင်ဦးမည်ဖြစ်‌လေသည်။

***

All Chapters