အစစ်အမှန်စိတ်ဝိညာဉ်၏ စိတ်ဆန္ဒ
Vol. 39 Ch. 535
ခေါင်းဆောင်ကြီးဟုရန်သည် ကျောက်စိမ်းပြားအမှုန်များမှ ဖြစ်ပေါ်လာသော မျက်နှာပြင်ကို ငုံ့ကြည့်ပြီး မျက်လုံးများ လင်းလက်တောက်ပလာသည်။ ဤလူနှင့် ပတ်သက်ပြီး တစ်ခုခုက ရင်းနှီးနေသယောင်ပင်။ မျက်နှာကို အတန်ကြာ စိုက်ကြည့်လိုက်ပြီးနောက်တွင်တော့ သူ၏အရှိန်အဝါမှာ ရုတ်တရက် မှောင်မိုက်ပြီး အေးစက်လာတော့သည်။
" သူပဲ။ ရွှေကျီးကန်းမျိုးနွယ်စုရဲ့ အရုပ်ဘိုးဘေးကြီး သူ့မှာ ငါလိုက်ရှာနေတဲ့ ဒုတိယ မိစ္ဆာစိတ်ဝိညာဉ် ရှိခဲ့ပေမယ့် ထူးဆန်းတဲ့ အမျိုးသမီးကြောင့် ရပ်ခဲ့ရတာ။ သူ့ကြောင့်ပဲ ငါ့မှာ ထွက်ပြေးဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး "
သူသည် တခဏ တွေးနေပြီးနောက် မျက်လုံးများ ရုတ်တရက် လင်းခနဲ လက်သွားပြီး သူ့ရင်ထဲရှိ ပူဆွေးသောကတို့ကို ဖိနှိပ်လိုက်လေသည်။ သူ့မှာ ရုတ်တရက် ထူးဆန်းသော အရာများကို သတိထားမိလိုက်၏။
" ချင်းအာ မသေခင်တုန်းက ငါ သူ့ကို ပေးခဲ့တဲ့ အသက်ကယ်ရတနာတစ်ခုမှ အသက်မ၀င်သွားခဲ့ဘူး။ အဲ့တာ ပထမထူးဆန်းတဲ့အရာ
"ဒါ့အပြင် သူက လွန်ခဲ့တဲ့ တစ်ရက်လောက်က သေသွားတာ။ ဒါပေမယ့် အခုချိန်မတိုင်ခင်အထိ သူ့ရဲ့ သေဆုံးမှုကို ငါမသိအောင် တစ်ခုခုက ကာကွယ်ထားတာ ရှိတယ်
"ဒီပုံရိပ်က ချင်းအာကို တမင်တကာ သူ့မျက်နှာ မှတ်မိအောင် လုပ်ထားတဲ့အတိုင်း အရမ်း ထင်ရှားလွန်းအားကြီးတယ် " အတန်အကြာ တွေးပြီးနောက် ခေါင်းဆောင်ကြီးဟုရန်သည် ညာလက်ဖြင့် မုဒြာလက်ကွက် ဖော်လိုက်သည်။ အချိန်အတော်လေးကြာသော် သူက ခေါင်းမော့လာပြီးနောက် ပျောက်ကွယ်သွား၏။
သိပ်မကြာခင် သူသည် မန်ဟို ဆရာဝုနှင့် အခြားသူများကို ဖျက်ဆီးသတ်ဖြတ်ခဲ့သော နေရာတွင် ပြန်ပေါ်လာလေသည်။ သူက ပတ်၀န်းကျင်ကို ဂရုတစိုက်ကြည့်ရှုပြီးနောက် သူ၏ မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပလာတော့သည်။
"ဝုဟွေ့လည်း ဒီမှာ သေသွားတယ်။ တခြားသူတွေရောပဲ။ သူတို့က အနုသုခုမရုပ်ခန္ဓာ မဟာစက်၀န်းအဆင့် ကျင့်ကြံသူတစ်ယောက် သတ်တာ ခံလိုက်ရတာ သိသာတယ်။ အဲ့လူရဲ့ အတိုက်အခိုက်စွမ်းရည်က သာမန်မဟုတ်ဘူး
"ဒါပေမယ့် ချင်းအာက တခြားနေရာမှာ သေသွားတာ " ခေါင်းဆောင်ကြီး ဟုရန်သည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးဖြစ်၍ မြေခွေးတစ်ကောင်လို ကောက်ကျစ်ပြီး ဉာဏ်နီဉာဏ်နက် များလေသည်။ သူသာ မယုံနိုင်ကောင်းလောက်အောင် ဉာဏ်မကောင်းလျှင် မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးဆိုသော အလွန်မြင့်မြတ်ခမ်းနားသော ရာထူးကို ရရှိနိုင်မည် မဟုတ်ပေ။ သဲလွန်စများအရ သူကား အမှန်တကယ် ဘာဖြစ်သွားခဲ့သည်လဲကို ပုံဖော်နိုင်သွား၏။
အနုသုခုမရုပ်ခန္ဓာ မဟာစက်၀န်းအဆင့် ကျင့်ကြံသူက ဤနေရာတွင် အစောင့်များကိုသာ သတ်ခဲ့ကြောင်း သူ့အတွက် ထင်ရှားလေသည်။ ထို့နောက်ပိုင်း သူက ဟုရန်ချင်းကို အလွှတ်ပေးခဲ့၏။
" ဝုဟွေ့နဲ့ အခြားသူတွေကို တိုက်ခိုက်ခဲ့သူရဲ့ ပုံစံကို ကြည့်ရအောင်။ ဒါဆိုရင် အကုန်လုံး ထင်ရှားသွားလိမ့်မယ် " ခေါင်းဆောင်ကြီးဟုရန်က အင်္ကျီလက်စကို ခါကာ လေထဲတွင် လှိုင်းဂယက်များ ထလာစေသည်။ အချိန်အနည်းငယ်ကြာသော် နောက်ထပ် ပုံရိပ်မျက်မှာပြင်တစ်ခု ပေါ်လာပြီး မန်ဟို ဝုဟွေ့ကို သတ်နေသည့် ပုံရိပ် ထင်ရှားလာ၏။
ပုံရိပ်သည် အလွန်ထင်ရှားပြတ်သားခြင်း မရှိသော်လည်း ခေါင်းဆောင်ကြီးဟုရန်သည် တစ်ချက်ကြည့်ရုံနှင့် မန်ဟို့ကို သတိထားမိလိုက်၏။ တစ်ချိန်တည်းမှာပင် သူ မန်ဟိုနှင့် အနက်ရောင်၀တ်လူငယ်ကြားထဲက ကွဲပြားခြားနားမှုများကို မြင်လိုက်ရလေသည်။
" ဒီတော့ ချင်းအာကို သတ်ခဲ့တာက ရွှေကျီးကန်းမျိုးနွယ်စုရဲ့ အရုပ်ဘိုးဘေးကြီး မဟုတ်ဘူးပဲ " ယခုတွင် နားလည်သွားပြီဖြစ်၍ ခေါင်းဆောင်ကြီးဟုရန်က ခြာခနဲ လှည့်ပြီး သူ၏ နတ်ဘုရားအာရုံကို ခရမ်းပင်လယ်ကြီးတစ်လျှောက် ဖြန့်ကျက်လိုက်သည်။
ကံဆိုးစွာနှင့် သူ့မှာ ပင်လယ်အောက်ရှိ မန်ဟို့ကို အာရုံမခံနိုင်သလို တစ်နှစ်တာ ခရီးနှင်ရမည့် အကွာအဝေးတွင် ဖြစ်ပွားနေသော တိုက်ပွဲကိုလည်း သတိမထားမိပေ။ ပတ်၀န်းကျင်ကို စူးစမ်းရှာဖွေပြီးနောက်တွင် ခေါင်းဆောင်ကြီးဟုရန်က လက်လျှော့သွား၏။ သူက မျက်နှာထား တင်းမာစွာဖြင့် အနက်ရောင်နယ်မြေသို့ ပြန်သွားလေသည်။
" ဒီမန်ဟိုက တကယ့် လူသတ်သမား မဟုတ်ပေမယ့်လို့ ထူးဆန်းတဲ့လူရဲ့ ခြောက်ချခံခဲ့ရတာဆိုတော့ အဲဒီလူနှစ်ယောက်ကြားမှာ ပတ်သတ်မှုက သာမန်တော့မဟုတ်နိုင်ဘူး
"ငါ တကယ့် လူသတ်သမားကို မရှာနိုင်ရင် မန်ဟို့ကို ရှာဖို့လိုတယ်။ အဲဒါမှ သူ ဝိညာဉ်ဖွေရှာနည်းနဲ့ သူ့ကို ရှာဖွေပြီးတော့ လူသတ်သမားကို ဖော်ထုတ်ရမယ်။ ဒါမှ ဒီပြဿနာ ဖြေရှင်းပြီးမှာ
"မန်ဟိုကတော့ သွားရှာနေစရာ မလိုဘူး။ အဲ့ကောင်လေး ကောင်းကောင်းမွန်မွန် ထွက်လာအောင် ငါလုပ်လို့ရတယ်။ သူ ဝိညာဉ်ဖွေရှာခံရလို့ သေသေရှင်ရှင် ငါနဲ့ ဘာမှ မပတ်သတ်ဘူး။ သူ့ရဲ့ ဆိုးဝါးတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်လို့ရမှာ " ခေါင်းဆောင်ကြီး ဟုရန်၏ မျက်လုံးများသည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပနေ၏။ သူ၏ မန်ဟို လူလုံးထွက်ပြရန် အကြံအစည်ကား ရိုးရှင်းလေသည်။ ရွှေကျီးကန်းမျိုးနွယ်စုကို အနည်းငယ် ဖိအားပေးရန်သာ လိုအပ်၏။
ခေါင်းဆောင်ကြီးဟုရန်သည် ဟန့်ခနဲ အေးစက်စက် နှာမှုတ်ရင်း ထွက်သွား၏။ သူ၏ ခန္ဓာကိုယ်ကား လှစ်ခနဲ အနက်ရောင်နယ်မြေသို့ ထွက်သွားလေသည်။
ထိုစဉ် အနောက်ပိုင်းသဲကန္တာရ မြောက်ပိုင်းတွင် တဝုန်းဝုန်း ပေါက်ကွဲသံများ ဆူညံလျက်ရှိ၏။ မန်ဟို၏ မျက်နှာသည်ကား ပင်လယ်ရေမျက်နှာပြင်မှ မြောက်တက်လာသည်။ သူသည် တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် လေလယ်တွင် ပျံဝဲနေသည့် အလောင်းကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။
မကြာမီ ရေထဲမှ အတော်လေး မပီသသော မျက်နှာတစ်ခု ထွက်လာ၏။ ၎င်း၏ အောက်တွင် အလောင်းထံသို့ ရေတိုင်လုံးကြီး တစ်လုံးက ပြေး၀င်သွား၏။ အလောင်းမှာ ၎င်းအား မရှောင်နိုင်တော့ပေ။ ရေတိုင်လုံးကြီးက ချက်ချင်းပင် အလောင်းကို လွှမ်းခြုံသွား၏။
ထို့နောက် ဗွမ်းခနဲ အသံကြီး ကြားရပြီးနောက် အလောင်း၏ ခန္ဓာကိုယ်အတွင်းမှ တဖောက်ဖောက်မြည်သံများ ကြားလိုက်ရသည်။ အလောင်း၏ မျက်လုံးများ လင်းခနဲ တောက်ပသွား၏။ ၎င်းသည် ရုတ်တရက် အမည်မသိပညာရပ်တစ်ခုကို အသုံးပြု၍ ခန္ဓာကိုယ်ကို တလက်လက် တောက်ပနေသော မှော်သင်္ကေတရှစ်ခုဖြင့် ၀န်းရံလိုက်ကာ ခရမ်းပင်လယ်ကြီးကို ခုခံလိုက်သည်။
အသက်လေးငါးရှိုက်ကြာသော် ရေများက ပင်လယ်ထဲကို ပြန်ကျသွား၏။ အလောင်းကား တုန်တုန်ရီရီဖြင့် အသက်ချီတစ်လုပ် ထွေးထုတ်လိုက်ရသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ ပြိုပျက်စီးလာလေပြီ။ ၎င်း၏ ခြေထောက်တစ်ချောင်းက ပြာကျသွား၏။ ၎င်းမှာ ရက်စက်ကြမ်းကြုတ်နေသော အမူအရာဖြင့် အဝေးသို့ ထွက်သွားတော့သည်။
မန်ဟို၏ စိတ်ဆန္ဒက အလောင်းကိုသာ အာရုံစိုက်ထားသည်။ သူ၏ ကိုယ်အစစ်သာ ဤနေရာတွင် ရှိသဖြင့် အလောင်းအနေဖြင့် ဘယ်လိုနည်းနှင့်မှ ထွက်ပြေးနိုင်မည် မဟုတ်ပေ။ လောလောဆယ်တွင် မန်ဟို၏ စိတ်ဆန္ဒမှာ ခရမ်းပင်လယ်ကြီးနှင့် တစ်သားတည်း ဖြစ်နေ၏။ သို့သော်လည်း သူ့မှာ သူကိုယ်သူ ဆုံးရှုံးရစေနိုင်သော မိစ္ဆာဝိညာဉ်ကူးပြောင်းခြင်းအား မလုပ်ဆောင်ထားသည့်အတွက် သူ ကိုင်စွဲနိုင်သော အတိုက်အခိုက်စွမ်းရည်မှာ အလောင်းကို ချုပ်နှောင်ရန်အထိ မလုံလောက်ပေ။
" မင်း ထွက်ပြေးချင်ရင် မင်း ပေးဆပ်ရမယ် " မန်ဟို့မျက်နှာကြီးက ပင်လယ်ရေမျက်နှာပြင်ထက်သို့ နောက်တစ်ဖန် မြောက်တက်လာ၏။ မျက်နှာကြီး၏ မျက်လုံးများသည် တလက်လက် တောက်ပနေပြီးနောက် ပိတ်သွားကာ ရုတ်တရက် မျက်နှာတစ်ခုလုံး ပျောက်ကွယ်သွားလေသည်။ တစ်ချိန်တည်းမှာပင် ခရမ်းရောင်ပင်လယ်ရေစက်များ လေထုထဲသို့ မြောက်တက်လာ၏။
မန်ဟို့အသံကြီးက အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် နောက်တစ်ဖန် ဟိန်းထွက်လာပြန်သည်။
မန်ဟို၏အသံသည် အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် ဟိန်းထွက်လာတော့သည်။ "သွေးမြင့်တက်ခြင်း"
ကောင်းကင်တစ်ပြင်လုံးဖုံးသွားသည့်တိုင်အောင် ရေအမြောက်အမြား မြောက်တက်လာပြီး အလောင်းဆီ ပြေးဝင်သွားသည်။
အလောင်းမှာ မျက်လုံးပြူးသွားပြီး မုဒြာလက်ကွက်တစ်ကွက် ကပျာကယာ ဖော်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်မှ မှော်သင်္ကေတများ စီးမျောထွက်လာကာ ဝဲကဲ့သို့ လည်ပြီး လာနေသော ပင်လယ်ရေများနှင့် ဆုံတွေ့သွားသည်။ လိပ်ပြာလွင့်ဖွယ် ပေါက်ကွဲမှုကြီး ပဲ့တင်ရိုက်ခတ်သွား၏။ အလောင်းမှာ အသက်ချီတစ်လုပ်ပြီးတစ်လုပ် ထွေးထုတ်ရင်း နောက်လွင့်သွားသည်။ အဆုံးသတ်တွင် ပင်လယ်ရေများ လွင့်စင်ပြန်ကျသွားပြီး အလောင်းမှာ သက်ပြင်းအရှည်ကြီးချလိုက်တော့သည်။ ၎င်းသည် အဝေးသို့ ဆက်လက်ပျံသန်းရန် ပြင်လိုက်စဉ် ရုတ်တရက် ပင်လယ်အတွင်းမှ ဧရာမလက်ကြီးတစ်ဖက် ထိုးထွက်လာ၏။ စောစောက ရေအစုအဝေးက ၎င်း၏တည်ရှိမှုကို ဖုံးကွယ်ထားပေးခဲ့ပြီး ယခုတွင် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာရာ အလောင်းမှာ ပျာယာခတ်သွားတော့သည်။
တဂျွတ်ဂျွတ် အက်ကွဲသံများ ကြားရနိုင်ပြီး အလောင်းက စူးစူးဝါးဝါး အော်လိုက်၏။ ၎င်း နောက်သို့ ဒလိမ့်ခေါက်ကွေး လွင့်ထွက်သွားစဉ် ခြေတစ်ဖက်က ပေါက်ကွဲသွားပြန်ရာ ကိုယ်တစ်ပိုင်းပြတ်ကြီးဖြင့်သာ ထွက်ပြေးရတော့သည်။
ကံဆိုးစွာနှင့် ၎င်းပြေးလိုက်သည့်အချိန်မှာပင် လှိုင်းလုံးကြီးတစ်လုံး ၎င်းအရှေ့၌ ပေါ်လာသည်။ ပင်လယ်ရေများသည် ဧရာမခေါင်းကြီးတစ်လုံးအဖြစ် စုဝေးလာ၏။ ဤသည်မှာ မျက်နှာကြီးတင်မဟုတ်တော့၊ မီတာသုံးထောင်တိတိ ကျယ်သော ခေါင်းတစ်လုံးလုံးဖြစ်သည်။ ၎င်းသည် ပင်လယ်ရေအောက်မှ မြောက်တက်လာကာ လင်းနို့နက်ကြီး၏လမ်းကို ပိတ်လိုက်လေပြီ။
"သေစမ်း" လင်းနို့နက်ကြီးမှာ ရင်တဒိန်းဒိန်းခုန်လာပြီး ခေါင်းနပန်းကြီးသွားတော့သည်။ ၎င်းက ကတုန်ကယင်ဖြင့် ချာခနဲ လှည့်ပြီး ဦးတည်ရာပြောင်းလိုက်သည်။ ၎င်းမှာ ယခုတော့ မန်ဟိုကို သေးထွက်မတတ် ကြောက်နေချေပြီ။ မန်ဟို့ကို ချောက်ချရန် ကြံစည်ခဲ့စဉ်တုန်းက နှစ်ခါပြင်ဆင်ထားခဲ့သည့်တိုင် အသတ်မခံရအောင် မန်ဟို့အား တားဆီးနိုင်စွမ်းကင်းမဲ့ဦးမည်ဟု မည်သို့ထင်နိုင်ခဲ့မည်နည်း။
တကယ်တမ်း မန်ဟိုက လူကိုယ်တိုင် ရောက်မလာသေးပေ။ သူ၏ စိတ်ဆန္ဒကို ခရမ်းပင်လယ်ကြီးနှင့် တစ်သားတည်းဖြစ်လိုက်စေခြင်းဖြင့် သူကား လင်းနို့နက်ကြီးကို ဤသို့ဘေးကြပ်နံကြပ် အခြေအနေအတွင်းသို့ တွန်းပို့နိုင်သေးလေသည်။ ဤအခြင်းအရာကြောင့် ၎င်းမှာ မန်ဟို့ကို အမှန်အကန် ကြောက်နေပြီဖြစ်၏။
၎င်း မည်သည့်နတ်ဘုရားစွမ်းရည်မှပင် အသုံးမပြုနိုင်မီ ဟိန်းဟောက်သံကြီးတစ်သံကြားလိုက်ရပြီး ပင်လယ်ကြီးမှာ ထကြွသောင်းကျန်းလာတော့သည်။ ပင်လယ်ရေများဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ကြီးနှစ်ဖက်က အဆုံးမဲ့ဝဲကြီးအတွင်းမှ မြောက်တက်လာသည်။ လက်ကြီးနှစ်ဖက်သည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာကာ လင်းနို့နက်အလောင်းအား လက်ခုပ်တီးသလို ရိုက်ချလိုက်သည်။
အရှိန်တင်လာသော လက်ကြီးတစ်ဖက်စီမှာ မီတာရာပေါင်းများစွာ ရှည်လျားပြီး အလွန်မြင့်မားသောလှိုင်းကြီးများနှင့်အတူ လေပြင်းများ တိုက်ခတ်လာစေ၏။ တစ်နေရာလုံးမှာ ချိတ်ပိတ်ခံလိုက်ရသည့်အလားပင်။ လင်းနို့နက်အလောင်းကြီးမှာ လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွား၏။ သေမင်း၏အရိပ်ကား သူ၏နှလုံးအိမ်ကို စိုးမိုးနေလေပြီ။
သေရေးရှင်ရေးအခိုက်အတန့်တွင် လင်းနို့နက်အလောင်းကြီးသည် ရုတ်တရက် ခေါင်းနောက်လှန်ပြီး ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လိုက်၏။ "လင်းနို့အသူရာစိတ်ဝိညာဉ်"
ရုတ်တရက် အနက်ရောင်အလင်းတန်းတစ်တန်း ၎င်း၏နဖူးမှ ထွက်လာသည်။
အလင်းတန်းပေါ်လာသည်နှင့်တစ်ပြိုင်နက် အရာအားလုံး တုန်ခါလာ၏။ ခရမ်းပင်လယ်ကြီး ဘောင်ဘင်ခတ်လာပြီး တစ်လောကလုံး၏ သရဲပုံရိပ်များ ရုတ်တရက် ထွက်ပေါ်လာသည်။ တခြားကမ္ဘာ၏ အရှိန်အဝါတစ်ခုမှ အရင်းခံပုံရသော စွမ်းအားတစ်ရပ်သည် လင်းနို့အလောင်းကြီး၏နဖူးမှ လျှပ်တပြက် ထိုးထွက်လာ၏။
ထိုစဉ်.... တောင်ကောင်းကင်ဂြိုဟ်၏အပြင်ဘက် ကြယ်တာရာကောင်းကင် အာကာပြင်တွင် ဧရာမပလ္လင်ကြီးတစ်ဆူရှိ၏။ ပလ္လင်ကြီးသည် တောင်းကောင်းကင်ဂြိုဟ်ကို နှစ်ပေါင်းအသင်္ချေတိုင်အောင် လှည့်ပတ်နေခဲ့လေသည်။ ဤသည်မှာ တောင်ကောင်းကင်ဂြိုဟ်၏ လျှို့ဝှက်အဆန်းကြယ်ဆုံးသော .....
အင်မော်တယ်အပ်နှင်းခြင်းစင်မြင့်ဖြစ်၏။
အင်မော်တယ်အပ်နှင်းခြင်းစင်မြင့်အပေါ်တွင် ရေးထွင်းထားသော နာမည်အမြောက်အမြားမှာ ရုတ်တရက် စူးရှတောက်ပလာ၏။ ရှေးဟောင်းအရှိန်အဝါတစ်ခု နိုးထလာနေလေပြီ။
နှစ်ပေါင်းမည်မျှလဲ မရေမတွက်နိုင်လောက်အောင် ရှေးဆန်သောအသံကြီးသည် ရုတ်တရက် ထစ်ချုန်းမြည်ဟည်းလာ၏။ "အစစ်အမှန်စိတ်ဝိညာဉ်ရဲ့ စိတ်ဆန္ဒ။ တောင်ကောင်းကင်မှာ တကယ်တည်ရှိနေတဲ့ ခန္ဓာ.... ဆိုတော့ အစစ်အမှန်စိတ်ဝိညာဉ် အင်မော်တယ်ဇီဝိန်ချုပ်ဓားက ဒီကမ္ဘာမှာ တကယ်ပေါ်လာခဲ့တာ ဖြစ်မယ်။ ငါက အတုအယောင်အင်မိုတယ်ဟုတ်လား မဟုတ်လားဆိုတာကို အဲ့ဒီဓားနဲ့ အထိုးခံရပြီးရင် သိရလိမ့်မယ်"
ထိုအချိန်တွင် အနောက်ပိုင်းသဲကန္တာရ၌ လင်းနို့နက်ကြီးမှာ မချိတင်ကဲ အော်ဟစ်နေ၏။ ၎င်းနဖူးမှ ထွက်လာသော အနက်ရောင်အတန်းကြီးသည် ၎င်း၏တစ်ခေါင်းလုံးကို လွှမ်းခြုံရင်း တစတစ ကြီးမားပြန့်ကားလာရာ ၎င်းမှာ ယခင်ပို၍ အင်အားနည်းသွားသယောင်ပင်။
တစ်ချိန်မှာပင် ပင်လယ်ရေလက်ကြီးနှစ်ဖက်သည် နီးသထက်နီးလာပြီး လင်းနို့နက်အလောင်းကြီးကို ရိုက်ချလိုက်၏။
ဝုန်းခနဲ မြည်ဟည်းသွားသည်။ တုန်ခါလှိုင်းများ ဖြာထွက်လာရာ လက်ဖဝါးကြီးနှစ်ဖက်အပြင် လက်မောင်းကြီးများကိုပါ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားစေ၏။ ရေများက ပင်လယ်ထဲသို့ တဗွမ်းဗွမ်း ပြန်ကျကုန်သည်။ ၎င်း၏ဒွါရပေါက်များမှာ သွေးတို့ထုတ်ယူတော့မည့် မန်ဟို၏ခေါင်းကြီးလည်း ကွဲကြေသွားလေပြီ။
တစ်ဆက်တည်းမှာပင် လင်းနို့နက်အလောင်းကြီးမှာ ခေါင်းမှအပ တစ်ကိုယ်လုံး ပေါက်ကွဲသွား၏။ ၎င်းမှာ ခေါင်းမှ အနက်ရောင်အလင်းကို ထုတ်လွှတ်လျက် ဥက္ကာပျံကြီးသဖွယ် ပျံထွက်သွားလေသည်။ ၎င်းပျောက်ကွယ်သွားစဉ် မုန်းတီးနာကြည်းစွာ အော်သံကြီးအား ကြားရလိုက်၏။
၎င်းပျောက်ကွယ်သွားသည်နှင့် ပင်လယ်ရေပြင်ထက်ရှိ လှိုင်းလုံးကြီးများ ငြိမ်ကျသွား၏။ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားလေပြီ။ မန်ဟိုက ခရမ်းပင်လယ်ကြီးမှ သူ၏စိတ်ဆန္ဒကို ပြန်နုတ်လိုက်သည်။ သူ၏ကိုယ်အစစ် တရားထိုင်နေသော နေရာတွင် သူ့တစ်ကိုယ်လုံး ရုတ်တရက် တုန်တက်သွား၏။ သူသည် မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် သတ္တမဝိညာဉ်ခန္ဓာမှ ပထမအဆင့်သို့ ပြန်လျှော့ချလိုက်၏။ သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားလေသည်။
"အဲ့ဒီမိစ္ဆာကို အပြီးတိုင်မဖျက်စီးပစ်နိုင်တာ ဆိုးရွားတာပဲ။ ငါ့ရဲ့ကိုယ်အစစ် အဲ့ဒီမှာသာရှိရင် တစ်မျိုးဖြစ်ရင်ဖြစ်မှာ ... ဒါပေမဲ့ အဲ့ဒီကောင် ဒဏ်ရာအပြင်းအထန် ရသွားတာဆိုတော့ နလန်ပြန်ထူဖို့ အချိန်ကြာမှာပဲ။ နောက်တစ်ခေါက် ပြန်တွေ့ရင် သေချာပေါက် သတ်ပစ်မယ်" သူ၏မျက်လုံးများသည် စူးရှတောက်ပသွားပြီး အံတင်းတင်းကြိတ်ကာ သန္နိဋ္ဌာန်ချလိုက်လေသည်။
"သူ အဆုံးသတ်နားမှာ သုံးသွားတာ ဘာစွမ်းအားပါလိမ့်.... သိပ်ထူးဆန်းတယ်" သူသည် အတွေးထဲ နစ်မြောနေလျက် သိုလှောင်အိတ်ကို ငုံ့ကြည့်လိုက်၏။ ဤအခိုက်အတန့်တွင် သူသည် အင်မိုတယ်ဇီဝိန်ချုပ်ဓားတစ်လက်မှာ လွမ်းဆွတ်တမ်းတနေကြောင်း အာရုံရလိုက်လေသည်။
"ငါ အဲ့ဒီလင်းနို့နက်ဆီကနေ ဒီသစ်သားဓားတွေအကြောင်း အဖြေရလောက်တယ်" မန်ဟိုသည် ပါးစပ်ပိတ်ပြီး ပင်လယ်ရေထဲမှာ ထွက်လာတော့မည့်အချိန် ရုတ်တရက် မျက်လုံးပြူးသွားပြီး ရေထဲ ပြန်ငုပ်သွား၏။ ထို့နောက် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူ၏စိတ်ဆန္ဒကို ခရမ်းပင်လယ်ကြီးနှင့် တစ်သားတည်းဖြစ်စေလိုက်ကာ သူ့ကိုယ်သူ ဖုံးကွယ်လိုက်သည်။
ဤအခိုက်အတန့်တွင် ကောင်းကင်ဘုံမှ ရှေးဟောင်းနတ်ဘုရားအာရုံတစ်ခုသည် ရုတ်တရက် အနောက်ပိုင်းသဲကန္တာရတစ်လျှောက် ဖြတ်သန်းသွား၏။ ၎င်းမှာ တစ်ခုခုကို ရှာဖွေနေပုံရသော်လည်း ကံကောင်းထောက်မစွာဖြင့် ခရမ်းပင်လယ်ကြီးက ဟန့်တားလိုက်လေသည်။ မန်ဟိုသည် လောလောဆယ်တွင် ခရမ်းပင်လယ်ကြီးနှင့်တစ်သားတည်းဖြစ်နေပြီး အထဲတွင် ပုံးကွယ်ငုပ်လျှိုးနေသဖြင့် နတ်ဘုရားအာရုံမှာ ဖြတ်သွားပြီး သူ့ကို မတွေ့ရှိလိုက်ပေ။ ၎င်းကား လင်းနို့နက်ကြီး ထွက်ပြေးသွားခဲ့သောဘက်သို့ ဆက်လက်ရွေ့လျားသွား၏။
နတ်ဘုရားအာရုံ၏စွမ်းအားက မန်ဟိုကို ထိုနှစ်တုန်းက တံတားပျက်နယ်ပယ်၏အပြင်တွင် မြင်ခဲ့ရသည့် အင်မိုတယ်ရှစ်ဦးကို သတိရလိုက်စေသည်။
"ဘာကို ရှာနေတာပါလိမ့်မယ်" မန်ဟို၏ မျက်လုံးများ တဖျပ်ဖျပ် လက်သွားသည်။ သူသည် ထွက်မသွားဘဲ ထိုနေရာတွင် ရက်အနည်းငယ်ထပ်ပြီး ထိုင်နေလိုက်သည်။ ထိုအတောအတွင်း နတ်ဘုရားအာရုံသည် သုံးကြိမ် ထပ်ပေါ်လာ၏။ ၎င်းမှာ တစ်ခုခုကို ရှာဖွေနေကြောင်း သိသာသည်။ ရက်အနည်းငယ်ကြာသော် ၎င်း ပျောက်ကွယ်သွား၏။
မန်ဟိုက ပို၍ကြာကြာပင် စောင့်နေလိုက်သည်။ နတ်ဘုရားအာရုံ အမှန်တကယ် ပျောက်ကွယ်သွားကြောင်း သေချာမှ ပင်လယ်ရေပြင်ထက်သို့ တက်လာသည်။ ဤအခိုက်အတန့်တွင် သူသည် ကောင်းကင်ဘုံမှ နတ်ဘုရားအာရုံသည် အင်မိုတယ်ဇီဝိန်ချုပ်ဓားကို ရှာဖွေနေသည်ဟု ဝိုးတိုးဝါးတား အာရုံရလိုက်၏။
***