← Chapters

အပိုင်း(၃၆၈)

Vol. 25 Ch. 368

အပိုင်း(၃၆၈)

Vol. 25 Ch. 368

“အရှင်ရှစ်ဖုန့်..အရှင်ဆိုလိုချင်တာက…”

ရှစ်ဖုန့်၏စကားများကိုကြားရပြီး ရှစ်ဖုန့်၏ အေးဆေးတည်ငြိမ်နေခဲ့သောမျက်နှာက အနည်းငယ်ရှက်သွေးဖြာနေ

သည်ကိုတွေ့လိုက်ရသောအခါတွင် နတ်ဆရာမအိုကြီးမှာခဏ

ရပ်တန့်လိုက်သည်။အသက်ရှင်

နေထိုင်လာခဲ့သည်မှာနှစ်ပေါင်း

များစွာကြာမြင့်ခဲ့ပြီးသည့်နောက် နတ်ဆရာမအိုကြီးမှာချက်ချင်းပဲ  ရှစ်ဖုန့်ဆိုလိုချင်သည်အားနားလည်လိုက်သည်။

“အရှင်ရှစ်ဖုန့်က  ကျွန်မတို့မြွေလူသားမျိုးနွယ်စုကို ခပ်မြင့်မြင့်မျှော်မြင်စဉ်းစားပြီးတော့  ကျွန်မတို့နဲ့ပူးပေါင်းလက်ထပ်

မှုတစ်ခုကိုပြုချင်နေတာပဲကိုး..ဒါက ကျွန်မတို့မျိုးနွယ်စုအတွက်တော့ တကယ့်ကို ကံကောင်းခြင်းတစ်ခုပါပဲ …ဒါပေမဲ့ ကျွန်မတို့မျိုးနွယ်စုမှာ ပါရမီရှင်အချို့ရှိပေမဲ့လည်း  အရှင်ရှစ်ဖုန့်အနေနဲ့ က နိမ့်ပါးကျဆင်းနေတဲ့ကျွန်မတို့ မျိုးနွယ်စုကို အများကြီး မြင့်မြင့်မားမားတွေးနေတာပါပဲ”

နတ်ဆရာမကြီး၏နောက်ဆုံးစကားက ရှင်းသည်ဖြစ်သည်။နိမ့်ပါးကျဆင်းနေသော မြွေလူသားမျိုးနွယ်စု၌ မည်ကဲ့သို့ ငယ်ရွယ်သည့်ဘိုးဘေးနယ်ပယ်

ကျွမ်းကျင်သူတစ်ယောက်ရှိနိုင်ပါမည်နည်း။

ဇီလင်းမှာရှစ်ဖုန့်၏စကားတို့

အားကြားသောအခါတွင် အနည်းငယ်ဝမ်းနည်းသွားပြီး

သူမဖာသာသူမ တီးတိုးရေရွတ်လိုက်သည်။

“သူ့ရဲ့အဆင့်အတန်းနဲ့သူ့ရဲ့

သိုင်းပါရမီနဲ့ဆိုရင် ငါရဲ့စတုတ္ထညီမလေးကိုသူကြိုက်

ဖို့သင့်ပါတယ်…ဟူး..

သနားစရာငါ့ရဲ့စတုတ္ထညီမလေး”

နတ်ဆရာမကြီး၏စကားတို့အားကြားရပြီး သူ့ပေါ်သို့တစ်ယောက်ချင်းကျရောက်လာသော ထူးဆန်းသည့်အကြည့်များ

အားမြင်လိုက်ရချိန်တွင်နား

လည်မှုလွဲမှားခြင်းခံရသောရှစ်ဖုန့်၏နှလုံးသားထဲ၌ ချွေးများပင်စို့လာသည်။ သူ၏မျက်နှာထားက ပို၍ ခွတီးခွကျဖြစ်လာ၏။ ထို့နောက်မကြာခင် သူက စားရင်းမှတ်ချက်တစ်ခုကို ထုတ်ယူလိုက်ပြီး ၎င်းအားနတ်ဆရာမကြီးထံ

သို့လွှဲပေးလိုက်သည်။ သူကပြောလိုက်သည်။

“ဒါကကောင်းကင်ဘုံသက်တမ်း

ဆွဲဆန့်ဆေးလို့ခေါ်တဲ့ ဆေးလုံးကိုသန့်စင်ဖို့အတွက်

လိုအပ်တဲ့ဆေးအမယ်စာရင်းပဲ…

ဒီသခင်လေး မြွေလူသားနယ်မြေဆီကိုလာတယ်ဆိုတာက ဒီစာရင်းပေါ်က ဆေးအမယ်တွေအတွက်လာခဲ့တာ”

နတ်ဆရာမအိုကြီးက ရှစ်ဖုန့်လက်အတွင်းမှ စာရင်းကိုယူလိုက်ပြီး ဂရုတစိုက်ဖတ်လိုက်သည်။

၎င်းအားဖတ်ရှုပြီးနောက်  သူမအနေဖြင့် ရှစ်ဖုန့်အားနားလည်မှုလွဲသွားသည်ကို သဘောပေါက်လိုက်သည်။

သူမက ခြောက်ကပ်ကပ်ရယ်မောပြီး

ပြောလိုက်သည်။

“ဟားဟား..ကျွန်မအရှင်ရှစ်ဖုန့်ကိုနားလည်မှုလွဲသွားတာပဲ….ဒါပေမဲ့ အရှင်ရှစ်ဖုန့် ကျွန်မတို့မြွေလူသားနယ်မြေကိုလာခဲ့တာက အချည်းအနှီးတော့မဖြစ်ပါဘူး..

အခုအချိန်ကျွန်မတို့မှာအရှင်

လိုအပ်တာမရှိဘူးဆိုပေမဲ့ ..ကျွန်မှာ စာရင်းထဲကဆေးအမယ်တစ်ခုဖြစ်တဲ့  ကျင်းလောသစ်သီးရှိတယ်”

ထို့နောက်သူမက သူမ၏လက်ဖဝါးအားလှန်လိုက်ပြီး  ကျောက်စိမ်းသေတ္တာတစ်ခုက သူမ၏လက်ထဲတွင်ပေါ်လာသည်။

သူမက၎င်းအားရှစ်ဖုန့်ထံ

သို့လွှဲပေးပြီးပြောလိုက်သည်။

“ဒါက ရွှေပိုက်ကွန်သစ်သီးပါ…

လွန်ခဲ့တဲနှစ်ပေါင်းများစွာက ကျွန်မဒါကို မတော်တဆရရှိခဲ့တာ ..ဒါကိုအမြဲတမ်းကျောက်စိမ်းသေတ္တာထဲမှာ ဆီးလ်ခတ်ထားခဲ့တာကြောင့် အဲ့တာလုံးဝအကောင်းပကတိ

အတိုင်းခြေရာလက်ရာမပျက်ရှိိနေပါတယ်…

အရှင်ရှစ်ဖုန့်အနေနဲ့ဒါကို အသုံးပြုလိမ့်မယ်လို့ကျွန်မ

မထင်ထားခဲ့မိဘူး.. ကျွန်မတို့မြွေလူသားမျိုးနွယ်စု

ကိုကူညီပေးတဲ့အတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ကျွန်မက

အရှင့်ကို ဒါကိုပေးအပ်ပါတယ်”

“ဒီအသီးက ဒီသခင်လေးအတွက် အရမ်းကိုအရေးကြီးတယ် ဒါကြောင့်ဒီသခင်လေးဘာမှ

ဟိတ်ဟန်တွေလုပ်မနေတော့ဘူး”

ရှစ်ဖုန့်က လက်ဆန့်ထုတ်လိုက်ပြီးနတ်

ဆရာမအိုကြီးထံမှကျောက်စိမ်းသေတ္တာအားယူလိုက်သည်။ သူ၎င်းအားအ

နည်းငယ်ဖွင့်လိုက်ပြီး  ရွှေရောင်အလင်းတစ်ခုက ၎င်းအတွင်းမှ ရုတ်ခြည်းလျှံထွက်လာသည်။

“ကျေးဇူးတင်ပါတယ်”

ရှစ်ဖုန့်က  နတ်ဆရာမအိုကြီးအားကျေးဇူး

တင်စကားဆိုလိုက်ပြီး ၎င်းတားသိုလှောင်လက်စွပ်အ

တွင်းသို့ပစ်ထည့်လိုက်သည်။

ကောင်းကင်ဘုံသက်တမ်း

ဆွဲဆန့်ဆေးအတွက်ရှားပါး

သောအဆင့်ခြောက်ဆေးအမယ် သုံးဆယ့်ခုနှစ်မျိုးလိုအပ်သည်ဖြစ်သည်။ ယခုရှစ်ဖုန်အနေဖြင့် ၎င်းတို့ထဲမှကိုးမျိုးအားရရှိ

ထားခဲ့ပြီးဖြစ်သည်။

မြွေလူသားမျိုးနွယ်နယ်မြေသို့သူ

လာခဲ့ပြီးသည့်နောက်တွင် ငယ်ရွယ်သောမြွေလူသားမလေး

တစ်ယောက်၏သွေးကိုမရရှိခဲ့ခြင်းကတော့ စိတ်မကောင်းစရာပင်ဖြစ်သည်။

အကယ်၍သူ့အနေဖြင့်၎င်းအား မြွေလူသားနယ်မြေတွင်မှမရခဲ့လျှင် ဘိုးဘေးနယ်ပယ်မြွေလူသား

သွေးကိုရရှိဖို့ကသူ့အတွက် အရမ်းခက်ခဲသွားလိမ့်မည်ဖြစ်သည်။

“ဟမ်..ဘာတွေဖြစ်နေတာလဲ”

ရုတ်တရက် သူမ၏တည်ငြိမ်အေးဆေး

မှုတို့ကိုပြန်လည်ရရှိပြီးဖြစ်သော နတ်ဆရာမကြီး၏  မျက်နှာထားမှာ ပြောင်းလဲသွားသည်။ သူမမြေပြင်ထက်၌ ခရမ်းရောင်မြွေမြှီးအားရစ်

ခွေကာထိုင်နေသော ဇီယာကိုကြည့်လိုက်သည်။  ဤအချိန်တွင် ဇီယာ၏ အရှိန်အဝါက တစ်ဟုန်ထိုးမြင့်တက်လာသည်။

“ဇီယာဘာတွေဖြစ်နေတာလဲ”

ရှစ်ဖုန့်သည်လည်းဇီယာ ၏အခြေအနေအားသတိပြုမိပြီး နတ်ဆရာမအိုကြီးအားမေးလိုက်သည်။

“ကျိလီမြွေခန္ဓာကိုဇီယာရဲ့ကိုယ်ထဲမှာဆီးလ်ခတ်ထားခဲ့တာ… ကျိလီ မြွေခန္ဓာရဲ့ စွမ်းအားက ဖြည်းဖြည်းခြင်းနိုးထလာနေတယ်”

နတ်ဆရာမကြီးက ဇီယာအားကြည့်လိုက်ပြီး

အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။

“ခင်ဗျားတို့မျိုးနွယ်ရဲ့ရှေးဟောင်းအစီအရင်မရှိဘဲနဲ့ ကျိလီမြွေခန္ဓာရဲ့စွမ်းအားကို နိုးထနိုင်တုံးလား”

ရှစ်ဖုန့်က နတ်ဆရာမအိုကြီးအားမေးလိုက်သည်။

တစ်စုံတစ်ခုမှားယွင်းနေသည်

ကိုသူသဘောပေါက်သည်ဖြစ်သည်။

“ရှေးဟောင်းအစီအရင်မရှိတော့ဘူးဆိုပေမဲ့ ကြယ်ခြောက်ပွင့် အမှောင်ရှေးဟောင်းအစီအရင်

ကိုဖြတ်သန်းပြီးတော့ ရှေးဟောင်းစွမ်းအင်တော်တော်များများက ဇီယာရဲ့ကိုယ်ထဲမှာကျန်ရစ်နေခဲ့တယ်”

ဤအချိန်၌  သူမအနေဖြင့်ဇီယာတစ်ခုခုဖြစ်

သွားမည်ကိုသူမတကယ်ပဲကြောက်နေမိသည်ဖြစ်သည်။ ရှစ်ဖုန့်၏စကားတို့က နတ်ဆရာမကြီး၏ နားထဲတွင်ထပ်မံ၍ ပဲ့တင်ထပ်လာသည်။

“အကယ်၍ဇီယာတစ်ခုခုဖြစ်သွားခဲ့ရင်…”

“ဒီတော့ ကျိလီမြွေခန္ဓာရဲ့ တကယ့်စွမ်းအားနိုးထလာတဲ့အခါမှာ ဇီယာဒါမှမဟုတ် ကျိလီမြွေခန္ဓာမှာ  ဦးဆောင်သူဘယ်သူဖြစ်မယ်

ဆိုတာကိုပြောရခက်တယ်မလား”

ထင်ထားသည့်အတိုင်းရှစ်ဖုန့်၏မျက်နှာက  ရုတ်ခြည်းမည်းမှောင်သွားသည်။

“ဘာတွေဖြစ်နိုင်မလဲ..ဒီယာက ကျိလီခန္ဓာကိုသိမ်းပိုက်မလား..ဒါမှမဟုတ် ဇီယာက ကျိလီမြွေခန္ဓာစွမ်းအားရဲ့

ထိန်းချုပ်တာကိုခံရမလား.. အားလုံးက ဇီယာရဲ့ကံတရားပေါ်ပဲမူတည်နေတယ်”

နတ်ဆရာမအိုကြီးက ညှိုးငယ်သောမျက်နှာထားဖြင့်ပြောလိုက်သည်။

နတ်ဆရာမအိုကြီးစကားပြောနေရင်း ဇီယာ၏အရှိန်အဝါက တစ်ဟုန်ထိုးမြင့်တက်လာသည်။အချိန်တွင် ဇီယာ၏အရှိန်အဝါက အင်ပါယာနယ်ပယ်သို့ရောက်

ရှိလာခဲ့ပြီဖြစ်သည်။

အစက ဇီယာသည်ကြယ်လေးပွင့်

ဘုရင်နယ်ပယ်သာရှိသေးသည်ဖြစ်သည်။ ယခုအခါ၌သူမသည်အင်ပါယာ

နယ်ပယ်သို့ရောက်ရှိလာ၏။

“ဟင့်အင်း ..ဒီနေရာမှာ သေတာကိုပဲဒီသခင်လေးထိုင်စောင့်မနေနိုင်ဘူး.. ဒီသခင်လေးတစ်ခုခုလုပ်ရမယ်”

ရှစ်ဖုန့်ကအေးစက်စွာအော်ပြောလိုက်သည်။ ဇီယာကသူ့ရှေ့တွင်ရှိနေသော

ကြောင့်သူ့အနေဖြင့ သူမတစ်ခုခုဖြစ်မည်အားရပ်ပြီး

စောင့်ကြည့်မနေနိုင်ပေ။

ထို့နောက် ဇီယာ၏လှပပြီးအေးဆေးတည်ငြိမ်သောမျက်နှာထက်တွင် အပြင်းအထန်ရုန်းကန်နေရသကဲ့သို့ နာကျင့်မှုအမူအယာများဖြစ်ပေါ်လာသည်။

“ဒါက...ဇီယာရဲ့ဝိညာဉ်က

ကျီလီမြွေခန္ဓာနဲ့ ရင်ဆိုင်တိုက်ခိုက်နေတာ..ဇီယာမှာဘာတွေဖြစ်လာမလဲဆိုတာက သူတောင့်ခံနိုင်စွမ်းအပေါ်ပဲမူတည်တယ်”

နတ်ဆရာမအိုကြီးကဇီယာ၏

မျက်နှာကိုကြည့်၍ ထပ်မံပြောလိုက်သည်။ဤအချိန်တွင် ဇီယာ၏အရှိန်အဝါက ထပ်မံ၍တစ်ဟုန်ထိုးမြင့်တက်လာသည်။ ဤအချိန်၌ သူမအနေဖြင့်ကြယ်ငါးပွင့်အင်

ပါယာနယ်ပယ်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

“အား”

ရုတ်တရက်ဇီယာကကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူမ၏မျက်နှာလေးက ခက်ထန်ပြီးရှုံ့မဲ့လာသည်။

ထို့နောက်ငါးအကြေးခွံကဲ့သို့သော ခရမ်းရောင်အကြေးခွံတို့က ဇီယာ၏လှပသောမျက်နှာလေး

ထက်တွင်ပေါ်လာသည်။

ဇီယာ၏အောက်တွင်ရှိနေသာ

ခရမ်းရောင်မြွေမြှီးက ပြင်းထန်စွာလွှဲယမ်းပြီးမြေပြင်

အားပြင်းထန်စွာထုနှက်နေ၏။

“ဘန်း”

ကျယ်လောင်သောပေါက်ကွဲသံတစ်ခုနှင့်အတူ  တည်ငြိမ်နေခဲ့သော ယဇ်ပူဇော်ခန်းမ၏ အနက်ရောင်မြေပြင်မှာ ထပ်မံ၍ပြင်းထန်စွာလှုပ်ခါလာသည်။

ယဇ်ပူဇော်ခန်းမတစ်ခုလုံးမှာ ပြင်းထန်စွာလှုပ်ခါနေသည်။

“ဒီသခင်လေးက ဝိညာဉ်စွမ်းအားလျှို့ဝှက်ပညာ

ရပ်ကိုအသုံးပြုပြီးတော့  ဇီယာရဲ့ဝိညာဉ်ထဲဝင်ရောက်ပြီး  ခရမ်းရောင်မြွေကိုထိန်းချုပ်ဖို့အတွက် ဇီယာကိုကူညီပေးမယ်…”

ရှစ်ဖုန့်က ဇီယာအားကြည့်လိုက်ပြီးနတ်

ဆရာမကြီးအားလေးနက်သော

အသံဖြင့်ပြောလိုက်သည်။

“ဒီသခင်လေးကိုကာကွယ်ပေး..ဘယ်သူမှဒီသခင်လေးကို မနှောက်ယှက်စေနဲ့”

“အရှင်ရှစ်ဖုန့် .အရှင်..အရှင့်ရဲ့ဝိညာဉ်က ဇီယာရဲ့ဝိညာဉ်ထဲကိုဝင်မလို့လား”

ရှစ်ဖုန့်၏စကားတို့အားကြား

ပြီးသည့်နောက်တွင် နတ်ဆရာမအိုကြီး၏မျက်နှာထက်၌ အလွန်အံ့အားသင့်မှုများဖြင့်ပြည့်

နှက်နေပြီးမေးလိုက်သည်။

အခြားသူတစ်ဦး၏ဝိညာဉ်ထဲ

သို့ဝင်ရောက်ရန်မှာဝင်ရောက်မည့်သူ၌ ဝိညာဉ်စွမ်းအားတွင်

သေချာသောအဆင့်တစ်ခု ရှိရလိမ့်မည်ဖြစ်သည်။ မြွေလူသားမျိုးနွယ်များက ဝိညာဉ်စွမ်းအားကျင့်ကြံမှုတွင် ကျွမ်းကျင်မှုမရှိသော်လည်း နတ်ဆရာမကြီးအနေဖြင့် အကယ်၍ လူတစ်ယောက်က အခြားသူ၏ဝိညာဉ်အတွင်း

ဝင်ရောက်လိုလျှင် ထိုလူ၏

ဝိညာဉ်စွမ်းအားက အနည်းဆုံး  အဆင့်ငါးအင်ပါယာနယ်ပယ်

သို့ရောက်ရှိနေရမည်ဟုကြားဖူးသည်ဖြစ်သည်။

သို့သော်ဤလူငယ်လေးက

အရမ်းကိုငယ်ရွယ်သေးသော်လည်း သူ၏သိုင်းကျွမ်းကျင်မှုက တွေးမမှီနိုင်သောအဆင့်သို့

ရောက်ရှိပြီးနေပြီဖြစ်သည်။ သူအနေဖြင့် အနက်နဲဆုံးသောဝိညာဉ်စွမ်းအားကျင့်ကြံမှုကို အင်ပါယာနယ်ပယ်အဆင့်

ထိကျင့်ကြံထားခြင်းများဖြစ်နိုင်မည်လော။

ထိုသို့သာဆိုလျှင် ယင်းက အရမ်းကိုကောင်းကင်ဘုံအား

ဆန့်ကျင်နေခဲ့ပြီဖြစ်သည်။

အကယ်၍ နတ်ဆရာမကြီးသာ ဤလူငယ်၏ဝိညာဉ်စွမ်းအားက  အဆင်ခုနှစ်သူတော်စင်နယ်

ပယ်သို့ရောက်ရှိနေပြီးဖြစ်ကြောင်းသိခဲ့လျှင် အံ့ဩလွန်း၍မည်ကဲ့သို့တုံ့ပြန်လိမ့်မည်နည်း။

ရှစ်ဖုန့်ကနတ်ဆရာမကြီးအားထပ်မံ၍ ဖြေကြားခြင်းမပြုတော့ချေ။

ဇီယာ၏မျက်နှာထက်တွင် ခရမ်းရောင်အကြေးခွံများဖုံး

လွှမ်းနေပြီးပို၍ပို၍ နာကျင်မှုတို့ဖြစ်လာပုံရသည်။ သူ့အနေဖြင့်သူမအား အချိန်မှီကူညီရလိမ့်မည်ဖြစ်သည်။

ဆက်ရန်……

ဘာသာပြန်သူ-ARISE

All Chapters