← Chapters

နိဂုံး

Vol. 40 Ch. 551

နိဂုံး

Vol. 40 Ch. 551

သတ်ဖြတ်မှုများ ပြင်းထန်ရက်စက်လာသည်။

ရွှေကျီးကန်းမျိုးနွယ်ဝင်များမှာ စိတ်လှုပ်တရှား ညာသံပေးရင်း ထွက်လာကြ၏။ အထူးသဖြင့် ပြောင်းရွှေ့ခရီးတစ်လျှောက်လုံး မန်ဟိုကို အဖော်ပြုပေးခဲ့သော လူဟောင်းများပင်။ သူတို့မှာ ထိုနှစ်တွေတုန်းက လမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော သွေးချောင်းစီးတိုက်ပွဲများ၊ မီးပင်လယ်များကို ပြန်ပြောင်းတွေးတောရင်း သွေးများ ပွက်ပွက်ဆူနေတော့သည်။

ဘဝရဲ့ဂုဏ်ကျက်သရေ‌ဆိုတာ ဒါ‌ပါလား....

လွန်ခဲ့သောနှစ်တစ်ရာအတွင်း၌ မွေးဖွားလာခဲ့သော မျိုးနွယ်ဝင်အသစ်များလည်း သွေးတို့ တောင်လောင်နေသည်ကို ခံစားနေရ၏။ ယခုတိုက်ပွဲမှာ အစစ်ဖြစ်သည်ကလွဲ၍.... ဝါရင့်မျိုးဆက်များမှ ကြားခဲ့ရသော ဇာတ်လမ်းများမှာ ရုတ်တရက် သူတို့၏မျက်စိ‌ရှေ့မှောက်တွင် ဖြစ်ပွားနေသည့်အလားပင်။

သူတို့သည် အသက်ရှင်ရေးအတွက် မန်ဟို့ကမ္ဘာသစ်မိစ္ဆာအုပ်၏ ကာကွယ်မှုကို လိုအပ်‌သော ကျီးနတ်မင်းမျိုးနွယ်စုငါးစုမဟုတ်တော့။ ကောင်းကင်ရှာဖွေမျိုးနွယ်စုပင်လျှင် သူတို့ကို ဖျက်စီးချေမှုန်းရန် အစွမ်းကုန်ထုတ်ခဲ့ရသည်။

သူတို့တိုက်ခိုက်ရန် ချီတက်လာကြသည်နှင့်တစ်ပြိုင်နက် သူတို့၏အသတ်အဖြတ်စိတ်‌ဆန္ဒသည် မိုးထိတိုင် မြင့်သွန်းနေပြီး သူတို့အရိုးထဲထိအောင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သော ရဲစွမ်းသတ္တိတို့ တစ်ဖန် ပေါက်ကွဲထွက်လာတော့သည်။

ထောင်နှင့်ချီသော ရွှေကျီးကန်းမျိုးနွယ်ကျင့်ကြံသူများကား ကမ္ဘာသစ်မိစ္ဆာအုပ်နှင့်အတူ စစ်ပွဲအတွင်း တန်းတန်းမတ်မတ် ချီတက်သွားကြလေပြီ။ မောင်မွှေးထူ၊ ဘီလူးရိုင်းကြီး၊ အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များနှင့် အရုပ်ဘိုးဘေးကြီးများ။ သူတို့အားလုံး လမ်း‌တောက်လျှောက် သတ်ဖြတ်ချေမှုန်းကာ ကောင်းကင်ရှာဖွေမျိုးနွယ်စုအတွင်းသို့ ဦးတည်သွားကြတော့သည်။

‌တဝုန်းဝုန်း မြည်သံများ ဆူညံပွက်လောရိုက်နေ၏။ ၎င်းမှာ ရင်သပ်ရှုမောဖွယ်ရာ သတ်ဖြတ်ပွဲကြီးတစ်ပွဲ ဖြစ်ချေသည်။

မန်ဟိုက သူ၏လက်ဝါးအပေါ် သက်ဆင်းလာခဲ့သော တတိယအနက်ရောင်ဆူးတိုင်ကို ငုံ့ကြည့်ရင်း လေလယ်တွင် ရပ်နေသည်။ တခဏကြာသော် သူသည် ၎င်းကို သိမ်းလိုက်ပြီး သွေးအေးရက်စက်သော မျက်လုံးများဖြင့် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

သွေးခွေးကြီးက ဟောင်ပြီး ဖျတ်ခနဲ ပျောက်သွား၏။ ၎င်းက ဘယ်သူမှမသတ်၊ ထိုအစား ဧရာမစောင်ကြီးသဖွယ် ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားရန် ဖြာထွက်လာသော အနီရောင်အလင်းအသွင် ပြောင်းသွားသည်။

ကောင်းကင်ရှာဖွေမျိုးနွယ်စုအတွက် ဆုတ်လမ်းမရှိတော့ပေ။ ပြေးပေါက်ပိတ်နေလေပြီ။

တစ်ခုတည်းသော ထူးဆန်းသည့်အရာမှာ သွေးခွေးကြီး အနီရောင်ချုပ်နှောင်တံဆိပ်အသွင် မပြောင်းခင် ကြက်တူရွေးက ၎င်းကို တလက်လက်တောက်ပနေသော မျက်လုံးရွဲကြီးဖြင့် ကြည့်လိုက်၏။ ၎င်းမှာ တစ်ကိုယ်လုံးတုန်ရီပြီး ပါးစပ်အဟောင်းသားဖြင့် သွေးခွေးကြီးကို ကြည့်နေတော့သည်။ တဟုန်းဟုန်းတောက်နေသော စိတ်လှုပ်ရှားမှုက ၎င်း၏မျက်လုံးများတွင် ရုတ်တရက် ပေါ်လာ‌တော့သည်။

ထိုစဉ် ခရမ်းပင်လယ်ဘီလူးကြီးများမှာ စစ်မြေပြင်တစ်လျှောက် ဝုန်းဒိုင်းကြဲလျက်ရှိသည်။ ၎င်းတို့ တစ်နေရာသွားတိုင်း ၎င်းတို့၏ခန္ဓာကိုယ်များမှ အနီရောင်အလင်းများ ဖြာထွက်လာလေသည်။ တစ္ဆေများသည်လည်း အအေးဓာတ်များ ထုတ်လွှတ်လျက် ဟိုဟိုသည်သည် ပျံသန်းနေကြသည်။ ၎င်းတို့ ရောက်သွားသည့်နေရာတိုင်း အသက်များ သုတ်သင်ခံလေ၏။

ဤသည်မှာ အမှန်အကန် သွေးချောင်းစီးသတ်ပွဲကြီးဖြစ်တော့သည်။

ရွှေကျီးကန်းမျိုးနွယ်ဝင်များကား ကလဲ့စားချေမည့်စိတ်အဟုန်ဖြင့် ရက်ရက်စက်စက် တိုက်ခိုက်နေသော ဓားသွားကြီးဖြစ်လာသည်။

မန်ဟို၏ ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားပြီး အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်၏ဘေးတွင် ရုတ်တရက် ပြန်ပေါ်လာသည်။ ၎င်းသည် မြစိမ်းရောင်ဝတ်ရုံနှင့် အဘွားအိုတစ်ဦးဖြစ်၏။ သူမမျက်နှာမှာ ဖြစ်ပျက်သွားခဲ့သော အရာအားလုံးကြောင့် သွေးဆုပ်ဖြူလျော်နေလေသည်။ မန်ဟို စစ်မြေပြင်သို့ ကောက်ကာငင်ကာ ရောက်ချလာခဲ့ခြင်းက သူမကို လုံးလုံးလျားလျား တုန်လှုပ်စေခဲ့၏။ သူမမှာ ဖြစ်ပျက်နေသော ‌သတ်ပွဲကြီးကို ကြည့်ရင်း နပန်းကြီးလာတော့သည်။ သို့သော် သူမ ထွက်ပြေး‌ရန် ပြင်လိုက်စဉ်မှာပင် မန်ဟိုက ပေါ်လာခဲ့လေပြီ။

သူမသူငယ်အိမ်များ ကျုံ့သွားပြီး သူမသည် လျှာကို ချက်ချင်း ကိုက်ချပြီး သွေးတချို့ ထွေးထုတ်လိုက်၏။ ထို့နောက် သိုလှောင်အိတ်ကို ပုတ်ကာ မှော်ပစ္စည်းများအား သူမအရှေ့တွင် ပေါ်လာစေလိုက်သည်။ ဤသေရေးရှင်ရေးအခိုက်အတန့်တွင် အဘွားအိုမှာ မည်သည့်အရာကိုမျှ ထိမ်ချန်မနေနိုင်တော့ပေ။ မှော်ပစ္စည်းများ ပေါ်လာခြင်းနှင့်အတူ သူမ၏ အရုပ်စွမ်းအားအလုံးစုံလည်း အရုပ်မျိုးစုံအသွင်ဖန်ဆင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် အသက်စွမ်းအားကိုလည်း အတော်များများ လောင်ကျွမ်းစေလိုက်သဖြင့် သူမခန္ဓာကိုယ်မှာ ပို၍ပင် အိုမင်းရွတ်တွ‌သွားတော့သည်။

ထစ်ချုန်းသံကြီးက သူတို့နှစ်ယောက်ကို ဝန်းရံသွား၏။ အဘွားအို၏မျက်နှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီး မန်ဟိုကတော့ အေးအေးဆေးဆေးပင်။ သူက သူမ၏တိုက်ကွက်ကို မရှောင်။ ပုံမှန်အတိုင်း ရှေ့သို့တက်ပြီး ညာလက်ကို လေထဲ မြှောက်လိုက်၏။ နတ်ဆိုးလှံ တဟုန်ထိုး ထွက်သွားသည်။

နတ်ဆိုးလှံသည် မှော်ပစ္စည်းများကို ထိုးဖောက်ရင်း အဘွားအို၏အရုပ်များကို ဖျက်စီးရင်း လေကို ခွင်းသွား၏။ ၎င်းက သူမနဖူးကို စိုက်သွားပြီး ထုတ်ချင်းဖောက်ထွက်သွားလေသည်။

အဘွားအိုမှာ မျက်လုံးကြီးပြူး၍ မန်ဟို့ကို ကြောင်တောင်တောင်လေး ကြည့်သည်။ ရုတ်တရက် သူမခန္ဓာကိုယ် ပေါက်ကွဲသွားသဖြင့် အားနည်း‌နေသော အနုသုခုမရုပ်ခန္ဓာက တစ်ချိုးတည်း ပြေးတော့သည်။ မန်ဟိုက ၎င်းကို ဘယ်လက်ဖြင့် လျင်မြန်စွာ လှမ်းဖမ်းပြီး တစစီ ခြေပစ်လိုက်၏။

ဤမြင်ကွင်းအားလုံးက အလစ်ဝင်တိုက်ရန် ချောင်းနေသော အရုပ်ဘိုးဘေးကြီးသုံးကောင်ကို ပင့်သက်ရှိုက်မိသွားစေသည်။ ထို့နောက် ၎င်းတို့မှာ ကြောက်လန့်တကြား နောက်ဆုတ်လိုက်ကြ၏။ မန်ဟိုက ခေါင်းလှည့်လိုက်ပြီး သူ၏မျက်လုံးများမှာ လျှပ်စီးသဖွယ် ဖျပ်ဖျပ်လက်နေချေတော့သည်။

"မိုးကြိုး" သူက ပြောသည်။ ‌ပတ်ပတ်လည်ရှိ စစ်မြေပြင်ပေါ်တွင် ဖြစ်ပွားနေသော သတ်ဖြတ်မှုများကြောင့် ပထမတွင် မန်ဟို့အသံမှာ တိုးသယောင် ထင်ရ၏။ သို့သော် တုံ့ပြန်သည့်အနေဖြင့် ဧရာမမိုးကြိုးခုနစ်တန်းမှာ မည်သည့်နေရာကမှန်းမသိ ဘွားခနဲ ပေါ်လာတော့သည်။

ဤသည်မှာ ပြစ်ဒဏ်မိုးကြိုး၏စိတ်ဆန္ဒတို့ ပြည့်နှက်နေသော အနီရောင်မိုးကြိုးကြီးခုနစ်တန်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့တွင် မန်ဟို၏စိတ်ဆန္ဒလည်း ပါရှိနေ၏။ မိုးကြိုးများက အရုပ်ဘိုးဘေးကြီးသုံးကောင်ကို ပစ်ချလိုက်သည်။ ထိုသုံးကောင်မှာ လန့်ဖျပ်သွားကြပြီး တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ နတ်ဘုရားစွမ်းရည်မျိုးစုံ သုံးလိုက်ကြ၏။ ရောင်စုံအလင်းအထပ်ထပ်က ဒိုင်းကာတစ်ခုအသွင်ဖြင့် ပေါ်လာသည်။ မိစ္ဆာချီလည်း ဖြာထွက်သွား၏။

သို့သော် ... မျက်စိတစ်မှိတ်အတွင်း အနီရောင်မိုးကြိုးတန်းကြီးက ၎င်းတို့၏မှော်သိုင်းအလုံးစုံကို ပစ်ချလိုက်သဖြင့် အရုပ်ဘိုးဘေးကမ္ဘာသစ်မိစ္ဆာသုံးကောင်မှာ မချိတင်ကဲ အော်လိုက်ရတော့သည်။ နတ်ဘုရားစွမ်းရည်ဖြစ်စေ၊ မှော်ပညာရပ်များဖြစ်စေ၊ မှန်ချပ်‌တွေလို တခွမ်းခွမ်း ကွဲကြေကုန်တော့သည်။ အရုပ်ဘိုးဘေးကြီးသုံးကောင်မှာ အနီရောင်မိုးကြိုးတန်းကြီးခုနစ်တန်းကို မရှောင်တိမ်းနိုင်၍ ချက်ချင်းဆိုသလို လွှမ်းခြုံခံလိုက်ရတော့သည်။

မိုးကြိုးပစ်သံကြီးက အရာခပ်သိမ်းကို တုန်ခါသွားစေသည်။ စစ်မြေပြင်ရှိ လူတိုင်းမှာ အဖြစ်အပျက်ကို မြင်လိုက်ကြပြီး မှင်သက်သွားကြလေသည်။

အထူးသဖြင့် ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်များပင်။ သည်ထက်ပိုတိကျရလျှင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့် အရုပ်ဘိုးဘေးကြီးများဖြစ်၏။ သူတို့မှာ မျက်စိမျက်နှာပျက်လျက် ‌ထိတ်လန့်နေကြတော့သည်။ တချို့ဆိုလျှင် စစ်မြေပြင်မှာ ထွက်ပြေးကုန်ကြသည်။ သို့သော် အနီရောင်အလင်းတံတိုင်းကို ဝင်တိုက်လိုက်သည်နှင့် သူတို့မှာ အာခေါင်ခြစ်အော်လိုက်ရပြီး ခန္ဓာကိုယ်များ အရည်ပျော်သွားကြသည်။

ဤနေရာမှာ... သူတို့အတွက် သေဒဏ်အစီရင်ခံရာ နေရာကြီး ဖြစ်လာခဲ့လေပြီ။

‌ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ နတ်ဆရာကြီးမှာ တန်ခိုးရှင်တစ်ပါးသဖွယ် ရှေးကျသော အဘိုးကြီးတစ်ဦးဖြစ်သည်။ သူသည် လက်ထဲတွင် ဧရာမသစ်သားတောင်ဝှေးကြီးတစ်ခုကို ကိုင်ထားပြီး ခဲရောင်ဝတ်ရုံအရှည်ကို ဝတ်ဆင်ထား၏။ သို့သော် ယခုအချိန်တွင် သူ့မှာ ကြောက်ဒူးတုန်နေပြီး သူ၏မျက်လုံးများမှာ ပူဆွေးသောကတို့ ပြည့်နေတော့သည်။ သို့သော် ထိုသောကမှာ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး။ ခိုင်မာပြတ်သားသောစိတ်ဆန္ဒ အစားထိုး ဝင်ရောက်လာသည်။

"ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်တို့၊ နည်းနည်းလောက်ပဲ ထပ်တောင့်ခံထားပေးကြပါ။ ‌ခေါင်းဆောင်ကြီး ငါတို့ကို သေချာပေါက် လာကယ်လိမ့်မယ်"

သူ၏စကားလုံးများ စစ်မြေပြင်ကို ဖြတ်၍ ပျံ့လွင့်လာသည်တွင် မန်ဟိုကြောင့် ထိတ်လန့်ချောက်ချားနေခဲ့သော ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်၏ နှလုံးသားထဲ၌ ရုတ်တရက် မျှော်လင့်ခြင်းမီးတောက်များ တောက်လောင်လာတော့သည်။

"ခေါင်းဆောင်ကြီး အခု လမ်းမှာလာနေပြီ" ခေါင်းကိုင်ဖခင်က အော်လိုက်သည်။ "သူ ဒီငမိုက်သားကို သတ်ပြီး ဒီမျိုးနွယ်စုကို ဖျက်စီးပစ်လိမ့်မယ်။ ကောင်းကင်ရှာဖွေမျိုးနွယ်စု ရှုံးနိမ့်မှာ မဟုတ်ဘူး" ခေါင်းကိုင်ဖခင်သည် ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး စူးရှတောက်ပနေသော မျက်လုံးများနှင့် အသက်ကြီးကြီးလူတစ်ယောက် ဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အရုပ်ဘိုးဘေးကြီးတစ်ကောင်နှင့်တူပြီး အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့် ဖြစ်လေသည်။

ကျန်းဝမ်ကျို အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီး၏စကားက သူ့ကို အတန်ငယ် စိတ်တည်ငြိမ်သွားစေသည်။ သူ မန်ဟို့ကို လှမ်းကြည့်လိုက်စဉ် သူ၏မျက်နှာမှာ တင်းမာခက်ထန်သွားပြီးအထင်‌‌သေးလှောင်ပြောင်နေသော ပုံစံဖြစ်သွား၏။

"ခေါင်းဆောင်ကြီး သေချာပေါက်လာမှာ" သူက တွေးသည်။ "ပြီးတော့ သူ ဘာတတ်နိုင်တော့မလဲ။ ငါတို့က ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ရဲ့ မျိုးနွယ်စုကြီးသုံးစုထဲက တစ်စု။ မန်ဟိုက ကောင်းကင်ရှာဖွေမျိုးနွယ်စုနဲ့ တိုက်ပွဲဖြစ်တာတင်မဟုတ်ဘူး မဟာမိတ်အဖွဲ့တစ်ခုလုံးကို စိန်ခေါ်လိုက်တာပဲ

"ငါတို့မှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးသုံးဦးရှိတယ်။ ဒီကောင်... တကယ် သေရတော့မှာ"

မန်ဟို၏ ခန္ဓာကိုယ် ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာသောအခါ သူ့လက်သည် မြွေလိမ်မြွေကောက်ထွက်သွားပြီး အရုပ်ဘိုးဘေးကြီးတစ်ကောင်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်၏။ ဤတစ်ကောင်မှာ လူပုံစံကမ္ဘာသစ်မိစ္ဆာတစ်ကောင်ဖြစ်ပြီး မန်ဟို ၎င်းကို ဆုပ်ကိုင်လိုက်သည့်နောက်တွင် အသည်းအသန် ရုန်းလေသည်။ သို့သော် မန်ဟို၏ "မီး ⽕ " စာလုံးက မှိန်ပျပျ လင်းသွားကာ ထိုအကောင်ကို အနက်ရောင်မီးတောက်များဖြင့် လောင်မြိုက်ပစ်လိုက်သည်။ ကမ္ဘာသစ်မိစ္ဆာမှာ သွေးပျက်မတတ် အော်ဟစ်နေပြီး မျက်စိတစ်မှိတ်အတွင်း မီးလောင်ပြာကျသွားတော့သည်။

မန်ဟိုက ၎င်းကို ကြည့်ပင် မကြည့်ပေ။ ကောင်းကင်ရှာဖွေမျိုးနွယ်စု ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာကြီး၏ စကားကိုကြားသော် သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခု ဖြစ်ထွန်းသွားသည်။

"မင်းတို့က အဲ့ဒီသောက်ရူး ဟုရန်ယွင်မင်းကို စောင့်နေကြတာပေါ့လေ..." သူက လူများဖြင့်ပြည့်ကြပ်နေသာ စစ်မြေပြင်ကို ဖြတ်၍ မီတာရာဂဏန်းမျှ အကွာရှိ ခေါင်းကိုင်ဖခင်ကို လှမ်းကြည့်လိုက်သည်။

သူ၏အကြည့် ခရမ်းရောင်ဝတ်ရုံနှင့် ခေါင်းကိုင်ဖခင်အပေါ် ကျရောက်သောအခါ ထိုလူ့မှာ ကြက်သီးဖြန်းဖြန်းထသွားပြီး အန္တရာယ်ကို ခံစားလိုက်ရတော့သည်။

သူ မန်ဟို့ကို ကြည့်နေစဉ် ကိုယ်စိတ်နှလုံးသုံးပါးလုံး လေးလံလာတော့သည်။ သူ့မှာ မန်ဟို့ကို မသိစိတ်၏ စေ့ဆော်မှုကြောင့်သာ လှမ်းကြည့်နေခြင်းဖြစ်သော်လည်း သူတို့နှစ်ယောက် အကြည့်ချင်း ဆုံသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ရှာဖွေမျိုးနွယ်စုခေါင်းကိုင်ဖခင်၏စိတ် နာကျင်သွားရလေသည်။ မန်ဟို၏မျက်လုံးများမှာ သူ၏မျက်လုံးများမှ တစ်ဆင့် စိတ်ကို ထိုးဖောက်၍ သူ့ကို သုတ်သင်ရန်ပြင်နေသည့်အလားပင်။

ခေါင်းကိုင်ဖခင်၏ မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာသည်။ သူက မျက်လုံးအစုံပြူးကျယ်နေလျက် နောက်ဆုတ်မိသွား၏။

မန်ဟိုက ရှေ့သို့ တစ်လှမ်းတက်ပြီး ပြောသည်။ "‌အဲ့ဒီ အူတူတူ အတတနဲ့ ဟုရန်ယွင်မင်းတစ်ယောက် တကယ်လာလား၊ မလာလား ငါ မသေချာဘူး။ ဒါပေမယ့် မင်းလည်း သိရတော့မှာမဟုတ်တာ သေချာတယ်"

"ခေါင်းကိုင်ဖခင်ကို ကာကွယ်ကြ" ပတ်ဝန်းကျင်ရှိ မျိုးနွယ်ဝင်များက အော်လိုက်ကြသည်။ သူတို့သည် သတိအပြည့်ဖြင့် ခေါင်းကိုင်ဖခင်ကို ဝန်းရံထားကြ၏။ ထိုအဖွဲ့ရှိ အတော်များများမှာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့် အရုပ်ဘိုးဘေးကြီးများ ဖြစ်လေသည်။

မန်ဟိုက ပြုံးရင်း ခေါင်းကိုင်ဖခင်ဆီ လျှောက်လာသည်။

သူ၏လမ်းမှာ ပေါက်ကွဲမှုများနှင့် သေကြေပျက်စီးမှုများ ပြည့်နှက်နေသည်။ သူ့လမ်းတွင် ရပ်နေကြသည့် မည်သူမျှ သူ့ကို တခဏလေးပင် မဟန့်တားနိုင်ပေ။ သူ၏လက်ချောင်းက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်၏နဖူးကို ထိရုံကလေး ထိလိုက်သည်။ ထိုလူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး နောက်လွင့်ထွက်သွားသည်။ သူ ပေါက်ကွဲသွားသည့်အချိန်တွင် မန်ဟိုသည် မီတာသုံးရာကျော် ရွေ့လျားခဲ့ပြီးလေပြီ။ သူက အင်္ကျီလက်စကို ခါလိုက်ပြီရာ “လေ ⻛” ဆိုသော စာလုံးသည် ‌တဝေါဝေါ တိုက်ခတ်နေသည့် ဆိုင်ကလုန်းမုန်တိုင်းကြီးဖြစ်လာ၏။ ၎င်းက မန်ဟို၏အနားတစ်ဝိုက်တွင် အော်မြည်ရင်း အနုသုခမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့် အရုပ်ဘိုး‌ဘေးကြီး ခုနစ်ကောင်၊ ရှစ်ကောင်ကို ဝင်ဆောင့်လိုက်သည်။ သူတို့၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး လွင့်ထွက်သွားကြလေပြီ။

စစ်မြေပြင်ပေါ်ရှိ တစ်ယောက်မှ မန်ဟို့ကို မတားနိုင်ပေ။ သူသည် နောက်ထပ် မီတာသုံးရာရောက်သွား၏။ သူက လက်ဟန်တစ်ခုလုပ်လိုက်ရာ "နှင်းမြေကြီး ⼟" ပေါ်လာသည်။ ၎င်းသည် အနီးနားရှိ ကျင့်ကြံသူများဆီသို့ ဖြာထွက်သွား၏။ သူတို့၏ခန္ဓာကိုယ်များမှာ ချက်ချင်း ရေခဲသွားကြလေပြီ။

မန်ဟိုသည်‌ တတိယ‌အကြိမ် နောက်ထပ် မီတာသုံးရာ ရောက်သွားပြန်၏။ ဤတစ်ကြိမ်တွင် သူကား ကပျာကပျာထွက်ပြေးနေသော ခေါင်းကိုင်ဖခင်၏ အရှေ့တည့်တည့်သို့ ရောက်သွားခဲ့လေပြီ။ သူ့ပတ်ဝန်းကျင်ရှိ လူများ ချက်ချင်း တိုက်ခိုက်ရန် ပြေးတက်သွားကြသည့်အချိန်မှာပင် ခေါင်းကိုင်ဖခင်၏ ‌ငေးကြောင်ကြောင် အမူအရာမှာ ‌ဝမ်းနည်းစိတ်ပျက်မှုတို့ဖြင့် အစားထိုးခံလိုက်ရတော့သည်။ မန်ဟိုက လက်ကို မြှောက်ပြီး ရှေ့သို့ တွန်းထုတ်လိုက်၏။

"သတ္တု ⾦”

ဤစကားလုံးလေးတစ်လုံးကြောင့် မန်ဟို၏ညာလက်တစ်ဝိုက်တွင် ရွှေရောင်အလင်း တောက်ပလာသည်။ ၎င်းက စစ်မြေပြင်တစ်ခုလုံး ဖုံးလွှမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ရှာဖွေမျိုးနွယ်စု ခေါင်းကိုင်ဖခင်မှာ ရွှေရုပ်တုကြီးဖြစ်သွားတော့သည်။

ရုပ်တုကြီးက မြေပြင်ပေါ်သို့ ဒုန်းခနဲ ပြုတ်ကျပြီး မလှုပ်မယှက် ရှိနေချေသည်။ ဝမ်းနည်းစိတ်ပျက်နေသောအမူအရာကြီးမှာ ၎င်း၏မျက်နှာအပေါ်တွင် ရှင်းလင်းပြတ်သားစွာ ရှိနေဆဲပင်... ဤမြင်ကွင်းက ကျန်ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်များကို ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။ သူတို့၏ခန္ဓာကိုယ်များမှာ တုန်ရီနေပြီး ကျောခမ်းလာကြတော့သည်။

အခြားတစ်ဖက်တွင် ရွှေကျီးကန်းမျိုးနွယ်ဝင်များမှာ ပို၍ပင် စိတ်လှုပ်ရှားလာကြတော့သည်။

"ဘိုးဘေးကြီး"

"ဘိုးဘေးကြီး"

ခံပြင်းနာကျည်းမှုနှင့်အတူ ‌ကောင်းကင်ရှာဖွေမျိုးနွယ်စုကို အမြစ်ဖြုတ်သုတ်သင်ပစ်ရန် စိတ်ပိုင်းဖြတ်ထားသော သူတို့၏ဟိန်းဟောက်ကြွေးကြော်သံများသည် အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွား၏။

မင်းတို့က ငါ့တို့မျိုးနွယ်စုကို သုတ်သင်ပစ်ချင်တယ် ဟုတ်လား။ အိပ်မက်မက်မနေနဲ့ ငါတို့ မင်းတို့မျိုးနွယ်စုကို ဘယ်လိုသုတ်သင်ပစ်မလဲသာ ကြည့်နေ။

ထိုကဲ့သို့ ရန်ကြွေးမျိုးမှာ ဘယ်တော့မှ ရင်ကြားစေ့မရပေ။ ‌ဖြစ်ကိုမဖြစ်နိုင်သည်သာ။ တစ်ခုတည်းသော ရွေးချယ်စရာသာ ရှိသည်။ ဤမျိုးနွယ်စုတစ်စုမဟုတ်တစ်စု တောင်ကောင်းကင်ဂြိုဟ်မှ မျိုးဆက်တစ်ယောက်မကျန် ဖယ်ရှားရှင်းလင်းပစ်ခံရဖို့သာ။

***

All Chapters