← Chapters

ဟုရန်ယွင်မင်း၏ ကိုယ်အစစ်

Vol. 40 Ch. 554

ဟုရန်ယွင်မင်း၏ ကိုယ်အစစ်

Vol. 40 Ch. 554

အိမ်များ၊ တခမ်းတနား အလှဆင်ထားသော နန်းဆောင်များ၊ မရေမတွက်နိုင်သော ဘုရားကျောင်းများ၊ စီရင်စုတစ်စုပြီးတစ်စု...

အိမ်‌တွေအပေါ်မှာ လူတစ်သောင်းနီးပါး တင်ပျဉ်ခွေထိုင်နေကြ၏။ သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံမှာလည်း ဖြာထွက်နေသယောင်ပင်။ ခန္ဓာကိုယ်များမှာ အိမ်နှင့်တစ်သားတည်းဖြစ်နေကြသကဲ့သို့ ပိန်ချုံးခြောက်ကပ်နေကြ၏။ ကြည့်ရသရွေ့ ဤလူများသည် တားမြစ်မန္တန်ကို အသက်သွင်းထားဖို့အတွက် သူတို့၏အသက်စွမ်းအားကိုပင် စွန့်လွှတ်နေကြဟန်တူသည်။

မန်ဟို သည့်ထက်ပို၍ အသေးစိတ် ကြည့်မရ။

ဘူးသီးခြောက်နှုတ်ခမ်းဝသို့ မန်ဟို ရောက်သည်နှင့်တစ်ပြိုင်နက် သူ့ပတ်ပတ်လည်ရှိ လေထုထဲတွင် နတ်ဘုရားအာရုံစီးကြောင်း အမြောက်အမြားရှိနေကြောင်း တွေ့လိုက်ရသည်။

ဤနတ်ဘုရားအာရုံစီးကြောင်းများမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းမဟုတ်သော်လည်း ထင်ရှားပြတ်သားနေ၏။ ၎င်းတို့က အခြေအနေကို အဝေးတစ်နေရာမှ စူးစမ်းနိုင်ဖို့အတွက် မျိုးနွယ်စုအသီးသီးမှ ကျင့်ကြံသူများ ထားရှိထားသော မှော်ပစ္စည်းများ ဖြစ်လေသည်။

မန်ဟိုက ၎င်းတို့ကို လျစ်လျူရှုလိုက်သည်။ ကောင်းကင်ရှာဖွေမျိုးနွယ်စုနှင့် တိုက်ပွဲအတောအတွင်း မည်သူမျှ လာရောက်မစွက်ဖက်ခဲ့ခြင်းက အခြားသူများ၏ သဘောထားကို ဖော်ပြခဲ့ပြီးဖြစ်သည်။

ယခု ဤနတ်ဘုရားအာရုံစီးကြောင်းများက ထိုသဘောထားကို ပို၍ပင် ပေါ်လွင်စေသေး၏။ ဤလူများသည် အဆုံးသတ်တွင် သူနှင့် ခေါင်းဆောင်ကြီးဟုရန်အကြား မည်သို့ဖြစ်လိမ့်မည်ကို လာရောက်ကြည့်သူများဖြစ်လေသည်။

မန်ဟို့အ‌နေဖြင့် ဤကိစ္စရပ်ကို တချို့တချို့သောလူများ ဘာကြောင့် စိတ်ဝင်စားကြသည်လဲ သိချင်စိတ်မရှိပေ။

တစ်လမ်းလုံး နှာဘူးကောင်ကြက်တူရွေးကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့ရသော သွေးခွေးကြီးအဖို့ မန်ဟို့ဆီမှ အမိန့်မလိုအပ်ပေ။ ၎င်း၏ ခန္ဓာကိုယ်ကြီးက အနီရောင်တောက်လာကာ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအရှိန်အဝါ ထွက်ပေါ်လာသည်။ ၎င်းသည် လက်ဖဝါးကြီးဖြင့် တားမြစ်မန္တန်၏ မှော်သင်္ကေတကို ရိုက်ချလိုက်လေ၏။

ဝုန်း

အက်ကွဲသံများ ထွက်လာပြီး မှော်သင်္ကေတမှာ တစစီ ကြေမွသွားတော့သည်။ သို့ရာတွင် ၎င်း လွင့်စင်ပျောက်ကွယ်သွားသည့်အချိန်မှာပင် နောက်ထပ်တားမြစ်မန္တန်တစ်ခု ပေါ်လာ၏။ သွေးခွေးကြီး၏ ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒ ထွက်ပေါ်လာသည်။ ၎င်းက ဟိန်းဟောက်ပြီး လက်ဖဝါးကြီးဖြင့် ရိုက်ချလိုက်ပြန်သည်။ ထို့နောက် ထပ်ပေါ်လာ၊ထပ်ရိုက်ချ၊ ထပ်ပေါ်လာ၊ ထပ်ရိုက်ချ။ သွေးခွေးကြီးက တားမြစ်မန္တန်၏ အလွှာရာပေါင်းများစွာကို ဖျက်စီးပစ်လိုက်သဖြင့် ဘူးသီးခြောက်တောင်တစ်တောင်လုံး အသက်ဆယ်ရှိုက်ကြာသည်အထိ တသိမ့်သိမ့် တုန်နေတော့သည်။ သို့သော် ... သူတို့မှာ ယခုအချိန်အထိ ဘူးသီးခြောက်နှုတ်ခမ်းဝမှ မီတာတစ်ရာ့ငါးဆယ်သာ ခရီးတွင်သေးလေသည်။

အံဩဖွယ်ကောင်းစွာနှင့် ဘူးသီးခြောက်တစ်ခုလုံးမှာ... တားမြစ်မန္တန်များဖြင့် ပြည့်၍နေ၏။

သွေးခွေးကြီးက ၎င်းတို့အား ဆက်လက်ဖျက်စီးပစ်ရန် ပြင်လိုက်သော်လည်း မန်ဟိုက အေးအေးဆေးဆေး တားလိုက်သည်။ ထို့နောက် သူ၏မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခုပြည့်နှက်သွား၏။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး ချက်ချင်းပင် ခရမ်းပင်လယ်ဘီလူးခုနစ်ကောင်အနက်မှ တစ်ကောင်‌ ပြေးတက်လာသည်။ ၎င်းက မျက်စိတစ်မှိတ်အတွင်း ဘူးသီးခြောက်ထဲ ဝင်ရောက်ပြီးနောက် ဘူးသီးခြောက်တစ်လျှောက် စီးကျသွားသော ခရမ်းပင်လယ်ရေများ ဖြစ်သွားသည်။

"လူတွေ သေရင်" မန်ဟိုက တည်ငြိမ်အေးဆေးစွာ ပြောသည်။ "တားမြစ်မန္တန်တွေလည်း အလိုလို ပျက်စီးသွားလိမ့်မယ်" တောင်ပိုင်းဒေသမှာတုန်းက မန်ဟိုသည် ရက်စက်ခြင်းအနုပညာကို မတတ်မြောက်ခဲ့ပေ။ သို့သော် အနက်ရောင်နယ်မြေနှင့် အနောက်ပိုင်းသဲကန္တာရအပြင် အထူးသဖြင့် ‌ကျီးနတ်မင်းမျိုးနွယ်စုများ ပြောင်းရွှေ့ရစဉ်အတောအ‌တွင်း အတွေ့အကြုံများက သူ၏ရိုးရှင်းနုံအမှုကို ပျောက်ကွယ်သွားစေခဲ့သည်။ ပတ်ဝန်းကျင်နှင့် အတွေ့အကြုံများကြောင့် သူသည် မသိမသာ ပြောင်းလဲသွားခဲ့၏။ ယခုတွင် သူကား ကျင့်ကြံသူတစ်ယောက်ကဲ့သို့ အမှန်အကန် ပြုမူနေလေပြီ။

ရန်သူနှင့်ရင်ဆိုင်ရာတွင် မည်သည့်ဗျူဟာကိုမဆို လက်ခံရ၏ ။ ကျေးဇူးရှင်နှင့် ဆက်ဆံရာတွင် ကျေးဇူးတရားအတိမ်အနက်ဟူသည် မည်သို့ပင်ပေးဆပ်ရ‌စေကာမူ မဖြစ်မနေ ပြန်ဆပ်ရစမြဲပင်။

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် ခရမ်းပင်လယ်ရေများ ဘူးသီးခြောက်အတွင်းသို့ စီးဝင်သွားပြီဖြစ်သည်။ သုတ်သင်ခြင်းအားတစ်ရပ်က အသံများ ထစ်ချုန်းသွားသကဲ့သို့ ပေါက်ကွဲထွက်လာသည်။ ဘူးသီးခြောက်တောင်တစ်တောင်လုံး ပြင်းပြင်းထန်ထန် တုန်ခါစပြုလာ၏။

ရှင်ခြင်းနှင့်‌ သေခြင်း ဝင်တိုက်ပြီး သုတ်သင်ခြင်းအားတစ်ရပ် မွေးဖွားလာသည်။ ဘူးသီးခြောက်တောင်၏ တားမြစ်မန္တန်များမှာ အစွမ်းထက်လှပါသည် ဆိုလျှင်တောင်မှ ၎င်းတို့တွင် အသက်စွမ်းအား ရှိနေသေးလေသည်။ တားမြစ်မန္တန်တစ်ခုအနေဖြင့် အလိုအလျောက် မပိုင်ဆိုင်ထားနိုင်သော်လည်း ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်တစ်သောင်း၏ အသက်စွမ်းအားမှာ အခရာဖြစ်လာခဲ့၏ ။

ဘူးသီး‌ခြောက်ကမ္ဘာအတွင်းမှ ထစ်ချုန်းသံကြီး ကြားလိုက်ရသည်။ အိမ်များအပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ကျင့်ကြံသူများမှာ တုန်ရီသွားကြပြီး သိသိသာသာ ပျက်စီးလာကြသည်။

တားမြစ်မန္တန်အထပ်ထပ်မှာ ဆက်တိုက်ဖျက်စီးခံလိုက်ရသဖြင့် ပေါက်ကွဲမှုကြီးများ ရိုက်ညောင်းသွားလေ၏။ တစ်ချိန်တည်းမှာပင် ခရမ်းပင်လယ်ဘီလူးကြီးတစ်ကောင်က ပင်လယ်ရေအသွင်ပြောင်းရင်း ဘူးသီးခြောက်နှုတ်ခမ်းဝမှ စီးဆင်းသွားသည်။

ထို့နောက် သုံးကောင်၊ လေးကောင်။ အဆုံးသတ်တွင် ခရမ်းပင်လယ်ဘီလူးကြီးငါးကောင် ခရမ်းပင်လယ်များအသွင်ဖြင့် ဘူးသီးခြောက်နှုတ်ခမ်းဝအတွင်း စီးဝင်သွားလေပြီ။ ဘူးသီးခြောက်အတွင်းရှိ ကမ္ဘာတွင် ထစ်ချုန်းသံများ ပြည့်နှက်နေ၏။

တားမြစ်မန္တန်များမှာ ယခုတွင် လုံးလုံးလျားလျား ကွဲကြေပျက်စီးကုန်ကြပြီဖြစ်သည်။ ပင်လယ်ရေများက ဘူးသီးခြောက်ကမ္ဘာ၏ ပထမအထပ်တွင် အပြည့်နေရာယူထား၏။ သက်ရှိအားလုံး၊ ကျင့်ကြံသူအားလုံး ခရမ်းပင်လယ်ရေများအတွင်း၌ နစ်မြုပ်သွားကြပြီး သုတ်သင်ခြင်းစွမ်းအား၏ ဖယ်ရှားခြင်းခံကြရကုန်သည်။

ထောင်နှင့်ချီသော တစ္ဆေများလည်း ယခုတွင် ခရမ်းပင်လယ်ရေ ဘူးသီးခြောက်ကမ္ဘာထဲသို့ ဝင်ရောက်သွားကြလေပြီ။

တဖြေးဖြေး အလွန်ကြီးမားသော မန္တန်ကြီးတစ်ခု ပေါ်လာသည်။

၎င်းကို မန္တန်ဝင်္ကပါဟု ခေါ်ရနိုင်သည် သို့မဟုတ် တံခါးဟူ၍။

ဤတံခါးက ကမ္ဘာ၏ဒုတိယအထပ်ကို ဦးတည်လေသည်။

၎င်းမှာ ရိုးရိုးရှင်းရှင်းတံခါးတစ်ချပ်ဖြစ်ပြီး စေ့နေအောင် ပိတ်ထား‌လျက်ရှိသည်။ ဘူးသီးခြောက်နှုတ်ခမ်းဝ၏ အပြင်တွင် မန်ဟိုသည် အတွင်းရှိ ပင်လယ်ရေများထံ လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် ရေများက ဝဲကဲ့သို့ လည်လာပြီး မြန်သထက် မြန်လာသည်။ ရေနှင့်အတူ ထောင်နှင့်ချီသော တစ္ဆေများက ဟိန်းဟောက်ရင်း ဆိုင်ကလုန်းမုန်တိုင်းကြီးကဲ့သို့သော စွမ်းအားတစ်ရပ်ဖြစ်လာကာ ဒုတိယအထပ်သို့ ဦးတည်နေသော တံခါးဆီသို့ ထွက်သွားကြသည်။

ဆိုင်ကလုန်းစွမ်းအားကြီးသည် ဧရာမအားကြီးဖြင့် တံခါးကို ဝင်တိုက်ပစ်လိုက်၏။ ဝုန်းခနဲ အသံကြီးကို ကြားလိုက်ရပြီး တံခါးမှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေတော့သည်။ ချိတ်တံဆိပ်များနှင့် တားမြစ်မန္တန်များ အလုံးစုံ ဖျက်စီးခံလိုက်ရလေပြီ။

တံခါးပျက်သွားသောအခါ ကမ္ဘာ၏ ဒုတိယအထပ်အတွင်းမှ လာနေသော ဟိန်းဟောက်သံများကို ကြားလိုက်ရသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်နှစ်ထောင်အား အထဲ၌ မြင်ရနိုင်လေသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့် အရုပ်ဘိုးဘေးကြီးများပင် ရှိနေ၏။ သို့သော် သူတို့ တိုက်ခိုက်ရန် ချီတက်လာကြစဉ် ခရမ်းပင်လယ်ရေများက စီးဝင်သွားလေပြီ။ သုတ်သင်ခြင်းအားတစ်ရပ် ဖြစ်ပေါ်လာလာကာ သွေးပျက်မတတ် ဟစ်အော်သံများအား ကြားရနိုင်၏။

အော်သံများမှာ ဘူးသီးခြောက်ထဲ၌ တခဏကြာသည်အထိ ဆူညံနေပြီး‌နောက် တိမ်ဝင်ပျောက်ကွယ်သွားလေသည်။ မကြာမီ တောင်တစ်တောင်လုံး လုံးဝတိတ်ဆိတ်သွားတော့သည်။

ကောင်းကင်ရှာဖွေမျိုးနွယ်စုကား တစ်ယောက်မကျန် သုတ်သင်ခံလိုက်ရလေပြီ။

သို့ထိတိုင် ခေါင်းဆောင်ကြီးဟုရန်ကို မည်သည့်နေရာတွင်မှ မမြင်ရသေး။

မန်ဟို မျက်မှောင်ကြုတ်သွားပြီးနောက် အေးတိအေးစက် နှာမှုတ်လိုက်သည်။ သူသည် ဘူးသီးခြောက်တောင်ဆီသို့ လက်ကို ဝှေ့ယမ်းလိုက်ရာ အတွင်းရှိ ခရမ်းပင်လယ်ရေများကို လှိုင်းထသွားစေသည်။ ၎င်းတို့သည် ဘီလူးကြီးပုံစံ ပြန်ပြောင်းပြီးနောက် တောင်ကို လက်သီးများဖြင့် စထိုးကြတော့သည်။

တားမြစ်မန္တန်များ ဖျက်စီးခံနေရသည်နှင့်အမျှ မြေငလျင်တို့ လှုပ်ခတ်လေလေ ဖြစ်၏။ အမွှေးတိုင်တစ်ဝက်ထွန်းစာကြာသော် တောင်တစ်တောင်လုံး စိစိညက်ညက်ကြေကာ ဝုန်းခနဲ ပြိုကျသွားလေပြီ။

ဤအခိုက်အတန့်တွင် ကောင်းကင်ရှာဖွေမျိုးနွယ်စု၏ ဘုရားကျောင်းမှ ရစရာမရှိအောင် ပြိုကျသွားခဲ့ပြီဖြစ်သည်။

တောင်ပြိုခြင်းက ဖုန်များအား အရပ်မျက်နှာအနှံ့သို့ လွင့်ပျံ့သွားစေသည်။ မန်ဟိုသည် လေလယ်တွင် ပျံဝဲနေစဉ် သိုလှောင်အိတ်ကို ပုတ်လိုက်ကာ အလောင်းတွေတစ်ပြုံကြီး ပေါ်လာစေသည်။ ၎င်းတို့က ဘုရားကျောင်းအပျက်ပေါ်သို့ တဘုတ်ဘုတ် ပြုတ်ကျပြီး တစ်လောင်းပေါ်တစ်လောင်းထပ်၍ အသေးစားတောင်တစ်လုံးဖြစ်ပေါ်လာ၏။

အလောင်းတောင်တစ်လုံး

ကောင်းကင်ရှာဖွေမျိုးနွယ်ဝင်အလောင်းများမှာ မြေကြီးပေါ်တွင် တောင်လို ပုံနေတော့သည်။

"မြေမှာ ခတဲ့ ရွက်ကြွေတွေဟာ အပင်တွေအတွက် မြေဩဇာဖြစ်လာတယ်။ ငြိမ်းချမ်းစွာ အနားယူကြလော့။ ရွှေကျီးကန်းမျိုးနွယ်စု မသေမချင်း မင်းတို့ အနားမယူဘူးလို့ ပြောခဲ့ပေမယ့် မင်းတို့မျိုးနွယ်စုက သုတ်သင်ခံလိုက်ရပြီးပြီ။ ဒါကြောင့် ရန်ငြိုးမရှိတော့ဘူး

"ဒီနေရာက မင်းတို့ ဘုရားကျောင်း အခုတော့... မင်းတို့အတွက် သင်္ချိုင်းမြေပေါ့" မန်ဟိုက အင်္ကျီလက်စကို ဝှေ့ယမ်းကာ ဘူးသီးခြောက်တောင်၏ ကျောက်ခဲကြီးများကို လေပေါ် ပျံတက်လာစေသည်။ ထိုနောက် ၎င်းတို့ကို အလောင်းများပတ်ပတ်လည်တွင် နေရာချကာ.... သင်္ချိုင်းတစ်ခု ဖန်တီးလိုက်သည်။

ကောင်းကင်ရှာဖွေသင်္ချိုင်း

ဤသင်္ချိုင်းသည် အနက်ရောင်နယ်မြေတစ်ခုလုံးအတွက် စံနမူနာအဖြစ် နှစ်ပေါင်းအသ‌င်္ချေတိုင် တည်ရှိနေပေလိမ့်မည်။ ဤနေရာ၊ ဤ‌သင်္ချိုင်းက အနက်ရောင်နယ်မြေသားများအား ကြောက်လန့်တုန်လှုပ်စေလိမ့်မည်။

၎င်းသည် ရွှေကျီးကန်းမျိုးနွယ်စု ထွန်းတောက်ကျော်ကြားလာခြင်းအတွက်လည်း သက်သေဖြစ်ပေမည်။

သင်္ချိုင်း ဖြစ်တည်လာသည့်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ နတ်ဘုရားအာရုံစီးကြောင်းများမှာ ယခင်ထက်ပို၍ လေးနက်လာ၏။ ဤအဖြစ်အပျက်ကို အနက်ရောင်နယ်မြေရှိ မျိုးနွယ်စုတစ်ဝက်ကျော် စောင့်ကြည့်နေလောက်ကြောင်း မန်ဟို သေချာသိ၏။

တကယ်လည်း မန်ဟို ထင်ထားသည့်အတိုင်းပင်။ အနက်ရောင်နယ်မြေရှိ မျိုးနွယ်စုများမှ အမြုတေဖြစ်တည်မှုအဆင့်နှင့် ထို့ထက်မြင့်သော ကျင့်ကြံသူများမှာ နည်းလမ်းပေါင်းစုံးသုံး၍ မန်ဟို့ကို ကြည့်နေကြလေသည်။

ဤအခိုက်အတန့်တွင် မန်ဟို ၏

အနက်ရောင်နယ်မြေသို့ အပြန်ခရီးက သူ့အား အနက်ရောင်နယ်မြေနှင့် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအကြား တော်တော်လေး နာမည်ကြီးစေခဲ့သည်။ သူ ထင်ရှားကျော်ကြားလာခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူတို့အတွက် သူသည် ဝါအရအားဖြင့် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူလေး မဟုတ်တော့... ခေါင်းဆောင်ကြီးတစ်ဦးဖြစ်နေခဲ့လေပြီ။

အနက်ရောင်နယ်‌မြေအနေဖြင့် သူ့ကို မည်သို့ အာရုံမစိုက်ဘဲ နေနိုင်မည်နည်း။

မန်ဟိုက သင်္ချိုင်းကို အကြာကြီးကြည့်နေပြီးနောက် အဝေးရှိ ကောင်းကင်ကို လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် အနက်ရောင်တိမ်တိုက်တစ်ခုသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ချဉ်းကပ်လာနေ၏။

တိမ်တိုက် အနားရောက်လာစဉ် စောစောက ပြာလဲ့‌နေခဲ့သော ကောင်းကင်မှာ မဟူရာညပမာ မှောင်မိုက်သွားလေသည်။ တိမ်တိုက်များက နေ့အလင်းရောင်ကို ဝါးမြိုနေသော ညပမာ ကောင်းကင်အပြည့် ဖုံးသွား၏။

"မန်...ဟို..." ညက နေ့ကို ဝါးမြိုနေစဉ် ရိုးတွင်းခြင်ဆီထဲမှ အရင်းခံသော အမုန်းတရားအပြည့်နှင့် အသံဩဩကြီးတစ်သံ ထွက်လာသည်။ ၎င်းမှာ မဟူရာညအလယ်က မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်လာသည်။

မန်ဟိုက လျင်မြန်စွာ ချဉ်းကပ်လာနေသော အမှောင်ထုကို တည်တည်ငြိမ်ငြိမ် မော့ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများက ရက်စက်သွားပြီး တိုက်ခိုက်လိုစိတ်တို့ သူ၏ရင်တွင်းမှ ဖြစ်ပေါ်လာလေသည်။

"ဟုရန်ယွင်မင်း" သူက သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ တန်းဝင်ရောက်ကာ အေးအေးဆေးဆေး ပြောသည်။

ဝုန်း

အနုသုခုမရုပ်ခန္ဓာ ခုနစ်ခု ပေါင်းစည်းသွားသဖြင့် သူသည် အရပ်ပိုရှည်လာပြီး ခန္ဓာကိုယ် ကျစ်လစ်ကာ ပခုံးကျယ်လာ၏။ သူ၏ရှည်လျားသော ဆံနွယ်များက မိစ္ဆာဆန်မှုကို ဆောင်ကြည်းပေးနေချေသည်။ သူကား ရင်သပ်ရှုမောဖွယ်ကောင်းသော အင်မိုတယ်နတ်ဆိုးကြီးတစ်ကောင်၏ အရှိန်အဝါကို ထုတ်လွှတ်နေလေပြီ။

အပြင်အားကိုယ်၏စွမ်းအားက ပတ်ဝန်းကျင်ရှိ လေထုကို လှိုင်းထပြီး ပုံပျက်ရှုံ့တွလာစေသည်။ သူ့ပတ်ပတ်လည်ရှိ ဧရိယာမှာ ကျန်ကမ္ဘာနှင့် မအပ်စပ်‌တော့သည့်အလားပင်။

ဤအပြင်အားကိုယ်တွင် မဟာစက်ဝန်းအဆင့်အနုသုခုမရုပ်ခန္ဓာ ၆၄ ခု၏ အတိုက်အခိုက်စွမ်းရည် ပါရှိလေသည်။ ရှေးခေတ်ကာလကတည်းက သည်လိုလူမျိုး မရှိခဲ့ဖူးသည့်အပြင် နောက်နောင်လည်း ဘယ်‌တော့မှ ရှိလာမှာ မဟုတ်ပေ။ ၎င်းသည် မန်ဟိုကိုယ်တိုင် ဖောက်ထားသော လမ်းကြောင်း၊ တောင်ကောင်းကင်ဂြိုဟ်တစ်ခုလုံးတွင် ပြိုင်ဘက်ကင်းသော၊ တစ်ခုတည်းသာရှိသော လမ်းစဉ်ဖြစ်လေ၏။

ပြီးပြည့်စုံသော အနုသုခုမရုပ်ခန္ဓာ မဟုတ်ပါသော်လည်း တစ်ထပ်တည်းတူလုနီးပါး ဖြစ်ချေသည်။

ယခုတွင် ကောင်းကင်မှာ မည်းနက်နေ၏။ ‌တိမ်တိုက်တစ်ခုက နည်းနည်းလေးမှ နောက်တွန့်မသွားသော မန်ဟို့ဆီ ‌တန်းတန်းမတ်မတ် ပြေးဝင်လာသည်။ အမှန်တွင် သူက ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီး ရှေ့သို့ညွှန်ရင်း ရှေ့တက်လာသေး၏။

"လေ"

သူက ပြောလိုက်သည့်အခါတွင် လေမုန်တိုင်းတစ်ခုက သူ့ကို ဝန်းရံလျက် ဖြစ်တည်လာသည်။ လေက တဝေါဝေါ လည်ရင်း မြေပြင်မှ ကောင်းကင်ယံအထိ တောက်လျှောက် မြင့်တက်သွားသည်။ အဝေးမှကြည့်လျှင် ၎င်းမှာ မန်ဟို၏ပတ်ပတ်လည်တွင် သောင်းကျန်းနေသော ဧရာမလေဆင်နှာမောင်းကြီးနှင့်တူလေသည်။

‌လည်နေသော လေများက အရာအားလုံးကို လှုပ်ရမ်းစေပြီး တဝေါဝေါ ဆူညံနေစေတော့သည်။ ၎င်းက ကျောက်ဆောင်ကြီးများ၊ ဖုန်များကို ကောက်ယူကာ လာနေသော တိမ်တိုက်ဆီသို့ ချက်ချင်း ပစ်လွှတ်လိုက်သည်။

ခေါင်းဆောင်ကြီးဟုရန်နှင့် တိုက်ပွဲတုန်းက သူသည် မှော်ပစ္စည်းများနှင့်အတူ သွေးမိုတယ်နတ်ဘုရားစွမ်းရည်များ အသုံးပြုခဲ့၏။ သို့သော် သူ၏ ကိုယ်ပိုင် ဖန်တီးမှုဖြစ်သည့် အနုသုခုမရုပ်ခန္ဓာအရုပ်ခုနစ်ခုကို မသုံးရသေးပေ။

တချို့နေရာများတွင် သူ့အတွက် ၎င်းတို့၏စွမ်းအားက သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်များထက် အလွန်သင့်တော်လေသည်။

အထူးသဖြင့် ယခု သူသည် သတ္တမဝိညာဉ်ခန္ဓာအဆင့်သို့ ရောက်နေသည့်အတွက် သူ၏စွမ်းအားမှာ အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းနေတော့၏။

ဂျိန်းခနဲ မြည်ဟည်းသံကြီးက အနက်ရောင်နယ်မြေတစ်ဝက်ကျော်တစ်လျှောက် ပျံ့နှံ့သွားပြီး မျိုးနွယ်စု ခုနစ်ဆယ်ရာခိုင်နှုန်းကို အံ့ဩတုန်လှုပ်စေကာ ကျင့်ကြံသူများအား ထိတ်လန့်ချောက်ချားသွားစေတော့သည်။

***

All Chapters