← Chapters

ကံကြမ္မာကောင်း၏လမ်းကြောင်း

Vol. 42 Ch. 580

ကံကြမ္မာကောင်း၏လမ်းကြောင်း

Vol. 42 Ch. 580

မိစ္ဆာအင်မိုတယ်စေတီ၏အပြင် ၊ တောင်ခုနစ်လုံး၏အပြင်တွင် ကျင့်ကြံသူသန်းပေါင်းများစွာ ပြန့်ကြဲနေသော နေရာတစ်နေရာရှိသည်။ ယင်းက ၎င်း၏အပြင်ပိုင်းကို မြင်ရသည့် တစ်ခုတည်းသောနေရာ ဖြစ်လေသည်။

ဂိုဏ်းသားသန်းပေါင်းများစွာသည် စေတီ၏ ပတ်ပတ်လည်တွင် ဝိုင်းဖွဲ့နေရာယူထားကြ၏။ သူတို့အားလုံးက ၎င်းကို မမှိတ်မသုန် ကြည့်နေကြလေသည်။

သူတို့မြင်နေရသည်မှာ စေတီ၏ ပထမအထပ်တွင် အလင်းစက်တစ်သိန်းပေါ်လာသည်ကိုပင်။ ၎င်းတို့မှာ ပြွတ်သိပ်ကြပ်နေပြီး အလင်းစက်တစ်စက်စီက မိစ္ဆာအင်မိုတယ်ဂိုဏ်းသားတစ်ယောက်စီကို ကိုယ်စားပြုလေသည်။

"အထဲမှာ ဘာနဲ့တူမလဲ မသိဘူး" ပထမတောင်ထိပ်မှ သီးသန့်ဂိုဏ်းသားက အလင်းစက်များကို ကြည့်ကာ ရေရွတ်လိုက်သည်။

တူညီသောမေးခွန်းများ မိစ္ဆာအင်မိုတယ်စေတီကို စောင့်ကြည့်နေသည့် ဂိုဏ်းသားအားလုံး စိတ်ထဲတွင် တရိပ်ရိပ် ဖြတ်ပြေးနေလေသည်။

သို့သော် သူတို့ သိပ်မတွေးနိုင်ခင် အလင်းစက်တစ်သိန်း၏ တစ်ဝက်နီးပါး ဖျတ်ခနဲ ပျောက်ကွယ်သွားတော့၏။ တခဏကြာသော် ကျင့်ကြံသူထောင်ပေါင်းများစွာမှာ လေထဲသို့ နှင်ထုတ်ခံလိုက်ရသဖြင့် ပါးစပ်သွေးများ ပန်းထွက်လျက် ‌လွင့်ထွက်သွားကြတော့သည်။

တစ်ချက်တည်း သတိလစ်သွားသူတချို့ပင် ရှိ၏ ။

အဖြစ်အပျက်က လူတိုင်းကို အထိတ်တလန့် ရေရွတ်မိလိုက်စေသည်။ သို့သော် တစ်ချိန်တည်းမှာပင် အလင်းစက်တစ်စက်သည် မှောင်မိုက်နေခဲ့သော ဒုတိယအထပ်တွင် ပေါ်လာ၏။

"တစ်ယောက်တော့ ပထမအထပ်ကို ကျော်ဖြတ်နိုင်သွားပြီ"

"အချိန်က ဘယ်လောက်ရှိသေးလို့တုန်း။

တကယ်ပဲ ပထမအဆင့်ကိုတောင် ကျော်ဖြတ်သွားပြီတဲ့လား" စကားသံများ ဆူညံသွားသည်။

ဖန်ယုက တိတ်ဆိတ်စွာ စောင့်ကြည့်နေရင်း သူငယ်အိမ်များ ကျုံ့သွားသည်။

ဝမ်လီဟိုင်လည်း မျက်မှောင်ကြုတ်နေလျက် လူကြားထဲတွင် ဖြစ်သည်။

မြောက်ပိုင်းသဲကန္တာရမှ လူငယ်မှာ မျက်လုံးများ တဖျပ်ဖျပ် တောက်နေကာ မလှုပ်မယှက် ရပ်နေလေသည်။ မှန်ပါသည်၊ တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူများအနေဖြင့် မိစ္ဆာအင်မိုတယ်စေတီအတွင်းသို့ မဆင်မခြင်နှင့် ဦးဆုံး ဝင်ရောက်ကြမည်မဟုတ်ပေ။ သူတို့က အခြေအနေကို အပြင်မှ စောင့်ကြည့်နေကြ၏

ဒုတိယအထပ်သို့ ပထမဆုံးတစ်ယောက် တက်သွားပြီး‌နောက်ပိုင်း အလင်းစက်များ တစတစ များပြားလာသည်။ ကြည့်နေကြသူများမှာ ဖြစ်ပျက်နေသောအရာများကို အပြည့်အဝ အာရုံစိုက်၍ ချီနှင့်စိတ်ကို တည်ငြိမ်အောင် လုပ်ထားကြလေသည်။

မိမိ၏ အစွမ်းအစနှင့် အတွေ့အကြုံအပေါ် ယုံကြည်ချက်ရှိသူတချို့က စေတီအထဲ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြ၏။

မန်ဟို စေတီ၏ ပထမအထပ်သို့ ဝင်ရောက်သောအခါ ဦးစွာ မြင်လိုက်ရသည်က အမှောင်ထုထဲ၌ နစ်မြုပ်နေသော မြေပြင်ကြီးပင်။ သူ ရပ်နေသောနေရာမှာ ရှေး‌ခေတ်တုန်းက စစ်မြေပြင်ကြီးဖြစ်သည့်အလား သွေးညှီနံ့တို့က လေထဲတွင် ‌လွင့်မျောနေလေသည်။

ဘေးဘီဝဲယာကို ကြည့်ရင်း အပေါ်ရှိ လေထုတွင် လှိုင်းထလာကြောင်း သူသတိထားမိလိုက်သည်။ မပီမသ၊ ဝိုးတိုးဝါးတားဖြစ်နေသော ပုံရိပ်ဆယ်ခုပေါ်လာ၏။ ၎င်းတို့၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်ဖြစ်လေသည်။

ပုံရိပ်ဆယ်ခုသည် ‌အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒများကို ထုတ်လွှတ်လျက် မန်ဟို့ဆီ ပြေးဝင်လာကြ၏ ။

မန်ဟို့မျက်လုံးများ လင်းခနဲ လက်သွားပြီး မိစ္ဆာအင်မိုတယ်စေတီတွင် မည်သည့်အရာကို စမ်းသပ်သည်လဲ သဘောပေါက်လိုက်သဖြင့် သူက ထရယ်လေသည်။ ပုံရိပ်ဆယ်ခု အနားရောက်လာသောအခါ သူသည် နောက်မဆုတ်ဘဲ ၎င်းတို့နှင့် ထိပ်တိုက်တွေ့ရန် ပြေးတက်သွား၏။

မန်ဟိုက ဂျိန်းခနဲ အစိမ်းရောင်အငွေ့အသွင် ပြောင်းလိုက်သည်။ လက်သီး သို့မဟုတ် လက်ချောင်းတိုက်ကွက်လေး တစ်ကွက်တည်းနှင့် အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့် ပုံရိပ်ဆယ်ခုမှာ ပြန်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့ကား ဖျက်စီးခံလိုက်ရလေပြီ။

အသက်ငါးရှိုက်စာလေးအတွင်း ပြိုင်ဘက်ဆယ်‌ယောက်မှာ သုတ်သင်ခံလိုက်ရပြီဖြစ်၏။

သို့ရာတွင် သူတို့၏အလောင်းများမှ အနက်ရောင်မီးခိုးငွေ့များ လွင့်လူတက်လာသည်။ ၎င်းတို့က တဖွေး‌ဖွေးလှုပ်လျက် အုံကြွလာပြီး မည်းနက်နေသော ပုံရိပ်တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။ သူသည် အနက်ရောင်ဝတ်ရုံရှည်နှင့် အနက်ရောင်မျက်နှာဖုံးကို ဝတ်ဆင်ထား၏။ သူ၏အနက်‌ရောင်ဆံပင်ရှည်များမှာ လေတွင် မျောလွင့်နေပြီး သူ့ထံမှ မန်ဟို၏သူငယ်အိမ်များကို ကျုံ့သွားစေသော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေလေသည်။

ပို၍ပင် အံ့ဩစရာကောင်းသည်က ဤလူ့တွင် အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်ကျင့်ကြံခြင်းအခြေခံရှိသော်လည်း စောစောက ပုံရိပ်များ၏ကျင့်ကြံခြင်းအခြေခံနှင့် တခြားစီပင်။ ထိုပုံရိပ်များက ခွေးဘီလူးများဖြစ်လျှင် သည်လူက အဖော်မဲ့ဝံပုလွေတစ်ကောင် ဖြစ်သည်။

သူက မန်ဟိုကို အေးတိအေးစက် ကြည့်ပြီး ရုတ်တရက် လက်မြှောက်လိုက်၏။ အံ့ဩဖွယ်ကောင်းစွာနှင့် ‌သူ၏လက်ဝါးပြင်ထက်၌ တောင်တစ်လုံး ပေါ်လာလေသည်။

‌တောင်ကို ပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို ၎င်းကို မှတ်မိလိုက်သည်။ ဤသည်မှာ တောင်ဝါးမြိုမန္တန်မှတစ်ပါး အခြားမဟုတ်ပေ။

ထို့နောက် တောင် ပျောက်ကွယ်သွားပြီး မန်ဟို့အရှေ့တည့်တည့်တွင် ယောက်ျားတစ်ယောက် ပေါ်လာခဲ့လေပြီ။ လက်ဝါးချက်ကြီး ကျရောက်လာ၏။ မန်ဟို၏မျက်လုံးများ လင်းလက်သွားသည်။ တောင်ကြီးတစ်လုံး သူ့ဆီတည့်တည့်ကြီး ‌အရှိန်ပြင်းစွာ ဝင်ရောက်‌လာနေသည်ကို မြင်လိုက်ရသည့်အလားပင်။

"ရှေးခေတ်က အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်ကျင့်ကြံသူ" မန်ဟို၏မျက်လုံးများမှာ တိုက်ခိုက်လိုစိတ်များဖြင့် တောက်ပလာတော့သည်။ သူသယ်လာသော သားရေအိတ်ထဲရှိ မည်သည့်ပစ္စည်းမဆို ဤပညာရှင်ကို တမုတ်ဟုတ်ချင်း အရှင်းဖယ်ရှားပစ်နိုင်သည်။ သို့သော် မန်ဟိုမှာ ခဲယွင်ဟိုင် ပေးထားသော ပစ္စည်းများကို ပထမဆုံးအထပ်မှာတင် မသုံးရက်နိုင်ပေ။

သူက ဒုတိယဝိညာဉ်ခန္ဓာသို့ပင် မဝင်ရောက်ဘဲ လက်သီးဖြင့် ထိုးချလိုက်၏။ သူကား အဆင့်တူတစ်ယောက်နှင့်ယှဉ်လျှင် မည်မျှသန်မာသည်လဲ ၊ မည်မျှအားနည်းသည်လဲ စမ်းကြည့်ဖို့အတွက် ဤအခွင့်အရေးကို အသုံးပြုချင်လေသည်။

သူတို့နှစ်ယောက် သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နေသဖြင့် ပေါက်ကွဲသံများ မြည်ဟည်းနေတော့သည်။ နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များကလည်း ရောင်စုံအလင်းများကို အရပ်မျက်နှာတစ်ခွင် လင်းထိန်နေစေတော့သည်။

တခဏကြာသော် အနက်ရောင်ဝတ်ရုံနှင့်လူက လှည့်သွားပြီးနောက် ထူးဆန်းစွာ လူးလွန့်နေလျက် မန်ဟို့အရှေ့တည့်တည့်တွင် ပြန်ပေါ်လာလေ‌သည်။ မန်ဟိုက ရယ်ရင်း နောက်မဆုတ်ဘဲ အားကုန် ထိုးချလိုက်၏။

မိစ္ဆာအင်မိုတယ်စေတီ၏ အထပ်(၁) တွင် သူတို့နှစ်ယောက်မှာ အကြိတ်အနယ် ‌တိုက်ခိုက်နေကြတော့သည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်ကြာသော်‌ ဖောင်းခနဲ ပေါက်ကွဲသံတစ်သံအား ကြားလိုက်ရ၏။ အနက်ရောင်ဝတ်ရုံနှင့်လူကား တဆတ်ဆတ်တုန်ရီပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားခဲ့လေပြီ။ ၎င်းသည် မန်ဟို့ကို လျင်မြန်စွာ ဝန်းရံလိုက်သော မှော်သင်္ကေတစီးကြောင်းတစ်ကြောင်း ဖြစ်လာ၏။

မန်ဟိုမှာ အတန်ငယ် ဟောဟဲလှိုက်နေပြီး သူ၏မျက်လုံးများသည် မိုးကြိုးများပါရှိနေသည့်အလား တလက်လက် တောက်ပနေချေသည်။ တိုက်ပွဲကား သိပ်မကြာလိုက်၊ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာခဲ့သည်။ သို့ရာတွင် ထိုအချိန်တိုလေးအတွင်း သူသည် ပုံရိပ်တစ်ခုနှင့် တိုက်ခိုက်၍ မှော်ပညာအလုံးစုံထုတ်သုံးပြီးနောက်ဆုံး ပြိုင်ဘက်ကို ချေမှုန်းနိုင်ခဲ့လေသည်။

ပို၍အရေးကြီးသည်မှာ မန်ဟို၏ခန္ဓာကိုယ်မှာ လောလောဆယ်တွင် တတိယဝိညာဉ်ခန္ဓာနီးပါး သန်မာနေပြီဖြစ်၏။ ထို့အတွက်ကြောင့်သာမဟုတ်လျှင် ပထမဝိညာဉ်ခန္ဓာအဆင့်လေးနှင့် အောင်မြင်မှု ရရှိနိုင်မည်မဟုတ်ပေ။

"ရှေးခေတ်က အစွမ်းထက်တဲ့ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ။ မယုံနိုင်အောင်ကိုပဲ" မန်ဟိုက သူ၏ပတ်ပတ်လည်တွင် မျောလွင့်နေသော မှော်သင်္ကေတများကို ကြည့်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။

‌သ‌င်္ကေတများက ထောင်နှင့်ချီပြီး ကြောက်မက်ဖွယ်ဖိအားကို ထုတ်လွှတ်လျက် အလင်းနှင့်အမှောင်အကြား မှိတ်တုတ်မှိတ်တုတ် လက်နေလေသည်။ မျက်စိတစ်မှိတ်အတွင်း မှော်သင်္ကေတများထဲမှ တစ်ခုက မန်ဟို့ဆီ ပြေးဝင်လာ၏။

သ‌င်္ကေတမှာ သူ့အား ရွေးချယ်လိုက်သယောင်ပင်။ မန်ဟို၏ မျက်လုံးများ တလက်လက် တောက်ပသွားပြီး သူသည် လာနေသော သင်္ကေတကို မရှောင်ဘဲ သူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်ပေါင်းစည်းခွင့်ပြုလိုက်သည်။ ၎င်းသည် ‌တဖြည်းဖြည်း တာအိုမှော်ပညာရပ်တစ်ခု အသွင်ပြောင်းလာ၏။

"မိစ္ဆာမီးတောက်တဲ့လား" မန်ဟို ၎င်းအား ခံစားကြည့်ရန် အချိန်ခဏယူလိုက်သည်။ ဤပညာရပ်မှာ တာအိုမှော်ကျင့်စဉ်သုံးထောင်အနက် မပါဝင်ဘဲ ရိုးရှင်းသောကျင့်စဉ်တစ်ခုဖြစ်လေသည်။

မိစ္ဆာအင်မိုတယ်ဂိုဏ်းအတွက်တော့ ရိုးရှင်းသည်ဟု ခေါ်ရနိုင်သည်။ သို့သော် ထိုကဲ့သို့ မှော်ကျင့်စဉ်တစ်ခုအား တောင်ကောင်းကင်ဂြိုဟ်၏ ဂိုဏ်းများအား ထုတ်ဖော်ပြလိုက်လျှင်တော့ ဤမျှမိစ္ဆာမီးတောက်ရိုးရိုးလေးကပင် မယုံကြည်နိုင်ဖွယ်ကောင်းပြီး အံ့ဖွယ်ရာဖြစ်ပေလိမ့်မယ်။

ထူးဆန်းသော အလင်းရောင်တစ်ခု မန်ဟို၏မျက်လုံးများတွင် ပေါ်လာ၏။ သူသည် ၎င်းတို့ကို ပိတ်လျက် တခဏ တွေးလိုက်ပြီး ပြန်ဖွင့်လာသောအခါ ဉာဏ်အလင်းဖြင့် တောက်ပနေလေပြီ။ ၎င်းသည် မိစ္ဆာမီးတောက်ကျင့်စဉ်နှင့် ဘာမှ မပတ်သက်ဘဲ ဤစမ်းသပ်ချက်တစ်ခုလုံးနှင့် သက်ဆိုင်သည်။

"ဒီစမ်းသပ်ချက်က ကျင့်ကြံခြင်းအဆင့်ပေါ်မူတည်ပြီး လူတစ်ယောက်ချင်းစီအတွက် ကွဲပြားတယ်။ ခက်ခဲမှုအဆင့်ကတော့ အကုန်လုံးအတွက် တစ်ပြေးညီတည်းပဲ

"ငါသာ တာအိုရှာဖွေအဆင့်ဆိုရင် တာအိုရှာဖွေအဆင့်ပညာရှင်ဆယ်ဦးနဲ့ ရင်ဆိုင်ရလိမ့်မယ်... တကယ်တော့ အထပ်(၁)မှာ ငါ့ရဲ့ တကယ့်ဆုလာဘ်က မိစ္ဆာမီးတောက်ကျင့်စဉ်မဟုတ်ဘဲ .... တောင်ဝါးမြိုမန္တန်ကို ဘယ်လိုသုံးရလဲ ကြည့်ရတာပဲ

"မန္တန်ကို အဲ့ဒီလိုနည်းနဲ့ သုံးရလိမ့်မယ်လို့ တစ်ခါမှ သတိမထားမိခဲ့ဘူး" ထို့နောက် သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ အထပ် (၂)သို့ တက်သွားတော့၏။

မန်ဟို အထပ်(၂) သို့ ဝင်ရောက်လိုက်သည့်အခိုက်အတန့်မှာပင် မိစ္ဆာအင်မိုတယ်စေတီ ပတ်ပတ်လည်ရှိ ဂိုဏ်းသားအားလုံးကား စူးစူးစိုက်စိုက် စောင့်ကြည့်နေကြလေသည်။ သူတို့အားလုံး၏ မျက်လုံးထဲတွင် ခိုင်မာပြတ်သားသောစိတ်ဆန္ဒများ ရှိကြ၏။

မိစ္ဆာအင်မိုတယ်စေတီအတွင်း၌ရှိသော ကံကြမ္မာကောင်းကို ရယူဖို့ လိုအပ်သည့်အရာမှာ ကျင့်ကြံခြင်းအခြေခံနှင့် မဆိုင်ဘဲ တကယ်တမ်း ကံတရားအပေါ် မူတည်လေသည်။

ယခုတွင် ကျန်အလင်းစက်များအနက် တစ်ဝက်ကျော်မှာ အထပ်(၁)မှ ပျောက်ကွယ်သွားကြပြီး အထပ်(၂) တွင် ပြန်ပေါ်လာကြပြီဖြစ်ကြောင်း လူတိုင်း မြင်လိုက်ကြ၏။ တချို့ဆိုလျှင် အထပ်(၃) သို့ပင် ရောက်နေကြလေပြီ။

သို့သော် မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများအကြား ပို၍ပင် အားကျမနာလိုစရာ အကောင်းဆုံးမှာ အထပ်(၅) သို့ ရောက်နေသော အလင်းစက် ငါးစက်ကျော်ပင်။

ထိုမြင်ကွင်းက စောင့်ကြည့်နေသူများ၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုလှိုင်းများ ထန်လာစေတော့သည်။ နောက်ဆုံးတွင် အတော်များများက စေတီထဲ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြ၏။

မြောက်ပိုင်းသဲကန္တာရ၊ အင်ပါယာမျိုးနွယ်စုမှ လူငယ်က စက်ဆုပ်ရွံရှာနေသောမျက်လုံးများဖြင့် စောင့်ကြည့်နေသည်။

"ဒီပုံရိပ်ယောင်လူတွေအကုန်လုံး တကယ်တမ်း သေလူတွေပဲ။ သူတို့ မတည်ရှိတော့မှန်းတောင် သူတို့မသိကြဘူး။ ပုံရိပ်ယောင်ကမ္ဘာထဲမှာတောင် လောဘဇောကပ်နေကြတာ ဘယ်လောက်ရယ်စရာ ကောင်းလိုက်သလဲ

"ကံဆိုးစွာနဲ့ တစ်ယောက်ယောက် အထပ်(၉၉)အထိ တက်နိုင်သွားရင်တောင်မှ ငါတို့လို သက်ရှိဝိညာဉ်နဲ့သူတွေပဲ ကံကြမ္မာကောင်းကို ရရှိနိုင်မှာ" သူက မျက်လုံးများ တောက်ပနေလျက် လေပေါ်ပျံတက်လိုက်သည်။ ထို့နောက် အ‌ထင်သေးစက်ဆုပ်သော အငွေ့အသက်များကို ထုတ်လွှတ်ရင်း မိစ္ဆာအင်မိုတယ်စေတီထံ တဟုန်ထိုးထွက်သွားတော့သည်။

ဝမ်လီဟိုင်၊ ဟန်ပေ့နှင့် ဖန်ယုတို့အား တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။ သူတို့က စေတီထံသို့ ပျံမသွားကြပေ။ တောင်ကောင်းကင်ဂြိုဟ်မှ ကျန်ကျင့်ကြံသူများအနက် တချို့မှာ ချီတုံချတုံဖြစ်နေပြီး တချို့၏မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားသော အရိပ်အယောင်များ ရှိလေသည်။

ကျောက်ဖန်း၏မျက်နှာမှာ ဖြူဆုပ်နေပြီး သူ၏မျက်လုံးများမှာ စူးရှတောက်ပနေ၏။ သူ ရရှိခဲ့သော လက်ခံခန္ဓာမှာ သူ စောင့်ကြပ်နေခဲ့သော အတွင်းစည်းဂိုဏ်းသားမဟုတ်ဘဲ အပြင်စည်းဂိုဏ်းသားတစ်ယောက် ဖြစ်လေသည်။

ဤအပြင်စည်းဂိုဏ်းသား၏အလောင်းကိုပင် အရေးအကြီးဆုံးအခိုက်အတန့်မှာတုန်းက ခက်ခက်ခဲခဲ ယူခဲ့ရခြင်းဖြစ်သည်။ မန်ဟိုက ဝမ်လီဟိုင်ကို ခြောက်ထုတ်ခဲ့သော်လည်း နောက်ဆုံးတွင် အနောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူတစ်ယောက် ရောက်လာပြီး သူ့လက်ထဲမှ လုယူသွားခဲ့လေသည်။

"မျိုးနွယ်စုရဲ့ မျှော်လင့်ချက်က ငါ့အပေါ်မှာထားထားတာ။ ငါ တာအိုမှော်ကျင့်စဉ်နည်းနည်းပါးပါးတော့ ရရလိမ့်မယ်" ကျောက်ဖန်းသည် အံတင်းတင်းကြိတ်ရင်း မိစ္ဆာအင်မိုတယ်စေတီရှိရာသို့ ပျံသန်းသွားတော့သည်။

တစ်ချိန်လုံးနီးပါး မိစ္ဆာအင်မိုတယ်ဂိုဏ်းသားများစွာ စေတီဆီသို့ ပျံသန်းသွားနေကြသည်။ ကျန်ရှိသူများမှာ အထပ်အမျိုးမျိုးရှိ အလင်းစက်များကို စောင့်ကြည့်နေကြလေသည်။‌ နောက်ဆုံးတွင်တော့ မန်ဟိုသည် အထပ်(၂) သို့ ရောက်သွားပြီဖြစ်၏။

သူ အထက်(၂) သို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဧရာမပင်လယ်ကြီးတစ်စင်းဖြင့် အဘက်ဘက်မှ ဝန်းခံခံထားရကြောင်း သဘောပေါက်လိုက်သည်။ အလွန်ကြီးမားသော လှိုင်းတံပိုးကြီးများက ပင်လယ်ရေမျက်နှာပြင်ထက်တွင် တလိပ်လိပ်အုံကြွနေလေသည်။ ထိုစဉ် ရေထဲမှ ရုပ်တုဆယ်ခု ‌မြင့်တက်လာသဖြင့် ‌တဗွမ်းဗွမ်း မြည်သံများအား ကြားလိုက်ရ၏။

အံဖွယ်ကောင်းစွာနှင့် ရုပ်တုတစ်ရုပ်စီမှာ စောစောက ရင်ဆိုင်ခဲ့ရသော အနက်ရောင်ဝတ်ရုံနှင့်ပညာရှင်နည်းတူ အစွမ်းထက်ပုံရလေသည်။ ခက်ခဲမှုအဆင့်မှာ ဆယ်ဆတိုးသွားဟန်တူသည်။

မန်ဟို၏မျက်လုံးများသည် တိုက်ခိုက်လိုစိတ်များ ပြည့်သျှံထွက်လျက် တလက်လက်‌ တောက်ပနေ၏။ သူ ယခု လိုအပ်နေသည်မှာ ဘာမှ ချုပ်တည်းထားစရာမလိုအပ်သော တိုက်ပွဲကြီးဖြစ်ချေသည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို မီးဖြင့် သန့်စင်၍ အပြင်အားကိုယ်ကို ကျင့်ကြံပြီး ထိုနှစ်ခုအား သဟဇာတဖြစ်စွာဖြင့် အတူတူအလုပ်လုပ်စေမည်ဖြစ်၏။

ရုပ်တုကြီးများက ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် မျက်လုံးများ ဖွင့်လိုက်သည်။ ၎င်းတို့ထံမှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုက မန်ဟို့ကု တိုးဝှေ့တိုက်သွားလေသည်။

"ဒုတိယဝိညာဉ်ခန္ဓာ"

ဝုန်း

မန်ဟို၏ အပြင်အားကိုယ် ပြန့်ကားလာပြီး ကျင့်ကြံခြင်းအခြေခံ ပေါက်ကွဲထွက်လာသည်။ သူ၏အတိုက်အခိုက်စွမ်းရည်သည် တစ်ဟုန်ထိုးမြင့်တက်သွားပြီး မဟာစက်ဝန်းအဆင့် အနုသုခုမရုပ်ခန္ဓာနှစ်ခုစွမ်းအားကို ထုတ်ဖော်လိုက်လေပြီ။ အပြင်အားကိုယ်လည်း စွမ်းအားများဖြင့် တဟုန်းဟုန်း ပြည့်နှက်နေတော့သည်။ ယခုတွင် သူသည် စတုတ္ထဝိညာဉ်ခန္ဓာခွန်အားနှင့် ညီမျှနေပြီဖြစ်သော ဒုတိယဝိညာဉ်ခန္ဓာသို့ ဝင်ရောက်ထားလေသည်။ သူက လာနေသော ရုပ်တုကြီးများဆီ တန်းတန်းမတ်မတ် ပြေးတက်သွား၏။

ရုပ်တုကြီးဆယ်ရုပ်မှာ အတုနှင့်ခွဲမရလောက်အောင် အသက်ဝင်လေသည်။ သူတို့ထံမှ မိစ္ဆာချီလှိုင်းများ ဖြာထွက်နေပြီး နဖူးအ‌ပေါ်တွင် အရုပ်ဆေးမင်ကြောင်များအား မြင်သည်ဆိုရုံကလေး မြင်ရ၏။

တိုက်ပွဲစတင်သည်နှင့် ပင်လယ်ပြင်တစ်လျှောက် ထစ်ချုန်းသံများ ဆူညံသွားတော့သည်။ ၎င်းမှာ တစ်နာရီမပြည့်တပြည့် ကြာလိုက်၏။ ရုပ်တုတစ်ရုပ်ပြီး တစ်ရုပ်မှာ မန်ဟို၏ ဒုတိယဝိညာဉ်ခန္ဓာတိုက်ကွက်များကြောင့် ‌ကြေမွကုန်လေသည်။ ၎င်းတို့၏ မှော်ပညာရပ်များက စတုတ္ထဝိညာဥ်ခန္ဓာနှင့် ယှဉ်နိုင်သော ခန္ဓာကိုယ်အပေါ် သက်ရောက်လာကြပြီး ပိတ်ဆို့ခြင်း ခံနေကြရ၏။

နောက်ဆုံးရုပ်တု တစစီ ပေါက်ကွဲသွားသောအခါ ၎င်းတို့ကို ဖော်ဆောင်‌ပေးခဲ့သော ပင်လယ်ရေပြင်မှာ လေထဲ နောက်တစ်ကြိမ် မြင့်တက်လာပြီး ကြောက်စရာ တောင်တစ်ကြီးတစ်လုံး ဖြစ်လာသည်။

တောင်သည် ပင်လယ်အရောင်ဖြစ်၏။ ဤသည်မှာ ပင်လယ်တောင်ကြီးတစ်လုံးဖြစ်ပြီး ၎င်းပေါ်လာသောအခါ ရောင်စုံအလင်းများဖြင့် ကွန့်မြူးတောက်ပနေလျက် မန်ဟို့ဆီ ဖိချလိုက်လေသည်။

တောင် အနားရောက်လာပြီး လေပြင်းများ တိုက်ခတ်လာသည်။ ဖိအားသတ္တဝါကြီးတစ်ကောင် အောက်ရှိ ပင်လယ်ကြီးထဲတွင် ပေါ်လာသယောင်ပင်။ မန်ဟို၏ဆံပင်များမှာ သူ၏အဝတ်စများနည်းတူ အကြမ်းပတမ်း လွင့်မျောနေတော့သည် ။ သူသည် ကျဆင်းလာနေသော ပင်လယ်တောင်ကို ကြည့်ပြီး မျက်လုံးများမှာ ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် ပြည့်နှက်သွားတော့သည်။

"တောင်ဝါးမြိုမန္တန်ပဲလား"

***

All Chapters