သဘောထားကြီးသော ကျင်ရှန်း
Vol. 43 Ch. 601
ကျင်ရှန်းသည် အတွေးထဲ နစ်မြောနေလျက် မန်ဟိုကို တခဏ ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်၏ ။ ထိုအခိုက်အတန့်တွင် သူမသည် တစ်စုံတစ်ခုကို တွေးမိသွားသယောင်ပင်။ သူမက တခဏ ချီတုံချတုံ ဖြစ်နေ၏။
"အကုန်လုံးက ဒဏ္ဍာရီလေးတစ်ပုဒ်ပါပဲ" သူမက ဆက်ပြောလာသည်။ "အမှန် ဟုတ်လား ၊ မဟုတ်လား မသိနိုင်ဘူး။ အမှန်ဟုတ်ချင်လည်း ဟုတ်မယ်။ မဟုတ်ချင်လည်း မဟုတ်ဘူး ... ဒါ့အပြင် အစစ်အမှန်စိတ်ဝိညာဉ်ညရဲ့ ထူးခြားဆန်းကြယ်ပုံက တကယ် အချိန်မရွေး ပေါ်လာနိုင်တာပဲ
"မူလမိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ ရွေးချယ်ခံဂိုဏ်းသားတွေအများကြီး သူ့အကြောင်းကို လေ့လာခဲ့ကြတယ်။ သူတို့ ယုံကြည်တာတော့ ညမှာ နေရာရွှေ့ပြောင်းနိုင်တဲ့စွမ်းအားမျိုး ပိုင်ဆိုင်ထားတယ်တဲ့။ ဒါပေမဲ့ သူ နေရာရွှေ့ပြောင်းပေးနိုင်တာက အကောင်အထည်ရှိတဲ့နယ်ပယ်တွေကို မဟုတ်ဘဲ အချိန်ကို ဖြတ်ပြီးတော့ပဲ
"ဒါကြောင့် ညရဲ့အိပ်မက်ဟာ အိပ်မက်သက်သက် မဟုတ်ဘဲ အချိန်ကို ဖြတ်ပြီး တကယ် နေရာရွှေ့ပြောင်းပေးတာလို့ ယုံကြည်ကြတဲ့သူတွေ များတယ်။ အဲ့ဒီအချက်ကို သက်သေပြဖို့ စုဆောင်းထားတဲ့ သက်သေတွေတောင် အများကြီး ရှိတယ်"
မန်ဟိုသည် တခဏကြာသည်အထိ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် မျက်လုံးများ ပိတ်လိုက်၏။ အချိန်အတော်လေးကြာသော် သူက ၎င်းတို့ကို ပြန်ဖွင့်လိုက်လေသည်။ သူ၏အတွေး ပြောင်းလဲသွားသည့် အရိပ်အယောင်တစ်ခုမှ မမြင်ရ။
"ပုံရိပ်ယောင်ဖြစ်ဖြစ်၊ အစစ်အမှန်ဖြစ်ဖြစ် အရေးမကြီးဘူး" သူက စိတ်ထဲတွင် ရေရွတ်လိုက်သည်။ "အစစ်အမှန်လို့ ငါ ယုံကြည်ထားသရွေ့ ငါနဲ့ ဆက်သွယ်နေဦးမှာမလို့ ကံကြွေးကလည်း ငါ့နှလုံးသားထဲမှာ တည်ရှိနေဦးမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အရေးအကြီးဆုံးက အဲ့ဒါအပြင်မရှိဘူး" ယခုလေးတင် သူသည် အတော်လေး စိတ်ရှုပ်ထွေးနေခဲ့သော်လည်း မျက်လုံးများအား တခဏပိတ်ပြီးနောက်တွင် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရလေသည်။
"သွားစို့" သူက အေးတိအေးစက် ပြောသည်။ "မိစ္ဆာအင်မိုတယ်ကန် စောင့်နေတယ်"
ကျင်ရှန်းက သူ့ကို တခဏ ကြည့်ပြီး ခေါင်းညိတ်ပြသည်။ သူတို့သည် ယခင်လမ်းအတိုင်း နှစ်ယောက်တူတူလျှောက်ရင်း မိစ္ဆာအင်မိုတယ်ကန်သို့ ဦးတည်သွားတော့သည်။
များမကြာခင် နှစ်ယောက်သား ဒုတိယပြင်ညီမှာတုန်းက သွားရောက်ခဲ့သော ကန်ရှိရာသို့ ရောက်သွားကြလေသည်။
ထိုနေရာမှာ ပျက်စီးစုတ်ပဲ့နေပြီ ဖြစ်၏။ အက်ရာများအား နေရာအနှံ့မြင်နေရပြီး တော်တော်များများ ပြိုကျနေလေပြီ။ ကျောက်တုံးများစွာလည်း ကြေမွနေပြီး အများစုမှာ လေလယ်တွင် ပျံဝဲနေကြ၏။ ဤအခြင်းအရာအားလုံးက ကန်ရေပြင်အနားကပ်ရန် ခက်ခဲသည့်ပုံပေါ်စေသည်။ ရေများပင်လျှင် ဒုတိယပြင်ညီနည်းတူ မကြည်လင်တော့ပေ။ တချို့နေရာများတွင် ဆိုလျှင် နုန်းများပင် တင်နေသယောင်ပင်။
အသိသာဆုံးမှာတော့ ရေတိမ်သွားခြင်း ဖြစ်သည်။
ပထမကြည့်ကြည့်ချင်း ကန်မှာ ကျင်းကြီးတစ်ကျင်းနှင့် တူလေသည်။ ယခင်က ၎င်းသည် ရေများအပြည့် ရှိခဲ့သော်လည်း ယခုတော့ အောက်ခြေတွင် အနည်းအကျဉ်းသာ ရှိတော့၏။ ကြည့်ရသရွေ့ ဒုတိယပြင်ညီတွင် ရှိခဲ့သော ပမာဏ၏ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိကောင်းရှိနိုင်သည်။
သို့သော် ရေဆယ်ရာခိုင်နှုန်းကို မြင်သောအခါ ကျင်ရှန်းမှာ စိတ်လှုပ်ရှားသွားပြီး ဟင်းခနဲ သက်ပြင်းချလိုက်လေသည်။ သူမ အကြောက်ဆုံးက ဤနေရာသို့ ရောက်လာပြီးမှ အချိန်၏တိုက်စားမှုကြောင့် ကန်ရေများ ခမ်းခြောက်သွားသည်ကိုသာ တွေ့လိုက်ရမည်ကို ဖြစ်လေသည်။
ထိုသို့သာ ဖြစ်ခဲ့လျှင် သူမ ကြိုးစားခဲ့သမျှ ရေစုန်မြောသွားလိမ့်မည်။ သူမဂိုဏ်း ဆောင်ရွက်ခဲ့သော ပြင်ဆင်ချက်အားလုံးလည်း သဲထဲ ရေသွန် ဖြစ်ရပေမည်။
တဟုန်ထိုး အောင်မြင်ဖို့အတွက် ပုံအောစွန့်စားခဲ့ခြင်း ဖြစ်သော်လည်း မအောင်မြင်ခဲ့လျှင် သူမဂိုဏ်းအနေဖြင့် သေချာပေါက် နစ်နာရမှာ ဖြစ်ပေသည်။
ကျင်ရှန်းသည် စိတ်လှုပ်ရှားနေမှုကို ချုပ်တည်းရင်း ဘေးဘီဝဲယာကို ကြည့်လိုက်၏။ ဒုတိယပြင်ညီမှာတုန်းက သူမ အမှတ်အသား ချန်ခဲ့သော ကျောက်တုံးကို မြင်လျှင် သူမမှာ တုန်ရီလာပြီး အသက်ပြင်းပြင်းရှူမိနေတော့သည်။ သူမအတွက် စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရန် ခက်ခဲနေလေသည်။
အကုန်လုံး ခလုတ်မထိ၊ ဆူးမငြိ ပြီးပြည့်စုံစွာ အလုပ်ဖြစ်နေပြီး သူမစိတ်ကူးကြည့်နိုင်သည်ထက်ပင် အဆင်ပြေချောမွေ့နေလေသည်။ ၎င်းတို့အားလုံး၏ သော့ချက်မှာ သူမ အမှတ်အသားပြုခဲ့သော ကျောက်တုံးပင်ဖြစ်သည်။ ဤနေရာသို့ ဝင်ရောက်ဖို့ လူတစ်ယောက်သည် ကန့်သတ်ချက်များနှင့် ကိုက်ညီရန် လိုအပ်၏။ မိစ္ဆာအင်မိုတယ်ကန်အထဲ ဝင်ရောက်ရန်လည်း ဒုတိယကန့်သတ်ချက် လိုအပ်ပေးသည်။
ထိုကန့်သတ်ချက်ကို ဒုတိယပြင်ညီမှာသာ ကိုက်ညီအောင် လုပ်နိုင်ပြီး အသုံးပြု၍မရပေ။ ထိုအစား ကန့်သတ်ချက်သည် တတိယပြင်ညီတွင် အကျုံးဝင်၍ ကျင့်ကြံနိုင်မည်ဖြစ်သည်။
အကယ်၍ ဒုတိယပြင်ညီ မရှိသဖြင့် တတိယပြင်ညီသို့ တိုက်ရိုက်ရောက်သွားခဲ့လျှင် ထူးထူးခြားခြား ပြောင်းလဲသွားမည့်ပုံမရပေ။ သို့သော် ကျင်ရှန်းနှင့် သူမဂိုဏ်းမှာမူ သေချာအောင် နိမိတ်ဖတ်ထားပြီးဖြစ်၏။ အချိန်၏တိုက်စားမှုနှင့် ကပ်ဘေးကြီးကြောင့် တားမြစ်မန္တန်များက ပတ်ဝန်းကျင်ကို ချိတ်ပိတ်ထားပြီး မည်သည့်ကျူးကျော်သူကိုမှ ဝင်ခွင့်ပေးမည်မဟုတ်ပေ။
အောင်မြင်ဖို့အတွက် တစ်ခုတည်းသောနည်းလမ်းမှာ ရှေးခေတ်၌ ကန့်သတ်ချက်များနှင့် ကိုက်ညီအောင် ဆောင်ရွက်ခြင်းဖြစ်သည်။
ကျင်ရှန်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် မန်ဟို့ဘက်လှည့်ကာ လက်နှစ်ဖက်ယှက်၍ လေးလေးနက်နက် အရိုအသေပေး၏။
"တာအိုရောင်ရင်းမန် ၊ အကူအညီအားလုံးအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ အခု လမ်းတစ်လမ်းဖွင့်အတွက် ရှင့်ရဲ့အကူအညီကို နောက်တစ်ကြိမ် တောင်းခံချင်လို့ပါ။ ကျေးဇူးပြုပြီး ပတ်ဝန်းကျင်က ကျိန်စာစွမ်းအားကို ဖယ်ရှားပြီး ... ကျွန်မကို ရေကန်ထဲ ဝင်နိုင်အောင် ကူညီပေးပါ" သူမက သူ့ကို နောက်တစ်ကြိမ် ဦးညွှတ်အရိုအသေပေးလိုက်သည်။
ဤသည်မှာ သူမ သူ့ဆီမှ လိုအပ်သော အကူအညီဖြစ်ကြောင်း မန်ဟို နားလည်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ပျက်စီးပြိုကျနေပြီး အတော်လေး ရှုပ်ယှက်ခတ်နေကာ အန္တရာယ်ပင်များလေသည်။ ကျင်ရှန်းမှာ တံတားပျက်နယ်ပယ်မှာတုန်းက သူမကို စိုးရိမ်စေခဲ့သည့် .... မမြင်ရသောကျိန်စာများကြောင့် စိတ်ပူနေလေသည်။
လူတစ်ယောက် ရှေ့ဆက်တိုးလေလေ ၊ ကျိန်စာမှာ ကြောက်စရာကောင်းလာလေလေ ဖြစ်၏။ ၎င်းတို့ကို ထိလိုက်မိသော မည်သည့်အရာမဆို တန်ပြန်သက်ရောက်မှုအား အလူးအလဲ ခံရပေမည်။
"စမ်းကြည့်လိုက်ဦးမယ်" သူက ခေါင်းတစ်ချက် ညိတ်ကာ ပြောလိုက်၏။ သူသည် ကျင်ရှန်းကို ကတိပေးထားခဲ့၍ သူမထိန်းချုပ်နိုင်သော တစ်စုံတရာနှင့် မကြုံတွေ့မချင်း စကားတည်မည်ဖြစ်သည်။
သူသည် တံတားပျက်နယ်ပယ်မှာတုန်းက အတွေ့အကြုံကို ပြန်စဉ်းစားရင်း မည်သည့်အတွက်ကြောင့် သူ့အပေါ် ကျိန်စာသက်ရောက်မှုမရှိသည်ကို ခန့်မှန်းမိပြီးဖြစ်၏။ ၎င်းက သူ၏မိစ္ဆာချုပ်နှောင်သူဆိုသော ဘဝနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေလိမ့်မည်။ သူသည် မျက်လုံး တလက်လက် တောက်ပနေလျက် ရှေ့ဆက်လျှောက်သွားပြီး ညာလက်ကို ဝှေ့ယမ်းကာ လမ်းပိတ်နေသော ကျောက်တုံးများအား ဖယ်ရှားလိုက်လေသည်။
မန်ဟိုသည် လေလယ်တွင် ဝဲနေသော ကျောက်တုံးများပင် မချန်၊ ဖယ်ရှားရှင်းလင်းရင်း ဆက်လျှောက်သွားသဖြင့် မကြာမီ ရေကန်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်နေသော လမ်းတစ်လမ်း ပေါ်လာတော့သည်။
"အဲ့ဒီလိုလား" မန်ဟိုက ကျင်ရှန်းကို ပြန်ကြည့်ရင်း မေးလိုက်သည်။
သူမမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ရုတ်တရက် ကျိန်စာ အမှန်တကယ် တည်ရှိခြင်းရှိမရှိ မသေချာတော့ပေ ။ ကျိန်စာမရှိလျှင် ... မန်ဟို့ကို ခေါ်လာခြင်းက သူ့အား အလကားသက်သက် ကံကောင်းအောင် လုပ်ပေးနေခဲ့သည်နှင့် တူနေပြီ မဟုတ်ပါလော။
သူမမှာ ရင်ထဲ ခိုးလုခုလု ဖြစ်လာတော့သည်။ မန်ဟိုကို သူမနှင့်အတူ ရေစိမ်ရန်လည်း ကတိပေးခဲ့မိပြီး ယခုတော့ ရေမှာ အတော်လေး နည်းပါးနေလေပြီ....
"ကျိန်စာ မရှိတာများ ဖြစ်နေမလား" သူမက တွေးလိုက်သည်။ "ဒါမှမဟုတ် ငါက ကန့်သတ်ချက်တွေနဲ့ ကိုက်ညီသွားပြီး အသိအမှတ်ပြုခံရလို့ ကျိန်စာတွေက ငါ့ကို ပစ်မှတ်မထားတော့တာလား" ထိုသို့တွေးပြီး သူမက အံတင်းတင်းကြိတ်ကာ ရှေ့သို့ လျှောက်လာတော့သည်။
သို့သော် သူမ သုံးလှမ်းပင် မလှမ်းရသေခင် သူမမျက်နှာမှာ ရုတ်တရက် ရိပ်ခနဲ ဖြစ်သွား၏။ သူမအသားအရောင်မှာ ချက်ချင်းဆိုသလို မည်းနက်သွားလေပြီ။ သွေးများ သူမပါးစပ်မှ ပန်းထွက်သွားပြီး သူမက ကပျာကယာ နောက်ပြန်ဆုတ်လိုက်သည်။
သူမသည် လေးငါးလှမ်း ဆုတ်ပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက်၏။ ထို့နောက် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေအပ်အချောင်း(၁၀၀) ပေါ်လာပြီး သူမခန္ဓာကိုယ်အနှံ့အပြားအား စိုက်ဝင်သွားလေသည်။ မည်းနက်နေသော သွေးများ စီးကျလာပြီး အောက်သိုးသိုး အနံ့ဆိုးတစ်ခု ပျံ့လွင့်လာ၏။ ကျင်ရှန်းသည် ရွှံ့လုံးအသေးလေးတစ်လုံးကို ထုတ်လိုက်စဉ် မျက်နှာမှာ လူသေကောင်ပမာ သွေးမရှိတော့ပေ။ သူမမှာ ထိုသို့သော ပစ္စည်းတစ်ခုအား ဆုံးရှုံးရမည့် နာကျင်မှုကို သည်းခံရင်း ၎င်းကို ချေလိုက်ရာ ပယင်းရောင်ဆေးလုံးတစ်လုံး ပျံထွက်လာ၏။ သူမက ၎င်းကို မဆိုင်းမတွ မြိုချလိုက်လေသည်။
အချိန်အတော်လေးကြာသော် သူမသည် အတိုင်းထက်အလွန် နုံးချည့်နေသော်လည်း အသားအရောင်မှာ မည်းနက်မနေတော့ပေ။ ၎င်းနောက်ဆုံး ပျောက်ကွယ်သွားပြီး ဒဏ်ရာများအား ကုသပြီးသည့်အခါ သူမမှာ ကြောက်လန့်နေသော မျက်နှာလေးဖြင့် မန်ဟို့ကို မော့ကြည့်လေသည်။ သူနှင့်သူမအကြား မီတာသုံးဆယ်ခန့်သာ ရှိသော်လည်း သူမအတွက်တော့ မယုံနိုင်စရာ အကွာအဝေးကြီး ဖြစ်နေ၏။
စောစောက သူမမှာ ကျိန်စာစက်ကွင်းအတွင်းသို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ခြင်းမဟုတ်ပေ။ ကျိန်စာသာ အပြည့်အဝသက်ရောက်ခဲ့လျှင် အနက်ရောင်အရည်အိုင်ဘဝသို့ ရောက်သွားခဲ့သည်မှာ ကြာလေပြီ။
ကျင်ရှန်းအဖြစ်ကို မြင်သောအခါ မန်ဟိုမှာ တွေးမိသွားပြီး စိတ်မကောင်း ဖြစ်သွားလေသည်။ သူမသည် ပတ်ဝန်းကျင်ကို လျင်မြန်စွာ စစ်ဆေးကြည့်လိုက်သော်လည်း ထူးခြားတာတစ်ခုမှ မတွေ့ရပေ။ ဤနေရာမှာ အမှန်တကယ် တားမြစ်ဇုန်တစ်ဇုန် ဖြစ်လေသည်.... သူ့အပေါ် သက်ရောက်မှု နည်းနည်းလေးမှ မရှိသည်ကလွဲ၍။
"အခု ဘာလုပ်ကြမလဲ" ကျင်ရှန်းက မေးလာသည်။ သူမသည် မီတာသုံးဆယ်အကွာတွင် စိုးရိမ်ထိတ်လန့်စွာဖြင့် မျက်လုံးကလေး ဝိုင်းစက်ပြူးကျယ်နေလေ၏။ အောင်မြင်မှုမှာ လက်တစ်ကမ်းသာ လိုတော့သည့်တိုင် ထိုလက်တစ်ကမ်းမှာ မိုးနှင့်မြေကွာခြားနေသည့်ပမာ ဖြတ်ရန် မဖြစ်နိုင်ပေ။
အမှန်တွင် သူမပင်လျှင် သူမအဝတ်အစားများ ပြဲရိလာခဲ့သည်ကို သတိမထားမိခဲ့ပေ။ လေတစ်ချက်က ဖြတ်တိုက်သွားရာ အဝတ်စတချို့မှာ ပြာကျသွားပြီး အောက်ရှိ အသားလေး ပေါ်လာလေသည်။
မန်ဟိုမှာ ယခုတော့ သူမနှင့်ပတ်သက်ပြီး ဘာလုပ်ရ ဘာကိုင်ရမှန်း မသိတော့ပေ။ သူက ကန်ထဲရှိ အနက်ရောင်ရေများကို ကြည့်ပြီးနောက် ကျင်ရှန်းကို ပြန်ကြည့်လိုက်သည်။ "ဒီလိုလုပ်ပါလား မင်းက ငါ့ကို ဖက်ထား၊ ငါက မင်းကို လိုက်ပို့ရင်ရော" သူက မေးလိုက်သည်။
ကျင်ရှန်း အတန်ကြာ တိတ်ဆိတ်သွား၏။ စောစောက အဖြစ်အပျက်မှာ သူမကို လုံးလုံးလျားလျား တုန်လှုပ်သွားးစေ၍ ဘာလုပ်ရမလဲ စဉ်းစားမရဖြစ်နေခဲ့သည်။ မန်ဟို့အား သူမဆီသို့ ရေခပ်လာခိုင်းလျှင်ပင် အသုံးမဝင်ပေ။ မိစ္ဆာအင်မိုတယ်ခန္ဓာကို ရဖို့အတွက် ကန်အတွင်း၌ ကိုယ်တိုင်ကိုယ်ကျ တရားထိုင်ရန် လိုအပ်၏။
သူမသည် အံတင်းတင်းကြိတ်လိုက်ပြီး ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ သူမမျက်လုံးထဲ၌ ပေါ်ပေါ်လာတော့သည်။ မျှော်လင့်ချက်အားလုံးက သူမပခုံးအပေါ်မှာ မဟုတ်ပါလော။ သူမအနေဖြင့် အလွယ်တကူ လက်လျော့မည့်အစား ဤနေရာတွင် အသေသာခံလိုက်ပေမည်။
သူမက အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် စွန့်စားရန် အသင့်ဖြစ်ပြီဖြစ်ကြောင်း ခေါင်းညိတ် ဖော်ပြလိုက်သည်။ သူမသည် မန်ဟိုကို ကြည့်ပြီးနောက် လက်နှစ်ဖက်ယှက်ကာ နောက်တစ်ဖန် ဦးညွှတ်အရိုအသေပေးလေသည်။
"ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုမန်။ ကျင်ရှန်း အစ်ကိုမန်ရဲ့ ကျေးဇူးကို အသက်ထက်ဆုံး သတိရနေမှာပါ" ဦးညွှတ်လိုက်သော သူမအပြုအမူမှာ စောစောက မပေါ့်တပေါ် ဖြစ်နေသော အသားလေးကို မန်ဟို့အား ဖော်ပြလိုက်ပေးသယောင်ပင်။ ရုတ်တရက် သူသည် ဝိညာဉ်ပင် ယစ်မူးသွားစေလောက်သော မြင်ကွင်းအား မျက်ဝါးထင်ထင် မြင်လိုက်ရတော့၏။
ဤအခြင်းအရာကို သတိထားမိလိုက်သဖြင့် ကျင်ရှန်းမျက်နှာလေး ရဲတွတ်သွားလေသည်။ သူမက ကိုယ်ကို ပြန်မတ်ပြီး ပြောသည်။ "အသားလေး နည်းနည်းပါးပါး ပေါ်သွားရုံလေးတင်ပါ။ အစ်ကိုမန် သဘောကျတယ်ဆိုရင် လက်ဆောင်အဖြစ် ပေးနိုင်ပါတယ်"
ကျင်ရှန်း၏ 'သဘာထားကြီးမှု' က မန်ဟို့အား ချောင်းတဟွတ်ဟွတ် ဆိုးလိုက်မိစေပြီး ထူးဆန်းသော အရိပ်အယောင်တစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာတော့၏။ သူက သူ့စိတ်သူ ပြန်ထိန်းလိုက်သည်။ ကျင်ရှန်းနှင့် တွေ့တိုင်း သူမတွင် ပြောင်းလဲလွယ်သော ပင်ကိုယ်စရိုက်ရှိသည် သူ ခံစားရလေသည်။ သူတို့နှစ်ယောက်ဆုံလိုက်တိုင်း သူမမှာ စိတ်အမျိုးမျိုး ပြောင်းနေသည့်အတိုင်းပင်။
စစတွေ့တုန်းက သူမသည် ကလူမြူဆွယ်ပြီး ထိကပါးရိကပါး လုပ်တတ်၏။ တစ်ခါတရံကျ ပွင့်လင်းတတ်ပြီး ယခုတော့... ယောက်ျားကြီးတစ်ယောက်ပမာ စကားပြောနေပြန်လေပြီ။
"မလိုဘူး ရတယ်..." သူက လည်ချောင်းရှင်းရင်း ပြန်ဖြေလိုက်သည်။ သူသည် ကျင်ရှန်းဆီ လျှောက်သွားပြီး သူ အနားရောက်လာသည်နှင့် ကျင်ရှန်းက လက်ကိုမြှောက်ကာ သူ၏လက်မောင်းအား ဆုပ်ကိုင်လိုက်လေသည်။ ထို့နောက် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်ဝန်းများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒ ပြည့်နှက်သွား၏။
မန်ဟိုက သူမကို နောက်တစ်ချက် ကြည့်ပြီးနောက် စကားတစ်ခွန်းမဆိုဘဲ ချာခနဲ လှည့်၍ ဦးဆောင်ခေါ်သွားသည်။ တစ်လှမ်း ၊ နှစ်လှမ်း ၊ သုံးလှမ်း .....
သူမကိုယ်လုံးလေးမှာ တသိမ့်သိမ့် တုန်ရီနေပြီး စောစောက သူမအမူအရာ ပြောင်းခဲ့ရသော နေရာသို့ ရောက်သည့်အချိန်တွင် သူမမှာ အလွန့်အလွန် ထိတ်လန့်နေတော့၏။ သို့ရာတွင် ဤတစ်ကြိမ်တွင် ကျိန်စာကို မခံစားရတော့ပေ... သူမအဝတ်အစားများမှာတော့ လျင်မြန်စွာ ပျောက်ကွယ်နေလေပြီ.....
သူတို့ ခုနစ်လှမ်း၊ ရှစ်လှမ်း လှမ်းပြီးသည့်အခါတွင်တော့ ကျိန်စာသင့်နယ်မြေထဲ အပြည့်အဝ ရောက်ရှိသွားလေပြီ။ ကျင်ရှန်း၏အဝတ်အစားများလည်း မရှိတော့ဘဲ မည်သည့်ယောက်ျားသားကိုမဆို ရင်ဖိုလာစေမည့် မိမွေးဖမွေးကိုယ်လေးအတိုင်း ဖြစ်နေ၏။
၎င်းသည် နှစ်လိုစွဲမက်ဖွယ်ရာ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်နှင့် နှိုင်းရက်စရာမရှိအောင် လှပလွန်းလေသည်။
မန်ဟိုက သူမကို လှမ်းကြည့်ပြီး အကုန်မြင်တွေ့သွား၏။ သူမှတ်မိရသလောက် ဤသည်မှာ သူ့အတွက် မိန်းမတစ်ယောက်၏ခန္ဓာကိုယ်ကို ဒုတိယအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်လေသည်။ ပထမဆုံးအကြိမ်မှာ ချူယွီယန်၏ကိုယ်လုံးလေးကို မြင်ခဲ့ရစဉ်က ဖြစ်ခဲ့သည်။ သို့သော် ယခု ခံစားနေရသည့် ခံစားချက်နှင့် မတူညီပေ။
သူသည် ခန္ဓာကိုယ်နှစ်ခုကို နှိုင်းယှဉ်ရင်း ရံဖန်ရံဖန် ပြုံးပြီး ခေါင်းညိတ်တတ်သည်။ တစ်ခါတရံ မျက်မှောင်ကြုတ်သွားတတ်ပြီး တစ်ခါတရံ အံ့ဩသွားပြန်သည်။
ကျင်ရှန်းက သူ့ကို ကြည့်ပြီး အံတင်းတင်းကြိတ်၍ ပြောလေသည်။ "ဘယ်အပိုင်းကို ကြိုက်လဲ။ ငါ နင့်ပေးမယ်"
မန်ဟိုက ပြုံးပြီး လက်ညှိုးထိုးလိုက်၏။
ကျင်ရှန်း၏ မျက်ခုံးလေးနှစ်ဖက် ပင့်တက်သွားလေသည်။ သူမသည် ရုတ်တရက် ညာလက်ကို ဓားသွားအသွင်ပြောင်းပြီးနောက် သူလက်ညှိုးထိုးလိုက်သော သူမ၏ရင်သားကို ရွယ်လိုက်သည်။
မန်ဟို့မျက်လုံးများ ပြူးထွက်သွားပြီး သူမကို ကမန်းကတန်း တားလိုက်၏။ "ဟုတ်ပါပြီ မင်း နိုင်ပါတယ်။ မင်း ဖြတ်ပေးရင်တောင်မှ ငါ မလိုပါဘူး"
ကျင်ရှန်းက သူ့ကို မျက်စောင်းထိုးပြီး ဘာမှမပြောပေ။ သူမမှာ သူ့ကို ဖက်ထားပြီး သူတို့နှစ်ယောက်သား ကန်ရေများ ရှိရာသို့ ဆက်လျှောက်လာခဲ့သည်။ မကြာမီ ရေလယ်ခေါင်တည့်တည့်သို့ ရောက်သွားလေပြီ။
ရေများမှာ သိသိသာသာ မည်းနက်နေသော်လည်း ထူးဆန်းသည့်အရာတစ်ခု ဖြစ်ပျက်သွား၏။ ကျင်ရှန်း၏ခန္ဓာကိုယ်မှ မွှေးပျံ့သင်းကြိုင်နေသောအနံ့လေးတစ်ခု စတင်ထွက်လာလေသည်။ ၎င်းသည် ဖြာထွက်လာစဉ် ရေများနှင့် တစ်သားတည်းဖြစ်ကာ ၎င်းတို့အား တဖွေးဖွေး လှုပ်လာစေ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် အနက်ရောင်မဟုတ်တော့ဘဲ ကြည်လင်သွားလေပြီ။ အမှန်တွင် မွှေးပျံ့သင်းကြိုင်သောအနံ့ကိုပင် အလိုအလျောက် ထုတ်လွှတ်စပြုလာ၏။
၎င်းကို သေသေချာချာ စစ်ဆေးကြည့်လျှင် ထိုအနံ့သည် ကျင်ရှန်း၏ရနံ့လေးနှင့် ထပ်တူညီကြောင်း သတိထားမိလေမည်။
***