← Chapters

ခန့်မှန်းခြင်းနှင့် ပူးပေါင်းခြင်း

Vol. 44 Ch. 615

ခန့်မှန်းခြင်းနှင့် ပူးပေါင်းခြင်း

Vol. 44 Ch. 615

"ဒီကုန်းမြေထုက မှန်တစ်ချပ်လို ဖြစ်ပြီးတော့ မှန်ထဲမှာ စစ်မြေပြင်တစ်ခု ရှိတယ်" မန်ဟိုက တီးတိုးရေရွတ်လိုက်သည်။ "စစ်‌‌မြေပြင်အပေါ်မှာရှိတဲ့ ပစ္စည်းတွေက အပြင်လောကကို ထွက်လာနိုင်တယ်။ ဒါပေမဲ့ မှန်ထဲက စစ်မြေပြင်အပေါ်မှာ ... အဲ့ဒီပစ္စည်းအတိုင်းပဲ ရှိသေးတယ်....

"ဒါက ...ဒါက ..." မန်ဟို၏စိတ်မှာ ပြင်းထန်သောထစ်ချုန်းသံကြီးဖြင့် ပြည့်နေတော့သည်။ မည်သို့ဖြစ်ပွားနေသည်လဲ သူ သိသည်ဟု ခံစားလာရသော်လည်း အဖြေက သူ၏မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေပြီး အသက်ရှူသံများ မြန်လာစေသည်။

"ထူးဆန်းတယ်။ ဘာလို့ ကြေးမုံနဲ့ သူရဲ့ ပွားနိုင်စွမ်းနဲ့ တူနေတာလဲ" ထိုအတွေးက သူ့ကို စိတ်လှုပ်ရှားလာစေသည်။

သူတစ်ယောက်တည်းသာ ထိုသို့ ချိတ်ဆက်စဉ်းစားမိသောသူဖြစ်၏။ ဘယ်သူ့မှ သူ့နည်းတူ ကြေးမုံမရှိသလို၊ ကြေးမုံ၏ မိုးကောင်းကင်ကိုပင် အာခံနေသော အရည်အသွေးများကို မသိကြပေ။ ထို့ကြောင့် သူတို့အတွက် မန်ဟိုကဲ့သို့ ကောက်ချက်ချမိရန် မဖြစ်နိုင်သည်သာ။

လူတိုင်း၏အတွေးမှာ သူတို့သိထားသော နယ်ပယ်အရ အကန့်အသတ်ရှိသည်မဟုတ်ပါလော။ ထိုနယ်ပယ်ထက် ကျော်ပြီး တွေးဖို့ဆိုသည်မှာ အတိုင်းထက်အလွန် ခက်ခဲပေသည်။

ထိုအကြောင်း‌တွေးလေလေ မန်ဟို၏အသက်ရှူသံများမှာ မြန်လာလေလေဖြစ်သည်။ အခြေအနေကြီးမှာ ပိုပို၍သာ ထူးခြားဆန်းကြယ်လာသယောင်ပင်။ သူ၏မျက်လုံးများမှာ တဖျပ်ဖျပ် လက်နေပြီး သူက ရုတ်တရက် လေပေါ် ပျံတက်လိုက်သည်။ သူသည် စောစောက ခရီးနှင်ခဲ့သော အရပ်မျက်နှာအတိုင်း ဆက်မသွားတော့ဘဲ အပေါ်တည့်တည့်သို့ တန်းတန်းမတ်မတ် ထိုးတက်သွားခြင်းဖြစ်၏။

ပျံတက်နေစဉ် သူ၏နှလုံးခုန်နှုန်းမှာ ပို၍မြန်လာပြီး ပို၍စိတ်လှုပ်ရှားလာသည်။ ယခုအချိန်အထိဆိုလျှင် သူ့အတွက် ကြေးမုံအား ပိုင်ဆိုင်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ အတိတ်တုန်းက ၎င်း မည်သည့်နေရာက လာသည်လဲ သူ မကြာခဏ စဉ်းစားခဲ့ဖူးသည်။ သို့သော် ထိုကိစ္စနှင့်ပတ်သက်လျှင် အသားဂျယ်လီနှင့် ကြက်တူရွေးမှာ အမြဲ ခါးခါးသီးသီးပင်။ သူ စကားဟလိုက်တိုင်း ၎င်းတို့နှစ်‌ကောင်မှာ မပြောရန် တားမြစ်ခံထားရသည့်အလား ပြုမူကြလေသည်။ ကြက်တူရွေးဆိုလျှင် ဒေါသပင် ထွက်လာတတ်သည်။

မန်ဟိုသည် ၎င်းအကြောင်းနှင့်ပတ်သက်ပြီး သတင်းနှိုက်ကြည့်သော်လည်း အချည်းနှီးသာ။ နောက်ဆုံးတွင် သူ့မှာ စိတ်ထဲတွင် သိမ်းဆည်းထားရတော့သည်။ သို့သော် ယခုတွင် ကြေးမုံအကြောင်း ပို၍နားလည်နိုင်မည့် အခွင့်အရေးတစ်ခုရပြီဖြစ်ကြောင်း သူ ရုတ်တရက် ခံစားလိုက်ရ၏။

မန်ဟိုကား ထိုသို့တွေးရင်း မြင့်သထက်မြင့်မြင့်သို့ ပျံတက်သွားတော့သည်။ အချိန်အနည်းငယ်ကြာသော် သူသည် အမြင့်နိုင်ဆုံးဧရိယာသို့ ရောက်ရှိသွားခဲ့လေပြီ။ အောက်တွင် ကုန်းမြေထုကြီးသည် အဘက်ဘက်သို့ ဖြာထွက်ဆန့်တန်းလျက်ရှိ၏။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ကာ ‌အောက်သို့ ငုံ့ကြည့်လိုက်လေသည်။

ကုန်း‌မြေထုကြီးမှာ ယခင်အတိုင်း အဆုံးမဲ့နေသယောင်ပင်။ မျက်နှာပြင်မှာ ချောမွတ်ညီညာတောက်ပြောင်နေကာ ကုန်းမြေထုကြီးမှာ မည်သည့်ပုံသဏ္ဌာန် ရှိသည်လဲ မမြင်ရပေ။

"ငါ ဆက်သွားပြီး အနားသတ်ကို ရှာနိုင်ရင်တော့ အဖြေတချို့ ရလောက်တယ်

"ဒါမှမဟုတ် ကြေးမုံကို ထုတ်ကြည့်လိုက်ရမလား။ ဒါဆို .... သဲလွန်စနည်းနည်းပါးပါးလောက် ရလောက်မယ်" သူသည်‌ လေးနက်သောမျက်လုံးများဖြင့် သိုလှောင်အိတ်ကို တွေးတွေးဆဆ ပုတ်လိုက်သည်။

ကြေးမုံထုတ်လိုက်၍ မည်သည့်အရာမှ မဖြစ်ပျက်လျှင် ကိစ္စမရှိ။ သို့သော် ပြောင်းလဲခြင်းတစ်ခုခု ဖြစ်ပျက်လျှင်တော့ .... သေချာပေါက် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေနိုင်သည်အထိ ဖြစ်လိမ့်မည်။ ဤနေရာသို့ ရောက်ရှိနေသော လူအရေအတွက်ကို ထည့်တွက်ပါက တစ်ယောက်မကျန် မသတ်မချင်း‌ ကြေးမုံကိစ္စလျှို့ဝှက်ထားနိုင်မည်မဟုတ်။

"ကြေးမုံက ငါပိုင်ဆိုင်ထားတဲ့ အထဲမှာ အလျှို့ဝှက်အဆန်းကြယ်ဆုံးပဲ။ ငါ့မှာ ရှိနေတာ လူသိလို့မဖြစ်ဘူး။ မဟုတ်ရင် ကံဆိုးမိုးမှောင်ကျလိမ့်မယ်

"အဖိုးတန်တဲ့ ပစ္စည်းလေးတစ်ခု ပိုင်ဆိုင်ထားတာကြောင့်နဲ့ အပြစ်မရှိလူတစ်ယောက် ဒုက္ခရောက်ရတော့မယ်" မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ သူသည် ကလေးအရွယ်ကတည်းက ဉာဏ်ကောင်းခဲ့ပြီး ကျင့်ကြံခြင်းလောက၏ တောတွင်းဥပဒေကိုလည်း ကိုယ်တွေ့ကြုံခဲ့ဖူးလေသည်။ ကြေးမုံ၏တည်ရှိမှုကိုသာ ဖော်ထုတ်မိလျှင် ဖြစ်ပျက်သွားမည့်အရာကို သူ့အပြင် ဘယ်သူမှ ကောင်းကောင်းမသိနိုင်ပေ။

မန်ဟိုသည် တခဏတွေးနေပြီးနောက် မျက်လုံးများ တဖျပ်ဖျပ် လက်သွား၏။ သူက သွေးအေးအေးပြုံးရင်း အဝေးသို့ လှည့်ကြည့်လိုက်လေသည်။

သူ ပြုံးနေသည့်အချိန်မှာပင် သူကြည့်နေသောဘက်ရှိ လေထုမှာ ပုံပျက်ရှုံ့တွသွားပြီး အဘိုးကြီးတစ်ယောက်ထွက်လာသည်။ ထိုလူသည် စောစောက ပိန်ချုံးချုံးကျင့်ကြံသူမှတစ်ပါး အခြားမဟုတ်ပေ။ သူသည် တိတ်တဆိတ် ချဉ်းကပ်လာခဲ့သော်လည်း အနားရောက်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို၏တွေ့ရှိခြင်း ခံလိုက်ရလေပြီ။ သူက မန်ဟို တစ်ခုခုပြောမည်ကို မစောင့်တော့ဘဲ သူ့ကိုယ်သူ ဖော်ပြလိုက်၏။

"တာအိုရောင်ရင်းမန်၊ ခင်ဗျားရဲ့ကျင့်ကြံခြင်းအခြေခံက ထူးခြားပါပေတယ်။ ကျုပ်တော့ ခင်ဗျား ပြက်ရယ်ပြုတာ ခံရတော့မယ့်ပုံပဲ" အဘိုးကြီးက ရယ်ပြီး လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်လေသည်။

မန်ဟို ဘာမှမပြောသည်ကို ကြည့်ပြီး အဘိုးကြီးက ပြုံးကာ ဆက်ပြောသည်။ "ကျုပ် နာမည်က တောင်ပိုင်းဒေသက သင်းကွဲကျင့်ကြံသူ ဟန်တန်းကျစ်ပါ။ ခင်ဗျားရဲ့ ဂုဏ်သတင်းက ကျုပ်နားထဲမှာ နှစ်ပေါင်းများစွာ ပဲ့တင်ထပ်နေတာ တာအိုရောင်ရင်းမန်ရေ။ မဟာအကြီးအကဲဆေးဒယ်အိုးဆိုတာ ကျုပ်လို ကျင့်ကြံသူတွေအားလုံးအတွက် စံပြပါပဲ။ ဒီရှေးဟောင်းမိစ္ဆာအင်မိုတယ်ဂိုဏ်းမှာ ခင်ဗျားနဲ့ ဆုံတွေ့ရဲ့အတွက် ကျုပ် ဘယ်လောက်ဝမ်းသာမိလဲ ခင်ဗျား ပြောနိုင်မှာ မဟုတ်ဘူး"

"ဒီလို ဖော်လန်ဖားဖို့ ကျုပ်နောက် တိတ်တိတ်ကလေး လိုက်လာတာလား" မန်ဟိုက အေးစက်စက် ပြောသည်။ "ရည်ရွယ်ချက်က ဘာလဲ"

"တာအိုရောင်ရင်းမန်က ဝေ့လည်ကြောင်ပတ် မလုပ်တတ်ဘူးပဲ" သူက မန်ဟို့လေသံအနေအထားကို လျစ်လျူရှုရင်း ရယ်လိုက်သည်။ "စောစောက ခင်ဗျား ဘယ်လိုလုပ်ရမလဲ တွေဝေနေတာ ကျုပ် မြင်လိုက်ရတယ်။ ခင်ဗျား ဘာတွေးနေလဲ မသေချာပေမယ့် သိချင်လာတာနဲ့ လိုက်လာခဲ့တာပါ

"ဒါပေမဲ့ ခင်ဗျားပြောမှပဲ ကျုပ်မှာ ခင်ဗျားနဲ့ ဝေမျှနိုင်တဲ့ စိတ်ဝင်စားစရာအကြောင်းတစ်ခုရှိနေတာ သတိရတော့မယ်

"ဒီနေရာမှာ လျှို့ဝှက်ထားတဲ့ အခမ်းနားဆုံးရတနာတွေက ‌ကျင့်ကြံ‌သူတွေ၊ မိစ္ဆာမျိုးနွယ်တွေရဲ့ မှော်ပစ္စည်းတွေ မဟုတ်ဘဲ ... အဲ့ဒီပါရာဂွန်သုံးယောက်ရဲ့လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်းတွေပဲ။ လှံ ၊ မီးလုံးခုနစ်လုံး ၊ ပုလဲနှစ်လုံး ၊ ဘယ်တစ်ခုပဲဖြစ်ဖြစ် လက်ဖျားခါလောက်အောင် အဖိုးထိုက်တန်တယ်

"အဲ့ဒါတစ်ခုရှိရင် ကျင့်ကြံသူအနေနဲ့ အင်မိုတယ်တစ်ယောက်ကို သတ်နိုင်ပြီ" ဟန်တန်းကျစ်က စကားပြောနေစဉ် မန်ဟို့အမူအရာကို အကဲခတ်နေ၏။ သို့သော် မန်ဟိုက ခံစားချက်လေး နည်းနည်းပါးပါးကိုပင် မျက်နှာအပေါ်၌ မဖော်ပြပေ။

"ဒီလူက ပါးနပ်ပြီး စိတ်ခိုင်တယ်" ဟန်တန်းကျစ်က မျက်မှောင်မကြုတ်စဖူးကြုတ်ရင်း တွေးလိုက်သည်။ "သူ့ကို အလွယ်တကူ အရူးလုပ်လို့ရမှာမဟုတ်ဘူး....."

မန်ဟိုသည် အဘိုးကြီးကို အေးစက်စက် ကြည့်နေစဉ် မျက်နှာအမူအရာ တစ်ချက်မပြောင်းသွားပေ။ အကြောင်းတစ်စုံတစ်ရာကြောင့် အဘိုးကြီးက သူ၏သတိဝီရိယတို့ကို နိုးထလာစေလေသည်။ ထိုလူမှာ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်နှင့် သိပ်မလှမ်းတော့သော အနုသုခုမရုပ်ခန္ဓာမဟာစက်ဝန်းအဆင့်ဖြစ်ဟန်တူသည်။

သို့သော် စောစောက မီးငှက်နှင့်ပတ်သက်၍ လုပ်ဆောင်ခဲ့သည်မှာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက် လုပ်နိုင်မည့်အရာမျိုးမဟုတ်ပေ။ ဤလူ တစ်ခုခု လျှို့ဝှက်ထားကြောင်း သိသာသည်။ အခြားသူများအနေဖြင့် ၎င်းအား ခံစားရမည်မဟုတ်သော်လည်း ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူဖြစ်သော မန်ဟိုကတော့ ဤလူတွင် အရှိန်အဝါနှစ်ခုရှိနေကြောင်း ပြောနိုင်လေသည်။

ပထမတစ်ခုတွင် ကျင့်ကြံသူတစ်ယောက်၏ကျင့်ကြံခြင်းအခြေခံမှ လှိုင်းများ ပါရှိသည်။ ကျန်တစ်ခုကတော့ ... လျှို့ဝှက်နက်နဲပြီး .... မိစ္ဆာချီပါနေလေသည်။

ဤမိစ္ဆာချီကား ယုတ်ညံ့စက်ဆုပ်၏။

ဟန်တန်းကျစ်က မန်ဟိုကို ကြည့်ပြီး ပြောသည်။ "အဲ့ဒီပါရာဂွန်သုံးယောက်ရဲ့ ရတနာပစ္စည်းတွေကို ကျုပ်တစ်ယောက်တည်းနဲ့ မရနိုင်ဘူး။ အဲ့ဒါကြောင့် ခင်ဗျားနဲ့ ပူးပေါင်းချင်ပါတယ် တာအိုရောင်ရင်းမန်။ ရတနာတွေ ရရင် နှစ်‌ယောက် ညီတူညီမျှ ခွဲယူကြတာပေါ့"

"ဘယ်တစ်ခုကို လိုချင်တာလဲ" မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် မေးသည်။

"မိစ္ဆာမျိုးနွယ် ပါရာဂွန်ရဲ့ မီးလုံးခုနစ်လုံး" ဟန်တန်းကျစ်က အပြုံးတစ်ခုဖြင့် ပြန်ဖြေသည်။ "အနည်းဆုံးတော့ ကျုပ်တို့နှစ်ယောက်အတွက် တစ်ခုစီ ထုတ်ယူနိုင်တယ်။ အဲ့ဒါဆို အားကုန်သက်သာတာပေါ့"

မန်ဟိုလည်း ပြုံးနေသည်။ သူသည် မငြင်းဘဲ ခေါင်းညိတ်သဘောတူလိုက်၏။

မန်ဟို အလွန်လွယ်ကူစွာ သဘောတူလိုက်ခြင်းက ဟန်တန်းကျစ်အား နိုးနိုးကြားကြား ဖြစ်သွားစေသည်။ ယခင်က တောင်ကောင်းကင်ဂြိုဟ်မှ လာခဲ့သူများအနက် သူအာရုံအစိုက်ဆုံးမှာ ခေါင်းဆောင်ကြီးဟုရန်ပင်။

သို့သော် သူသည် မကြာသေးမီက ခေါင်းဆောင်ကြီးဟုရန် အသတ်ခံလိုက်ရကြောင်း အာရုံရခဲ့သဖြင့် တုန်လှုပ်ခဲ့ရလေသည်။ နောက်ပိုင်း မန်ဟို့ကို မြင်သောအခါ ခေါင်းဆောင်ကြီးဟုရန်ကို သတ်သွားသည့်တရားခံမှာ မန်ဟိုဖြစ်‌နိုင်ခြေများကြောင်း နားလည်ခဲ့သည်။

သူ၏ကိုယ်ပိုင်ပညာရပ်များနှင့် ဝှက်ဖဲများအကြောင်း ပြန်တွေးကြည့်ပြီးနောက်တွင်မှ ဟန်တန်းကျစ်မှာ စိတ်သက်သာရာရသွားတော့သည်။ သူနှင့် မန်ဟိုသည် အားပါးတရရယ်ရင်း အဝေးသို့ ထွက်သွားသော ရောင်စုံအလင်းတန်းများ အသွင်ပြောင်းသွားတော့၏။

မန်ဟိုက စကားတစ်ခွန်းမှ မပြော‌ပေ။ ကြေးမုံကို ထုတ်ကြည့်ချင်စိတ်များကိုလည်း ခဏတဖြုတ် ချိုးနှိမ်ထား၏။ ယခုက အချိန်မကျသေးပေ။ အမှန်တကယ် အရေးကြီးသော အခြေအနေအထိ စောင့်ပြီးနောက်မှ ပြောင်းလဲမှုတစ်စုံတစ်ရာ လှုံ့ဆော်နိုင်မည်လား မြင်တွေ့ရအောင် ကြေးမုံကို ထုတ်ကြည့်မည်ဖြစ်သည်။

ဟန်တန်းကျစ်က သူ့အား ထိုကဲ့သို့ အရေးကြီးသောအခြေအနေသို့ ဆွဲခေါ်နေသယောင်ပင်။

မှန်ပါသည် ၊ သူတို့နှစ်ယောက် ရှေ့ဆက်သွားနေကြစဉ် ဟန်တန်းကျစ်လည်း သူ့အတွေးနှင့်တူ နစ်မြောနေ၏။ များမကြာခင် သူတို့သည် ကုန်းမြေထုကြီး၏အလယ်ပိုင်းဒေသသို့ ရောက်လာခဲ့လေပြီ။

"ပါရာဂွန်သုံးယောက်ရဲ့ တည်နေရာတွေက ဒီရှေးဟောင်းစစ်မြေပြင်ထဲမှာ ချိတ်တံဆိပ်အားအပြင်းဆုံးနေရာတွေပဲ" ဟန်တန်းကျစ်က အပြုံးတစ်ခုဖြင့် ပြောသည်။

"ဘယ်သူမှ အနားတောင် မကပ်နိုင်အောင် ကာကွယ်ထားတဲ့ အထူးတားမြစ်မန္တန်တွေ ရှိတယ်

"ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်နဲ့ အထူးပညာရပ်တစ်ခုကို ကျုပ် သိထားတယ်ဗျ။ စောစောက စမ်းကြည့်တုန်းကတော့ တားမြစ်မန္တန်ကို ဖြတ်သွားလို့ရမယ့်ပုံပဲ။ ဒါပေမဲ့ ကျင့်ကြံအဆင့်တစ်ခုတော့ လိုအပ်တယ်။ အစ်ကိုမန် ရဲ့ သူမတူတဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် ပြဿနာရှိလောက်မှာ မဟုတ်ပါဘူး" ထိုသို့ပြောပြီး သူက အောက်ရှိ ကုန်းမြေထုကြီးဆီ ဆင်းသွားလေသည်။ သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် မှန်ကုန်းမြေထု၏ မျက်နှာပြင်အပေါ်သို့ ဖိချလိုက်၏။

ချက်ချင်းပင် မြေပြင်မှာ တုန်ခါသွားပြီး မှန်အတွင်း၌ ဝဲတစ်ခု ဖြစ်ပေါ်လာသည်ကို မန်ဟို မြင်လိုက်ရလေသည်။ သို့သော် ၎င်းအထဲ၌ မည်သည့်တွင်းနက်မှမရှိဘဲ ၎င်း၏ မူလပုံသဏ္ဌာန်အတိုင်းသာ တည်ရှိနေသည်။ တစ်ချိန်တည်းမှာပင် ဟန်တန်းကျစ်က အသက်ပြင်းပြင်းရှူသွင်းပြီး လက်ကို ပြန်မြှောက်ကာ ထရပ်လိုက်သည်။ ဝဲကား မှန်ထဲ၌ ကျန်ရစ်ခဲ့လေသည်။

ဟန်တန်းကျစ်က မန်ဟိုကို လှည့်ကြည့်သည်။

"အစ်ကိုမန် ဘာလုပ်ရမလဲ သိတယ်မလား။ ကျုပ် အရှေ့မှာ စောင့်နေမယ်" ထို့နောက် သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ ရှေ့ဆက်သွားတော့သည်။ သူ့ခြေထောက်အောက်ရှိ ဝဲက သူသွား‌ရာနောက်သို့ လိုက်ပါရွေ့လျားသွားသည်။

ဟန်တန်းကျစ်ရွေ့လျားသွားသည်က မီတာရာဂဏန်းမျှသာ ထင်ရသော်လည်း တကယ်တမ်း ကီလိုမီတာနှင့်ချီလေသည်။ မန်ဟို့မျက်လုံးများ တလက်လက် တောက်ပသွား၏။

"စိတ်ဝင်စားစရာပဲ" မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူသည် အောက်ဆင်းပြီး မှန်မျက်နှာပြင်အပေါ် ဆင်းသက်လိုက်၏။ ထို့နောက် ခြေထောက်ကို မြှောက်ကာ ဆောင့်နင်းချလိုက်လေသည်။ ‌‌ဝုန်းခနဲ အသံတစ်သံ ကြားလိုက်ရပြီး အံ့ဩဖွယ်ကောင်းစွာနှင့် သူ့ခြေထောက်အောက်၊ မှန်ကမ္ဘာ၏အထဲတွင် ဝဲတစ်ခု ပေါ်လာ၏။

၎င်းသည် တွင်းနက်ဖြစ်မသွားဘဲ မန်ဟို၏ကျင့်ကြံခြင်းအခြေခံနှင့် ဆက်စပ်နေသော ဝဲကတော့ပုံစံအတိုင်း ရှိလေသည်။ ထို့နောက် မန်ဟိုက ရှေ့ဆက်သွား၏။ သူ တစ်မီတာရွေ့လျားတိုင်း .. ကီလီုမီတာဝက် ရောက်သွားလေသည်။

"တယ်မိုက်တဲ့ ပညာရပ်ပါလား" သူက မျက်လုံးများ တလက်လက် တောက်ပနေလျက် တွေးသည်။ သူ့မှာ ဤပညာရပ်ကို အပြင်လောကတွင် အသုံးပြု၍ရလျှင် လက်ဖျားခါလောက်အောင် အစွမ်းထက်သော နတ်ဘုရားစွမ်းရည်အဖြစ် သေချာပေါက် သတ်မှတ်နိုင်သည်ဟု မစဉ်းစားမိဘဲ မနေတော့ပေ။

ဤပညာရပ်ကို အသုံးပြုရင်း မန်ဟိုနှင့် ဟန်တန်းကျစ်သည် မီတာအနည်းငယ်သာ ရွေ့လျားနေသယောင် ထင်ရသော်လည်း ကီလိုမီတာရာနှင့်ချီ သွားနေကြလေသည်။ သူတို့နှစ်ယောက်မှာ မှန်ကုန်းမြေထု၏ အလယ်ပိုင်းတွင် အမြန်ဆုံးအရှိန်ဖြင့် တရိပ်ရိပ် သွားနေကြတော့၏။

တစ်ချိန်တည်းမှာပင် တောင်ကောင်းကင်မှ ကျန်ကျင့်ကြံသူများမှာ အခြားနေရာများတွင် ကံကြမ္မာကောင်းများ ရှာဖွေနေကြလေသည်။ သူတို့သည် ကုန်းမြေ၏မျက်နှာပြင်ကို လှုံ့ဆော်ရင်း မှော်ပစ္စည်းများ ထွက်လာအောင် အဆက်မပြတ် ကြိုးစားနေကြ၏။ သို့ရာတွင် မှော်ပစ္စည်းအများစုမှာ ထွက်လာနေစဉ်အတွင်း ဖျက်စီးခံလိုက်ရလေသည်။

တစ်စုံတစ်ခု ရသွားသော ကျင့်ကြံသူဆို၍ မရှိသလောက် ရှားပါး၏။

သို့ထိတိုင် မှန်ကုန်းမြေမှာ လူတိုင်းအတွက် ရတနာသိုက်ကြီးနှင့် တူသည်။ ဤနေရာသို့ လာရောက်ခဲ့သော ကျင့်ကြံသူအားလုံးမှာ လိမ္မာပါးနပ်ကြ၍ မကြာခင် ကုန်းမြေ၏အလယ်ပိုင်းအား မျက်စိကျလာတော့သည်။ ထိုနေရာသည် မိုးကောင်းကင်အောက်ရှိ အရာအားလုံးကို ပိုင်းခြားခွဲခြမ်းပစ်နိုင်သည့် အစွမ်းထက်ဆုံးပညာရှင်သုံးယောက် တည်ရှိရာ ဖြစ်၏။

အမှန်တွင် ထိုနေရာသို့ သွားနေကြသူများ များပြားလာပြီဖြစ်သည်။

နှစ်နာရီကြာမြင့်သွား၏။ အံ့ဩဖွယ်ကောင်းစွာနှင့် မန်ဟိုနှင့် ဟန်တန်းကျစ်သည် လည်နေ‌သော မီးလုံးခုနစ်လုံးဖြင့် မိစ္ဆာကြီးအနားပတ်ဝန်းကျင်တွင် ပေါ်လာခဲ့လေပြီ။

ထူးဆန်းသောအလင်းရောင်တစ်ခု ဟန်တန်းကျစ်၏မျက်လုံးများတွင် ဖြစ်ပေါ်လာ၏။ သူသည် မန်ဟိုနှင့် အကြည့်ချင်းဖလှယ်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ကျင့်ကြံခြင်းအခြေခံအား လှည့်ပတ်လိုက်၏။ မန်ဟိုက ပဉ္စမဝိညာဉ်ခန္ဓာသို့ တိုက်ရိုက် ဝင်ရောက်လိုက်သည်။ သူ၏အပြင်အားကိုယ်သည် အံ့ဖွယ်ထူးကဲပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ အကန့်အသတ်မဲ့လေ၏။ ဟန်တန်းကျစ်က မျက်လုံးများ တဖျပ်ဖျပ်လက်လျက် စွမ်းအားအပြည့်အဝ ထုတ်လွှတ်လိုက်တော့သည်။ သူ၏ခန္ဓာကိုယ်ထဲရှိ မူမမှန်သော မိစ္ဆာချီလည်း စတင်လည်ပတ်လာသည်။

နှစ်ယောက်သည် ‌မှန်မျက်နှာပြင်အား အတူတကွ တိုက်ခိုက်လိုက်ရာ အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးအား လေတွင် ပြည့်နှက်သွားစေတော့သည်။ သူတို့ခြေ‌ထောက်အောက်က မှန်ကမ္ဘာအတွင်းရှိ ဝဲနှစ်ခုမှာ ရုတ်တရက် တစ်ခုနှင့်တစ်ခု ထိသွား၏။ ၎င်းတို့သည် တစ်သားတည်းဖြစ်သွားပြီးနောက် ဧရာမတွင်းနက်ကြီးတစ်တွင်းအား ရုတ်ခြည်း ဖြစ်ပေါ်လာစေတော့သည်။

ရုတ်တရက် တလိပ်လိပ် ထွက်လာသော ဆွဲအားမှာ ဖော်ပြဖို့ရန် ခက်ခဲ၏။ သို့သော် ... ၎င်းမှာ မီးလုံးခုနစ်လုံးကို နည်းနည်းလေး တုန်ရီ‌သွားအောင်ပင် မလုပ်နိုင်သေးပေ။ တစ်ဖက်တွင် ပတ်ဝန်းကျင်ရှိ မှော်ပစ္စည်းများမှာ ဝဲကတော့အတွင်း စုပ်ယူခံနေရတော့သည်။

မှော်ပစ္စည်းဆယ်ခု စုပ်ယူခံလိုက်ရသော်လည်း ငါးခုသာ ပျံထွက်လာသည်။ ၎င်းတို့က ရောင်စုံအလင်းတန်းအဖြစ် ပျံတက်သွားလေပြီ။ ဟန်တန်းကျစ်၏ မျက်လုံးများ လင်းခနဲ လက်သွားသော်လည်း ‌လိုက်ဖမ်းရန် မကြိုးစားပေ။ မန်ဟို့မျက်လုံးများလည်း ဖျတ်ခနဲ တောက်ပသွားသည့်တိုင် လိုက်မယူပေ။

နှစ်ယောက်လုံး အတွေးကိုယ်စီဖြင့် လှပသောပုလဲသွယ်များသဖွယ် အလင်းတန်းငါးတန်း ‌‌ကောင်းကင်သို့ ပျံတက်သွားသည်ကို ကြည့်နေကြ၏။

တစ်ချိန်တည်းမှာပင် တောင်ကောင်းကင်မှ ကျင့်ကြံသူများမှာ တအံ့တဩ ကြည့်နေကြ၏။ သူတို့သည် အလင်းတန်းငါးတန်းကို ကြည့်ပြီး အတွင်းမှ ထုတ်လွှတ်နေသော လှိုင်းများကို အာရုံရလိုက်လေသည်။

"အံ့ဖွယ်ရတနာတွေ" ဤသည်မှာ သူတို့အားလုံး၏စိတ်ထဲတွင် ဖြတ်ပြေးသွားသောအတွေးဖြစ်၏။ သူတို့သည် မျက်လုံးများ တလက်လက် တောက်ပနေလျက် လေပေါ် ပျံတက်လိုက်ကြလေသည်။ မျက်စိတစ်မှိတ်အတွင်း အရပ်မျက်နှာအသီးသီးမှ တောင်ကောင်းကင်ကျင့်ကြံသူအားလုံးနီးပါး အလင်းတန်းငါးတန်းနောက်သို့ လိုက်သွားကြလေပြီ။

***

All Chapters