← Chapters

ဂိုဏ်းချုပ် ပေါက်ကွဲပြီ

Vol. 46 Ch. 642

ဂိုဏ်းချုပ် ပေါက်ကွဲပြီ

Vol. 46 Ch. 642

"ငါဒီမှာ ထိုင်နေပြီး ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး ရောက်လာတာ စောင့်ရမယ်" မန်ဟိုက အားရကျေနပ်စွာ ‌တွေးလိုက်သည်။ "အဲ့ဒီအချိန်အတွင်း  ငါ ဒဏ်ရာတွေကို ကုသပြီး အချိန်ကုန်သွားတာ စောင့်ရုံပဲ" သူသည် ဆိတ်ငြိမ်အေးချမ်းတို့မှုဖြင့် ဝန်းရံ‌နေသည့် ချောင်ကျကျတောတောင်တစ်လုံးတွင် တင်ပျဉ်ခွေထိုင်နေ၏။ ‌ညသည် မှောင်မိုက်‌ပြီး နှစ်လို့ဖွယ် ‌ကောင်းနေသည်။ နူးညံ့သော လေပြေညင်းလေးက သူ၏မျက်နှာကို ညင်သာစွာ ကျီစယ်သွားလေသည်။

သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း သူ့ကိုယ်သူ ကုသနေ၏။ သူက အသက်ပြင်းပြင်း ရှူသွင်းရင်း မျက်လုံးများ ပိတ်လိုက်သည်။ ရက်အနည်းငယ် ကြာမြင့်သွားလေပြီ။

ထိုအချိန်အတောအတွင်း ကြက်တူရွေးနှင့်အသားဂျယ်လီက ထွက်လာကြပြီးနောက် ပင်လယ်ပြင်ထက်တွင် မြူးထူးဆော့ကစားနေကြလေသည်။ မည်သည့်မကောင်းမှုများ ကျူးလွန်ခဲ့သည်လဲ မပြောနိုင်သော်လည်း နှစ်ကောင်သား ပင်လယ်နံ့သင်းလျက် ပြန်လာကြသည်။ ၎င်းတို့နှစ်ကောင်က တကျက်ကျက် ရန်ဖြစ်ရင်း မန်ဟို့ပခုံးပေါ်တွင် ပြန်လာနားကြ၏။

"အကျင့်ပျက်ပြားနေတဲ့အကောင်" အသားဂျယ်လီက မိန့်ခွန်းပြောရန် ပြင်ရင်း အော်လိုက်သည်။ "အဲ့ဒီကကြိုးကြာက ....."

"သောက်ပါးစပ်ပေါက်ပိတ်ထား" ကြက်တူရွေးက စိန်းစိန်းဝါးဝါး ကြည့်ရင်း ပြန်ဖြေသည်။ ၎င်းက စကားဆက်ပြော‌တော့မည့်အချိန်မှာပင် ရုတ်တရက် 'အီး' ဆိုပြီး အော်လိုက်ပြီးနောက် ‌တောင်ကြည့်မြောက်ကြည့် ကြည့်လေသည်။ မန်ဟို့မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး သူက အသားဂျယ်လီနှင့် ကြက်တူရွေးကို သိုလှောင်အိတ်ထဲ ထိုးထည့်လိုက်၏။ ထို့နောက် လည်ချောင်းရှင်းပြီး တရားဆက်ထိုင်နေတော့သည်။

လောလောဆယ်တွင် မှီခိုရာဂိုဏ်းချုပ်မှာ မည်သို့လုပ်ရမလဲ ဒွိဟဖြစ်နေသောကြောင့် ထိုအခြင်းအရာကို သတိမပြုမိလိုက်ပေ။ သူ့မှာ ဆောက်တည်ရာမဲ့နေပြီး ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း စိတ်ဆင်းရဲသထက် ဆင်းရဲလာခဲ့၏။ မန်ဟို့အပြုအမူများအရ ကုသမပြီးမချင်း နေဦးမည်ဖြစ်ကြောင်း သိသာသည်။

"ခွေးသူတောင်းစားလေး နေနှင့်ဦးပေါ့။ ငါ ဂိုဏ်းချုပ် အစွမ်းအကုန် ထုတ်ပစ်မယ်" မှီခိုရာဂိုဏ်းချုပ်က ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ သူ့မှာ ပြီးခဲ့သောရက်များတစ်လျှောက်လုံး ‌ဒွိဟဖြစ်နေခဲ့ပြီး ဤအခိုက်အတန့်တွင်တော့ ထပ်မံသည်းမခံနိုင်တော့ပေ။ သူက အံတင်းတင်းကြိတ်ရင်း လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ခန္ဓာကိုယ်မှာ ဖောက်ထွင်းမြင်လာရ၏။ သူသည် သူ၏အဆီအနှစ်တချို့အား ခွဲထုတ်လိုက်သည့်အလားဖြစ်ပြီး ၎င်းတို့က ရောင်စုံအလင်းများ ထုတ်လွှတ်လျက် သူ၏လက်ဝါးပြင်ထက်တွင် ကွန့်မြူးလည်ပတ်နေ၏။

၎င်းသည် ဝိညာဉ်သစ်သီးတစ်လုံးအသွင် လျင်မြန်စွာ ပြောင်းလာကာ အတွင်းထဲမှ နူးညံ့မွှေးကြိုင်နေသောရနံ့လေး မျောလွင့်ထွက်လာသည်။ ၎င်းကို ကြည့်လိုက်သည့် မည်သူမဆို ချက်ချင်းဆိုသလို စိတ်အားတက်ကြွလာမည်ဖြစ်သည်။

ဘေးတွင် ဂူယိတင်းစန်းယွီ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်လာပြီး အသက်ရှူသံများ မြန်လာတော့သည်။ ဤအရာကို သူမ သိသည်။ ၎င်းကား မှီခိုရာဂိုဏ်းချုပ်၏ ကိုယ်ပွားထံမှ အဆီအနှစ်အမျှင်တစ်မျှင် ဖြစ်၏။

‌မှီခိုရာဂိုဏ်းသည် အံတင်းတင်း‌ကြိတ်ပြီး နှမြောစိတ်များကို ချိုးနှိမ်ရင်း ညာခြေကို မြှောက်၍ နန်းတော်၏မျက်နှာပြင်အပေါ်သို့ ဆောင့်နင်းချလိုက်သည်။ ချက်ချင်းပင် အဖြူရောင်ကြိုးကြာတစ်ကောင် ပေါ်လာသည်။ ၎င်း ပျံထွက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းကား မီးခိုးရောင်လင်းယုန်တစ်ကောင်‌အဖြစ် ပြောင်းလဲသွားပြီးနောက် ခြေသည်းများဖြင့် ဝိညာဉ်သစ်သီးကို ကုပ်ယူလိုက်သည်။ ထို့နောက် ၎င်းသည် နန်းတော်၏နံရံများကို ထိုးဖောက်ဖြတ်သန်းပြီး အဝေးသို့ ထွက်သွားလေ၏။

မှီခိုရာဂိုဏ်းချုပ်က မီးခိုးရောင်လင်းယုန် ထွက်သွားသည်ကို အမောတကော ကြည့်နေ၏။ သူ့မှာ စိတ်ဆင်းရဲနေပြီး စိုးရိမ်ကြောင့်ကြစွာဖြင့် ဟိုလျှောက်သည်လျှောက် လျှောက်နေလေသည်။

"လီးပဲ။ ငါတော့ လီးဖြစ်ပြီ .... ဒါပေမဲ့ ခွေးသူတောင်းစားလေး ထွက်သွားသရွေ့ ငါ ဂိုဏ်းချုပ် သည်းခံနိုင်တယ်"

မီးခိုးရောင်လင်းယုန်က မန်ဟိုရှိရာသို့ ဦးတည်လျက် လေကိုခွင်းသွားသည်။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း ၎င်းကား သူ့အနားရောက်လာခဲ့လေပြီ။

၎င်းက လေတစ်ချက်အား တိုက်ခတ်သွားစေသဖြင့် မန်ဟို၏မျက်လုံးများ ပွင့်လာသည်။ သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ပြီး မီးခိုးရောင်လင်းယုန်ကို မြင်သည်နှင့်တစ်ပြိုင်နက် သူငယ်အိမ်များ ကျုံ့သွားတော့၏။ သိသာစွာပင် အရေးအကြီးဆုံးအပိုင်းမှာ ၎င်း၏ခြေသည်းကြားရှိ ဝိညာဉ်သစ်သီးဖြစ်သည်။

တစ်ချက်လေးကြည့်ရုံနှင့် သစ်သီးအတွင်းမှလာနေသော လှိုင်းများနှင့်အတူ ၎င်းကို ခြံရံထားသည့် ရောင်စုံအလင်းကို သူ အာရုံရလိုက်လေသည်။ ၎င်းသည် အင်မော်တယ်သစ်သီးတစ်လုံးနှင့်တူ၏။ သစ်သီးကို ကြည့်နေရုံသာ ရှိသေးသည်၊ ၎င်းက သူ၏အတွင်းဒဏ်ရာများမှ တုံ့ပြန်မှုအား လှုံ့ဆော်လိုက်လေပြီ။

"ဒီဟာက တကယ်ပဲ ဒဏ်ရာတွေကို ကုသနိုင်တယ်...." မန်ဟိုက တွေးလိုက်သည်။ သူသည် တခဏ တိတ်ဆိတ်နေပြီးနောက် ခါးသက်သက် ပြုံးလိုက်၏။ မှီခိုရာဂိုဏ်းချုပ်ကား ဤအကွက်ဖြင့် သူ့ကို စိတ်လှုပ်ရှားစေခဲ့လေပြီ။ သူက သက်ပြင်းခိုးချလိုက်သည်။

"ဒါပေမဲ့ ဒါက တော်တော်ကို ဗြောင်ကျတဲ့အကွက်ပဲ ...ဟုတ်ပါတယ်လေ သူက မှီခိုရာဂိုဏ်းချုပ်ဆိုတာ စဉ်းစားရင် ထူးတော့ မထူးဆန်းပါဘူး" သူသည် ခေါင်းအပေါ်တွင် ပျံဝဲနေသော လင်းယုန်ငှက်ကို ကြည့်ရင်း ခပ်ယဲ့ယဲ့ပြုံးလိုက်၏။ ၎င်းကား သူ ဝိညာဉ်သစ်သီးအား ဖမ်းယူမည်ကို စောင့်နေသည့်အလားပင်။

"ဖမ်းလိုက်စမ်း" မှီခိုရာဂိုဏ်းချုပ်က ဟိန်းဟောက်လိုက်သည်။ "လုပ်စမ်းပါ။ ဘာလို့ မဖမ်းသေးတာတုန်း" လောလောဆယ်တွင် သူသည် မန်ဟို့ကို လည်ပင်းညှစ်သတ်ပစ်ချင်နေ၏။

မန်ဟိုက ယူသင့်မယူသင့် တွေဝေနေပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။ သူအနေဖြင့် ထိုကဲ့သို့ မက်လုံးမျိုးကို လျစ်လျူမရှုနိုင်ပေ။ သူသည် ဆုံးဖြတ်ချက်ချပြီး လှုပ်ရှားတော့မည့်အချိန်မှာပင် ရုတ်တရက် မီးခိုးရောင်လင်းယုန်က ခြေသည်းများကို ဖြေလျော့လိုက်၏။

ကောင်းကင်ထက်မှ ဝိညာဉ်သစ်သီးသည် မန်ဟို့အရှေ့တည့်တည့်ကိုမှ ဘုတ်ခနဲ ပြုတ်ကျလာလေသည်။

မှီခိုရာဂိုဏ်းချုပ်က အားရကျေနပ်စွာဖြင့် တဟားဟား အော်ရယ်လိုက်ပြီး သူ့ကိုယ်သူ အင်မတန် ဂုဏ်ယူနေသယောင်ပင်။ ထို့နောက် သူက ကိုယ်ရည်သွေးရန် ဟမ့်ခနဲ နှာမှုတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် လင်းယုန်ငှက်ဆီသို့ နတ်ဘုရားအာရုံ ပို့လွှတ်လိုက်ရာ ၎င်းထံမှ ကျေနပ်ဂုဏ်ယူမှုတို့ ပြည့်နှက်နေသော အော်သံတစ်သံ ထွက်လာစေလိုက်သည်။

မန်ဟိုမှာ တအံ့တဩ ကြောင်ကြည့်နေမိသောကြောင့် သိုလှောင်အိတ်ထဲမှ ကြက်တူရွေး ခေါင်းပြူထွက်ပြီး မီးခိုးရောင်လင်းယုန်ကို ယစ်ယစ်မူးမူး ကြည့်နေသည်ကို သတိမထားမိလိုက်ပေ။ ရုတ်တရက် ၎င်းသည် အမြင့်ဆုံးအရှိန်ဖြင့် တဟုန်ထိုးထွက်သွားသော အနက်ရောင်အလင်းတန်းတစ်တန်း ဖြစ်သွား၏။

မီးခိုးရောင်လင်းယုန် အဝေးသို့ ပျံသန်းသွာစဉ် မှီခိုရာဂိုဏ်းချုပ်၏ နတ်ဘုရားအာရုံမှာ ၎င်း၏အထဲတွင် ရှိနေသေး၏။ "ခွေးသူတောင်းစားလေး။ ငါ ဂိုဏ်းချုပ်က မင်းထက် လောကထဲ အရင်ရောက်လာတဲ့သူနော်။ ငါ့ထက် သာချင်တယ်ပေါ့ ဟုတ်စ။ အေး အခု မင်းမှာ နေစရာအကြောင်းရင်း ရှိဦးမလား ကြည့်ကြသေးတာပေါ့။ ဟားဟားဟားးး။ ငါ ဂိုဏ်းချုပ်ကတော့ .... ဟမ် အင် အားးးးးးးးး" အားပါးတရ ရယ်နေရင်းတန်းလန်း သူ့မှာ ရုတ်တရက် တုန်ရီသွားပြီး မယုံနိုင်မှုတို့ဖြင့် မျက်လုံးကြီး ပြူးကျယ်သွားတော့သည်။

သူသည် မန်ဟို၏သိုလှောင်အိတ်ထဲမှ အနက်ရောင်အလင်းတန်းတစ်တန်း ထွက်လာနေသည်ကို  ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ထို့နောက် အရိပ်မည်းမည်းကြီးက လင်းယုန်၏တင်ပါးကို ထိုးဖောက်ရန် လေကိုခွင်းလာသည်။

"ဘာ... ဘာလုပ်နေတာတုန်း" မှီခိုရာဂိုဏ်းချုပ်က တုန်ရီနေလျက် ပြောလိုက်သည်။

လင်းယုန်ကား ရှေ့နောက်လှုပ်ရမ်းနေ၏။ ထို့နောက် ၎င်းသည် ပုံရိပ်ယောင်ဖြစ်သည့်အတွက် အရပ်မျက်နှာတစ်ခွင်ဖြာထွက်သွားသော အလင်းစက်များအသွင် ပြောင်းသွားလေသည်။

မှီခိုရာဂိုဏ်းချုပ်၏ တင်ပါးမှာ ဖျဉ်းခနဲ ဖြစ်သွားပြီး သူကား တွေတွေကြီး ရပ်နေလေသည်။ သူ၏နတ်ဘုရားအာရုံသည် မီးခိုးရောင်လင်းယုန်၏အထဲတွင် ရှိခဲ့သဖြင့် စောစောက ဖြစ်ပျက်သွားခဲ့သမျှ အရာအားလုံးကို .... သူလည်း ကြုံတွေ့လိုက်ရ၏။

သူ့မှာ မယုံနိုင်ဖြစ်နေသော်လည်း တခဏကြာသော် မျက်လုံးများ ပြူးထွက်လာပြီး သွေးတက်သွားတော့၏။ သူက ခေါင်းမော့၍ အသားကုန် အော်လိုက်တော့သည်။

"မင်းးးး မင်းးးး မင်းးးးးး တကယ်ပဲ .....

"အားးးးးးးးးးးးးးးးးးးးးးးးးးးးး" ‌မှီခိုရာဂိုဏ်းချုပ်မှာ တစ်သက်လုံးတွင် တစ်ခါမှ မဖြစ်ဖူးသော အတိုင်းအတာအထိ ဒေါသူပုန်ထနေလေပြီ။

သူတော်စင်ကျွန်းတစ်ကျွန်းလုံး တုန်ခါလာပြီး ဧရာမလှိုင်းလုံးကြီးများ ပင်လယ်ပြင်တစ်လျှောက် ရိုက်ခတ်သွားသည်။ ကျွန်းပေါ်ရှိ ကျင့်ကြံသူအားလုံး၏ မျက်နှာအမူအရာများ ရိပ်ခနဲ ပြောင်းလဲသွားကြပြီး မည်သည်တို့ဖြစ်ပျက်နေသလဲ သိချင်သွားကြသည်။

မန်ဟိုလည်း လန့်သွားသည်။ ယစ်မူးနေသော မျက်နှာပေးဖြင့် ကြက်တူရွေး ပြန်လာသည်ကို မြင်သော် မန်ဟို ခေါင်းကြိမ်းသွားလေပြီ။

"ငါ့လိုးမငှက်" သူက အသက်ပြင်းပြင်းရှူရင်း တွေးလိုက်သည်။ "တ...တကယ်ကြီးလုပ်လိုက်တာလား... မှီခိုရာဂိုဏ်းချုပ်ကို တကယ်ကြီး လုပ်လိုက်တာလား" ကြက်တူရွေးမှာ ပြန်လာနေစဉ် လေးလေးနက်နက် ခံစားနေရပုံပင်။ မန်ဟို့ခမျာ မစဉ်းစားနိုင်လေတော့။

ကြက်တူရွေးသည် စောစောက ခံစားချက်ကို ယစ်မူးနေဆဲဖြစ်ဟန်တူသည်။ ၎င်း ပြန်ရောက်လာသည့်အခါ ၎င်း၏ပွစိပွစိ ရေရွတ်နေသံကို မန်ဟို ကြားလိုက်ရ၏။

"ထူးဆန်းတယ်။ ဘယ်လိုလုပ်ပြီး မပြီးအောင်‌ အောင့်မထားနိုင်တာပါလိမ့်။ ငါ့မှာ စရုံလေးပဲ ရှိသေးတာကို သူက ပျောက်ကွယ်သွားတယ်တဲ့လား"

မန်ဟိုက ကြက်တူရွေးကို ဒေါသတကြီး ဆွဲပြီး သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူသည် ခပ်ယဲ့‌ယဲ့ ပြုံးရင်း ဝိညာဉ်သစ်သီးကို ကောက်လိုက်၏။ ထို့နောက် ၎င်းကို ပါးစပ် ကပျာကယာ ထည့်ပြီး အဝေးသို့ ထွက်သွားသော အလင်းတန်းအသွင်ပြောင်းသွားတော့သည်။

"ဒီမှာ ဘာတွေဖြစ်နေတာတုန်း" မန်ဟိုက အကျယ်ကြီး အော်လိုက်သည်။ "နေလို့မဖြစ်ဝောာ့ဘူး" သူ ပျံထွက်သွားသည့်အချိန်မှာပင် စောစောက သူ ရှိနေခဲ့သော ပတ်ဝန်းကျင်မှာ ဝုန်းခနဲ ပြိုကျပြီး ချောက်နက်ကြီး ဖြစ်သွားတော့၏။

မြေငလျင်တို့ လှုပ်ခတ်လာပြီး ပင်လယ်ပြင်တွင် လှိုင်းများထန်လာသည်။ မှီခိုရာဂိုဏ်းချုပ်မှာ ‌လုံးလုံးလျားလျား ဒေါကန်နေလေပြီ။ သူ၏ဒေါသကား ငယ်ထိပ်တင်မက ၊ ‌ကြောက်မက်ဖွယ်အတိုင်းအတာအထိ မြင့်တက်သွားခဲ့ပြီဖြစ်သည်။ မန်ဟို့ကို ဘာမှမလုပ်နိုင်သော်လည်း ယခုလို စော်ကားမှုမျိုးကိုတော့ သူသည်းမခံနိုင်ပေ။ သူက ကြက်တူရွေးကို ကိုက်စားရန် ကိုယ်အစစ်အား ဖော်ပြတော့မည့်အချိန် ဂူယိတင်းစန်းယွီက ပြေးလာ၏။ သူမက မှီခိုရာဂိုဏ်းချုပ်၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။

"ဂိုဏ်းချုပ် စိတ်လျှော့ပါ" သူမက ပြောသည်။ "ဘယ်အရာက အရေးအကြီးဆုံးလဲ စဉ်းစား"

"ဖယ်စမ်း ၊ ငါ ဂိုဏ်းချုပ် ဒီမအေဘေးကို မညှာနေတော့ဘူး" မှီခိုရာဂိုဏ်းချုပ်က ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လိုက်သည်။ နန်းတော်ကား ဂျိန်းခနဲ ပွင့်သွားရာ အောက်တွင် မျက်စိတစ်ဆုံး နေရာယူထားသော သူတော်စင်ကျွန်းမြေများ ပေါ်လာလေသည်။

"ဂိုဏ်းချုပ် ၊ မလုပ်ခင် သုံးကြိမ် စဉ်းစားပါ" ဂူယိတင်းစန်းယွီက တိုက်တွန်းသည်။ "မန်ဟိုက သွားပြီလေ။ ဂိုဏ်းချုပ်သာ အခု ကိုယ်ယောင်ပြလိုက်ရင် ကြိုးစားထားသမျှ သဲထဲရေသွန် ဖြစ်ကုန်မှာပေါ့"

မှီခိုရာဂိုဏ်းချုပ်က  လေထဲတွင် ခြေစုံရပ်လိုက်သည်။ သွေးကြောများက သူ၏မျက်နှာပေါ်တွင် ဖောင်းကြွနေပြီး သူ့တစ်ကိုယ်လုံးမှာ အချိန်မရွေး ပေါက်ကွဲတော့မည့် မီးတောင်ကြီးအလားပင်။ သူ့မျက်နှာကြီးမှာလည်း ရှုံ့မဲ့နေပြီး တစ်ဖက်တွင်တော့ နောင်တစ်ချိန် သူ ရရှိနိုင်မည့် ပျော်ရွှင်မှုအား စဉ်းစားနေ၏။ တစ်ချိန်တည်းမှာပင် သူသည် ကြက်တူရွေး သူ့ကို လုပ်ခဲ့သည့်အရာအတွက် ကလဲ့စားချေရန်လည်း တွေးနေလေသည်။

သူက စိတ်ထိန်းရင်း ခြေဆောင့်နင်းချလိုက်သည်။ အကုန်လုံးကို သည်းခံနေရသဖြင့် သူ၏ခန္ဓာကိုယ်မှာ တုန်ရီနေပြီး သူ့ခေါင်းမှာလည်း ပေါက်ကွဲတော့မည့်အလားပင်။ သူ၏သည်းခံနိုင်စွမ်းကား နောက်ဆုံးသို့ ရောက်နေပြီဖြစ်သည်။

မှီခိုရာဂိုဏ်းချုပ်မှာ ရင်ထဲတွင် လောင်မြိုက်နေသော ဒေါသမီးကို ခံစားနေရ၏။ သူ့မှာ ရင်ထဲရှိ ဒေါသများ၊ ခံပြင်းမှုများကို ပုံချရန် လူတစ်ယောက်ရှာဖို့ လိုနေလေပြီ။

သူသည် သူ့ကိုယ်သူ ထိန်းချုပ်လိုက်သဖြင့် သူတော်စင်ကျွန်းမှာ တုန်ခါနေခြင်း ရပ်သွားပြီး ပင်လယ်မှာလည်း ပြန်လည်ငြိမ်သက်သွား၏။ မန်ဟိုက အလင်းတန်းထဲတွင် လေကိုခွင်းလျက် သွားနေသည်။ သူ့မျက်နှာမှာ မဲ့နေသော်လည်း သူ၏အတွင်းဒဏ်ရာများမှာတော့ ယခုတွင် အံ့ဖွယ်အမြန်နှုန်းဖြင့် သက်သာနေသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာမျှ ကြာသော် မန်ဟို၏ခန္ဓာကိုယ်ရှိ မွှေးညှင်းပေါက်အားလုံး ပွင့်သွား၏။ သူ၏အတွင်းဒဏ်ရာများ ပျောက်ကင်းသွားပြီး ပြင်းထန်သော အအေးဓာတ်က သူ၏အရေပြားမှတစ်ဆင့် ထွက်သွားကာ အနက်ရောင်နှင်းပွင့်ချပ်များအား လေတွင် မျောလွင့်သွားစေသည်။

မန်ဟိုသည် အသက်ပြင်းပြင်း ရှူသွင်း၍ အရှိန်တင်လိုက်၏။ သူ့စိတ်မှာတော့ ကျွန်းပေါ်တွင် နေရန် အကြောင်းပြချက်များအား အပြေးအလွှား စဉ်းစားနေလေသည်။ သို့သော်လည်း မှီခိုရာဂိုဏ်းချုပ်၏ ဒေါသမှာ အထွတ်အထိပ်သို့ ရောက်သွားခဲ့ပြီဖြစ်၍ တစ်ချက်လေး မှားသွားရုံနှင့် ပေါက်ကွဲသွားမည်ဖြစ်သည်။

ထိုသို့ဖြစ်လျှင် မှီခိုရာဂိုဏ်းချုပ်က တစ်ဖန် ထွက်ပြေးသွားပြန်ဦးမည်ဖြစ်ရာ မန်ဟို့အကြံအစည်နှင့် မကိုက်‌ပေ။

"ဒါတွေအကုန်လုံးက ဟိုသောက်ကြက်တူရွေးကြောင့် ဖြစ်ရတာ။ ငါ့အစီအစဉ်တော့ ပျက်ပြီ" သူသည် ကျွန်း၏အစပ်သို့ ချဉ်းကပ်သွားနေရင်း သက်ပြင်းချလိုက်သည်။ သူသည် အရှိန်လျှော့ရန် စဉ်းစားသော်လည်း ထိုသို့လုပ်လိုက်တိုင်း သူအောက်ရှိ မြေကြီးများ တုန်ခါလာပြီး အနီးနားရှိတောင်တန်းများ ပြိုကျသွားတတ်လေသည်။

မန်ဟိုမှာ ခါးသက်သက် ပြုံးပြီး တရိပ်ရိပ် ဆက်သွားနေ၏။ မကြာမီ ပင်လယ်ကို မြင်လိုက်ရပြီး သူတော်စင်ကျွန်း၏ နောက်ဆုံးကျင့်ကြံသူများမြို့တော်ကို တွေ့လိုက်ရလေပြီ။ နေ့အချိန်ဖြစ်သည့်အတွက် မြို့တော်အနေဖြင့် စည်ကားသိုက်မြိုက်နေသင့်သော်လည်း ဆိုင်အကုန်လုံး ပိတ်ထားကြသည်။

"လိပ်အိုကြီး ခင်ဗျားက ကျုပ်ကို ချောင်ပိတ်ထားတာပဲ" မန်ဟိုက စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။ သူသည် အံတင်းတင်းကြိတ်ပြီး ရုတ်တရက် လေလယ်တွင် ရပ်လိုက်၏။ သူ၏မျက်လုံးများမှာ တဖျပ်ဖျပ် လက်လာပြီး လူယုတ်မာအပြုံးကြီး ပေါ်လာတော့သည်။

သူ၏မျက်နှာထားက မှီခိုရာဂိုဏ်းချုပ်၏ ဒေါသမီးတောက်နေသော နှလုံးသားကို ဒိန်းခနဲ ခုန်သွားစေသည်။

"ငါ ဒီနေရာမှာ ပုန်းနေခဲ့တာ နှစ်နဲ့ချီပြီ" သူက တွေးသည်။ "မိစ္ဆာချုပ်နှောင်သူတွေနဲ့လည်း အဆက်အသွယ်ဖြတ်ထားတာဆိုတော့ သူ ငါ့ကို အာရုံမရလောက်ဘူး... မကောင်းတော့ဘူး မကောင်းတော့ဘူး။ စောစောက ငါလုပ်လိုက်တာက သိသာလွန်းသွားတာ နေမယ်။ ငါ ဒေါသလည်း မထိန်းနိုင်ခဲ့ဘူးဆိုတော့ ခွေးသူတောင်းစားလေး အကုန်မြင်သွားတာဖြစ်မယ်"

မန်ဟိုက မျက်နှာထား တင်းမာခက်ထန်နေလျက် ‌ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက အေးတိအေးစက် ပြောလိုက်၏။ "ဒီနေရာရဲ့ ဘယ်စီနီယာမျိုးဆက်က မန်ဟိုကို မရှိစေချင်လဲ မသိဘူး။ ကောင်းပြီ ကျုပ် ထွက်သွားမယ်"

တိတ်ဆိတ်မှုကသာ တုံ့ပြန်မှုဖြစ်သည်။

မှီခိရာဂိုဏ်းချုပ်မှာ မန်ဟို၏စကားများကို ကြားသော် စိတ်သက်သာရာရသွားပြီး ဟင်းခနဲ သက်ပြင်းချလိုက်သည်။

"ငါ ဒီမှာ ရှိနေတာ သူမသိဘူးပဲ။ တခြားတစ်ယောက်လို့ ထင်နေတာကိုး။ တော်သေးတာပေါ့"

မန်ဟိုသည် ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် သူ၏အကြည့်က အရှေ့ရှိ မြို့အပေါ် ကျရောက်သွားသည်။ သူက လက်မြှောက်ပြီး လက်ညှိုးထိုးလိုက်၏။

"ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးတွေ နည်းနေတဲ့အပြင် တိုက်တိုက်ဆိုင်ဆိုင် သိုလှောင်အိတ်ထဲမှာ မှော်ပစ္စည်းတွေ ရှိတယ်။ ဒီမြို့မှာ ရောင်းစားရမယ်။ ပြီးတာနဲ့ ပြန်ပြီ" မန်ဟိုက ထိုသို့ပြောရင်း အင်္ကျီလက်စကို ဝှေ့ယမ်းကာ မြို့ထံသို့ ဦးတည်သွားတော့သည်။

***

All Chapters