← Chapters

အရှက်မရှိသော လိပ်အိုကြီး

Vol. 46 Ch. 645

အရှက်မရှိသော လိပ်အိုကြီး

Vol. 46 Ch. 645

မှီခိုရာဂိုဏ်းချုပ် အပြင်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတော်စင်ကျွန်းတစ်ကျွန်းလုံး တုန်ရီသွားသည်။ သူသည် မိုးပြာရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ဆံပင်များက လေနှင့်အတူ မျောလွင့်နေလေသည်။ သူကား ရှေးဆန်ပုံရသော်လည်း သူ၏မျက်လုံးများမှာတော့ တဖျပ်ဖျပ် လက်နေပြီး နဖူးတွင် သွေးကြောကြီးများ ထောင်နေလေသည်။ သူ့ရင်ထဲတွင် မြိုသိပ်ထားရသည့် အမျက်ဒေါသတို့မှာ ပေါက်ကွဲတော့မည့်မီးတောင်ကြီးသဖွယ် ဖြစ်နေလေပြီ။

သူက ခြေတစ်လှမ်းတည်းနှင့် သူတော်စင်ကျွန်းတစ်ဝက်ကျော် ဖြတ်သန်းလာပြီး မန်ဟိုနှင့် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ကြား၊ မန်ဟို၏ရှေ့တည့်တည့်တွင် ပေါ်လာသည်။

သူသည် ညာလက်ကို မြှောက်လိုက်ရာ စီးကြောင်းတစ်ကြောင်း ထွက်လာစေသည်။ ၎င်းက အံ့ဖွယ်မိစ္ဆာချီနှင့်အတူ ရောင်စဉ်တန်းများ ထုတ်လွှတ်နေ၏။ ချက်ချင်းပင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏လက်ဝါးက ၎င်းကို ဝင်တိုက်လိုက်တော့သည်။

"ငါ ဂိုဏ်းချုပ်ပဲ၊ အခု ထွက်သွားစမ်း ‌ငါ့-ိုးမသား" သူက ခေါင်းမော့ရင်း ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏အသံသည် မိုးခြိမ်းသံကြီးသဖွယ် အရပ်လေးမျက်နှာသို့  ပဲ့တင်ထပ်သွားလေသည်။

မြူထု နှင့် လက်ဝါးကြီးက တစ်ခုကိုတစ်ခု ဝင်တိုက်လိုက်ရာ အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီး လေတွင် ပြည့်နှက်သွားစေသည်။ မှီခိုရာဂိုဏ်းချုပ်မှာ‌ လေအဟပ်ကြောင့် လွင့်ထွက်သွား၏။ သူ ခေါင်းပြန်မော့လာသောအခါ သူ၏မျက်လုံးများမှာ အမဲဖြတ်တော့မတတ် မီးဝင်းဝင်းတောက်နေချေသည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးလည်း တုန်ရီသွားပြီး မျက်လုံးများ တလက်လက် တောက်ပလာသည်။ သူက အေးစက်စက် တစ်ချက် ရယ်လိုက်၏။

"မလောက်လေးစား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူ" သူက အေးစက်စက် ပြောသည်။ "ကောင်လေး ဒါ မင်း အားကိုးတဲ့ကောင်ပေါ့ ဟုတ်လား။ မင်းရဲ့မျှော်လင့်ချက်ကိုရော ၊ ဒီကောင့်ကိုပါ ဖျက်စီးပစ်ရတာပေါ့ကွာ" သူ၏စကားပြောပုံအရ သူ့အတွက် မှီခိုရာဂိုဏ်းချုပ်ကို သတ်ဖြတ်ရခြင်းက ကြက်ကလေး၊ ငှက်ကလေး သတ်ရသလို လွယ်ကူနေသံပေါက်နေ၏။

တကယ်လည်း သူ၏အမြင်အရ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ခြင်းမှာ ရိုးရှင်းလွယ်ကူသော ကိစ္စလေးတစ်ရပ်ပင်။ အမှန်တွင် မန်ဟို့အနေဖြင့် သူ့အား တခဏ၏တစ်ဝက်လေးမျှပင် တောင့်ခံနိုင်မည်မဟုတ်ပေ။ တောင့်ခံနိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် သူ့ကို မသတ်မိအောင် အလွန်သတိထားမိနေခြင်းကြောင့် ဖြစ်သည်။ အကယ်၍ မန်ဟို့ကို သတ်လိုက်လျှင် သူ၏တာအိုအခြေကို လုယူရန် မဖြစ်နိုင်ပေ။

အမှန်အတိုင်းဆိုရလျှင် ဝမ်ခေါင်းဆောင်ကြီးတွင် မြင်ကွင်းထဲရှိရှိသမျှ အရာအားလုံးကို အလွယ်တကူ ဖျက်စီးပစ်နိုင်သော တာအိုမှော်သိုင်းများစွာရှိ၏။

"ငါက ဝမ်မျိုးနွယ်စုရဲ့ ခေါင်းဆောင်ကြီး။တစ်ဦး။ လက်ချောင်းတိုက်ကွက်သုံးကွက်ကို ဖန်တီးခဲ့တဲ့ မျိုးနွယ်စုရဲ့ ဘိုးဘေးတစ်‌ယောက်။ လက်ချောင်းတိုက်ကွက်နှစ်ကွက်ရဲ့ ကျင့်စဉ်က ပျောက်ကွယ်သွားခဲ့တာ ကြာပြီ။ ဒါပေမဲ့ သုတ်သင်လက်ချောင်းကိုတော့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းနိုင်ခဲ့တယ်" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ထိုသို့ပြောပြီး သူ၏လက်ချောင်းကို လေတွင် ဝှေ့ယမ်းလိုက်သည်။ ၎င်းတွင် သုတ်သင်ခြင်းစွမ်းအား ပါရှိနေသယောင်ပင်။ သက်ရှိအရာအားလုံး၏ အသက်စွမ်းအားများမှာ လက်ချောင်းတိုက်ကွက်၏ စွမ်းအားအောက်ဝယ် ချက်ချင်းလက်ငင်း ညှိုးနွမ်းခြောက်သွေ့လာတော့သည်။

မန်ဟိုလည်း သူ၏အသက်စွမ်းအား လျင်မြန်စွာ လျော့နည်းလာနေသည်ကို အာရုံရလိုက်၏။ သူ၏မျက်လုံးများက သွေးအေးသွားပြီး သူက နောက်တစ်ဖန် ဆုတ်လိုက်ပြန်သည်။ စောစောက တုန်ခါလှိုင်းပညာရပ်နှင့်ပတ်သက်၍ ဉာဏ်အလင်းရခဲ့ပြီးပြီဖြစ်ရာ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်ထဲ၌ တုန်ခါမှုရာချီ ဖြစ်ပေါ်လာတော့သည်။ ၎င်းတို့က ‌သူ၏အသက်စွမ်းအားကို ထိန်းချုပ်ကန့်သတ်လိုက်သဖြင့် ခြောက်သွေ့မှုအား ရုတ်ခြည်း အရှိန်‌နှေးသွားစေသည်။

"အခုက ထွက်သွားရမယ့် အချိန်မဟုတ်ဘူး" အတွေးပေါင်းများစွာ မန်ဟို၏ခေါင်းထဲတွင် ဖြတ်ပြေးနေသည်။ "လိပ်အိုကြီးနဲ့ ဝမ်မျိုးနွယ်ခွေးမသားကြီးကြားက တိုက်ပွဲ အထွတ်အထိပ် ရောက်သွားတဲ့အချိန်အထိ စောင့်ရမယ်။ တကယ်ကို မီးကုန်ယမ်းကုန် ဒေါသ‌တွေ ပေါက်ကွဲတဲ့အချိန်က ငါ ထွက်ပြေးရမယ့် အချိန်ပဲ" သူတော်စင်ကျွန်းတွင် သူ ပေတေပြီး နေနေခဲ့သည့် အကြောင်းရင်းတစ်ခုလုံးမှာ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ဤနေရာတွင် တိုက်ခိုက်၍ သူ့ကို ဖျက်စီးချေမှုန်းဖို့ မှီခိုရာဂိုဏ်းချုပ်၏အစွမ်းကို အသုံးချရန်ဖြစ်သည်။ သို့မှသာလျှင် လက်ရှိကျဥ်းထဲကြပ်ထဲအခြေအနေမှ သူ့ကိုယ်သူ ကယ်တင်နိုင်ပေမည်။

ဂူယိတင်းစန်းယွီသည် လေးနက်တည်ကြည်သောမျက်နှာထားဖြင့် သူ့နဘေးတွင် ရပ်နေ၏။ လှေစောင့်နတ်လည်း ဘေးဘက်မှ အကာအကွယ်ပေးလျက် ရပ်နေသည်။

ကောင်းကင်နှင့်မြေကြီး၏ ပြောင်းလဲမှုများနှင့် သူတော်စင်ကျွန်း၏ တုန်ခါနေမှု‌တို့ကြောင့် နှောင်ဖွဲ့ကင်းဂိုဏ်းသားပညာရှင်များ အမြန်ဆုံး လာနေကြသည်။ အန္တရာယ်တွင်းထဲ ဦးတည်နေကြကြောင်း သူတို့သိကြသော်လည်း နှောင်ဖွဲ့ကင်းဂိုဏ်းကား လွန်စွာစည်းကမ်းတင်းကြပ်လေ၏။ ဝါစဉ်သည် အားလုံးအထဲ အရေးအပါဆုံးဖြစ်ပေသည်။  ဂိုဏ်းချုပ် တိုက်ပွဲဝင်နေရလျှင် သူတို့အနေဖြင့် ဂိုဏ်းချုပ်၏‌‌ခြေဖျားပင် မမှီနိုင်သည့်တိုင် သူ ထွက်သွားဖို့ အမိန့်မပေးမချင်း လာကိုလာရမည် ဖြစ်၏။

အားလုံးအထဲ အထိတ်လန့်ဆုံးသူမှာတော့ မန်ဟို့ကို ဓားပြတိုက်ဖို့ ကြိုးစားခဲ့သော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူပင်။ အောက်တွင် သူ့မှာ သေးထွက်ကျမတတ် တုန်နေပြီး မျက်လုံးများမှာ လက်ဖက်ရည်ပန်းကန်ပြားတမျှ ပြူးထွက်နေတော့သည်။ ဖြစ်ပျက်နေသည့် အရာအားလုံးကြောင့် သူ့မှာ အသက်ရှူပင်မမှန်တော့ပေ။ ချာချာလည် မူးဝေနေသလို၊ စဉ်းစားနိုင်စွမ်းပင် မရှိတော့။ မန်ဟို ၊ မှီခိုရာဂိုဏ်းချုပ် သို့မဟုတ် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၊ မည်သူဖြစ်စေ .... သူ့အတွက် သူတို့နှင့် ပတ်သက်ရန် စိတ်ပင်မကူးနိုင်ခဲ့သည်သာ။ ထိုအနုသုခုမရုပ်ခန္ဓာအဆင့်ကျင်ကြံသူအတွက်တော့ ဤတိုက်ပွဲမှာ ယောင်‌လည်လည်နှင့် ဝင်ပါသွားခြင်းက သူ့ဘဝတစ်လျှောက်လုံး ဖြစ်ခဲ့ဖူးသမျှအထဲ ကံအဆိုးဆုံးအရာကြီးဖြစ်ပေတော့သည်။

ကောင်းကင်နှင့်မြေကြီးကား သုတ်သင်ချေမှုန်းခံနေရလေပြီ။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ လက်ချောင်းတိုက်ကွက်က တစ်ကမ္ဘာလုံးကို မီးခိုးရောင်ဖြစ်သွားစေသည်။ အရောင်ပါသည့်အရာက‌တော့ ဝမ်ခေါင်းဆောင်ကြီးတစ်ယောက်တည်းသာ။

လက်ချောင်းကြီးက နိမ့်ဆင်းလာပြီး တစ်ကမ္ဘာလုံး တဝုန်းဝုန်း ခါနေတော့သည်။

မှီခိုရာဂိုဏ်းချုပ်၏မျက်ခုံးများ ပင့်တက်သွားပြီး သူက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ချက်ချင်းဆိုသလို မိစ္ဆာချီများ ဖြာထွက်လာ၏။

"‌ဘယ်လို သောက်ဖြစ်ရှိတဲ့ သုတ်သင်လက်ချောင်းတိုက်ကွက်ကို မင်း ပြောနေတာလဲ" သူက ပြောသည်။ "ငါ ဂိုဏ်းချုပ် ဒီလိုဟာမျိုး တစ်ခါမှ မကြားခဲ့ဖူးဘူး။ မိစ္ဆာကျင့်စဉ် ‌၊ မိုးမြေပိုင်းဖြတ်သိုင်း" မှီခိုရာဂိုဏ်းချုပ်လည်း လက်ချောင်းတစ်ချောင်း ဝှေ့ယမ်းလိုက်သည်။ ကြည့်ရသရွေ့ သူ၏လက်သည်းခွံသည် မိုးကောင်းကင်၊ လက်ချောင်းသည် ပထဝီမြေကြီးဖြစ်လာခဲ့သယောင်ပင်။ လက်ထိပ်ကမူ မိုးနှင့်မြေကို ပိုင်းဖြတ်ပစ်နိုင်သော ဓားသွားကြီးအလား ဖြစ်လာ၏။

လက်ချောင်းတိုက်ကွက်နှစ်ကွက်လုံး လေလယ်တွသ် ဝင်တိုက်သွားသည်။

အုန်းးးးး

အလွန်ကြီးမားသောပေါက်ကွဲမှုကြီးက အောက်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူကို သွေးအန်၍ လွင့်ထွက်သွားစေသည်။ မန်ဟိုက နောက်ဆုတ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အပင်များ ညှိုးနွမ်းခြောက်ကပ်လာသည်ကို မြင်လိုက်၏။ မှီခိုရာဂိုဏ်းချုပ်မှာမူ လက်ချောင်းကို ဆန့်ထားလျက် တစ်ကိုယ်လုံး တုန်ရီစပြုလာသည်။

မျက်စိတစ်မှိတ်အတွင်း သူ၏ဆံပင်များ အထွေးလိုက် ကျွတ်ကျလာခဲ့ပြီး သူ၏တစ်ကိုယ်လုံး အိုမင်းရွတ်တွလာသည်။ ထို့နောက် သူကား ဖောက်ခနဲ ပေါက်ကွဲသွားပြီး မျောလွင့်သွားသော အလင်းစက်များအသွင်ပြောင်းသွားတော့သည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏မျက်နှာထားမှာ ယခင်အတိုင်းသာ။ သူကား စောစောက သူ၏လက်ချောင်းတိုက်ကွက်အပေါ် ယုံကြည်ချက်အပြည့်အဝရှိနေသယောင်ပင်။

"အဲ့ဒါ မင်း အားကိုးတဲ့ကောင်ပေါ့" သူက အေးစက်စက် မေးပြီး မန်ဟိုကို သရော်နေသောမျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။

မန်ဟို၏အမူအရာမှာ တည်ငြိမ်နေ၏။ သူ့ဘေးရှိ ဂူယိတင်းစန်းယွီ၏ မျက်နှာထားမှာလည်း ထိုနည်းတူသာ။ ဤအခြင်းအရာက ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို အံ့အားသင့်သွားစေသည်။ တစ်ခုခုက မူမမှန်ကြောင်း သူ အတပ် ပြောနိုင်သည်။ သူသည် ရှေ့တစ်လှမ်း တက်ရန်ပြင်လိုက်စဉ် ရုတ်တရက် ကြောက်မက်ဖွယ်ဟိန်းဟောက်သံကြီး လေတွင် ပြည့်နှက်သွား၏။

"သေစမ်း ခွေးမသားက ငါ ဂိုဏ်းချုပ်ရဲ့ ကိုယ်ပွားကို ဖယ်ရှားရဲတယ်ပေါ့" ချက်ချင်းပင် တိမ်စီးကြောင်းတစ်ကြောင်း မည်သည့်နေရာမှမသိ ပေါ်လာပြီး တဖြေးဖြေး မှီခိုရာဂိုဏ်းချုပ်၏ပုံစံပြန်ဖြစ်လာသည်။

ဤမှီခိုရာဂိုဏ်းချုပ်အသစ်၏ ကျင့်ကြံခြင်းအခြေခံမှာ စောစောကထက် အတန်ငယ် အားနည်းသည်။ သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏ဒေါသမှာ ငယ်ထိပ်ထိ တက်သွားပြီး ရူးသွပ်မိုက်မဲသော အရိပ်အယောင်တစ်ခုက သူ၏မျက်လုံးများတွင် ပေါ်ပေါက်လာသည်။ သူက ချက်ချင်း ရှေ့တက်လာ၏။

"ငါ ဒီမှာ ရှိနေသရွေ့" သူက မာန်ပါပါ ဟိန်းဟောက်သည်။ "ဘယ်သူမှ အဲ့ဒီခွေးသူတောင်း.....  အာ အဟမ်း ဘယ်သူမှ မန်ဟိုကို မသတ်နိုင်စေရဘူး"

သူသာ ထိုစကားလုံးများ မပြောခဲ့လျှင် မန်ဟို့အနေဖြင့် သံသယဝင်မည်မဟုတ်ပေ။ သို့သော် သူ၏ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် မန်ဟို့မှာ ကြောက်စိတ်တို့ဖြင့် ရင်ခုန်လာပြီး မျက်နှာပျက်သွားတော့သည်။ မှီခိုရာဂိုဏ်း စိတ်ရင်းနှင့် ပြောလိုက်သည်ဟူ၍ သူ ဘယ်တော့မှ မယုံပေ။

"သေစမ်း ဘယ်ပညာရပ်က လိပ်အိုကြီးကို မိစ္ဆာချုပ်တံဆိပ်ကို လှည့်စားဖို့ အကြံရသွားစေခဲ့တာလဲ ....

"ခုနက သူပြောလိုက်တဲ့ စကားလုံးတွေနဲ့ တစ်နည်းနည်း ပတ်သက်နေရမယ်။ သူ ဘာပဲသုံးနေ သုံးနေ။ အဲ့ဒီ‌နည်းလမ်းက ဒီမှာ သူ့ကို မတိုက်ခိုက်ဘဲ အချောင်နေလို့ ရစေမှာလား" မန်ဟိုသည် ဟိုးယခင်တစ်ချိန်တုန်းကလို ဘုမသိဘမသိ ကျင့်ကြံသူလေးမဟုတ်‌တော့ပေ။ သူသည် ကြုံတွေ့ခဲ့ရသမျှပြီးနောက်တွင် ဆင်ခြင်သုံးသပ်နိုင်စွမ်း မြင့်မားလာခဲ့၏။ မှီခိုရာဂိုဏ်းချုပ်၏ စကားလုံးများအရ မည်သည်တို့ဖြစ်ပျက်နေသလဲ သူ ဆက်စပ်စဉ်းစားကြည့်နိုင်သည်။

မန်ဟို့စိတ်ထဲ၌ အတွေးပေါင်းသောင်းခြောက်ထောင် ဖြတ်ပြေးနေသည့်အချိန်မှာပင် မှီခိုရာဂိုဏ်းချုပ်က ချဉ်းကပ်လာပြီး သူနှင့် ဝမ်မျိုးနွယ်ဒသမခေါင်းဆောင်ကြီး၏ကြား၌ ရပ်လိုက်သည်။ သူက အင်္ကျီလက်စ ခါလိုက်သည်။

"မန်ဟို ဒီကထွက်သွား" သူက ပြောပြီးနောက် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးဆီသို့ နောက်တစ်ဖန် ပြေးတက်သွားပြန်သည်။

မန်ဟိုမှာ တုန်ရီသွားပြီး အတန်ငယ် အသက်ရှူမှားသွား၏။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ခြေတစ်လှမ်းတက်ပြီးနောက် သူ၏သုတ်သင်လက်ချောင်းဖြင့် နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြန်သည်။

ယခင်အတိုင်း လက်ချောင်းတိုက်ကွက်က အရာအားလုံးကို မီးခိုးရောင်သမ်းသွားစေပြီး အသက်အားလုံး သုတ်သင်ဖျက်စီးခံလိုက်ရစေသည်။ မှီခိုရာဂိုဏ်းချုပ်က ခေါင်းထောင်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"အသက်ဆိုတာ တန်ဖိုးထားဖို့။ ကတိကတော့ ထာဝရတည်ဖို့။ ငါက မှီခိုရာဂိုဏ်းချုပ်။ ငါက မန်ဟိုရဲ့တာအိုစောင့်ရှောက်သူ လုပ်ပေးဖို့ ကတိပေးထားတဲ့သူ။ ငါ အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲခံရရင်တောင် ကတိတည်မယ်"

မှီခိုရာဂိုဏ်းချုပ်မှာ သေရမည်ကို မကြောက်သည့်အလား ရှေ့တက်လာသည်။ သူသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ဟန့်တားရင်း အသက်စွန့်တော့မည့်ပုံပင်။ သူက ရှေ့တက်လာစဉ် မိစ္ဆာသိုင်းတစ်ခု ထုတ်ဖော်ရင်း အသည်းအသန် တိုက်ခိုက်လိုက်သည်။

ကြည့်နေကြသော မည်သူမဆို ခမ်းနားကြီးကျယ်သော ရဲစွမ်းသတ္တိကို ခံစားရပေမည်။ အသက်စွန့်၍ ကတိတည်ခြင်း။ ယောက်ျားစစ်စစ်တစ်ယောက်၏ လုပ်ရပ်ပင်။

သို့သော် မန်ဟိုကတော့ မှီခိုရာဂိုဏ်းချုပ်ကို ကောင်းကောင်းသိ၏။ ‌ထိုအားကိုးမရသော လိပ်အိုကြီး ဘယ်တော့မှ ထိုသို့လုပ်မည်မဟုတ်‌ကြောင်း သူသိသည်။ သူ့မှာ ခံစားချက်မကောင်းတော့သဖြင့် ချွေးများကျလာတော့သည်။

သူသည် ယခင်အကြံအစည်ကို ဘေးချိတ်ပြီး တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ဆန့်ကျင်ဘက်သို့ ပြေးတော့သည်။ ဂူယိတင်းစန်းယွီက မန်ဟိုကို တစ်လှည့်၊ သေမင်းကို မကြောက်မရွံရင်ဆိုင်နေပုံရသော မှီခိုရာဂိုဏ်းချုပ်ကို တစ်လှည့် ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမက သက်ပြင်းချလိုက်၏။

ဘုန်း

သုတ်သင်လက်ချောင်း၏အစွမ်းအောက်တွင် မှီခိုရာဂိုဏ်းချုပ်၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ခြောက်ကပ်လာပြီး တစစီ ပျက်စီးသွားတော့သည်။

သို့သော် တစ်ပြိုင်တည်းမှာပင် ဟိန်းဟောက်သံတစ်သံအား ရုတ်တရက် ကြားလိုက်ရသည်။ မြူများမှာ တစ်ဖန်‌ ပြန်ပေါ်လာရင်း မှီခိုရာဂိုဏ်းချုပ်အသွင် ထပ်ပြောင်းနေပြန်သည်။ သို့ထိတိုင် သူသည် အသက်ကို ပဓာနမထားဘဲ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို လမ်းကို ပိတ်လိုက်၏။

"ငါ နောင်တမရဘဲ သေနိုင်တယ်။ ဒါပေမဲ့ မန်ဟိုကတော့ ... သေလို့မဖြစ်ဘူး" မှီခိုရာဂိုဏ်းချုပ်က အော်သည်။ "အဲ့ဒါ ဟိုးအရင်နှစ်တွေတုန်းက ငါ့ကတိပဲ"

‌မှီခိုရာဂိုဏ်းချုပ်ကို ကြည့်နေစဉ် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးရဲ့ မျက်လုံးများက ထူးဆန်းစွာ တောက်ပသွားသည်။

"ဒီတော့ ကတိတစ်ခုက လူတစ်ယောက်ကို အသက်ပြန်ရှင်လာဖို့ အဆီအနှစ်တွေသုံးရလောက်အောင် ရဲဝင့်သွားစေနိုင်တာပဲ" ဝမ်ခေါင်းဆောင်ကြီး၏ရှုထောင့်အရ မှီခိုရာဂိုဏ်းချုပ်မှာ အသက်ပြန်ရှင်လာဖို့ ကိုယ်အစစ်၏အဆီအနှစ်ကို အသုံးပြုနေခြင်း ဖြစ်ပေမည်။

သူ ယခု‌ ရောက်နေသော နယ်ပယ်အဆင့် ကျင့်ကြံသူများအဖို့ အဆီအနှစ်သည် ပိုင်ဆိုင်သမျှထဲ တန်ဖိုးအကြီးဆုံးဖြစ်၏။ ၎င်းကို ဖြုန်းတီးခြင်းက ပြန်လည်သက်သာရန် ခက်ခဲသည့် ဒဏ်ရာများ ရသွားစေနိုင်သည်။

လေးစားမှုအရိပ်အယောင်များ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏ မျက်လုံးများတွင် ပေါ်လာသည်။ ဤမှီခိုရာဂိုဏ်းချုပ်သာ သူ၏မျိုးနွယ်ဝင်ဖြစ်လာခဲ့လျှင် သေချာပေါက် သစ္စာရှိအစောင့်အရှောက်တစ်ယောက် ဖြစ်လာလိမ့်မည်ဟု တွေးထင်နေတော့၏။

မန်ဟိုမှာတော့ စိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။ မှီခိုရာဂိုဏ်းချုပ် ဘာလုပ်နေသည်လဲ သူ အတိအကျ သဘောပေါက်ခဲ့ပြီးဖြစ်သည်။ လောလောဆယ်တွင် မန်ဟိုမှာ အရှိန်အသားကုန်တင်၍ ပြေးနေသော်လည်း အဆထောင်ပေါင်းများစွာ ပိုမြန်စေရန် ဆုတောင်းနေမိတော့၏။

"ဟားဟားဟား" မှီခိုရာဂိုဏ်းချုပ်က ကြိတ်ရယ်နေသည်။ "ဒီနည်းလမ်းက အလုပ်ဖြစ်သားပဲ။ငါ ဂိုဏ်းချုပ်ကတော့ တယ်တော်ပြန်ပြီ။ မိစ္ဆာချုပ်တံဆိပ်အရ ငါ တာအိုစောင့်ရှောက်သူဖြစ်လာဖို့ပဲ လိုတာ။ တာအိုစောင့်ရှောက်သူလေး ဖြစ်နေဖို့ပဲ ဟားဟားဟား။ ကာကွယ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ တာအိုရဲ့ တကယ့်ဆိုလိုရင်းက လူတစ်ယောက်ကို ညှင်းပန်းနှိပ်စက်ဖို့ပဲ။ ဒါကြောင့် တာအိုစောင့်ရှောက်သူဆိုပြီးတော့ ခွေးသူတောင်းစားလေး သေမှာ ကာကွယ်ပေးစရာ မလိုဘူး။ ငါ လုပ်ရမှာက ပါးပါးလေး ကာကွယ်ပေးဖို့ပဲ။ မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင် ငါ ကြိုးစားခဲ့သရွေ့ ကိစ္စမရှိဘူး

"ပြီးတော့ ငါလည်း ကြိုးစားနေခဲ့ပြီးပြီလေ။ ဒါက ကိုယ်ပွားပဲ ဆိုပေမယ့် အဆီအနှစ်နည်းနည်းပါးးပါး သုံးရသေးတယ်မဟုတ်လား။ မိစ္ဆာချုပ်တံဆိပ်ကတော့ ပြဿနာ သိပ်မရှိဘူး။ ဟားဟားဟား ။ ငါ ဂိုဏ်းချုပ်က တယ်ဉာဏ်ကောင်းတာပဲ

"ဒီတစ်ခေါက်တော့ အဲ့ဒါကို မိုးကောင်းကင်ကို အာခံနေတဲ့ မိစ္ဆာချုပ်တံဆိပ်လို့ မဆိုနိုင်တော့ဘူး" မှီခိုရာဂိုဏ်းချုပ်မှာ သူ့ကိုယ်သူ ဂုဏ်ယူနေတော့သည်။  အပြင်ပန်းတွင်တော့ ‌ဒေါသူပုန်ထနေလေသည်။ သူကား ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ဟန့်တားရန် အစွမ်းကုန်ကြိုးစားနေပုံရနေ၏။ နောက်တစ်ဖန် သူ၏ခန္ဓာကိုယ်မှာ ခြောက်ကပ်ပြီး ပျက်စီးသွားဝောာ့သည်။

ထို့နောက် မှီခိုရာဂိုဏ်းချုပ် ပြန်ပေါ်လာသောအခါ သူ့မှာ အတိုင်းထက်အလွန် အားနည်းနေလေပြီ။ တကယ်တမ်း သူ၏ခန္ဓာကိုယ်မှာ ကိုယ်အစစ်၏ ပုံရိပ်အား မြင်ရသည်အထိ ပုံပျက်နေပြီဖြစ်သည်။

သူကား ယခုတွင် ‌မန်ဟို့နောက်လိုက်နေသော ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးကို ရပ်ကြည့်နေသော ကြောက်စရာ လိပ်ကြီးတစ်ကောင်နှင့် တူနေတော့သည်။

မှီခိုရာဂိုဏ်းချုပ်က မယုံနိုင်လောက်အောင် စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် အော်လိုက်သည်။ "သူ့ မသတ်နဲ့ ငါ့ကို သတ်" စိတ်ထဲတွင် မှီခိုရာဂိုဏ်းချုပ်မှာ အားရကျေနပ်စွာ ရယ်နေသော်လည်း အပြင်ပန်းတွင်တော့ မျက်လုံးကြီးများ နီရဲနေ၏။ သူက ခေါင်းထောင်၍ ဟိန်းဟောက်ပြီးနောက် နောက်မှလိုက်သွားတော့သည်။

"ငါ့သတ်လို့။ ငါသေရင်တောင်မှ ကတိတည်မှဖြစ်မယ်။ သူ့မသတ်နဲ့။ ငါက သူ့ရဲ့ တာအိုစောင့်ရှောက်သူတင်မဟုတ်ဘူး ဂိုဏ်းချုပ်လည်းဟုတ်တယ်။ သူက ငါပြီးရင် နှောင်ဖွဲ့ကင်းဂိုဏ်းမှာ အဆင့်အမြင့်ဆုံးဂိုဏ်းသား။ သူက ငါနဲ့တန်းတူ ၊ နှောင်ဖွဲ့ကင်းဂိုဏ်းရဲ့ အနာဂတ်၊  နှောင်ဖွဲ့ကင်းဂိုဏ်းရဲ့ မျှော်လင့်ချက် ။ သူ့ကို သတ်ခွင့်မပေးနိုင်ဘူး"

"သောက်ရှက်မရှိလိုက်တာ"  မန်ဟိုက အံ့ကြိတ်၍ ငြီးတွားလိုက်သည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ကံကောင်းခြင်းအဆောင်ကို ထုတ်ပြီး ထိချတော့မည့်အချိန် ရုတ်တရက် ....

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်သည်။   မှီခိုရာဂိုဏ်းချုပ်တစ်ယောက် အားလည်း အားရ၊ စိတ်လည်းစိတ်ဆိုးသောပုံစံဖြင့် ကြည့်နေသည်ကို မြင်လိုက်၏။ မှီခိုရာဂိုဏ်းချုပ်မှာ လိပ်ပုံစံ ဖြစ်နေပြီး မျက်လုံးများကား ထူးဆန်းစွာ တောက်ပနေချေသည်။

ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ ရင်ထဲထိသွားတော့သည်။ "ငါ တစ်ဘဝလုံး မိစ္ဆာသားရဲတွေအများကြီး မြင်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီတစ်ကောင်ကတော့ သေချာပေါက် .... ငါ မြင်ခဲ့ဖူးသမျှထဲ သစ္စာအရှိဆုံးပဲ"

***

All Chapters