မင်းကို ကံကြမ္မာကောင်း ချီးမြှင့်ပေးပါရစေ
Vol. 47 Ch. 646
ဟန်ပန်ပီပြင်စေဖို့အတွက် မှီခိုရာဂိုဏ်းချုပ်က သူ၏အသံကြီးကို ကြောက်မက်ဖွယ်စွမ်းအားတို့ဖြင့် ပြည့်နှက်နေစေသည်။ နှောင်ဖွဲ့ကင်းဂိုဏ်းကျင့်ကြံသူများအပါအဝင် ကျွန်းအပေါ်ရှိ လူတိုင်း သူ၏အသံကြီးကို ပြတ်ပြတ်သားသား ကြားလိုက်ကြရ၏။
သူတို့၏မျက်နှာများတွင် ခံစားချက်အမျိုးမျိုး ဖြတ်ပြေးသွားတော့သည်။ စစ်မြေပြင်အနီးအနားရှိ လူများမှာ အနားသိပ်ကပ်မသွားရဲပေ။ သူတို့၏အမူအရာများမှာ အံ့အားသင့်နေပုံဖြစ်ပြီး အားလုံး အသက်ရှူမှားနေကြတော့သည်။
"မန်ဟို ။ ဘယ်သူတုန်း သူက။ နှောင်ဖွဲ့ကင်းဂိုဏ်းမှာ တကယ်အရေးပါတဲ့ပုံပဲ"
"ဂိုဏ်းချုပ် အသက်ကိုစွန့်ပြီး ကာကွယ်ပေးရလောက်အောင် အဲ့ဒီလူက ဘယ်လိုလူမျိုးမလို့လဲ။ သူက နှောင်ဖွဲ့ကင်းဂိုဏ်းရဲ့ မျှော်လင့်ချက်ပဲ ဖြစ်ရမယ်။ သူ သေလို့မဖြစ်ဘူး"
"မန်ဟိုဟုတ်လား။ ငါ မှတ်မိပြီ။ မှီခိုရာဂိုဏ်းရဲ့ အတွင်းစည်းဂိုဏ်းသား။ ဂိုဏ်းချုပ်ပြောတာ မှန်တယ်။ သူက ဂိုဏ်းချုပ်ပြီးရင် ငါတို့ဂိုဏ်းမှာ အဆင့်အမြင့်ဆုံးအဖွဲ့ဝင်ပဲ" အံ့အားသင့်နေသော ကျင့်ကြံသူများသည် မှီခိုရာဂိုဏ်းချုပ်၏စကားလုံးများကို တစ်သက်လုံး မမေ့အောင် ချက်ချင်း နှလုံးသားထဲဝယ် မှတ်သားလိုက်တော့၏။
တကယ်လည်း မှီခိုရာဂိုဏ်းချုပ်မှာ သူ့စကားလုံးသူပင် ယုံကြည်လာမိသည်အထိ စစ်မှန်သောခံစားချက်တို့ဖြင့် ပြည့်နှက်နေပုံပင်။ သူက အသံပြဲကြီးဖြင့် အော်ဟစ်ရင်း မျက်ရည်များ ဝဲလာသည်။ ဤအခိုက်အတန့်တွင် ဝမ်မျိုးနွယ်ဒသမခေါင်းဆောင်ကြီးက မျက်လုံးကြီးပြူးလျက် အံ့ဩနေပြီး လေလယ်တွင် ရပ်လိုက်သည်။
"ဟ ဘာလို့ သူ့နောက် မလိုက်တာလဲ" မှီခိုရာဂိုဏ်းချုပ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောသည်။ သူကား ယခုတွင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးထက် အဆများစွာ ပိုမိုကြီးမားနေပြီဖြစ်ပြီး မန်ဟိုနှင့်သူ့အကြား ဝင်လိုက်ကာ ဒေါသတကြီး ဆို၏။ "ငါ့ကို သတ်လိုက် ဒါမှ မင်း ဆက်သွားနိုင်မယ်"
မှီခိုရာဂိုဏ်းချုပ်မှာ ယခုတော့ ကစားပွဲထဲတွင် စိတ်ရောကိုယ်ပါ နစ်မြုပ်နေလေပြီ။ သူ့အတွက် အတော်လေး ပျော်စရာကောင်းနေပြီး သူစကားပြောသောအခါ သူ၏အသံသည် မယုံကြည်နိုင်ဖွယ်အားကြီးဖြင့် ဟိန်းထွက်သွား၏။
"ငါ ဒီမှာရှိနေရင် ဘယ်သူမှ မန်ဟို့ကို လက်ဖျားနဲ့တောင် မထိစေရဘူး" မှီခိုရာဂိုဏ်းချုပ်က ဟိန်းဟောက်လိုက်သည်။ မှန်ပါသည်၊ စိတ်ထဲတွင်တော့ သူကား ဟားတိုက်ရယ်နေလေသည်။ သူသည် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး သူ့ကို မြန်နိုင်သမျှမြန်မြန် ရိုက်နှက်ပြီး ခွေးသူတောင်းစားလေးဆီ သွားစေချင်နေ၏။ ထို့သို့ဆိုလျှင် နောက်ဆုံးတော့ သူ ဝဋ်ကျွတ်လေမည်။
သို့ရာတွင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက မန်ဟို့နောက်လိုက်ဖမ်းရန် အစီအစဉ်ရှိပုံမရပေ။ သူ့အမြင်အရ မန်ဟို့အတွက် လွတ်လမ်းမရှိလေရာ၊ အနှေးနှင့်အမြန် သူ ဖမ်းမိနိုင်လိမ့်မည်။ သို့သော် သူ၏အရှေ့ရှိ ဤမိစ္ဆာသားရဲကတော့ အတော်လေး ရှားပါးသော သားရဲတစ်ကောင်ဖြစ်သည်။
အမှန်တော့ ၎င်းမှာ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးအတွက်တော့ အလွှတ်မပေးနိုင်လောက်အောင် ရှားပါးလေသည်။
"ဘယ်လောက်တောင် သစ္စာရှိလှတဲ့ မိစ္ဆာသားရဲလဲ" သူက ဖြေးဖြေးချင်း ပြောသည်။ "ငါ့တစ်ဘဝလုံးမှာ အဲ့ဒီလိုမျိုးတစ်ကောင်မှ မမြင်ခဲ့ဖူးဘူး" မှီခိုရာဂိုဏ်းချုပ်ကို ခေါင်းတညိတ်ညိတ်နှင့် ပြုံးပြီး ကြည့်နေစဉ် သူ၏မျက်လုံးများရှိ လေးစားမှုမှာ ပို၍အားကောင်းလာတော့သည်။ "ဒီလိုမိစ္ဆာသားရဲတစ်ကောင်က ဒီလိုကောင်လေးရဲ့နောက်လိုက်လုပ်နေတာ တကယ် နှမြောဖို့ကောင်းတယ်။ မိစ္ဆာလိပ်၊ ငါက ဝမ်မျိုးနွယ်စုရဲ့ ဆယ်ယောက်မြောက်ခေါင်းဆောင်ကြီးပဲ။ မင်း ငါ့နောက်လိုက် လုပ်ချင်လား။ လုပ်ချင်ရင် အခုကစပြီး မင်းအနေနဲ့ ဝမ်မျိုးနွယ်စုရဲ့ မိစ္ဆာသားရဲတာအိုအစောင့်အရှောက်ဖြစ်လာရမယ်
"ငါ အင်မော်တယ်အဆင့်တက်လှမ်းတဲ့အခါ မင်းကို ငါ့နဲ့အတူ ကောင်းကင်ဘုံဆီ ခေါ်သွားပေးမယ်"
မန်ဟိုမှာ ကံကောင်းခြင်းအဆောင်ကို ဖိချရန် ပြင်နေစဉ် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး၏စကားကို ကြားလိုက်၏။ သူက တုံ့ခနဲ ရပ်ပြီး နောက်ပြန်လှည့်ကြည့်လိုက်လေသည်။ အထူးသဖြင့် မှီခိုရာဂိုဏ်းချုပ်ကြီး တုန်ရီနေသည်ကို မြင်လိုက်သောအခါ သူ့မှာ တဟားဟား အော်ရယ်ချင်သွားသည်။
မှီခိုရာဂိုဏ်းချုပ်အကြောင်း နှင့် ထိုလိပ်အိုကြီး တန်ဖိုးအထားဆုံးမှာ လွတ်လပ်မှုဖြစ်ကြောင်း သူ သိလေသည်။ မန်ဟို့ကို ပထုတ်ဖို့အတွက် မှီခိုရာဂိုဏ်းချုပ်သည် တခြားကိစ္စများကို မတွေးတောဘဲ နေနိုင်ကောင်းနေနိုင်လိမ့်မည် ။ သို့သော် သူ၏လွတ်လပ်မှုနှင့်ပတ်သက်၍မူ ...... ထိုအကြောင်း နည်းနည်းလေးဟလိုက်သည်နှင့် သူ့အား အမှန်တကယ် ဒေါကန်သွားစေရန် လုံလောက်၏။
"ဒီလိုဖြစ်သွားလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး" မန်ဟိုက တွေးသည်။ "ဒါပေမဲ့ ကြိုက်တယ်။ လုပ်စမ်း ၊ နည်းနည်းပိုပြီး ပီပြင်အောင် သရုပ်ဆောင်လိုက်စမ်း လိပ်အိုကြီး။ ကျုပ် ထပ်ကြည့်ချင်တယ်"
မှီခိုရာဂိုဏ်းချုပ်မှာတော့ မျက်လုံးကြီးပြူးလျက် ကြောင်တောင်တောင် စိုက်ကြည့်နေပြီးနောက် ရင်တဒိန်းဒိန်းခုန်လာတော့သည်။ သူ့မှာ ပေါက်ကွဲတော့အလား ခံစားနေရလေသည်။ အမျက်ဒေါသတို့က တရိပ်ရိပ် တက်လာခဲ့လေပြီ။
"မင်း အခု ဘာပြောလိုက်တာ။ ငါ့ကို ဘာလို့ခေါ်လိုက်ဝာာ" သူ့မှာ တစ်စုံတစ်ယောက်က သူ့အား အစောင့်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲရန် ကြိုးစားမည်ကို မယုံနိုင်ပေ။ ဤသည်မှာ သူ အရွယ်ရောက်လာပြီးနောက်ပိုင်း ဒုတိယအကြိမ် အရှက်ကွဲရခြင်း ဖြစ်၏။
ပထမဆုံးအကြိမ်က မိစ္ဆာချုပ်နှောင်သူအဖွဲ့၏လက်ထဲတွင် ဖြစ်ခဲ့လေသည်။
မှီခိုရာဂိုဏ်းချုပ်၏ ဒေါသကား ကမ္ဘာပေါ်ရှိ မည်သည့်အရာမဆိုထက် ကျော်လွန်နေလေပြီ။ သူ၏ခန္ဓာကိုယ်မှာ တုန်ရီရှုံ့တွလာပြီး အတန်ငယ် ကျန်ရစ်ခဲ့သော ဆင်ခြင်တုံတရားလေးကြောင့်သာ ဒေါသကို မြိုသိပ်နိုင်သွား၏။
"မကျေနပ်ဘူးလား မိစ္ဆာလိပ်လေး" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက မျက်နှာကြီးမည်းမှောင်လာနေရင်း မေးသည်။ သူသည် ဤမိစ္ဆာလိပ်ကို ရှားမှရှားသော စိတ်လှုပ်ရှားဖွယ်အခွင့်အရေးတစ်ခု ကမ်းလှမ်းခဲ့လေသည်။ သူ၏စိတ်ရှိတိုင်းသာဆိုလျှင် ၎င်းအား ချက်ချင်း သတ်ပစ်လိုက်မည်ဖြစ်၏။
"ငါ့လိုးမ မင်းကမှ မိစ္ဆာလိပ်" မှီခိုရာဂိုဏ်းချုပ်က ဆဲလိုက်သည်။ "မင်းတို့ ဝမ်တစ်မျိုးနွယ်လုံး မိစ္ဆာလိပ်တွေ။ မင်းက လိပ်တစ်ကောင်ရဲ့ မိမစစ်ဖမစစ် သား။ ငါ့ကိုများ မင်းတို့ရဲ့ လုံခြုံရေးအစောင့် လုပ်ခိုင်းရဲတယ်ပေါ့ဟုတ်လား" သို့သော် အချိန်အနည်းငယ်ကြာသော် သူသည် သူ့ကိုယ်သူ နည်းနည်းလောက် ထပ်သည်းခံထားရန် အားပေးလိုက်၏။ သူလုပ်ရုံလေးမှာ သည်းခံထားရုံသာဖြစ်ပြီး ကံကြမ္မာကောင်းကြီးက သူ့ဆီ လာပေလိမ့်မည်။
သို့ရာတွင် ဤအခိုက်၌ သူ၏ခန္ဓာကိုယ်မှာ မယုံနိုင်လောက်အောင် ဝေဝါးလာခဲ့လေပြီ။ ထိုမျှသာမက သူ၏ကိုယ်အစစ်မှာ တုန်ရီလာသဖြင့် ပဲ့တင်ထပ်နေသော ထစ်ချုန်းသံကြီးများနှင့်အတူ ဧရာမလှိုင်းလုံးကြီးများအားလုံး ပင်လယ်ပြင်တစ်လျှောက် တလိပ်လိပ် အုံကြွလှုပ်ရှားသွားစေသည်။
"အေး အဲ့ဒါက မင်းတတ်နိုင်တာမဟုတ်ဘူး" ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက သွေးအေးအေး ပြောသည်။ "မင်း စိတ်ပါရင် တော့ ကောင်းတာပေါ့။ စိတ်မပါဘူးဆိုရင် ကိစ္စမရှိဘူး။ ငါ ဆုံးဖြတ်ချက်တစ်ခု ချပြီးရင် ဘယ်သူမှ ပြောင်းလဲလို့မရဘူး။ ငါ မင်းအပေါ်မှာ တားမြစ်မန္တန်တချို့ စီရင်မယ်။ အခုစကပြီး မင်းဟာ ငါတို့ဝမ်မျိုးနွယ်စုရဲ့ မိစ္ဆာလိပ်ပဲ" သူသည် သူ၏စကားလုံးများကို ချိုးဖျက်၍မရသော စည်းမျဉ်းသတ်မှတ်ချက်များအလာား ၊ ကောင်းကင်ဘုံ၏စိတ်ဆန္ဒအလား ခံစားနေရပုံပင်။
မန်ဟိုမှာ ထခုန်မိမတတ် ပျော်ရွှင်နေပြီး အကျယ်ကြီး ထရမိတော့ခါနီးနီး ဖြစ်နေသည်။ လောလောဆယ်တွင် အချိန်မရွေး ထွက်နိုင်သွားကြောင်း သူ သိလေသည်။ ထို့အပြင် မှီခိုရာဂိုဏ်းချုပ် သည်းမခံနိုင်တော့လျှင် မန်ဟိုမှာ ထိုသို့ဖြစ်ပျက်မည် ကြည့်ရဖို့ အန္တရာယ်အနည်းငယ်ရင်ဆိုင်ရလည်း မမှုပေ။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက စကားပြောနေစဉ် ညာလက်ကို မြှောက်ပြီး မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ချက်ချင်းပင် တားမြစ်မန္တန်သင်္ကေတထောင်နှင့်ချီ လေလယ်တွင် ပေါ်လာ၏။ ၎င်းတို့က ပတ်ဝန်းကျင်တွင် စက်ဝိုင်းသဏ္ဌာန်လည်ရင်း ဧရာမပိုက်ကွန်ကြီးတစ်ခု ဖြစ်လာသည်။ အဆိုပါပိုက်ကွန်ကြီးက ပုံရိပ်ယောင်လိပ်ပုံစံမှီခိုရာဂိုဏ်းချုပ်ဆီသို့ ပြေးဝင်သွား၏။
မှီခိုရာဂိုဏ်းချုပ်၏ခန္ဓာကိုယ်မှာ ဝေဝါးလာသော်လည်း သူမည်မျှဒေါသထွက်နေသလဲ မြင်ရသေးလေသည်။ သူ၏အသက်ရှူသံများမှာ မိုးခြိမ်းသံများအလား ဖြစ်နေပြီး သူ၏ဒေါသမှာ ... နောက်ဆုံးတော့ ပေါက်ကွဲတော့မည့်အမှတ်သို့ ရောက်ရှိသွားခဲ့လေပြီ။
သူ၏မျက်လုံးများကား ပြူးထွက်နေ၏။ စောစောက သူသည် စိတ်ထိန်းရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း ယခုတော့ နည်းနည်းလေးမှ သည်းမခံနိုင်တော့ပေ။ မျက်စိတစ်မှိတ်အတွင်း .... သူ၏ဒေါသက ပေါက်ကွဲသွားတော့၏။
မှီခိုရာဂိုဏ်းချုပ်က ခေါင်းကြီးမော့ပြီး တစ်ခါမအော်စဖူး ဒေါသတကြီး အော်ဟစ်လိုက်ဖြင့် မိုးခြိမ်းသံတမျှ ကျယ်လောင်သောအသံများ အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားသည်။
"အာာာာာာာားးးးးးးးးးးးးးးးးးးးးးးး" ဤအခိုက်အတန့်တွင် သူသည် မန်ဟို့ကိုသော်လည်းကောင်း၊ မိစ္ဆာချုပ်နှောင်ဂိုဏ်းကိုသော်လည်းကောင်း ဂရုမစိုက်တော့။ သူ ဂရုစိုက်သမျှမှာ ထိုကဲ့သို့ဆက်ဆံခံရခြင်းအတွက် ခံစားနေရသော ဒေါသကိုပင်။
ထိုကဲ့သို့ လူပုံအလယ် အရှက်ခွဲခံရခြင်းက သူ့အား မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ ချုပ်နှောင်ခံရတုန်းက မည်သို့ခံစားခဲ့ရသည်ကို ပြန်တွေးမိသွားစေသည်။ ၎င်းမှာ ဒဏ်ရာဟောင်းကို ပြန်ခွာလိုက်သည့်အလား၊ အနာပေါ် တုတ်ကျသွားသည့်အလားပင်။ မှီခိုရာဂိုဏ်းချုပ်၏ဒေါသမှာ သူ၏စိတ်အစဉ်ကို လွမ်းမိုးနေပြီး သူက နောက်တစ်ဖန် ဟိန်းဟောက်လိုက်ပြန်သည်။
"ငါ့လိုးးးးးးးးးးး........
"မိစ္ဆာချုပ်နှောင်သူအဖွဲ့ကို အသာထားဦး။ မင်းလို မဖြစ်စလောက် ကလေးတစ်ယောက်က ငါ ဂိုဏ်းချုပ်ကို စော်ကားရဲတယ်ပေါ့လေ"
မှီခိုရာဂိုဏ်းချုပ်မှာ ဒေါသထွက်လွန်း၍ စောစောက ဟန်ဆောင်ထားသည်ကို လုံးဝသတိမရတော့ပေ။ သူ၏မျက်လုံးများမှာ ရဲတွတ်နေပြီး သူဝောာ်စင်ကျွန်းတစ်လုံးကား ပြင်းပြင်းထန်ထန် တုန်ခါနေတော့သည်။ အောက်တွင် ဧရာမသတ္တဝါကြီးတစ်ကောင် နိုးထလာနေသည့်အလား မြေပြင်မှာ တုန်ဟည်းလျက်ရှိ၏။
ဤနေရာရှိ ပင်လယ်ပြင််ကြီးမှာ ပေါက်ကွဲတော့မည့်အလား ဖြစ်နေ၍ ပင်လယ်ရေများမှာလည်း ဧရာမလှိုင်းလုံးကြီးများအသွင်ဖြင့် တဝုန်းဝုန်း အော်မြည်လာတော့သည်။
သူတော်စင်ကျွန်း၏အောက်၊ ပင်လယ်ရေ၏ အမှောင်ထုထဲတွင် ရုတ်တရက် မီးလုံးကြီးနှစ်လုံး ပေါ်လာသည်။ ၎င်းတို့သည် နီရဲတွတ်နေပြီး ဒဏ်ရာဟောင်းများ အဆွခံလိုက်ရသည့်အတွက် ပေါက်ကွဲနေသော ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။ ၎င်းသည် အရှက်ခွဲခံရမှုမှ မြစ်ဖျားခံသော ဒေါသဖြစ်လေသည်။
ဝုန်း
ဧရာမအက်ကြောင်းကြီးများ ကျွန်းအပေါ်တွင် ကွဲထွက်လာသည်။ ကောင်းကင်သည် မည်းမှောင်လာပြီး စူးရှသောအရောင်များ ပြိုးပြိုးပြက်ပြက် လက်လာကာ ပင်လယ်ပြင်ကြီးမှာလည်း ဆူပူအုံကြွနေ၏။ ဤသို့ ရုတ်တရက် အပြောင်းအလဲများက ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးအား မျက်နှာပျက်သွားစေသည်။
သို့သော် သူ တစ်ချက်လေးပင် မလှုပ်ရှားနိုင်ခင် ပင်လယ်ရေ၏အနက်ပိုင်းထဲမှ အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ အရှိန်အဝါသည် ပြင်းထန်သောဒေါသတို့ဖြင့် ပြည့်နှက်နေပြီး ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထုကိုပင် စုတ်ပြတ်သပ်သွားစေသည်။ သူတော်စင်ကျွန်းမှာ ဤကမ္ဘာမှ သီးခြားခွဲထုတ်ခံလိုက်ရသည့်အလားပင်။
ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးသည် အရှိန်အဝါကို အာရုံရလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏မျက်နှာမှာ အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွားသည်။ သူသည် ချက်ချင်းပင် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် မျက်နှာဖြူဖပ်ဖြူလျော်နှင့် လေပေါ်ပျံတက်သွားတော့သည်။
"အင်မော်တယ်" သူက အားမရှိတော့သော လေသံဖြင့် ပြောသည်။
"အဲ့ဒါ အင်မော်တယ်တစ်ယောက်ရဲ့ အရှိန်အဝါ။ မိစ္ဆာအင်မော်တယ်တစ်ကောင်ရဲ့ စိတ်ဆန္ဒပဲ"
ဟိန်းဟောက်နေသော အသံကြီးနက်ကြီးအား မြေကြီးအတွင်းမှ ရုတ်တရက် ကြားလိုက်ရရာ မြေငလျင်တို့ လှုပ်ခတ်လာပြီး တောင်စဉ်တန်းများ တုန်ခါလာတော့သည်။ "မင်းလိုကောင်က ငါ ဂိုဏ်းချုပ်ကို မိစ္ဆာလိပ်လို့ ခေါ်ရဲတယ်ပေါ့လေ။ မင်းက ငါ့ကို တကယ်ပဲ မင်းရဲ့ လုံခြုံရေးအစောင့်လုပ်ခိုင်းရဲတယ်ပေါ့"
အသံကြီးက မြေကြီးအတွင်းမှ ၊ ပင်လယ်အတွင်းမှ ဟိန်းထွက်လာသည်။ ပင်လယ်ရေများ တလိပ်လိပ် ထလာပြီး သူဝောာ်စင်ကျွန်း၏ပတ်ပတ်လည်တွင် လည်နေသော ဝဲကြီးဖြစ်လာသည့်တိုင်အောင် တဝဲဝဲလည်လာတော့သည်။
"မင်းက တကယ်ပဲ ငါ့အပေါ်မှာ တားမြစ်မန္တန်တွေ စီရင်ရဲတယ်ပေါ့လေ။ မင်းလိုကောင်ကများ .... ရာရာစစ"
ဗွမ်း
ပင်လယ်ပြင်ကြီး ပေါက်ကွဲသွားသဖြင့် ရေများ အရပ်မျက်နှာတစ်ခွင်သို့ လွင့်စင်ထွက်ကုန်သည်။ ဧရာမအားကြီးတစ်ရပ်သည် မိုးကောင်းကင်သို့ ထိုးတက်သွားပုံရပြီး တစ်ချိန်တည်းမှာပင် ဧရာမခေါင်းကြီးတစ်လုံး၌ ရေလွှာများအတွင်း၌ မြင်လိုက်ရ၏။ ၎င်းကား ကောင်းကင်တစ်ပြင်လုံး ပိတ်ကွယ်ဖုံးရင်း ဆန့်ထွက်လာသည်။ ၎င်း၏အရိပ်ကြီးမှာ အလွန်ကြီးမားလှသဖြင့် နေနှင့်လနှစ်မျိုးလုံးကို တားဆီးပိတ်ဆို့နိုင်လောက်အောင် ကြီးမားလွန်းလေသည်။ ၎င်းက အရာအားလုံးကို လွှမ်းခြုံစိုးမိုးနေ၏။
၎င်းသည် လိပ်ကြီးတစ်ကောင်၏ ဧရာမခေါင်းကြီးဖြစ်ပြီး ၎င်း၏အရေပြားမှာ အတွန့်အခေါက်တို့နှင့် ပြည့်နေသည်။ ၎င်းသည် ပိတ်ပိန်းနေအောင် မှောင်မိုက်နေပြီး ၎င်းပါးစပ်ဟလိုက်သောအခါ ဝါကြင့်ကြင့်သွားချွန်ချွန်များကို မြင်နိုင်လေသည်။ ထို့အပြင် မျက်လုံးကြီးများမှာ ပထမတွင် ဝါးတားတားဖြစ်နေပုံရသော်လည်း ပြင်းထန်သောအမျက်ဒေါသတို့ကို ထုတ်လွှတ်နေကြောင်း သိသာသည်။
ဤသည်ကား..... မှီခိုရာဂိုဏ်းချုပ် ကိုယ်အစစ်၏ ခေါင်းကြီးပင်။
စကားလုံးများဖြင့် ဖော်ပြဖို့ရန် ခဲယဉ်းသော စွမ်းအားတစ်ရပ်က မှီခိုရာဂိုဏ်းချုပ်ထံမှ တရိပ်ရိပ် ဖြာထွက်နေသည်။ သူ၏အရှိန်အဝါက သက်ရှိအရာအားလုံးကို ကြောက်လန့်တုန်ရီနေစေသည်။ လေလယ်တွင် ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးမှာ ဖြေးဖြေးချင်း ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ ထို့နောက် ကောင်းကင်တစ်ခုလုံး အပြည့်နေရာယူထားသော ဧရာမခေါင်းကြီးအား မြင်သွားတော့၏။
သူ့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး စဉ်းစားဆင်ခြင်နိုင်စွမ်း ကင်းမဲ့သွားသည်။ သူ၏မျက်လုံးများမှာ အံ့ဩထိတ်လန့်မယုံကြည်မှုတို့ဖြင့် ပြည့်နှက်လျက် ဝိုင်းစက်ပြူးကျယ်နေလေသည်။
သူသည် သူ၏ရန်သူ မည်သည့်အတွက်ကြောင့် အဆီအနှစ်များကို အလေးအနက်မထားဘဲ ဖြုန်းတီးပစ်နိုင်ခဲ့သည်လဲ ရုတ်တရက် သဘောပေါက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ အဆီအနှစ်မှာ .... အံ့ဖွယ်ထူးကဲစွာ ပေါများနေ၍ပင်။
"မင်း...." ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးက ဦးရေပြားတို့ ထုံကျင်နေလျက် ရေရွတ်လိုက်သည်။ သူသည် တောင်ကောင်းကင်ဂြိုဟ်အနှံ့ သွားလာခဲ့ဖူးသော်လည်း ဤမျှ ကြောက်စရာကောင်းသော မိစ္ဆာသားရဲမျိုး မတွေ့ခဲ့ဖူးပေ။
"မင်းက ငါ ဂိုဏ်းချုပ်ကို မင်းရဲ့ လုံခြုံရေးအစောင့် လုပ်စေချင်တယ်ပေါ့လေ" မှီခိုရာဂိုဏ်းချုပ်က ဒေါသတကြီး အော်သည်။ သူ၏အသံကြီးမှာ သောင်းကျန်းနေသော မိုးထစ်ချုန်းသံကြီးအလားပင်။ သူတော်စင်ကျွန်းအပေါ်ရှိ မရေမတွက်နိုင်သောတောင်များ ပြိုကျလာပြီး ပင်လယ်ပြင်တစ်လျှောက် ဆူနာမီလှိုင်းများ ရိုက်ခတ်သွားသည်။
ဝမ်ခေါင်းဆောင်ကြီးမှာ နောက်သို့ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွား၏။ စောစောက မှီခိုရာဂိုဏ်းချုပ်၏ ဟိန်းဟောက်သံကြီးက သူ့အား သွေးတစ်လုပ်အန်လိုက်ရစေသည်။ သူ၏မျက်နှာမှာ သွေးမရှိတော့ပေ။
သူသည် ရင်တဒိန်းဒိန်း ခုန်နေပြီး သူ၏ရန်သူကို အစောင့် လုပ်ခိုင်းမည်ဟု ပြောခဲ့သော စကားများအား ပြန်တွေးနေ၏။ ထို့နောက် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။ သူ့တွင် မိစ္ဆာအင်မော်တယ်တစ်ဦးအား အစောင့်လုပ်ခိုင်းစေနိုင်သည့် အရည်အချင်းများမရှိကြောင်း သိသာလေသည်။
"စီနီယာကြီး ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ" သူက နောက်ဆုတ်ရင်း ကပျာကယာ ပြောသည်။ "အကုန်လုံးက နားလည်မှုလွဲတာပါ"
"လီးကို နားလည်မှုလွဲတာလား" မှီခိုရာဂိုဏ်းချုပ်က ဟိန်းဟောက်လိုက်သည်။ သူ၏ဟိန်းဟောက်သံကြီးက တုံ့ပြန်လူးလာပဲ့တင်ရိုက်သွားရာ မရေမတွက်နိုင်သော မှီခိုရာဂိုဏ်းချုပ်များ တစ်ပြိုင်တည်း ဟိန်းဟောက်နေသည့်အလား ပင်လယ်ကြီးအား အော်မြည်သွားစေသည်။ ဂိုဏ်းချုပ်က ဆက်ပြော၏။ "ဂိုဏ်းချုပ် မင်းကို ကံကြမ္မာကောင်း နည်းနည်းပါးပါး ချီးမြှင့်ပေးပါရစေ"
ဤသည်မှာ မန်ဟို့အတွက် မှီခိုရာဂိုဏ်းချုပ်၏ ကိုယ်အစစ်ကြီးကို ဒုတိယအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ၎င်းကား ယခုတွင် ယခင်ထက်ပို၍ အံ့ဖွယ်ကောင်းနေလေပြီ။ ရုတ်တရက် သူသည် မိစ္ဆာအင်မော်တယ်စေတီမှာတုန်းက မှီခိုရာဂိုဏ်းချုပ်ကို စိတ်တိုတိုနှင့် မည်သို့ သမခဲ့သည်လဲ ပြန်တွေးပြီး အတန်ငယ် ကြောက်လာတော့သည်။ သို့သော် မှီခိုရာဂိုဏ်းချုပ်ကို မိစ္ဆာချုပ်နှောင်ခြင်းကျမ်းစာနှင့် ချုပ်နှောင်နိုင်ကြောင်း သတိရလိုက်မှ စိတ်အေးသွား၏။
ထိုအချိန်သည် မန်ဟို 'ကံကြမ္မာကောင်း' ဆိုသော စကားလုံးများကို ကြားလိုက်ရသော အခိုက်အတန့်ဖြစ်ပြီး မျက်လုံးများ တလက်လက် တောက်ပလာတော့၏။ သူက အလျင်အမြန် နောက်ဆုတ်လိုက်သည်။ ယခုအချိန်ကား သူ့အတွက် ထွက်ပြေးဖို့ အချိန်ဖြစ်ကြောင်း သူ သိလိုက်လေပြီ။
***