← Chapters

ပတ်လမ်း(၃) လေမုန်တိုင်းစည်း

Vol. 47 Ch. 648

ပတ်လမ်း(၃) လေမုန်တိုင်းစည်း

Vol. 47 Ch. 648

နဂါးငွေ့တန်းပင်လယ်ကို ပတ်လမ်းလေးသွယ်အဖြစ် ပိုင်းခြားထားပြီး အပြင်ပိုင်းကို ပြင်ပပင်လယ်ဟုခေါ်သည်။ ပြင်ပပင်လယ်မှာ ကျင့်ကြံသူမျိုးနွယ်စုအမျိုးမျိုး သိမ်းပိုက်ထားသော ကျွန်းငယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်လေသည်။ ထိုကဲ့သို့မျိုးနွယ်စုများအကြားတွင် အစွမ်းထက်ဆုံးမှာ အမြုတေဖြစ်တည်မှုကျင့်ကြံသူများ ဖြစ်ကြ၏။

သူတို့အတွက် ပတ်လမ်း(၄)သည် သူခိုးဓားပြများ ပေါများသည်သာမက ကြောက်စရာပင်လယ်သားရဲကြီးများဖြင့်လည်း ပြည့်နှက်လျက်ရှိသည့် မယုံနိုင်လောက်အောင် အန္တရာယ်များသော နေရာတစ်နေရာဖြစ်ပေသည်။ ထို့အပြင် ထိုနေရာ၌ အင်အားကြီးဂိုဏ်းများ၊ မျိုးနွယ်စုများလည်း အခြေချနေထိုင်ကြ၏။

ထိုဂိုဏ်းများ ၊ မျိုးနွယ်စုများအနက် တချို့ကို အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများမှာ ဦးဆောင်လေရာ တစ်နေရာလုံးအား အန္တရာယ်များ‌‌စေလေသည်။ သို့သော် ကျန်းမျိုးနွယ်စုကြုံတွေ့ခဲ့သလို ကံကြမ္မာကောင်းတချို့ ရရှိရန်မှာ မဖြစ်နိုင်သည့်အရာတော့ မဟုတ်ကြောင်း လူတိုင်း သိကြ၏။

မှန်သည်၊ ပတ်လမ်း(၄) ရှိ ကျင့်ကြံသူများအတွက်‌‌မူ ပတ်လမ်း(၃)မှာ အန္တရာယ်လည်း များ၊ အခွင့်အလမ်းလည်း များသော တားမြစ်ဇုန်တစ်ဇုန်နှင့် တူသည်။

အနုသုခုမရုပ်ခန္ဓာအဆင့်မဟုတ်ဘဲ ပတ်လမ်း(၃) သို့ ဝင်ရောက်ကြသူများအဖို့ အသက်ဆုံးရှုံးရနိုင်ခြေ များပေသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများပင်လျှင် ကံမကောင်းပါက ပတ်လမ်း(၃)တွင် အလွယ်တကူ အသက်ဆုံးရှုံးရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ပတ်လမ်း(၃) သည် မြောက်မြားလှစွာသော ပင်လယ်သားရဲကြီးများဖြင့် ပြည့်နှက်နေ၍ပင်။

သို့ထိတိုင် ပတ်လမ်း(၃)သို့ ဝင်ရောက်ရန် ကြိုးစားကြသော ကျင့်ကြံသူများစွာလည်း ရှိသေးသည်။ အမှန်တွင် ထိုနေရာ၌ နေရာယူနိုင်ခဲ့သော ပညာရှင်တချို့ပင် ရှိလေသည်။

ကျင့်ကြံသူများအား အန္တရာယ်တောထဲသို့ လာရောက်အောင် ဆွဲဆောင်နေသည့်အရာမှာတော့ အကန့်အသတ်မဲ့သော အခွင့်အလမ်းများမှတစ်ပါး အခြားမဟုတ်ပေ။

ထိုနေရာရှိ ပင်လယ်သားရဲများမှာ ပင်လယ်မိစ္ဆာများဟူ၍ အသိများပြီး ၎င်းတို့၏နှလုံးသားအား အဖိုးထိုက်ရတနာအဖြစ် သတ်မှတ်နိုင်လေသည်။ ၎င်းတို့က ဝိညာဉ်ကျောက်တုံးများနည်းတူ တူညီသောလုပ်ဆောင်ချက်များအား ဖြည့်ဆည်းပေးနိုင်သည်။ မိစ္ဆာနှလုံးသားတစ်တုံးသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်တုံးထက် သာလွန်သည့်အပြင် တကယ်တမ်း အရည်အသွေးအားဖြင့် အလယ်အလတ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် ပိုတူ၏။

အထူးသဖြင့် အစွမ်းထက်ပင်လယ်မိစ္ဆာတချို့မှ နှလုံးသားများဆိုလျှင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ထိုသို့သောအရာများသည် မည်သည့်ကျင့်ကြံသူမှ လျစ်လျူမရှုနိုင်လောက်အောင် အဖိုးအနဂ္ဂထိုက်တန်သော ရတနာများ ဖြစ်ကြ၏။

နဂါးငွေ့တန်းပင်လယ်မှာ ဝိညာဉ်ကျောက်ကျင်းများ ကင်းမဲ့နေသည် မဟုတ်ပါလော။ သို့ဖြစ်၍ ဝိညာဉ်ကျောက်တုံးများအား မည်သို့မျှ ထုတ်လုပ်နိုင်မည်မဟုတ်ပေ။ ဝိညာဉ်ကျောက်တုံးများအား ကျင့်ကြံသူများ မည်မျှတန်ဖိုးထားကြသည်လဲ ထည့်တွက်လျှင် နဂါးငွေ့တန်းပင်လယ်တွင် မိစ္ဆာနှလုံးသားများသည် ကုန်သွယ်ငွေကြေးသဘောဖြစ်လာခဲ့ခြင်းမှာ မဆန်းပါချေ။

မိစ္ဆာနှလုံးသားများကို ရရှိဖို့အလို့ငှာ လူတစ်ယောက်သည် ပတ်လမ်း(၃)သို့ ဝင်ရောက်ပြီး အခွင့်အရေးလေးတစ်ခုရရန် သက်စွန့်ဆံဖျား ကြိုးစားရမည်ဖြစ်သည်။ မှန်ပါသည်၊ ထိုနေရာရှိ  ပင်လယ်မိစ္ဆာများသည် ရက်စက်ကြမ်းကြုတ်သော ပင်ကိုယ်စရိုက်များ ရှိကြ၍ ကျင့်ကြံသူအားလုံးကို ရန်လိုစွာ ဆက်ဆံကြ၏။ ပင်လယ်မိစ္ဆာနှင့် ကျင့်ကြံသူဆိုသည်မှာ မီးနှင့်ရေအလား လုံးဝအစေးမကပ်ကြသည်သာ။

သို့ထိတိုင် နဂါးငွေ့တန်းပင်လယ်သား ကျင့်ကြံသူများ၏ မိစ္ဆာနှလုံးသားများအပေါ် ဆာလောင်မွတ်သိပ်မှုကား မည်သို့မျှ မဟန့်တား၍မရပေ။

ပတ်လမ်း(၃)တွင် နေ့ချင်းညချင်း ချမ်းသာသွားသော လူများအကြောင်း နဂါးငွေ့တန်းပင်လယ်၌ အပြောများကြ၏။ ထို့ကြောင့် နှစ်ပေါင်းများစွာတစ်လျှောက်လုံး မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ပတ်လမ်း(၃)တွင် သေမင်းနှင့် ရင်ဆိုင်ရန် ရောက်လာကြစမြဲပင်။

ကျန်းမျိုးနွယ်စုမှ ကျောက်စိမ်းပြားထဲရှိ အချက်အလက်များ၏ကောင်းမှုကြောင့် မန်ဟိုလည်း ဤအကြောင်းများကို ကောင်းကောင်းသိ၏။ ၎င်းတွင် အသေးစိတ်မပါသော်လည်း မန်ဟို့အတွက် အခြေခံသဘောတရားနားလည်ရန် လုံလောက်လေသည်။

လောလောဆယ်တွင် နဂါးငွေ့တန်းပင်လယ်၏ ပတ်လမ်း(၄)ရပ်ဝန်း၌ အလင်းတန်းတစ်တန်းသည် ပင်လယ်ရေများအား လှိုင်းထခွဲဖြာနေစေရင်း လေကိုခွင်းသွားနေ၏။

စိမ်းဖန့်ဖန့်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လေတွင်မျောလွင့်နေသော မီးခိုးရောင်ဆံပင်များနှင့် အမျိုးသားတစ်‌ယောက်ကို မြင်ရပေမည်။ သူသည် ငယ်ရွယ်ပုံရသော်လည်း ရှေးဆန်သောအငွေ့အသက်စိုးစဉ်းမျှကိုလည်း ထုတ်လွှတ်နေ၏။

သူ၏မျက်ဝန်းများမှာ ကြယ်စင်များသဖွယ် ရှိချေပြီး သူ၏အသွင်အပြင်မှာ ချောမောခံ့ညားလေသည်။ သူသည် စာပေသမားတစ်ယောက်နှင့် အတော်လေး တူ၏။ မှန်သည် ၊ သူကား မန်ဟို။

သူသည် ယခုတွင် ‌သူတော်စင်ကျွန်းမှ တစ်လခရီးအကွာသို့ ရောက်နေပြီဖြစ်၏။ သူကား တစ်ချိန်လုံး နဂါးငွေ့တန်းပင်လယ်ပြင်တစ်လျှောက် အသော့ပျံနေခဲ့ရပြီး ထိုကာလအတောအတွင်း တစ်နေရာလုံးကို ပိုမိုနားလည်ခဲ့လေသည်။

လက်ရှိအချိန်တွင် သူသည် စဉ်းစားတွေးတောလျက် ပျံသန်းနေရင်း မျက်လုံးများ တောက်ပ‌နေ၏။။

"သေသွားတာက ဝမ်မျိုးနွယ်ဒသမခေါင်းဆောင်ကြီးရဲ့ ကိုယ်အစစ်တော့ မဟုတ်လောက်ဘူး။ ကိုယ်အစစ်သာဆိုရင် ကောင်းပေမယ့် ကိုယ်အစစ်မဟုတ်ခဲ့ရင် ... ငါ‌အနေနဲ့ ခဏတဖြုတ်ပဲ အန္တရာယ်ကင်းလိမ့်မယ်။ ‌နောက်တစ်ကြိမ် ကံဆိုးမိုးမှောင်ကျဖို့ သိပ်ကြာမှာမဟုတ်တော့ဘူး"

မန်ဟိုသည် ရှေ့ဆက်သွားနေရင်း ဆက်လက်တွေးတောနေ၏။ ကြက်တူရွေးက အနားတွင် လိုက်ပါပျံသန်းနေသည်။ ရံဖန်ရံခါ ၎င်းကား ရေထဲ ဒိုင်ဗင်ထိုးချပြီးနောက် ပျံတက်လာတတ်၏။ သိသာစွာပင် ၎င်းမှာ ပျော်ရွှင်မြူးထူးနေလေသည်။

မန်ဟိုက ကျန်းဝမ်ဖန်းပေးထားသော ကျောက်စိမ်းပြားကို ထုတ်ပြီး ထပ်မံ၍ စစ်ဆေးဖတ်ရှုလိုက်ပြန်သည်။

"ပတ်လမ်း(၄) နဲ့ ပတ်လမ်း(၃) ကြားမှာ လေမုန်တိုင်းတစ်လုံးက ဘယ်တော့မှ အဆုံးမသတ်ဘဲ တည်ရှိနေတယ်" သူက တွေးသည်။ "အဲ့ဒီ လေမုန်တိုင်းက ဘယ်အရာကိုမဆို အရှင်လတ်လတ် စုတ်ဖြဲပစ်နိုင်တယ်။ သူက ပတ်လမ်း(၃)ကို ဘယ်သူမှ ကူးမလာနိုင်အောင် ဟန့်တားထားတဲ့ စည်းကြီးတစ်စည်းလိုပဲ....." ‌ကျောက်စိမ်းပြားထဲရှိ မြေပုံမှာ ပင်လယ်ကို ဖော်ပြထားပြီး ပတ်လမ်း(၄)ရှိ အရာများမှတစ်ပါး သိပ်များများစားစား မပါရှိပေ။ ၎င်းမှာ မန်ဟို့အတွက် အသုံးမဝင်တော့ပေ။

သူ၏ခန္ဓာကိုယ်သည် နဂါးငွေ့တန်းပင်လယ်၏အတွင်းပိုင်းသို့ ဆက်လက်ပျံသန်းနေသည်။

"ငါ့မှာ မြေပုံမရှိပေမယ့် နဂါးငွေ့တန်းပင်လယ်က ပတ်လမ်းကြောင်းလိုမျိုး ဧရိယာတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ အတွင်းပိုင်းထဲ ဆက်သွားနေရုံပဲ ရှိတယ်" သူက အရှိန်တင်လိုက်ပြီး ကြက်တူရွေးလည်း လိုက်မှီအောင် မြန်မြန်ပျံလာသည်။

အချိန်များ ကုန်ဆုံးသွားပြန်သည်။ မကြာမီ နှစ်လကြာခဲ့လေပြီ။

မန်ဟိုမှာ ပတ်လမ်း(၄) မည်မျှကြီးမားပုံနှင့်ပတ်သက်ပြီး အံ့အားသင့်နေရ၏။ သူသည် မရပ်မနားဘဲ မဟုတ်သော်လည်း သုံးလတိုင် ပျံသန်းလာခဲ့ပြီးပြီဖြစ်သည်။ ရံဖန်ရံခါ ဂိုဏ်းများ၊ မျိုးနွယ်စုများဖြင့် စည်းကားနေသော ကျွန်းများကို တွေ့ရတတ်သည်။

ဤလူများသည် နဂါးငွေ့တန်းပင်လယ်တွင် မျိုးရိုးစဉ်ဆက် အခြေချနေထိုင်လာခဲ့ကြသော အဖွဲ့များဖြစ်၍ ဒေသန္တရပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး အတော်လေး သိမြင်နှံ့စပ်ကြလေသည်။ မန်ဟို့ကျင့်ကြံခြင်းအခြေခံအဆင့်ကို ထည့်တွက်လျှင် သူ့အတွက် ထိုအဖွဲ့များထံမှ မြေပုံများ ရရှိဖို့ မခက်ခဲပေ။ များမကြာခင် သူသည် ပတ်လမ်း (၄) ဧရိယာတစ်ခုလုံး၏ ကောက်ကြောင်းကို ပုံဖော်နိုင်သွားပြီဖြစ်သည်။

ထို့အပြင် ပတ်လမ်း(၃) နှင့် ပတ်သက်ပြီးလည်း အတန်ငယ် သိရှိခဲ့ရ၏။

"ပတ်လမ်း(၃)မှာ သူဝောာ်စင်သုံးဦး ရှိတယ်

"အဲ့ဒီသူတော်စင်လို့ခေါ်တဲ့ သုံးယောက်က ဂိုဏ်းသုံးဂိုဏ်းကို ဦးဆောင်တဲ့ စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်ပဲ။ ပင်လယ်နတ်မင်းဂိုဏ်း၊ ဝေဟင်အင်မော်တယ်ဂိုဏ်း နဲ့ နေဝိညာဉ်အဖွဲ့အစည်း

"အဲ့ဒီဂိုဏ်းသုံးဂိုဏ်းက ဘယ်သူ ပတ်လမ်း(၃)ထဲ ဝင်ရောက်ခွင့်ရှိမလဲ ဆုံးဖြတ်ပေးတယ်။ ‌ဒါ့အပြင် ပတ်လမ်း (၃) ပတ်ပတ်လည်မှာရှိတဲ့ မတူညီတဲ့နေရာတွေမှာ ပင်လယ်မြို့တော်သုံးမြို့ တည်ဆောက်ထားတယ်။ အထဲဝင်ချင်တဲ့ ဘယ်သူမဆို ဝိညာဉ်ကျောက်တုံးပမာဏတစ်ခုတော့ ပေးရမယ်။ ဒါတင်မကသေးဘူး ၊ ထွက်သွားရင်လည်း အထဲမှာ ဘယ်လောက်ကြာကြာ နေခဲ့သလဲအပေါ်မူတည်ပြီး ဝိညာဉ်ကျောက်တုံးပေးရမယ် ..." မန်ဟိုသည် လက်ထဲတွင် ကိုင်ထားသည့် ကျောက်စိမ်းပြားမှ အချက်အလက်နှင့်ပတ်သက်၍ တွေးရင်း လေလယ်တွင် ရပ်နေ၏။

"ပင်လယ်မြို့တော်သုံးမြို့မှာ လူတွေကို လေမုန်တိုင်းရဲ့အတွင်းအပြင်ကို ဘေးမသီရန်မခ ပို့ဆောင်ပေးနိုင်တဲ့ အထူးနည်းလမ်းတစ်ခုရှိတယ်

"ကောလဟာလတွေအရ ပတ်လမ်း(၃)ပတ်ပတ်လည်မှာ မုန်တိုင်းကြီးတစ်လုံးက အမြဲရှိနေခဲ့တာ မဟုတ်ဘူး။ သူဝောာ်စင်သုံးဦးရဲ့ ဘိုးဘေးတွေ ပေါင်းပြီး ဆင့်ခေါ်ခဲ့တာ။ အဲ့ဒီနောက်ပိုင်း ဆက်ခံသူမျိုးဆက်တွေပဲ မုန်တိုင်းကို ဖြတ်ပြီးသွားနိုင်တော့တယ်

"ဂိုဏ်းသုံးဂိုဏ်းမှာ အရင်းအမြစ်တွေ အလျှံအပယ်၊ ကျင့်ကြံသူတွေ တစ်ပုံတခေါင်း ရှိတယ်။ ဘာကြောင့်မှန်း မသိရပေမယ့် ဂိုဏ်းတစ်ဂိုဏ်းစီက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ပညာရှင်တစ်ဦီးစီပဲ မြေတောင်မြှောက်ပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ ပေါများလှတဲ့ အရင်းအမြစ်တွေကြောင့် တာအိုရှာဖွေအဆင့်ကျင့်ကြံသူတွေတောင်မှ သူတို့နဲ့ ငြိဖို့ နှစ်ကြိမ် စဉ်းစားရလိမ့်မယ်"

ကျောက်စိမ်းပြားကို သိမ်းလိုက်စဉ် မန်ဟို၏မျက်လုံးများသည် တလက်လက် တောက်ပလျက်ရှိ၏။ သူသည် တခဏ တွေးတောပြီးနောက် ပင်လယ်မြို့သုံးမြို့ထဲမှ တစ်မြို့ဆီသို့ ဦးတည်မသွားတော့ပေ။ ထိုအစား မြေပုံအတိုင်း လေမုန်တိုင်းကြီးရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေပြီ။

"ဝမ်ခေါင်းဆောင်ကြီး တကယ် မသေခဲ့ရင် ပင်လယ်မြို့တွေက တစ်ဆင့် ပတ်လမ်း(၃)ကို ဝင်ရောက်လိုက်တာက သူ့အတွက် သဲလွန်စရသွားမှာပဲ။ အကောင်းဆုံးနည်းလမ်းက ငါ့လမ်းငါ‌ဖောက်တာ ဖြစ်လိမ့်မယ်

"အဲ့ဒါမှ ဂိုဏ်းသုံးဂိုဏ်းမှာ ငါနဲ့ပတ်သက်တဲ့ မှတ်တမ်းလည်း မကျန်ခဲ့မှာ။ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီး ငါ့ကို လာရှာခဲ့ရင်တောင်မှ ငါ့ရဲ့ပြောင်းလဲထားတဲ့ အရှိန်အဝါနဲ့ဆိုရင် အနည်းဆုံး သူ့အတွက် ခဏတဖြုတ်တော့ ရှာရခက်သွားလိမ့်မယ်" မန်ဟိုသည် ဆုံးဖြတ်ချက်ချပြီးနောက် သူ၏အရှိန်အဝါကို ဖြန့်ကြက်ကာ အမြင်ဆုံးအရှိန်ဖြင့် ထွက်သွားတော့သည်။

ရက်အနည်းငယ်ကြာသော် အရှေ့တွင် မီးခိုးရောင်လွှမ်းနေသော ‌လေမုန်တိုင်းထုကြီးပေါ်လာလေသည်။

ဂျလိန်းဂျလိန်း ထစ်ချုန်းသံများ ဆူညံနေပြီး သူ,အနားကပ်သွားလေလေ၊ လေမုန်တိုင်းကြီးမှာ ကောင်းကင်ဘုံအထိ ဆန့်တန်းနေသော ဧရာမတံတိုင်းကြီးနှင့်တူလေလေ ဖြစ်နေ၏။ ၎င်းသည် အဝိုင်းပတ်သဏ္ဍာန်ရှိပြီး အဆုံးမရှိသည့်အလား မျက်စိတဆုံး ဆန့်တန်းနေသည်။

မြူများက ဟိန်းဟောက်အော်မြည်ရင်း တပွက်ပွက် ဆူနေသည်။ အတွင်းထဲတွင် ဝင်‌ရောက်လာမည့် ကျင့်ကြံသူတိုင်းကို ဟန့်တားရန် နှင့် ပင်လယ်မိစ္ဆာများ ထွက်မသွားအောင် ကာကွယ်ဖို့ စောင့်နေကြသော နတ်ဆိုးများ၊  မကောင်းဆိုးဝါးများ ကျက်စားနေကြသည့်အလားပင်။

"ဒါပေမဲ့ ကျောက်စိမ်းပြားက အချက်အလက်အရဆိုရင် ပတ်လမ်း(၄)မှာလည်း ပင်လယ်မိစ္ဆာတွေရှိတယ်။ အဲ့ဒီလိုဆိုတော့ လေမုန်တိုင်းက အားပြင်းတာ မှန်ပေမယ့် အားနည်းတဲ့နေရာတွေလည်း ရှိတယ် ဆိုလိုဝာာပဲ" သူသည် လေမုန်တိုင်းများ၏အပြင်တွင် ရပ်နေ၏။ သူ၏ဆံပင်များမှာ မျောလွင့်နေပြီး သူ၏အဝတ်အစားများမှာ တဖျပ်ဖျပ် လှုပ်နေလေသည်။

မုန်တိုင်းကြီး၏အထဲတွင် လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လက်နေ၏။ ပတ်ဝန်းကျင်ရှိ ပင်လယ်ရေများမှာမူ ပိုင်းခြားခံထားရသည့်အလားပင်။ ၎င်းတို့သည် အပြင်ကိုသာ ရိုက်ခတ်နေကြရာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် အမြဲတမ်း မိုးရွာနေသည့်အလား ဖြစ်နေစေသည်။

မန်ဟိုက ၎င်းကို တခဏ စစ်ဆေးကြည့်ရှုပြီးနောက် ပင်လယ်ရေပြင်ကို ငုံ့ကြည့်လိုက်သည်။ သူ၏မျက်လုံးများ တလက်လက် တောက်ပသွားပြီး သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။ မကြာမီ သူ၏မျက်လုံးများထဲ၌ ပင်လယ်ရေမျက်နှာပြင်မှာ ကြည်လဲ့လာကာ သူ့အား အောက်ရှိ ကမ္ဘာကို မြင်ရသွားစေသည်။

သူမြင်လိုက်သည့်အရာမှာ ပင်လယ်အောက်ခြေအထိ ဆန့်တန်းနေသော လေမုန်တိုင်းများကိုပင်။ ၎င်းတို့သည် ရေစီးကြောင်းကို နှောင့်ယှက်နေပုံမရသော်လည်း သူ၏နတ်ဘုရားအာရုံကို အောက်အထိ ဖြန့်ကျက်လိုက်သည့်အခါ ရေထဲတွင် သူ မထိရဲသော အံ့ဖွယ်အရာများကို ဝိုးတိုးဝါးတား မြင်လိုက်ရ၏။

မန်ဟိုက နတ်ဘုရားအာရုံကို ပြန်ရုတ်ပြီးနောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ လောလောဆယ်တွင် သူ့မှာ ကျင့်ကြံခြင်းအခြေခံအပိုင်းငါးခုဖြင့် မတည်မငြိမ်ဖြစ်နေ၏။ အချိန်တန်လျှင် သူအနေဖြင့် ၎င်းတို့အား တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်ပေမည်။

အရှိန်အဝါကို ထိန်းညှိပြီးနောက် မန်ဟိုသည် မျက်လုံးများ ဖွင့်လိုက်ပြီး ၎င်းတို့မှာ တလက်လက် ရွှန်းလဲ့နေရာ သူ့အား ကောင်းကင်နှင့်မြေကြီးကို အပိုင်သိမ်းရန် ပြင်နေသောပုံစံပေါက်သွားစေ၏။ သူ၏အရှိန်အဝါမှာ မြင့်တက်လာပြီး နဝမဝိညာဉ်ခန္ဓာသို့ ရောက်ရှိသွားလေပြီ။

မန်ဟို့အပြင်အားကိုယ်မှာ အသံများ ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း ၎င်းကား အထွတ်အထိပ်စွမ်းအားသို့ တက်လှမ်းသွားတော့သည်။ သေရမည်ကို မကြောက်သော အရိပ်အယောင်တို့က သူ၏မျက်နှာကို ဖုံးလွှမ်းနေပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် ထူးခြားဆန်းကြယ်အားကြီးဖြင့် တရိပ်ရိပ် လှုပ်ရှားနေ၏။ ပတ်ဝန်းကျင်ရှိ လေထုမှာ တခွမ်းခွမ်း ကွဲအက်လာပြီး သူ့အနား ကျရောက်လာသည့် မည်သည့်မိုးစက်မဆို မီတာသုံးရာအကွာသို့ ချက်ချင်း တွန်းထုတ်ခံလိုက်ရသည်။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ လေးကြိုးအား တင်းတင်းဆွဲထားသော လေးပမာ  ကျစ်လ‌စ်နေ၏။ ရုတ်တရက် သူက ရှေ့လှမ်းကာ မျက်စိတစ်မှိတ်အတွင်း လေမုန်တိုင်းများနှင့် ထိတွေ့လိုက်တော့သည်။ သူကား တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ဝင်ရောက်လိုက်လေပြီ။

အဝေးမှကြည့်လျှင် လေမုန်တိုင်းကြီးမှာ ပါးစပ်ကြီးဟ၍ မန်ဟို့ကို မြိုချလိုက်သည့် ကမ္ဘာဦးသားရဲကြီးတစ်ကောင်အလားပင်။

မန်ဟိုမှာ လေမုန်တိုင်းထဲ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် အလွန်ပြင်းထန်သော အားတစ်ရပ်၏တိုးဝှေ့ခြင်း ခံလိုက်ရသည်။ သို့သော် သူက ပြောင်းလဲခြင်းမရှိသော မျက်နှာထားဖြင့် ရှေ့ဆက်လျှောက်လိုက်၏။ အရှေ့ရှိ မြူထုကြီးမှာ တဂျိန်းဂျိန်း ထစ်ချုန်းသံများနှင့်အတူ ထိုးခွဲခံလိုက်ရလေသည်။ တဝေါဝေါ အော်မြည်နေသော လေမှာလည်း ပျက်စီးသွားသယောင်ပင်။

၎င်းတို့အနေဖြင့် မန်ဟို့ကို တားရန် ဘာမှမလုပ်နိုင်ပေ။ သူ၏ဆံနွယ်များက အကြမ်းပတမ်း လှုပ်ရှားနေသော်လည်း သူကား ဒဏ်ရာနည်းနည်း‌လေးမှ ရသွားပုံမရပေ။ မိစ္ဆာအင်မော်ဂိုဏ်းရှိ မြေအောက်ကမ္ဘာဂူမှာတုန်းက ရင်ဆိုင်ခဲ့ရသော နှိပ်စက်လေများနှင့်ယှဉ်လျှင် ဤအရာမှာ စာပင်မဖွဲ့ပါချေ။

တဝုန်းဝုန်း အော်သံများအကြား ရှေ့ဆက်လျှောက်လာစဉ် ‌လေမုန်တိုင်းများအတွင်းရှိ မြူများမှာ ‌တဖွေးဖွေး လှုပ်နေတော့သည်။ အချိန်တိုလေးအတွင်း မန်ဟိုကား အတွင်းမီတာသုံးထောင်သို့ ခရီးပေါက်နေခဲ့လေပြီ။

သူ့ကို တဝေါဝေါ သောင်းကျန်းနေသော လေကြမ်းများ၊ ပိတ်ပိန်းနေသည့် အမှောင်ထုနှင့် ပြိုးပြိုးပြက်ပြက် လက်သွားတတ်သော လျှပ်စီးများက ဝန်းရံထားသည်။ သူကား ခံစားချက်မဲ့သော မျက်နှာထားဖြင့် မရပ်နားဘဲ ရှေ့ဆက်သွား၏။ သူ၏စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အပြင်အားကိုယ်နှင့် ကြောက်ခမန်းလိလိ ကျင့်ကြံခြင်းအခြေခံသည် သူ့အတွက် ဆက်သွားနိုင်အောင် အထောက်အပံ့ပြုပေးနေ၏။

သူ အသက်ရှူလိုက်တိုင်း လျှပ်စီးမိုးကြိုးများက သူ့ဆီ ပြေးဝင်လာမည်ဖြစ်သည်။ ၎င်းတို့ သူ့ကို ထိမှန်သောအခါ သူက ၎င်းတို့ကို စုပ်သာ စုပ်ယူလိုက်လေသည်။ အပြင်လူများသာ ဖြစ်ပျက်နေသောအရာကို မြင်လျှင် သေ‌ချာပေါက် ရူးကုန်ကြလိမ့်မည်။

ရှေးခေတ်မှ မျက်မှောက်ခေတ်တိုင်အောင် နဂါးငွေ့တန်းပင်လယ်ပေါ်ရှိ လေမုန်တိုင်းကြီးကို တစ်ယောက်တည်း ဖြတ်၍ ခရီးနှင်နိုင်သူကား မရှိသလောက် ရှားခဲ့သည်မဟုတ်ပါလော။

***

All Chapters