← Chapters

ဂိုဏ်းသုံးဂိုဏ်း၏ နေဝိညာဦသူတော်စင်

Vol. 47 Ch. 657

ဂိုဏ်းသုံးဂိုဏ်း၏ နေဝိညာဦသူတော်စင်

Vol. 47 Ch. 657

"လွန်ခဲ့တဲ့ နှစ်ခုနစ်ရာတုန်းက ဆရာကြီးငွေမီးအိမ် သူ့ကို လာရှာပြီး ရှင်သန်ခြင်းနှင်းပန်းပြဿနာကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တဲ့အကြောင်း ငါ့ဆရာ ပြောပြဖူးတယ်။ ဆရာက နည်းနည်းတော့ အကူအညီပေးနိုင်ခဲ့ပေမယ့် ပြဿနာကို အမှန်တကယ် မဖြေရှင်းပေးနိုင်ခဲ့ဘူး။ အဲ့ဒီနောက် နှစ်ရာဂဏန်းလောက်ကြာတဲ့အခါ ဆရာကြီးငွေမီးအိမ်ဟာ ရှင်သန်ခြင်းနှင်းပန်းရဲ့အဆိပ်ကို အရှင်းဖယ်ရှားနိုင်ခဲ့လို့ ပြန်လာတွေ့ခဲ့တယ်တဲ့

"နဂါးငွေ့တန်းပင်လယ်မှာရှိတဲ့ ဒီပင်လယ်မိစ္ဆာတွေနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုတွေက ဆရာကြီးငွေမီးအိမ်နဲ့ တစ်ခုခုများ ပတ်သက်နေမလား"

မန်ဟိုသည် စိတ်နှလုံးတုန်ရီသွားပြီး မျက်လုံးများ တလက်လက် တောက်ပလာသည်။ သို့သော် စိတ်စော၍မဖြစ်ဘဲ သဲလွန်စများအား အချိန်ပေးရှာဖို့ လိုကြောင်း သူ သိသည်။ ယခုလောလောဆယ်တွင် သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့် ပင်လယ်မိစ္ဆာများကို အဆက်မပြတ် သုတ်သင်နေရခြင်းက သူ့ကို ပင်ပန်းနွမ်းနယ်စေ၏။ ပတ်ဝန်းကျင်တွင် ပင်လယ်မိစ္ဆာများ မည်မျှများသလဲဆိုလျှင် ရက်နှင့်ချီ ဆက်တိုက်သတ်ဖြတ်နေလျှင်တောင်မှ အကုန်သတ်နိုင်ဦးမည်မဟုတ်ပေ။

ပင်လယ်ပြင်၏ သိသာသောအပြောင်းအလဲများကလည်း ဂယက်ရိုက်စေမည်ဖြစ်ရာ စူးစမ်းဖို့ အပြင်လူများရောက်လာရန် ကြာတော့မည်မဟုတ်ပေ။

"အရင်ဆုံး မင်းကို သတ်ဖို့လိုတယ်" သူက ဧရာမဘီလူးကြီးဘက်လှည့်ရင်း ပြောလိုက်သည်။ ဘီလူးသာ ကျွန်းကို မဖျက်စီးခဲ့လျှင် မန်ဟို့အနေဖြင့် ပင်လယ်အောက်သို့ နစ်မြုပ်သွားခဲ့မည်မဟုတ်ပေ။

သူသည် မှော်သင်္ကေတများအား အလျင်အမြန် ထိန်းချုပ်ရင်း ဖြာထွက်စေလိုက်သည်။ ဘီလူးကြီးက ပူစီဖောင်းများဖြင့် ခြံရံလျက် ဟိန်းဟောက်ရင်း ချဉ်းကပ်လာ၏။

မန်ဟိုက အေးတိအေးစက် နှာမှုတ်ပြီးနောက် ညာလက်ကို လက်သီးဆုပ်လိုက်လေသည်။

"ပထမကောင်းကင်ဘုံ ပျက်စီးခြင်း" သူက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် ပြောလိုက်သည်။ ပုံရိပ်ယောင်တစ်ခု သူ၏လက်ဝါးထက်တွင် ပေါ်လာ၏။ ဤသည်မှာ မိစ္ဆာအင်မော်တယ်စေတီတွင် ရရှိခဲ့သော တာအိုမှော်ကျင့်စဉ် ၊ ကောင်းကင်ဘုံကိုးခုပျက်စီးခြင်းဖြစ်သည်။

မိစ္ဆာအင်မော်တယ်ဂိုဏ်းမှ ထွက်ခွာခဲ့ပြီးနောက် သူသည် ၎င်းကို စိတ်ထဲတွင် ရံဖန်ရံခါ ကျင့်ကြံခဲ့၏။ ‌ထို့နောက်ပိုင်း ဂူယိတင်းစန်းယွီနှင့် ဆုံတွေ့သောအခါ တုန်ခါခြင်းများနှင့်ပတ်သက်ပြီး ဉာဏ်အလင်းရခဲ့လေသည်။ ထိုအခြင်းအရာက သူ၏စိတ်ထဲရှိ အစေ့ကို အညွှန့်ပေါက်လာစေခဲ့၍ နှံ့နှံ့စပ်စပ် ထိုးထွင်းနားလည်သွားတော့၏။

ကောင်းကင်ဘုံကိုးခုပျက်စီးခြင်းကား တုန်ခါခြင်းပင်။

လက်သီးကြီး ကျရောက်လာပြီး ရေများ ဗွမ်းခနဲ ပေါက်ကွဲသွားသည်။ ပူ‌စီဖောင်းများ တဖောက်ဖောက် ပေါက်သွားပြီး မန်ဟို့လက်သီးကြီးက ဘီလူးကြီးကို လျှပ်စီးသဖွယ် တိုက်ရိုက် ဝင်ဆောင့်ပစ်လိုက်သည်။

ဗုန်း

"‌ဒုတိယကောင်းကင်ဘုံ" မန်ဟိုက လက်သီးနောက်တစ်လုံး ပစ်သွင်းလိုက်ပြန်ရာ ရေများ ဖွေးဖွေးလှုပ်သွားပြီး ဧရာမလှိုင်းလုံးကြီးများ မြောက်တက်လာသည်။

"တတိယကောင်းကင်ဘုံ" လက်သီးကြီး ကျရောက်သွားစဉ် သူ၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့ တဖျပ်ဖျပ် လှုပ်နေသည်။ ဘီလူးကြီးမှာ ပင်လယ်ကြမ်းပြင်တွင် ဖြစ်သည့်တိုင် ၎င်း၏ သွေးပျက်မတတ်အော်လိုက်သံကြီးကား ပဲ့တင်ထပ်သွားသေး၏။ မန်ဟို့လက်သီးက ဘီလူးကြီး၏ရင်ဘတ်အပေါ် ကျရောက်သွားကာ ဧရာမအပေါက်ကြီးအား ထုတ်ချင်းဖောက်ပစ်လိုက်သည်။

ရုပ်ပျက်ဆင်းပျက်နေသော အသားထဲမှ မွေးကင်းစကလေး၏ လက်အရွယ် သလင်းကျောက်တုံးတစ်တုံးအား မြင်ရနိုင်သည်။ ၎င်းသည် နှလုံးသားအလားပင်။ မန်ဟို့ညာလက်က ထိုသလင်းကျောက်ကို ချက်ချင်း ဆုပ်ပြီး ဆွဲဖြုတ်လိုက်၏။ ဘီလူးကြီးမှာ အပြင်းအထန် တုန်ရီသွားဝော့ာသည်။ တစ်ချိန်တည်းမှာပင် မန်ဟို့အနောက်ရှိ ပုံရိပ်ယောင်ရှင်သန်ခြင်းနှင်းပန်းက ဘီလူးကြီးကို ရက်ရက်စက်စက် လွှမ်းခြုံဝါးမြိုလိုက်၍ အရိုးဖြူနှင်းပန်း၏အပေါ်တွင် သရဲပုံရိပ်များ တဖြတ်ဖြတ် ပေါ်လာဝောာ့သည်။ မမြင်နိုင်သော တိုက်ပွဲတစ်ပွဲ ဖြစ်ပွားနေသယောင်ပင်။

ဤအရာအားလုံးမှာ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်၏။ မန်ဟိုက မိစ္ဆာနှလုံးသားကို ဆုပ်ကိုင်ပြီးနောက် နောက်ဆုတ်လိုက်သည်။ အရိုးဖြူနှင်းပန်းမှာ တဆတ်ဆတ် တုန်ခါလာပြီးနောက် တစစီပေါက်ကွဲသွားတော့၏။ ၎င်း၏အပိုင်းအစများကို ရှင်သန်ခြင်းနှင်းပန်းက ချက်ချင်း ဝါးမြိုပစ်လိုက်သည်။ ရှင်သန်ခြင်းနှင်းပန်းမှာ ပြန်လည်မွေးဖွားလာသည့်အလား ပို၍ပင် ခက်ထန်ကြမ်းကြုတ်လာပုံရသည်။ ၎င်း၏ငါးရောင်ခြယ် ပွင့်ချပ်ငါးချပ်လုံးမှာ ပို၍ပင် အရောင်အဝါတောက်ပလာတော့၏။

"သွားဖို့ အချိန်ကျပြီ" မန်ဟိုက ဟိန်းဟောက်လိုက်သည်။ သူ၏အသံမှာ မိစ္ဆာနှလုံးသားများကို ခိုးကြောင်ခိုးဝှက် သိမ်းဆည်းနေခဲ့သော ကြက်တူရွေးထံသို့ ချက်ချင်း ပဲ့တင်ထပ်သွားသည်။ ၎င်းက ဖျတ်ခနဲ မန်ဟို့အနား ပြန်ရောက်လာသည်။ မန်ဟိုသည် အစိမ်းရောင်အခိုးအငွေ့နှင့် မဟူရာလတစ်စင်းအသွင်ပြောင်းပြီး ပင်လယ်ရေပြင်ထက်သို့ ထိုးတက်သွားတော့၏။

ပင်လယ်မိစ္ဆာအုပ်များက သူ့လမ်းကို ‌ဟန့်တားပိတ်ဆို့ရန် ကြိုးစားကြပြီး ဂျယ်လီငါးကြီးမှာ လျှပ်စီးတန်းများအား တဖျစ်ဖျစ် ထွက်လွှတ်ရင်း ပို၍ပင်ရူးသွပ်သွားဟန်ပင်။ သို့သော် မည်သည့်အရာကမှ မန်ဟို့ကို နည်းနည်းလေးမှ ထိခိုက်အောင် မလုပ်နိုင်ပေ။ သူသည် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ မှော်သင်္ကေတတစ်သောင်းကျော်အား သူ၏ပတ်ပတ်လည်တွင် တဝဲဝဲ လည်ရင်း အနက်ရောင်မြူငွေ့များ ထုတ်လွှတ်နေသည့် လေဆင်နှာမောင်းကြီး ဖြစ်လာစေ၏။ ထို့နောက် သူက ရေထဲမှ တိုက်ရိုက်ထွက်သွားတော့သည်။

ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သော ပင်လယ်မိစ္ဆာများလည်း ပျံ့ထွက်လာသည်။ သို့သော် ၎င်းတို့မှာ သူ အလင်းတန်းတစ်တန်းအသွင်ဖြင့် အဝေးသို့ ထွက်သွားသည်ကို တားနိုင်စွမ်းမရှိကြပေ။

တစ်ချိန်တည်းမှာပင် သူက ရှင်သန်ခြင်းနှင်းပန်း၏အရှိန်အဝါကို အတင်းအဓမ္မဖိနှိပ်လိုက်သည်။ ရှင်သန်ခြင်းနှင်းပန်းမှာ အလိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မည်မျှပင် ရုန်းကန်‌စေကာမူ မန်ဟို၏ဖိနှိပ်ခြင်းခံလိုက်ရလေသည်။

မန်ဟိုက မီတာသုံးထောင်အကွာသို့ မရောက်မချင်း မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားသွားသည်။ နောက်ဆုံးတော့ သူ့မှာ မိစ္ဆာနှလုံးသားမည်မျှ ရရှိခဲ့သလဲ စစ်ဆေးရန် ပြင်လိုက်စဉ် ရုတ်တရက် တဖွေးဖွေး လှုပ်နေသော အနီရောင်တိမ်တိုက်ကြီးတစ်ခု သူ့ဆီသို့ တဟုန်ထိုးလာနေကြောင်း သတိထားမိလိုက်သဖြင့် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွား၏။

အံ့ဩဖွယ်ကောင်းစွာနှင့် အနီရောင်တိမ်တိုက်ကြီးအတွင်းတွင် မျက်နှာကြီးတစ်ခုအား မြင်ရနိုင်သည်။ ၎င်းက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါကို ထုတ်လွှတ်ရင်း မန်ဟို့ဆီသို့ ထစ်ချုန်းအော်မြည်လာသည်။

မန်ဟို၏မျက်လုံးများ တောက်ပသွားပြီး သူက လက်မြှောက်လိုက်ရာ လေဆင်နှာမောင်းအသွင်ရှိ မှော်သင်္ကေတများကို အနီရောင်တိမ်တိုက်မျက်နှာကြီးအား ဟန့်တားရန် တိုက်ရိုက်ရွေ့လျားသွားစေသည်။

ဝုန်းခနဲ ပေါက်ကွဲမှုကြီး ရိုက်ညောင်းသွား၏။ တိမ်တိုက်ကြီး ကွဲထွက်သွားပြီး မန်ဟို၏မှော်သင်္ကေတများ ပြိုကွဲသွားသည်။ ၎င်းတို့ ပြန့်ကျဲသွားစဉ် မန်ဟိုသည် မျက်နှာထားခက်ထန်စွာဖြင့် နောက်ဆုတ်လိုက်၏။ သူက အဝေးသို့ လှမ်းကြည့်လိုက်ရာ ခံစားချက်မဲ့သော မျက်နှာထားကို ဆင်မြန်းလျက် လျှောက်လာသော အနီရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူတစ်ယော်ကို မြင်လိုက်ရ၏။

သူက မန်ဟို့ကို စူးစူးရဲရဲ အေးတိအေးစက် ကြည့်သည်။ ယခုတွင် တရိပ်ရိပ် လှုပ်ရှားသက်ဝင်နေသော စိတ်ဝိညာဉ်ခွဲထွက်ခြင်းအရှိန်အဝါအား မန်ဟို့ကိုယ်အတွင်း၌ မြင်ရနိုင်လေသည်။

အနီရောင်ဝတ်ရုံနှင့်လူ မဆိုစလောက် မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် မှော်သင်္ကေတလေဆင်နှာမောင်းကို မြင်လိုက်ပြီး သူ၏အရှေ့ရှိ ပုဂ္ဂိုလ်မှာ အားမနည်းကြောင်း ချက်ချင်း နားလည်လိုက်သည်။

သို့သော် 'အားမနည်းသူ' ဖြစ်စေငြား သူ့အတွက်တော့ ပမွှားလေးသာသာပင်။

"မင်းရဲ့ ပထမဆုံးပြစ်မှုက နဂါးငွေ့တန်းပင်လယ်ကို ဝရုန်းသုန်းကား ဖြစ်စေတာပဲ" သူက အေးတိအေးစက် ပြောသည်။ "မင်း အဲ့ဒီ‌သင်္ကေတစိတ်ဝိညာဉ်တွေကို ဘယ်ကရခဲ့ရခဲ့ ငါ ဂရုမစိုက်ဘူး။ သူတို့က ဂိုဏ်းသုံးဂိုဏ်းရဲ့အပိုင်။ အပြင်လူတွေအနေနဲ့ ယူခွင့်မရှိဘူး။ အဲ့ဒါက မင်းရဲ့ ဒုတိယပြစ်မှု

"ပြစ်မှုနှစ်ခု ၊ မင်းရဲ့ ပြစ်ဒဏ်ကို ငါ ရှင်းပြပေးမယ် ....." အနီရောင်ဝတ်ရုံနှင့်လူက လက်ကို ဝှေ့ယမ်းလိုက်ရာ မှော်သင်္ကေတစိတ်ဝိညာဉ်အကုန်လုံးကို ချက်ချင်း တုန်ခါသွားစေပြီးနောက် မန်ဟို့ထိန်းချုပ်မှုအောက်မှ ရုန်းထွက်၍ သူ့ဆီ ပြေးဝင်လာစေသော အထူးပညာရပ်တစ်ခုကို အသုံးပြုလိုက်သည်။

"ငါက သူတော်စင်တစ်ဦးဖြစ်တဲ့အတွက် အဲ့ဒီပစ္စည်းတွေက ငါ့အပိုင်ပဲ။ ဒါကြောင့် ပြန်ယူမယ်။ အခု မင်း ရထားတဲ့ မိစ္ဆာနှလုံးသားတွေ ထုတ်ပြီး နဂါးငွေ့တန်းပင်လယ်ကနေ ချက်ချင်း ထွက်သွားစမ်း

"မင်းကို သုံးရက်အချိန်ပေးမယ်။ အဲ့‌ဒီအချိန်ပြီးလို့ နဂါးငွေ့တန်းပင်လယ်မှာပဲ ရှိနေဦးမယ်ဆိုရင် .... ငါ့မှာ ရုပ်သေးစီးတော်ယာဉ်လိုနေတာနဲ့ အတော်ပဲ" ထိုလူ၏မျက်လုံးတွင် အေးစက်စက် အလင်းရောင်နှင့်အတူ စိတ်ကြီးဝင်နေသော အရိပ်အယောင်အား မြင်နိုင်သည်။ သူ၏အရှိန်အဝါမှာ ‌လေးစားဖွယ် ကောင်းပြီး နဂါးငွေ့တန်းပင်လယ်အပေါ်၌ စကားပြောလိုက်သောအခါ သူ၏စကားလုံးများအား ကောင်းကင်ဘုံ၏စိတ်ဆန္ဒအလား ဖြစ်သွားစေသည်။

မန်ဟို၏မျက်နှာထားမှာတော့ ပုံမှန်အတိုင်းသာ။ ဤအနီရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကို သူ တစ်ခါမှ မမြင်ခဲ့ဖူးသော်လည်း သူ၏ကျင့်ကြံခြင်းအခြေခံကို တစ်ချက်လေးကြည့်လိုက်ရုံနှင့် ခေါင်းဆောင်ကြီးဟုရန်နှင့် မတူကြောင်းပြောနိုင်လေသည်။ ဤလူသည် ဒုတိယခွဲထွက်ခြင်းအဆင့်ဖြစ်ဟန်တူ၏။

ထိုသို့ဆိုလျှင် ဤလူ၏သရုပ်မှန်ကား သိသာသည်။

"ဆွေးနွေးလို့ မရဘူးလား" မန်ဟိုက မေးသည်။

"မရဘူး။ ဆွေးနွေးလို့မရဘူး" အနီရောင်ဝတ်ရုံနှင့်လူက အေးဆေးတည်ငြိမ်စွာ ပြန်ဖြေသည်။

"ဒါပေမဲ့ ကျုပ်က မိစ္ဆာနှလုံးသားတွေကိုရော " မန်ဟိုက အေးစက်စက် ပြောသည်။ "သင်္ကေတစိတ်ဝိညာဉ်တွေကိုရော ပေးမှ မပေးချင်တာ"

အနီရောင်ဝတ်ရုံနှင့်လူက အေးတိအေးစက် နှာမှုတ်၍ တုံ့ပြန်သည်။ သူက ညာဘက်အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ သင်္ကေတစိတ်ဝိညာဉ်တစ်သောင်းကျော်အား အတွင်းထဲမှ တဝေါဝေါ ထွက်သွားစေ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းတို့သည် ကောင်းကင်ကို ပိတ်ဖုံးကွယ်သွားပြီး အရာအားလုံးအပေါ် အရိပ်ကျလာသည်။

"အေး မင်း ဒီတိုင်း နေလို့မရဘူး။ မင်း ဘယ်ဂိုဏ်းကဖြစ်ဖြစ် ၊ ဘယ်မျိုးနွယ်စုကဖြစ်ဖြစ် ‌တန်ရာတန်ကြေးတော့ ပေးဆပ်ရမယ်" သူက ထိုသို့ပြောရင်း သင်္ကေတစိတ်ဝိညာဉ်တစ်ထောင်ကို လေကိုခွင်းလျက် မန်ဟို့‌ဆီ ပြေးဝင်သွားစေသည်။

၎င်းတို့ ချဉ်းကပ်လာစဉ် မန်ဟိုက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ကြေးဘီးကြီးတစ်ဘီးအား ပျံထွက်လာစေ၏။ ၎င်းမှာ တဖျပ်ဖျပ် လက်နေသော မှော်သင်္ကေတများဖြင့် ဖုံးနေပြီး စတင်လည်လာတော့သည်။

တစ်ချိန်တည်းမှာပင် အချိန်စွမ်းအား၏အငွေ့အသက် ဖြာထွက်လာ၏။ ၎င်းက ပတ်ဝန်းကျင်အပြည့် နေရာယူလာရင်း မှော်သင်္ကေတစိတ်ဝိညာဉ်များကို ရှေးကျမှုအား ဖော်ထုတ်လိုက်စေသည်။ ၎င်းတို့ ဖြေးညှင်းစွာ လည်နေစဉ် မန်ဟိုက ၎င်းတို့၏အလယ်မှ အေးအေးလူလူ ဖြတ်သန်းလာ၏။

"အချိန်ရတနာ" အနီရောင်ဝတ်ရုံနှင့်လူက တွေးသည်။

တစ်ပြိုင်တည်းမှာပင် မန်ဟိုက မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် ရှေ့သို့ ညွှန်လိုက်သည်။ ချက်ချင်းပင် အချိန်ဓားဝင်္ကပါ ဖြစ်ပေါ်လာ၏။ ၎င်းသည် လည်လာရင်း အရပ်လေးမျက်နှာသို့ အချိန်စွမ်းအားများ ဖြန့်ကျက်နေသော ပဒုမ္မာကြာတစ်ပွင့်သဏ္ဌာန်ပြောင်းလာသည်။ အဆိုပါပဒုမ္မာသည် အချိန်ဘီးနှင့် တစ်ညီတစ်ညာတည်း အလုပ်လုပ်နေသယောင်ပင်။ မန်ဟိုက အင်္ကျီလက်စကို ခါကာ ၎င်းအား အနီရောင်ဝတ်ရုံနှင့်ကျင့်ကြံသူဆီသို့ ပျံသန်းသွားစေသည်။

"အချိန်ရတနာ....." အနီရောင်ဝတ်ရုံနှင့်လူက အေးတိအေးစက် ပြောလိုက်သည်။ "ငါ မင်းကို အထင်သေးမိသွားတဲ့ပုံပဲ" သူသည် ညာလက်ကို ဝှေ့ယမ်းကာ မှော်သင်္ကေတတစ်သိန်းအား တုန်ခါသွားစေသည်။ ချက်ချင်းပင် ၎င်းတို့အနက်မှ မှော်သင်္ကေတတစ်သောင်း ပေါက်ကွဲသွားသည့်အတွက် ပေါက်ကွဲမှုက အချိန်စွမ်းအားကို ဖယ်ရှားလိုက်သည်။ ကျန်သင်္ကေတများက မန်ဟို့ဆီသို့ ဆက်လက် ပြေးဝင်လာ၏။

"တောင်ဝါးမြိုမန္တန်" မန်ဟိုက ညာလက်ကို ဆန့်ထုတ်၍ ပင်လယ်‌‌ဆီသို့ ဖိချလိုက်သည်။  ချက်ချင်းပင် ပင်လယ်ရေများ တပွက်ပွက် ဆူလာပြီး ရေနက်ပိုင်းထဲမှ တောင်ကြီးတစ်လုံး ထိုးထွက်လာသည်။ တောင်ကြီးသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး အပိုင်းအစများက မန်ဟို့အရှေ့သို့ ရောက်ရှိလာကာ ‌တောင်အသေးလေးတစ်လုံးအဖြစ် အတူတကွ ပေါင်းစည်းသွားသည်။

ပတ်လမ်း(၃)သို့ ရောက်လာပြီးနောက်  ဤသည်မှာ တောင်ဝါးမြိုမန္တန်ဖြင့် ရန်သူတစ်ယောက်ကို တိုက်ခိုက်ရန် ‌တောင်အစစ်တစ်လုံးအား မန်ဟို ပထမဆုံးအကြိမ် သုံးခြင်းဖြစ်သည်။

ပညာရပ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် မှော်သင်္ကေတကိုးသောင်းအစုအဝေးကြီးက ‌တောင်ကို ပြန်လည်တိုက်ခိုက်သည်။ တဗုန်းဗုန်းပေါက်ကွဲသံများ ကြားနေရသော်လည်း မန်ဟိုက ရှေ့ဆက်တက်လာသည်။ သူသည် ယခုတွင် အနီရောင်ဝတ်ရုံနှင့်လူထံမှ မီတာသုံးရာမျှသာ ကွာဝေးတော့၏။

ထိုလူက မျက်‌မှောင်ကြုတ်သွားပြီးနောက် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ ထို့နောက် ကောင်းကင်သို့ လက်ညှိုးထိုးလိုက်ရာ အနီးရှိ ပင်လယ်ခံတပ်မှ တလက်လက် ဝောာက်ပနေသော ဓားများအား ပျံထွက်လာစေသည်။

ဓားသုံးလက်က တဝီဝီ အော်မြည်ရင်း လေကို ခွင်းလာသည်။ ၎င်းတို့၏အံ့ဖွယ်အမြန်နှုန်းမှာ ၎င်းတို့အား မမြင်ရတော့သည်အထိ ဖြစ်လေသည်။

ပင်လယ်ခံတပ်အတွင်းရှိ ကျင့်ကြံသူအတော်များများမှာ ဖြစ်ပျက်နေသောအရာကို မြင်လိုက်ကြရ၍ ထိတ်လန့်အံ့ဩကြကုန်၏။ သူတော်စင်တော့ ရှိန်လောက်စရာပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်နေခဲ့ပြီဖြစ်ကြောင်း သုံးသပ်မိလိုက်သဖြင့် သူတို့၏မျက်နှာအမူအရာများ ရိပ်ခနဲ ဖြစ်သွားဝောာ့သည်။

တစ်ချိန်တည်းဆိုသလို ဓားသုံးလက်က အနက်ရောင်ဝတ်ရုံနှင့်လူ၏ အရှေ့တည့်တည့်တွင် ပေါ်လာသည်။ ၎င်းတို့သည် တခဏလေးပင် မရပ်နားဘဲ မန်ဟို့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။

အနီရောင်ဝတ်ရုံနှင့်လူက အေးတိအေးစက် ပြောသည်။ "ငါ့ရဲ့ ဒီဓားသုံးလက်က နဂါးငွေ့တန်းပင်လယ်မှာ နှစ်တစ်သောင်းအတွင်း အင်မတန် မြင်ရခဲတဲ့ ကောင်းကင်-နေအရိုးတစ်ချောင်းနဲ့ ထုလုပ်ထားတာ။ ကြယ်တွေရဲ့ အစွမ်းကို ငှားယူပြီး  ဘယ်အတားအဆီးကိုမဆို ကျော်ဖြတ်နိုင်တဲ့ ထာဝရခွန်အားတစ်ရပ်အဖြစ် သန့်စင်ထားတဲ့အရာပဲ"

ဓားသုံးလက် ချဉ်းကပ်လာစဉ် မန်ဟိုက ညာအင်္ကျီလက်စကို ခါလိုက်ရာ အချိန်ဓားထိပ် ပျံထွက်လာသည်။ ၎င်းသည် အချိန်စွမ်းအားလှိုင်းများ ထုတ်လွှတ်ရင်း အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် အနီရောင်ဝတ်ရုံနှင့်လူဆီသို့ ‌ဦးတည်လာ၏။

အံ့ဩဖွယ်ကောင်းစွာနှင့် ပိုးချည်မျှင်တစ်မျှင်မှာ နေရောင်ခြည်အောက်ဝယ် အေးစက်စွာ လက်သွားရင်း ဓားထိပ်နှင့် ချိတ်ဆက်နေသည်။

"ငါ့ရဲ့ ဓားထိပ်က နှစ်ခုနစ်သောင်းသက်တမ်းရှိတဲ့ နွေဦးနှင့်ဆောင််းဦးသစ်ပင်ကနေ ဖန်တီးထားတာ" မန်ဟိုက အေးတိအေးစက် ပြောသည်။ "ဓားရဲ့ ကျန်အပိုင်းကတော့ အင်မော်တယ်တစ်ဦးရဲ့ ဖျက်စီးခြင်းခံခဲ့ရပေမယ့် ဓားထိပ်က ထာဝရတည်မြဲကျန်ခဲ့ဝာယ်။ အချိန်ဟာ ဓားထိပ်ကို အန္တရာယ်မပြုနိုင်ဘူး။ ငါကိုယ်တိုင် ဒါကို ရတနာအဖြစ် သန့်စင်ထားတာပဲ ။ ဒီရတနာက မရေတွက်နိုင်တဲ့ သက်ရှိတွေကို သတ်ဖြတ်သုတ်သင်နိုင်ပြီး ဘယ်အရာမှ ခြောက်ကပ်မသွားဘဲ မနေနိုင်ဘူး

"သူ့အနောက်မှာရှိတဲ့ ပိုးချည်ကတော့  ကောင်းကင်နဲ့မြေကြီးမှာ မြင်ရခဲတဲ့အရာပဲ။ ပိုးချည်မပျက်စီးသရွေ့ ငါလည်း အသတ်မခံရနိုင်ဘူး"

ဓားထိပ်ပေါ်လာသောအခါ အနီရောင်ဝတ်ရုံနှင့်လူ၏ ဓားသုံးလက်မှာ နောက်တွန့်သွားပုံရသည်။

အနီရောင်ဝတ်ရုံနှင့်လူက သူငယ်အိမ်များကျုံ့ရင်း ဓားထိပ်ကို ကြည့်သည်။ ၎င်းထုတ်လွှတ်နေသော အံ့ဖွယ်စွမ်းအားကို သူ အာရုံရနေသည်။ အနားသာ ကပ်သွားလျှင် သူ့တစ်ကိုယ်လုံး ခြောက်ကပ်လာပြီး သူ၏အသက်စွမ်းအားနှင့် သက်တမ်းတို့ ကုန်ခမ်းသွားမည့်အလား ခံစားနေရလေသည်။

"မင်းက အချိန်ကျင့်ကြံသူပဲ" ထိုလူက မန်ဟို့ကို ကြည့်ရင်း ပြောသည်။

"မင်းက ဂိုဏ်းသုံးဂိုဏ်းရဲ့ နေဝိညာဉ်သူတော်စင်ပဲ" မန်ဟိုက ပြန်ဖြေသည်။

***

All Chapters