← Chapters

အရုဏ်ဦးအင်မော်တယ် ပြန်ပေါ်လာခြင်း

Vol. 48 Ch. 665

အရုဏ်ဦးအင်မော်တယ် ပြန်ပေါ်လာခြင်း

Vol. 48 Ch. 665

မန်ဟိုက လူငယ်နှင့် သူ၏လက်တစ်ချက်လှုပ်ရှားမှုအောက်ဝယ် ပတ်ဝန်းကျင်ရှိ လေများ ပြိုကွဲသွားပုံကို ကြည့်နေစဉ် အေးစက်စက် နှာမှုတ်လိုက်သည်။ မန်ဟိုသည် လှုပ်ရှားရန် ပြင်လိုက်စဉ် ရုတ်တရက် ရပ်သွား၏။ သူကား စစ်ရထားထဲတွင် မလှုပ်မယှက် ရပ်နေလေသည်။

သူသည် မိုးခြိမ်းသံတမျှ ကျယ်လောင်သော ထစ်ချုန်းသံကြီးကို သူ့အပေါ် ကျရောက်ခွင့်ပေးလိုက်သော်လည်း ၎င်း နီးကပ်လာသည့်အချိန်မှာပင် စစ်ရထားက အဝါရောင်အလင်းစည်းကွင်းကို ထုတ်လွှတ်လိုက်သည်။ စည်းကွင်းသည် ပြန့်ကားလာပြီးနောက် ပြိုကွဲနေသော လေထုကို ဝင်တိုက်သွား၏။

တချွတ်ချွတ်အက်သံများနှင့်အတူ ဖောင်းခနဲ ရိုက်ညောင်းသွားသည်။ အဝါရောင်အလင်းစည်းကွင်း ဖြတ်သွားသည့်နေရာတိုင်း ငြိမ်သက်လျက် ကျန်ခဲ့သည်။

မိကျောင်းအပေါ်ရှိ လူ၏မျက်လုံးကြီးများကား အနီ‌ရောင်တောက်သွားလေပြီ။ သူက ‌လေပေါ် ခုန်တက်ပြီး မန်ဟို့ဆီ ပြေးဝင်လာသည်။ မိကျောင်းကလည်း ရေထဲမှ ပါးစပ်ကြီးဟလျက် ထွက်လာရင်း နောက်မှလိုက်လာ၏။

ထိုလူသည် အနားရောက်လာသည့်အခါ မုဒြာလက်ကွက်မဖော်ဘဲ လက်ကို  လက်သည်းဖြင့်ကုပ်တော့မည့်ဟန် လုပ်လိုက်သည်။ ချက်ချင်းပင် သူ၏လက်ချောင်းအားလုံး မည်းနက်သွားပြီး မြူမည်းမည်းများ စတင်ထုတ်လွှတ်လာ၏။ သူ့လက်ချောင်းငါးချောင်းမှ မြူမည်းမည်းများသည် မန်ဟို့ဆီ ပြေးဝင်လာသော ရေနဂါးကြီးတစ်ကောင်အသွင်ပြောင်းရင်း တွန့်လိမ်ဖယ်ကောက်ကွေးလာသည်။

‌ရေနဂါးကြီးက ကားထွက်လာနေသော အဝါရောင်အလင်းစညကွင်းကို ပြေးတိုက်လိုက်သဖြင့် ဝုန်းခနဲ ပဲ့တင်ထပ်သွားပြီး နောက်လွင့်ထွက်သွားတော့သည်။ လှမ်းဟပ်လိုက်သော မိကျောင်းလည်း အဝါရောင်စည်းကွင်းကို ထိလိုက်စဉ်တွင် သွားများ ကြေမွသွားသဖြင့် အသံနက်ကြီးဖြင့် စူးစူးဝါးဝါး အော်လိုက်ရလေသည်။ ထို့နောက် ၎င်းက အမြန်ဆုံးအရှိန်ဖြင့် နောက်ဆုတ်သွား၏။

မန်ဟိုက မသိမသာ ပြုံးလိုက်သည်။ သူ၏ရန်သူမှာမူ စိုးရိမ်ထိတ်လန့်နေသော မျက်နှာထားဖြင့် မန်ဟို့ကို မမှိတ်မသုန် ကြည့်ရင်း နောက်နည်းနည်းဆုတ်သွားသည်။

မန်ဟို့အပြုံးမှာ ထင်ရှားပြီး တောက်ပလာတော့သည်။ ယခုတွင် စစ်ရထားမှာ အမှန်တကယ် အဖိုးထိုက်ရတနာဖြစ်ကြောင်း သူ သဘောပေါက်လိုက်လေပြီ။ သူ အထဲတွင် ရှိနေသရွေ့ အင်မော်တယ်ချီဖြင့် အားဖြည့်မပေးလျှင်တောင်မှ ၎င်း၏ခုခံစွမ်းအားများ အသက်ဝင်လာမည် ဖြစ်သည်။

"ငါတို့ကြားမှာ ရန်ကြွေးလည်း မရှိသလို ၊ ရန်ငြိုးလည်း မရှိဘူး" မန်ဟိုက ပြောသည်။ "ဘာလို့ တိုက်ခိုက်နေဦးမလဲ။ ငါလည်း ဒီကို အမှတ်မထင် ရောက်လာတာမလို့ အခု သွားတော့မယ်" ထို့နောက် သူသည် လက်ကို စစ်ရထားအပေါ် တင်ပြီးနောက် အဝေးသို့ ပျံသန်းသွားစေလိုက်၏ ။

သို့ရာတွင် စုတ်တီးစုတ်ပြတ်အဝတ်အစားနှင့်လူ၏ မျက်နှာထားမှာ ပို၍ပင်ရက်စက်ကြမ်းကြုတ်လာသည်။ သူက ခေါင်းမော့ပြီး စူးစူးဝါးဝါး အော်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်မှာ ရှုံ့တွပြီး ဖောင်းပွလာသည်။ မျက်စိတစ်မှိတ်အတွင်း သူ့အရေပြားမှာ အနက်ရောင်အကြေးခွံကြီးများဖြင့် အစားထိုးခံလိုက်ရလေပြီ။ တစ်ချိန်တည်းမှာပင် သူ၏ပုံပန်းသွင်ပြင်မှာလည်း လူတစ်ယောက်နှင့် မတူတော့ဘဲ .... အနက်ရောင်ရေနဂါးကြီးတစ်ကောင်အသွင် ပြောင်းသွားတော့သည်။

သူ၏ခန္ဓာကိုယ်က လက်ခနဲ ဖြစ်သွားပြီး ယခုတွင် မီတာသုံးရာကျော် ရှည်သွားလေပြီ။ စစ်ရထားထဲရှိ မန်ဟို့ကို စိုက်ကြည့်နေစဉ် သူ၏မျက်လုံးများမှာ ခက်ထန်ကြမ်းကြုတ်မှုကို ထုတ်လွှတ်နေပြီး လောဘတို့ ပြည့်နေ၏။

"မသွားရဘူး" ရေနဂါးက ပြောသည်။ ၎င်းသည် လူစကားပြောနေခြင်းဖြစ်ပြီး အနက်ရောင်မီးတောက်များက စကားလုံးများကို အဖော်ပြုပေးနေ၏။ "မင်းကို စားလိုက်ရင် ငါ့ကျင့်ကြံခြင်းအခြေခံအဆင့် တက်လိမ့်မယ်။ မင်းရဲ့ရတနာလည်း .... နေခဲ့ရမယ်"

ရေနဂါး ထွေးထုတ်လိုက်သော အနက်ရောင်မီးတောက်များသည် အဆိပ်အပြည့်ပါကြောင်း သက်သေပြနေသော ပုပ်သိုးသိုးအနံ့နှင့်အတူ အစိမ်းရောင်တောက်လျက် ထွက်လာသည်။ ၎င်းတို့က မန်ဟို့ဆီသို့ အမြန်ဆုံး ပြေးဝင်လာကြသည်။

မီးတောက်များက အရာအားလုံးကို ပုံပျက်ရှုံ့တွနေစေသော အပူလှိုင်းနှင့် စွမ်းအားများကို ထုတ်လွှတ်ရင်း သူ့ကို ဝိုင်းလိုက်ကြသည်။ အောက်ရှိပင်လယ်ရေမျက်နှာပြင်မှာ အပူအားကို မခံနိုင်သည့်အလား လှိုင်းများ ထလာတော့သည်။ မိကျောင်းကြီးကတော့ အဝေးဆုတ်သွားခဲ့လေပြီ။ ၎င်းက မန်ဟို့ကို စူးစူးစိုက်စိုက် ကြည့်ရင်း ရေထဲတွင် ပေါလောပေါ်နေ၏။

မန်ဟိုသည် အနက်‌ရောင်မီးတောက်များ၏ အခြားတစ်ဖက်ရှိ ရေနဂါးကြီးကို အေးတိအေးစက် ကြည့်ရင်း မျက်နှာကြီးမည်းသွား၏။ သူက စစ်ရထားအား တင်ထားသည့် လက်ကို မြှောက်ပြီး အင်မော်တယ်လမ်းညွှန်ကို လှည့်ပတ်နေခြင်းအား ရပ်တန့်လိုက်သည်။

"ငါက မင်းကို ကျင့်ကြံသူတစ်ယောက်လို့ထင်ခဲ့ပေမယ့် မင်းက ပင်လယ်မိစ္ဆာတစ်ကောင် ဖြစ်နေတာကို" မန်ဟိုက တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့လေ" မန်ဟို့အကျင့်စရိုက်ကား ပေါ်လွင်လာတော့သည်။ တည်ငြိမ်လေလေ၊ သတ်ချင်လေလေ ဖြစ်သော အကျင့်စရိုက်။

မန်ဟိုက စကားပြောနေသည့်အချိန်မှာပင် ရှေသို့တက်လာခဲ့လေပြီ။ သူက စစ်ရထားထဲမှ ထွက်၍ အနက်ရောင်မီးပင်လယ်ထဲ ဝင်ရောက်လိုက်သည်။ သူ ထွက်လာရဲခြင်းက ရေနဂါးကို အံ့အားသင့်သွားစေ၏။ ရေနဂါးမှာ ချက်ချင်း နောက်ဆုတ်သွားတော့သည်။

"ငါလည်း ယုတ်မာတတ်တယ်" မန်ဟိုက ပြောသည်။ သူသညိ လက်ကို ဝှေ့ယမ်းလိုက်ရာ မီးပင်လယ်နောက်တစ်စင်း ဖြစ်ပေါ်လာသည်။ ဤမီးတောက်များကား နီစွေးနေပြီး မန်ဟို့ပတ်ပတ်လည်ကို ဝန်းရံ၍ ကောင်းကင်ထက်ထိ ဟုန်းဟုန်းတောက်လျက်ရှိ၏။ အနီရောင်မီးတောက်များ အနက်ရောင်မီး‌တောက်များကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီးကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုကား အပြင်ထွက်လာခဲ့လေပြီ။

ရေနဂါး မျက်နှာပျက်သွားပြီး နောက်ဆက်ဆုတ်သွားသည်။ သို့သော် သူ ဝေးဝေးလံလံ မသွားနိုင်ခင် မန်ဟိုက အစိမ်းရောင်အခိုးအငွေ့ အသွင်ပြောင်းသွား၏။‌ ရေနဂါးမှာမူ ရင်ဒိန်းခနဲခုန်သွားတော့သည်။ မန်ဟို စစ်ရထားအတွင်းမှ ထွက်လာဝံ့သော အချက်ကား သေချာပေါက် ကောင်းသောအရာမဟုတ်ပေ။ သူ နောက်ဆုတ်လိုက်သည့်အခိုက်အတန့်မှာပင် မန်ဟိုက သူ၏အနောက်တွင် လျှပ်တပြက် ပေါ်လာခဲ့ပြီဖြစ်သည်။

လက်တစ်ဖက် မြောက်တက်သွားပြီး လက်သီးတစ်လုံး ကျဆင်းလာသည်။

လက်သီးက လေမှလွဲ၍ မည်သည့်အရာအပေါ်ကိုမှ ကျရောက်သွားပုံမရသော်လည်း  ထစ်ချုန်းသံအကျယ်ကြီး ကြားလိုက်ရပြီး ရေနဂါးမှာ တောင်ကြီးတစ်လုံး သူ့အပေါ် ပြုတ်ကျလာသည့်အလား ခံစားလိုက်ရတော့သည်။ သူ၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့မျက်နှာအပေါ်တွင် အံ့ဩတုန်လှုပ်မှုတို့က စိုးမိုးလွှမ်းခြုံနေ၏။ သူကား မချိတင်ကဲ အော်ဟစ်လိုက်လေသည်။

တစ်ချိန်တည်းမှာပင် မိကျောင်းကြီးက မည်သည့်အန္တရာယ်ကိုမဆို လျစ်လျူရှုရင်း ပါးစပ်ကြီးဖြဲလျက် ‌မန်ဟို့ဆီ ပြေးဝင်လာသည်။

"မလောက်လေးစား ပထမခွဲထွက်ခြင်းအဆင့်ကျင့်ကြံခြင်းအခြေခံနဲ့များ" မန်ဟိုက ပြောသည်။ "မင်းက ငါ သတ်ဖူးတဲ့ ပထမဆုံးအကောင် မဟုတ်ဘူး" မန်ဟိုက ‌မိကျောင်းကို လှည့်ပင်မကြည့်ဘဲ နောက်ပြန်ထိုးလိုက်သည်။

ဘန်း

မိကျောင်းတစ်ကိုယ်လုံး တုန်ရီသွားပြီး ခေါင်းမှစ၍ ကြေမွလာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြွေမွခြင်းက တစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ ‌၎င်းကား နောက်ဆုံးအကြိမ် ဘန်းခနဲ မြည်ရင်း သွေးသံရဲရဲအတုံးအတစ်များအဖြစ် ပေါက်ကွဲသွားတော့၏။

လက်သီးအရွယ် အနက်ရောင်မိစ္ဆာနှလုံးသားက မန်ဟို့လက်ထဲ ပျံသန်းလာသော အနက်ရောင်အလင်းတန်းတစ်တန်း ဖြစ်သွားသည်။ မန်ဟိုက မိစ္ဆာနှလုံးသားကို သိုလှောင်အိတ်ထဲ ထည့်ပြီးနောက် ရေနဂါးကို ကြည့်လိုက်၏။ ရေနဂါး၏တုန်ရီနေခြင်းမှာ ဆထက်တိုး ပြင်းထန်လာလေသည်။

သူက အသက်ပြင်းပြင်း ရှူသွင်းပြီး လှည့်လိုက်သည်။ တိမ်များသည် ရုတ်တရက် သူ့ခြေထောက်အောက်တွင် လည်လာရင်း သူ့ကို ရေအောက်ထဲ ထိုးဆင်းသွားစေနိုင်သော နတ်ဘုရားစွမ်းရည်ဖြစ်လာ၏။

မန်ဟို့ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီး ‌လက်ညှိုးထိုးလိုက်သည်။

"မိစ္ဆာချုပ်နှောင်ခြင်း ၊ အဋ္ဌမမန္တန်"

မိစ္ဆာချီများက ရေနဂါးကို ရစ်ပတ်တုပ်နှောင်လိုက်သည့် မမြင်နိုင်သော အမျှင်ပါးပါးများအသွင် ပြောင်းရင်း ပေါ်လာသည်။ ရေနဂါးမှာ ‌လိပ်ပြာလွင့်မတတ် ‌ကြောက်လန့်သွား၏။ သူ အသည်းအသန် ရုန်းကန်နေသည့်အချိန်မှာပင် မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သားအချိန်ဓားဆယ်လက်ကို ပျံထွက်လာစေပြီး ရေနဂါးအား တစ်လက်ပြီးတစ်လက် စိုက်ဝင်သွားစေသည်။

ရေနဂါးမှာ လျင်မြန်စွာပင် အရိုးပေါ်အ‌ရေတင် ခြောက်ကပ်လာသဖြင့် အကြော်က်အကန် အော်နေတော့သည်။ သူ့မှာ အသက်စွမ်းအားများ လျင်မြန်စွာ ကုန်ဆုံးနေသည်ကို ခံစားနေရသဖြင့် ထိတ်လန့်နေတော့၏။

သေမင်းနှုတ်ခမ်းဝသို့ ရောက်တော့မည့်ခုလတ်တွင် သူက ရုတ်တရက် လှုပ်ရမ်းပြီးနောက် ပုလဲတစ်လုံး ထွေးထုတ်လိုက်သည်။ ပုလဲသည် လက်သီးဆုပ်အရွယ်ရှိပြီး မည်းနက်မနေဘဲ လုံးဝဖြူဆွတ်နေလေသည်။

ပုလဲက ပေါ်လာလျှင်ချင်း သင်းပျံ့သောအနံ့စူးစူးလေးနှင့်အတူ မှိန်ဖျော့ဖျော့ တောက်ပလာသည်။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များမှာ ပို၍ပင် သိပ်သည်းလာ၏။ အားပြင်းသော တုန်ခါလှိုင်းတစ်လှိုင်း ဖြာထွက်လာရာ ရေနဂါးသည် တုပ်နှောင်ထားသော အမျှင်များမှ ရုန်းထွက်၍ သစ်သားဓားများကို ခါထုတ်ပြီးနောက် ပုလဲကို သယ်ဆောင်ရင်း ရေထဲထိုးဆင်းသွားတော့သည်။ ‌

မျက်စိတစ်မှိတ်အတွင်း သူကား ရေထဲဝင်ရောက်၍ ပျောက်ကွယ်သွားခဲ့လေပြီ။

ထူးဆန်းသောအလင်းရောင်တစ်ခု မန်ဟို၏မျက်လုံးများတွင် ပေါ်လာသည်။ သူသည် အဖြူရောင်ပုလဲကို ကြည့်ပြီး ပထမဆုံး ခေါင်းထဲပေါ်လာသော အတွေးမှာ ထိုအရာကို မတန်မဆဈေးဖြင့် ရောင်းချနိုင်သည်ဆိုသော အတွေးပင်။

ထိုအတွေး ခေါင်းထဲတွင် ပေါ်လာသည်နှင့်တစ်ပြိုက်နက် သူ၏တွန့်ဆုတ်နေသော အရိပ်အယောင်ဟူသမျှ ပျောက်ကွယ်သွားတော့သည်။ သူသည် အင်မော်တယ်လမ်းညွှန်ကို လှည့်ပတ်ရင်း စစ်ရထားထဲ ဖျတ်ခနဲ ဝင်လိုက်၏။ သူ့လက် စစ်ရထားကို ထိလိုက်သောအခါ ၎င်းသည် ချက်ချင်း တုန်ခါလာပြီး ပင်လယ်ထဲ ထိုးဆင်းသွား‌လေသည်။

မျက်စိတစ်မှိတ်တည်းနှင့် သူကား ရေအောက်ရောက်သွားခဲ့ပြီဖြစ်သည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ပိတ်ပိန်းနေအောင် မှောင်မိုက်နေသော်လည်း မန်ဟို့အတွက်တော့ ယခုလေးတင် အသက်ဘေးမှ လွတ်မြောက်လာခဲ့ပြီဟူ၍ အတော်လေး ယုံကြည်ချက်ရှိနေသော ရေနဂါးကို အရှေ့တွင် လှမ်းမြင်လိုက်ရရန် သိပ်မကြာလိုက်ပေ။

ရေနဂါးမှာ လွတ်ပြီကျွတ်ပြီဟု ခံစားနေရသည့်အချိန်မှာပင် ရုတ်တရက် ဝေါခနဲ အသံကြီးတစ်သံ ကြားလိုက်ရသည်။ သူက နောက်လှည့်လိုက်ပြီး မီတာသုံးဆယ်စစ်ရထားကို မြင်လိုက်ရသောအခါတွင် မျက်လုံးကြီးပြူးထွက်သွားတော့၏။

သူ့မှာ ၎င်း၏လမ်းကြောင်းမှ ရှောင်ချင်သော်လည်း နောက်ကျလွန်းသွားလေပြီ။

ဘန်းးးး

စစ်ရထားသည် ရေနဂါးကို တိုက်ရိုက် ဝင်တိုက်ပစ်လိုက်ရာ ၎င်းမှာ မချိတင်ကဲ အော်လိုက်ရတော့သည်။ ထို့နောက် ၎င်း၏ခန္ဓာကိုယ်သည် အစိတ်စိတ်အမြွှာမြွှာ  ပြတ်ထွက်လာ၏။ ၎င်းမှာ ဖောင်းခနဲ ပေါက်ကွဲသွားပြီး ပုလဲဖြူက ပျံထွက်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ပုလဲအထဲတွင် ကြောက်ရွံ့ထိတ်လန့်နေသော မျက်နှာအမူအရာနှင့် အသေးစားရေနဂါးလေးတစ်ကောင်အား မြင်ရပေမည်။

ပုလဲနှင့် အသေးစားရေနဂါးလေးက အမြန်ဆုံး ထွက်ပြေးကြသော်လည်း မည်မျှပြေးပြေး မန်ဟို့စစ်ရထားနှင့်ယှဉ်လျှင် နှေးလွန်းသည်သာ။

မန်ဟိုက ထပ်ကြပ်မကွာ လိုက်လာသည်။ ပုလဲဖြူထဲရှိ ရေနဂါး၏မျက်နှာမှာ မလျှော့‌မပေးသော ဟန်ပန်ရှိပြီး အမျက်ဒေါသတို့ဖြင့် ပြည့်နှက်နေသည်။ ထို့နောက် ၎င်းက နတ်ဘုရားစိတ်ဆန္ဒကို ဖြန့်ကျက်ရင်း စူးစူးဝါးဝါး အော်လိုက်လေသည်။

"အရုဏ်ဦးအင်မော်တယ် ကယ်ပါဦး"

'အရုဏ်ဦးအင်မော်တယ်' ဆိုသော နာမည်ကို ကြားသည်နှင့် မန်ဟိုမှာ ချက်ချင်း စိတ်နှလုံးတုန်ရီသွားတော့သည်။ ၎င်းသည် သူ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော နာမည်ဖြစ်၏။ သူ၏မျက်လုံးများ တလက်လက် တောက်ပသွားပြီး စစ်ရထားကို မောင်းနှင်လိုက်သည်။ သူ့လက်က ဆန့်ထွက်သွားကာ ပုလဲဖြူကို ဖမ်းလိုက်လေပြီ။

ရေနဂါးမှာ မည်မျှရုန်းရုန်း အချည်းနှီးသာ။ မန်ဟိုက ပုလဲဖြူကို ချုပ်နှောင်ပြီးနောက် သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် ... ပင်လယ်ကြမ်းပြင်၏အမှောင်ထုထဲတွင် ပဲ့တင်ထပ်သွားသော သက်ပြင်းချသံ ခပ်သဲ့သဲ့အား ကြားလိုက်ရသည်။

၎င်းသည် သက်ပြင်းချသံလေးတစ်သံသာ ဖြစ်သော်လည်း ချက်ချင်းပင် မန်ဟို့အား ခေါင်းနပန်းကြီးသွားစေ၏။ သူ့တစ်ကိုယ်လုံး ဇောချွေးများ ပြန်လာပြီး မျက်စိမျက်နှာ ပျက်သွားတော့သည်။ ရုတ်တရက် သူ့ကိုယ်ထဲရှိ ရှင်သန်ခြင်းနှင်းပန်းမှာ ရူးသွပ်သွားသယောင်ပင်။

၎င်းမှာ မည်သို့ပင်ဖြစ်ပါစေ ၎င်းကိုယ်၎င်း ဖော်ပြ၍ သက်ပြင်းချလိုက်သောလူ၏ သတိထားမိအောင် အော်ချင်နေသည့်အလား ထင်ရ၏။

မန်ဟို့မှာ စိတ်နှလုံး တုန်ရီနေပြီး စစ်ရထားကို ရွေ့လျားစေလိုက်သညည်။ သူသည် အင်မော်တယ်ချီကို စုစည်းပြီး အဝေးသို့ ထွက်သွားတော့မည့်အချိန် ရုတ်တရက် ပင်လယ်အနက်ပိုင်းထဲမှ လက်တံကြီးတစ်တံက သူ့ဆီ ပြေးဝင်လာသည်။

ချက်ချင်းပင် အန္တရာယ်ရှိသောခံစားချက်က မန်ဟို့ကိုယ်‌တစ်လျှောက် စီးဆင်းသွားတော့သည်။ တစ်ချိန်တည်းမှာပင် ရှင်သန်ခြင်းနှင်းပန်း၏ ရုန်းကန်မှုမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။

ဝုန်း

မန်ဟိုက အင်မော်တယ်ချီအကုန်လုံးထုတ်လွှတ်လိုက်ကာ စစ်ရထားထဲ ဝင်ရောက်သွားစေသည်။ ၎င်းသည် ထစ်ချုန်းပြီး ရေထဲမှ ထွက်၍ လျင်မြန်စွာ ပျောက်ကွယ်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွားတော့၏။ တစ်ဆက်တည်းဆိုသလို ဧရာမလက်တံကြီးလည်း ပင်လယ်ရေပြင်မှ ထိုးထွက်လာသည်။

မန်ဟိုမှာ ထွက်ပြေးနေစဉ် ကမ္ဘာကြီးဝေဝါးမသွားခင် ဧရာမလက်တံကြီးအား ပြန်လှည့်ကြည့်ရန် အချိန်လုံလုံလောက်လောက် ရခဲ့၏။

မြင်လိုက်ရသောအရာက မန်ဟို့စိတ်ကို မေးခွန်းများစွာဖြင့် တွေဝေရင်း တုန်လှုပ်သွားစေသည်။

"ဘာ.....ဘာကြီးလဲ..." သူ့မျက်နှာမှာ သွေးမရှိတော့သည့်အပြင် သူ၏အမူအရာမှာ မယုံကြည်နိုင်ဖြစ်နေသော ပုံစံပင်။ သူ၏ကျင့်ကြံခြင်းအခြေခံ၊ သူ၏အတွေ့အကြုံများ၊ သူ၏အာရုံစူးစိုက်နိုင်စွမ်းတို့အရ နဂါးငွေ့တန်းပင်လယ်တွင် ရှေးဟောင်းမြေအောက်ကမ္ဘာသင်္ဘောသည်သာ သူ၏အမူအရာကို ထိုသို့ပြောင်းလဲသွားစေနိုင်ခဲ့၏။

သို့သော် ယခုတော့ တခြားတစ်ခု ရှိလာခဲ့လေပြီ။

အမှန်တွင် သူမြင်လိုက်ရသောအရာက ရှေးဟောင်းမြေအောက်ကမ္ဘာသင်္ဘောကို မြင်ခဲ့ရစဉ်တုန်းကထက်ပင် သူ့ကို အံ့အားတုန်လှုပ်သွားစေသည်။

"အဲ ... အဲဒါက အရုဏ်ဦးအင်မော်တယ်လား"

***

All Chapters