← Chapters

ငါ့ရဲ့အကောင်းဆုံးရတနာ

Vol. 50 Ch. 700

ငါ့ရဲ့အကောင်းဆုံးရတနာ

Vol. 50 Ch. 700

အန်လင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။

သတင်းဆိုးပါ ပါလာတာလား....

"သတင်းကောင်းပဲ အရင်နားထောင်မယ်။"

သူအနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။

"သတင်းကောင်းက ကောင်းကင်အရှင်သခင်က အခွင့်အလမ်းအသင်္ချေသေတ္တာကိုလဲဖို့ သဘောတူလိုက်တယ်။ ဧကရာဇ်ချန်းရှန်ကလည်း ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါပြားကို လဲပေးမယ်တဲ့။"

လင်ကျွင်းကျွင်း စကားဆိုလိုက်သည်။

ထိုစကားကြောင့် အန်လင်း ပျော်ရွှင်သွားသည်။

လင်ကျွင်းကျွင်းသည် ခရမ်းရောင်ဝတ်စုံကို ဆင်မြန်းထားပြီး သူမနှင့် လိုက်ဖက်လွန်းလှသည်။

သူမသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ဧည့်ခန်းထဲဝင်ကာ ထိုင်ချလိုက်သည်။

သူမ၏ အမူအရာသည် သတင်းဆိုး ရှိသောသူနှင့် တူမနေပေ။

နေပါဦး.....

အန်လင်း အတွေးဝင်လာကာ ထိတ်လန့်သွားမိသည်။

သူအသက်ပြင်းပြင်းရှူကာ ဖြည်းညင်းစွာ မေးမြန်းလိုက်သည်။

"သတင်းဆိုးကရောဘာလဲ။"

"သတင်းဆိုးက...."

လင်ကျွင်းကျွင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

"ဧကရာဇ်ချန်းရှန်ရဲ့ ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါပြားက စိတ်ဝိဉာဉ်ကျောက်တုံး သန်းငါးဆယ် တန်ကြေးရှိပြီးတော့ ကောင်းကင်အရှင်သခင်ရဲ့ အခွင့်အလမ်းအသင်္ချေသေတ္တာက သန်းလေးဆယ် တန်ကြေးရှိတယ်။ နင့်မှာ ငွေအလုံအလောက် ရှိရဲ့လား။"

လင်ကျွင်းကျွင်းသည် အန်လင်း စိတ်ကသိကအောက် ဖြစ်နေသည်ကို စိမ်ပြေနပြေ ကြည့်ရှုနေလေသည်။

အန်လင်းမှာ အမှန်တကယ်ပင် စိတ်ညစ်သွားရသည်။ သိုလှောင်လက်စွပ်ထဲတွင် စိတ်ဝိဉာဉ်ကျောက်တုံး သုံးဆယ့်လေးသန်းသာရှိပြီး လင်ကျွင်းကျွင်း ပေးချေမည့် စိတ်ဝိဉာဉ်ကျောက်တုံး သန်းငါးဆယ် ထပ်ပေါင်းလျှင်ပင် ခြောက်သန်း လိုအပ်နေသေးသည်။

အန်လင်း ကျောက်ရုပ်အလား ငြိမ်သက်နေမိသည်။

ယီးထဲမှ...သူဋ္ဌေးကြီးအန်လင်းက ငွေမလောက်ဘူးတဲ့လား....

စိတ်ဝိဉာဉ်ကျောက်တုံး ခြောက်သန်းသည် မများလှသော ပမာဏဟု ထင်ရပါသော်လည်း ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများသည်ပင် ထိုမျှချမ်းသာမည် မဟုတ်ပေ။

စိတ်ဝိဉာဉ်ကျောက်တုံး ခြောက်သန်းကို ဘယ်ကရှာရမလဲ.....

လင်ကျွင်းကျွင်းသည် အန်လင်း စိတ်ဆင်းရဲနေသော အခိုက်အတန့်အားကြည့်ကာ ပီတိဖြစ်နေသည်။

အချိန်အနည်းငယ် ကြာမြင့်ပြီးမှသာ သူမ စကားဆိုလိုက်သည်။

"နင့်မှာ ငွေမလောက်ရင် အရင်ဆုံး တစ်ခုပဲ ယူထားလိုက်ပေါ့။ ကျန်တဲ့တစ်ခုက နောက်မှယူလည်း ဖြစ်တာပဲလေ။"

အန်လင်း ခေါင်းခါပြလိုက်သည်။ ထိုရတနာများသည် ပုံမှန်အချိန်တွင် မည်သို့မျှ မဝယ်ယူနိုင်သော ပစ္စည်းများ ဖြစ်သောကြောင့် အချိန်ကြာမြင့်သွားပါက ဧကရာဇ်များသည်လည်း စိတ်ပြောင်းသွားနိုင်ပြီး သူသည်လည်း အခွင့်အရေးကို လက်လွှတ်လိုက်ရပေလိမ့်မည်။

"အမ်....ပစ္စည်းတချို့ ရောင်းလို့ရောရလား။"

အန်လင်း မေးမြန်းလိုက်သည်။

လင်ကျွင်းကျွင်းသည် အန်လင်းအား စာနာသလို ကြည့်ရှုလိုက်သည်။

"နင့်ပစ္စည်းတွေပါ ထုတ်ရောင်းတော့မလို့လား။ တကယ်ငွေမလောက်ရင်လည်း ခဏစောင့်လိုက်ပါလား။ ကိုယ့်ကိုယ်ကို ဖိအားပေးစရာ မလိုပါဘူး။ ငါလည်း စိတ်ဝိဉာဉ်ကျောက်တုံး သန်းငါးဆယ်ကြောင့် တော်တော်အကြွေးတင်သွားလို့။ မဟုတ်ရင် နင့်ကိုထုတ်ချေးပါတယ်။"

အန်လင်း ခေါင်းခါပြလိုက်သည်။

"အဲ့လိုလည်း မဟုတ်ပါဘူး။ ကျွန်တော့်မှာ ထုတ်မရောင်းရသေးတဲ့ ရတနာတွေ အများကြီးပဲ။"

"ကောင်းပြီလေ။ နင့်ပစ္စည်းတွေ ထုတ်လာခဲ့လိုက်။ ကြွယ်ဝချမ်းသာခြင်း နတ်ဘုရားဆီက သင်ထားလို့ ပစ္စည်းတွေကို တန်ဖိုးဖြတ်ပေးနိုင်တယ်။ နင့်အတွက် ငါကူရောင်းမယ်လေ။"

အန်လင်း ခေါင်းညိတ်ပြကာ လည်ဆွဲတစ်ကုံးအား လင်ကျွင်းကျွင်းထံ ပေးလိုက်သည်။

"ဒါက....."

လင်ကျွင်းကျွင်း ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

"ဒါကို နင်နဲ့အတူ တစ်ချိန်လုံး သိမ်းထားတာလား။"

သူမပင် မသိလိုက်ပဲ နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် ဖူးပွင့်လာသည်။

ထိုလည်ဆွဲသည် သူမ၏ အဆင့်မြင့် ကာကွယ်ရေး ရတနာ ကောင်းကင်ဝိဉာဉ် မြူနှင်းနှလုံးသား ဖြစ်သည်။ အန်လင်းထံတွင် ရှိနေသော သတင်းအချက်အလက်များမှာ သူမ ပေးအပ်နိုင်သည်ထက် ပိုမိုများပြားနေသောကြောင့် ထိုလည်ဆွဲကိုပါ ချွတ်ပေးခဲ့ရဖူးသည်။

အန်လင်းထံတွင် ထိုရတနာ ရှိနေဦးမည်ဟု ထင်မှတ်မထားခဲ့ပေ။ ကောင်းကင်ဝိဉာဉ် မြူနှင်းနှလုံးသားသည် အမျိုးသမီး အဆင်တန်ဆာ ဖြစ်သောကြောင့် ရောင်းစားလိုက်ခြင်း သို့မဟုတ် တစ်စုံတစ်ယောက်အား လက်ဆောင်အဖြစ် ပေးလိုက်ခြင်းမျိုး လုပ်လိုက်လိမ့်မည်ဟု ထင်ထားခဲ့သည်။ ထိုစဉ်အချိန်က အန်လင်းသည်လည်း သူဋ္ဌေးကြီးတစ်ဦး မဟုတ်သေးဖြင့် အသုံးမဝင်သော ပစ္စည်းအား ရောင်းချလိုက်ခြင်းမှာ ဖြစ်သင့်ပေသည်။

လင်ကျွင်းကျွင်းသည် ကောင်းကင်ဝိဉာဉ် မြူနှင်းနှလုံးသား လည်ဆွဲအား ဂရုတစိုက် သိမ်းဆည်းကာ ညင်သာစွာ စကားဆိုလိုက်သည်။

"အင်း....ကောင်းကင်ဝိဉာဉ် မြူနှင်းနှလုံးသား လည်ဆွဲက စိတ်ဝိဉာဉ်ကျောက်တုံး တစ်သန်းတန်တယ်။"

"အဲ့လောက်တောင်လား။"

အန်လင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီးမှ ရူးကြောင်ကြောင် နိုင်လှသောကြောင့် တိတ်ဆိတ်သွားရသည်။

ယီး....ရောင်းတဲ့သူက ဝယ်တဲ့သူကို စျေးများလို့ဆိုပြီးပြောတာ ဘယ်မှာရှိလို့လဲ.....ငါတော့ ကမ္ဘာ့ပထမဆုံး ငတုံးဖြစ်တော့မယ်....

လင်ကျွင်းကျွင်း ပြုံးလိုက်မိပါသော်လည်း အန်လင်းအား မစတော့ရန် ဆုံးဖြတ်လိုက်သည်။

"ဒီလည်ဆွဲက အခုတလော တန်ဖိုးတက်လာတာလေ။"

အန်လင်း: "......"

လူသားဝက်စုဗူးလို့ကို မပြောရဘူး.....

ဒါပေမယ့် စိတ်ဝိဉာဉ်ကျောက်တုံး ငါးသန်း လိုနေသေးတယ်....

အန်လင်း အနည်းငယ် တွေးတောကာ အဆင့်လေး အင်မော်တယ်ဆေးလုံး လက်မှတ်သုံးခုနှင့် အဆင့်သုံး အင်မော်တယ်ဆေးလုံး လက်မှတ်တစ်ခုကို ထုတ်ယူလိုက်သည်။ ထိုသည်မှာ နှစ်ကုန်စာမေးပွဲ ဆုပေးပွဲ အခမ်းအနားတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ချက်ချင်းအသုံးပြုရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

လင်ကျွင်းကျွင်းသည် လက်မှတ်လေးခုလုံးအတွက် စိတ်ဝိဉာဉ်ကျောက်တုံး နှစ်သန်း တန်ကြေးဖြတ်ပေးကာ အန်လင်းသည်လည်း ကျေနပ်ခဲ့သည်။

ထို့နောက် သူသည် အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက် လေးဆယ့်သုံးခုအားထုတ်ကာ စိတ်ဝိဉာဉ်ကျောက်တုံး သုံးသန်းအတွက် လဲလှယ်လိုက်သည်။ ထို့ကြောင့် လိုအပ်နေသော စိတ်ဝိဉာဉ်ကျောက်တုံး ခြောက်သန်း ပြည့်သွားခဲ့သည်။

အဆင့်နိမ့် စိတ်ဝိဉာဉ်လက်နက်များသည် သူဋ္ဌေးကြီး အန်လင်းအတွက် အရေးမပါသောကြောင့် ၎င်းတို့အား ထုတ်ရောင်းလိုက်ရသည်ကို စိတ်ထဲမထားပေ။

သို့သော် စိတ်ဝိဉာဉ်ကျောက်တုံး သုံးဆယ့်လေးသန်းအား အကုန်အစင် အသုံးပြုလိုက်ရသည်မှာ အမှန်တကယ် အဆင်မပြေပေ။

အံ့ဖွယ်ကြေးမုံပြင်ကမ္ဘာတွင် စိတ်ဝိဉာဉ်ကျောက်တုံးတွင်းကြီး ရှိနေပါစေဟု မျှော်လင့်မိသည်။ ထိုသို့သာဆိုလျှင် အလွန်အမင်း ကောင်းမွန်ပေလိမ့်မည်။

လင်ကျွင်းကျွင်းသည် အန်လင်း၏ ပိုက်ဆံများ၊ လက်နက်များနှင့်အတူ ကောင်းကင်ဘုံခုံရုံးထံ ထွက်သွားပြီးနောက် ရတနာ နှစ်ခုနှင့်အတူ ပြန်လည်ရောက်ရှိလာသည်။

"ဒါက အခွင့်အလမ်းအသင်္ချေသေတ္တာပဲ။"

အနက်ရောင်သေတ္တာတစ်လုံးအား သူမ ထုတ်ပေးလိုက်သည်။

"ဘာလို့အဲ့လောက်တောင် ရိုးရှင်းနေရတာလဲ။"

အန်လင်း စိတ်အလိုမကျ ဖြစ်သွားသည်။

အခွင့်အလမ်းအသင်္ချေသေတ္တာဟူသော အမည်မှာ ဝံ့ကြွားလှပါသော်လည်း ပုံသဏ္ဍာန်မှာမူ သူ၏ ဖရိုဖရဲ သတ္ထုအုတ်ခဲနှင့် နင်လားငါလား ဖြစ်နေသည်။

"အဲ့ဒါက အရေးမကြီးပါဘူး။ အဓိကက အသုံးဝင်ဖို့ပဲလေ။"

လင်ကျွင်းကျွင်း မျက်စောင်းထိုးလာသည်။

အန်လင်းသည် အခွင့်အလမ်းအသင်္ချေသေတ္တာပေါ် သွေးတစ်စက်ချကာ သန့်စင်လိုက်ပြီးနောက် အားသွင်းရန်အတွက် သူ၏စွမ်းအင်များကို ထုတ်ဖော်လိုက်သည်။

"ဒီနေရာမှာ ကျန်တဲ့စွမ်းအင်သက်တမ်းကို ပြထားတယ်။ အခုက သုံးဆယ်ရာခိုင်နှုန်း ရှိနေသေးတယ်။"

"အော်...တော်တော်ခေတ်မှီတာပဲ။"

အန်လင်းသည် ဖုန်းဘက္ထရီများနှင့်တူသော ဘားတန်းလေးအားကြည့်ကာ ချီးကျူးလိုက်သည်။

"ဒီနေရာက အဝိုင်းပေါက်လေးက အခွင့်အလမ်းအသင်္ချေသေတ္တာရဲ့ မန္တာန်တွေ ထုတ်တဲ့နေရာ။ ပြောင်းပြန်မကိုင်မိဖို့ သတိထားဦး.....မဟုတ်ရင် နင့်ရန်သူတွေ မထိပဲ နင်ပဲထိနေမယ်။"

လင်ကျွင်းကျွင်း ရှင်းပြလိုက်သည်။

အန်လင်းသည် ထိုအပေါက်လေးအားကြည့်ကာ ဘယ်သောအခါမှ ၎င်းနှင့်မျက်နှာမမူရန် စိတ်ထဲမှတ်ထားလိုက်သည်။

သူသည် စွမ်းအင်များအား သေတ္တာထဲထည့်ရန် လုပ်လိုက်သည်နှင့် အားကောင်းလှသော ဆွဲငင်အားတစ်မျိုးသည် ခန္ဓာကိုယ် တစ်ခုလုံးမှ စွမ်းအင်များအား အသည်းအသန် စုပ်ယူသွားတော့သည်။

"ယီးထဲမှ...."

အန်လင်းသည်ပင် လန့်ဖြန့်သွားရသည်။

သူသည် ချွေးစေးများပျံကာ လက်ထဲတွင်ရှိနေသော ရုပ်ဆိုးဆိုး သေတ္တာအား ကြည့်ရှုလိုက်သည်။

သေတ္တာပေါ်ရှိ ဘားတန်းသည် သုံးဆယ်ရာခိုင်နှုန်းမှ သုံးဆယ့်ငါးရာခိုင်နှုန်းသို့ ထိုးတက်သွားသည်။

"ဟင်....ငါးရာခိုင်နှုန်းပဲ ရတာလား။"

အန်လင်း အံ့သြသွားရသည်။

သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်များသည် ဟင်းလင်းပြင်သို့အပြန် စဦးအဆင့် ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ထို့ကြောင့်ပင် ငါးရာခိုင်နှုန်းသာ တက်သွားသော ဘားတန်းကိုကြည့်ကာ အံ့အားသင့်သွားရခြင်း ဖြစ်သည်။

"ဒါပေါ့။ ဒီရတနာက တာအိုပေါင်းစည်းခြင်းအဆင့် အစစ်အမှန် နတ်ဘုရားတွေတောင် သုံးလို့ရတယ်လေ။ အဲ့ဒါကြောင့် စွမ်းအင်သိုလှောင်နိုင်စွမ်းလည်း တော်တော်များတယ်။"

လင်ကျွင်းကျွင်း ဝံ့ကြွားစွာ ပြောလိုက်သည်။

အခွင့်အလမ်းအသင်္ချေသေတ္တာမှာ ထိုမျှကြမ်းသော ရတနာတစ်ခုပင်။

"ဟားဟားဟား...မင်းကအခု ငါ့ရဲ့အကောင်းဆုံးရတနာပဲ။"

အန်လင်း ပျော်ရွှင်စွာ အခွင့်အလမ်းအသင်္ချေသေတ္တာအား သိမ်းဆည်းလိုက်သည်။

လင်ကျွင်းကျွင်းသည် အကန့်အသတ်မဲ့သော အလင်းရောင်များနှင့်အတူ ဝင်္ကပါပြားအား ထုတ်ယူလိုက်သည်။

မိုးကောင်းကင် ပြိုကျလာသလို၊ နေနှင့်လ နေရာလဲသွားသလို၊ ကမ္ဘာပျက်တော့မလို ပြင်းထန်လှသော စွမ်းအင်များအား အန်လင်း ခံစားလိုက်မိသည်။

"ဒါက ဧကရာဇ်ချန်းရှန်ရဲ့ ကိုးဆယ့်ကိုးလွှာ ကောင်းကင်ဝင်္ကပါပြားပဲ။"

လင်ကျွင်းကျွင်း စကားဆိုလိုက်သည်။

"ဒါကတော့ အဲ့ဝင်္ကပါပြားနဲ့အတူ ပါလာတဲ့ ဝင်္ကပါတွေပဲ။"

အန်လင်းသည် စိတ်ဝိဉာဉ်ကျောက်တုံး သန်းငါးဆယ်တန်သော ဝင်္ကပါပြားအား ဂရုတစိုက် သိမ်းဆည်းလိုက်သည်။

ဝင်္ကပါများကိုမူ သူလည်းနားမလည်သောကြောင့် အရေးတယူ ကြည့်မနေတော့ပေ။

All Chapters