← Chapters

ရှင်သန်ခြင်းနှင်းပန်း၏ မိခင်

Vol. 48 Ch. 666

ရှင်သန်ခြင်းနှင်းပန်း၏ မိခင်

Vol. 48 Ch. 666

သူ မြင်လိုက်ရသည်မှာ ကြာပွတ်နှင့်တူသာ  ပြောင်‌ချောချာ ဧရာမလက်တံမည်းမည်းကြီးကြီးဖြစ်သည်.... ထိုမျှသာမက လက်တံ၏အဆုံးတွင် အနက်ရောင်သစ်ရွက်တချို့။

ဤသည်မှာ သားရဲတစ်ကောင်ကောင်၏ လက်တံမဟုတ်။ သစ်ပင်တစ်ပင်၏ အကိုင်းတစ်ကိုင်းပင်။

တခြားသူများအနေဖြင့် သဘောပေါက်လောက်မည်မဟုတ်သော်လည်း မန်ဟိုသည် လက်ရှိအခြေအနေကြောင့် မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ....

ရှင်သန်ခြင်းနှင်းပန်းပင်၏အကိုင်းတစ်ကိုင်းဖြစ်ကြောင်း သိလိုက်၏။

ဤအကိုင်းလေးတစ်ကိုင်းတည်းကို ကြည့်ခြင်းဖြင့် ပင်လယ်၏‌ မှောင်မိုက်နေသောအနက်ပိိုင်းထဲတွင် .... မနှိုင်းယှဉ်နိုင်လောက်အောင် ကြီးမားသော ရှင်သန်ခြင်းနှင်းပန်းပင်ကြီးတစ်ပင် ရှိနေကြောင်း သုံးသပ်မိသွားသည်။

သူမြင်နေရသော အရာမှာ အကိုင်းတစ်ကိုင်းသာ ဖြစ်သော်လည်း ၎င်းသည် ပင်လယ်အနက်ပိုင်းထဲမှ အပေါ်သို့ ဆန့်ထွက်လာနိုင်ခဲ့ရာ .... ပင်မပင်စည်ကြီးဆိုလျှင် မည်မျှကြီးမားပြီး ကြောက်စရာကောင်းလိမ့်မည်နည်း။ ၎င်း ရွေ့လျားလာသော ကြောက်ခမန်းလိလိ အမြန်နှုန်းက မန်ဟို့ကို အသက်ရှူမှားသွားစေသည်။ ၎င်းကား သူ၏စစ်ရထားကိုပင် မှီတော့ပေမည်။

ထိုမျှသာမက ထွက်ပြေးလိုက်နိုင်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူ၏မူလတည်နေရာသည် ပင်လယ်ရေမျက်နှာပြင်မှ သိပ်အလှမ်းမဝေး၍သာ ဖြစ်ကြောင်း မန်ဟို  သိသည်။ သူနှင့် အကိုင်းမှာ ရေထဲမှ တစ်ပြိုင်တည်း ထွက်လာခဲ့သယောင် ထင်ရသော်လည်း တကယ်တမ်း စစ်ရထားမှာ နှင်းပန်း၏ ကြောက်မခန်းလိလိ အမြန်နှုန်းအတွက် ပြိုင်ဘက်မဟုတ်ပေ။

"အဲဒီကောင်ကြီးမှာ အရောင်ဘယ်နှရောင် ရှိနေလောက်မလဲ ...." မန်ဟိုသည် စဉ်းစားရင်း ဟောဟဲလှိုက်လာသည်။ ယခုတွင် စစ်ရထားမှာ ပင်လယ်၏အနက်ရောင်ဧရိယာမှ ထွက်လာခဲ့လေပြီ။ အောက်ရှိရေများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး အရှေ့တွင် လေမုန်တိုင်းများကို မြင်လိုက်ရသည်။ သူ ယခု ရောက်နေသောနေရာမှာ ပင်လယ်ခံတပ်မှ သိပ်မဝေးသော ပတ်လမ်း(၃)၏အစပ်တွင် ဖြစ်ကြောင်း မန်ဟို သိလိုက်သည်။

သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး တခဏ စဉ်းစားနေ၏။ သူ စစ်ရထားကို သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်စဉ် ကောင်းကင်တွင် လင်းရောင်ခြည်တို့ ယှက်သန်းစပြုနေလေပြီ။ ထို့နောက် သူသည် ပင်လယ်ခံတပ်သို့ တတ်နိုင်သမျှမြန်မြန် ပြန်ဦးတည်သွား၏။

နေမထွက်ခင် သူ၏နေအိမ်သို့ မန်ဟို ပြန်ရောက်သွားသည်။ သူသည် အုံ့မှိုင်းပြီး ဂနာမငြိမ်ဖြစ်နေသော မျက်နှာထားဖြင့် တင်ပျဉ်ခွေထိုင်ချလိုက်၏။ ညတုန်းက အဖြစ်အပျက်များကား သူ့ကို အတော်လေး တုန်လှုပ်သွားစေခဲ့လေသည်။

"ရေနဂါးက သူ့ကိုယ်သူ မကောင်းဆိုးဝါးလို့ခေါ်တယ်ဆိုတော့ ပင်လယ်မကောင်းဆိုးဝါးတစ်ကောင်ကောင်ထဲက ဖြစ်ရမယ်

"အနက်ရောင်ဧရိယာ။ အဲဒါက နဂါးငွေ့တန်းပင်လယ်ရဲ့ ပတ်လမ်း(၂) ဖြစ်ရမယ် .... ပတ်လမ်း(၂)ရဲ့ အောက်ခြေမှာ ကြောက်စရာရှင်သန်ခြင်းနှင်းပန်းပင်ကြီးတစ်ပင်  ပုန်းအောင်းနေလိမ့်မယ်လို့ တစ်ခါမှ မထင်ထားဘူး

"အဲဒါကြီးက ... အရုဏ်ဦးအင်မော်တယ်လား

"ငါ့ကိုယ်ထဲက ရှင်သန်ခြင်းနှင်းပန်း ရူးသွပ်သွားတာ အံ့ဩစရာမရှိဘူး

"ပတ်လမ်း(၃) နဲ့ ပတ်လမ်း(၂)က ဘယ်လိုဆက်စပ်နေတာလဲ။ ပတ်လမ်း(၃)မှာ အရိုးဖြူနှင်းပန်းပုံစံ ချုပ်နှောင်တံဆိပ်တွေနဲ့ ‌မိစ္ဆာတွေရှိတယ်။ ပတ်လမ်း (၂)မှာ လူစင်စစ်ကနေ မကောင်းဆိုးဝါးဘဝပြောင်းပြီး အရုဏ်ဦးအင်မော်တယ်ကို ကိုးကွယ်ကြတဲ့ မကောင်းဆိုးဝါးတွေ ရှိတယ်

"ပြီးတော့ ဆရာကြီး‌ငွေမီးအိမ်ဆိုတဲ့လူ။ သူက‌ရော ဘယ်မှာတုန်း.... နဂါးငွေ့တန်းပင်လယ်မှာ လျှို့ဝှက်ချက်တွေ အရမ်းများတာပဲ။ ပထမဆုံး မြေအောက်ကမ္ဘာသင်္ဘော၊ ပြီးတော့ ဟိုရှေးဟောင်းစစ်သင်္ဘော။ အခုကျ အရုဏ်ဦးအင်မော်တယ် ပေါ်လာပြန်ပြီ" သူသည် ဆက်တွေးနေပြီး မျက်နှာပေါ်တွင် ‌တွေဝေရှုပ်ထွေးနေသောအမူအရာတစ်ခု ပေါ်လာ၏။ သို့သော် မကြာခင် သူ၏မျက်လုံးများကား တလက်လက် တောက်ပလာတော့သည်။

"အကုန်လုံးက ရှုပ်ထွေးသထက် ရှုပ်ထွေးလာပြီး ၊ အန္တရာယ်များသထက် များလာတယ်။ ဝမ်ခေါင်းဆောင်ကြီးနဲ့ပတ်သက်ပြီးလည်း ပိုပြီး သတိထားရမယ်။ ဘယ်သူ ပိုအစွမ်းထက်လောက်မလဲ မသိဘူး။ အရုဏ်ဦးအင်မော်တယ်လား ၊ ဒသမဝမ်မျိုးနွယ်ခေါင်းဆောင်ကြီးလား" မေးခွန်းပေါ်လာသည်နှင့်တစ်ပြိုင်နက် အဖြေကို သူ သိလိုက်၏။

"အရုဏ်ဦးအင်မော်တယ်ပဲ ဖြစ်လိမ့်မှာပေါ့" သက်သေအခိုင်အမာမရှိသော်လည်း မှန်ကြောင်း သေချာ၏။

သူသည် သက်ပြင်းခိုးချပြီးနောက် မျက်လုံးများ ပိတ်လိုက်သည်။ ထို့နောက် မချင့်မရဲဖြစ်စရာ ကိစ္စများကို အာရုံမစိုက်တော့ဘဲ တရားစထိုင်တော့သည်။

မနက်စောစောဖြစ်၍ နေရောင်ခြည်တို့သည် ပင်လယ်ပြင်ထက်သို့ ဖြာကျရှိချေ၏။ တံလျှပ်များသဖွယ် တလျှပ်လျှပ် တောက်ပနေသော ရေများက အိပ်ပျော်နေသည့် သားရဲဘီလူးကြီးတစ်ကောင် နိုးထလာနေသည်နှင့်တူသော ပင်လယ်ခံတပ်ကို ဝန်းရံနေလေသည်။ တဖြေးဖြေးနှင့် မြို့သည် ဆူဆူညံညံအသံများနှင့် စည်ကားစပြုလာတော့၏။

လူပေါင်းများစွာ ရောက်လာကြသည်၊ ထွက်သွားကြသည်။ အများစုမှာ မြို့ခံများမဟုတ်ကြပေ။ တချို့က ရိက္ခာဖြည့်ရန်၊ အားပြန်ဖြည့်ရန် လာကြ၏။ တချို့က မိစ္ဆာနှလုံးသားများ ရောင်းချရန် လာကြသည်။ တချို့က အမဲလိုက်ရန် မြို့မှ ထွက်သွားကြသည်။ နေရာ‌တိုင်းနေရာတိုင်း လူအပြည့်ပင်။

ဝေ့လီ အရိုအသေပေးရန် ရောက်လာသောအခါ မန်ဟိုက မျက်လုံးများ ဖွင့်လိုက်သည်။ အတန်ငယ် သပ်သပ်ရပ်ရပ် ‌လုပ်ပြီးနောက် သူသည် ဝေ့လီကို အ‌ဝတ်ဆိုင်တစ်ဆိုင်သို့ လိုက်ပို့စေ၏။

နောက်ဆုံးတွင်တော့ ယမန်ညက စိုးရိမ်စရာအဖြစ်အပျက်များကို သူ ခေါင်းထဲမှ ထုတ်နိုင်သွားတော့သည်။ သူဌေးတစ်ယောက် ဖြစ်လာသော ခံစားချက်က နောက်တစ်ဖန် စိုးမိုးမင်းမူသွားပြန်သည်။ သူက ဝေ့လီအတွက်ပင် အဝတ်တစ်စုံ ဝယ်ပေးရန် စဉ်းစားသေး၏။

အဝတ်၏အရည်အသွေးမှာ ကောင်းသော်လည်း သူမမျက်နှာဖုံးနှင့် မလိုက်ဖက်ကြောင်း မြင်သောအခါ ဝိညာဉ်ကျောက်တုံးများ ခြွေတာရန်အတွက် မဝယ်ရန် ဆုံးဖြတ်လိုက်တော့သည်။

ဝေ့လီမှာ ခိုးလုခုလု ဖြစ်သွားသ်ောလည်း မန်ဟို့ကို တိုက်ရိုက် မပြောရဲပေ။ သူမမှာ မန်ဟို ကြွားလုံးထုတ်နေစဉ် စိတ်ဆိုးဆိုးနှင့်သာ နောက်မှလိုက်နေရတော့သည်။

ဆိုင်ရှိလူတိုင်းမှာ မန်ဟိုနှင့် သူ၏ မောက်မာတင်စီးသောအပြုအမူကြောင့် အံ့အားသင့်နေကြတော့သည်။ သူသည် နောက်မှတကောက်‌ကောက် လိုက်နေသော လူတန်းကြီးဖြင့် လျှောက်ပတ်‌ကြည့်နေ၏။ သူကား သဘောကျသည့်အရာတွေ့လျှင် လက်ညှိုးထိုးကလေး ထိုးလိုက်ရုံသာ ဖြစ်ပြီး တစ်ယောက်ယောက်က သူ့အတွက် ထိုပစ္စည်းကို ကပျာကယာ သွားရောက်ထုတ်ပိုးပေးမည် ဖြစ်သည်။

"ချမ်းသာရတာ တကယ်ကောင်းတာပဲ" သူက တွေးလိုက်သည်။ ဆိုင်မှပြန်ထွက်လာသောအခါ သူ၏ပုံစံမှာ ခေါင်းအစ၊ ခြေအဆုံး ယခင်နှင့်လုံးဝမတူတော့ပေ။ သူသည် ကောင်းကင်သဖွယ် ပြာလဲ့နေပြီး မှော်အားလှိုင်းများ ထုတ်လွှတ်နေသော ဝတ်ရုံအရှည်ကြီးကို ဝတ်ဆင်ထား၏။ နေရောင်ခြည်တို့ ၎င်းအပေါ် ဖြာကျသောအခါ ၎င်းမှာ ခံ့ညားလှပနေတော့သည်။

အင်္ကျီလက်စများတွင်မူ ငွေနဂါးပုံစံများ ရေးဆွဲထားပြီး ဝတ်ရုံအသားမှာ အံ့ဖွယ်ပင်လယ်မိစ္ဆာတစ်ကောင်ထံမှ ဖန်တီးထားခြင်း ဖြစ်သည်။ ၎င်းတွင် အသင့်ပါသော လုပ်ဆောင်ချက်မျိုးစုံရှိလေရာ မန်ဟို့ကို အတော်လေး ဘဝင်ခွေ့နေစေ၏။

သူသည် ခရမ်းရောင်အ‌ဆင်တန်ဆာများ ရေးထွင်းထားသော ငွေခါးပတ်တစ်ခုနှင့်အတူ ကျောက်စိမ်းဘယက်တချို့လည်း ဝယ်ခဲ့သည်။ ပစ္စည်းတစ်ခုချင်းစီမှာ အင်မတန် ဈေးကြီးလေ၏။ သူ လမ်းလျှောက်လာသောအခါ လူတိုင်းမှာ သူ့ကို သမင်လည်ပြန် မကြည့်မိဘဲ မနေကြပေ။ မန်ဟိုက ခံစားချက်များအပြည့်ဖြင့် သက်ပြင်းအရှည်ကြီးချလိုက်သည်။

ဝေ့လီသည် နှုတ်ခမ်းဆူလျက် သူ့ကျောကို ‌မျက်စောင်းထိုးရင်း နောက်မှ လျှောက်လာ၏။

"ကဲ ‌သိုလှောင်အိတ်တစ်လုံးလောက် သွားဝယ်ကြစို့" သူက အင်္ကျီလက်စကို ခါရင်း‌ ပြောသည်။ စိတ်ထဲတွင် ဝေ့လီမှာ ဟွန့်ခနဲ ‌နှာမှုတ်လိုက်၏။ ယခု သူမသည် မန်ဟို့ကို နည်းနည်းတော့ ကြောက်နေသေးသော်လည်း ယခင်နှင့်စာလျှင် မန်ဟိုနှင့် ရင်းနှီးနေပြီဖြစ်‌လေသည်။ ထို့အပြင် သူမ၏မန်ဟို့အပေါ် အမြင်မှာလည်း အောက်ခြေလွတ်နေသော ဓနရှင်ကြီးဖြစ်နေလေပြီ။

မန်ဟို သိုလှောင်ပစ္စည်းဆိုင်ထဲ ဝင်လိုက်သောအခါ သူ၏အဝတ်အစားများ၊ ချောမောခန့်ညားသော ရုပ်ရည်အပြင် သူဌေးတစ်ယောက်၏ ‌မောက်မာတင်စီးသောအငွေ့အသက်တို့က ဆိုင်ထဲရှိ လူတိုင်းကို သူ့အား တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် လှမ်းကြည့်မိလိုက်စေသည်။ ငွေထုပ်ကြီး ရောက်လာခဲ့ပြီဖြစ်ကြောင်း သိလိုက်၍ သူတို့က သူ့ကို ချက်ချင်း ဖိတ်မန္တကပြုလိုက်ကြသည်။

မန်ဟိုက လှည့်ပတ်ကြည့်ပြီးနောက် သိုလှောင်အိတ်ဆယ်လုံးဝယ်ယူလိုကြောင်း ချက်ချင်း ပြောလိုက်သည်။

သူတို့ ဆိုင်မှ ထွက်လာပြီးနောက် ‌ဝေ့လီ၏မျက်ဝန်းကလေးများမှာ မျှော်လင့်ချက်တို့ ဖြတ်ပြေးသွား၏။ သူမမှာ မအောင့်နိုင်ဘဲ မေးလိုက်တော့သည်။ "စီနီယာ ဘာလို့အများကြီးဝယ်တာလဲဟင်"

"ပျော်စရာကောင်းလို့" မန်ဟိုက တက်တက်ကြွကြွ ပြန်ဖြေသည်။

ဝေ့လီ ပါးစပ်ကလေးဟသွားသည်။ သူမသည် ရုတ်တရက် သူမအရှေ့ရှိလူမှာ သူမကို ကယ်တင်ခဲ့သူ ဟုတ်ရဲ့လားဟုပင် သံသယဝင်သွားတော့သည်။ သူကား ... လူစားထိုးခံလိုက်သည့်အလား တခြားစီဖြစ်‌နေလေပြီ။ လူစားအထိုးမခံရလျှင် မည်သည့်အတွက်ကြောင့် ဤမျှခြားနား‌သွားနိုင်မည်နည်း။

မန်ဟိုက ဝေ့လီ အံ့ဩနေသည်ကို အကျေနပ်ကြီးကျေနပ်သွားရင်း လည်ချောင်းရှင်းလိုက်သည်။ သူက သိုလှောင်အိတ်ကို ပုတ်ပြီးနောက် လက်ကိုဝှေ့ယမ်းရင်း ဘဏ္ဍာထိန်းကျိုးပုံစံအတိုင်း မေးကို မော့ထားလေ၏။

"ကဲ မှော်လက်စွပ်တစ်ကွင်းနှစ်ကွင်း သွားဝယ်ကြစို့"

မှော်လက်စွပ်ဆိုင်တွင် မန်ဟို၏ မောက်မာတင်စီးသောအငွေ့အသက်သည် ဝယ်သူများနှင့် အလုပ်သမားများအပါအဝင် ရှိရှိသမျှလူတိုင်းအား နောက်တစ်ဖန် တုန်လှုပ်သွားစေပြန်၏။ သူတို့မှာ အသက်တစ်ရှိုက်အတွင်း သူ မှော်လက်စွပ်သုံးရာ ဝယ်လိုက်သည်ကို ပါးစပ်အဟောင်းသားနှင့် ကြည့်နေကြတော့သည်။

‌မည်သည့်မှော်လက်စွပ်မဆို လုပ်ဆောင်ချက်တစ်မျိုးတည်းသာ ရှိ၏။ အလိုအလျောက်ဖောက်ခွဲခြင်း။

လက်စွပ်တစ်ကွင်းကို ပစ်ပေါက်လိုက်ရုံနှင့် ၎င်းကား ပေါက်ကွဲသွားမည်ဖြစ်သည်။ ထို့အပြင် လက်စွပ်အကွင်းသုံးရာ၏ စုပေါင်းပေါက်ကွဲအားမှာ မယုံနိုင်လောက်အောင် ကြောက်စရာကောင်းပေလိမ့်မည်။ ထိုကဲ့သို့လက်စွပ်များမှာ ဈေးကြီး၍ ဆိုင်တွင် သိပ်များများစားစား မရှိပေ။ သို့သော် မန်ဟိုသည် သူတို့တွင် ရှိသမျှအကုန် ဝယ်ဖို့ ဆုံးဖြတ်လိုက်၏။

အဆုံးသတ်တွင် သူက သက်ပြင်းသာ ချပြီး ခေါင်းတစ်ခါခါနှင့် ထွက်သွားတော့၏။ သူသည် ပင်လယ်ခံတပ်ကို ကြည့်ရင်း ဤနေရာတွင် သူ, မဝယ်နိုင်သည့်အရာဟူ၍ မရှိကြောင်း တွေးနေတော့သည်။

ဤသို့ဖြင့် မန်ဟိုသည် သူ့ကို လိုက်ပြပေးနေသော ဝေ့လီနှင့်အတူ တစ်နေကုန်ဖြုန်းပစ်လိုက်လေသည်။ မကြာမီ သတင်းများ ပျံ့လာ၏။ လူတော်တော်များများမှာ ပင်လယ်ခံတပ်တွင် ပေါ်လာခဲ့သော သူဌေးကြီးတစ်ဦးအကြောင်း ပြော‌ဆိုနေကြတော့သည်။

မကြာမီ ညနေစောင်းလာ၏။ မန်ဟို့ကို တစ်နေကုန် လိုက်ပြပေးနေရ၍ ဝေ့လီမှာ အတန်ငယ် ပင်ပန်းနေလေပြီ။ သို့သော် မန်ဟို့မျက်နှာထားအရ သူကား နေထွက်ကတည်းကအတိုင်း မပင်ပန်းသ‌ယောင်ပင်။ ဝေ့လီမှာ ခပ်ယဲ့ယဲ့သာ ပြုံးနိုင်တော့သည်။

"စီနီယာ အခု ဘယ်သွားချင်သေးလဲ"

"နေဝိညာဉ်အဖွဲ့အစည်းရဲ့ မိစ္ဆာနှလုံးသားလဲလှယ်ဆိုင်ကို သွားစို့" သူက ပြောသည်။ တစ်နေကုန်လုံး သူဌေးတစ်ယောက်လို နေထိုင်လိုသော သူ၏ဆန္ဒကို အကောင်အထည် ဖော်နိုင်ခဲ့ပြီးလေပြီ။

သူသည် လာမည့်နေ့ရက်များတွင် ထိုကဲ့သို့ဘဝမျိုးဖြင့် ဆက်လက်နေထိုင်နိုင်ရန် မျှော်လင့်နေပြီး မြောက်ကြွမြောက်ကြွဖြင့် လမ်းဆက်လျှောက်လာတော့သည်။

"စီနီယာ လမ်းမှားနေပြီ ဆိုင်က ဒီဖက်မှာ" ဝေ့လီက မန်ဟို့ကို ဆူပုပ်ပုပ်နှင့်ကြည့်ပြီး ပြောသည်။

မန်ဟိုက တုံ့ခနဲ ရပ်သွားပြီး ပြန်လှည့်လာ၏။

နေဝင်ရီတရာအခါသမယ၏ ယှက်သွေးဖြာနေသော နီစွေးစွေးရောင်ခြည်တို့ အောက်ဝယ် သူတို့နှစ်ယောက်သည် မြို့ကို ဖြတ်၍လမ်းလျှောက်လာခဲ့၏။ မန်ဟိုက အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏လက်ဆယ်ချောင်းလုံးတွင် လက်စွပ်များက ပြောင်ပြောင်ဝင်းနေ၏။ သူကား ဘယ်သူမှ လူမထင်သည့်အလား ခါးကော့ရင်မော့ပြီး ရပ်နေသည်။

သို့သော် သူသည် မကြာသေးမီက ကြက်ကန်းဆန်အိုးတိုးပြီး ချမ်းသာလာခဲ့ကြောင်း အတန်အသင့် သိသာလေသည်။

နေဝိညာဉ်အဖွဲ့အစည်း၏ မိစ္ဆာနှလုံးသားလဲလှယ်ဆိုင်သည် ပင်လယ်ခံတပ်မြို့၏ အလယ်တွင် တည်ရှိ၏။ အ‌ဆောက်အအုံမှာ လွန်စွာ ထူးဆန်းလေသည်။ ၎င်းသည် ဖြူဆွတ်နေပြီး ‌ဦးခေါင်းခွံတစ်ခုနှင့် တူသည်။ အထဲတွင် စုဝေးနေကြသူအတော်များ၏။

မှောင်ရီပျိုးနေပြီဖြစ်သော်ငြား မိစ္ဆာနှလုံးသားများအား ကျင့်ကြံရာတွင် အသုံးပြုနိုင်သော ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ဖို့အတွက် ဖောက်သည်များမှာ ဆိုင်ထဲ ဝင်လိုက်ထွက်လိုက်‌ရှိနေကြဆဲပင်။

မန်ဟို ဝင်လာသောအခါ သူ၏ ရတနာများစွာ ပြွတ်သိပ်တန်ဆာဆင်ထားသောပုံစံက အများစု၏အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်တော့သည်။

ချက်ချင်းပင် လူများ တစ်ယောက်တစ်ပေါက် ပြောလာကြသည်။

"အဲ့ဒီလူက ...."

"ငါ သူ့ကို ဒီနေ့အစောပိုင်းတုန်းက မြင်ခဲ့ဖူးတယ်။ သူက ငါ မင်းကို ခုနက ပြောနေတဲ့ အရမ်းချမ်းသာတဲ့သူဆိုတာလေ။ သူက မှော်လက်စွပ်စံအိမ်ကို သွားပြီး အသက်တစ်ရှိုက်တည်းနဲ့ မှော်လက်စွပ်သုံးရာကျော် ဝယ်သွားတာ"

"ဒီတော့ အဲ့‌ဒါ သူပေါ့။ ပင်လယ်ခံတပ်က ဆိုင်အများစု ဒီနေ့ လုံးဝပစ္စည်းပြတ်သွားတယ်လို့ ကြားတယ်"

"သူက ဘယ်သူလဲ။ သူ့မှာ ဘယ်လိုလုပ် ဒီလောက်မိစ္ဆာနှလုံးသားအများကြီး ရှိနေတာလဲ"

မန်ဟို့မျက်နှာအမူအရာမှာ ပုံမှန်အတိုင်းပင်။  သူက ဆိုင်ထဲဝင်ပြီး ဘေးဘီဝဲယာကို ကြည့်ရင်း နောက်ဆုံးတွင် နေဝိညာဉ်အဖွဲ့အစည်းဂိုဏ်းသားတစ်ယောက်ကို မြင်လိုက်လေသည်။ ထိုလူက မန်ဟို သူ့အား ကြည့်နေသည်ကို မြင်သောအခါ ကပျာကယာ ချဉ်းကပ်လာပြီး လက်ယှက်၍အရိုအသေပေးလိုက်သည်။

"ဂါဝရပြုပါတယ် စီနီယာ။ မိစ္ဆာနှလုံးသား ဘယ်လောက်နဲ့ လဲလှယ်ချင်လို့ပါလဲ။ ပမာဏနည်းရင်ဝောာ့ ကျုပ် ကူညီပေးနိုင်ပါတယ်။ ပမာဏများရင်တော့ .... ဒုတိယအထပ်က ဂိုဏ်းအကြီးအကဲတစ်ဦးဆီ ခေါ်သွားပေးနိုင်ပါတယ်"

"ဒါဆိုလဲ ဒုတိယအထပ်ပေါ့" မန်ဟိုက အေးအေးဆေးဆေး ပြောသည်။

ဤအခြင်းအရာကို ကြားသောအခါ နေဝိညာဉ်အဖွဲ့အစည်းဂိုဏ်းသား၏မျက်လုံးများ တလက်လက် တောက်ပလာသည်။ သူက ဂိုဏ်းအကြီးအကဲတစ်ဦးဆီသို့ အလျင်အမြန် သတင်းပို့လိုက်ပြီး တစ်ချိန်တည်းမှာပင် မန်ဟို့ကို လှေကားဆီသို့ ခေါ်သွားတော့သည်။

လူတိုင်း စောင့်ကြည့်နေစဉ် မန်ဟိုနှင့်ဝေ့လီသည် ဒုတိယအထပ်သို့ တက်သွား၏။ သူတို့ ရောက်သည်နှင့် ဆံဖြူအဘိုးကြီးတစ်ဦးက ပြုံးလျက် ထွက်လာသည်။

"ကျုပ်က စွန်းယွင်လျန်းပါ ဂါဝရပြုပါတယ် တာအိုရောင်ရင်း" သူသည် မန်ဟို၏အဝတ်အစားများနှင့် သူ၏လက်ချောင်းများအပေါ်ရှိ လက်စွပ်များကို မြင်သောအခါ မည်သည့်လူစားမျိုးနှင့် ရင်ဆိုင်နေရကြောင်း သိလိုက်ရ၏။ "လာ လာ ကျေးဇူးပြုပြီး ကြွပါ" သူက မန်ဟို့ကို ထိုင်ခုံတစ်လုံးဆီသို့ ခေါ်သွားပြီးနောက် သူ့ကို လက်ဖက်ရည်ဆက်ရန် လက်ဖက်ရည်အိုးများနှင့် အစေခံမိန်းကလေးနှစ်ယောက် ပေါ်လာသည်။

"ဒါက ဒေသထွက် မိုးပင်လယ်လက်ဖက်ရည်ပါ" စွန်းယွင်လျန်းက ပြုံးရင်း ရှင်းပြသည်။ "ပတ်လမ်း(၂)မှာပဲ ပေါက်ရောက်ပြီးတော့ ထုတ်လုပ်ပေးနိုင်တဲ့ မိခင်သစ်ပင် ခုနစ်ပင်ပဲ ရှိတယ်။‌ တစ်ခွက်‌လောက် သုံးဆောင်ကြည့်ပါဦးလား တာအိုရောင်ရင်း။ ဘယ်လိုထင်လဲ"

မန်ဟိုက ပြုံးပြီး လက်ဖက်ရည်ကို အကဲခတ်ရန် ခွက်‌ကိုမြှောက်လိုက်သည်။ သူသည် တစ်ငုံသောက်ပြီး မျက်လုံးများ ရီဝေသွားပြီး မျက်နှာအမူအရာ ဝင်းပသွား၏။ သူ၏စာပေသမားဆန်သောအရှိန်အဝါမှာ ရုတ်တရက် သိသာထင်ရှားလာလေသည်။ ယခုလို ချမ်းသာကြွယ်ဝနေသည့်တိုင် ၎င်းအား ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။ သူကား ရုတ်တရက် လူစားထိုးခံလိုက်ရသည့်အလားပင်။ သူ့မျက်ဝန်းများထဲရှိ ရီဝေနေမှုမှာ ပျောက်ကွယ်သွားပြီးနောက် လေးစားမှုတို့ဖြင့် တောက်ပလာတော့သည်။

"အာ အတိတ်နဲ့ ပစ္စုပ္ပန်ရဲ့ ပူဆွေးသောကတွေကို သန့်စင်ဆေးကြောပြီး စိတ်နှလုံးကို ကြည်လင်လန်းဆန်းသွားစေတဲ့ ... လက်ဖက်ရည်ပါပဲ" မန်ဟိုက ပြောသည်။

စွန်းယွင်လျန်းက တောက်ပစွာ ပြုံးလိုက်ပြီး ထူးဆန်းသောအလင်းရောင်တစ်ခု မျက်လုံးများတွင် တောက်ပလာသည်။ ပထမတစ်ချက်ကြည့်လိုက်ရုံနှင့် မန်ဟိုသည် လောလောလတ်လတ်မှ ချမ်းသာလာခဲ့ကြောင်း သူ ပြောနိုင်၏။ မန်ဟို ယခု ထုတ်လွှတ်နေသော အငွေ့အသက်က အဘိုးကြီးကို ရုတ်တရက် စောစောကအမြင်အပေါ် မေးခွန်းထုတ်မိသွားစေသည်။

ဝေ့လီက မန်ဟို့ကို တအံ့တဩ ကြည့်လိုက်သည်။ ယခုလေးတင် ဖြစ်ပျက်သွားသောအရာက သူမအား သူစိမ်းတစ်ယောက်ကို မြင်နေရသည့်အလား တွေးလိုက်မိစေသည်။

ဤအခိုက်အတန့်တွင် စွန်းယွင်လျန်းက မန်ဟို့ကို တည့်တိုးမေးလိုက်သည်။ "တာအိုရောင်ရင်း၊ မိစ္ဆာနှလုံးသားနဲ့ ဘယ်လောက်လဲဖို့ ဒီရောက်လာတာလဲ။ ဒီနေ့ လဲလှယ်နှုန်းက မိစ္ဆာနှလုံးသားတစ်တုံးကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ခြောက်ရာပါ"

မန်ဟိုက ပြန်ဖြေရန် ပြင်လိုက်စဉ် ရုတ်တရက် ပထမအထပ်မှ ဒုတိယအထပ်သို့ တက်လာသော ခြေသံများ၊ စကားသံများကို ကြားလိုက်ရလေသည်။

"မစိုးရိမ်ပါနဲ့ လူကြီးမင်း။ စိတ်မပျက်စေရဘူးလို့ ကျုပ်၊ ကျိုး ကတိပေး‌တယ်။ အဆင့်နိမ့်မိစ္ဆာနှလုံးသားတစ်တုံးကို ဝိညာဉ်ကျောက်တုံးခုနစ်ရာနဲ့ လဲလှယ်ပေးပါ့မယ်"

ဤအသံကို ကြားသောအခါ မန်ဟိုက စကားဆက်မပြောမိအောင် လျှာကိုကိုက်‌လိုက်လေသည်။ သူက လက်ဖက်ရည်ခွက်ကို မြှောက်၍ တစ်ငုံသောက်လိုက်၏။

စွန်းယွင်လျန်းက မျက်နှာကြီးမဲ့သွားပြီး လှေကားထံသို့ စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။

***

All Chapters