အပိုင်း(၃၆၉)
Vol. 25 Ch. 369
ရှစ်ဖုန့်က ဇီယာ၏ရှေ့သို့လျှောက်သွားလိုက်သည်။ သူ၏မျက်နှာအား ခရမ်းရောင်အကြေးခွံတို့ပိုပို၍
ဖုံးလွှမ်းလာသော ဇီယာ၏မျက်နှာလေးနှင့်မျက်နှာ
ချင်းဆိုင်လိုက်သည်။ချက်ချင်းပဲ ရှစ်ဖုန့်က သူ၏ဝိညာဉ်စွမ်းအားအားအသက်သွင်း
လိုက်သည်။ သူ၏မမြင်နိုင်သောဝိညာဉ်စွမ်းအားက ဇီယာ၏မျက်ခုံးနှစ်ကြားနေရာ
လွတ်ထံသို့တစ်ဟုန်ထိုးဦးတည်သွားပြီး
သူမ၏ ဝိညာဉ်အတွင်းဝင်ရောက်သွားသည်။
သူ့အနေဖြင့် အကန့်သတ်မဲ့သော အမှောင်ထု၏ ဝန်းရံခြင်းအားခ
ံလိုက်ရသည်ဟု ရှစ်ဖုန့်ချက်ချင်းခံစားလိုက်ရသည်။
ထို့နောက်တွင် အမှောင်ထုအတွင်း မှတ်ဉာဏ်အပိုင်းအစများက ရုပ်ရှင်ပြကွက်တစ်ခုကဲ့သို့ပေါ်လာသည်။ ယင်းတို့မှာ မြွေလူသားမျိုးနွယ်
မှကောင်မလေး ဇီယာ၏ မှတ်ဉာဏ်များဖြစ်ကြသည်။
သို့သော်ရှစ်ဖုန့်အနေဖြင့် ဇီယာ၏မှတ်ဉာဏ်များအား မကြည့်ရှုခဲ့ပေ။ လူတိုင်းတွင်သူတို့၏ လျှို့ဝှက်ချက်များရှိကြသည်ဖြစ်သည်။
သူယခုလုပ်ဖို့လိုအပ်သည်က ဇီယာ၏ဝိညာဉ်ကမ္ဘာအတွင်း ဇီယာ၏ဝိညာဉ်တည်ရှိရာနှင့် ကျိလီမြွေခန္ဓာတည်ရှိရာတို့အား
ရှာဖွေရန်ဖြစ်သည်။
ရှစ်ဖုန့်က ဝိညာဉ်စွမ်းအားအားဦးတည်
ချက်ပေါင်းစုံသို့ဖြန့်ထုတ်ပစ်လိုက်သည်။
ထို့နောက်တွင် ဝိညာဉ်အတက်အကျစွမ်းအင်တို့အား ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
“ဟိုမှာပဲ”
ရှစ်ဖုန့်က အသံနိမ့်ဖြင့်အော်ပြောလိုက်သည်။
သူ၏ဝိညာဉ်က ဖျက်ခနဲဖြစ်သွားပြီး ဝိညဉ်စွမ်းအင်အတက်အကျတို့
အားအာရုံခံမိရာ အမှောင်ထုနေရာဆီသို့တစ်ဟုန်
ထိုးဦးတည်သွားလိုက်သည်။
“ရှူး”
“ရှူး”
ရှစ်ဖုန့်အနေဖြင့် ဝိညာဉ်စွမ်းအင်အတက်အကျ
တို့ဖြစ်ပေါ်လာနေသော နေရာနှင့် နီးသည်ထက်နီးကပ်လာခဲ့ပြီဖြစ်သည်။
ဝိညာဉ်စွမ်းအင်အတက်အကျနှင့်ယှဉ်တွဲ၍ ဧရာမမြွေတစ်ကောင်၏နှာမှုတ်
သံကိုလည်းကြားနိုင်သည်ဖြစ်သည်။
မြင့်မားသောအမြန်နှုန်းဖြင့်ပျံသန်းနေသော ရှစ်ဖုန့်မှာ မကြာခင်တွင် သူ၏ရှေ့တွင်ရှိနေသော အမှောင်ထုဟင်းလင်းပြင်ထဲ၌ ကြီးမားသော တောင်တစ်လုံးကဲ့သို့ ရှိသည့်ခရမ်းရောင်မြွေတစ်ကောင်က ရစ်သီရစ်သီလုပ်နေသည်ကိုတွေ့ရသည်။ ၎င်း၏ဧရာမခန္ဓာကိုယ်ကြီးအပြင် ကြမ်းကြုတ်သာ ခရမ်းရောင်မြွေခေါင်းနှင့် ၎င်းပေါ်တွင် ခရမ်းရောင်ဦးချိုတစ်ချောင်း
ယှဉ်တွဲပါရှိပြီး လက်ဖဝါး
အရွယ်အစားရှိသော အကြေးခွံများကလည်း၎င်း
၏ကိုယ်ပေါ်တွင်ရှိသည်ဖြစ်သည်။ ၎င်း၏ပုံပန်းသွင်ပြင်က ဇီယာ ပုံစံပြောင်းလဲတုံးက ပုံစံနှင်တစ်ထေရာတည်း
တူညီမှုရှိသည်ဖြစ်သည်။
ဤအချိန်တွင် ခရမ်းရောင်မြွေကြီးက ၎င်း၏ပါးစပ်ကြီးကိုဖွင့်ဟ၍ ကြီးမားပြီးနက်ရှိင်းသော အနက်ရောင်တွင်းပေါက်ကြီးနှင့် တံခါးအရွယ်အစားရှိပြီး ကြမ်းကြုတ်ကာအဖြူရောင်အဆင်းရှိသော ဓားကဲ့သို့ထက်ရှသည့်အေး
စက်သာအလင်းရောင်ကိုထုတ်
လွှတ်နေသကဲ့သို့ဖြစ်ပေါ်နေသည့် သွားစွယ်တန်းနှစ်ခုကိုလှစ်ဟာပြထားသည်။
ရှစ်ဖုန့်က ဧရာမခရမ်းရောင်မြွေကြီးထံသို့ တစ်ချက်ကြည့်လိုက်ပြီး ဇီယာ၏ဝိညာဉ်တည်နေရာအား ရှာဖွေရန်ကြိုးစားလိုက်သည်။
ထို့နောက်တွင် ဧရာမခရမ်းရောင်မြွေကြီး၏ ခန္ဓာကိုယ်အတွင်း၌ထွေး
ပတ်ရစ်ခွေခြင်းခံထားရသော သေးငယ်သည့်ပုံရိပ်လေး
ကိုတွေ့လိုက်ရသည်။ ဧရာမခရမ်းရောင်မြွေကြီး
နှင့်နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သေးငယ်သောပုံရိပ်လေးက ပုရွက်ဆိတ်သေးသေးလေး
တစ်ကောင်ကဲ့သို့ဖြစ်နေသည်။
“ဇီယာ”
ဇီယာ၏ဝိညာဉ်ကနာကျင်မှု
တို့ဖြင့်ပြည့်နှက်နေသည်ကို
တွေ့လိုက်ရပြီးတော်တော်
လေးအားနည်းနေသည်ကိုရှစ်ဖုန့်ခံစားမိသည်။ သူကအလျှင်အမြန်ဧရာမ
ခရမ်းရောင်မြွေကြီးထံသို့ ရွှတ်ခနဲဝင်ရောက်သွားသည်။ ကံကောင်းစွာဖြင့်သူက ကောင်မလေး၏ဝိညာဉ်အ
တွင်းဝင်ရောက်ခဲ့မိသည်ဖြစ်သည်။ သူမ၏ဝိညာဉ်က ဧရာမခရမ်းရောင်မြွေကြီးအား မယှဉ်ပြိုင်နိုင်ပေ။ ဤသို့သာဆက်လက်ဖြစ်နေမည််ဆိုလျှင် မကြာခင်သို့မဟုတ်နောက်ပိုင်း၌သူမ၏ ဝိညာဉ်မှာ ဧရာမ ခရမ်းရောင်မြွေကြီး၏ ဖျက်ဆီးမှုကိုခံရပြီး သူမ၏ခန္ဓာကိုယ်က သိမ်းပိုက်ခံရလိမ့်မည်ဖြစ်သည်။
“ဟင့်အင်း..နင်ဒီလိုလုပ်လို့မရဘူး”
ဧရာမ ခရမ်းရောင်မြွေကြီးထံသို့ တစ်ဟုန်ထိုးဝင်ရောက်လာသော
ရှစ်ဖုန့်မှာ ခရမ်းရောင်မြွေကြီး၏ရစ်ပတ်
မှုကိုခံထားရသော သေးငယ်သည့်ပုံရိပ်လးထံမှ လက်သင့်မခံမှုနှင့်ဒေါသထွက်
သောအော်သံတစ်ခုအား ရုတ်တရက်ကြားလိုက််ရသည်။
ထို့နောက် အနက်ရောင်အလင်းတစ်ခုက ဇီယာ၏ကိုယ်ပေါ်တွင်လင်းလက်လာသည်။ အကယ်၍ရှစ်ဖုန့်သာမမှားဘူးဆိုလျှင် ဇီယာ၏ကိုယ်ပေါ်တွင်ရှိနေသော အနက်ရောင်အလင်းမှာ ကြယ်ခြောက်ပွင့်အမှောင်အစီအရင်မှ စွမ်းအင်များဖြစ်သည်ဖြစ်သည်။ ထို့နောက်အနက်ရောင်အလင်း
၏အောက်တွင် ဧရာမ ခရမ်း
ရောင်မြွေကြီးမှာ နိုးကြွလာပုံရသည်။၎င်းက ကြမ်းကြုတ်ခက်ထန်စွာဟိန်း
ဟောက်လိုက်ပြီး အားကောင်းစွာနိုးကြွလာသကဲ့သို့ ၎င်း၏ ဧရာမကိုယ်ကြီးမှာ တုန်ယင်လာသည်။
သို့သော်ထို့နောက်တွင် ဧရာမခရမ်းရောင်မြွေကြီး၏ကိုယ်သည်လည်းအနက်ရောင်အလင်းတို့လင်းလက်လာပြီး
၎င်း၏ အရှိန်အဝါကတစ်ဟုန်ထိုး
မြင့်တက်လာသည်။
အစောပိုင်းက ရှစ်ဖုန့်ရောက်ရှိလာသောအခါတွင် ဧရာမခရမ်းရောင်မြွေကြီး၏ စွမ်းအားက အထွတ်အထိပ်ကြယ်ကိုးပွင့် အင်ပါယာနယ်ပယ်စွမ်းအားနှင့်
တူညီသည်ဖြစ်သည်။ယခု အနက်ရောင်အလင်း၏အောက်တွင် ၎င်းသည်ဘိုးဘေးနယ်ပယ်စွမ်း
အားသို့ရောက်ရှိလာခဲ့သည်ဖြစ်သည်။
ကြယ်ခြောက်ပွင့်အမှောင်ရှေး
ဟောင်းအစီအရင်အား အသက်သွင်းလိုက်သောအခါတွင် ၎င်းက ဇီယာ၏ကိုယ်တွင်ဆီးလ်ခတ်ထားသော ခရမ်းရောင်မြွေ၏စွမ်းအား
ကိုလည်းအသက်သွင်းစေသည်ဖြစ်သည်။ ဇီယာကလည်း ကြယ်ခြောက်ပွင့်အမှောင်
ရှေးဟောင်းအစီအရင်၏ စွမ်းအားအားစုပ်ယူခဲ့သော်လည်း ကြယ်ခြောက်ပွင့်အမှောင်
ရှေးဟောင်းအစီအရင်၏စွမ်းအားက ခရမ်းရောင်မြွေထံသို့ အဓိကတိုက်ရိုက်ဦးတည်သည်ဖြစ်သည်။ ခရမ်းရောင်မြွေထံမှထုတ်လွှတ်သော အနက်ရောင်အလင်းက ဇီယာထက်အဆများစွာအား
ကောင်းသည်ဖြစ်သည်။ဖျက်ခနဲဆိုသလို ဇီယာ၏ကိုယ်ပေါ်တွင်ရှိနေ
သောအနက်ရောင်အလင်းမှာ ဧရာမခရမ်းရောင်မြွေကြီး
ကြောင့်လောင်းရိပ်မိခံလိုက်ရ
သလိုဖြစ်သွားသည်။
“သူတောင်းစားအိုကြီးကတော့ မသိတာပဲလား ဒီသခင်လေးကိုလိမ်လိုက်တာ
ပဲလားတစ်ခုခုပဲ… ရှေးဟောင်းအစီအရင်ကိုအ
သက်သွင်းတဲ့အခါ အဲ့တာက ဇီယာကိုယ်ထဲက ခရမ်းရောင်မြွေကိုလည်းအသက်သွင်းလိုက်တယ်… ခရမ်းရောင်မြွေရဲ့စွမ်းအားက ပိုပြီးအားကောင်းသထက်ကောင်းလာပြီ.. ဒီလိုသာရင် အဲ့တာက ဒီကောင်မလေးရဲ့ကိုယ်ကိုသေချာပေါက်ယူသွားတော့မယ်..ပြီးတော့ ဒီကောင်
မလေးကလည်း အဲ့တာရဲ့စွမ်းအားကိုရဖို့ကိုအသာထားအုံး ခရမ်းရောင်မြွေကိုထိန်းချုပ်
နိုင်မှာတောင်မဟုတ်ဖူး”
ရှစ်ဖုန့်တစ်ယောက်အေးစက်စွာ
အော်ပြောလိုက်သည်။ချက်ချင်းဆိုသလို ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အား ခရမ်းရောင်မြွေထံသို့ထုတ်ဖော်၍
တိုက်ခိုက်လိုက်သည်။
ခရမ်းရောင်မြွေ၏စွမ်းအားက အဆက်မပြတ် မြင့်တက်နေသည်။ဘယ်အချိန်မှ ၎င်း၏ အကန့်အသတ်သို့ရောက်ရှိမည်အား မည်သူမျှမသိကြချေ။ထို့ကြောင့်၎င်းအား ဖြစ်နိုင်သမျှအမြန်ဆုံးဖျက်ဆီး
ရမည်ဖြစ်သည်။ရှစ်ဖုန့်အနေဖြင့်
မြွေလူသားမျိုးနွယ်၏ ရှေးဟောင်းနတ်ဘုရားကိုယ်ပွား
ဆိုသည်အားဂရုစိုက်ခြင်းမရှိပေ။
ရှစ်ဖုန့်အနေဖြင့် သူ၏မိတ်ဆွေအား နာကျင်အောင်ပြုလုပ်သော မကောင်းဆိုးဝါးမြွေအား ဖျက်စီးပစ်ချင်စိတ်တစ်ခုတည်း
သာရှိသည်ဖြစ်သည်။
“ရှူး”
နှာမှုတ်သံတစ်ခုက
မှောင်မိုက်သောနေရာအား ဖြတ်သန်း၍ ပဲ့တင်ထွက်ပေါ်လာသည်။
အဆင့်ခုနှစ်ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်၏
တိုက်ခိုက်မှုအောက်တွင် ဧရာမခရမ်းရောင်မြွေကြီးက ကောင်းကင်ထဲသို့မော့ကြည့်လိုက်သည်။ ၎င်း၏မျက်နှာထက်တွင်
နာကျင်မှုများဖြင့်ပြည့်နှက်နေပြီး ၎င်း၏အနက်ရောင်အလင်း
တို့လင်းလက်နေသော ခန္ဓာကိုယ်မှာ ပြင်းထန်စွာတွန့်လိမ်နေသည်။
ဤအခိုက်အတန့်အား အခွင့်ကောင်းရယူပြီး ရှစ်ဖုန့်၏ဝိညာဉ်က ဧရာ မမြွေကြီး ပေါ်သို့လှစ်ခနဲပြေးဝင်သွားသည်။ သူကဇီယာ၏ဝိညာဉ်အားလက်မောင်းအတွင်းပွေ့ဖတ်ထားပြီး အပေါ်သို့ထိုးတက်လိုက်သည်။
ခရမ်းရောင်မြွေကြီး၏တင်းကျပ်စွာ ရစ်ပတ်ခြင်းခံထားရသော
ဇီယာ၏ကိုယ်မှာပြေလျော့လာသည်။ သူမကချက်ချင်းပဲအသိပြန်
ဝင်လာပြီးသူမအား တစ်စုံတစ်ယောက်ကကိုင်ထားကာ အပေါ်သို့ထိုးတက်နေသည်ကိုတွေ့
လိုက်ရသည်။ သူမကလှည့်၍ ထိုလူအားကြည့်လိုက်သောအခါတွင် ဇီယာတုန်လှုပ်အံ့အားသင့်သွားသည်။
“အကို..ရှစ်ဖုန့်…တကယ်ပဲ အကိုပဲလား”
ဤအရာအားလုံးက ဇီယာအား အိမ်မက်မက်နေသကဲ့သို့ခံစားရစေသည်။
ယင်းကတော်တော်လေးကို စစ်မှန်မှုမရှိသည်ဖြစ်သည်။
“ဒါ.ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..
ဒါကအိမ်မက်တစ်ခုပဲဖြစ်ရမယ်”
“လူတွေသေခါနီးအချိန်ကျရင် စိတ်အာရုံခြောက်ခြားပြီးထင်ယောင်ထင်မှားတွေဖြစ်တတ်တယ်လို့ငါကြားဖူးတယ်..
သူတို့အမြင်တွေ့ချင်ဆုံးသူတွေ အလုပ်ချင်ဆုံးသောအရာတွေပေါ်လာတယ်တဲ့..ငါတကယ်ပဲသေတော့မှာလား..
အဲ့လိုထင်တာပဲ…ငါအမြင်တွေ့ချင်ဆုံးသူကိုမြင်တွေ့နေရပြီ…ငါက သူ့လက်မောင်းထဲမှာတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ခံထားရတယ်.. ဒါကငါအလိုချင်ဆုံးသောအရာပဲ”
ထို့နောက်ဇီယာ၏မျက်နှာထက်
တွင်မသိလိုက်ပါဘဲ ပျော်ရွှင်သောအပြုံးတစ်ခုကလွှမ်းခြုံလာသည်။ ဤအချိန်၌ သူမတကယ်ပဲ အရမ်းပျော်ရွှင်မှုကိုခံစားရသည်။
ယင်းကပျော်ရွှင်သောအဆုံးသတ်ဖြင့်သေခြင်းသို့ပြောင်းလဲခြင်းပင်ဖြစ်သည်။
“ကောင်မလေး မင်းဘာတွေကိုစဉ်းစားနေတာလဲ..
ဒီအချိန်မှာတောင်ဘယ်လိုဖြစ်ပြီးတော့ပြုံးနိုင်ရတာလဲ”
ဤအချိန်တွင်ရှစ်ဖုန့်ကသူ၏
လက်မောင်းအတွင်းရှိနေသော ကောင်မလေးအားတစ်ချက်ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောလိုက်သည်။
ဤကဲ့သို့ဘေးကျပ်နံကျပ်အခြေအ
နေမျိုးဖြင့်သူမ၏ဝိညာဉ်အားဝါးမျိုခြင်းခံရတော့မည်အချိန်တွင် ပင် ဤကောင်မလေး ပြုံးနိုင်လိမ့်မည်ဟုသူမထင်ထားခဲ့ပေ။
အစောပိုင်းက ခရမ်းရောင်မြွေ၏ အရှိန်အဝါက ထပ်မံ၍ မြင့်တက်လာသည်ကိုရှစ်ဖုန့်ခံစား
မိသည်ဖြစ်သည်။ဤအချိန်၌ ခရမ်းရောင်မြွေမှာ အနည်းဆုံး ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်
အဆင့်သို့ရောက်ရှိနေပြီဖြစ်၏။ ယင်းအကန့်သတ်မရှိသေအခြေမဲ့တွင်းကြီးနှင့်တူညီသည်ဖြစ်သည်။
“အား..ရှင်”
ဇီယာတစ်ယောက်တုန်လှုပ်အံ့အားသင့်သွားသည်။သူကစကားပြောနိုင်ပြီးသူ၏စကားတို့က အရမ်းကိုရှင်းလင်းပြီး အရမ်းကိုစစ်မှန်နေလွန်းသည်ဖြစ်သည်။
သူကသူမ၏ရှေ့တွင်အရမ်းကို စစ်မှန်မှုရှိလွန်းသည်ဖြစ်၏။
ဤအချိန်၌ ရှစ်ဖုန့်၏ မျက်နှထားက ရုတ်ခြည်းထပ်မံ၍ လေးနက်လာသည်။သူက
အော်ပြောလိုက်သည်။
“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်”
ရှစ်ဖုန့်၏ဝိညာဉ်တိုက်ခိုက်မှုမှပြန်လည်၍သက်သာလာသော ခရမ်းရောင်မြွေကြီးက၎င်း
၏ကြီးမားသောပါးစပ်အားဖွင့်ဟပြီး ရှစ်ဖုန့်နှင့်ဇီယာအားကိုက်လိုက်သည်။ရှစ်ဖုန့်၏ ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က မြွေကြီးအားထပ်မံ၍တိုက်ခိုက်လိုက်သည်။
“ရှူး”
ဆက်ရန်….
ဘာသာပြန်သူ-ARISE