လက်ဆောင်တစ်ခု
Vol. 9 Ch. 113
ခြံဝင်းထဲတွင်ကား မီးခိုးရောင်ဝတ်လူကြီးက ဇူယွမ်ကို စူးစိုက်ကြည့်ကာ ပြုံးနေခဲ့၏။ ထို့နောက် လူကြီးက ပြောသည်…
“ကောင်လေး ၊ မင်းက ကြီးမြတ်သောဇူအင်ပါယာရဲ့လူငယ်မျိုးဆက်တွေထဲမှာထိပ်ဆုံးကမလား။ ”
ဇူယွမ်က ကိုယ့်ကိုကိုယ် ရယ်သွမ်းသွေးသော အမူအရာဖြင့် ပြောသည်…“ဒီဇူအင်ပါယာဆိုတာက ကမ္ဘာကြီးရဲ့ထောင့်တစ်နေရာက သေးငယ်တဲ့ အစက်အပြောက်လေးသာသာပါဘဲ။ ဒီနေရာမှာပဲ အကောင်းဆုံးဖြစ်နေတယ်လို့ဆိုလိုတာ မဟုတ်လား။”
မီးခိုးရောင်ဝတ်လူကြီးက သွားပေါ်အောင် ပြုံးလိုက်ပြီး ဆက်ပြောသည်....“အနည်းဆုံးတော့ မင်းက ကိုယ့်ကိုကိုယ်တော့ နည်းနည်းသိသေးတယ်။ ငါယုံကြည်တာကတော့ မင်းရဲ့ကြီးမြတ်သောဇူအင်ပါယာရဲ့ရန်သူဟောင်းက ဝူအင်ပါယာပဲမလား။ မင်းအတွက် ခုရင်ဆိုင်နေရတဲ့ အသန်မာဆုံးရန်သူက ဝူအင်ပါယာရဲ့စပါးအုံးမြွေနဲ့စာကလေးမလား။”
“ ဟက်… ခုတော့ သူတို့က စပါးအုံးမြွေနဲ့စာကလေးလို့ ခေါ်ဖို့သိပ်တော့မသင့်တော့ဘူး။” ထိုနှစ်ကောင်က ယခုတွင် သူတို့၏အတောင်ပံများကို စစ်မှန်သော နဂါးနှင့်ဖီးနစ်ကဲ့သို့ ဖြန့်ကျက်ကာ အမြင့်သို့ ပျံသန်းရန် စတင်ပြီးဖြစ်သည်။
မီးခိုးရောင်ဝတ်လူကြီးက သူ၏နောက်မှီကို ရှုံ့တွနေသောလက်များဖြင့် အနည်းငယ်ခေါက်လိုက်ကာ ဆက်ပြောသည်။ “ ကြီးမြတ်သောဝူအင်ပါယာရဲ့
အိမ်ရှေ့စံမင်းသားဝူယောင်က ကောင်းကင်ဘုံတံခါးထိပ်ဆုံးအဆင့်ကိုရောက်နှင့်နေပြီး ဖြစ်တယ်။”
ထိုအဆင့်က မူလစဦးအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုပေတော့သည်။
ဇူယွမ်၏မျက်လုံးသငယ်အိမ်ကအနည်းငယ်ကြုံသွားကာ တွေးမိသည်…
“ ဝူယောင်ရဲ့အဆင့်ကကောင်းကင်ဘုံတံခါးအဆင့်ထိပ်ဆုံးကိုရောက်သွားပီလား”
ထိုအရာက သူ့အတွက်အမှန်တကယ် ဝေးကွာနေသေးသော အဆင့်ဖြစ်၏။
ဇူယွမ်က ချီဘုရင်ပုန်ကန်မှု၌ မူလစဦးအဆင့်ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သော်လည်း သူကပြင်ပစွမ်းအားကိုငှားရမ်းနိုင်ခြင်းကြောင့်သာဖြစ်ကြောင်း ရှင်းလင်းစွာသဘောပေါက်ပေသည်။ ငွေရောင်အရိပ်သာ မရှိခဲ့လျင် သူက မူလစဦးကျွမ်းကျင်သူတစ်ယောက်၏သတ်ဖြတ်ခြင်းကို အလွယ်တကူခံရပေမည်။ ဇူယွမ်၏အဆုံးစွန်စွမ်းအားက စပါးအုံးချီနဲ့နဂါးဒေါသအဆိပ်၏အကူအညီဖြင့် ဆိုလျင်ပင် သာမန်ကောင်းကင်ဘုံတံခါးကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်နိုင်ရုံသာရှိပေသည်။
ကောင်းကင်ဘုံတံခါးထိပ်ဆုံးအဆင့်ကျွမ်းကျင်သူတစ်ယောက်ကို ရင်ဆိုင်ဖို့က ဆယ်ရာခိုင်နှုန်းပင်ရှိမည် မဟုတ်ပေ။ ငွေရောင်အရိပ်၏အကျိုးသက်ရောက်မှုက ကြီးမားသဖြင့် သူကသေခြင်းရှင်ခြင်းအခြေအနေ မဟုတ်လျင်မသုံးရဲပေ။ ထပ်မံ၍ ပြောရမည်ဆိုလျှင် ဝူဟောင်က သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်သောကြောင့် နှစ်ခါပြန်စဉ်းစားစရာမလိုအပ်ပေ။ သူသိသလောက် ဝူယောင်က သူ့ထက်ကျင့်ကြံမှုအဆင့်ပိုမြင့်သောသူများနှင့်ပင်ယှဉ်နိုင်သော အကြမ်းပတမ်းကောင် ဖြစ်သည်။ ပြောကြသည်မှာ သူကကောင်းကင်ဘုံတံခါးထိပ်ဆုံးအဆင့်ဖြင့် မူလစဦးအဆင့်တစ်ယောက်ကိုသတ်ဖြတ်နိုင်ခဲ့ပေသည်။
သူ့၏ သတ်ဖြတ်နိုင်မှုကပင် သူ့ပင်ကိုယ်စွမ်းရည်ဖြစ်သည်။
“သူနဲ့ယှဉ်ရင် မင်းကချို့တဲ့နေမှာကို ငါစိုးမိတယ်။” လူကြီးကကြောင်တစ်ကောင်လိုလှောင်ပြုံး၏။ မီးခိုးရောင်ဝတ်စုံနှင့်လူကြီးက စနောက်လှောင်ပြောင်နေသော်လည်း ဇူယွမ်၏ အမူအရာကတော့တည်ငြိမ်နေခဲ့သည်။ သူကဝူအင်ပါယာ၏အိမ်ရှေ့စံကို ဘယ်တုန်းကမှ အထင်မသေးခဲ့ပေ။နောက်ပိုင်းကျင့်ကြံမှုအရင်းအမြစ်များ ရလာသောအခါတွင်တော့ သူ့ထက်ပိုသန်မာလာပေလိမ့်မည်။ ချီကျင့်ကြံမှုမှာတော့ မူလအစတည်းကနည်းလမ်းများ၊ လက်နက်များ၊ အခြားအရာများကသာမန် မဟုတ်ခဲ့ပေ။ ထိုသို့သော အကျိုးကျေးဇူးကို စုဆောင်းနိုင်မှုက သူ့ထက်ကျင့်ကြံမှုအဆင့်သာသောလူဖြင့် ယှဉ်ပြိုင်နိုင်စေပေလိမ့်မည်။
“ စီနီယာညွှန်ပြတဲ့သူရဲ့သတင်းကြောင့် ကျွန်တော် စိတ်ဓာတ်ကျမှာမဟုတ်ဘူး။မှန်တယ်မလား။”
မီးခိုးရောင်ဝတ်ရုံနှင့်လူကြီးက ခေါင်းခါလိုက်ပြီး ပြောသည်… “ ကြီးမြတ်သောဇူအင်ပါယာဟာငှက်လှောင်အိမ်သာသာဘဲရှိတယ်။”
ကောင်းကင်ဘုံကိုးခုအပေါ်၌ မြင့်မားစွာပျံသန်းမည့် သိမ်းငှက်တစ်ကောင်အတွက်တော့
ကြီးမားမြောက်မြားစွာသောမုန်တိုင်းများ၊ အခက်အခဲများကို ရင်ဆိုင်နိုင်မှဖြစ်ပေမည်။ ထိုကဲ့သို့သော လှောင်အိမ်သေးသေးလေးထဲတွင် နေထိုင်ခြင်းက တစ်စုံတစ်ယောက်၏
ပါရမီကို လျော့ကျစေပြီး အမြင်ကိုလည်း အကန့်အသတ်ဖြစ်စေပေသည်။ သူ အဆုံးစွန်အထိ ရောက်နိုင်သည်မှာ သာမညအဆင့်ဖြစ်ရာ ထိုမျှလောက်ဖြင့် သူကား တခြားပါရမီရှင်များထံ၌ နောက်ကောက်ချခံရပေလိမ့်မည်။ အတွေးတစ်ချက်က ဇူယွမ့်မျက်လုံးထဲ၌ ဖြတ်ပြေးသွားပြီး ထိုအရာမှာ မှန်ကန်ကြောင်း ဇူယွမ် သဘောတူ၏။
ဇူအင်ပါယာမှာ အမှန်တကယ်အားဖြင့် သေးငယ်သော အင်ပါယာတစ်ခုဖြစ်ပြီး ထိုနေရာတွင် သူတွေ့ရှိသော ပါရမီရှင်များမှာ သူ့ကိုယ်သူ တိုးတက်ရန်အတွက် အသုံးပြုရသော ဓားသွေးကျောက်များသာဖြစ်ပေ၏။
ဇူယွမ်က ဖြည်းညင်းစွာ ပြောသည်… “ စီနီယာ…ခင်ဗျားက ကျနော့်ကို ဇူအင်ပါယာကနေ ထွက်သွားစေချင်တာလား။”
မီးခိုးရောင်ဝတ်ရုံနှင့်လူကြီးက ခပ်ပါးပါးပြုံးကာပြောသည်… “ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ဒီကုန်းမြေမှာ သူတော်စင်တစ်ပါးသေဆုံးခဲ့တယ်။”
သူ၏မြင့်မြတ်သောသွေးက ဤနေရာတွင် ကျဆင်းခဲ့ကာ ကုန်းမြေက သူတော်စင်အကြွင်းအကျန်နယ်မြေအဖြစ် ပြောင်းလဲသွားကာ အမျိုးမျိုးသောအံသြစရာများအခွင့်အရေးများပြည့်သော နယ်မြေများအဖြစ် ဖြစ်လာပြီး ထိုနယ်မြေရှိ ရတနာများအတွက် တစ်ယောက်နှင့်တစ်ယောက်ယှဉ်ပြိုင်ခဲ့ကြပေသည်။
သူတော်စင်၏သွေးကိုရရှိသောသူသာလျှင် သူတော်စင်၏ဆက်ခံသူဟု ခေါ်ဆိုနိုင်ကာ သူတော်စင်အဖွဲ့အစည်းကိုတည်ထောင်နိုင်ပေသည်။ ထိုအရာက တစ်နည်းအားဖြင့် ကောင်းချီးပေးခံရခြင်း၊ အခွင့်အရေးရခြင်းလည်းဖြစ်ပေသည်။ အနာဂတ်တွင် သူတော်စင်ဆက်ခံသူတစ်ယောက်က သူတော်စင်အလောင်းအလျာဖြစ်နိုင်ပြီး သူ၏သူတော်စင်ပညာရပ်နယ်မြေကိုပင် ဖွင့်လှစ်လာနိုင်မည် ဖြစ်ပေသည်။ သူတော်စင်နယ်ပယ်တွင် နာမည်ဂုဏ်သတင်းအကြီးမားဆုံးပင် ဖြစ်လာနိုင်ပေသည်။ မီးခိုးရောင်ဝတ်လူကြီး၏ စကားကိုနားထောင်ပီးသောအခါ၌ ဇူယွမ်တစ်ယောက် မှင်သက်မိနေတော့၏။ အရာရာက သူသိသည်ထက် ကျော်လွန်နေခြင်းကြောင့်ပင်ဖြစ်သည်။
“ သူတော်စင်ဆိုတာ ဘာလဲ။”
ဇူယွမ်က ကြိုးစားမေးလိုက်ပုံရသည်။ ဤကမ္ဘာကို နတ်ဘုရားများပါဝင်ထိန်းချုပ်နေသည်ဟု ထင်ရကာ ထိုစကားများကို ကြားရသောအခါ သူ၏မူလချီများကိုပင် မငြိမ်မသက်ဖြစ်စေခဲ့၏။
လူကြီးက ခဏမျှ တွေးလိုက်ပြီး ဇူယွမ်ကိုပြုံးကာ ပြောလိုက်သည်...“ ဒီအရာတွေက မင်းအတွက်အဝေးကြီးမှာပဲ ရှိသေးတယ်။ မင်းသိထားဖို့က သူတော်စင်ဆိုတာ ဒီကမ္ဘာမှာဖီးနစ်ငှက်မွှေးနှင့်ဦးချိုတစ်ချောင်းမြင်းလိုမျိုး ရှားပါးတယ်ဆိုတာပဲ။ သူတော်စင်ရဲ့သွေးတစ်စက်ကအဇူရာပင်လယ်ကိုတောင်ပြောင်းလဲစေနိုင်တယ်။”
သူတော်စင်တစ်ယောက် သေဆုံးပြီးနောက်မှာ သူ၏သွေးက နေရာအမျိုးမျိုးသို့ပြန့်ကာ သူတော်စင်အကြွင်းအကျန်နယ်မြေများဖြစ်စေပြီး ထိုနယ်မြေထဲမှ တစ်ခုမှာ ကန်မင်ကုန်းမြေကြီးပင်ဖြစ်သည်။ ဇူယွမ်၏မျက်လုံးသငယ်အိမ်က ကျုံ့သွားပြီးနောက် စကားအတန်ကြာပြောပြီး အဓိက အကြောင်းအရာသို့ ရောက်လာခဲ့၏။ မီးခိုးရောင်ဝတ်လူကြီးက ပြုံးလျက်ပြောသည်.. “ဒီကုန်းမြေကြီးရဲ့ပါရမီရှင်တွေအကုန်လုံးက ဒီနယ်မြေကိုဝင်ရောက်နိုင်ဖို့အတွက် လေ့ကျင့်ကြတယ်။ ဒါ့အပြင် ဝူအင်ပါယာရဲ့အိမ်ရှေ့စံကလည်း ဒီအတွက်လေ့ကျင့်နေခဲ့ပြီးတော့ အနိုင်ရသူအဖြစ်သတ်မှတ်ထားပြီးသားလို့ ကြားတယ်။”
တခြားအင်ပါယာများနှင့် အင်အားကြီးကလန်များကလည်းသူတို့၏ လူငယ်ပါရမီရှင်များကို အစွမ်းကုန်ပြုစုလေ့ကျင့်ပေးကြသည်။ သူတို့ကြိုးစားသမျှမှာ သူတော်စင်အကြွင်းအကျန်နယ်မြေမှ အကြီးကျယ်ဆုံးလက်ဆောင်ကိုရရှိရန်တစ်ခုတည်းအတွက်သာ ဖြစ်သည်။ ကြီးမြတ်သောကောင်းကင်ဘုံ၏အလေးအမြတ်ထားရသောကလန်ကြီးခြောက်ခုသည် တစ်ခါတစ်ရံက ကြီးမြတ်သောကောင်းချီးလက်ဆောင်ရရှိခဲ့သော ဇူယွမ်အား စိတ်ဝင်စားခဲ့ကြပေသည်။
ကန်ယွမ်ကောင်းကင်ဘုံက သူတို့နေထိုင်သောကမ္ဘာကြီးဖြစ်ကာ ကန်မင်ဒေသကတော့ များစွာသောကုန်းမြေတိုက်တွေထဲက တစ်ခုပင်ဖြစ်သည်။ သို့ရာတွင် ဇူယွမ်က ထိုမြင့်မြတ်သောကလန်ခြောက်ခုအား တစ်ခါမှမကြားဖူးခဲ့ပေ။
“သူတိုနဲ့ပတ်သတ်ပြီး မသိခြင်းက ပုံမှန်ပဲဖြစ်ပြီးတော့၊ မင်းကို မပြောနဲ့၊ မင်းအဖေရဲ့အဆင့်နဲ့တောင်မှဒီသတင်းကို သိဖို့မလွယ်ကူဘူး။”
မီးခိုးရောင်ဝတ်ရုံဖြင့်လူကြီးက ရယ်မောကာသေချာအသေးစိတ်ရှင်းပြလေသည်...“ရိုးရိုးရှင်းရှင်း ပြောရရင်တော့ အဲ့ဒီကလန်ခြောက်ခုက ဒီကန်ရွမ် ကောင်းကင်ဘုံမှာ
အင်အားကြီးမားပြီး သူတို့ရဲ့လက်တံက ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးထားတယ်။ သူတို့ရဲ့လက်အောက်မှာဆိုရင် မင်းတို့အားလုံးက ပုရွက်ဆိတ်သာသာ အစက်အပျောက်လေးပါပဲ။”
ဇူယွမ်က ခပ်ဟပ်ဟပ်ရယ်လိုက်သည်။ သူ့အတွက်တော့ ထိုအရာသည် အလှမ်းဝေးပေသေး၏။ သူက ဤသတင်းများအရဆိုပါက ထိုနေရာများသို့ ဝင်ရောက်ရန် မစွမ်းနိုင်သေးပေ။ နောက်ဆုံးတွင် ဇူယွမ်က ထိုရှင်းပြချက်များက်ု ကြားပြီးသောအခါ၌ နတ်ဘုရားအကြွင်းအကျန်နယ်မြေက မည်မျှအရေးကြီးသည် ဆိုသည်ကိုနားလည်လိုက်သည်။ များစွာသောအင်အားကြီးကလန်များ ကြီးမားသောအင်ပါယာများသည် သူတို့၏ ဂုဏ်ယူရသည့် ပါရမီရှင်များအား ထိုလက်ဆောင်ကို ရရှိစေလိုကြသည်။
ဝူဟောင်အား ဥပမာအနေဖြင့် ကြည့်နိုင်သည်။ ထိုအရာသည် လူတစ်ယောက် အတွက် မည်မျှ အရေးကြီးသည်ကို စိတ်ကူးကြည့်နိုင်ပေ၏။
“နတ်ဘုရားအကြွင်းအကျန်နယ်မြေက ဒီလောက်အရေးကြီးတာကို သူတို့ရဲ့ဂိုဏ်းတွေရဲ့အဓိကလူတွေကို မစေလွှတ်ဘူးလား။” ဇူယွမ်က ရုတ်တရက် မေးလိုက်သည်။ကြီးမားသောအင်ပါယာများက မူလစဦးအဆင့်သာမက ပိုမိုသန်မာသောနတ်ဘုံခန်းဝါအဆင့်ကျင့်ကြံသူတွေကိုလည်း စေလွှတ်
မည်ဆိုပါက မည်သည့်လူငယ်မျိုးဆက်ကမှ မည်မျှပင် သန်မာပါစေ၊ အခွင့်အရေးရှိလိမ့်မည် မဟုတ်ပေ။
သူတော်စင်ဖိအားက အကြွင်းအကျန်နယ်မြေကိုဖုံးထားပြီး အဆင့်ပိုမြင့်သောသူမှာ ပိုမိုများပြားသောဖိအားကိုခံစားရမည်ဖြစ်သည်။
“လူငယ်မျိုးဆက်တစ်ယောက်ယောက်ရဲ့သတ်ဖြတ်မှုကို ခံရမှာစိုးလို့ အဓိကအင်အားကြီးသူတွေက မဝင်ရောက်ရဲတာ ဖြစ်တယ်။” မီးခိုးရောင် ဝတ်ရုံနဲ့လူကြီးက ရယ်မော၍ ဆက်လက်ပြောဆိုသည်။ သူကဇူယွမ်ကို ကြည့်၍ သူ၏ နက်ရှိုင်းသောမျက်လုံးထဲ၌ ဖြတ်ခနဲ့လင်းသွားပြီးမှ ပြုံးလိုက်သည်။
“ ကလေး…”
သူတော်စင် အကြွင်းအကျန်နယ်မြေက ကြီးမြတ်သောလက်ဆောင်သာဝူအင်ပါယာရဲ့အိမ်ရှေ့စံမင်းသားဆီသို့ ရောက်သွားမယ်ဆိုရင်တော့ မင်းက သူ့ကို ကျော်ဖြတ်ဖို့ အခွင့်အရေးနည်းသွားလိမ့်မယ်။”
“ ဘယ်လိုလဲ၊ အကြီးမြတ်ဆုံးလက်ဆောင်ကိုရယူဖို့ သတ္တိရှိသေးရဲ့လား။” လူကြီးက ဇူယွမ်၏အဖြေကို စိတ်ဝင်တစား စောင့်စားနေသည်။
ဇူယွမ်ကမျက်လုံးမှိတ်လိုက်ပြီး အသက်၀၀ ရှုလိုက်ကာ အချိန်တစ်ခုကြာပြီးနောက် မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်လိုက်လျင် သူ၏မျက်လုံးထဲ၌ အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
မူလကတည်းက ဝူယောင်သည် သူ့ထက် သာလွန်နေခဲ့သည်။ ယခုနတ်ဘုရားအကြွင်းအကျန်နယ်မြေ၏လက်ဆောင်ကိုသာ ထပ်မံရရှိခဲ့မည်ဆိုလျင် သူတို့နှစ်ယောက်ကြားကွာဟမှုကပိုမိုကျယ်ပြန့်လာပေလိမ့်မည်။
“ ဆိုရိုးစကားအရဆိုရင်… ခြေတစ်လှမ်းတစ်ခါ နောက်ကျဖူးရင် အမြဲနောက်မှာကျန်ခဲ့ရလိမ့်မယ်။” ဇူယွမ်ကသူ့ကိုမှီရန်ဆိုပါက ရသမျှအခွင့်အရေးများအား ဖမ်းဆုပ်ရပေမည်။
အင်အားကြီးကလန်များ၊ ကြီးမားသောအင်ပါယာများ၏ဂုဏ်ယူရာပါရမီရှင်များအား သူတော်စင်အကြွင်းအကျန်နယ်မြေ၌ စုစုစည်းစည်းတွေ့ကြရပေလိမ့်မည်။ သူတို့နှင့် နှိုင်းယှဉ်လျှင် ဇူယွမ်က မည်သည့်အရာတွင်မှ သာခြင်းမရှိခဲ့ပေ။ သို့ရာတွင် သူက သူ၏သွေးကြောများ ပျောက်ကွယ်ခဲ့သောနေ့ရက်များကတည်းက တစ်ခါမှ သတ္တိမနည်းခဲ့ပေ။ သူက မြင့်မြတ်သောနဂါး၏ကောင်းချီပေးမှု အခိုးခံရပြီးနောက် စွမ်းအားကျင့်သောသွေးကြောမရှစ်ခုရှာမတွေ့ခဲ့လျင်ပင် မည်သူမှ သူ့အား ရပ်တန့်၍ မရပေ။ ပါရမီရှင်ဟုခေါ်တွင်သောသူများလည်း သူ့အား ဘာမှ လုပ်နိုင်မည်မဟုတ်ပေ။
ထိုနောက် ဇူယွမ်က ထိုစီနီယာလူကြီးအား သူ့လက်သီးနှစ်ဖက်ကိုဆုပ်ကိုင်ပြီး ကိုင်းညွှတ်အရိုအသေပေးကာ ကြည့်လိုက်သည်။
ဇူယွမ်က စီနီယာညွှန်ပြမှု အတွက် ကျေးဇူးတင်မိသည်။ ထိုသို့မဟုတ်ခဲ့ပါက သူသည် သူတော်စင် အကြွင်းအကျန်နယ်မြေ၏ ကြီးမြတ်သောလက်ဆောင်အတွက် ပြိုင်ပွဲကို လုံး၀ လွဲချော်ရပေတော့မည်။