← Chapters

အပိုင်း(၃၇၀)

Vol. 25 Ch. 370

အပိုင်း(၃၇၀)

Vol. 25 Ch. 370

မြွေလူသားမျိုးနွယ်စုနှင့်ဇီယာတို့၏ လျို့ဝှက်ချက်များအား ရှစ်ဖုန့်နားလည်ခြင်းမရှိပေ။ အဘယ်ကြောင့်များ ဇီယာ၏

ကိုယ်ထဲတွင် ဤခရမ်းရောင်မြွေအားဆီးလ်

ခတ်ထားခဲ့ရပါသနည်း။ ခရမ်းရောင်မြွေကြီးက ၎င်း၏စွမ်းအားများအား နိုင်းထပြီးသည့်နောက်တွင် ၎င်းကဇီယာ၏ကိုယ်အား

သိမ်းပိုက်မည်ဖြစ်ပြီး မြွေလူသားများအနေဖြင့်

မည်ကဲ့သို့၎င်းအားထိန်းချုပ်ခြင်း သို့မဟုတ် ၎င်းအတွက်လုပ်ခြင်းတို့အား

လုပ်ဆောင်ကြပါမည်နည်း။  ထို့အပြင် ဤမြွေကိုယ်ပွား၌ ဘာအသိဉာဏ်မှရှိနေခြင်းမရရှိပေ။

၎င်းမှာ ကြမ်းကြုတ်ခက်ထန်သော

သားရဲတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။

ဇီယာက မြွေလူသားမျိုးနွယ်စုဝင်တစ်

ယောက်ဖြစ်နေခဲ့သည်တောင်  ၎င်းက အစောပိုင်းကပင်ဇီယာအပေါ်၌ ဘာသာနားညှာတာခြင်းကိုမှ

ပြသခဲ့ခြင်းမရှိပေ။

အကယ်၍ခရမ်းရောင်မြွေကြီးသာ ၎င်း၏စွမ်းအားများကို နိုးထစေနိုင်ခဲ့လျှင် မြွေလူသားမျိုးနွယ်စုအပေါ်၌ ကျရောက်လာမည့်ခြိမ်းခြောက်မှုက  နတ်ဆိုးမျက်လုံးထက်လျော့

နည်းခြင်းမရှိပေ။ အကယ်၍ ကိစ္စများသာမှားယွင်းသွားခဲ့လျှင်  မြွေလူသားမျိုးနွယ်စုမှ အမြစ်ဖျက်ချေမှုန်းခံရနိုင်သည်ဖြစ်သည်။

“ရှူး”

ခရမ်းရောင်မြွေကြီးက ၎င်း၏

ပါးစပ်ကြီးအား ဖွင့်ဟ၍  ၎င်း၏မြွေဆိပ်များအား ထွေးထုတ်လိုက်သည်။၎င်း၏ပါးစပ်က ရှစ်ဖုန့်နှင့်ဇီယာတို့အား ကိုက်ခဲမိတော့မည့်အချိန်တွင်

ရုတ်တရက်  ရှစ်ဖုန့်၏ ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က ၎င်းအားထိမှန်သွားသည်။ ဤတစ်ကြိမ်၌   ခရမ်းရောင်မြွေမှာ ယခင်ကထက်ပိုမိုပြင်းထန်စွာ

တိုက်ခိုက်ခြင်းခံလိုက်ရပုံပေါ်သည်။ ၎င်းက ကောင်းကင်ထက်သို့မော့ကြည့်၍ ထပ်မံဟိန်းဟောက်လိုက်သည်။ အမှောင်ထုထဲ၌ရစ်ဝဲနေသော တောင်ကဲ့သို့ကြီးမားသော

၎င်း၏ကိုယ်ကြီးက  ရုတ်တရက်တုန်ယင်လာသည်။

၎င်းအနေဖြင့် ၎င်း၏ခွန်အားအားလုံးအား ဆုံးရှုံးသွားရသည့်ပုံပေါ်ပြီး  အဆုံးမဲ့အမှောင်ထုအတွင်း

သို့ပြုတ်ကျသွားသည်။

အဆုံးမဲ့သော အမှောင်ထုအတွင်း ပြုတ်ကျနေသည့် ခရမ်းရောင်မြွေကြီးအား

ကြည့်ပြီးနောက သူမအား

လက်မောင်းအတွင်း

ဆုပ်ကိုင်ထားသော သူမနံဘေးရှိလူအား  ကြည့်ရင်း ဇီယာတစ်ယောက်မ

ယုံကြည်နိုင်ဖြစ်နေသည်။

“ဒါကတကယ်ပဲလား”

“မဟုတ်ဖူး..ဒါက ငါ့ရဲ့စိတ်ဝိညာဉ်နေရာပဲ.. ဘယ်လိုဖြစ်ပြီးတော့သူက ဒီနေရာမှာပေါ်လာရတာလဲ”

သို့သော်ဇီယာအနေဖြင့် ယင်းအား စဉ်းစားနေရန်အချိန်မရှိပေ။

“ရွှီး”

နောက်ထပ် ဟိန်းဟောက်

သံတစ်ခုနှင့်အတူ    အစောပိုင်းက ကျဆင်းနေသော   ခရမ်းရောင်မြွေမှာ ထပ်မံ၍ အပေါ်သို့တစ်ဟုန်ထိုးထိုး

တက်လာသည်။ ၎င်းက ရှစ်ဖုန့်နှင့်ဇီယာတို့၏အောက်တွင်ပေါ်လာ၏။ ၎င်းမှာ ကောင်းကင်ထဲ၌

ပျံသန်းနေသော ခရမ်းရောင်နဂါးတစ်ကောင်ကဲ့သို့ဖြစ်ပြီး  ၎င်း၏ပါးစပ်အား ထပ်မံဖွင့်ဟ၍ ကြီးမားပြီးခက်ထန်သော သွားများကို လှစ်ဟာပြသထားသည်။  ၎င်း၏ကြမ်းကြုတ်သော မျက်နှာနှင့်အတူ ဇီယာထံသို့ကိုက်ချလိုက်သည်။

“ငရဲဘုံကိုးခု ဝိညာဉ်မီးတောက်”

အေးဆေးတည်ငြိမ်သော

မျက်နှာကိုဆက်လက်ထိန်းထားရင်း

ရှစ်ဖုန့်က ငုံ့ကြည့်လိုက်သည်။ ခရမ်းရောင်မြွေကြီးထပ်မံပေါ်လာသည်ကို မြင်တွေ့လိုက်ရသောအခါတွင်  အဖြူရောင်မီးတောက်တစ်ခုက သူ၏မျက်ခုံးနှစ်ခုကြားတွင်ပေါ်လာပြီး  အောက်တွင်ရှိနေသော  ခရမ်းရောင်မြွေကြီးထံသို့

လောင်ကျွမ်းသွားစေ၏။

ရှစ်ဖုန့်မှာ ဝိညာဉ်အသွင်သဏ္ဍန်ဖြင့်

သာရှိနေခြင်းဖြစ်သည်။ထို့ကြောင့်သူ့အနေဖြင့် ကောင်းကင်မီးတောက်အား အသုံးမပြုနိုင်ပေ။ ယခုအခါတွင်သူ၏ဝိညာဉ်စွမ်းအားက အဆင့်ခုနှစ်တွင်ရောက်ရှိနေပြီး

ငရဲဘုံကိုးခု ဝိညာဉ်မီးတောက်မှာ ဝိညာဉ်များအားအထူးပစ်မှတ်

ထားသောအရာဖြစ်သည်။ ထို့ကြောင့်ဤအချိန်၌ ငရဲဘုံကိုးခု ဝိညာဉ်မီးတောက်အားအသုံးပြုကာ ခရမ်းရောင်မြွေကြီးအား ရင်ဆိုင်ခြင်းက ကောင်းကင်မီးတောက်အား

အသုံးပြုခြင်းထက်ပို၍ အားနည်းခြင်းမရှိပေ။

အဖြူရောင်မီးတောက်တို့က အောက်သို့လောင်ကျွမ်းထိုးဆင်းသွားပြီး  မျက်စိတစ်မှိတ်အတွင်း ၎င်းက တစ်ဟုန်ထိုးတက်လာကာလှမ်းကိုက်သော ဧရာမခရမ်းရောင်မြွေကြီး

ပေါ်သို့ကျရောက်သွားသည်။

အရင်ဆုံး၎င်းက မြွေကြီး၏ ဦးခေါင်းအားလောင်ကျွမ်းပြီး

နောက်အဖြူရောင်မီးတောက်တို့က ဆက်လက်၍ ပျံ့နှံ့သွားကာ ဧရာမ ခရမ်းရောင်မြွေကြီး၏တစ်ကိုယ်လုံးအား အဖြူရောင်မီးတောက်တို့ဖြင့် လွှမ်းခြုံသွားစေသည်။

“ရွှီး..ရွှီး..ရွှီး..ရွှီး..”

အဖြူရောင်မီးတောက်တို့၏

လောင်ကျွမ်းခြင်းခံရသောကြောင့် ခရမ်းရောင်မြွေကြီးက နာကျင်မှုအပြည့်ဖြင့်အော်ဟစ်လိုက်သည်။ အဖြူရောင်မီးတောက်တို့

ရစ်ပတ်လွှမ်းခြုံခြင်းကို ခံထားရသော၎င်း၏ကိုယ်ကြီး

မှာရုတ်တရက် လှန်သွားပြီး ရှစ်ဖုန့်နှင့်ဇီယာတို့၏အောက်၌လူးလှိမ့်နေ၏။

“ငါဒီမှာရှိနေပြီမို့ မင်းအဆင်ပြေလိမ့်မယ်..မကြောက်နဲ့”

ရှစ်ဖုန့်ကသူ့လက်မောင်းအ

တွင်းရှိကောင်မလေးအားနှစ်သိမ့်လိုက်သည်။

“ရှင်ပဲ..တကယ်ရှင်ပဲ …အကိုရှစ်ဖုန့်”

သူမရှေ့ရှိမြင်ကွင်းအားကြည့်ပြီး သူမရှေ့ရှိ ရင်းနှီးသော မျကနှာအားကြည့်ကာ နူးညံ့ညင်သာသောအသံ

အားကြားရသောအခါတွင် သူမအိမ်မက်မက်နေခြင်း

မဟုတ်ကြောင်းကိုဇီယာသိလိုက်သည်။ သူဒီမှာရောက်လာပြီဖြစ်သည်။ သူကသူမအားလာရောက်

ရှာဖွေသည်ဖြစ်သည်။

သူမအနေဖြင် ဝိညာဉ်အသိအမြင်နေရာ

လွတ်ထဲတွင်ရှိနေပြီး ရှစ်ဖုန့်က ဘာကြောင့်ဤနေရာသို့ရောက်နေသည်ကိုဇီယာသိသော်လည်း ဇီယာအတွက်ယင်းတို့အားလုံးက အရေးမပါတော့ပေ။ ၏

“ဝါး..ဝါး..အကိုရှစ်ဖုန့်..ရှင်ပဲ..

တကယ်ကြီးရှင်ပဲ…ရှင်ဒီကိုရောက်နေတယ်”

ဇီယာတစ်ယောက်ဤအချိန်၌ စကားပြောဖော်တစ်ယောက်

ရလိုက်သကဲ့သို့ဖြစ်ပုံပေါ်သည်။ဤအချိန်အတောအတွင်းသူမခံစားခဲ့ရသောဒုက္ခဝေဒနာ များအား တွေးမိသောအခါတွင် ဇီယာတစ်ယောက်ရုတ်တရက် ကလေးမလေးတစ်ဦးကဲ့သို့မျက်

ရည်ပိုးပိုးပေါက်ပေါက်ကျအောင်

ငိုကြွေးတော့သည်။

“အင်း..မင်းအရွယ်ရောက်လာပြီလေ..ဒါကြောင့်ထပ်ပြီးမငိုနဲ့တော့…ငါဒီမှာရောက်နေပြီပဲ…မင်းကိုဘယ်သူမှထပ်ပြီးတော နာကျင်အောင်မလုပ်စေရဘူး…

မင်းကိုနာကျင်အောင်လုပ်ရဲတဲ့သူမှန်သမျှကို ဒီအကိုကြီးက  သူတို့ရဲ့ဝိညာဉ်တွေကိုဖျက်ဆီးပစ်ပြီးတော့ သူတို့ကိုပြာအဖြစ်ပြောင်းလဲပစ်မယ်”

ရှစ်ဖုန့်က ညင်သာစွာပြောဆိုသော်လည်း သူ၏လေသံက တော့ သူ၏စိတ်ပိုင်းဖြတ်ထားမှုတို့အား လှစ်ဟာပြသနေသည်ဖြစ်သည်။ သူကပြောသည့်အတိုင်းလုပ်

သူဖြစ်ကြောင်းကိုမည်သူမျှသံသ

ယမဝင်ရဲကြချေ။

“အား.မဟုတ်ဖူး”

ဤအချိန်၌ ဇီယာမှာတစ်စုံတစ်ခုအား

ရုတ်တရက်သဘောပေါက်သွားသည်။  အဖြူရောင်မီးတောက်တို့လောင်ကျွမ်းခြင်းကိုခံနေရသော ခရမ်းရောင်မြွေအားကြည့်၍

သူမက တုန်လှုပ်စွာဖြင့်ပြောလိုက်သည်။

“အကိုရှစ်ဖုန့် ဒါက မြွေလူသားမျိုးနွယ်စု ရှေးဟောင်းနတ်ဘုရားရဲ့ကိုယ်ပွားလေ…

ညီမတို့ သူ့ကိုထိခိုက်စေလို့မရဘူး”

“အရူးမလေး.. အဲ့တာက မင်းရဲ့ဝိညာဉ်ကိုဖျက်ဆီးပြီးတော့

မင်းရဲ့ခန္ဓာကိုယ်ကိုသိမ်းပိုက်ချင်နေတာ

.ငါသာဝင်မလာရင်.. မင်းမှာရှင်သန်ဖို့ဘာအခွင့်

အရေးမှရှိမှာမဟုတ်ဖူး..”

နာကျင်စွာဖြင့် လူးလှိမ့်ကာအော်ဟစ်နေသော ဧရာမမြွေကြီးအားကြည့်ရင်း ရှစ်ဖုန့်ကပြောလိုက်သည်။

“မဖြစ်နိုင်ဘူ..ဒါက ကျိယီမြွေနတ်ဘုရားရဲ့ကိုယ်ပွားဖြစ်တဲ့ ခရမ်းရောင်မြွေပဲ..ရှေးဦးအချိန်ကာလကတည်းကျ  နတ်ဘုရားက ကိုယ်ပွားခုနှစ်ခုအဖြစ် ကျဆင်းသွားခဲ့တာ ..ရှေးအချိန်ကာလကတည်းက မြွေလူသားမျိုးနွယ်ကနတ်ဆရာတွေက တစ်နေ့ကြရင်  ကျိလီမြွေနတ်ဘုရားရဲ့

ကိုယ်ပွားခုနှစ်ခုဟာ  ပြန်လည်ပေါင်းစည်းလိမ့်မယ်

လို့ဟောကိန်းထုတ်ထားခဲ့တယ်.. ကျိလီမြွေနတ်ဘုရားက ကမ္ဘာပေါ်မှာ ပြန်လည်ထွက်ပေါ်လာပြီး မြွေလူသားမျိုးနွယ်ရဲ့ဂုဏ်ကျတ်သရေနဲ့ ရှေးအချိန်ကာလက ဂုဏ်ကျတ်သရေကို ဦးဆောင်လိမ့်မယ်တဲ့”

“ကိုယ်ပွားခုနှစ်ခုက မြွေလူသားမျိုးနွယ်စုရဲ့ မျှော်လင့်ချက်ပဲ… ကိုယ်ပွားခြောက်ခုက ထျန်းဟန်တိုက်ကြီးရဲ့ဘယ်နေရာတွေမှာရှိနေလဲဆိုတာကိုညီမတို့မသိပေမဲ့.. ခရမ်းရောင်မြွေခန္ဓာရှိနေတာနဲ့ တစ်နေ့မှာအဲ့တာတွေကိုရှာဖို့အတွက် ခရမ်းရောင်မြွေခန္ဓာက မြွေလူသားတွေကိုဦးဆောင်လိမ့်မယ်…

.ဒါကြောင့်ဒီကိုယ်ပွားဟာ မြွေလူသားတွေအတွက် အရမ်းပဲအရေးကြီးတယ်.. ဒါက မြွေလူသားမျိုးနွယ်စုရဲ့ မျှောလင့်ချက်အားလုံးနီးပါးလဲဖြစ်တယ်”

“ဒါဆိုဘာလို့သူတို့က ခရမ်းရောင်မြွေကိုယ်ပွားကို

ဆီးလ်ခတ်ဖို့မင်းကိုရွေးချယ်ခဲ့ကြတာလဲ..

ဘာလို့တစ်ခြားသူတွေကမလုပ်နိုင်တာလဲ”

ရှစ်ဖုန့်ကမေးလိုက်သည်။

“ဒါက ညီမတို့မျိုးရိုးရဲ့ မွေးရာပါတာဝန်တစ်ခုပဲ”

ဇီယာကပြောသည်။

“နှစ်ထောင်ပေါင်းများစွာအကြာတုံးက ညီမတို့ဘိုးဘေးဘီဘင်တွေဟာ ဒီခရမ်းရောင်မြွေခန္ဓာကိုရှာတွေ့ခဲ့ကြတယ်..

ဒါပေမဲ့ ကျိလီမြွေခန္ဓာကကိုယ်ပွာအဖြစ်

ကျဆင်းပြီးတော့ အသိဉာဏ်လည်းဆုံးရှုံးထားခဲ့တယ်..

ညီမတို့ဘိုးဘေးတွေအတူတက

ွလုပ်ဆောင်ကြပြီးတော့နောက်ဆုံးမှာ   ခရမ်းရောင်မြွေခန္ဓာကို ဖိနှိပ်နိုင်ခဲ့တယ်.. ဒါပေမဲ့ အဲ့တာက အဖမ်းခံခဲ့ရပေမဲ့  ခရမ်းရောင်မြွေကိုယ်ပွားရဲ့ခန္ဓာက တော်တော်လေးကိုစွမ်းအားကြီးနေခဲ့တယ်..ကျွန်မတို့ဘိုးဘေးတွေ ပြင်ဆင်ခဲ့တဲ့ ဘာလှောင်ချိုင့်ဘာအစီအရင်မဆို အဲ့တာကိုအကျဉ်းချလိုက်တာနဲ့  အရမ်းကိုမြန်မြန်ဆန်ဆန်ပျက်

စီးသွားတာချည်းပဲ..အဲ့တာထက်ပိုတာက ညီမတို့ မြွေလူသားကလန်တစ်ခု

လုံးရဲ့ခွန်အားနဲ့ ဒီကိုယ်ပွားကိုအမြဲတမ်း

စောင့်ကြပ်မနေနိုင်တာပဲ”

“နောက်ကျမြွေလူသားမျိုးနွယ်ဘုရင်မဖြစ်တဲ့ ညီမရဲ့ဘိုးဘေးဖြစ်သူ  ဇီဖှေးက  မြွေလူသားမျိုးနွယ်စုရဲ့လျှို့ဝှက်ပညာရပ်ကိုအသုံးပြုပြီးတော့   ခရမ်းရောင်မြွေခန္ဓာကို သူမရဲ့ကိုယ်ထဲမှာဆီးလ်ခတ်

ထားချင်ခဲ့တယ်.အဲ့နောက်မှာတော့ မြွေလူသားမျိုးနွယ်ရဲ့မျိုးဆက်

တစ်ဆက်ပြီးတစ်ဆက် မြွေနတ်ဘုရားရဲ့ကိုယ်ပွားကို ဆီးလ်ခတ်တဲ့လျှို့ဝှက်ပညာရပ်ကို လက်ဆင့်ကမ်းခဲ့ကြတယ်”

“ဒီ မြွေလူသားတွေရဲ့ မြွေနတ်ဘုရားကိုယ်ပွားကိုဆီးလ်

ခတ်တဲ့လျှို့ဝှက်ပညာရပ်ဟာ မျိုးဆက်အဆင့်ဆင့်မှာပြောင်း

လဲမှုများစွာဖြစ်ခဲ့တယ်..အခုဆိုရင် ပျောက်တောင်ပျောက်ကွယ်သွားပြီ…

ကံကောင်းချင်တော့  ညီမတို့မျိုးရိုးကတော့ မပျက်သွားခဲ့ဘူး..

ညီမတို့ဘိုးဘေးတွေရဲ့ကိုယ်ထဲမှာ ဆီးလ်ခတ်ထားတဲ့

မြွေနတ်ဘုရားရဲ့ကိုယ်ပွားကို  မျိုးရိုးတစ်လျှောက် အောင်မြင်စွာ လက်ဆင့်ကမ်းနိုင်ခဲ့တယ်.. ညီမအမေကသမီးသုံးယောက်မွေးခဲ့ပေမဲ့  သူတို့ထဲကတစ်ယောက်မှာမှ ဘိုးဘေးတွေရဲ့ဆီးလ် ဒါမှမဟုတ်

ကိုယ်ပွားကို လက်ဆင့်ကမ်းခြင်းမခံခဲ့ရဘူး..အဲ့တာက ကျွန်မမွေးဖွားပြီးတော့ မြွေလူသားတွေရဲ့တာဝန်ကြီး

ကိုပခုံးထမ်းထားခြင်းမပြုခင်

အချိန်ထိတိုင်အောင်ပဲ..”

“ဒါက တကယ်တော့ကောင်းတဲ့အရာမဟုတ်ပဲ ကျေးကျွန်ပြုခံရခြင်းတစ်မျိုးပဲ”

ဇီယာထံမှများစွာကြားသိရပြီးသည့်နောက် ရှစ်ဖုန့်ကခံစားချက်များဖြင့်

သက်ပြင်းချပြီးပြောလိုက်သည်။

“မင်းက ကြင်နာတတ်ပြီးတော့ဖြူစင်တဲ့ ကောင်မလေးပါ…မင်းအနေနဲ့ လွတ်လွတ်လပ်လပ်နေရတဲ့ဘဝကို တမ်းတသင့်တယ်…ဒီပျင်းစရာကောင်းတဲ့တာဝန်ကြီးကို သယ်ဆောင်ထားမဲ့အစား  အချစ်အတွက်၊ပျော်ရွှင်မှုအတွက်၊  မင်းရဲ့ကိုယ်ပိုင်အတွေးအခေါ်တွေအတွက် ကောင်းကင်ပြာပြကြီး

အောက်မှာလွတ်လပ်စွာနေနိုင်ဖို့ကိုမင်းတမ်းတသင့်တယ်…ဒါကိုမင်းရဲ့

ဝန်ထုပ်ဝန်ပိုးကြီးအဖြစ်ဖြစ် စေတာက မင်းဘဝနဲ့မင်းရဲ့ ရည်ရွယ်ချက်တွေကိုကန့်သတ်

ထားသလိုဖြစ်သွားစေလိမ့်မယ်.. သေချာလေးဂရုတစိုက်နဲ့စဉ်းစား..  မင်းသာဆန္ဒရှိတယ်ဆိုရင် ငါ ဒီမြွေကြီးကိုအခုပဲဖျက်ဆီးပစ်လိုက်မယ်.

.အဲ့တာဆို မင်းအနာဂတ်မှာလွတ်လွတ်လပ်လပ်နဲ့ ထာဝရနေလို့်ရပြီ”

ဆက်ရန်..

ဘာသာပြန်သူ-ARISE

All Chapters